Wednesday, November 10, 2010

သော်တာဆွေ ၏ ဘွန္တောကြက်သူခိုး အပိုင်း (၃)

'ကောင်းတယ် တူများခိုးတွားတာ ၀မ်းတာတယ်ဗျ၊ ကနော်က ရိုက်ချားပါချိုတော့ ချင့်ဘာရေး ညာရေးနဲ့ ခညားကြီး တို့ ဖင်ကောင်း ကျယ်လိုက်ကြာတာ ခုတော့ပတက်လယ်ချိတေးလဲ'
'ဟ...လူကလေးရာ သိပ်အော် မနေပါနဲ့ကွ၊ ငါ့လဲမင်းအဖေပဲ မင်းလို စားချင်တာပဲ၊ ဒါပေမယ့် မင်းအမေကြီး ၀ယ်ပေးထား တဲ့ ခမဲကြက်မို့ဟေ့၊ မင်းအဘွား အာကျယ်မကြီး ကြောက်လို့ကွ၊ ကိုယ့်သားကိုယ် ပေးထားတဲ့ ခမဲကြက် ဖြင့်လဲ ဘာ မှ အရေးမကြီးဘူး၊ ဒါမျိုးအမွေးတူတာရှာပြီး နောက်ထပ်ပေးနိုင်တယ်၊ ခုတော့ မင်းအဘွား အာကျယ်မကြီးဟာ ခုတောင် ဘာပြောမယ် မသိသေးဘူး'
'ဒါတော့ ကိုတက်ပု ရယ်၊ လူခိုးသွားတာတော့ ဘယ်တတ်နိုင်မလဲ၊ သေခြင်းဆိုး ကာလနာတွေကလဲ တော်'

'အိမ် လူခိုး ခံရတာ ကို ယောကျာ်းလုပ်တဲ့ သူ ဆူဦးမှာပဲကွ၊ မင်းအမေဓာတ် ငါက သိတယ်၊ အမှန်တော့ မင်းသိတဲ့ အတိုင်း ခွေဟောင်သံ ကြားကြားချင်း ငါ ထတာပဲ၊ မီးခြစ်ရှာ ရတာနဲ့ လှံ ရှာ ရတာနဲ့ နည်းနည်း ကလေး ကြာသွားတာ'
'ဒါကျွန်မကြည့်ပြောပါမယ်ရှင်'

'အေးဟာ သမီးယောက္ခမ ရန်ဖြစ်တဲ့ကိစ္စမှာ မယားက ကိုယ့်ဘက်ပါတော့ တစ်အားတက်စရာပဲ၊ ဒါနဲ့ မနော်ရေ... ငါခုမှစိတ်ကူးရပြန်တယ်၊ ဒီကောင်ဟာ ခွေးဟောင်ပြီး ငါအိပ်ရာက ထတာကို သိသွားလို့ ကြက် ကို သူနဲ့ တစ်ပါတည်း ယူမသွားဘဲ တစ်နေရာရာမှာ လည်လိမ်ပြီး ၀ှက်ခဲ့လိမ့်မယ်၊ ဟောဒီခြံနောက်ဖေးအနီး အနား မှာပဲ ဖြစ်ရမယ်၊ ဒီတော့ ငနဲဟာ မိုးမလင်းခင်တော့ ပြန်ယူရဦးမှာပဲ၊ အဲဒါငါသွားချောင်းနေမယ်ကွာ'

ပြောပြောဆိုဆိုနှင့် ကျွန်တော် အိပ်ပေါ်ကဆင်းရာ ဟစ်တလုံးက...
'ဟေ့ .... ဖေဖေ၊ ကျွန်တော်လဲ လိုက်မယ်'
'ဟာ... မလိုက်နဲ့ကွာ၊ မြွေပါးကင်းပါး ခြေခင်း လက်ခင်း စိုးရိမ်ရတယ်'

အချိန်မှာ အာရုဏ်တက်၍ လင်းကြက်တွေ လှိုင်လှိုင်တွန်လေပြီ။ ကျွန်တော်တို့၏ အိမ်နောက်ဖေး ၀ါးရုံတေါ၊ သရက်ပင် တွေအောက် ၌ အလင်းပျောက် တွေ ၀င်လေပြီ။ ကျွန်တော့အိမ်ခြံစည်းရိုးမှ ထွက်၍ နောက်ဖေး ခြံကျယ်ကြီး ထဲ ရောက်သောအခါ၌ လှုပ်တုတ်လှုပ်တုတ် လျှောက်သွားသော သဏ္ဍာန်တစ်ခုကို မြင်ရ၍၊ ကျွန်တာ် အပြေးကလေး လိုက်သွားရာ ဘယ်သူဘယ်ဝါ ၏ ပုံပန်းဖြစ်ကြောင်း သဲသဲကွဲကွဲ သိနိုင်လောက်အောင် နီးကပ် သွားသည် ၌...

'မုတ်ဆိတ်ပျားစွဲတာပဲဟ'
ကျွန်တော် ၀မ်းသာအားရ ဖြစ်သွားကာ ခပ်အုပ်အုပ်အသံဖြင့်....
'ဟေ့... ပန်းစုံ'
ကောင်မကလေး သည် ရုတ်တရက် လန့်ဖျပ်သွားဟန်ဖြင့် ဆတ်ခနဲ လှည့်ကြည့်ပြီး...
'ဟင်...  ဦးလေးကိုတက်ပုကြီး'

'ဟဲ့... ငါ့ကိုဦးလေးမခေါ်ပါနဲ့လို့ ပြောပေါင်းများလှပြီ၊ နင်ဘယ်သွားမလို့လဲ၊ နင့်ခေါင်းပေါ်က ခံတောင်းကြီး ချစမ်း ပါဦး'
'ဟင့်အင်... ကျွန်မဈေးသွားမလို့'
'နင် ဈေး သွားမှာက နင်တို့အိမ်နောက်ဖေးတည့်တည့်က မထွက်ဘဲနဲ့ ဘယ့်နှယ့် ဒီအပိုင်း ရောက်တာ လဲ'
'ဟောဒီ လမ်းဆုံ က အရီးလေး ဒေါ်သဲပွင့်ကြီး လာစောင့်တာ'
'စော ပါသေးတယ်၊ ဒီမိန်းမကြီး လာဦးမှာ မဟုတ်သေးပါဘူး၊ ခဏတဖြုတ် ထိုင်စမ်းပါဦး'

'ဟင့်....  ကိုတက်ပု လွှတ်ပါ၊ ကျွန်မအရင်လို မဟုတ်တော့ဘူးရှင့်'
'ပန်းစုံကလဲတယ်၊ မတွေ့ဘူးတဲ့လူချင်း ကျနေတာပဲ၊ နင့်ကို ငါတကယ်ချစ်တာဟ သိရဲ့လား'
'ဟင်အင် ... ဟင့်အင်၊ လွှတ်...ကိုတက်ပု... လွှတ်'
အမလေး ဟယ် ... ဒီပါးကလေး နမ်းရုံလေးများ ပဲ့သွားတာကျနေတာပဲ၊ ခဏထိုင်ဟယ်၊ မှန်း.. နင့်ခေါင်းပေါ် က ခံတောင်းကြီးချ'
'အိုး... အိုး... မလုပ်နဲ့ ကိုတက်ပု၊ ဟိုမှာ အရီးလေးဒေါ်သဲပွင့်ကြီး လာနေပြီ'

တောက်.... အရေးကောင်း ဒိန်းဒေါင်းဖျက်၊ မြွေပွေးကိုက်သေမယ့်ဟာမကြီး (ကန်တော့ပါရဲ့) ကျွန်တော် လစ်ခဲ့ ရပါတော့သည်။
အချိန်ကောင်း နေရာကောင်း အစာကောင်းကလေး တွေ့လျက်သားနဲ့ တောက်... ငတ်ချင်တော့ မသဲပွင့်ကြီး ရာ ကွမ်းတစ်ရာ ညက်လောက်များ နောက်ကျလိုက်ပါတော့။
ကျွန်တော့ စိတ်ထဲတဖျစ်တောက်တောက် နှင့် ကြက်သူခိုးအင်ဖူး ကို ၀ါးရုံအောက်မှ ထိုင်စောင့် နေပါသည်။
ဤနေရာ ၌ စကားအဆင်သင့် ၍ အင်ဖူး၏ အတင်း ကို ပြောရဦးမည်။

'အင်ဖူး' မှာ သူ၏နာမည်ရင်း မဟုတ်ချေ။ မူလမထမ သူ့မိဘများမှည့်စဉ်က ကွယ်လွန်သူ ဘုရားတကာ စိန်ကြီး ၏ နာမည် ကို ယူ၍ မောင်ဘိုးစိန် ဖြစ်ပါ၏။ နောက်အရွယ်ရောက်၍ ကြက်ခိုး နာမည်ကြီးသည်၌ ကြက်ခိုး ဘိုးစိန် ဟု ခေါ်တွင်၏။

ထိုမှတစ်ဖန် တစ်ညသ၌ ရုတ်တရက် ဥာဏ်လျင်မြန်သော လူကြီးတစ်ယောက်၏ အိမ်ကကြက်ကို ဝင်ခိုးရာ ချောင်းဟန့် သဖြင့် လူကြီး နိုးကြောင်သိ ၍ သူရုတ်တရက် ထွက်မပြေးဝံ့ဘဲ ကြက်ကို လည်ပင်းညှစ်ကာ စပါးပုတ်ကွယ် မှာ ၀ပ်နေရ၏။ ဤအခိုက်လူကြီးသည် ကြက်အိပ်တန်းကို ဆင်းကြည့်၍ ကြက်ပါသွားမှန်း သိသောအခါ ၌ အသက်ကကြီးတော့ အော်လားလိုက်လား လည်း မပြုလိုသဖြင့် အောက်ပါအတိုင်း ရေရွတ် သည် ဟူသတည်း။

'တောက်... ကွာ၊ ငါ ဒီကြက်မလေး အင်ဖူးနဲ့ ချက်စားမလို့ထားတာ အင်ဖူး  အဆင်မသင့်သေးလို့ စောင့်စောင့် နေရတာ နဲ့ လူခိုးခံရတာ နာသကွာ၊ ဟိုကောင် ကလေးတွေ ကလဲ အင်ဖူးခူးခဲ့ပါဆိုတာ တစ်နေ့ လာမယ်၊ လခွီး... ငါက အင်ဖူး နဲ့ ကြက်သား ဘယ်လောက်ကောင်းသလဲဆိုတာ သူတို့သိသွားအောင် ချက်ကျွေး မလို့ဟာ၊ ဒါလူတိုင်း သိတာ မဟုတ်ဘူးကွ'
သူ့အမယ်ကြီး ကို ပြောသည့် ဟန်မျိုး ပြု၏။

နောက်တစ်နေ့ နံနက် ဆွမ်းခံထွက်ချိန်၌ ကြက်သူခိုးဘိုးစန် မှာ ရုတ်တရက် ဒေါသကို မချုပ်တည်း နိုင် တော့ဘဲ၊ ကြက်သားဟင်း ကို အိုးပါနောက်ဖေး ကြမ်းပြင် မှ လွှင့်ပစ်မိတော့ သတည်း။ သူ့အရိပ်အခြည်ကို ချောင်းမြောင်း ကြည့်ရှု နေသော အဆိုပါ လူကြီးက ဟက်ဟက် ပက်ပကက်ရယ်လေသတည်း။ အကြောင်း မှာ အင်ဖူး သည် ကြည့်တော့သာထွေးထွေးနုနု ကွေးကွေးလုလုနှင့် အင်မတန်ချိုဆိမ့်သင်းပျံမည့်ဟန်။ သို့သော် ဟင်းချက်လိုက်သော အခါ၌ကား တမာခွေးတောက် တို့ထက်  တက်တက်စင် အောင် ခါး သတည်း။

ယင်းအဖြစ် ပျံ့လွင့် ပေါက်ကြားသွားသော  အခါ၌( အဆိုပါလူကြီးက စကားပြော ၀ါဒဖြန့်ကာလည်း ကောင်း၏) ကြက်သူခိုး ဘိုးစိန်မှာ နာမည်ရင်း ပျောက်ကွယ်ပြီး အင်ဖူးဟုသာ ခေါ်တွင်တော့ သတည်း။
ဟင်း.... ခုတစ်ခါတော့ ခွေးမသားမျိုး 'အင်ဖူး' ကနေပြီး နိမတ္တက၊ အနာရွတ်ထလို့မို့ 'ဖင်စူး'ြ ဖြစ်ရမယ် ပေါ့ကွာ' ဟုကျွန်တော်သည် လက်ကကြံရွက်လှံသွား ပြားပြားကလေးကို လက်နှင့်ပွတ်ကာ သူ့ကို စောင့်သတည်း။

သို့သော် မိုးစင်စင်လင်းသည်အထိ ငနဲမျိုး၏ အရိပ်မခြည်ကိုမျှ မမြင်ရချေ။ နောက်ဆုံး၌ ကျွန်တော် လက်လျှော့ ကာ ပြန်ခဲ့ရပါ၏။
'တောက်....ဒီဟာတော့ ငါအခံပြင်းဆုံးပဲ မနော်ရာ၊ ခွေးမသား ဘယ်နေရာထားခဲ့ပြီး ဘယ်လို ပြန်လှည့် ယူတယ် ဆိုတာ စဉ်းစားမရဘူး၊ ငါနောက်ဖေးခြံထဲက စောင့်မယ်ဆိုပြီး အိမ်ပေါ်ကဆင်း လာတော့ ရွာတောင်ဖျား မှာ သူတို့အော် သွားတာ ကြားရတုန်းပဲကွ'

'ရှင် မိုးလင်းမှသစ်ပင်ကြို သစ်ပင်ကြားတွေလျှောက် ကြည့်သေးလား'
'ကြည့်တယ်၊ တို့ခြံခေါင်းရင်း အထွက်ဝနဲ့ ဟိုမချမ်းမြှနောက်ဖေး တည့်တည့်က သရက်ပင်မြစ် ခွကြားမှာ အမွေး နည်းနည်း တွေ့တယ်၊ အဲဒီသရက်ပင်အောက်က ဟာကလည်ပင်းမွေးတွေကွ၊ ကြက်မ သေတော့ သေပါပြီလေ၊ ဘယ်သူ့အိမ် မှာ ဘယ်အချိန် ချက်စားမလဲဆိုတာသာ မသိရတယ်၊ ငါအခုမနက် ရွာထဲ လျှောက်ပြီး အနံ့ခံ အကဲခတ် နေချင်တယ်ကွာ၊ ဒါပေမယ့် မအားဘူး၊ ဒီနေ့မှ ဥပုသ်မစောင့်ရင် ဘုန်းကြီးကြီး က  ငါကိုကြိုး နဲ့ တုပ်ရိုက်လိမ့်မယ်'

အကြောင်းမှာ ဆရာတော် ဘုရားသည် ကျွန်တော်တို့ လူငယ်များအား တစ်လမှာ ဥပုသ်လေးရက် ရှိသည့် အနက် အနည်းဆုံး တစ်ရက်မျှ စောင့်ရမည်။ နို့မဟုတ် နွားကြိမ် နှင့် ဆော်မည်ဟု အမိန့်ထုတ်ထားပါ၏။ ယနေ့ သည် အခါကျပ်ရက်ကျပ်ကြီးဖြစ်နေပါ၏။ ဒါကို ကျွန်တော်ဇနီးလည်း သိပေရာ...
'ဒါဖြင့်ရှင် စိတ်ဖြောင့်ဖြောင့်သာ ဥပုသ် သွားစောင့်လေ၊ ကျွန်မပဲ လျှောက်အကဲခတ်လိုက်မယ်၊ မီးဖိုချောင် ကိစ္စ ဆိုတော့ ကျွန်မတို့ မိန်းမသား ကသာပြီး မေးရစမ်းရလွယ်တာပေါ့'

'အေးကွာ....ဟုတ်ပြီ၊ ဒီမှာမနော်၊  ကြက်သားဟင်းချက်တဲ့ အိမ်တွေ့ရင် ရှင်းရှင်းပဲ ကျွန်မတို့ ကြက်ပျေက်လို့ ဆိုပြီး ခြေထောက်ရိုး သာ တောင်းကြည့်ကွာ၊ တို့ကြက်မလေး ခြေထောက်မင်းမှတ်မိ တယ်မဟုတ်လား၊ ဘယ်ဘက်ခြေခွံမှာ နဲ့ ညာဘက်ဒူးဆစ် အောက်နားမှာ အမည်းကွက်စက် ကလေးတွေပါတယ်'
'ကျွန်တော် မှတ်မိတယ် အဖေ'

'အေး... ဒါဖြင့် လူကလေး မင်းပါအတူလိက်သွားကွာ ဒီမှာမနော် တခြားလူအိမ်မှာ တွေ့နေရင် ဘယ်က ရသလဲ၊ ဘယ်က၀ယ်သလဲ ချော့မေး၊ အေး.... သူ့အိမ် မှာ နဲ့ မှိုနီရိုး အိမ်မှာ ဆိုရင်တော့ ငါ့ကို ကျောင်းလိုက် ပြီးသာ ခေါ်ကွာ၊ ဥပုသိကြီးနဲ့မက ဘာပဲဖြစ်ဖြစ် ခွေးမသား အရင်မဇာနုအိမ် က ကြက်ခိုးတာပါဖွင့်ပြောပြီး ဘုန်းကြီးကြီး ကို လျှောက်မယ် သူကြီးအိမ် ကို တိုင်မယ်၊ ချီး...အချင်းချင်း ကတုံးပေါ်ထိပ်ကွက်တာတော့ မခံ နိုင်ဘူး'

ဆက်ရန်
.

6 comments:

အုပ်ကြီး said...

ဆရာ့စာတွေ ငယ်ငယ်ထဲက အရမ်းကြိုက်ခဲ့တာ ..အစ်မရေ
ကျေးဇူးပါ

မိုးစက်ပွင့် said...

နောက်ဆုံးမှာ မထင်တဲ့သူ ဖြစ်နေတယ်မဟုတ်လား အစ်မ .....မမှတ်မိတော့ဘူး... ဒါပေမဲ့ ဆရာ သော်တာဆွေ့စတိုင်အတိုင်း အဆုံးလှည့်ကွက်လေး ပါမယ်လို့ ထင်နေတယ်

ကိုဇော် said...

အဟီး..
စိတ်ကြီးကြီးနဲ့ နောက်ထပ် အပိုင်းကြီးကြီးကို စောင့်လျက်...

Anonymous said...

ထပ်မျှော်လိုက်အုံးမယ်

မြစ်ကျိုးအင်း

Anonymous said...

ပန်းစုံ ခံတောင်းထဲ ပါသွားတာပဲ နေမှာ။
တက်ပု နှာဘူးကျနေတာနဲ့ လွတ်သွားတာ။ ;)

Unknown said...

ဝှတ်လေါက်ဒယ်