Thursday, February 17, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၇)

ဟုတ်ပါတယ်ဗိုလ်မှူး ဒီတောင်ကြီး ကို ညနေက ကျွန်တော်လဲ ကြည့်မိပါတယ်။ ဗိုလ်မှူး ပြောခဲ့တဲ့ အတိုင်း ပါဘဲ  လက်ဖတင်နင် က မေဂျာဝှိုက် စကား ကို ထောက်ခံ၏။
ဒီတောင်ကြီးထိပ် မှာ ဒီအရောင်တွေ ပေါ်တာဘယ်လောက် ကြာပြီလဲ မေဂျာဝှိုက် က မေး၏။

မကြာသေးပါဘူး ကျွန်တော်တို့လဲ အရပ်လေးမျက်နှာ ဂရုစိုက်ကြည့်နေရာက တွေ့တယ်ဆို ချက်ခြင်း ဗိုလ်မှူး ကို လာနိုးတာ ဟု လက်ဖတင်နင်က ဖြေသည်။

ချက်ချင်းကြီး ဒီအတိုင်း ပေါ်လာသလား၊ တဖြေဖြေပေါ်လာသလား
    အဲတာတော့ မသိဘူး ဗိုလ်မှူး၊ ကျွန်တော်တို့ အားလုံးမြင်ကြတဲ့အချိန်မှာတော့ ဒီအတိုင်းဘဲ မြင်ကြတာဘဲ
    မေဝှိုက်သည် ဆက်လက်မေးခွန်းမထုတ်တော့ဘဲ မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။ သူ့မှန်ပြောင်း မှာ အလွန် အားကောင်း လှ၍ ပတ်ဝန်းကျင် မိုင်အစိတ် သုံးဆယ်လောက်ကို ကြည်ကြည်လင် လင်မြင်နိုင်သည်။ သို့သော် မေဂျဝှိုက် သည် မှန်ပြောင်း ကို မျက်လုံးမှ ခွာခြင်း ခွာလိုက်၏။

    ဘာတွေ့လဲ ဗိုလ်မှူး
    လက်ဖတင်နင်က မေးသည်။
    ရော့... မင်းကိုယ်တိုင်ကြည့်စမ်း
    မေဂျဝှိုက် က ပြောပြီး မှန်ပြောင်း ကို ပေးသည်။ လက်ဖတင်နင်က စိတ်ဇောကြီးစွာဖြင့် ကဗျာ ကသီ ကြည့်လိုက်၏။ သို့သော်လည်း မေဂျဝှိုက် နည်းအတူပင် မှန်ပြောင်း ကိုမျက်လုံး မှ ချက်ခြင်း ခွာလိုက်သည်။

    ဘာလဲဟေ့ လက်ဖနင်
    မေဂျဝှိုက်ကမေး၏
     ကျွန်တော်ရှေ့ နီးနီးကပ်ကပ် မှာ တောက်ပနေသလိုဘဲ။ မျက်စိကျိန်းလာတယ်။ အလင်းရောင် က စူးရှ လွန်းလို့ မျက်လုံးဖွင့်ကြည့်လို့ မဖြစ်ဘူး၊ ဒါကြောင့် မှန်ပြောင်းကိုချက်ခြင်း ခွာလိုက်ရတယ်။ ဘာမှန်းကို မသိလိုက်ပါဘူး ဗိုလ်မှူး 
     လက်ဖတင်နင်ကဖြေ၏
     အေး...ငါလဲမင်းလို့ဘဲ ဖြစ်သွားလို့ကွ 
    မေဂျဝှိုက် က ပြန်ပြောသည်။ ထိုနောက် မေဂျဝှိုက်က ဆက်ပြောလိုက်၏။

     ဒို့တတွေကို ဒုက္ခပေမဲ့ အလင်းရောင်လဲ ဟုတ်မယ်မထင်ဘူး။ တစုံတစ်ဦးသော လူမျိုးသော၎င်း၊ စစ်တပ်သော်၎င်း၊ သူတို့ အချက်ပြနေတာ ဖြစ်မလား၊ ဘာဘဲ ဖြစ်ဖြစ်လေ နက်ဖန် ဒို့အဲဒီ နေရာ ရောက်အောင် သွားကြမယ်
    ထိုထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာရာ တောင်သည် ထူးဆန်းသော ခြုံထည်မျော လာရာ ချောင်းပေါ်မှ စီးဆင်းလာရာ အဖျားဘက်မှာဖြစ်ကြောင်း သတိထားမိသော မေဂျဝှိုက် အဘို့မအိပ် မီက ဆုံးဖြတ်ချက် သည် ပိုပြီးခိုင်းမာ သွားလေသည်။

     ဟော... 
    လက်ဖတင်နင်က အံ့သြစွာ ရေရွတ်၏
     ဘာလဲကွ...ဟင် 
    မေဂျဝှိုက်က မေးရင်း အလင်ရောင်ထွက်ပေါ်နေရာ တောင်ကြီးဘက်ကိုကြည့်ပြီး....
     ဟင်... 
    ဟု သူ့နူတ်မှာ အံ့အော်သော အသံထွက်လာသည်။ တောင်ကြီးပေါ်မှာ ထူးဆန်းအံ့အော် ဘွယ် ပေါ်ပေါက်ခဲ့သော အလင်းရောင် က လုံးဝပျောက်ကွယ် သွားလေပြီ။မှုံရီမှုံမွှားလရောင် ကြယ် ရောင် အောက်ဝယ် မိုင်သုံးဆယ်ကျော် အဝေးမှာ တောင်ကြီးသည် မှုံပြာဝေဆိုင်း မှိုင်းမှိုင်းပျပျ မျှသာ တွေ့ရ လေ တော့သည်။

     ကဲ...သွားတော့ လက်ဖတင်နင် နက်ဖန်စောစော ဒို့ခရီးဆက်မယ်။ဒီချောင်းအတိုင်း လိုက်ပြီး ဒီ တောင်ကြီး ရောက်တဲ့အထိ သွားကြမယ်ကွာ 
    မေဂျဝှိုက်က ပြောသည်။
     ကောင်းပါပြီ ဗိုလ်မှူး 
လက်ဖတင်နင် က တုံ့ပြန်ကာ မေဂျဝှိုက်အပါးမှာ အလေးပြုထွက်ခွာသွားလေသည်။

    ထူးဆန်းသော ခြုံထည်အကြောင်းကို တယောက်နှင့်တယောက် သတင်းပို့ထား၍ အားလုံး သိပြီးသော စစ်သားများ သည် ခရီးမြေတာဝေးကွာသော တောင်ကြီးထိပ်မှာ ညမှောင်မှောင် ဝယ် ပြောင်ပြောင် လက်လက် အရောင် ထွက်နေသည့် ထူးဆန်းအံ့သြဘွယ်ကောင်းသော ရောင်ခြည်တွေ့ကိုတ ယောက် ကျန် မြင်လိုက်ကြ ရသည်ဖြစ်ရာ ယခု ထိုတောင်ကြီးရှိရာ ခရီးဆက်ကြရသည်ကို များစွာ စိတ်အား ထက်သန် နေကြသည်။

    ထူးဆန်းသောခြုံထည် မျောလာရာချောင်းငယ်တလျှော့ အထက်သို့ဆန်ပြီး ခရီးဆက်လာ ကြရသောအခါ မေဂျဝှိုက် က အစ စစ်သားအားလုံးသည် အေးမြကြည့်လင်သောရေများတသွင်သွင် စီးနေသည့် ချောင်းကို အထူး အာရုံစိုက် ကြည့်လာကြ၏မနေကတွေ့ခဲ့ရသော ခြုံထည်ကလေးမျိုးမျော လာနိုးမျော်လင့်ကြသည်။ သို့သော် ချောင်းငယ်တလျှောက်ဘာကိုမှာမတွေ့ရချေ။ ခြေလျှင်တောင်တက် ကျက်သာရပြီး၍ တောတောင် အတွင်း သွားလာရေးမှာ ကျွမ်းကျင်ပြီးသူများ ဖြစ်သည့်အလျှောက် ညနေလေးနားရီသာသာ အချိန် လောက် တွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာရာ တောင်ကြီးအခြေနားသို့ ချဉ်းကပ် မိ လာကြသည်။

    ထိုနေရာတွင် သူတို့ လမ်းခရီးမှတ်ပြီး ချောင်းရိုးအတိုင်လိုက်လာခဲ့ကြသော ချောင်းငယ်သည် အဆုံးသတ် သွား သည် ကို တွေ့ရ၏သို့သော်အဆုံးသက်ပုံမှာ ရိုးရိုးတန်းတန်းမဟုတ်ချေ။ ထိုချောင်းငယ် သည် ထိုတောင်ကြီး ၏ တစ်ခုသောနေရာ တောင်ခေါင်း ထဲမှ စီးထွက်နေကြောင်း တွေ့ရ၏။ ချောင်းငယ် စီးထွက်သည့် နေရာက တောင်ကြီးအခြေ ကျောက်ဂူလှိုင်ခေါင်းတခုမှာ စီးထွက်နေခြင်းဖြစ်သည်။

 ချောင်းအစကတော့ ပျောက်သွားပြီး။ချောင်းရိုးတလျှောက်လုံးမှာလဲ လူသား အရိပ်ရောင် ဆိုလို့ လုံးဝ မတွေ့ ခဲ့ရဘူး။ အဲဒီတော့ဒီခြုံထည် ဘယ်လို့နည်း နဲ့ ဒီချောင်းရေထဲ မျောလာတယ်ဆိုတာ စဉ်းစား ရ တော်တော် ခက်သား 
    ဘောင်းဘီအိပ်ထဲ မှ ခြုံထည် ကိုဆွဲထုတ်ဆန့်ရင်းမေဂျဝှိုက်က ဆို၏ မည်သူမှာ ထင်မြင် ချက်မပေးကြပဲ ငြိမ် နေကြသည်။
     ကဲဒီကိစ္စက အရေးမကြီးဘူး၊ တာဝန်ရှိရာမြန်မြန်ဆောင်ရွက်ကြ ည ဒီတောင်ပေါ် ကို ထိပ် ရောက်အောင် တက် ရမယ် 
    မေဂျဝှိုက်က အမိန်းပေးသည်။ ထို့ကြောင့် ကင်းတာဝန်၊ စားရေးသောက်ရေး တာဝန် ကို မိမိ တို့ အလှည့် ကျရာ လျင်မြန်စွာ ဆောင်ရွက်နေကြသည်။

    တောင်ခေါင်းထဲမှာ စီးထွက်လာသော ရေကားကျောက်လှိုင်အဝ၀ယ် ရေအိုင်ကြီး ဖြစ်နေ သည့် ရေအိုင် အောင်ခြေ မှာ လှပသောကျောက်ချပ်ကြီးများသည် မှန်သာပမာကြည့်လင်သောရေကြောင့် စိမ်းညိုရောင် ကတ္ထီပါဖုံကြီး များသဖွယ် လှပစွာမြင်ကြရသည်။ အိုင်ပတ်ဝန်းကျင်တစ်ခုလုံးကား မြေ သာဟူ၍မရှိချေ။ ဆင်စွယ် နှစ်ရောင်၊ ပြာလဲ့လဲ့ရောင်၊ စိမ်ညိုရောင် ကျောက်တုံးများ၊ ကျောက်ဖျား များကား အပန်းဖြေ နားနေရန် ကောင်းလှသည်။ 

ဤကျောက်တုံ့ကျောက်ချပ်များ အကြားဝယ် ထူး ဆန်းသောအပင်များသည် ကျောက်တုံး ကို အမြစ်များခိုင်းမြဲစွာ ကုပ်တွယ်၍ရှင်သန်းလန်းဆန်းနေကြ ၏အပင်များ၏ အမြစ်ကား အလွန်ဆုံး ရှိလှမှ လူတရပ်မျှသာ ဖြစ်ပေလိမ့်မည်။ နီညိုရောင် အရင့် ပင်စည်းရိုးတံ၊ စိမ်းပြာရောင် အရွက် ဖားဖားဝေဝေ ဖြင့် အဖြူအောက်ခံမှာ ဆေးရောင်စုံ အစက်ချဆို ထာသကဲ့သို့သော ထွာဆိုင် ပတ်လည် မျှ ပန်းပွင့်ကြီး များက အပင်နှင့်မလိုက်အောင် ပွင့်နေကြ၏။

    ထိုကျောက်ရေအိုက်ကြီးထဲသို့ တောင်းခေါင်းထဲမှာ ရေက စီးထွက်ကျလာသည်မှာ ရေတံခွန် ငယ် ပမာဏ ရှိသည်။ ထို ကျောက်ရေအိုင် မှာ စီးထွက်သွားသော် ရေက မေဂျဝှိုက်တို့ လိုက်လာခဲ့သော ချောင်းငယ် အဖြစ် ရောက်သွား၏။

    မေဂျဝှိုက်က ထူးဆန်းလှပသော ပန်းပွင့်ကြီး တပွင့်ကိုခူးယူပြီး နမ်းကြည့်လိုက်၏ မေဂျဝှိုက် အဘို့ အံ့သြဝမ်းသာ ခြင်းဖြင့် ရင်ထဲမှာလှုပ်ရှာသွားသည်။ ထို့ပန်းရနံ့မှာ သူ့ဘောင်ဘီအိမ်ထဲ တွင် ရှိနေသော ထူးခြား လှပ သည့် ခြုံထည်မှာရသော ရနံ့မျိုးဖြစ်သည်။  ဤသို့ဆိုလျှင်ဤပန်းပွင့် ကြီးများသည် ခြုံထည် ပိုင်ရှင် များ၏ အမွှေးနံ့သာပြုလုပ်ရာ ပန်းပွင့်မျိုးဖြစ်ပေမည်။ထို့သို့ပြုလုပ်ရိုး မှန်လျှင်ခြုံထည်ပိုင်ရှင်သည် ဤ ပန်းပွင့်ကြီးများ ရှိနေရာနှင့် မဝေးကွာသော လက်လှမ်းမှီရာအရပ်ဒေသ မှာ ရှိနေပေမည်ဟု မေဂျဝှိုက်က အားတက်စွာ တွေးရင်သူလက်ထဲက ပန်းပွင့်ကိုကြည့်လိုက်ရာ မေဂျဝှိုက်များစွာ အံ့အားသင့်သွားသည်။ အဘယ်ကြောင့် ဆိုသော် ထိုပန်းပွင့် ကို သူခူးယူစဉ် က လွယ်ကူစွာ ခူး၍ မရချေ။

ပန်းပွင့်ညှာတံသည် သံမဏိချောင်းငယ် တမျှ မာကြော့လွန်သည်ဖြစ်၍ လက်ဖြင့် လိမ်၍မရ၊ ချိုးလဲ မရ သောကြောင့် သူ့ခါးမှာ တွယ်ထားသော အမဲလိုက်ဒါးကိုဖြုတ်ကာ အားရှိ ပါးရှိ ခုတ်ယူမှ ပန်းတပွင့်  ကိုခဲခဲ  ယဉ်းယဉ်း ရခဲ့သည်။ ထိုသို့ အားခွန်ရှိသမျှ သူခုတ်စဉ်က ပန်းပင်တပင်လုံး သွက်ခါးနေခဲ့သည်။ သို့သော် သူ လိုချင် သော ပန်းပွင့်ကြီး ကား အမဲလိုက်ဒါးနှင့် သူ့ခွန်အား ပေါင်းစပ်မှုကြောင့် သူ့လက်ထဲ ရောက်ခဲ့ပါ၏ ယခု ငါးမိန်နစ် ပင် မကြားသေပေ။ပန်းပွင့်ကြီးသည် ကြိုက်ကြိုက်ဆူသော ရေပူထဲထည့်နှစ်လိုက်သကဲ့သို့ နွမ်းရိ ပျော့ဖတ်နေသည်။ မွှေးရနံ့ ဟူ၍ လုံးဝ မရှိတော့ချေ။မေဂျဝှိုက်က ရေနွေး နှင့် ပြုတ်ထား သလို ဖြစ်သွားသော ပန်းကြီး ကို ကြည့်လိုက်၏ မေဂျ ဝှိုက်ပို့ပြီးအံ့အော်သွာရပြန်သည်။ အပွင့်ကြီး တပွင့်သာ ပွင့်သော ထိုပန်းပင် သည်လည်း ရေနွေးပူဖြင့် လောင်းထား သည့် အသွင် နွမ်းပျော့ခွေယိုင်ကာ လဲနေပြီး။

     ဘယ်လို ဖြစ်တာလဲဟာ 
    မေဂျဝှိုက်ကအံ့ဩစွာ ရေရွတ်ပြီး အခြားအပင်များကို လှည့်ကြည့်လိုက်၏အားလုံးစုစုပေါင်းမှ  အပင် နှစ်ဆယ် မျှသာ ရှိသော ပန်းပင်များသည် တပင် မှ တပွင့်သာရှိသည်။ ထိုအပွင့် ကို မေဂျဝှိုက် နည်းတူ ရယူ လိုသော စစ်သား များ၏ ဒါးအား လူအား ဖြင့် ညှင်းဆဲခြင်းကြောင့် စစ်သားများ ၏ လက်ထဲ ရောက်ပြီးသော ပန်ပွင့် များရော အပင် တွေပါ အားလုံး ရေနွေးပူဖြင့်ပြုတ်ထားလောင်ထားသည့် အသွင်မျိုး ဖြစ်ကုန် ကြလေပြီ။

    အပင်တွေကို ဘာမှာ မလုပ်ကြနဲ့တော့ဟေ့ 
    ခွေလဲ နေသော အပင်တပင်ကို ထူးအောင် ပေးနေသောစစ်သား နှစ်ယောင်ကိုတွေ့ရသော် မေဂျဝှိုက်က အမိန်ပေး လိုက်၏ သို့သော်ဘာအကြောင်း ထုးမည်နည်း။ ပန်းတွေ အားလုံး က ပြန်လည် အသက်ရှင် လန်းဆန်း တော့မည်မဟုတ်ကြောင်း သူတို့အားလုံးစဉ်စားကြသည်။

     နှမြောဘို့ ကောင်းလိုက်တာကွာ...အားလုံးမျိုးပြုတ်ကုန် တာဘဲဟေ့။ ဒို့တတွေးဒါနဲ့ ခုတ်ယူတာ သိမ်မှား သွားပြီ ထင်တယ် 
    မေဂျဝှိုက်က မချိတင်ကယ်ပြုသည်။
     သူက လွယ်လွယ်နဲ့ ခူးမရဘူး ဗိုလ်မှူး 
    လက်ဖတင်နင် စစ်ဗိုလ်လေးက ဆို၏ သူလက်ထဲမှာလည်း ပျော့ခွေနေသော ပန်တပွင့်နှင့်-
    အေးလေဖြစ်ပြီးတာ ဘာတတ်နိုင်တော့မလဲ ကဲ-ကဲကိုယ် တာဝန် ကို မလစ်ဟင်းစေနဲ့ အားလုံးသတိရှိကြ၊ မနက် နေမထွက်ခင် ဒီတောင်ပေါ် အရောက်တက်မယ် မေဂျဝှိုက် က သတိပေး လိုက်သည်။
   
ဆက်ရန်
.

2 comments:

သိင်္ဂါကျော် said...

လာဖတ်ပါတယ် အစ်မ.. ဆက်ရန် မျှော်နေမယ်..

Anonymous said...

Please keep going.