"သူသည် ဟိုတယ်တစ်ခုခုတွင် ရောက်နေပုံရသည်။ နောက်ပိုင်းမှ စကားပြောသံတွေ ကြားနေရ သည်။ ရယ်မောသံ တွေ ပေါ်လာသည်။ ဇွန်းသံ၊ ပန်းကန်သံ၊ ဖန်ခွက်သံ တွေ ဝေေ၀စီစီ ဖြစ်နေသည်။
"ကိုယ် အတော် မူးနေတယ်"
"ဇင် လာကြိုပေး ရမလား"
"ဟင့်အင်း ကိုယ်မူးနေတာမြင်ရင် ဇင် မုန်းသွားမိလိမ့်မယ်။ သူငယ်ချင်းတွေကလဲ သိပ် ဂျီကျတတ် ကြတယ် ဇင်ရဲ့။ ကိုယ်အခု ဖုန်းဆက်တာက ဇင့်ကို သတိရလို့။ ဒီမယ် ဇင် … ဇင့်ကို ကိုယ် ချစ်တယ်။ သိပ်ကို ချစ်ပါတယ် ကွယ်။ ဒါဘဲ ဇင်၊ မနက်ဖြန်မှ တွေ့ကြမယ်နော်"
ဒါပါပဲ။
ဒါနှင့်ပဲ စကားပြောခွက်ကို ချသွားသည်။
ဇင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
"ကိုယ် အတော် မူးနေတယ်"
"ဇင် လာကြိုပေး ရမလား"
"ဟင့်အင်း ကိုယ်မူးနေတာမြင်ရင် ဇင် မုန်းသွားမိလိမ့်မယ်။ သူငယ်ချင်းတွေကလဲ သိပ် ဂျီကျတတ် ကြတယ် ဇင်ရဲ့။ ကိုယ်အခု ဖုန်းဆက်တာက ဇင့်ကို သတိရလို့။ ဒီမယ် ဇင် … ဇင့်ကို ကိုယ် ချစ်တယ်။ သိပ်ကို ချစ်ပါတယ် ကွယ်။ ဒါဘဲ ဇင်၊ မနက်ဖြန်မှ တွေ့ကြမယ်နော်"
ဒါပါပဲ။
ဒါနှင့်ပဲ စကားပြောခွက်ကို ချသွားသည်။
ဇင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
နောက်တစ်နေ့ တွေ့ကြတော့ ထုံးစံအတိုင်း စားသောက်ဆိုင်တွင် ဖြစ်သည်။ ညစာစားကြဖို့ လာခဲ့ ကြခြင်း ဖြစ်သည်။ သည်ကနေ့လည်း သူ အရက်အတော်များများ သောက်သည်။ အရှိန်ရနေသည်။ သူ သည်မျှ အရက်သောက် နေခြင်းမှာ အကြောင်းတစ်ခုခုကြောင့် ဖြစ်ပုံရသည်ကို ဇင် တွေးတတ် လာသည်။
သူ စိတ်ညစ် နေသည်။
မထွေးနိုင် မအန်နိုင် ဖြစ်နေသည်။
ဤသည်မှာ ဇင်နှင့် ပတ်သက်သည့်အဖြစ်မှတစ်ပါး အခြား မဖြစ်နိုင်။
ဇင် ကိုယ်တိုင်သည်လည်း မစောင့်ဆိုင်းနိုင်တော့။ လိပ်ခဲတည်းလည်း အခြေအနေကို သည်းမခံနိုင် တော့။
ဇင် စကားစ ရပါတော့သည်။
"ဒီမှာ ကိုယ်၊ ဇင်တို့ ကလေးကစားသလို လုပ်နေကြလို့ မဖြစ်တော့ဘူး"
"ဘာကိုလဲ ဇင်"
"ဘာကို ရမှာလဲ၊ ဇင်တို့ လက်ထပ်ဖို့ကိစ္စ အတွက်ပဲ။ ဇင် ပွင့်ပွင့်လင်းလင်း ပြောမယ်။ ဇင် အပျော်မယား အဖြစ် မခံနိုင်ဘူး။ အမြှောင် အဖြစ် မခံနိုင်ဘူး။ ဒုတိယနေရာက မနေနိုင်ဘူး။ အဲဒီလို ဖြစ်မယ့် အစား ကိုယ့်ကိုယ် ကိုယ်သာ သတ်သေလိုက်မယ်သိလား"
"ဖြည်းဖြည်းပြောပါ ဇင်၊ ဇင့်အနေနဲ့ အားလုံးသိအောင်တောင် ကြေငြာလိုက်ချင်တာ။ ကိုယ့်ဇနီးကို မနေ့က ဖွင့်ပြောတော့မယ်ဆို"
"မနေ့က ကိုယ် သိပ်မူးသွားခဲ့တယ်၊ မပြောဖြစ်ခဲ့ဘူး။ ဒါပေမယ့် ပြောမှာပါ"
ဇင်သည် အတော်ကြီး ဒေါသ ဖြစ်သွားသည်။ အသားသည်ပင် ဆတ်ဆတ်တုန်ချင်လာသည်။
"ခုထိ ပြောပါ့မယ် အဆင့် ပဲ ရှိသေးသလား။ ဒီမှာ ဇင့်ကို လက်ထပ်ချင်တယ်ဆိုတာက ကိုယ်ပါ။ ဇင့်ကို လက်ထပ် ပါရစေလို့ တောင်းဆိုတာက ကိုယ်ပါ။ ခုတော့ ဇင်ကလဲ လက်ထပ်ဖို့ အခွင့်ပေးခဲ့ပြီ၊ လက်ထပ် ပါတော့ လို့လဲ ပြောနေပြီ။ အခြေအနေက နောက်ဆုတ်လို့ မဖြစ်တော့ဘူး ဆိုတာလဲ ကိုယ်အသိ။ ဇင့်ကို လိမ်နေ တာလား၊ လှည့်စားနေတာလား၊ ဒါမှမဟုတ်ကို သတ္တိကြောင် နေတာလား။ အမှန်တော့ ဒီကိစ္စဟာ အခုလောက် ကြာနေဖို့ မကောင်းဘူး၊ မိနစ်ပိုင်းအတွင်းမှာ ပြီးရ မယ့် ကိစ္စပါ"
ဇင်သည် ယခုလို တောင်းဆိုနေရသည့် အဖြစ်ကိုပင် နာကြည်းလာမိသလို ရှိသည်။
"သိပ် အစိုးရိမ်ကြီး မနေစမ်းပါနဲ့ ဇင်။ ကိုယ်က လူကြီးလူကောင်း တစ်ယောက်ပါ။ ဘယ်တော့မှ ကတိ မဖျက်ဘူး ဆိုတာ ယုံ။
သူသည် ဇင့်မျက်နှာကို မကြည့်။ ၀စ္စကီ ဖန်ခွက်ထဲမှာ ပေါလောမျောနေသည့် ရေခဲတုံးကလေးများ ကို ငေးနေသည်။
သူ၏ အေးဆေးနေပုံကို မြင်ရတော့ ဇင် ပို၍ ဒေါသဖြစ်ရသည်။
"ကိုယ် မပြောရဲရင် ဇင့်အနေနဲ့ စာလှမ်းရေးလိုက်ရမလား"
"ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ ဇင်ရဲ့"
"ဘာဖြစ်လို့ လောနေရတာလဲ ဟုတ်လား။ ဇင့်ဘက်က ပြန်တွက်ကြည့်၊ ဇင့်မှာ အသိုင်းအ၀န်းနဲ့၊ အပေါင်းအသင်းနဲ့။ ဘေးက ပြောကြ ဆိုကြ ကဲ့ရဲ့ကြလွန်းလို့ ဇင့်မှာ နားတွေ အူနေပြီ၊ ဦးနှောက် တွေ ဆူနေပြီ။ အိမ်ထောင်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး၊ ဘွာခတ်လို့ မရဘူး၊ ကိုယ့်မှာ သတ္တိမရှိဘူးဆိုရင် ဇင့်မှာတော့ ရှိရတော့မယ်။ မနက်ဖြန်ကျရင် စာရေးပြီး ပြောလိုက်တော့မယ်"
"ဇင်ကလဲကွယ်"
သူက စိတ်ပျက်သလို ညည်းညူလိုက်သည်။
ဝစ္စကီဖန်ခွက် ကို ကောက်ယူကာ ပါးစပ်မှာ တေ့လိုက်သည်။
တစ်ဘက်က သည်မျှ ပူပူလောင်လောင် ဖြစ်နေပါလျက် သူက အေးအေးဆေးဆေး ရှိနေသည်ကို တွေ့ရသော အခါ ဇင် စိတ်မထိန်းနိုင်တော့။
ဇင်သည် ဖန်ခွက်ကို ပုတ်ချပစ်လိုက်သည်။
ဖန်ခွက် သည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
အစိတ်စိတ် အမြွာမြွာ ကွဲသွားသည်။
အစသော် သူသည် ကြောင်နေသည်။
ပြီးလျှင်တော့ ဇင့်ကို ဒေါသလွှမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့မျက်ဝန်းသည် တောက်ပြောင် နေပြီး မျက်နှာမှာ သွေးရောင်လွှမ်းတတ်နေသည်။ မျက်နှာရှိ အကြောစိုင်များ တင်းမာနေသည်။
ဇင်ကလည်း သည်အတိုင်းပင် ဖြစ်သည်။
သူ့ကို တင်းမာစွာ ပြန်ကြည့်နေလိုက်သည်။
အခြေအနေ သည် ရုတ်ချည်းမှာပင် ပေါက်ကွဲတော့မတတ် တင်းမာလာသည်။
ဇင်သည် စိတ်ထဲမှ သူ့ကို ကြောက်နေသော်လည်း ဟန်ကိုယ်ဖို့ဆိုသလို မျက်နှာပေါ်မှ တင်းမာမှု များကို လျှော့ချ မပစ်ခဲ့။
ဆူဆူညံညံနှင့် ဖန်ခွက်ကွဲသံကြောင့် စားပွဲထိုးက ကောင်ကလေး ပြေးဝင်လာသည်။
"ဘာမှ ဖြစ်တာ မဟုတ်ပါဘူး၊ မတော်တဆ ဖန်ခွက် ကျကွဲသွားတာပါ"
သူက ကာကွယ်စကား ကို စ၍ ဆိုသည်။
စားပွဲထိုး ကောင်ကလေးက ဖန်ခွက်ကွဲများကို သိမ်းကျုံး ယူငင်သည်။ အခန်းအပြင်သို့ လှည့်ထွက် ပြီး အပေါက်ဝ သို့ အရောက်တွင် နောက်မှ ခေါ်သံကြောင့် ခြေလှမ်းတုံ့သွားသည်။
"တယ်လီဖုန်း သုံး လို့ ဖြစ်မလား"
"ဖြစ်ပါတယ် ခင်ဗျာ့"
"ဟုတ်ပြီ"
သူသည် အိတ်အတွင်းမှ စာရွက်အလွတ် တစ်ခုကို ထုတ်ယူသည်။
ဘောလ်ပွိုင့်ဖြင့် ဂဏန်းခြောက်လုံးကို ရေးချလိုက်သည်။
ဇင်က သူ့အပြုအမူကို စောင့်ကြည့်နေသည်။
သူ၏ မျက်နှာမှာ တင်းမာဆဲ ဖြစ်သော်လည်း သည်တစ်ခါ တင်းမာမှုမှာ သိန္နိဌာန်ကြောင့် ဖြစ်ကြောင်း ဇင် သဘောပေါက် မိသည်။
"ကောင်းပြီ ဇင် မြိုင့်ကို ဇင်ကိုယ်တိုင်ပဲ ပြောမယ် ဟုတ်လား။ ဒါကိုယ့်အိမ်ရဲ့ တယ်လီဖုန်းနံပါတ်ပဲ။ အခုချိန် ဆိုရင် မြိုင် တယ်လီဖုန်းဘေးမှာ ရှိနေမှာပဲ"
ဇင်သည် စာရွက်ဖြူပေါ်မှ ဂဏန်းခြောက်လုံးကို ကြည့်ကာ ငိုင်နေသည်။
စိတ်ထဲမှာ အပြင်းထန်ဆုံး လှုပ်ရှားနေသည် အမှန်ပင်။
"ဇင် ပြောတာ မှန်ပါတယ်၊ မြိုင့်ကို ဖွင့်ပြောဖို့သတ္တိ ကိုယ့်မှာ မရှိတာ အမှန်ပါပဲ။ မြိုင်နဲ့ ပတ်သက်ပြီး ကိုယ်ပြောခဲ့တဲ့ စကားတွေ အနက် အမှန်တွေ ပါသလို မုသား တစ်ချို့လဲ ပါခဲ့ပါတယ်။ ကိုယ်တို့ အိမ်ထောင်ရေး ဘ၀ဟာ သေနေခဲ့ပြီ ဆိုတာတော့ အမှန်ပါ။ ညိုမာ့ကို မွေးဖွားပေးခဲ့ပြီးကတည်းက သူ့မှာ နှလုံးရောဂါ ရှိနေတယ် ဆိုတာ သိခဲ့ရတယ်။ သာယာမှု ပေးနိုင်စွမ်းမရှိတဲ့ အိမ်ထောင်သည် တစ်ယောက် အနေ နဲ့ သူဟာ ကိုယ်က ဘယ်နေ့ကွာရှင်းခွင့်တောင်းမလဲဆိုတာကို တထိတ်ထိတ်နဲ့ စောင့်နေခဲ့ရရှာတယ်။ မြိုင်ဟာ ကိုယ့်ဘ၀ ကို ပြုစုပျိုးထောင်ပေမယ့် ကိုယ့်အပေါ် မမောက်မာခဲ့ရှာ ပါဘူး။ ထဘီရေသီနား ခိုစားတဲ့ အဖြစ်မျိုး မဖြစ်ခဲ့ပါဘူး။
ဒါကို ဇင့်ရှေ့မှာ ကိုယ်ပြောပြမိတာ ကတော့ စည်းရုံးရေး သက်သက်အတွက် သာ ဆိုပါတော့၊ ကိုယ်ဟာ ငယ်ရွယ် ပါသေးတယ်၊ ကျန်းမာသန်စွမ်းပါသေးတယ်၊ အိမ်ထောင်သုခ ရချင်သေးတယ်။ ဇင့်ကို ကိုယ် တကယ်ချစ်ပါတယ်၊ လက်ထပ်ချင်တယ်။ ဘ၀တစ်ခုကို ပြန်ပြီး အစပျိုးချင်တယ်။ ဒါပေမယ့် မြိုင့်ကို ကိုယ် သနားတယ်။ မြိုင်ဟာ စောစောက ပြောသလို ကရုဏာသက်စရာ ကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ ကိုယ့်ဘက်က ၀တ္တရားကျေခဲ့ပြီလို့ အောက်မေ့ပါတယ် ဇင်။ ဘာကြောင့်လဲဆိုတော့ ညိုမာ့ ကို မွေးဖွားပြီးတဲ့နောက် ဆယ်နှစ်လုံးလုံး ကိုယ်သည်းခံနေခဲ့တယ်။ စည်းစောင့်ခဲ့တယ်။ ဒါဆိုရင် မြိုင့်ဘက် ကလဲ ကျေနပ်သင့်လောက်ပြီလို့ ထင်တယ်။ ကိုယ့်ကို ကွာပေးပါလို့တော့ ကိုယ့်ပါးစပ်က မပြောရက် နိုင်တာ အမှန်ပါ"
စကားအဆုံးအတွင် နှစ်ယောက်လုံး ငြိမ်နေကြသည်။
တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေမိကြသည်။
ဇင်၏ စိတ်ထဲမှာ တွေဝေသွားသည်။
ထိုင်းမှိုင်းသွားသလို ခံစားရသည်။
ဒေါ်ခင်မြိုင် ကို ကရုဏာမသက်ဘဲ မနေနိုင်။ ဦးတင်မောင်သန့်ကိုလည်း စာနာမိသည်။
သို့ပေမယ့် … ဇင် ဘာလုပ်ရမလဲ။
ဇင်သည် သေရေးရှင်ရေးတမျှ အရေးကြီးသော အဆုံးအဖြတ်ကို ပြုရပေတော့မည်။
ဇင်သည် နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်လိုက်သည်။
ထိုင်ရာမှ ထရပ်လိုက်သည်။
စာရွက်ပိုင်းကလေးကို ကောက်ယူလိုက်သည်။
ဇင် တယ်လီဖုန်းရှိရာသို့ လာသောအခါ သူသည် နောက်မှ လိုက်လာခဲ့သည်။ စာရွက်ပိုင်းတွင် ပါသော နံပါတ်ခြောက်လုံး ကို သိသိသာသာ တုန်ယင်နေသောလက်ဖြင့် လှည့်လိုက်သည်။
ဦးတင်မောင်သန့် သည် လည်ပတ်နေသော ဒိုက်ကွက်ကို မျက်ရည်အ၀ဲသားနှင့် စိုက်ကြည့်နေ သည်။
ယခု တော့လည် ဇင်သည် မိမိကိုယ်မိမိ ပဆစ်ဝိုင်း တစ်ဝိုင်းမှာ ပါဝင်လာရပြီဟု ထင်သည်။ အဓိက ယှဉ်ပြိုင် ကစား ရမည့် လက်ရွေးစင်တစ်ယောက် ဖြစ်လာခဲ့ပြီ။
ပထမတစ်ကြိမ်တုန်းကတော့ ဇင်သည် ပေါ့လျော့ခဲ့သည်။ ပြိုင်ဘက်ကို အထင်သေးခဲ့သည်။ ထို့ကြောင့် လည်း ထို ပွဲ တွင် ဇင် မရှုမလှ အရေးနိမ့်ခဲ့သည်။
ယခုတော့ ပေါ့၍ မဖြစ်။
အထင်သေး၍ မဖြစ်။
ဇင့်မှာ အရှုံးခံနိုင်စွမ်း မရှိတော့ပြီ။
ပဆစ်ဝိုင်းမှာ ထိုင်မိမှတော့ ပဆစ်ကစားသူတို့၏ ထုံး ကို နှလုံးမူရတော့မည်။
ပဆစ်ကစားနည်းဆိုသည်က အခြား ကစားနည်းတွေထက် ရက်စက်သည်။ ကျားတစ်ကောင်ဆုံး လျင် တစ်မြုံ လုံး ဆုံးရှုံးရခြင်း ဖြစ်သည်။
"အထိုင်" အိမ်မှာ မြဲဖို့နှင့် "ကျစ" မထောင်မိအောင် ကြိုးစားရမည်။
သည်ကစားနည်း၏ အဓိကမှာ အကွက်များများ "ပြေး" ဖို့ထက် တစ်ဘက်က ကျားကို "သတ်" ဖို့က အရေးကြီး ဆုံး ဖြစ်သည်။
ကိုယ်က သတ်နိုင်ပါမှ။
မသတ်လျှင်တော့ ကိုယ်အသေ၊ ကိုယ်အရှုံး။
ပဆစ်ဝိုင်းမှာ …
သနား၍ မရ။
ညှာ၍မရ။
ကြင်နာ၍ မရ။
ကရုဏာထား၍ မရ။
ပဆစ်ဝိုင်း ရောက်မှ တော့ ပဆစ်ကစားသမား ၏ အသည်းနှလုံး အတိုင်း ကျင့်သုံးရတော့မည်။
သည်တော့ ဇင်သည် မိမိကိုယ်ထက် မည်သူ့ကိုမျှ ကရုဏာ မပွားနိုင်တော့ပါ။ ညှာတာမနေနိုင် တော့ပါ။ နောက်ဆုတ် ၍ မရနိုင်တော့ပါ။
လက်ထဲမှ တယ်လီဖုန်းခွက်သည် ရှိရင်းစွဲထက် လေးလံလာသည် ထင်မိသည်။ လျှောထွက်သွား တတ်သော အရာ အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
တစ်ဘက်မှ စကားပြောခွက်ကို ကောက်ယူလိုက်ဟန်နှင့် အသံပေါ်လာသည်။
"ဟယ်လို x x x"
"ဟယ်လို x x x"
"ဒေါ်ခင်မေမြိုင်ပါလား x x x"
"ကျွန်မ x x x ကျွန်မနာမည် မသက်ဇင်ပါ။ x x x အစ်မကြီးနဲ့ တိုက်ရိုက်တွေ့ရတာ ၀မ်းသာပါ တယ် x x x။ ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ် x x x အစ်မကြီး ရဲ့ ခင်ပွန်း ဦးတင်မောင်သန့် နဲ့ ပတ်သက် လို့ပါပဲ x x x သူ အခု ကျွန်မနဲ့အတူ ရှိနေပါတယ် x x x သူကဘဲ တယ်လီဖုန်း အဆက်ခိုင်းတာပါ x x x မသက်ဇင် သည် အတန်ကြာ ဆိုင်းသွားသည်။ ညည်းညူ သလို၊ သက်ပြင်းရှိုက်သလို အသံအနေအထားနှင့် ပြောလိုက်သည်။ "သူ … သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ x x x ပြီးရင် ကျွန်မ … နဲ့ … လက်ထပ် ချင် ပါတယ်တဲ့ x x x"
"အပိုင်းနှစ် ဒေါ်ခင်မေမြိုင်၏ ဆယ်စုနှစ်များ"
ဓူဝံကြယ် မြေမှာ ခကြွေ
ကောင်းကင်မှာ နေလတွေ ကွယ်စေ
မြမြင့်မို ပြိုအက်ကာကြွေ …
သွေကွယ်မယ်စိတ်ဝယ်မသွေ
ချစ်တဲ့သူ အမူတုန်းကလေးက
တိမ်စင်လနယ် အလှကြွယ်ရှာပေ
ကြာကြာနေ မရိုးတဲ့အပြင်
ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ သင်္ချေလဲတောင်
မခွဲပေါင် တောင်းဆုကိုခြွေ
သက်ဝေ … ချစ်မက်မပြေပါလေ …
ပြည်လှဖေ-မေရှင်
(ခေတ်ဟောင်းတေးပုဒ်)
တစ်စုံတစ်ယောက်သည် မြစ်ကမ်းနား၌ ထိုင်ကာ မြစ်အတွင်း စူးစိုက်ကြည့်နေခဲ့မည်ဆိုလျှင် မြစ်အတွင်း စီးဆင်းသွားသည့် အလျင်မပြတ်သော ရေစီးကြောင်းကို မြင်ရမည်။ အမှိုက်သရိုက်နှင့် ဗေဒါများ မျောပါ သွားသည်ကို တွေ့ရလိမ့်မည်။ သင်္ဘောမှအစ လှေသမ္ဗာန်များ စုန်ဆန် ကူးခတ် သွားသည်ကိုလည်း တွေ့ရ လိမ့်မည်။
သို့သော် … မြစ်ရေအလျဉ်သည် ဘယ်နေရာမှ အစပျိုးကာ ဘယ်နေရာတွင် မြစ်ကျဉ်းနှင့် ဆုံပြီး၊ ဘယ် နေရာ မှာ မြစ်ပြင်ကျယ်ကာ ဘယ်နေရာမှာ လှိုင်းတံပိုးထခဲ့သည်ကိုမူ သိချင်မှ သိရပေလိမ့် မည်။
အိမ်မှုကိစ္စ တွေ၊ လင်မှုသားမှုတွေနှင့် ရှုတ်ပွနေသော မြိုင်တို့လို အိမ်ထောင်သည် မိန်းမ တစ်ယောက် အဖို့ မှာမူ ခေတ် ကို ကြည့်မြင်ရာ၌ မြစ်ကမ်းပါးမှနေ၍ မြစ်အတွင်း ထိုင်ကြည့်နေခဲ့ရ သည့် သူလိုသာ ဖြစ်သည်။
ဆယ်စုနှစ်များသည် မိမိရှေ့မှ မျောပါစီးဆင်းသွားသည့် ရေအလျဉ်သာ ဖြစ်သည်။ မိမိအား ဖြတ်သန်း သွားကြ သည့် အမှတ်မထင်သော အရိပ်များသာ ဖြစ်သည်။
ကျွန်မ နာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကား တစ်ချို့ ရှိပါတယ် x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူအခု ကျွန်မနဲ့ အတူရှိနေပါတယ် x x x သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ x x x ပြီး … ကျွန်မနဲ့ လက်ထပ်ချင်ပါတယ်တဲ့ x x x
ယင်းစကားစုများ ကို ဒေါ်ခင်မေမြိုင်သည် အိပ်မက်ထဲမှာ ကြားလိုက်ရသည်ဟု ထင်သည်။
ချိုသာ နူးညံ့သော မိန်းမသံတစ်ခု ဖြစ်သော်လည်း နားမှာ ခါးသီးပူလောင်သွားသည် ထင်မိ၏။
တစ်ဘက် မှ စကားပြောခွက်ကို အလျင်ချသွားသည်။ တယ်လီဖုန်းလိုင်းမှာ အသံ တိတ်သွားသည်။
"ဟယ်လို" ခေါ်လိုက်မိသေးသည်။ သို့သော် တစ်ဖက်ကသာ စကားဆက်ပြောခဲ့မည်ဆိုလျှင် စကားသံ များ ကို မိမိ ကြားနိုင်စွမ်း ရှိလှမည် မဟုတ်ကြောင်း သိနေသည်။
မီးခိုးရောင် တယ်လီဖုန်းခွက်ကို ၎င်း၏ ပုခတ်ချိတ်အပေါ်သို့ ပြန်ချထားလိုက်သည်။
အဘယ်ကြောင့် မှန်းမသိ။ မြိုင် သည် အစဉ်လို မှေးမှိန်သော အရောင်များကို နှစ်ခြိုက်လေ့ ရှိသည်။ မီးခိုးရောင် ကတော့ အနှစ်ခြိုက်ဆုံး ပေါ့။ အပြာနုနုတွေ၊ ဖက်စိမ်းနုနု တွေ၊ ခရမ်းနုနု ကလေးတွေ ဆင်ယင် လေ့ ရှိသည်။ အိမ်မှာ ခန်းဆီးတွေ၊ ဆိုဖာအဖုံး တွေဆိုလျှင်လည်း သည်အရောင်ချည်း။
တစ်ချို့ ကတော့ မြိုင်၏ အိမ် အဆင်အယင်ကို အလွန်နှစ်ခြိုက်မိသည်ဟု ဆိုကြသည်။
"မြိုင့်အိမ်ထဲ ၀င်လိုက်ရင် အေးချမ်းသွားတော့တာပဲကွယ်" ချီးကျူးသည်။
တစ်ချို့အဖို့ကတော့ တကယ်စိတ်ပါလက်ပါရှိ၍ ဖြစ်ကောင်း ဖြစ်မည်။ တစ်ချို့ကတော့ မြှောက်ပင့် ပြောခြင်း သာ ဖြစ်မည်။
သို့သော် အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြသည်မှာတော့ မြိုင်သည် အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်သည်ဆိုခြင်းပင်။
မြိုင်သည် တစ်ပတ် တွင် ခန်းဆီးနှင့် ဆိုဖာဖုံးများကို သုံးကြိမ်လဲနေကျ။
အိမ်ကြမ်းပြင်များသည် ထာဝစဉ် ပြောင်လက်နေပြီး သဲတစ်ပွင့်၊ အမှိုက်တစ်စ မမြင်ရတတ်ပေ။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း စသည်တို့တွင် ပစ္စည်းများကို နေရာချထားရာ၌ အစီအစဉ် စနစ်တကျ ရှိသည်။ သူ့နေရာ နှင့် သူ ကြည့်ကောင်းလှသည်။
အလှစိုက် ပန်းအိုးတွေမှာ အစဉ်လို ပန်းများ ဝေေ၀ဆာဆာ ရှိနေတတ်သည်။ ပန်းအလှပြင် ပညာ ကို တကူး တကန့် မသင်ယူခဲ့ပေမည့်လည်း လူတွေက ဂျပန် ပန်းအလှပြင်ဆရာမ၏ လက်ရာများ နှင့် နှိုင်းယှဉ် ပြောတတ် ကြသည်။
တစ်ခါတစ်ရံတွင် မြိုင်တို့ အသိမိတ်ဆွေများအား ထမင်း ဖိတ်ကျွေးကြသည်။ မြိုင်၏ လက်ရာ ကို ခံတွင်း တွေ့ သွားကြသည်သာ ဖြစ်သည်။ အထူးသဖြင့်တော့ ကိုကို့ သူငယ်ချင်းများ၏ အရက်ဝိုင်း တွင် မြိုင်စီစဉ် ပေးသော အမြည်း များ မှာ လက်ရာမြောက်လှသည်ဟု အဆို ရှိသည်။
"ခင်ဗျားဟာ တကယ့် အိမ်ရှင်မကောင်းတစ်ယောက်ကို ရထားတာပဲ ဦးတင်မောင်သန့်"
လူတို့ အားကျ ချီးမွမ်းကြသည်။
မှန်ပါသည်။ မြိုင်သည် အိမ်ရှင်မကောင်းတစ်ယောက်သာ ဖြစ်ပါသည်။ အိမ်နှင့် အချိန်ကုန်နေရ သော မိန်းမ တစ်ယောက် သာ ဖြစ်ပါသည်။ မြိုင်ဘ၀၊ မြိုင့်ပတ်ဝန်းကျင်သည် အိမ်ပဲ ရှိသည်။
မြိုင့် တွင် ခင်တွယ်စရာဟူ၍ အိမ်ပဲ ရှိတော့သည် မဟုတ်လား။
သူတို့ မြိုင့်ကို အိမ်အပြင်ပ သို့ ခေါ်ထုတ်မသွားကြသည်မှာ ကြာပြီ။
မြိုင်သည် တစ်ချက် ရှိုက်လိုက်လေသည်။ လိမ့်လျှောကျလာသည့် မျက်ရည်ကို လက်ကိုင်ပ၀ါနှင့် တို့ယူ လိုက်သည်။
အချိန်က ရှစ်နာရီခွဲသာ ရှိသေးသည်။ အိမ်ဖော်များကို အနားပေးထားခဲ့ပြီး မြိုင်ကိုယ်တိုင်ကတော့ အိပ်ရာထဲ သို့ ရောက်နေရပေပြီ။ တယ်လီဖုန်းကို ခုတင်ခေါင်းရင်း မီးအုပ်ဆောင်းတင်သည့် စားပွဲမှာ တင်ထားသည်။
ကိုကို့ ထံမှဖြစ်စေ၊ သမီး ထံမှဖြစ်စေ တယ်လီဖုန်းခေါ်ခဲ့လျှင် အလွယ်တကူ ပြန်ထူးနိုင်အောင် ဖြစ်သည်။ သို့မဟုတ် ကိုကို အရက်မူးလွန်ပြီး ကားချင်းတိုက်မိ မှာ၊ ကားမှောက် မှာ၊ ကလပ် သို့မဟုတ် ဟိုတယ် သို့မဟုတ် စားသောက်ဆိုင် တွေမှာ ရန်ဖြစ်မှာ ကို သတင်းရနိုင်ရန် ဖြစ်သည်။
သို့မဟုတ် သမီးညိုမာ အန္တရာယ် တစ်စုံတစ်ရာ နှင့် ကြုံရမှာ၊ သူငယ်ချင်း အိမ်မှာပဲ အိပ်လိုက်တော့ မယ် ပြောလာ မှာကို စောင့်နားထောင်ဖို့ ဖြစ်သည်။
သည်အလေ့အကျင့် ကို မြိုင်နှစ်ပေါင်း အတော်ကြာကပင် ရခဲ့သည်။ သည်တာဝန် ကို မနှစ်ခြိုက်ပါ ဘဲလျက် အပ်နှင်း ခံထားရသည်။ မြိုင့်အဖို့ တစ်ခြားလုပ်စရာ များများစားစား ရှိလှသည်လည်း မဟုတ်ပါ။
အစ ကတော့ မြိုင့်တွင် ထမင်းဝိုင်း မှာ လူစုံမှ ညစာစားတတ်သော အလေ့အကျင့် ရှိခဲ့သည်။ ယခု တော့ ထမင်းဝိုင်း တွင် ကိုကိုနှင့်ရော သမီးနှင့်ပါ မျက်နှာချင်း မဆိုင်မိကြသည်ပင် ကြာပြီ။ ကိုကိုက အိမ်တွင် စားသောက်လေ့ မရှိလှပေ။ မိတ်ဆွေ တွေ အပေါင်းအသင်း တွေ နှင့် ဟိုတယ် မှာသာ စားလေ့ရှိသည်။
သမီးညိုမာကတော့ သူငယ်ချင်းအိမ်မှာ ကြုံသလို စားသည်။
သည်တော့ မြိုင်သည် ထမင်းကို စောစောစား ဖြစ်သည်။ ဆရာဝန် က အဆာမခံရန် တိုက်တွန်း ထားသည်။ မြိုင် ၏ ထမင်းဝိုင်း သည် ဟင်းအမယ် အဘယ်မျှ စုံစေကာမူ ငြိမ်သက်တိတ်ဆိတ်ကာ ခြောက်သွေ့နေမြဲ ဖြစ်သည်။
ထမင်းစားပြီး ပန်းခြံထဲ ခဏတစ်ဖြုတ် လမ်းလျှောက်ရင်း၊ ပန်းပင်ပန်းအိုးတို့ကို အညောင်းအညာ ပြေ ပြုပြင် ရင်း အမှောင်သန်း လာတော့သည်။
မြိုင်သည် ဘုရားဆောင်သို့ ရောက်လာသည်။ သောက်တော်ရေချမ်း ကပ်သည်။ ဘုရားရှိခိုးသည်။ အမျှအတန်း ဝေသည်။
ဆက်ရန်
.
7 comments:
သိပ်ကောင်းတာပဲ....။ဟုတ်တယ်နော်....။ဒီလိုကစားပွဲမျိုး
က တဘက်သားကို ညှာနေလို့မရတော့ဘူး....ဟင်း....။
ဦးတင်မောင်သန့်ကတော့ သိပ်မစွံပါဘူး....။အစောပိုင်း
တော့ ဆင်ပဲဖမ်းမလိုလို၊ကျားပဲဖမ်းမလိုလိုနဲ့ မိုးလင်းတော့
ခ၇မ်းချဉ်သီးတောင် တက်မနင်းရဲတော့ဘူး...:)။
ဒေါ်ခင်မေမြိုင်နဲ့ ညိုမာ့ အပိုင်းတွေက ဘယ်လိုလာမှာပါ
လိမ့်နော်....။
ဒီအပိုင်းကို ဖတ်ရတာ စိတ်မကောင်းအဖြစ်ဆုံးပဲ။
ဦးတင်မောင်သန့်လို ယောက်ျားတွေကို တကယ်ပဲ အမြင်ကပ်လိုက်တာ။ မိန်းမတယောက်ရဲ့ ကရုဏာကို ရဖို့အတွက် လိမ်ညာလှည့်စားခဲ့တယ်၊ တခြားတယောက်ကို ဗီလိန်ဖြစ်အောင် လုပ်ခဲ့တယ်။
တကယ်က ဒါကစားပွဲ မဟုတ်ပါဘူး။ မပြိုင်ဘဲနဲ့ ရှုံးလိုက်ရတဲ့ မခင်မြိုင်ကိုပဲ သနားမိတယ်၊
Ma May Dar Wi, you are wise. I agree with you. Yes, the one we should blame is U Tin Mg Thant. Ma That Zin was just being cheated and viewed as a villain. In fact, both women are poor.
ဒီလို ဇာတ်တွေက ဒီလိုပဲ လာမှာပေါ့။
အားလုံးက ဖျာရောင်း . . . အဲ . . ဖြားယောင်းတာပဲလေ။
မခင်မြိုင်ကို စာနာမိသလို မသက်ဇင်ကိုလည်း ကိုယ်ချင်းစာပါတယ်. အခြေအနေက ဦးတင်မောင်သန့်အပေါ်မှာပဲမူတည်နေတယ်လို့မြင်ပါတယ်.သူဆုံးဖြတ်တာ မှားသွားရင် နှစ်ဖက်စလုံးမှာ ကြေကွဲစရာတွေဖြစ်လာမှာအမှန်ပဲ..အမှန်အတိုင်းပြောရရင် သူ့ကိုလုံးဝအားမရဘူးဗျာ....ဘယ့်နှယ်ဗျာ လှေနံနှစ်ဖက်လုံး နင်းချင်နေသလိုပဲ....(ကျနော့်အမြင်ပါ)..ဟီးဟီးဟီး....
ဦးတင်မောင်သန့်ကို မုန်းတယ်...
ဒေါ်ခင်မေမြိုင်ကို သနားမိတယ်...
မသက်ဇင်ကိုတော့ စဉ်းစားဆင်ခြင်ဥာဏ်မရှိတဲ့ မိန်းမလို့ပဲ ပြောရမလား.... ကိုယ်တိုင်က ဒီဘဝကို ဖြတ်သန်းလာခဲ့ရပြီးပြီ.... တဖက်လူကို ဒါမျိုးစကားမျိုးပြောထွက်သေးတာ ရက်စက်တယ်လို့ထင်မိတယ်... တကယ်ဆို အဲဒီအချိန်မှာ ဦးတင်မောင်သန့်ကို တခုခုလုပ်ပြီး အပြီးလှည့်ထွက်ခဲ့သင့်တယ်...
မမမေပြောသလိုပဲ ဒါဟာကစားပွဲမှ မဟုတ်တာပဲ.... သူက တဖက်ကျားကို သတ်နိုင်အောင် ကြိုးစားစရာမလိုပါဘူးလေ...
ဒီအပိုင်းဖတ်ပြီး စိတ်ညစ်သွားတယ် မမရွှေစင်ရေ...
ဟုတ်တယ်..ညီမဧပရယ်ပြောသလိုဦးတင်မောင်သန့်
ကြိုပတ်ပြတ်သားသားတခုခုလုပ်ပြီးထွက်ခဲ့ရမှာ..အဲဒီလို
လူမျိုးကိုသူကရောလက်တွဲရဲမှာမို့လို့လား..စကားပုံတခု
ကြားဘူးတယ်.."တခါလိမ်ရင် လိမ်တဲ့သူအပြစ်..၂ ခါခံရ
ရင်ခံရတဲ့သူအပြစ်"တဲ့..။ခုလဲမသက်ဇင်ကသူများအပြစ်
ကနေသူ့အပြစ်ဖြစ်တော့မယ်..မြိုင့်အကြောင်းကိုသြိပီးမှတော့မိန်းမချင်းကိုယ်ချင်းစာသင့်ပါတယ်..။ဟူး...ဖတ်
ရတာရင်မောလိုက်တာမရွှေစင်ရယ်...။
Post a Comment