အခန်း(၂၅)
ဆယ်လီက အိပ်နေခိုက် ခရိတ်သည်ကင်းစောင့်ရင်း ဆယ်လီပြောလိုက်သော စကားအကြောင်းကို စဉ်းစား နေမိလေသည်။ အထူးသဖြင့် မိမိတို့ ဘိုးဘွားလက်ထက်မှစ၍ မိသားစုပိုင်ဖြစ်သော ကင်းလင်း မွေးမြုရေးခြံကြီး အကြောင်း သတိရနေမိသည်။
တစ်ချိန်က ယင်းခြံကြီးတွင် မွေးမြုထားခဲ့သည့် ထောင်ပေါင်းများစွာသော မျိုးကောင်း နွားအုပ်ကြီးကို လည်းကောင်း၊ ခြံလုပ်ငန်းတွင် လာရောက် အလုပ်လုပ်ကြသူဒေသခံ တိုင်းရင်းသား လူမည်း (မာတာဘယ်လီ) လူမျိုး ယောကျာ်း၊ မိန်းမများနှင့် သူတို့၏ မိသားစုများ နေထိုင်ကြပုံကို လည်းကောင်း၊ ထိုတိုင်းရင်းသား မိသားစုများမိမိတို့၏ ဘ၀ကို ကြိုးစားဖန်တီးသကဲ့သို့ မိမိ (ခရိတ်) ကိုယ်တိုင်လည်း ဤအမျိုးသမီး ဆယ်လီနှင့်တူ မိမိတို့၏ဘ၀ကို မည်သို့မည်ပုံ ဖန်တီး တည်ဆောက်ကြမည်ဟု စိတ်ကူးယဉ် ခဲ့မိပုံကို လည်းကောင်း ပြန်ပြောင်းတွေးနေမိသည်။
သူ၏ နှလုံးသားထဲမှ ချစ်ခင်မြတ် နိုးမိချိန်မှစ၍ သူသည် ဆယ်လီအား (တိုင်းရင်းသား လူမည်းများနည်းတူ) ငါပိုင်ဆိုင်သော ငါ့မိန်းမဟူ၍ သတ်မှတ်ယူဆခဲ့ပြီးဖြစ်သောကြောင့် ဤသို့ တွေးမိခြင်းလည်းဖြစ်ပေသည်။
စဉ်းစားနေရာမှ ခရိတ်သည် ဆယ်လီအိပ်နေရာသို့ လျှောက်သွားပြီး ရင်ဘတ်နားသိုကပ်၍ အသက်ရှုသံ မှန်မမှန် နားထောင်ကြည့်လေသည်။
မကြာသေးမီက ဗိုလ်ချုပ် ဖွန်ဂါဘီရာ အကြံပက်စက်မှုဖြင့် ဆယ်လီအားတတိယတပ်မဟာမှ ရှိုနာလူမျိုး လူမည်းစစ်သားများက အ၀တ်အစားတွေ အတင်းဆွဲချွတ်လျက် တစ်ကိုယ်လုံး ဗလာကျင်းကာ ရေတိမ်နစ်ရတော့မည့်ဆဲဆဲ ခံစားရရှာပုံကိုလည်း ပြန်ပြောသတိရနေမိသည်။
ခရိတ်သည် ဆယ်လီထံမှ ပြန်လျှောက်ထွက်လာပြီးနောက် သူ၏ ငယ်သူငယ်ချင်း မာတာဘယ်လီ အမျိုးသား တွန်ဂါတာအကြောင်း စဉ်းစားနေမိပြန်လေသည်။ငယ်စဉ်က သူတို့နှစ်ဦး လူငယ်များအဖြစ် အတူပြေးလွှားကစားခဲ့ကြပုံ၊ ပျော်ရွှင် မြူးတူးရင်း အားပါးတရ ရယ်မောခဲ့ကြပုံတို့ကိုလည်း သတိရ မိသည်။
အထူးသဖြင့် တရားရုံးမှ အမှုစီရင်ချက်ချပြီး ရဲအစောင့်များက ဆွဲခေါ်သွားခါနီးတွင် တွန်ဂါတာက မိမိအား လက်တစ်ဖက်ဖြင့် လျှို့ဝှက်အချက်ပေး ဆက်သွယ်သွားခဲ့ပုံကိုပါ ပြန်လည် သတိရမိလေသည်။
အထူးသဖြင့် တရားရုံးမှာ အမှုစိရင်ချက်ချပြီး ရဲအစောင့်များက ဆွဲခေါ်သွားခါနီးတွင် တွန်ဂါတာက မိမိအား လက်တစ်ဖက်ဖြင့် လျှို့ဝှက်အချက်ပေး ဆက်သွယ်သွားခဲ့ပုံများကို ပြန်လည် သတိရမိလေသည်။
ခရိတ်သည် တစ်ချိန်က မီလျံနာခေါ် ဒေါ်လာသန်းချီကြွယ်ဝသူ မီလျံနာသူဌေး ကြီးတစ်ဦးဖြစ်ချင်သည့် ရည်မှန်းတောင့်တချက် ရှိခဲ့ဖူးရာ ယခုတော့မူ သူသည် မီလျံနာမဖြစ်ရုံမက ဒေါ်လာငွေ သန်းချီ၍ ကြွေးတင်နေ သူတစ်ဦး ဖြစ်နေပါတကားဟု ဆင်ခြင်းသုံးသပ်မိလေသည်။
မကြာသေးမိကအထိ ထင်ရှားကျော်ကြားပြီး ငွေကြေးအတွက် လုံးဝ မပူပင်ရသော ထိပ်တန်းစာရင်းဝင် စာရေးဆရာကြီးတစ်ဦး ဖြစ်ခဲ့လင့်ကစား ယခုတော့ကြွေးတွေ လည်ပ်ငးခိုက်နေသူတစ်ယောက် ဖြစ်နေလေပြီ။
ယခုမိမိ၏ ဗြိတိသျှ လေကြောင်းကုမ္ပဏိမှ ပေးထားသော လက်ဆွဲအိတ်ထဲ၌ ပိုင်ဆိုင်မှု အခွင့်အရေးနှင့် ပတ်သက်သော ရရှိမည့် စာချုပ်ဟူ၍ ဘာမှမရှိတော့ပြီဖြစ်သည်။ ရေးလက်စ စာမူအတွက် စာမူခ အားလုံး ကို လည်းကြွေးရှင် သိမ်းယူလိုက်မည်မှာ သေချာနေပေပြီ။
ထို့ကြောင့် ယခုအခြေအနေတွင် ခရိတ်အနေဖြင့် ဘာပစ္စည်းမှ မရှိတော့ချေ။
ဘာမှမရှိဟုဆိုရာ၌ ခြွင်းချက်တော့ရှိလေသည်။ မိမိတွင် ယခု လက်ဝယ်ရှိနေသည်ကား ဤဆယ်လီအမည်ရှိ သော အမျိုးသမီးနှင့် လောကကြီးကို နာကြည်းသည့်ဒေါမနဿစိတ်သာလျှင် ဖြစ်ပေသည်။
တစ်ဖန် သူ၏စိတ်ကူးထဲ၌ ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ မျက်နှာကိုမြင်ယောင်လာမိပြန်သည်။ ချောကလက် ကဲ့သို့ အညိုရောင် အဆင်းရှိသောလည်း ခံ့ညားချောမွေ့သော အင်္ဂါရုပ် ပိုင်ဆိုင်သူ ဖွန်ဂါဘီရာကို သတိရမိချိန် တွင် ခရိတ်သည် ပို၍ပင် ဒေါသထွက်လာမိလေသည်။
ခရိတ်သည် တစ်ညလုံး မအိပ်ဘဲ ထိုင်စောင့်နေလေသည်။ တစ်နာရီကြာလျှင် တစ်ကြိမ်ခန့် သူသည် ဆယ်လီ အိပ်နေရာသို့သွားပြီး မအေးစေရန် ဂရောင်းရှိ (တာလပတ်) အပိုစဖြင့် ရစ်ပတ်ခြုံ ထားပေး လေသည်။
တစ်ကြိမ်တွင် ဆယ်လီ၏ နဖူးမှ ဒဏ်ရာကို လက်ဖြင့် အသာစမ်းကြည့်ရာ သူမက နာကျင်ဟန်ဖြင့် လူးလွန့်လာဖြင့် ခရိတ်လည်း လက်ကို လျင်မြန်စွာပြန်ရုပ်လိုက်ရသည်။
တစ်ကြိမ်တွင် ခပ်လှမ်းလှမ်းရှိ ဆားကျင်း မြေချိုင့်ကြီး၏ တစ်ဖက်အစွန့်၌ လူရိပ်လိုလို မြင်မိသဖြင့် စိုးရိမ်သွား မိသည်။ သို့သော် အဝေးကြည့်မှန်ပြောင်းဖြင့် သေချာစွာကြည့်လိုက်သောအခါ သိရသဖြင့် လူမဟုတ်ဘဲ ဂေဖယ်လ်ခေါ် သမင်၊ ဒရယ်အုပ်စု သတ္တ၀ါတစ်ကောင်သာဖြစ်ကြောင်း သိရသဖြင့် စိတ်အေးသွားတော့သည်။
အရှေ့ဘက် မိုးကုတ်စက်ဝိုင်းဆီးမှ ရောင်နီသန်းစ ပြုလာပေပြီး။
ခရီးဆက်ကြရန်အသင့်ပြီဟု ယူဆလျက် ခရိတ်သည် ဆယ်လီအား နှိုးရန်လျှောက်သွားရင်း ဆားကျင်း မြေချိုင့် ကြီးဘက်ဆီသို့ အမှတ်မဲ့ လှမ်းကြည့်လိုက်မိသည်။
ဤတွင် ခရိတ်သည် အကြီးအကျယ် စိုးရိမ်တုန်လှုပ်သွားမိလေသည်။
အကြောင်းမူကား နောက်မှလိုက်လာသည့် ရှိုနာစစ်သားများတပ်ဖွဲ့ကို အဝေးမှ လှမ်းမြင် လိုက်ရသော ကြောင့်ပင် တည်း။
အလှမ်းဝေး နေလင့်ကစား စစ်သားများက မိမိတို့နောက် ခြေရာခံလိုက်လာခြင်း ဖြစ်ကြောင်း ထင်းရှား ပေသည်။
ခရိတ်သည် စိတ်ပျက်အားလျော့သွားမိသော်လည်း ပြေး၍ မလွတ်နိုင်သည့်အတူတူ ရင်ဆိုင်ခုခံတိုက်ခိုက်ရန် ပြင်ဆင်မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ အရှင်လက်ရ ဖမ်းခြင်းကိုတော့ မခံ။ သေသည်အထိ ခုခံတိုက်ခိုက် မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ခုခံတိုက်ခိုက်ရန်လည်း ဤနေရာသည် အသင့်တော်ဆုံးနေရာဟု ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ ကျောပိုးအိတ် ရှိရာသို့ လျင်မြန်စွာ ပြေးသွာလျက် လက်ပစ်ဗုံးငါးလုံးကို ယူလိုက်သည်။ ထို့ပြင် ယူဆောင်လာသော ၀ိုင်ယာ ကြိုးသံကြိုးများနှင့် သံဆူးကြိုး ဖြတ်သည့် ပလာယာကိုပါ ယူ၍ ပြန်ပြေးလာသည်။
သူတို့၏ နေရာမှာ ချိုင့်ဝှမ်း၏ ကမ်းပါးတစ်နေရာဖြစ်၍ မြေကြီးက မြင့်တတ်နေပုံမှာ ကတုန်သဖွယ် ဖြစ်နေသော ကြောင့် ခရိတ်က ဤနေရာမှပင် ခုခံတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ရန်သူလာရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ စစ်သားများသည် တစ်ယောက်နောက် တစ်ယောက် လိုက်ပါလျက် တန်းစီချီတတ်လာသည်ကို မြင်ရလေသည်။ သို့သော် ရောက်လျှင် လူစုခွဲကာ ၀ဲယာဖြန့်၍ တိုက်ကြလိမ့်မည်ဟု ခန့်မှန်းရပေသည်။ သေနင်္ဂဗျူဟာတွင် သမားရိုးကျ စစ်ဆင်နည်းတစ်ခုဖြစ်သော မြားဦး သဏ္ဍာန် လူခွဲဖြန့်၍ တိုက်ကြရမည်ဟု ထင်ရသည်။
ခရိတ်သည် အကြံတစ်ခု ရလာသဖြင့် ရန်သူစစ်သားများ ချဉ်းကပ်လာမည်ထင်ရသော လမ်းတွင် လက်ပစ်ဗုံးများကို တစ်ခုနှင့်တစ်ခု ခြေလှမ်းနှစ်ဆယ်ခန့် ခွာလျက် ချထားလိုက်သည်။
ထို့နောက် အသင့်ရှိသော ၀ိုင်ယာကြိုးဖြင့် လက်ပစ်ဗုံးအားလုံးကို ဆက်သွယ်လိုက်သည်။ ဗုံးတစ်လုံးပေါက် လျှင် ကျန်လက်ပစ်ဗုံးများလည်း တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပေါက်ကွဲအောင် ဖန်တီးထားခြင်းပင်ဖြစ်သည်။ ၀ိုင်ယာကြိုးကို လက်ပစ်ဗုံးတစ်လုံးစီး၏ ဖောက်ခွဲသည့် ခလုတ်(ပင်)နှင့် ဆက်သွယ်ထားလိုက်ခြင်းအားဖြင့် ဆက်တိုက် ပေါက်ကွဲမည်ဖြစ်လေသည်။
ခရိတ်သည် ဆယ်လီ အိပ်နေရာသို့ ပြန်သွားပြီး လက်ပစ်ဗုံးများနှင့် ဆက်သွယ်းထားသော ၀ိုင်ယာကြိုးစကို ကျောပိုးအိတ်အဖုံးတွင် ချည်းထားလိုက်သည်။
ကောင်းကင်၌ အလင်းရောင်များလာပြီဖြစ်၍ ခရိတ်သည် ရန်သူမမြင်အောင် မြေပြင်တွင် ဒူးထောက် နေလိုက် သည်။ သူ၏ အေအေ ၄၇မောင်းပြန်ရိုင်ဖယ်သေနတ်မှ ကျည်ဆန်းကက်ကိုလည်း သေချာစွာ စစ်ဆေးကြည့်ရှု ပြီးနောက် အသင့်ကိုင်ထားလေသည်။
အိပ်ပျော်နေသူ ဆယ်လီအား နှိုးလိုက်ရာရန်သင့်ပြီဟု ဆုံးဖြတ်လျက် ခရိတ်သည် သူမ၏နှုတ်ခမ်းကို ညင်သာစွာ ယုယစွာ နမ်းလိုက်သည် ချက်ချင်းပင် လူးလွန့်လာကာ မျက်လုံးဖွင့်လေသည်။
ပထမသော် ခရိတ်ကို မြင်မြင်ချင်း ချစ်ခြင်းမေတ္တာစိတ်တွေ ဖြစ်ပေါ်လာသော်လည်း ချက်ချင်းလိုပင် မိမိတို့၏ လက်ရှိအခြေအနေကို သတိရမိသဖြင့် မျက်နှာညှိုးငယ်ရှာပြန်လေသည်။
သူမသည် ထထိုင်ရန်ကြိုးစားရာ ခရိတ်က မထစေဘဲ ပြန်အိပ်ခိုင်းလေသည်။
"သူတို့ ဒီကို လာနေကြပြီကွဲ့။ ငါတော့ ပြန်တိုက်ဖို့ ဆုံးဖြတ်ထားလိုက်ပြီး"
ခရိတ်က ပြောလျှင် ဆယ်လီသည် နားလည်ဟန်ဖြင့် ခေါင်းညိတ်လေသည်။
"မင်းမှာ ကက်ပတိန်း နီဘေဘီပေးခဲ့တဲ့ ပစ္စတိုသေနတ် ရှိတယ်မဟုတ်လား"
ဤတွင်လည်း ဆယ်လီက ခေါင်းညိတ်ပြရင်း သူမ၏ ခါးမှ သေနတ်ကို လက်ဖြင့် စမ်းလိုက်သည်။
"သေနတ်ကို ပစ်တတ်ရဲ့လား"
"ဟုတ်ကဲ့ ပစ်တတ်ပါတယ်"
"သေနတ်ပစ်ရင် ကျည်ဆန်တစ်တောင်ကိုတော့ ကိုယ့်အတွက် ချန်ထားလိုက်ပါ"
ခရိတ်က ဘာကြောင့် ဤသို့ပြောသည်ကို ဆယ်လီသည် သဘောပေါက်သဖြင့် ဘာမှပြန်ပြောဘဲ ငေးကြည့် နေလေသည်။
"ဒါနဲ့ပတ်သက်ပြီး မင်းက ငါ့ကို ကတိပေးစေချင်တယ်"
(ရန်သူနှင့် ရင်ဆိုင်တွေ့ရပြီး မတတ်သာ၍ အရှုံးပေးရတော့မည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ရန် ခရိတ်ဆိုလိုပေသည်။)
"ကောင်းပါပြီ ကျွန်မ ရှင့်ကို ကတိပေးပါတယ်"
ဆယ်လီက ခပ်တိုးတိုး ပြန်ပြောရှသည်။
ခရိတ်သည် ရန်သူလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ စစ်သားများက ကိုက်လေးရာခန့် အကွာသို့ ရောက် လာပြီဖြစ်ကြောင်း တွေ့ရလေသည်။
နီးလာပြီးဖြစ်၍ လူဦးရေးကို ရေတွက်၍ရပြီဖြစ်ရာ ခရိတ်သည် သေချာစွာ ကြည့်လိုက်သောအခါ စစ်သားငါးဦးရှိ ကြောင့် တွေ့ရလေသည်။ ထို့ကြောင့် စိတ်ဓာတ်ကျသွားမိလေသည်။
ကက်ပတိန်နီဘေဘီအနေဖြင့် ရန်သူတပ်ဖွဲ့အား ကိုယ်ခိုက်ရာ၌ မိမိတို့ မျှော်လင့်သလောက် အကျအဆုံး များ အောင် မပစ်ခတ်နိုင်ကြောင်းသိရ၍ စိတ်ဓာတ်ကျမိခြင်းဖြစ်သည်။
ယခုအတိုင်း ရန်သူစစ်သည် ရှစ်ဦးအနက် နီဘေဘီက သုံးဦးသာ ကျအောင် ပစ်ခတ် တိုက်ခိုက် နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။
မိမိက အလစ်တွင် လျှပ်တစ်ပြတ် လျင်မြန်စွာ တိုက်ခိုက်နိုင်သည့်တိုင်အောင် တစ်ယောက်နှင့် ငါးယောက်ဖြစ်၍ မိမိထက် ငါးဆ အင်အားများနေခြင်းသည် စိတ်ဓာတ်ကျစရာပင် ဖြစ်နေတော့သည်။
ရန်သူစစ်များသည် မိမိတို့ ၀ပ်နေသည်ကို မြင်ပုံမရသေးချေ။
"ဟေ့....ဆယ်လီ ခေါင်းငုံ့ပြီး နေစမ်းပါ။ မျက်နှာမော့ထားရင် ရန်သူက အလွယ်တကူ မြင်နိုင်တယ်ကွဲ့။
ခရိတ်က သတိပေးလိုက်သဖြင့် ဆယ်လီလည်း ချက်ချင်းပင် လိုက်နာကာ ဦးခေါင်းကို ငုံ့ထားလိုက်လေသည်။
ခရိတ်ကိုယ်တိုင်ကလည်း ရန်သူများ ရုတ်တရက် မမြင်နိုင်အောင် မျက်နှာကို ရှပ်အင်္ကျီအောက်စဖြင့် ဖုံးအုပ်ထားလိုက်ပြီးမှ၊ စစ်သားများချီတတ်လာသည်ကို အသာကြည့်နေလေသည်။
တတိယ တပ်မဟာမှ စစ်သားများသည် တကယ့် စစ်သည်ကောင်းများဖြစ်ကြောင်း သိသာထင်ရှားပေသည်။ တစ်ညလုံး မရပ်မနား ချီတတ်လာခဲ့ရလင့်ကစား ယခု သူတို့ကို ကြည့်ရသည်မှ ပင်ပန်းနွမ်းနယ်ပုံမရ။ အလွန် ဖျက်လက်သွက်လက်နေပုံ ရလေသည်။
ရှေ့ဆုံးမှ ချီတတ်လာသူမှာ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး ရှိနာလူကြီးတစ်ဦးဖြစ်ပြီး စိတ်အား ထက်သန် စွာဖြင့် လျှောက်လာနေသည်။ အေကေ ၄၇ရိုင်ဖယ်ကမောင်းပြန်သေနတ်ကို အလွယ်တကူး ပစ်ခတ် နိုင်ရန် လက်ယာ ဘက် ခါးနားတွင် အသင့်ကိုင်ထားသည်။ သူ၏ မျက်လုံးများကလည်း အလွန် စူးရှ တောက်ပြောင် နေသည်။
ယခုလာသူ စစ်သည် ငါးဦးအနက် ထိုလူကပင် ခေါင်းဆောင်ဖြစ်ရမည်ဟု ခရိတ်က တွက်မိလေသည်။
ထိုလူ၏ ၀ဲယယာနှစ်ဘက်၌ စစ်သားနှစ်ဦးစီညှပ်၍ လိုက်ပါလာရာ ထိုလူများကတော့ ခန္ဓာကိုယ် တုတ်တုတ်ခိုင် ခိုင်နှင့် ဗလကောင်းသူများ စြဖ်ကြသည်။ သူတို့သည် အရပ်မြင့်မြင့်နှင့် ခေါင်းဆောင်က လက်ဖြင့် အချက်ပြခြင်းကို တစ်သဝေမတိမ်းလိုက်နာ၍ လှုပ်ရှားနေကြလေသည်။
စစ်သည်ငါး အသံမပြုဘဲ ဆိတ်ငြိမ်းစွာ ချီတတ်လာနေစဉ် ခရိတ်သည် လက်ပစ်ဗုံးနှင့် ဆက်သွယ်ထားသော ၀ိုင်ယာကြိုးကို အသင့်ပြင်ထားလိုက်သည်။
သူတို့၏ ဦးခေါင်းသည် ၀ဲယာနှစ်ဖက်လုံး လှည့်ပတ်ကြည့်နေပုံအရ တစ်စုံတစ်ခုကိုမြင်၍ ဖြစ်ရမည် ဟုထင်ရ ပေသည်။ ခရိတ်သည် အသက်ပြင်းပြင်း မရှုဝံ့အောင်ပင် ရင်ဖိုနေမိလေသည်။
အရပ်မြင့်မြင့် ရှိုနာသည် လှုပ်ရှားပြန်လေသည်။ သူ၏ ၀ဲယာနှစ်ဖက်မှ စစ်သည်များအား လက်ပြအချက်ပေး၍ ပုံစံအနေအထား ပြောင်းခိုင်းလိုက်ရာ စစ်သားငါးဦးတို့၏ ရပ်တည်ပုံ အနေအထားသည် မြားဦးပြောင်းပြန်လှန် သကဲ့သို့ ဖြစ်သွားလေသည်။
ယင်းအနေအထားသည် ငွန်နီခေါ် တိုင်းရင်းသားလူမျိုးအုပ်စုတို့ စစ်တိုက်ရာတွင် အသုံးပြုလေ့ရှိသော နည်းဗျုး ဟာတစ်ရပ်ပင် ဖြစ်ကြောင်ခရိတ်က သိထားလေသည်။ တစ်ချိန်က ငွန်နီတိုင်းရင်းသားတို့၏ ဘုရင် ချာကာဆိုသူသည် ယင်းနည်းဗျူးဟာ တိုက်နည်းဖြင့် ရန်သူတို့အား ထိရောက်စွာ တိုက်ခိုက်ချေမှုန်းခဲ့ဖူးလေ သည်။
ယခုလည်း ခရိတ်အား ရန်သူက ငွန်နီတို့၏ သေနင်္ဂဗျူဟာနည်းဖြင့် ချေမှုန်းပစ်ရန် လာနေပါချေပြီ။
ခရိတ်သည် ရန်သူစစ်သားများ ဖြန့်၍ နေရာယူထားပုံကို ကြည့်ပြီး မိမိက လက်ပစ်ဗုံးများ ခပ်ခွာခွာနေရာချ ထားမိခြင်းသည် ကောင်းလေစွဟု တွက်ကာအနည်းငယ် အားတတ်သွားမိလေသည်။
ခေါင်းဆောင် ရှိုနာလူမျိုး၏ ၀ဲယာတောင်ပံနှစ်ဖက်မှ စစ်သားများသည် မကြာမီ မိမိမြှပ်ထားသော လက်ပစ်ဗုံး များရှိရာသို့ ရောက်လာတော့မည် ဖြစ်သည်။
ခရိတ်သည် လက်ပစ်ဗုံးများနှင့် ဆက်ထားသော ၀ိုင်းယာကြိုးများကို သေချာစွာစစ်ဆေးကြည့်ပြီး အသင့်ပြင် ထားလိုက်သည်။ ရှေ့ဆုံးမှ တက်လာသူများထဲတွင် အရပ်မြင့်မြင့်နှင့် ရှိုနာလူမျိုးခေါင်းဆာင် ပါလာလျှင် မည်မျှ ကောင်းမည်နည်းဟုလည်း စိတိထဲမှ တောင့်တမိလေသည်။ သို့သော် ထို့လူက နောက်နားမှနေ၍ သူ၏ လူများအား ညွှန်ကြားအမိန့်ပေးနေလသည်။
လက်ယာဘက် တောင်ပံမှ စစ်သားများသည် လက်ပစ်ဗုံး မြှပ်ထားရာနေရာအနီးသို့ ရောက်လာပြီး ဖြစ်သည်။ သို့သော် လက်ဝဲဘက်မှ လူက လက်ပစ်ဗုံးနေရာနှင့် ခြေလှမ်းဆယ်လှမ်းခန့် အကွာတွင်ပင် ရှိနေ သေးသည်။
"နှစ်စလုံးကို တစ်ပြိုင်နက် ထိအောင် ဖောက်ခွဲမှ ကောင်းမယ်"
ဤသို့ ခရိတ်သည် စိတ်ထဲမှ ဆုံးဖြတ်မိလေသည်။
လက်ယာဘက်မှ စစ်သားသည် မြေကြီးမြှပ်ထားသော လက်ပစ်ဗုံးနှင့် ပွတ်ထိသွားလောက်သည့်နေရာသို့ ရောက်လာပြီး ဖြစ်သည်။ လက်ဝဲဘက်က လူသည်လည်း နီးကပ်လာလေသည်။ ထိုလူ၏ နဖူးတွင် သွေးစွန်းနေ သော ပတ်တီးစည်းထားလေရာ ကက်ပတိန်နီဘေဘီ၏ လက်ချက်ပင် ဖြစ်ရမည်ဟု ခရိတ်က တွက်လိုက်မိ သည်။
လက်ပစ်ဗုံးများခွဲရန် အချိန်ရောက်ပြီဟု ဆုံးဖြတ်လျက် ခရိတ်သည် ၀ိုင်ယာကြိုးစနှစ်ခုကို တအားဆွဲလိုက် သည်။ ဗုံးဖောက်ခွဲသည့်စနက်တံ သို့မဟုတ် ပင်များကို ဆွဲဖြုတ်လိုက်ခြင်းပင်ဖြစ်ရာ သုံးစက္ကန့်အကြာတွင် ထပေါက်ကွဲလေတော့သည်။
လက်ယာဘက်မှ စစ်သားသည် လုံးဝပျောက်ကွယ်သွားလေသည်။ ထိုလူမှ လက်ပစ်ဗုံးနှင့် အလွန်နီးကပ် သဖြင့် မည်သည့်နည်းနှင့်မှ အသက်မရှင်နိုင်ဟု ထင်ရပေသည်။
ကျန်စစ်သည် သုံးဦးတို့သည်လည်း မြေပြင်သို့ ပစ်လှဲဝပ်ချလိုက်ရင်း သူတို့၏ လက်နက်များဖြင့် ပြန်လည် ပစ်ခက်ကြလေသည်။
နဖူး၌ ဒဏ်ရာရထားသူလက်ဝဲယာမှ လူတစ်ယောက်သာလျှင် မတ်တက်ရပ်လျက် ရှိလေသည်။ သို့သော် စက္ကန့်ပိုင်းမျှသာ ကြာသည်။ လက်ပစ်ဗုံးက ၀ုန်းခနဲ့ပေါက်ကွဲလေရာ ဓာတ်ပုံရိုက်သည့် ဖလက်ရှိမီးလင်း သကဲသို့ပင် အလင်းရောင်ဖြာထွက်လာလေသည်။ လက်ပစ်ဗုံးမှ သံတိုသံစများသည် ထိုလူ၏ ၀မ်းဗိုက် တည့်တည့်သို့ တိုက်ရိုက်ထိမှန်သွားသဖြင့် လူတစ်ကိုယ်လုံးပါ မြှောက်တက်သွားပြီးမှ မြေပြင်သို့ ပြန်ကျလေ သည်။
"နှစ်ယောက်တော့ သွားပြီ"
ဤသို့ တွက်မိပြီးနောက် ခရိတ်သည် အရပ်မြင့်မြင့်နှင့် ရှိုနာလူမျိုး (တပ်ဖွဲ့ခေါင်းဆောင်) အား ချိန်၍သ ပစ်ရန် ကြိုးစားလေသည်။
သို့ရာတွင် ခရိတ်သည် မြေပြင်တွင်ဝပ်၍ နေရသောကြောင့် သေနတ်ပြောင်းကိုလည်း သစ်ပင် ချုံနွယ် များကြား မှ ချိန်ရသောကြောင့် ထိမှန်အောင်ပစ်ခတ်ရန် မလွယ်ကူလှချေ။ ထိုပြင် ရှိုနာလူမျိုးသား စစ်သည်က အငြိမ်မနေဘဲ မြေပြင်တွင် လှိမ့်နေသဖြင့် ချိန်ပစ်ရန် ပို၍ပင်ခက် နေလေသည်။
သို့ဖြစ်လင့်ကစား ခရိတ်သည် ထိုလူရှိရာသို့ မှန်း၍ အေကေ ၄၇ရိုင်ဖယ်ဖြင့် စတင်လှမ်းပစ်လိုက်သည်။ မထိ မှန်သဖြင့် နောက်ထပ် ပစ်လိုက်ပြန်တော့လည်း ထိုလူ၏ လက်ဝဲဘက်သို့သာ ကျည်ဆန်များ ကျရောက်သွား သည်။
ဤတွင် ရှိုနာလူမျိုးကလည်း သူ၏ကိုယ်ကို လှိမ့်ရင်းက ခရိတ်ဘက်သို့ ပြန်းလှမ်းပစ်ခက်လေသည်။
ထိုအခိုက် အခြားစစ်သားတစ်ဦးသည် ရုတ်တရက်ထပြီး ခရိတ်အား တောင်ဘက်မှ တိုက်ခိုက်ပစ်ခတ်ရန် ချိန်ရွယ်ပြန်လေသည်။
ခရိတ်ကလည်း ထိုလူ၏ လှုပ်ရှားမှုကို ရိပ်ခနဲ မြင်လိုက်သဖြင့် ချက်ချင်းပင် ချာခနဲ လှည့်ကာ သူ၏ အေကေ၄၇ မောင်းပြန်သေနတ်ဖြင့် ကပစ်လိုက်လေသည်။ ခန္ဓကိုယ်၏ အလယ်ပိုင်းနှင့် ဆီးစပ်နေရာသို့ ချိန်၍ ပစ်လိုက်ခြင်းဖြစ်သည်။
အေကေ၄၇ သေနတ်သည် အနီးကပ်ပစ်ရာ၌ အလွန်ကြောက်စရာကောင်းအောင် ယမ်းအား ပြင်းထန်လှသဖြင့် ခရိတ်က ဦးအောင်ကြိုတင်ပစ်လိုက်ခြင်းကြောင့် စစ်သားသည် သူ၏ ရိုင်ဖယ် သေနတ် ကို ပစ်ချလိုက်ပြီး ရှေ့သို့ အလျားထိုး မှောက်လဲကာ ငြိမ်သက်သွားလေတော့သည်။
အရပ်မြင့်မြင့်နှင့် ရိုင်နာအျိုးသားသည် သူ၏ နောက်မှ စစ်သားတစ်ဦးအား ဟစ်အော် အမိန့်ပေးရင်း ခရိတ်ရှိရာဘက်သို့ ပြေးဝင်လာပြန်သည်။
ခရိတ်သည် ထိုလူဘက်သို့ လျင်မြန်စွာပြန်လှည့်လာပြီး အေကေ ၄၇ သေနတ်ဖြင့် ပစ်လိုက်သည်။ လူချင်း လွန်းနီးကပ်နေပြီဖြစ်၍ လွဲချော်စရာ အကြောင်းမရှိချေ။
သို့ရာတွင် ခရိတ်ကခလုတ်ကို ဆွဲလိုက်သောအခါ ဘာကျည်းဆန်မှ မထွက်ဘဲ ချောက်ခနဲသာ အသံမြည်သွား လေသည်။ သေနတ်ထဲတွင် ကျည်ဆန်ကုန်နေသောကြောင့်ပင် ဖြစ်သည်။
ရှိုနာအမျိုးသားသည် ဆက်လက် ပြေးဝင်လာလေသည်။
ခရိတ်လည်း ကပျာကယာ သေနတ်တွင် ကျည်ဆန်ကတ်အသစ် ထိုးလိုက်သည်။ သို့သော် သူ၏ လက်က ယခင်ကလောက် လျင်မြန်ဖျက်လက်ခြင်း မရှိဘဲ စက္ကန့်ပိုင်းခန့် နှောင့်နှေးနေသည်ဟု ထင်ရသဖြင့် စိုးရိမ်နေမိ လေသည်။
ထို့ကြောင့်ပင် သူသည် ကျည်ဆန်အသစ် ထိုးပြီးပြီးချင်း သေနတ်မောင်းကိုဆွဲ၍ ပစ်လိုက်သောအခါ အရပ်မြင့် မြင့်ရှိုနာလူမျိုးကို လုံးဝ မမြင်ရတော့ချေ။
ထိုလူသည် မြေပြင်တစ်နေရာတွင် ၀ပ်၍ နေရာယူလိုက်ဟန် တူသည်း။ ခရိတ်ပစ်လိုက်သော ကျည်ဆန် များသည် မည်သည့် ပစ်မှတ်မှ မထိဘဲ လေထဲတွင်သာ ဖြတ်ကျော်သွားလေသည်။
ခရိတ်သည် မချင့်မရဲဖြစ်လျက် ရှိုနာလူမျို၏နောက်မှ လိုက်လာသူ စစ်သားအား ချိန်၍ ပစ်လိုက်ပြန်သည်။ လူချင်းအတော်အလှမ်းဝေးသော်လည်း ကံကောင်း၍ပဲလား မပြောတတ်။ ကျည်ဆန်တစ်တောင့်သည် ထိုလူ၏ ပါးစပ်ပေါက်တည့်တည့်သို့ ထိမှန်သွားလေရာ လက်ဝှေ့ချန်ပီယံတစ်ဦးက အနီးကပ်လက်သီး ဖြင့် တအားထိုး လိုက်ဘိသကဲ့သို့ ထိုလူ၏ ဦးခေါင်းသည်နောက်သို့ လန်ထွက် သွားရင်း ပုံလျက်သား လဲကျသွား လေတော့ သည်။
အခန်း (၂၅) အပိုင်း (၂) ဆက်ရန်
.
2 comments:
ဖတ်သွားပါတယ် မမရေ။ ကျေးဇူးတင်ပါတယ်။
စိတ်ဝင်စား စရာကောင်းတဲ့ တိုက်ပွဲ လေး ဖြစ်နေပြီနော်. ဖတ်လို့ အရမ်းကောင်းပါတယ်
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment