Thursday, December 2, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာဟင်းလေးများ (၁ဝ)

ကျနော် အကြိုက်ဆုံး အညာဟင်းတခွက်ပါ.. ပုန်းရည် နဲ့ ဝက်သား... လက်ပံခေါင်းခြောက်.. ခရမ်းသီးခြောက်.. ခရမ်းသီး အစို နဲ့ ချက်ပါတယ်...

ဝက်သား နဲ့ လက်ပံခေါင်းခြောက် နူးအောင်ပြုတ်.. ဆီသတ်ပြီး အားလုံးရော ... ခရမ်းသီး အစိုရော အခြောက်ရော ထဲ့ ပုန်းရည်ကြီး အရည်ဖျော် ထဲ့ မွှေးလာရင် ကျက်ပါပြီဗျာ.. ဟင်းရေလေးနဲ့ ချက်ပါတယ်....

နောက်တခွက် ကတော့ ငါးပုဏ္ဏား ကို ရေလယ် ဆီလယ် လေး ချက်ပါတယ်.. နောက်တခွက် ကတော့ အာလူး..ခရမ်းသီး..ပဲသီး ရောထားတဲ့ ဘာဂျီကြော်လေးပါ...

အညာ ငရုပ်သီး ထောင်း လေးကတော့ မပါမဖြစ်ပါ... အောက်ဆုံးကတော့ ကိုကြီးကျောက် အကြိုက် မစီမာ အချဉ်ပေါင်း အအီပြေလေးပါ.... တယောက် တထုတ်ဘဲနော်..

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

29 comments:

Anonymous said...

မစီမာ ငယ်ငယ်က အရမ်းစားခဲ့တာ
ဇီးပြားအကြိုက်ဆုံးပဲ
ရောက်ရင်ဝယ်ဦးမှ
ပုန်းရည်နဲ့လက်ပံပွင့်ကြိုက်တယ်
ငါးပုဏ္ဏားလည်းကြိုက်တယ်
အိမ်မှာအိုးကပ်ချက်တယ်

စူးနွယ်လေး

မောင်မိုး said...

ဝိုးးဝိုးးး ၀က်ပုန်းကို လက်ပံခေါင်းနဲ့ချက်တာ တခါမှ မစားဖူးဘူး။။ သရေယိုသွားပြီ။ မန္တလေးအလည်လာရင် ဒါမျိုးချက်ကျွေးပါ့မယ်လို့ ကတိပေး....ဟီးးး ဒီအချိန်ဆို ကုလားပဲညွှန့်လေးတွေ ရပြီထင်တယ်။ ကြော်စားလိုက်ရကွာ...။

ညိမ်းနိုင် said...

ဝတ်ပုန်းရည်ကို ခရမ်းသီး၊လက်ပံခေါင်းတွေ ရောချက်တာ
တခါမှ မစားဖူးဘူး...။ခေါက်ဆွဲပြုပ်နဲ့ပြီးရတဲ့ ညကျမှ
ဝတ်သားဟင်း တင်ရသလားအစ်မရယ်...။ဟင်း...ပြန်ဆာ
လာပြီ..:D

Anonymous said...

မရေ...ညီမ မစားဖူးတာလေးတွေ
စားသွားရင်း..ဗိုက်ကလေးကို တင်းးးးလို့ ။ :)
အိမ်မှာက ဝက်သားမစားကြတော့
အဲလိုချက်နည်းလေးတွေ မသိဘူး။
ညီမကတော့ စားတယ်။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

ရွှေရတုမှတ်တမ်း said...

ဝက်သားမစားရတော့လို့ ဖတ်ပြီးရင်နာသွားတယ် (မှောက်ပြီး ဖတ်လို့မဟုတ်ပါ)..
ဟင်း..ဟင်း...အရှက်ပြေ ပြောလိုက်ဦးမယ်..ဝက်သားကို မင်းကြီးနဲ့မင်းလေးက စားတာမကြီုက်ဖူးလေ..သိလာ..
ဒါပေမဲ့ ..ရွှေဖျဉ်းကျောက်က ကြိုက်တယ်

သိင်္ဂါကျော် said...

ဝက်ပုန်းရည်ကတော့ အကြိုက်ဆုံးပဲ.. လက်ပံခေါင်းတော့ တစ်ခါမှ ထည့်မချက်ဖူးဘူး.. ကောင်းမယ့်ပုံပါ..

အုပ်ကြီး said...

ပုန်းရည် နဲ့  ဝက်သား
အကုန်စားတယ်ဗျာ ..

ကိုအောင် said...

ဝက်ပုန်းပေါ့ ကောင်းတယ် အမ၊ ထမင်းမစားခင်
လာဖတ်သွားတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးပုဏ္ဏားဟင်းရော ၀က်သားပုန်းရည်ကြီးရော ကြိုက်တယ်
ငါးဟင်းကိုတော့ပိုကြိုက်တယ်.. ထမင်းဖြူလေးနဲ့ နယ်. အညာထောင်းလေးနဲ့စား
ဘုရားရေ ရေးနေရင်းနဲ့ သွားရည်တွေကျလာပါရောလား အစ်မရေ .
ကွန်ပျူတာတောင် ပေကုန်ပြီ ...
မန်းလေးရောက်ရင် လာလည်မယ်နော်.. ဆိုင်မှာ မကျွေးကြေးနော်း) အစ်မလက်ရာ စစ်စစ်စားချင်တယ်..

ကိုဇော် said...

လက်ပံခေါင်းခြောက်ဆိုတာ ဘာတုန်း အစ်မရ။
တေရော။
ဒါကြောင့် တစ်ခါတလေ စိတ်နာတယ်။
သူများတွေလို “ အမေ နဲ့ အညာကို လွမ်းတယ် ” လို့ တစ်ခါမှ ဆိုခွင့် မရဘူး . . . ဟင့် ရွှတ် ဗြဲ..။

ငွေစန္ဒာ said...

မရေ
အညာဟင်းဆိုတာနဲ့အပြေးအလွှားရောက်လာခဲ့တယ်။
ဝက်သားတော့မစား၊ငါးပုဏ္ဏားရေလယ် ဆီလယ် နဲ့
အညာ ငရုပ်သီး ထောင်း လေးကတော့ အရမ်းကြိုက်၊
ဒီမှာစားရတဲ့ငါးတွေကအရသာမရှိဘူး။
မစီမာ အချဉ်ပေါင်း ကိုလည်းလွမ်းသွားပြီ။
ပုန်းရည်ကောင်းကောင်းလေးလည်းစားချင်လိုက်တာ။
အညာနဲ့အညာစာတွေကိုလွမ်းတယ် အမရယ်။

Baby taster said...

အအီပြေလေးက တခုထက်ပိုယူမိရင်
ဘာဖြစ်မှာလဲဟင် :)

ကျော်နှင်းဆီလွင် said...

ပုန်းရည်ကြီးနဲ့ဝက်သားစားချင်လိုက်တာ
/_;

စန္ဒကူး said...

လက်ပံပွင့်လေး စားချင်တယ်...
အညာသူဖြစ်ရတာကံကောင်းတယ်..း))

လသာည said...

မမရွှေစင်..
ဝက်သားပုန်းရည်က တအားစားကောင်းတာ။ မြင်ရုံနဲ့ကို ဗိုက်ဆာလာပြီ။ လက်ပံခေါင်းခြောက်နဲ့တော့ မစားဖူးဘူး။ ပြန်ရောက်မှ သေချာစားဦးမယ်

မမရွှေစင်.. နေကောင်းလား။ ကျန်းမာရေး ဂရုစိုက်ပါ..

~ဏီလင်းညို~ said...

အကုန်လုံးကြိုက်တယ်......။
မကြီးရွှေစင်နော်...........ဟင်းဟင်းးးးးးး
အမ်တွီချောပြောသလိုပဲ........တွေ့ရင် ချက်ကျွေးပါခင်ညာ........။
အချဉ်ပေါင်းလည်း စားချင်တယ်.....။
ဝါးးးးးးးးးးးး

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ညယံ said...

အညာဟင်းတွေ...စားချင်တာ။ဝက်သား၊လက်ပံခေါင်းခြောက်၊ခရမ်းသီး အကုန်ရောထားတဲ့ ဟင်းကို အညာမှာတော့ ဟင်းလေးချက်လို့ ခေါ်တယ်။သရက်သီးခြောက်လေးလည်း ပါတာပေါ့။

သဒ္ဓါလှိုင်း said...

အညာဟင်းလေးတွေစားကြည့်ချင်လိုက်တာ..။
တွေ့ရင်ချက်ကျွေးရမယ်နော်မမရွှေစင်..။
ထွက်မပြေးရဘူး.........
ချစ်တဲ့
ညီမသဒ္ဓါ

sosegado said...

မစီမာ ဇီးပြား ဇီးပေါင်း က ၁၉ လမ်း လား ၂၂ လမ်းမှ လား သွားဝယ်ရင် ပိုရတယ်ဆိုလို့
သွားဝယ်ဘူးတယ်၊

သူကြီးမင်း (တုံးဖလား) said...

အမရွှေစင်..
မရောက်တာ အတော်လေးကြာသွားတယ်။ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာနဲ့ ဘယ်အိမ်မှ ကောင်းကောင်းမလည်ဖြစ်ဖူးဖြစ်နေတယ်။
အခုလို အညာဟင်းလေးတွေ မြင်ရတော့ စိတ်ထဲမှာ အားရပါး စားပစ်ချင်စိတ်တောင် ပေါက်သွားတယ်။

အားလုံးအဆင်ပြေပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ahphyulay said...

မမရွှေစင်ရေ..
ကျွန်တော်မရောက်ဖြစ်တာက “ဘောပွဲ” ကိုက်နေလို့ ပါ။
ဗမာပွဲမို့  အကွဲကွဲအပြဲပြဲ ဝက်ဝက်ကွဲအောင် (ရှုံး)ပေမဲ့ 
လဲ အောင့် သက်သက်နဲ့ ပဲ ပွဲစဉ်ပြီးအောင်ကြည့် နေမိလို့ ဒ
ဗမာဆိုတော့ လဲ သိတယ်မလား၊
လိုင်းမကောင်းတာကျွန်တော်သိတယ်လေ၊
မချောလဲ ဒီအတိုင်းပဲ မလား ၊ ခဏတော့ စောင့် ကြပါ။
လွှတ်တော်ပြီးရင် လင်း ... လာတော့ မယ်လေ။
အညာဟင်းကတော့  အိုင့်  အကြိုက်ပါနော...။

အဖြူရောင်နတ်သမီး said...

သူများက ဝက်သားစာပါဘူးဆိုနေ...
ကြက်သား ပြောင်းချက်ပေး.......
ဟင့်...

အင်္ဂါဟူး said...

ထမင်းစားပြီးမှ လာဖတ်ဖြစ်တာ နာတာပဲ.. ဘာပဲဖြစ်ဖြစ်လေ.. ညစာ စားခါနီးလာဖတ်ဦးမှာ... လမ်းကြုံလို့ မန်းလေးရောက်ရင်တော့လား....

မြစ်ကျိုးအင်း said...

ဝက်သားပုန်းရည်ကြီးဟင်း ဟိုတနေ့ကမှ ချက်စားထားတာ။ ဝက်သားက ၅ ထပ်သား မြေအိုးနဲ့ ချက်လိုက်တာ နူးအိပြီး စားလို့ ကောင်းမှကောင်း။ ချက်စားခဲ့တာလေး ပြန်ကြွားသွားတာ။
ငါးပုဏ္ဏားကတော့ လွမ်းတယ်ဗျာ မစားရတာ ကြာပြီ။ ဒီမှာ မရှိတော့ မြန်မာပြည်က လာတဲ့ ငါးပုဏ္ဏား ကြော်ပဲ စားရတယ်။

blackroze said...

မြင်သာမြင်ရ..မကြင်ရ..
သရေသာကျရ၏
အဖြစ်ဆိုးလှပါတကား..

Sint Si said...

"မြင်သာမြင်ရ..မကြင်ရ..
သရေသာကျရ၏" so true! Thank you for sharing.

RockGUNNER said...

ဟောဗျာ..
ကောင်းလိုက်တဲ့ ဟင်းတွေ...ကြည့်ရင်း စားချင်လာပြီ..
ဘာမှ မစားရသေးတဲ့ အချိန်မှ ဒီဟင်းတွေ တွေ့ ရတယ်...အညာရောက်ရင်တော့ ချက်ကျွေးဖို့ ပူဆာဦးမှ.....ခုတော့သွားရည်ပဲကျသွားတယ်ဗျာ.ဆက်လက်ပြီး ကြိုးစားနိုင်ပါစေဗျာ..

ချစ်ကြည်အေး said...

မမရွှေစင်ရေ နောက်ကျလို့ ကုန်ပြီထင်ပါရဲ့...ဟင်းတွေ အကုန်ကြိုက်တယ် ပြန်လာမယ် ချက်ကျွေးပါ....:)

Anonymous said...

အမ ဟင်းတွေ သိုးကုန်ပီလားမသိပေမဲ့ ပြန်လာချောင်းပီး ထပ်စားသွားတယ်နော်..

မြတ်နိုး