ဒိုးကလေးက လှည်းကြုံတောင် တင်ပေးလိုက်သေးတာပါ။ ပန်းညိုက လှည်းနောက်မြီးမှာ တင်ပလွှဲ ကလေးတိုင်ရင်းက အစ်ကို သွားမနော တဲ့။
သည့်နောက်တော့ တစ်ပတ်တစ်ရက်တန်သည် နှစ်ရက်တန်သည် ကုက္ကိုကုန်း ကို ပန်းညို ရောက်လာ တတ်တယ်။ ရောက်လာတိုင်းလည်း ဒိုးကလေးရှိတာချည်းပဲ။ ပန်းညိုက သူလာမယ့် ရက်ကြို ပြောထား တော့ ဒိုးကလေးက ဘယ်ရွာမှ မသွားတော့ဘူး။ ပန်ညိုနောက်ကျရင် တောင်မျှော် တတ်ပြီ။ ပန်းညို လာတော့လည်း ရွာထဲက အိမ်ပေါက်စေ့ သူပဲလိုက်ပို့တယ်။ စပ်ရောင်းပေးတယ်။ ဒိုးကလေး ကိုယ်တိုင်လည်း အမဲသားတစ်တွဲ ယူဖြစ်အောင်ယူတော့ တစ်အိမ်လုံး အမဲညှင်းတွေနဲ့ ဖြစ်ကုန်ပြီး။
"ငဒိုးရေ....အမေတို့လည်း အမဲညှင်းတွေများနေပြီး...... ငါ့သားမလဲ ပန်းညိုပါ ညှင်းချင်နေပြီ လားဟဲ့.. .. မုဆိုးမတော့ မမှန်းလိုက်ပါနဲ့တော်........ သားသတ် ဖားသတ်နဲ့ အကုသိုလ်ကြီး သဲ့ဟာတွေ ရပ်တန်း က ရပ်တော့..."
"အမေက လုပ်ကရော့မယ်....... သနားလို့ပါဗျ..... ကျုပ်ကကော ယူမှာတဲ့လား.... မဟုတ်တာ"
"ယူမယူတော့ မပြောတတ်ဘူး...... တစ်ရွာလုံးက ပြောကြလှပြီ...... အမဲသားသည်ကတော်တော် တော့်သားက ရှေ့နောက်နေသာတဲ့။ မယူချင်လို့လည်း မရဘူးတဲ့........ ဒိုးကလေးဇွတ်ရောင်း လို့ ၀ယ်ရသာ များပတဲ့....... ကောင်းရော့လား...... မင်းဟာက......"
"သူတို့ဝယ်တော့ စားရသာပေါ့ဗျာ......... သူဟာသူ့ ဈေးလာရောင်းတာ ရောင်းပါစေဗျာ....... ခမျာ ကျုပ် တို့ အားကိုးရှာလို့ လာသာပါ အမေရာ....."
"အားကိုးရှာလို့ ပြောနေသာဟဲ့....... တစ်သက်လုံး ဘုန်းကြီးလိုနေလာပြီး အမဲသားသည် ကျမှ ဓာတ်ကျ........ မင်းမလည်း ခုမှ အိမ်မြဲတော့သယ်....."
"ခက်ပါ့ ကောဗျာ"
ခက်ပါ့ကော်ဗျာ၊ ခက်ပါ့ကောဗျာနဲ့ ရှေ့လည်းစကားမစဆတ်တတ်တော့ဘူး။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒိုးကလေး၊ ဒိုးကလေးနဲ့ ရွာ့အပျို နုနုထွတ်ထွတ် ကလေးတွေကြား ရေပန်းစားနေရာက ကြိုက်မယ့်ကြိုက်တော့ အမဲသားသည် မုဆိုးမ သားတစ်ယောက်အမေကို ကြိုက်မိနေပါပကော။ ဒိုးကလေးစိတ်ထဲ ရွာဆယ်ရွာ မိန်းမချော ပြိုင်ပွဲများလုပ်ရင် ပန်းညိုက ပထမဆု ရမယ်လို့ တောင် ထင်မိတယ်။ ရွာကတော့ ရစရာမရှိအောင် ပြောကြတာပေါ့။ ရွာအပျိုတွေက အဆိုးဆုံး။ ဒိုးကလေး များပြော လိုက်ကြတာ နှစ်ပြားမတန်ဘူး။
"ဒိုးကလေး ဒိုးကလေးနဲ့ သံဒိုးမဟုတ်ပေါင်အေ....... ခုံဖိနပ်ပြီးတို ဒိုးပါ..... အိုးခြမ်းကွဲဒိုးပါ...... တစ်ရက်က ရေတွင်းမှာ အိုးပင့်ပေးရ မလားတဲ့ လုပ်းသေးသာ......... ကျုပ်ဟာကျုပ် ပင့်နိုင်သယ် အမဲသားစော် နံမစိုးလို့ လို့ပြောလိုက်သယ်........."
"ငါကကော ဘာထူးတုန်း......... လမ်းမှာတွေတော့ ငါက ဟိုဘက်ရှောင် သွားလိုက်သယ်....... ဒိုးကလေး က ဘယ်လိုဖြစ်သာ တုန်ဟတဲ့.... ယင်ကောင်တွေအုံလို့တော်ရေလိုက် ပြန်ပက်လိုက် တော့....... အံမယ်...... မျက်စိမျက်နှာတွေများ ပျက်လို့......."
ဒိုးကလေးအဖေ ဘကြီးပျားအုံကလေည်း ဆုံးမရှာပါရဲ့။ မရပါဘူး။ ဒိုးကလေးက ပန်းညိုမလာတဲ့ ရက်တွေဆိုရင် ညောင်ကားယားမှာ။ ပန်းညိုလာမယ့် ရက်များမတော့ ကုက္ကိုကုန်းမှာ။
"သဒိုးသမီးကလည်း ဖြစ်ရသေး...... လင်သေမုဆိုးမကည်း ဖြစ်ရသေး...... ကလေးတစ်ယောက် ကလည်းပါသေး......... အမဲသားလည်ရောင်းရတဲ့ မိန်းမကလည်း ဖြစ်သေး... မင့်ဟာက န၀ါဖင်ဖြူပါ ကောကွာ..... လူခိုက်ဖို့ ရှိတော့သာပါလား....."
ဖအေပြောလည်း ပြောပြောပါ။ နောက်ရက်တွေမျာ ပန်းညို ကုက္ကိုကုန်း မရောက်လာတော့ဘူး။ ဒိုးကလေးလည်း ရွာပြန်မရောက်တော့ပါဘူး။ ဒိုးကလေးနဲ့ ပန်းညိုညောင်ကားယားမှာ ပေါင်းနေကြ ပြီဆိုတဲ့သတင်းပဲ ရောက်လာခဲ့တယ်။ မအေ ဒေါ်မှုံကြီးမျး မတ်တတ်က ပစ်လဲတဲ့ အထိ စိတ်ထိ ခိုက် ရှာခဲ့တယ်။ ဘကြီးပျားအုံကတော့ မအေဖြစ်သူကိုပဲ အပြစ်တင်တာပါ။ ဆုံးမတိုင်း ရှေ့က ကာဆီးကာဆီ လုပ်ခဲ့တာ မဟုတ်လား။
"အမဲသားသည်နဲ့ ညားတော့ည်း ၀မ်းတွင်းသား စားရသာပေါ့ မယ်မှုံရာ........"
ဖအေက သည်လိုအရွဲ့စကာလောက် ပြောနိုင်တော့တာပါ။ မိဘရယ်လို့ ဒိုးကလေးကို ဘယ်တုန်းက မှ ပြောလို့ဆိုလို့ မရခဲ့တာ၊ ခုမှပြောလို့လည်း မရတော့ဘူး ဆိုးတာသိကြပြီကိုး။ ဖြစ်သမျှအကြောင်း အကောင်းလို့သာ သဘောထားလိုက်ကြရတော့တာ ပေါ့လေ။ ဒိုးကလေးကတော့ ဖအေမအေ ကိုရော ရွာကိုရော ပြန်စောင်းတောင် မကြည့်တော့ပါဘူး။ ကုက္ကို ကုန်းရွာသားဘ၀ကနေ ညောင်ကားယားရွာသား တဖြစ်လဲ သွားတာပဲ ရိှတယ်။
ရွာကလည်း သည်ကိစ္စ အေးအေးဆေးဆေးရှိမှ ပြန်စဉ်းစားကြတယ်။ ဒိုးကလေးက လူပေါ်ကြော့်ပဲ။ ဘယ်ဟာများ လက်ကြောတင်းခဲ့လို့လဲ။ မိဘခမျာ အိုကြီးအိုမ ဘ၀သာရောကြရော၊ ရေတစ်ပေါက် ခပ်မတိုက်ခဲ့ဖူးဘူး။ ထင်းတစ်ပွေ့ ခွေမပေးခဲ့ဘူးဘူး။ မနက်မိုးလင်းတာနဲ့ ပိုဆိုးဒယဥ့်တိုက်နဲ့ ထွက်တော့တာ မဟုတ်လား။ ရွာတစ်ရွာ သုံးရက်နဲ့ ရွာဆယ်ရွာ တစ်ပတ်ပတ်တာနဲ့ တစ်လကုန် ရောဆိုတဲ့လူ။ ဆယ်နှစ်ပတ် ပတ်တော့ တစ်နှစ်။ သည်လိုနဲ့ သည်အရွယ်ကြီးသာ ရောရော၊ ရွာရိုး ကိုးပေါက်နဲ့ ပြီးရတာ ကြာလှပေါ့။
ဘာလုပ်နေမှန်းလည်း မသိ၊ ဘာဝင်ငွေမှာလည်းမရှိ။ မိဘများ ပင်ပငန်းတကြီး ရှာဖွေထားတဲ့ ပိုက်ဆုံ ခါးထိုးပြီး ဖြုန်းနေတာပဲ မဟုတ်လား။ မြို့သားဂိုက် ဖမ်းထား တဲ့ တောသားယောင်ချာချာဆိုတာ ပန်းညိုကို ယူတော့မှ မြင်လာကြတယ်။
မိန်းကလေးတွေခများလည်း သည်လိုပဲ တွေးကြတယ်။ တို့စိတ်ကူးယဉ်ခဲ့တဲ့ ဒိုးကလေးဆိုတာ လက်စသပ်တော့ လဲမှို့လို လွင့်နေတဲ့ လူပါဘားပေါ့။ ညည်လိုတွေးမိကြတော့လည်း ဒိုးကလေး မုဆိုးမယူတာကို မနာကြာတေ့ပါဘူး။ တန်ရာ တန်ရာ ရတာပဲလို့ တွေးကြတယ်။ မိဘနှစ်ပါးက တော့ သူတကာတွေ တွေးသလို ဘယ်တွေးပါ့မလဲ။ သားကိုး။
ကိုယ့်သားအချိုး ဟုတ်တာ မဟုတ်တာထား။ မုဆိုးမနဲ့ ညားတာကျတော့ စိတ်ထဲမကောင်းကြဘူး။ ဒင်းတို့ လင်မယား ကုက္ကိုကုန်းကို ခြေမချရဘူး၊ မိဘနှစ်ပါး သေတာတောင် မလာရဘူးလို့ လူကြုံနဲ့ မှာလို့ကြတယ်။ ဒိုးကလေးကလည်း မပူပါဘူး။ အလကားနေရင်းတောင် ကုက္ကိုကုန်း ကပ်တာမှ မဟုတ်တာ။ ပန်းညိုကို ယူတေ့ကော ဘယ်သူက ဘာနာစရာလိုလို့လဲလို့ ခံယူထားပြီးသား။ ကိုက္ကိုကုန်း မကပ်ရ နေပေါ့။ ရွာကိုးရွာတောင် ကျန်သေးတဲ့ဟာ သွားပါလေ့ဗျာလို့တောင် စကားပြန်လိုက်သေး တာပါ။
ဆက်ရန်
.

စာဖတ်သူများ သို့
သဒိုး ဆက်ရန် ကိုတော့ နောက် တပတ် ၁ဝရက် လောက်နေမှ တင်နိုင်ပါမယ်ဗျာ... အခန်း ဆက်ဖြစ် နေတာ မထွက်သေးလို့ပါ.. ။
ကျနော် တင်မဲ့ စာအုပ်တွေကို ကျနော့် ကလေး တွေ ကို တအုပ်ခြင်းစီ ပေးထား ရပါတယ်.. သူတို့ အားတဲ့ အချိန်မှာ တနေ့စာတနေ့ အလျှင်မှီအောင် ရိုက်ပေးကြပါတယ်... တချို့လည်း စာရွက်တွေ နဲနဲ ပိုနေပေမဲ့ ကျနော့် ကို နောက်နေ့ အလုပ်ရှုတ်မှာ ဆရာမ ရှိတာလေး ချွေတင်ပါ လို့ ပြောပါတယ်.. အင်း တနေ့လုပ်မှ တနေ့ စားလေးလို့သာ မှတ်လိုက်ပါတော့...။
ကြားဖြတ် ကျနော် တင်ချင်တဲ့ စာမျိုးကိုတော့ ရိုက်သင် ကလေး တွေကို အားရင် ရိုက်ခိုင်းရပါတယ်....။
ဟိုနေ့တွေက တင်ရမဲ့ စာတွေနည်း နေတဲ့ အတွက် ရိုက်ပြီးသား ရှိတဲ့ စာကို ရောတင် လိုက်တာပါ... အားနာ ပါတယ်ဗျာ ထွက်ထွက်ခြင်း တင်လိုက်ပါ့မယ်..။
လေးစားစွာဖြင့်
ရွှေစင်ဦး
.
16 comments:
ဒါဖြင့် အသစ်ကြီးကို ဖတ်နေရတာပေါ့...
ကျေးဇူးတင်ထှာ အစ်မရာ.......
အစ်မရေကျေးဇူးအများကြီးတင်ပါတယ်ခုလိုဆရာမခင်ခင်ထူး၊မ၀င်းမြင့်တို့ရဲ့စာတွေကိုဖတ်ရတာ၊အားပေးနေပါတယ်၊၊
အစ်မရေဆရာမ၀င်းဝင်းလတ်ရဲ့စာအုပ်လိုက်ရှာနေတာခုထိမရသေးလို့ရှိရင်တင်ပေးပါလားရှင့်၊နာမည်ကသိပ်တော့မသေချာဘူး။အချစ်စစ်စစ်များလို့ထင်ပါတယ်၊၊
သက်
ကျေးဇူးပဲ အစ်မရေ။
အကုန် လိုက်ဖတ်နိုင်ဖို့ အချိန်ကလည်း မရှိတော့။
ဒါကို ရွေးဖတ်ထားမိတော့လည်း စောင့်ရမှာပေါ့ဗျာ။
ကျေးဇူးတင်ပါတယ် ဆရာမရေ..
ကျွန်တော်တို့လည်း ဖြေးဖြေးချင်း စောင့် ဖတ်ပါ့မယ်.. အခုလို အသစ်လေး ကို ချက်ခြင်း ဖတ်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူး အရမ်းတင်ပါတယ်ခင်ဗျ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ဒိုးကလေးအစွဲနဲ့ မအားတဲ့ကြားက လာလာဖတ်နေတာ .. အမကြီးက နောက် ၁၀ ရက်လောက်နေမှ တင်နိုင်မယ်ဆိုတော့ ဆွေးပါပြီ။
ဘာပဲဖြစ်ဖြစ် အသစ်ကလေး တင်ပေးတာ ကျေးဇူးကမ္ဘာပါ အမရေ .. ။
အမကြီး မရွှေစင်၊ အရီးလေး မစည်းစိမ်နှင့်တကွ စာရိုက်ပေးသူ သမီးများ ကိုယ် စိတ် ချမ်းသာကြပါစေ ... ။
သာဓုပါခင်ဗျာ..သာဓုပါ..
အစ်မလေးတို့ တင်ပေးမှ ဖတ်ရတဲ့ဘဝပါ..
ပုံ
စဏ္ဍာလကျောက်မျိုး
သဒိုးလာဖတ်တာ မရွှေစင်ရေ...
၁၀ရက်လောက်စောင့်ရဦးမယ်ပေါ့နော်။
ဘာဘဲဖြစ်ဖြစ် စောင့်ဖတ်ပါမယ်။
ရတဲ့အချိန်တာ တင်ပေးပါ။ ကျေးဇူးတင်ပါတယ်ရှင်.
ကျေးဇူးတင်ထှာ အစ်မရာ.:D
ရွှေစင်ရေ အ၇မ်းကျေးဇူးတင်တယ်
အလုပ်ကပြန်ေ၇ာက်တာနဲ့မင်းဘလောက်ကိုအ၇င်ဆုံး
ဖွင့်ပြီးဖတ်၇တာ ဘာလို့လဲဆိုတော့ မင်းတင်ပေးတဲ့
စာတွေကဒို့အကြိုက်ဖြစ်နေလို့ အဲဒီအတွက်မင်းကို
အ၇မ်းကျေးဇူးတင်တယ်
လူတိုင်းအပေါ်စေတနာထားတတ်တဲ့ ရွှေစင်
မင်း၇ဲ့ဘ၀တလျှောက်အမြဲသာယာပါစေ
ဒီတပုဒ်တော့ အစကနေ ဆက်တိုက်ဖတ်ဖြစ်တယ်။
အသစ် ဖြစ်နေတာ ခုမှသိရတော့တယ်။
ကျေးဇူးပါအစ်မ စောင့်ဖတ်ပါ့မယ်။
ဆရာမခင်ခင်ထူး အရေးအသားကို နှစ်ခြိုက်တယ်။
ဆရာမ၀င်းဝင်းလတ်စာအုပ်က
အချစ်ရဲ့နောက်ဆက်တွဲများတဲ့
ညီမ ရေ
အချစ်ရဲ့ နောက်ဆက်တွဲများကို အီးဘွတ်ခ် အနေနဲ့ ဖတ်လို့ ရမယ်ထင်တယ် အမ တွေ့မိသလိုဘဲ သေချာအောင် ရှာကြည့်လိုက်ပါအုန်း အမ လည်း ရှာလိုက်မယ်နော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
http://www.myanmarebooks.net/?p=1404
ဆရာမ ဝင်းဝင်းလတ် ရဲ့ အချစ်၏နောက်ဆက်တွဲ စာမျက်နှာ.. link ဖြစ်ပါတယ်။
http://www.edinooyin.com/profiles/blogs/4347155:BlogPost:376885
နောက်ထပ်linkတစ်ခုပါ... ပထမ link က down ရင် error တက်နေလို့ ပါ။
ကျေးဇူးညီမ ရေ ရှိပြိးသားဆိုတော့ အဆင်ပြေသွားတာပေါ့
Post a Comment