Friday, February 18, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၈)

"ညစာကို နေမ၀င်မီ အပြီးစီမံ၊ နေ၀င်တာနဲ့ တပြိုင်နက် မီးရောင်လုံးဝမရှိစေနဲ့ မှောင်ထဲမှာ ကြောင်မျက် စေ့ လို အထူးအတိထားပြီး ဒီတောင်ကြီးကို အထူးဂရုစိုက်ကြည့်ရမယ်။ မနေ့ညက ထူးဆန်းတဲ့အရောင် တွေ တွေ့ရင် အသံမထွက်ကြစေနဲ့ ငါရှိရာကို တိတ်တိတ်လာစုပြီးတော့မှ တောင်ပေါ်ကို အကဲခတ်အ ရိပ်အခြေကြည့်ပြီး အဆင်ပြေသလို စီစဉ်မယ်"
လက်ဖတင်နင်အပါအ၀င် စစ်သားတွေအားလုံးကို မေဂျာဝှိုက်က နောက်ဆက်တွဲအမိန့်ထုတ်လိုက် သည်။

စစ်သားတွေက အသေအချာ အမိန့်ပေးပြီးသောအခါ မေဂျာဝှိုက်သည် သူ့လူတွေနေရာတကျရှိမရှိကို လှည့်လည် စစ်ဆေးကြည့်ရှုနေစဉ်တွင် သူ့ဦးခေါင်းထဲမှာ တဖြေးဖြေးကိုက်ခဲလာသည်။ မူးဝေလာသည်။ မျက်လုံးတွေပူပြီး ကျောထဲက စိမ့်ကာချမ်းလာသည်။ အလွန်ပင်အကြမ်းခံနိုင်ရည်ရှိသော သူသည် မမြှော်လင့်ဘဲ အဖျားသွေးဝင်လာပြီကို ချက်ခြင်းသိလိုက်၏။
ထို့ကြောင့် အတူပါလာသော သူနာပြုဆေးဘက်ဆိုင်ရာအရာခံဗိုလ်ကို ခေါ်ကာ သူ့အတွက် အိပ်ရာပြင် စေသည်။ ခါတော်မှီရောဂါပျောက်ပြီး အလျင်အမြန်ကျန်းမာစေရန်အတွက် ဆေးကုစေသည်။ သူနာပြု အရာခံဗိုလ်က အဖျားပျောက်စေမည့်ဆေးကိုလည်း တိုက်သည်။ ခရီးပန်းလာသော သူတို့ဗိုလ်မှူးအဘို့ နှစ်ခြိုက်စွာအနားယူအိပ်စက်ခြင်းဖြင့် အားအင်ပြည့်ဖြိုးကာ လန်းဆန်းကျန်းမာလာစေ လိုသောစေတ နာဖြင့် အိပ်ဆေးကိုပါ တိုက်လိုက်ဟန်တူသည်ဟု မေဂျာဝှိုက်က နောင်ခါမှ စဉ်းစာမိရှာသည်။

အဘယ်ကြောင့်ဆိုသော် သူနာပြုက မေဂျာဝှိုက်အား ဆေးတိုက်သည့်အချိန်မှာ ညခုနစ်နာရီထိုးနေလေ ပြီ။မေဂျာဝှိုက်က ဆေးသောက်ကာနီးမှ နာရီကိုကြည့်ထားလိုက်မိ၏။ မီးအလင်းရောင်ရေးရေးမျှသာရှိ တော့သော လ အကွေးကလေး၏အရောင်ဖြင့် သူနာပြုတိုက်သောဆေးကိုသောက်ပြီး စောင်ခြုံအိပ် လိုက်သော မေဂျာဝှိုက်အဘို့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျသွားခဲ့လေသည်။

သူ့လက်မောင်းကို ညင်သာစွာ လှုပ်ကိုင်နေသော အသိကြောင့် မေဂျာဝှိုက်က နိုးလာသည်။ သူနာပြု တိုက်ခဲ့သောဆေးအစွမ်းကြောင့် တကြောင်း၊ တညလုံးအနားယူသည့်သဘောဖြင့် နှစ်ခြိုက်စွာအိပ်ပျော် ခဲ့ရသည့်အတွက်ကြောင့်တကြောင်း မေဂျာဝှိုက်သည် နေကောင်းနေသည်။ လန်းဆန်းကြည်လင်နေ သည်။ ထို့ကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်၏။ သူ့အထင်မှာ သူ့စစ်သားတယောက်ယောက်ဖြစ်ပေ လိမ့်မည်ဟု ထင်ခဲ့သော မေဂျာဝှိုက်သည် သူ့ပတ်ဝန်းကျင်မှာရောက်နေသူများကို မြင်ရသောအခါ ကြီး စွာသော အံ့အားသင့်ခြင်းဖြင့်အိပ်ရာပေါ်လဲလျောင်းနေရာမှ လျင်မြန်စွာ ထထိုင်လိုက်မိသည်။

သူခေါင်း အုံးအိပ်သည့် ခရီးဆောင်လေခေါင်းအုံးအောက်မှာရှိနေသော ခြောက်လုံးပြူးကို လျင်မြန်စွာ လက်နှိုက် ဆွဲယူလိုက်သည်။ သို့သော် သူ့ကို တုန်လှုပ်ခြင်း ကင်းမဲ့စွာတည်ငြိမ်အေးမြသော အကြည့်ဖြင့် ငြိမ် သက်စွာ ကြည့်န်ေကြသော ထိုသူများကို သူသည် ရန်မူလိုစိတ်ပျောက်ကွယ်သွားသည်။ ထို့ကြောင့် လက်ထဲ မှာ ပါလာသောသေနတ်ကို မောင်းတင်ခြင်း၊ ချိန်ရွယ်ခြင်း၊ သော့ဖွင့်ခြင်းမပြုတော့ဘဲ ကိုင်ရုံသာ ကိုင်ထား မိလေတော့သည်။

သူ့ကို ၀ိုင်းရံထားသူများကား လူနှစ်ဆယ်ခန့်ရှိပေလိမ့်မည်။ အရပ်မြင့်သူများချည်း ယောက်ျားတွေချည်း ဖြစ်သည်။ အသက်အရွယ်တွေမှာ နှစ်ဆယ်မှ လေးဆယ်အတွင်းအရွယ်ရှိသူများဖြစ်၏။ လှိုင်းတွန့်သ ဏ္ဍာန် မဲနက်သော ဆံပင်များက ဂုတ်ပေါ်ဝဲရုံမျှရှည်သည်။ မျက်ခုံး နှာတံမှာ အလွန်လှ၍ ကြည်လင် တောက်ပသော မျက်လုံးဖြင့် ၀င်းဝါသောအသားရောင်ရှိသည့် ဤလူစုကား အားလုံးပင်ရုပ်ရည်ချော မော လှပပြီး အစိမ်းနှင့်ရွှေရောင်ရောထားသော ၀တ်ရုံကြီးများကို ခြုံလွှားထားကြသည်ဖြစ်ရာ သူတို့ကို မြင်ရသည် မှာ မေဂျာဝှိုက်အဘို့ ရန်မူဘို့စိတ် ပစ်ခတ်သတ်ဖြတ်လိုစိတ်မရှိတော့ဘဲ သူရောက်နေသော ဗမာပြည် နယ်နိမိတ်အတွင်းမှာ တွေ့ကြုံရသော တိုင်းရင်းသားတမျိုးဖြစ်လေသလားဟူသောအတွေး ဖြင့် ငေးကြည့် နေလေသည်။

ရန်မူလိုဟန်လုံးဝမရှိသော မေဂျာဝှိုက်ကို အနားနီးကပ်စွာရှိနေသော လူတယောက်က မေဂျာဝှိုက်နားမ လည်သော ဘာသာစကားဖြင့် တစုံတရာပြောကာ လက်ညှိုးညွှန်ပြ၏။ ထိုသူလက်ညှိုးညွှန်ရာကို မေဂျာ ၀ှိုက်က ကြည့်လိုက်သောအခါ မနေ့က သူအပါအ၀င် စစ်သားတခုလက်စွမ်းကြောင့် နွမ်ုးခွေပြီးသေကုန် ကြပြီဖြစ်သည့် ပန်းပင်တွေကို ညွှန်ပြမေးမြန်းနေကြောင်း မေဂျာဝှိုက်က ရိပ်မိလိုက်၏။ သို့သော် လူတွေ ပြောသော စကားကိုလည်း ၀ှိုက်ကနားမလည်၊ ၀ှိုက်ပြန်ပြောမည့်စကားကိုလည်း သူတို့ကနားလည်မည် မဟုတ်ကြောင်း အသေအချာစဉ်းစားမိသော မေဂျာဝှိုက်က ဘာမှပြန်မပြောတော့ဘဲ သေနေသော ပန်း ပင်တွေကို ယခုမှ သူမြင်တွေ့ရဟန်ဖြင့် ငေးကြည့်နေရာမှ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားခဲ့သော ခြုံ ထည်ကို သတိရသွားသည်။

အိပ်မောကျနေစဉ် စစ်သားတယောက်ယောက်က နှိုက်ယူသွားလေသလားဟူသော စိုးရိမ်စိတ်ဖြင့် ဘောင်းဘီအိတ်ထဲ ကဗျာကသီလက်ဖြင့် နှိုက်စမ်းလိုက်၏။ ရှိနေသေးကြောင်း သိရမှ သက်ပြင်းချကာ လက်ကို ပြန်ရုပ်လိုက်သည်။ ၀ှိုက်အမူအရာကို အကဲခတ်ကြည့်နေသောသူက သူတို့ဘာသာစကားဖြင့် ပြောကာ ၀ှိုက်၏ဘောင်းဘီကု လက်ညှိုးထိုးသည်။ ဒီအထဲမှာ ဘာရှိလဲ ယူထုတ်ပြစမ်းဟူသော သ ဘောမျိုး သက်ရောက်ကြောင်း မေဂျာဝှိုက်စဉ်းစားမိ၏။

ထို့ကြောင့် ကွယ်ဝှက်လိုစိတ်မရှိဘဲ ချောင်းရေ ထဲမှာ မျောပါလာခဲ့သော ထူးဆန်းသည့်ခြုံထည်ကို ထုတ်ပြလိုက်၏။
ခြုံထည်ကို မြင်လိုက်သည်ဆိုလျှင်ပင် မေဂျာဝှိုက်အနားမှာရှိနေသော လူကြီးက ခြုံထည်ကိုလျင်မြန် ဖျတ်လပ်စွာ ဆွဲယူလိုက်၏။ ထို့နောက် မြတ်မြတ်နိုးနိုး ဦးခေါင်းပေါ်တင်ကာ လက်အုပ်ချီရှိခိုးလိုက် သည်။ မေဂျာဝှိုက် ပတ်ဝန်းကျင်မှာ ၀ိုင်းရံနေကြသော လူအားလုံးပင် ထိုလူကြီး ဦးခေါင်းထက်မှာရှိနေ သော ခြုံထည် ကို တညီတညာတည်း လက်အုပ်ချီ ရှိခိုးအရိုအသေပြုလိုက်ကြ၏။ ထို့နောက် မေဂျာဝှိုက် အား ခြုံထည် ကို လက်ညှိုးထိုးပြပြီး သူတို့ဘာသာစကားဖြင့် ပြောသည်။

ဤခြုံထည်ကို မည်သည့်နေရာ ကရကြောင်း မေးမြန်းသည့်သဘောမျိုးဖြစ်၏။ မေဂျာဝှိုက်က ဤချောင်းရေထဲမျောပါလာအဓိပ္ပါယ်ပေါ် အောင်ပြောသည်။ သူတို့တတွေ နားလည်လေသလား သဘောပေါက်လေသလား၊ နားမလည်သဘော မပေါက်သော်ငြားလည်း သူတို့အမြတ်တနိုးထားသော ခြုံထည်ပြန်လည်ရရှိ၍ ကြေနပ်ကြဟန်ကား ထင်ထင်ရှားရှားပေါ်နေသည်။

သူတို့အချင်းချင်း ညှိုနှိုင်းဆွေးနွေးဟန်ဖြင့် စကားပြောကြသည်။ ပြောကြဆိုကြသည်မှာ အော်ဟစ်ဆူ ညံ ငြင်းခုံခြင်းမရှိချေ။ တိုးတိုးသာသာပင် ပြောဆိုကြသည်။ သူတို့၏အသံသည် အလွန်ပင် ငြင်သာ သိမ်မွေ့ကြောင်း မေဂျာဝှိုက်က အထူးသတိထားမိ၏။

သူတို့တတွေ ထိုင်ဆွေးနွေးနေစဉ်မှာ မေဂျာဝှိုက်က အရိပ်အရောင်အသံဟူ၍ လုံးဝပျောက်ကွယ်နေကြ ပြီဖြစ်သော သူ့စစ်သားတွေအရေးကိုတွေးကာ ဦးခေါင်းကိုပတ်ချာလှည့်ပြီး ပတ်ဝန်းကျင်ကို မျက်လုံး ဖြင့် ရှာဖွေကြည့်လိုက်၏။ ထိုင်နေရာကမူ မလှုပ်မရှား၊ ထကြွလိုသောစိတ်လည်း မေဂျာဝှိုက်မှာ မရှိချေ။ လက်နက်ဟူ၍လုံးဝမရှိဘဲ သူ့ကိုဝိုင်းရံထားသော ထူးဆန်း၍ချောမောလှပသည့် ဤလူစု၏ကြည်လင် တောက်ပစူးရှသည့်မျက်လုံးများ၏အကြည့်သည် မေဂျာဝှိုက်ကို ရန်လိုဟန်မရှိငြားလည်း ကြီးမားသော စိတ်တန်ခိုးအရှိန်ဖြင့် မေဂျာဝှိုက်ကို ဟန့်တားချုပ်ကိုင်ထားသည့်အလား မေဂျာဝှိုက်အဘို့ သူတို့တတွေ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဆန့်ကျင်ဘက်အလုပ်ကို လိုပ်လိုသောဆန္ဒလုံးဝမရှိတော့ချေ။ ထို ကြောင့် ထူးဆန်းစွာပျောက်ကွယ်နေသော သူ့လူတွေကို ထိုင်ရာမထ မျက်လုံးဖြင့်သာ ရှာဖွေမိ၏။ သို့ သော် အစအနပင် မတွေ့ရတော့ချေ။

မေဂျာဝှိုက်၏စစ်သားများ အရေအတွက်မှာ  လူတရာတိတိရှိသည်။ ဤလူတွေကို ရုတ်တရက်ချက်ခြင်း အသံမထွက်အောင် ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ကြောင်း မေဂျာဝှိုက် က စဉ်းစားမိ၏။ ဤထူးထူးခြားခြား ချောမောလှပသူ တစု၏လက်ထဲမှာလည်း လက်နက်ဟူ၍လုံးဝမ တွေ့ သူတို့တတွေ၏အမူအရာတွေကလည်း သတ္တ၀ါတစုံတဦးကို ရက်စက်စွာသတ်ဖြတ်ညှင်းဆဲမည့် စိတ်သဘောမျိုးခက်ထန်ကြမ်းကြုတ်သည့်အမူအရာမျိုးဟူ၍ လုံးဝမတွေ့မြင်ရ။

မည်သို့ပင်ဖြစ်စေ သံသယဖြစ်ဖွယ်တစုံတခုသော အကြောင်းပေါ်လာလျှင် စစ်သားတွေအားလုံးသည် မေဂျာဝှိုက်အနား ကို မှာကြားထားသည့်အတိုင်း မလွှဲမသေရောက်လာပေမည်။ မေဂျာဝှိုက်ကို နှိုးမည်မှာ သေချာသည်။ ရန်သူ့အရိပ်အခြေကိုမြင်လျှင် ပစ်ခတ်တားဆီးခြင်းဖြင့် သေနတ်သံက ဆူညံစွာ ထွက်ပေါ် လာခြင်းဖြင့် မည်မျှအိပ်မောကျနေစေကာမူ မေဂျာဝှိုက်နိုးရမည်သာဖြစ်၏။ ယခုမူ ရုန်းရင်းဆန်ခတ် တိုက်ခိုက် သတ်ဖြတ်ကြသည့် အရိပ်လက္ခဏာဟူ၍ လုံးဝမရှိပါဘဲလျက် စစ်သားတွေသည် မည်သည့် ဒေသ သို့ ရောက် ကုန်ကြပါသနည်း။ အဘယ်ကြောင့် အိပ်ပျော်နေသော တပ်မှူးကိုနှိုးခြင်း အသိပေးခြင်း မပြုနိုင်အောင် ပင် အချိန်မရဘဲဖြစ်သွားကြလေသနည်း။ စစ်သားတွေပျောက်ကွယ်သွားပြီး၊ ထူးဆန်း ချောမော သော ဤလူစုရောက်လေသလား။၏
မေဂျာဝှိုက်က လက်ပတ်နာရီကို ငုံ့ကြည့်လိုက်၏။

 နံနက်ရှစ်နာရီထိုးနေလေပြီ။ မှတ်မှတ်ရရ ဤနေ့ သည် မေလဆယ့်တစ်ရက်နေ့ဖြစ်ကြောင်း အသေအချာ သိထားသည်။
မေဂျာဝှိုက်သည် သူထိုင်နေရာမှ ရေထွက်စီးကျရာ တောခေါင်းလိုဏ်ဝဆီကို လှမ်းကြည့်လိုက်၏။ စော စောက သူကြည့်သည်မှာထူးဆန်းသောလူ၏ နွမ်းခွေသေနေသော ပန်းပင်ကိုညွှန်ပြ၍ ပန်းပင်ကိုသာ ကြည့်မိခြင်းဖြစ်သည်။ ယခုမူ သူ့စစ်သားတွေသည် မှန်သားပမာကြည်လင်သည်နှင့်အမျှ အနည်းဆုံး ပေတရာကျော် မျှနက်မည်ဖြစ်သော ဤရေအိုင်ထဲသို့များကျပြီး ရေနစ်သေဆုံးကာ ချောင်းနေအတိုင်း မျောပါသွားလေကုန်ပြီလားဟု ထင်မိထင်ရာ တွေးမိသည်။ ဤစိတ်ကူးသည် ဖြစ်လည်းဖြစ်နိုင်သည်ဟူ သော အတွေး၊ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ဟူသော အတွေးတို့ဖြင့် ဦးနှောက်ချာချာလည်နေစဉ်မှာ ခြုံ ထည်ကို အမြတ်တနိုးဦးထိပ်ပေါ်တင်ထားသည့် လူကြီးက မေဂျာဝှိုက်၏ လက်မောင်းကို အသာအယာ ကိုင် လိုက်သဖြင့် မေဂျာဝှိုက်က အတွေးရေယဉ်ကြောမှာ နစ်မြောနေရာမှ ထိုလူကြီးကို ဆတ်ခနဲမော် ကြည့်လိုက် သည်။

ထိုလူကြီးက မေဂျာဝှိုက်၏လက်မောင်းကို ဆွဲကိုင်ခါ ထိုင်ရာမှထလိုက်သည်။ ကျန်လူများအားလုံးကလဲ ငြင်သာစွာ ထိုင်ရာမှ ထလိုက်ကြ၏။
ထို့နောက် မေဂျာဝှိုက်ကို အလယ်ကထားပြီး ဤနေရာထွက်ခွာတော့မည့်လက္ခဏာကို မြင်ရသည်။ ထို အခိုက် တယောက်သော သူသည် မေဂျာဝှိုက်မျက်နှာကို တ၀တ်တခုဖြင့်စည်းလိုက်၏။ သိမ်မွေ့နူးညံ သော လေသံဖြင့် တစုံတရာကိုပြောကာ ငြင်သာစွာချည်နှောင်လိုက်ခြင်းဖြစ်၍မေဂျာဝှိုက်သည် ငြင်းဆန် ရုန်းကန်ခြင်းပင် မပြုတော့ချေ။ လက်ထဲက သေနတ်ကို တစုံတယောက်က ဆွဲယူလိုက်သည်ကိုလည်း အသာတကြည် ပင် လွှတ်ပေးလိုက်မိသည်။ မေဂျာဝှိုက်၏စိတ်သဘောထားကို ရှင်းလင်းဖော်ပြရမည်ဆို သော် မေဂျာဝှိုက် သည် ထူးဆန်းစွာတွေ့ရသည့် ကြက်သရေရှိစွာ ချောမောလှပသော ဤလူစုကို ချစ် သလိုလို ကြည်ညိုသလိုလို သူတို့စိတ်ဆန္ဒအတိုင်း ကျိုးနွံစွာ နာခံချင်သလိုလို ဝေခွဲမရသော စိတ်မျိုး ဖြစ်ပေါ် ခဲ့သည်။

မည်သို့ပင်ဖြစ်စေ မေဂျာဝှိုက်ကား ထိုလူစု၏အစီအမံအတိုင်းနာခံကာ မျက်နှာကို အ၀တ်စည်းခဲ့ပြီး သူ တို့တွဲခေါ်ရာသို့ စမ်းတ၀ါးဝါးဖြင့် လိုက်ပါလာခဲ့ရလေပြီ။
စစ်သားပြီပြီ သတိရှိသော မေဂျာဝှိုက်က မျက်စေ့ဖြင့် မမြင်မတွေ့ရ၍ မမှတ်နိုင်လင့်ကစား လှမ်းသွား နေရသော ခြေလှမ်းများဖြင့် မှတ်မည်ဟု စိတ်ကူးမိ၏။ သို့သော်သူ့ခြေထောက်အထိအတွေ့မှာပင် ကိုယ် အသားအရေ ဖြင့် ထိတွေ့ရမှ မှတ်သားနိုင်ပေမည်။ ယခုသော် ခြေတွင်တောစီးသားရေဘိနပ်ကြီးကို စီး ထားမိလျက်သားဖြစ်ရာလမ်းခရီးမှာ ရှိနေမည့်မြေအနေအထားကို အနိမ့်အမြင့် အတက်အဆင်းမှလွဲ၍ မှတ်သားရန် လုံးဝမဖြစ်နိုင်တော့ချေ။

ဘိနပ်ကြီးကို ချွတ်ပစ်ရန် စိတ်ကူးမိသော်လည်း သူ့ခြေထောက် ထိခိုက်ရှနမည်ကိုလည်း စိုးရိမ်သောစိတ်က ဟန့်တားထားလိုက်၏။ ထူးဆန်း၍လှပချောမောသည့် ဤလူစုကား သူတို့ခြေတွင် ဘိနပ်ပါလေသလား မပါလေသလား မေဂျာဝှိုက်က သတိမပြုခဲ့မိ မကြည့် ခဲ့မိချေ။ ယခုသွားနေကြသော အခိုက်အတန့်တွင်ကား သူ့တောစီးဘိနပ်ကြီး၏ခြေသံကိုသာ ကြားနေ ရသည်။ သူ့ကို ခေါ်လာသော လူတစု၏ခြေသံကိုကား လုံးဝမကြားရချေ။ လူနှစ်ဆယ်ခန့်သည် စကား မပြောကြ၍ အသံမထွက်ဘဲဆိတ်ငြိမ်နေသည်မှာ ရှိပါစေဦး။ ခြေသံကိုမှ မကြားရသည်မှာ အတော် တော့ ထူးဆန်းသည်ဟု မေဂျာဝှိုက် စဉ်းစားမိ၏။ သူ့ကိုတွဲခေါ်လာ၍သာ သူ့အနားတွင် ထိုလူစုသည် သူနှင့်အတူ လမ်းလျှောက်နေကြကြောင်း ယုံကြည် ရသည်။ သူ့ကိုသာ ထိကိုင်တွဲခေါ်ခြင်းမပြုလျှင် လူ သူတစုံတယောက်မှမပါဘဲ သူတယောက်တည်းသာ လမ်းလျှောက် နေရသည်ဟု ယူဆရမည်လိုဖြစ်နေ သည်။

မေဂျာဝှိုက်သည် သူသွားနေရသော ခရီးကို အနိမ့်အမြင့် အတက်အဆင်းမည်မျှရှိသည်ကို စိတ်ထဲက ရေတွက်၏။ သို့သော် ရေတွက်၍မရချေ။ သူ့စိတ်သည် ခရီးလမ်းကို မှတ်သားခြင်းထက် ထိုချောမောလှ ပသော လူစုအကြောင်းကိုသာ စိတ်ဝင်စားနေမိခြင်းကြောင့် အတိအကျမရေတွက်နိုင်ဘဲ မေ့မေ့လျော့ လျော့ မှားမှားယွင်းယွင်းတွေသာဖြစ်နေသည်။ ထိုကြောင့် စိတ်ပင်ပန်းခံမရေတွက်တော့ဘဲ သူစိတ်ကူး ချင်ရာသာ တွေးတော စိတ်ကူးပြီး လိုက်လာခဲ့သည်။

သူ့စိတ်ထင်လမ်းလျှောက်လာခဲ့သည့် အချိန်သုံးနာရီကျော်ကျော်မျှရှိပေမည်ဟု ခန့်မှန်းရသောအခါ၌ သူ့အားတွဲခေါ်လာသူက ထိုင်စေလိုသောသဘောဖြင့် သိမ်မွေ့ငြင်သာသော လေသံစကားတခွန်းကို ပြောကာ ခရီးသွားခြင်းကိုရပ်တန့်စေပြီး ပခုံးကို လက်နှစ်ဖက်ဖြင့် အသာအယာဖိချသည်။ လမ်း လျှောက်ရသည်မှာ ကြာပြီဖြစ်၍ မောပန်းညောင်းညာပြီဖြစ်သော မေဂျာဝှိုက်က ၀မ်းသာအားရဖြင့် ထိုင် ချလိုက်သည်။ သူထိုင်မိသောနေရာကို လက်ဖြင့်စမ်းကြည့်သောအခါ သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်ခုံငယ် တခုဖြစ်ကြောင်း သိရသည်။

ထိုင်ခုံငယ်အမြင့်မှာ တပေမျှပင်မရှိချေ။ ထိုင်ခုံငယ်ရှိရာ မြေပြင် ကား ချွန်ထက်သော ကျောက်ခဲငယ်များဖြင့် ပြည့်နှက်ဖုံးလွှမ်းနေကြောင်း လက်ဖြင့် စမ်းသပ်သိရှိရ သည်။ ဤသို့ဆိုလျှင် တောစီးဘိနပ်ကို ချွတ်ရန်မဖြစ်နိုင်ကြောင်း မေဂျာဝှိုက်က ဆုံးဖြတ်၏။ လပ်ဆပ် အေးမြသော လေပြေသည် တသုန်သုန်တဖြူးဖြူးတိုက်နေ၏။ ထိုလေကို အားပါးတရ ရှူရှိုက်မိသော အခါ မေဂျာဝှိုက်အဘို့ အပန်းပြေသလိုပင်ဖြစ်သွားသည်။

မျက်နှာကို စီးထားသောအ၀တ်အား လက်ဖြင့်စမ်းကြည့်လိုက်သောအခါ မေဂျာဝှိုက်၏လက်ကို အသာ အယာဆွဲဖယ်ချလိုက်သည်ကို ခံစားရခြင်းဖြင့် သူ့အားမျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း သိရလေ သည်။ မေဂျာဝှိုက်က အလိုက်သင့်ပင် သူ့လက်ကို ဖယ်လိုက်သည်။ ထိုခဏ၌ သူ့လက်ထဲသို့အရာ ၀တ္ထု တစုံတရာထည့်ပေးလိုက်ကြောင်း သိရသည်။ မေဂျာဝှိုက်က လက်ထဲရောက်လာသော ပစ္စည်းကို စမ်းကြည့် ၏။ အခွံနွာထားပြီးသော သစ်သီးတလုံးဖြစ်ကြောင်း သိရသည်။

ဆက်ရန်
.

2 comments:

Anonymous said...

I'm glad William gonna go back to school.He deserves to attend good school.Can u give me author's name n the title.I want my sons to read.To my disappointment they prefer playing internet games......:(

Gyidaw

Anonymous said...

Thank you.