သဒိုး ခေါ်တဲ့ သားသတ်သမား။ သဒိုးဆိုတာ သားထိုးသမားပေါ့။ ရွာတွေက နွားပေါ်၊ ဆိတ်ပေါ်၊ ၀က်ပေါ်၊ ကျွဲပေါ် သည်ဖြင့် သတ္တ၀ါအရှင်လတ်လတ် ဘ၀က အသားတွဲဘ၀ရောက်တဲ့အထိ သတ်ဟယ်ဖြတ်ဟယ် သင်ယဟယ် ဖျင်ဟယ် လုပ်ပေးတဲ့လူကို သည်ရွာက သဒိးခေဲကြတာပါ။ အင်မတန်အောက်တန်းကျတဲ့ အလုပ်လို့ သဘောထားကြပေသိ ရွာတွေမှာ သဒိုးမရှိလို့လည်း ဖြစ်တာမဟုတ်ဘူး။
ဓားကြီး ဓားငယ် အသွယ်သွယ်နဲ့ နွားတစ်ကောင်များ ပါးစပ်ထဲက ကွမ်းတောင်မညက် သေးဘူး သဒိုးသမားက အရိုးနွှင် နေပြီ။ ရွာတွေဆိုးတော့ သားသတ်လိုင်စင် တွေဘာတွေလည်း မရှိဘူး။ ရွာစွန်တောထဲ ချောက်ထဲ သည်လိုပြီး ရတာပါ။ နွားတစ်ကောင် ချောက်ထဲ ရောက်တာနဲ့ အမဲသားချည်း ပြန်တက်လာရတာမျိုးက ရိုးနေပြီကိုး။
မပန်းညို က အဖေသဒိုးသမားကြီး ပေါ်ပေးတဲ့ အသားတွဲကို ခံတောင်း ပက်လက်ထဲ ထည့်ရွက်ပြီး ရွာစဉ်လှည့်ရောင်းတာဆိုတော့ သားအဖနှစ်ယောက် စားလို့တော့ဖြစ်တယ်။ ဖအေက ဦးကြာပေါ် တဲ့။ လူအင်္ကျီချွတ်ကြီးနဲ့ ပုဆိုးဟောင်းတိုတိုပါအောင် ၀တ်ပြီး ရေမချိုး မိုးမချိုး ဖိုသီ ဖတ်သီ နေတတ်တယ်။ သမီးမပန်းညိုက မိန်းမချောပါ။ ဆံတောက်သိမ်းစ ကတည်းက ရုပ်ကလေးရှိလို့ လင်ရတော့်လည်း ဦးကြာပေါ် က သမက်တင်ကျွေးထားရတာပါ။ သည်သမီးက အသားတွဲလှည့် ရောင်းရတာဆိုတော့ သမက် ပါ သူတို့ နဲ့ နေလှည့်ခွင့်ပြုထားရတယ်။ သားမက်က လူနု လူအေး။ သွေးရဲရဲသံရဲရဲ၊ ဓားတ၀င်းဝင်း သံတ၀င်းဝင်း နဲ့ အလုပ်ကို ကြောက်လည်းကြောက် တယ်။ စက်လည်း စက်ဆုတ်တယ်။ မလွှဲသာလို့ ယောက္ခမ အလုပ် ၀င်ပါနေရပေသိ မနှစ်မြို့သူ။ ပန်းညို ချစ်တော့လည်း မခွာနိုင် ရှာပါဘူး။ သား တစ်ယောက် ရတဲ့အထိ ညည်လိုနေရှာပါရဲ့။
"ပန်းညိုရယ်...... နင့်ကိုကြိုက်ကတည်းက သဒိုးသမီးဆိုသာလည်း သိပါရဲ့....... ယောက္ခမက သဒိုး ဆိုတာလည်း သိပါရဲ့..... မိဘများ တားတဲ့ကြားက ငါယူခဲ့တာပါဟာ..... တကယ်ကတော့ သည်အလုပ်ကို ငါလုပ်ဝံ့ဘို့ နေနေသာသာ ကြည့်ောတင် မကြည့်ဝံ့ဘူး..... သည်တော့ ငါရွာကလူ တွေလို ရွှေတော တက်ချင် တယ်... စုစုဆောင်ဆောင်ဖြစ်ရင် မြေကလေး ယာကလေး ၀ယ်ပြီး တောင်သူလုပ်ကြသာပေါ့ သည်အလုပ် ကိုမလုပ်ပါနဲ့တော့...."
တစ်ရက်မှာ ပန်းညိုကို သူ့ယောကျာ်းက ပြောတာပါ။ ပန်းညိုက လင်လည်း ချစ်ရှာပါတယ်။ ရွာစဉ်လှည့် အသားတွဲ ရောင်းတာတောင် လိုက်ခဲ့မခေါ်ဘူုး။ နေပြူိကီးထဲ ပင်ပန်းမှာစိုးလို့။ ဒါပေမယ် ဖအေနဲက သမီးတစ်သက်လုံး သည်အလုပ် လုပ်ခဲ့ရတာမဟုတ်လား။ သူတကာလို တောင်သူ့သားသမီမှမဟုတ်တာ။ လင်ရကာမှ အကုသိုလ် အလုပ်ရယ်လို ဖအေကြီး ထားမသွား ရက်ဘူး။ လင်က အစားရတယ်။ ဖအေက အစား မရဘူးလို့လည်း တွက်တယ်။
လင်နဲ့မယား တစ်မိုးအောက် အတူပေါင်းနေရတာ ဟုတ်ပါလျက်ကနဲ့ ရွှေတောတက်ချင်ရင်တက်ပေါ့။ ထိုင်းစားရတဲ့လူကများ နာရသေးလို့လည်း တလွှဲတွေးမိတယ်။ သည်လိုနဲ့ သားကလေးနဲ့ မယားထားသွားတော့လည်း မတားပါဘူး။ တစ်နှစ်ောတင် မကြားပါဘူး။ ရွှေတော်မှာ လင်သေတယ် ဆိုတဲ့ သတင်း ရောက်လာပါရော။ လင်တစ်ယောက် အဖတ်တင်ပါတယ်။ ရွှေတော်မှာသေတယ်ဆိုတော့ မုဆိုးမ ဖြစ်ရရော။ သားကလေး မတီမတာနဲ့။
ပန်းညိုက လင်ရတော့လည်း အသားတွဲ ရောင်းရတာပါပဲ။ သားတစ်ယောက်အမေ မုဆိုးမဘ၀ ရောက်ရတော့လည်း အသားတွဲ ရောင်းရတာပါပဲ။ သည်လိုနဲ့ ကလေးခုနှစ်နှစ်သားမှာ ရွာကျောင်း ပို့ပြီး ကိုရင် ၀တ်ပေးလိုက်တယ်။ သားကိုရင်က ကျောင်မှာပျော်ရှာလို့ တစ်သက်လုံး သင်္ကန်းဝတ် တော့မယ် ဆိုတော့ လည်း ပန်းညို ၀မ်းသာမိရတာပဲပေါ့။ အရွယ်မတိုင်ခင် လင်ရလို့ ကလေးတစ်ယောက် ရခဲ့ပေမယ့် အသက် နှစ်ဆယ်ကျော် ကျော် ရုပ်ချောမိန်းမဆိုတဲ့ ဂုဏ်က ပျောက်မသွားဘူးကိုး။ အမဲသား၊ ကျွဲသား လည်ရောင်းတိုင် ရွာယောက်ျားသားတွေက ပန်းညိုကို ခနိုးခနဲ လုပ်ချင်ကြတယ်။ ယောက်ျားတိင်းတော့ မဟုတ်ပါဘူး။ တချိုကက လင်သေမုဆိုးမ ဆိုဆော့ ချိုချိုချောင်ချောင် ထင်ကြလို့ လင်တင်ချင်ကြတာပါ။ ပန်းညိုကလည်း သဒိုးဦးကြာပေါ့ သမီးပဲ။ ချွေးနဲ့သွေးနဲက လုပ်စားရတဲ့ မိန်းမပဲ။ ဘာကိုမှမကြောက်ဘူး။ တစ်ရွာ့တစ်ရွာ့သည်လို ကူးနေတာပါ။ တချို့က သွေးတိုးစမ်းကြတာလည်း ရှိတယ်။
"ပန်းညို... ငါ့နှမပင်ပန်းလှသဟာ... ခံတောင်းရွက်ပြီး ဟိုဘက်ရွာထိ ငါလိုက်ပို့ စမ်း ပါ့မယ်... နေကြီးကပူသနဲ့"
"မလိုပေါင်တော်... ကျုပ်တို့ သွေးစိုစို ချွေးစိုစိုတစ်သက်လုံး လုပ်စားလာတာပါ..........
"ငါက စေတနာနဲ့ ပြောသာပါဟ.........နင့်ကြည့်ရသာ သနားလို့ပါ..."
"သနားစရာ မလိုပေါင်....ကျုပ်တို့ ကျိုးကန်းနေသာမှ မဟုတ်သာ........"
ပန်းညို က စကားတင်မခံလေ အူယားကြလေ။
တစ်ရက်တော့ ညောင်ကားယားသူ ပန်းညိုက ဖူးစာများဖက်ချင်လာလို့လား မပြောတတ်ပါဘူး။ ဒိုးကလေးတို့ရာ ကုက္ကိုကုန်ုးကို ခံတောင်းကြီး ပေါ်ငါးတင်နဲ့ ရောက်လာခဲ့တယ်။ ဖြစ်ချင်တော့ ဒိုးကလေးက ရွာပြန်ကပ်တဲ့ရက်တွေ ဖြစ်နေတာပါ။ ပန်းညိုက ရောက်လို့သာ ရောက်လာရတာပါ။ ကုက္ကိုကုန်း ဘက်မရောက်လေ့ဘူး။ သည်ကနေ့မှ စွတ်ရွတ်ရောက်လာတာဆိုတော့ မြန်မြန်ကုန် မြန်မြန်ပြန် ချင်လှပြီ။
"အမဲသား တော်တို့ ယူကြဦးမလား......... အသားကောင်းသနော့.....လျှော့လျှော့ပေါ့ပေါ့ပေး ခဲ့မှာ"
ပန်းညိုက ဈေးရောင်းကောင်းရယ်။ ဘယ်တော့မဆို လျှော့လျှော့်ပေါပေါ့ ပေးခဲ့မှာလို့ အော်တာ ချည်းပဲ။ လျှော့တော့လည်း နည်းနည်းရယ်။ အမဲသားက လတ်လတ်ဆတ်ဆတ်ဆိုတာ တော့ အမှန်ပဲ။ သူ့အမဲသားက ခုခုတ် ခုရောင်းကိုး။ ကုက္ကိုကုန်းက ခေါ်မ၀ယ်လေ၊ ငါတော့လာမိတာ မှားပြီထင်တယ်။ ရေကလေး တစ်ပေါက်ကလည်းသောက် ချင်သေးတာဆိုတော့ ခေါ်ဝယ်မယ့် အသံကိုမျှော်တယ်။ ရွာတောင် ဆုံးတော့မယ်။ ခံတောင်းချရောင်းဖို့ အသိရယ်လို့လည်း တစ် ယောက် တလေမရှိတော့အခက်သား။ သည်လို နဲ့ ဒိုးကလေးတို့အိမ်ရှေ့ရောက် လာတယ်။ ဒိုးကလေးက အိမ်ရှေ့ကပြင်မှာ ငုတ်တုတ်။ လည်ကတုံး ဖျင်ထည်ကလေးနဲ့၊ ကွယ်ကလေး တစ်ယာ ပါးစောင်းကပ်ပြီး အမဲသားသည်ကို လှမ်းအကြည့်။ ပန်းညို ကလည်း ကြည့်သူရှိတော့ ယူပါဦးလားအစ်ကိုရဲ့ လုပ်ကရော။ အပေါက်ဝက လှမ်းအော်တယ်။
"အစ်ကိုရယ်...... အမဲသားကောင်းလွန်းလို့ပါ.... ကြည့်သာပေးပါတော့......... ကျုပ်ပြန်ရမှာ ဝေးလို့ ပါတော်........."
ပြန်ရမှာ ဝေးလို့ပါ ဆိုတော့ဘယ်ရွာကပါလိမ့်။ ဈေးသည်မလေးက ချောလိုက်သာကော။ တစ်ခါမှ လည်း မမြင် ဖူးပေါင်။ ဒိုးကလေးက ဘယ်ကလာရောင်းတာတုန်းးဆိုတော့ ညောင်ကားယားက ပါတဲ့။ ဝေးလွန်း သကော။ စိတ်ထဲသနားသွားတနဲ့ ကိုင်းကြည့်ရအောင် လုပ်ကရော။ ပန်းညို ဈေးခံတောင်းချပြီး အုပ်ထားတဲ့ ပုဆိုးစ လှပ်လိုက်တော့ ပြောသလိုပဲ အမဲသားတွေက ကောင်းပါ ဘိသနဲ့။
"ငါ့နှမ.... နင့်နှယ် ဝေးလှချည်ကော......ညောင်ကားယားက လှတင်သိလား ရွာတောင်ပိုင်း ကလေ........ ငါ့ရောက်ပါ ဟာ....... ညည်းကဘယ်သူ့သမီးတုန်း........."
"ဦးကြာပေါ်........."
"ရှိမှာပေါ့လေ........ နေဦးအမေ့ခေါ်လိုက်ဦးမယ်........ အမေ...... ဗျို့အမေ........ အမဲသားတွေ ကောင်း ချက်ဗျာ.......... ကျုပ်တစ်တွဲ ယူလိုက်ပြီ........."
မအေက သားစားချင်တယ်ဆိုတော့ ၀ယ်လေတဲ့။ တစ်တွဲယူလိုက်တယ်။ အမဲသားသည် သနရုပကို ဒေါ်မှုံကြီးကလည်း မြင်မြင်ချင်း ခင်သွားရှာတာပါပဲ။ ရေတစ်ပေါက်သောက်ဦး၊ လက်ဖက် တစ်ရိုးဝါးဦး၊ နေဦး ကျန်တဲ့အမဲသားတွေ ငါစပ်ရောင်းပေးမယ် တိုနဲ့ ဝေေ၀သာလေ တော့ပန်းညိုလည်း အဆင်ပြေသွားတယ်။ အမဲသားလေး၊ ငါတွဲ ဇုတ်ခနဲ ကုန်တော့ ဒိုးကလေးသား အမိကျေးဇူးတင်လိုက်ပုံများ။
"ညည်းရုပ် ညည်းရည်နဲ့အေ....... ငါ့တူးမနှယ်.... တစ်ယောက်တည်း သွားရလာရသလား တစ်ရွာ့ တစ်ရွာကြား က လူပြတ်ပါဘိသနဲ့....... ညည်းမို့လာရဲပလေ......... နောင်လာရင် တို့အိမ်ဝင် လှည့်ချေ...... ရွာခံ သဘောထား.. ကြားလား"
"ကျွန်မက အပျိုမဟုတ်ပါဘူး ကြီးတော်ရယ်....... ကလေးမအေပါ...... သားကိုရင်တောင် ကြီးပါပြီ...... အဖော် ကတော့ ဓား ပဲပါတယ်..... ကျွန်မက မကြောက်တတ်ပါဘူး ကြီးတော်ရယ်...."
"သတ္တိကောင်းပါဘားအေ့.... အေးအေး.... ညည်းယောကျာ်းက လွှတ်တာပဲလား....."
"အိမ်ထောင်က ဆုံးရှာပါပြီ........ ကြာပေါ့ဟာ...... လုပ်မစားလို့လည်း မရပါဘူး........... အဖေက သဒိုး........ ကျွန်မ က ရောင်း..... တခြားလည်း လုပ်မစားတတ်ဘူး......"
"အေးပါအေ... ကောင်းရောင်းကောင်းဝယ် လုပ်စားတာပဲ.... ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ပျက်စီး ရှာသာ ပါကောလား..... အေးအေး......... နောက်ကုက္ကိုကုန်းရောက် ရင်ဝင်ခဲ့ ဟဲဒိုးကလေး ..... မိန်းကလေး ရွာထိပ် လိုက်ပို့ လိုက်ပါ......"
"အင်းပါ.... ကျုပ်ကလည်း ပို့မလို့ပါ......"
ဒိုးကလေးက ရွာထွက်အထိအမဲသားသည်မ လိုက်ပို့တော့ ရွာလမ်းဘေးအိမ် တွေ့ မြင်ကြပြီ။ ဒိုးကလေးက ပန်းညိုကို နောက်ရက်တွေလည်း လာရောင်းပါဘို့ မှာတယ်။ သူကတော့ ရှိချင်မှ ရှိမယ်။ သူမရှိလည်း အမေ ရှိတယ် ရောင်းပေးလိမ့်မယ်ဆိုတော့ ပန်းညိုက ၀မ်းသာသွားတယ်။
ဆက်ရန်
.

8 comments:
သဒိုး ဆိုတာ ဒါကိုး...
ဒိုးကလေးနာမည်ကနေ သဒိုးဖြစ်မယ်ထင်ထားတာ...။
အော်.. သဒိုး ဆိုတာ ဒါကိုခေါ်တာနော် သိဘူးဗျ.. ဒိုးကလေးကနေ ဘယ်လိုများ သဒိုး ဖြစ်သွားတာလဲ လို့ .. စဉ်းစားနေတာ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
သို့
Shwe Zin U
ကြက်တူရွေး တစ်ကောင် လာပြန်ပြီ။ ဘာလူမျိုးဖြစ်ဖြစ် ကောင်းတဲ့သူက ကောင်းမယ်ဆိုတဲ့ စကားလုံးက . .. စာအုပ်တွေ.. မီဒီယာတွေမှာ မကြာခဏ ပြောနေတဲ့စကားပါ။ အဲဒါကို ကြက်တူရွေးလို ပြန်ရွတ်ပြနေတာ။ ဘာဖြစ်လို့ မိမိဦးဏှောက်နဲ့ စဉ်းစားပြီး မပြောတာလဲ? အသက်တွေကြီးပြီး .. ဦးဏှောက်က ဖွံ့ဖြိုးခြင်းမရှိပဲ ရပ်တံ့နေပုံရတယ်။ မီဒီယာတွေထဲက စကားလုံးတွေ. .. စာအုပ်တွေထဲက စကားလုံးတွေကို လာလာပြီးရွတ်မပြနဲ့။ မြန်မာသိက္ခာကျတယ်။ နေရာတိုင်းမှာ လူဆိုးလူကောင်းရှိတယ်ဆိုရင် နအဖနဲ့.. ဒီမို အညှိးကြီးကြီးနဲ့ရန်ဖြစ်နေတာကို အဲလိုသွားပြောပါ။ အဲဒါကြတော့ မီဒီယာတွေက သင်မပေးလို့မပြောဘူးမဟုတ်လား?
ကြက်တူရွေးရောဂါရနေသည့် ငတုံးများကို အမြင်ကပ်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
ဟဲ .. အပေါ် ၂ ယောက်နဲ့ တူတူပဲ။ သဒိုးဆိုတာ ဒိုးကလေးကို ပြောတာမှတ်လို့။ သံဒိုးကို စာလုံးပေါင်းတာ သေးသေးတင် ကျန်ခဲ့လို့ သဒိုးဆိုပြီး ဖြစ်နေတယ် ထင်တာ။ လက်စသတ်တော့ သားထိုးသမားကို အသံထွက်အတိုင်း သဒိုး ရေးတာကိုး။
အင်း ... ပျားဖွပ် သားထိုး မယားခိုး အဲဒီသုံးမျိုး အင်မတန် အကုသိုလ်ဖြစ်ပြီး အပြစ်ကြီးတယ်လို့ မှတ်သားခဲ့ဖူးတယ်။ ဒိုးကလေးတို့ကတော့ သဒိုးသမီးကို သတို့သမီးလုပ်အုံးမလား မသိဘူးနော်။ အဲဒီ ၂ ခုက အသံထွက်ချင်း တူနေတော့ကာ စဉ်းစားမိတာပါ။ :)
ကူလီမျိုးဟေ့ ဒို့ပလာတာ...
သကြားနဲ့ အသူရာ သမက်နဲ့ယောက္ခမ ရန်ဖြစ်နေတာ သွားပြောကြပါ..( ဟင်..ဘာမှလဲ post နဲ့မဆိုင်ဘူး..အသားလွတ်ကြီး)
ပုံ
လဒရောဂါရနေသည့်...စဏ္ဍာလကျောက်မျိုး
Ha ha
Ba kyauk kwa
ကိုကြီးကျောက်ကွ....စ်
အခုမှ ရောက်လို့ လာဖတ်ရတယ် အစ်မရေ။
ကျနော်က ဒိုးကလေးကနေ သဒိုး ဖြစ်လာမယ် ထင်နေတာ။ ဒါနဲ့ မဆိုင်တာလေးတွေ ပြောရမယ် ဆိုရင် ပျားဖွတ် ၊ သားတိုး ၊ မယားခိုး လို့ပဲ ကျနော်က ကြားဖူးထားတာ။
ပျားဖွတ် - ပျားရည်အတွက် မီးနဲ့ မြှိုက်ခြင်း
သားတိုး - ဝက် ၊ ကြက်များကို အသား အလို့ငှာ ရောင်းခြင်း
မယားခိုး - ဒါကတော့ မရှင်းတော့ဘူး။
ဒါနဲ့ ငရှုပ် တစ်ကောင်လည်း ရောက်နေပါရောလား။ သူက အူသံ တော်တော်တော့ ကောင်းတယ် အစ်မ သတိတော့ထား။
Post a Comment