Sunday, November 21, 2010

လပြည့် နေ့ လေး တနေ့ အကြောင်း

(ချစ်ညီမ စည်းစိမ်ရှင် က ဘလော့ဂ် လာတဲ့ စာဖတ်သူတွေ အတွက် အပင်ပန်းခံပြီး သူများ လာပေးတဲ့ မဲဇလီဖူး သုပ် ကလေး နဲ့  ပြန်လည်ဧည့်ခံကျွေးမွေး ပါတယ် သုံးဆောင်သွားကြပါ.. ကျနော် က တမျိုးထဲ ကျွေးရမှာ အားနာလို့ ပုရစ်ကြော်လေး ပါ ထဲ့ပေးပါတယ်...)

ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့ အသာဆုံး လ နဲ့ ဆေးပေါင်းခတဲ့ ည လို့ ပြောကြတာဘဲ... ကျနော် တို့ ကလေး တုန်းကတော့ လပြည့်တွေ ထဲမှာ အပျော်ရဆုံး နေ့တနေ့ပေါ့ ... 

ငယ်ငယ်တုန်းက ဘာတွေလုပ်ခဲ့ သလည်း ပြန်စဉ်းစားကြည့်တယ် .. ပိုက်ဆံကြဲ တဲ့ စီလိုက်ကောက်တယ် မျက်နှာ အဝတ်စည်းပြီး သံပုန်းရိုက်တယ်.. ဆံပြုတ်တို့ မယ်ဇလီဖူးသုတ် တို့ ကျွေးတဲ့စီ လိုက်စားတယ် .. 
ညကြရင် သူများ အလှူခံပြီး ချက်ပြုတ်စား နေတဲ့စီ လိုက်တောင်းစားတယ်.... လူလစ်ရင် ဟိုရွှေ့ ဒီရွှေ့ လုပ်တဲ့ ထဲ ဝင်ပါတယ်...
မနက် အစောကြီး ပန့်သကူ ပြစ်တဲ့ ဟာတွေ လိုက်ရှာတယ်.. ကိုယ့် အိမ်က အမြင်မတော်တဲ့ ဟိုရွှေ့ဒီရွှေ့ တွေ အရင်ရွှေ့ ပြီးမှ သူများ အိမ် က အမြင်မတော် တာ တွေ ကြည့်ပြီး ထိုင်ရီနေတယ်.....

အခုကြီးလာတော့ သူများ တွေ ပျော်ပွဲစားချင်လို့ လာအလှူခံတာ တွေ  ကို ရှောင်ရအောင် ဆိုင်ပိတ်ပြီး ဟိုသွား ဒီသွား လုပ်ပါတယ်...

သွားရင်း လာရင်း မိတ်ဆွေ တယောက် နဲ့ တွေ့လို့ ဟိုပြောဒီပြော လုပ်ခဲ့ပါတယ်... ကျေးဇူးပြုပြီး နားဆင် ပေးပါ..

သူငယ်ချင်း က အခု ရုံးတရုံး မှာ အလုပ် လုပ်နေပါတယ်.. တွေ့တဲ့ အခါ တိုင်းရေးပြည်ရေး ဆွေးနွေး ကြပါတယ်..  မဲပေးတဲ့ အကြောင်း ... ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အကြောင်း တွေပါ... 

ကျနော် ကတော့ ဒီရွေးကောက်ပွဲ ဟာ ကျနော် နဲ့ ဘယ်လို့မှ မသက်ဆိုင်တဲ့ အကြောင်း ရွှေစင်ဦး လေး ငယ်သေးတယ် လေ မဲမပေးရသေးဘူး လို့ .....

သူငယ်ချင်း က တော့ ရွေးကောက်ပွဲ မှာ မဲရုံမှူး လုပ်တဲ့ အကြောင်း ပြောရင်း သူ ဟာ ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး မဲနိုင် လည်း မပျော်.... ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက်လည်း မပျော် .. ဘယ်လိုမှ မပျော်နိုင်ဘဲ ညည အိပ်မပျော် ဘဲ ကြောက်ကြောက် နေပါသတဲ့....

မင်း မဲရုံမှူး လုပ်တော့ ဘာတွေများ မဟုတ်တာတွေ လုပ်ခဲ့ လို့လည်း လို့ မေးပါတယ်... အို ဘာမှ မဟုတ်တာ မလုပ်ဘူး..
ဒို့မဲရုံ လေး မှာ မဲပေး နိုင် တဲ့ လူဦးရေ ၄ဝဝ ရှိတယ်... ခြင်္သေ့က မဲသုံးရာ ကျော်နဲ့ အပြတ်အသတ် နိုင်သွားတယ်.. 

အဲ ဒါဆို ဟိုလူပြောများနေတဲ့ ကြိုတင်မဲ ဆိုတာ များ အပေးများ နေလို့ လား ဆိုတော့ .. မဟုတ်ဘူး ကြိုတင်မဲ မှ ဆယ့်ခြောက်မဲ ဘဲ ရှိတာ ..... 

ဒီရွာလေး မှာ ဘယ်တုန်းက မှ မရခဲ့တဲ့ လျှပ်စစ်မီး တွေ အခုနှစ်ပိုင်း မှာ ရတယ် .. ဘုန်းကြီးကျောင်း ကြီး လည်း ဟီးထနေအောင် ပြင်ဆောက်ထားတယ်... သူတို့ ရွာ ကို အကျိုးပြုတဲ့ အသင်း သူတို့ က ပေးကြ တာပါဘဲတဲ့...

ဒါဆို .. မင်းက ဘာကိုကြောက်နေတာလည်း မဲရေ တဲ့ အခါ မသမာ မှု့ တွေ ကို မင်းများ ပူးပေါင်းကြံစီခဲ့လို့ လား ဆိုတော့...

အမလေး ဝေးပါသေးတယ်... သက်ဆိုင်ရာ ပါတီ တာဝန်ရှိသူ တွေနဲ့ ရွာသူရွာသားတွေ ရှေ့မှာ တရားဝင် မဲရေ ခဲ့တာပါတဲ့... 

ဒါဆို ကိုယ် မှ မဟုတ်တာ မလုပ်ခဲ့တာ ဘာ ကို ကြောက်ရမှာလည်း ဆိုတော့....

အင်း ... အဲဒီလို လူထုစုံစုံညီညီ ထဲမှာ မဲရေတဲ့ အခါ ကိုယ် ကမဲ တွေ ကြည့်ပြီး အော် ရတယ်လေ ကိုယ် တို့ မဲရုံ မှာ ပါတီ သုံးပါတီ ဘဲယှဉ်ပြိုင်ပါတယ်.. ခြင်္သေ့ ရယ် စပါးနှံ ရယ် ဒေါင်း ရယ်ပေါ့ တဲ့...

ကိုယ် က မဲ အော်ပေးရတယ်... ဥပမာ ကွာ ခြင်္သေ..စပါးနှံ.. ခြင်္သေ့၊ ခြင်္သေ့ .. ခြင်္သေ့...  စပါးနှံ၊ ခြင်္သေ့...ခြင်္သေ့ .. ဒေါင်း ပေါ့.... အဲဒါကို လေ ကိုယ် က အားရပါးရကြီး ခြင်္သေ့..ခြင်္သေ့..ဖွတ် လို့ အော်မိ ခဲ့ တယ်.... 

အဲဒီ အတွက် ကိုယ် လေ ခြင်္သေ့ နိုင် လို့လည်း မပျော် ဒေါ်စု လွတ်လို့လည်း မပျော် အို.. ဘယ် ဘက်က ကြည့်ကြည့် ကိုယ် အော်လိုက်ပုံ မကောင်းလွန်းလို့ တွေးတွေး ကြောက် လို့ အိပ်မပျော်ဘူးတဲ့... 
အင်း သူလည်းလေ သူ့ ဒုက္ခ နဲ့သူ....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

16 comments:

Anonymous said...

လာစားတယ်...
တကယ်အပြင်မှာတော့ မစားရပါဘူး:(

ရည်ရော်မှန်း အိုင်စမ်းရေပြာ စောင့်ဖတ်နေတယ်နော်

စူးနွယ်လေး

ရွှေရတုမှတ်တမ်း said...

အမတ်လောင်းပုံထည့်ထားလို့..ဖွတ်လို့ အော်မိလေသလား...
စစ ကတော့ ဖုံတွေရှူပြီးပြန်ခဲ့ရတယ်ပြောတယ်..
မယ်ဇလီဖူးတော့ ဒီမှာလဲသုတ်နေပြီ..ယိုးဒယားဆိုင်ကရလို့..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့တော့ မသုပ်စားဖြစ်ဘူးအစ်မရယ်
အစ်မကျွေးတာလေးဘဲ စားတော့မယ်
ပုရစ်ကြော်က ရေနွေးနဲ့ မလိုက်ဘူး အစ်မရဲ့ ( ဟိဟိ)
ကော်ဖီနဲ့မြည်းမယ် ပြောတာပါး)
စေတနာအပြည့်နဲ့ ကျွေးတဲ့ မစည်းစိမ်ရော အစ်မရွှေစင်ရော တန်ဆောင်မုန်းလပြည့်ညလို ပြည့်ပြည့်၀၀ ထွန်းလင်းဝင်းပနိုင်ပါစေ အစ်မတို့ရေ...
ဒီလိုနေ့မျိုးမှာလေ ငယ်ငယ်တုန်းက ရွာမှာ တစ်ရွာလုံးကို ဗြောင်းဆန်အောင် သောင်းကျန်းခဲ့တာ သတိရလိုက်တာ..
ယောက်ျားလေး သူငယ်ချင်းတွေက ကြက်တွေခိုး မိန်းခလေးတွေက ချက်၊ ပြီးရင်ပျော်ပျာ်ပါးပါး စားကြပြီး
တစ်ရွာလုံးကို ပတ်ကြပြီး အစ်မပြောသလို ခုံတွေရွေ့ ဆိုင်းဘုတ်တွေရွေ့ ဟိုပို့ဒီပို့လုပ်၊ လမ်းတွေပိတ်
ဟိဟိ.... သတိရလို့ အလွမ်းပြေ ရေးသွားတာ

ငွေစန္ဒာ said...

မရွှေစင်နဲ့မစည်းစိမ်ရေ ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့မယ်ဇလီဖူးသုပ်လာစားတယ် ပုရစ်ကြော်တော့ ကြိုက်ဖူးရယ်။

စန္ဒကူး said...

ဥလေးရေ.. ကူးလဲလာစားတယ်.
ဆေးပေါင်းခချင်လို့.. ပုရစ်ကြော်လဲသိပ်ကြိုက်..
မန္တလေးမှာတုန်းက စားခဲ့ရတယ်..
အခုတော့ မစားရတာ ဆယ်စုနှစ်လောက်ရှိပီ...

Anonymous said...

line spacing မချဲ.ဘူးလား...ဖတ်ရတာ ရှုပ်တယ်...အပေါ်နဲ.အောက် ညိကုန်ပြီ။

အင်ကြင်းသန့် said...

ဟဟဟ....မမရွှေစင်တို့ကတော့လေ....ကိုယ့်အိမ်က အမြင်မတော်တာတွေကို ရွှေ့ပြီးမှ သူများအိမ်က အမြင်မတော်တာကို လိုက်ရီတယ်ဟုတ်လား...

မမရွှေစင်သူငယ်ချင်းက မှားအော်တာမဟုတ်ဘူးနော် (ယောင်အော်တာလို့ပြောမလို့ပါ)

ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်ကိုစားသွားပါတယ်။

Anonymous said...

မမရွှေစင်..

မယ်ဇလီဖူးသုပ်လေး သုပ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ (စစကိုပါ ကျေးဇူးနော်).

အခုလိုညမျိုးတွေဆိုရင် မြန်မာပြည်က တန်ဆောင်တိုင်ကို တအားသတိရတာ။ ကလေးဘ၀တုန်းက ပိုပျော်ခဲ့ရတယ်။ ကြီးလာတော့ မမလိုပဲ ဟိုရှောင်ဒီရှောင် လုပ်တတ်လာတာတော့ ရှိတယ် :D။

မမသူငယ်ချင်းအကြောင်းဖတ်ရလို့ တိုက်ဆိုင်စွာ ရယ်မိတယ်။ လသာညရဲ့ သူငယ်ချင်းကလည်း မဲရုံစောင့်လုပ်ရတာတဲ့။ အခုလက်ကျိုးနေတယ်။ ဘာကြောင့်လဲဆိုတော့ အဲ...ဟိုဒင်း...

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင်
မမစည်းစိမ်ရဲ့ မယ်ဇလီဖူးသုတ်စားပြီးတော့ ရေနွေးကြမ်း အဝသောက်သွားပါတယ်.... ပုရစ်တော့ ကြောက်တယ်... ကြောက်ချာကြီး ကြောက်ချာကြီး ;(

မမရွှေစင် ရော မမစည်းစိမ်ရော ဆေးပေါင်းခပြီး ပျော်ရွှင်ပါစေ...

ဆောင်း said...

ဒီရွှေ့ ။ ။လဘက်ရည်ကိုတော့ ဒီမှာဘဲ တလက်မ တိုးရွှေ့လိုက်တယ်
ဟိုရွှေ့။ ။ အမြင်မတော်တဲ့ အမရဲ့ မဲဇလီဖူးသုပ်နဲ့ ပုရစ်ကြော်ကို ဒီကနေ ဟို ကျမ ဘလော့ထဲရွှေ့ လိုက်ပါပြီ

sosegado said...

မဲဇလီဖူးသုပ်ကတော့ မနှစ်ကစားလိုက်ရတယ်၊
အကြိုက်ဆုံး အသုပ်ထဲမှာပါတယ်၊
ကြောက်တဲ့ အကြောင်းကိုတော့ စာပေဟောပြောပွဲမှာ
ကြုံတုန်း ဆရာ အော်ပီကျယ်ကပြောသွားတယ်၊
ကြောက်ပါတယ်ဆိုနေမှ ထပ်ကြောက်စရာတွေ လုပ်မိတာကိုး၊

ချစ်ကြည်အေး said...

အခုကြီးလာတော့ သူများ တွေ ပျော်ပွဲစားချင်လို့ လာအလှူခံတာ တွေ ကို ရှောင်ရအောင် ဆိုင်ပိတ်ပြီး ဟိုသွား ဒီသွား လုပ်ပါတယ်...
တော်တော်ဆိုးတဲ့ အမရွှေစင်....
မယ်ဇလီဖူးသုတ် ကြိုက်စ်၊ ပုရစ်ကြော် တခါမှ မစားဖူးဘူး၊ ငယ်ငယ်ထဲက အဖေကျွေးတိုင်း ပုရစ်ကောင်လုံးလိုက်ကြီး ပါးစပ်ထဲ ထည့်ရမှာ ကြောက်လို့ ဘယ်တော့မှ မစားဘူး.....

မောင်မိုး said...

ခြင်္သေ့တွေ၊ စပါးနှံတွေအော်နေလို့ အရက်ရောင်းနေတာလားတောင် ထင်မိသေးတယ်။ ဒီကတောအရက်နာမည်တွေနဲ့တူနေလို့လေ။

kiki said...

မယ်ဇလီဖူးသုတ်တော့ကြိုက်တယ် .. ခါးတာဆို အကုန်ကြိုက်ပဲ မရွှေစင်ရေ....
ခုရော...ငယ်ငယ်ကလို ဟိုရွှေ့ ဒီရွှေ့  လုပ်ကြည့်ပါအုံး..အဟိ ခြင်္သေ့ ခေါင်း ပေါ် ဘီလူးခေါင်း ဆင့်ပေးလိုက်။
ခြင်သေ အဲ့.. ခြသေ့င်္ ဆိုတာ တောဘုရင် တဲ့.. ဂလိုကြောင့် အားလုံးကြောက် နေကြရတာ နဲ့ တူပါတယ် .. ဖွတ်ကလည်း အကျားလေး နဲ့ ဖွတ်ကျားလေး ထင်ပါ့ ....
ဒါတွေကြောင့် ဓါတ်ပျက်နေတာ ကြာလှပေါ့...း)) မန်းလေး လာပြီး ပုရစ်လာရိုက်ဦးမှ ပဲ ..

Anonymous said...

ခြံထဲမှာတင် မဲဇလီပင်ကြီး ရှိတာဆိုတော့ အများကြီးသုတ်ပြီး အိမ်နီးချင်းတွေ ဝေပေးတာ မှတ်မိသေးတယ်။ ရေနွေးကြမ်းအိုးနဲ့ ခြံထဲမှာ ထိုင်ပြီး စကားတွေ ပြောခဲ့ကြတာ လွမ်းစရာပဲ

မြစ်ကျိုးအင်း

ကိုဇော် said...

ခဏပြန်တုန်းက မှီလိုက်သေးတယ် အစ်မရာ။
အခုတော့ လပြည့်တယ် ဆိုတော့လည်း သြော် ဆိုပြီး ကောင်းကင်ကြီးကို မော့ကြည့်မိယုံပါပဲ။ မယ်ဇလီဖူးသုတ်ဆိုရင်လည်း ကိုယ်က ကြိုက်တာပဲ. .
ပုရစ်ကြော်ဆိုလည်း အကြိုက်ဆုံးထဲမှာ ပါတာပါပဲ။ အို . . .ကိုယ်မကြိုက်တာ ဘာများ ရှိလို့လဲ။