Wednesday, August 11, 2010

ရွှေစင်ဦး ဘလော့ဂ်လေး တနှစ်ပြည့်ပြီ

၂ လပြည့်မှာ ရေးခဲ့တာပါ

ကျနော် အင်တာနက် သုံးတာ သိပ်မကြာသေးပါဘူး၊ အချိန်ပေးပြီး မသွားနိုင်တာလည်း ပါတာပေါ့၊ ပျင်းနေတာ ကတော့ အဓိက ပါ..  အခုလို ကိုယ်နဲ့ နီးနီးကပ်ကပ် အင်တာနက်သုံးဖို့ အချိန်ရသွားတော့၊ ကျနော်လည်း တအားသဘောကြ သွားမိတယ်၊ အင်တာနက် အနားကမခွာနိုင်အောင်ပါဘဲ၊ အင်တာနက် မှာ ဘလော့တွေ ဖတ်ရင်း နဲ့ ကျနော်လည်း ကိုယ်ပိုင်ဘလော့လေး တခုလောက် လိုချင်တဲ့ စိတ်တွေ ပေါ်လာပြီးတော့ ၄ရက် ၈လ ၂၀၀၉ မှာ ဘလော့ အသစ်လေးနဲ့ သဘောတွေ့လို့ပေါ့ဗျာ။

ကျနော်က စာရေးအရမ်းပျင်းတယ်၊ ဒါပေမဲ့ စာရေးဆရာ တယောက်ဖြစ်ချင် တာ ကတော့ တပိုင်းသေလို့၊ ကျနော် ကျောင်းတက်နေတုန်းကတော့ အိမ်က မောင်လေးတွေ က စာတွေဖတ်ပြီး စာမရေးလို့ မရေးတတ် ဘူး ဘာဘူး နဲ့ လျှောက်စတာနဲ့ ကျနော် က မရေးချင်လို့ အခုရေးရင် အခု ရတယ်ဆိုပြီး ဖြစ်ဖြစ် ညှစ်ညှစ် နဲ့ တပတ်လောက် မအိပ်မနား ရေးလိုက်တာ ၀ထ္ထုတို ၂ပုဒ် ဖြစ်လာပါတယ်၊ မြှားနတ်မောင် မဂ္ဂဇင်းမှာ ၂ လဆက်တိုက် ပါလာ ပြီးတဲ့နောက်တော့ ကျနော်ဟာ ဘဝင်တွေထိပ်ရောက်ပြီး တရားဝင် အပျင်းထူခွင့်၊ အကြွားသန် ခွင့်ရသွားပါတယ်။

အဲဒီအချိန်ကရေးလိုက်တဲ့ ဝထ္ထုတို ၂ ပုဒ်ဟာ ကျနော်အတွက် အနှစ် ၂၀ စာလောက် ဖူလုံသွားပြီး အခု အင်တာနက် မှာ ကိုယ်ပိုင် ဘလော့လေးရလာမှ ကိုယ် မရေးရင် ဗလာဘလော့ ဖြစ်တော့ မှာမို့ ကျိုးစား အားထုတ်ပြီး ရေးနေရပါတယ်၊ ကျိုးစားသည်းခံပြီးတော့ဖတ်ကြပါ ခင်ဗျား၊ ခင်ဗျားတို့ သည်းခံရတဲ့ အကျိုးကျေးဇူး အတွက် ကျနော်က အကောင်းဆုံးဝထ္ထု လေးတွေနဲ့ တင်ဆက်ပါမယ်၊ စိတ်ပျက်သွားပြီလား ဟဲ..ဟဲ၊ ကျနော့် ဝထ္ထု မဟုတ်ပါဘူး၊ ကျနော်အကြိုက်ဆုံး ဝထ္ထု လေးတွေကို ရွေးချယ် ပြီးတော့ ဘလော့မှာ တင်ပေး ပါမယ်နော်။

နောက် ပြီး ခင်ဗျားတို့ ကို ကျနော့်ရဲ့သူကလေးအကြောင်းလည်း ပြောရအုန်းမယ် သူက ကျနော်နဲ့အတူ ဘလော့တွေ ဖတ်ဖော် ဖတ်ဖက်တွေပေါ့ဗျာ၊ သူက ဘလော့ တွေဖတ်ရင် c box နဲ့ comment တွေကိုအရမ်း စိတ်ဝင်စားတယ်၊ သူကိုယ်တိုင်လည်း ဝင်ရေးတယ်၊ သူများတွေ အခြေအတင် ပြောထားတာတွေကို လည်း ဝင်ရောက် ငြင်းခုံဆွေးနွေးတယ်၊ အခု ကျနော် ဘလော့အသစ် လုပ်မယ်ဆိုတော့ သူကလေးက သိတ် စိတ်ဝင်စား တယ်၊ ကျနော်ရေးမဲ့ စာတွေကိုမဟုတ်ဘူးနော်၊ ကျနော်ရဲ့ c box ထဲမှာဝင်ရေးမဲ့ အကြောင်း တွေ နဲ့ comment တွေကိုပါ.... ကျနော် က ဘာမှ မဟုတ်တော့ သူခမျာလည်း သနားစရာပါ၊ တနေ့တနေ့ ဘာ comment ဘာ c box ထဲက စာတလုံး  မှ တွေ့မလာတော့ တဖြေးဖြေးနဲ့ ငြိမ်သက်လာပါတယ်။

နောက်တော့ တက်တက်ကြွကြွ နဲ့ ကျနော်ရဲ့ c box ထဲကစာတွေအကြောင်း လာပြောတယ်၊ ကျနော်လည်း အင်း အင်းပေါ့၊ ဒီနေ့တော့ စပ်ဖြီးဖြီးနဲ့ ကျနော်အနားလာပြီး ကျနော် လောကြီးသွားတယ်တဲ့၊ ဘာလည်းဆိုတော့ ကျနော် ရဲ့ c box ထဲမှာ သူတယောက်ထဲ နဲ့ နှစ်ယောက် သုံးယောက် လောက်ငြင်းခုံ နေတဲ့ ပုံစံ နဲ့ ရေးထားတာ အခုတော့ သူဘာသာသူ send လုပ်တဲ့ အချိန်တွေကို သတိထားမိသွားလို့ တော်တော် စိတ်ပျက် သွားတာ သနားစရာပါဗျာ .... ပြီးတော့ ပြောသေးတယ် လာလည်သူ မရှိရင် ခင်ဗျား စိတ်ဓါတ်ကျမှာ စိုးလို့ ကျနော် က ကူညီ တာပါ တဲ့  ဟဲ..ဟဲ... သိပ်ချစ်စရာကောင်း ညီမလေး ပါဘဲ...။

(အားလုံး သိကြမှာပါ ... ချစ်ညီမ စည်းစိမ်ရှင်ပါ....)

၃ လပြည့်မှာ ရေးခဲ့တာပါ

ကျနော့် ရဲ့ဘလော့လေး ၄ ရက်နေ့ဆိုရင် ၃လသား အရွယ်ရောက် သွားပါပြီ၊ ဖတ်ရှု့အားပေးကြသော မိတ်ဆွေ သူငယ်ချင်းများအား ကျေးဇူးတင်ပါကြောင်းနှင့် သတင်းစာ အစောင် ၅၀ (အဲ ရေးလို့မရဘူးဗျ၊ တနိုင်ငံလုံး ထွက်တာမှ မြန်မာ့အလင်း၊ ကြေးမုံ၊ ရတနာပုံ၊ မန္တလေးသတင်းစာ ဟဲ.ဟဲ ၄စောင်ဗျာ) မှ၎င်း၊ CDMA ဖုန်း အလုံး ၅၀၊ GSM ဖုန်း အလုံး ၁၀ဝ တို့ဖြင့်၎င်း လူကိုယ်တိုင် လာရောက် ၍ အားပေးကြသော ကျေးဇူးရှင် (အမေပေး အဖေ၊ နှမပေး ယောက်ဖ အဲအဲ ယောင်လို့) အဘ တို့အား၎င်း e-mail လိပ်စာ ၁၀ဝ နှင့် Internet ဆိုသော ဘာကြီးမှန်း မသိမှ အားပေးကြသော ... အမလေးဗျာ သတင်းစာ လေး၂ရက်လောက် ဆက်ဖတ်လိုက် မိပါတယ် ....အကျင့်တွေ ကူး သွားလိုက်တာ ....မြန်လိုက်တာ မြန်လိုက်တာ...ဟဲ..ဟဲ။ အချုပ်အားဖြင့် ဆိုရသော် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကျနော် ပုံပြင်လေး တပုဒ် ဖတ်မိတယ်ဗျာ ဘလော့တွေထဲမှာလား မဂ္ဂဇင်း တွေထဲမှာလား မသိတော့ ဘူး၊ အတိအကျ မပြောနိုင်တဲ့ အတွက် ကျနော့် ရဲ့ မှတ်ဥာဏ်လေးကိုသာ ဝိုင်းပြီး ရန်လုပ်ကြပါတော့။ ကျနော် ကတော့ ရေးစရာရှိတာ ဆက်ရေးရအုန်းမှာပါဘဲ။

အဲဒီပုံပြင်ထဲမှာဗျာ မျှားပစ်ပြိုင်ပွဲလုပ်တယ်ပေါ့၊ အပစ်ခံတဲ့လူက ဘုရင်ရဲ့ ကိုယ်ရံတော်ပေါ့ သူ့ခေါင်းပေါ်မှာ ပန်းသီးတလုံး တင်ထားတယ်ဗျ.... ပထမ တယောက်ထွက်လာတယ်၊ ပန်းသီးလေးကို မှန်အောင်ပစ် နိုင်တယ်၊ ပရိသတ်က ဝိုင်းပြီးလက်ခုတ်တီး အားပေးကြတယ်၊ အဲဒီအခါမှာ မျှားပစ်သမားက ဂုဏ်ယူဝံ့ ကြွားစွာနဲ့  I am အာနိုး ပေါ့၊ တခါနောက်တယောက် ထွက်လာပြန်တယ်၊ သူကလည်း အဲဒီလိုဘဲ ပန်းသီးလေး ပြုတ်ကြသွားတဲ့ အခါမှာ ပထမ တယောက်လိုဘဲ I am ရမ်ဘို ပေါ့။

နောက်ဆုံး ကျနော်တို့ရဲ့ ဇာတ်လိုက်ကြီး ထွက်လာပါပြီ၊ သူကလည်း အသေအချာဘဲ ချိန်ပြီးတော့ ပစ်လိုက်တယ်ဗျာ၊ တည့်တည့်ကြီးပါဘဲ၊ ကိုယ်ရံတော်ရဲ့နုလုံးသားကို အဲဒီတော့ ကိုယ်ရံတော်လည်း ပက်လက်လန်ပြီး သေသွားတော့တာပေါ့၊ ပရိသတ်ကြီးကလည်း ဘာပြောရမှန်း မသိဘူး၊ ကြောင်နေကြ တာပေါ့၊ ဒါပေမဲ့ ဇာတ်လိုက်ကြီးကတော့ မကြောင်ဘူးဗျ၊ I am sorry ဆိုပြီးတော့ ခပ်တည်တည်နဲ့ ပြန်လှည့် ထွက်သွားပါတယ်...။

ကျနော် ပြောချင်တာကတော့ဗျာ ကျနော်လည်း အင်တာနက် က သူများဘလော့ တွေ ဝက်ဘ်ဆိုက် တွေမှာ ရေးထားတာတွေဖတ် ပရိသတ်ရဲ့ အားပေးသံတွေကို သဘောကျ ပြီးတော့ ဘလော့လေးထောင်ပြီး ဟိုရေးဒီရေး ရေးလိုက်မိတာ ၃ လ ပြည့်ပါတော့မယ်။ အဆင့်မမှီဘူး ထင်ရင်လည်း ခင်ဗျားတို့က အားနာ လို့ ဘာမှမပြောလည်း.... ၊ ကျနော်ကတော့ ခပ်တည်တည်ဘဲ I am sorry ပါဘဲ ဗျာ.......။

ရွှေစင်ဦး ဘလောဂ့် လေး တနှစ်ပြည့်ပြီ

ဘာလိုလို နဲ့ တနှစ်သားလေး ဘဝ ရောက်ခဲ့ပြန်ပြီ... ရေငတ်တုန်း ရေတွင်းထဲ ကျသလို အငန်းမရ ရေးလိုက် တာ နောက်ထပ် ရေးစရာ မှ ကျန်ပါအုန်း မလားလို့ ကို တွေးမိပါတယ်...။

ဘလော့ဂ် တခု တည်ဆောက်ရတာ လွယ်လိုက်တာ လို့ ဘလော့ဂ် လေး လုပ်ပြီးစ က တွေးမိတယ်.. ပြီးတော့ ရေးလိုက် တာ လည်း အများကြီး ဘဲ ဟောတပုဒ် ဟောတပုဒ် နဲ့ ဒါတောင် ချစ်ညီမ က တားထား ပေလို့ ....။

နောက်ပြီး ဆိုင်က ကလေး တွေ လည်း စာတွေ ရိုက်လိုက်ရတာ... မြန်မာစာ expert တွေ ကို ဖြစ်လို့ ... အင်း တနှစ်သား ဘဝရောက်လာပြီ ဆိုတော့ တနှစ်စာ အတွေ့အကြုံ လေးကို ပြန်လည် သုံးသပ် မိပါတယ်...၊  ကျနော် ဘလော့ဂ် လေး ရဲ့ အဓိက ရည်ရွယ်ချက် က 

စာကောင်းပေကောင်း တွေ ကို မျှဝေ ပေးချင်တယ်... ကျနော် က စာဖတ်ရတာ နှစ်သက်တော့ ကျနော် ဖတ်ရ သလို စာချစ်သူများ ကို ဖတ်စေချင်တယ်.. တခါတခါ များ စာကောင်း ပေကောင်း မဖတ် ရရင် သိပ်စိတ်တို တယ်... ဒါကြောင့် စာကောင်းလေး တွေ မျှဝေပေးပါတယ်.. (ဘလော့ဂ် မထောင် ခင် ကထဲက စာအုပ်တွေ ကို နီးစပ်ရာ ပေးငှားပါတယ်ဗျာ.. )။

ကျနော် ရေးချင်တာလေး တွေကို editor မရှိဘဲနဲ့ စာဖတ်သူ တွေစီ အရောက်ပို့ချင်တယ်.. editor ရှိရင် ရွှေစင်ဦး လက်ရာ စာကောင်း ပေကောင်း လေးတွေ ကို စာဖတ်သူများ မဖတ်ရမှာ စိုးရိမ် လို့ပါ.. editor ဆိုတာ ဆိုးမှန်းကောင်းမှန်း တခါတလေ သိပ်သိတာမဟုတ်ပါ... (သြ .. ချင့်ယုံ ကြပါ...)။

 တနေ့ တနေ့ ဘလော့ဂ် လည်ရင်း နဲ့ ကိုယ့် c box လေးကို ပြူးပြဲ ကြည့်ရတယ်.. ချစ်သူ များမလာကြ ပေမဲ့ လည်း .. မုန်းသူများ မကြွရောက် သွားကြတာကို ဘဲ ကျေးဇူး တင်နေရပါတယ်.... လာများ ဆဲသွားကြရင် ငါဘယ်လိုများ နေရပါ့မလည်းလို့ c box ဖြုတ်မယ် ဆိုရင်လည်း ဘယ်လိုများ ဘော်ဘော် များ နဲ့ ဆက်သွယ် ရပါ့မလည်းလို့ ... ညစ်ပတ်သူ လူတစုကြောင့် ကျနော့် ရဲ့ ဧည့်သည်တော် များ နားခိုရာ လေးကို ဖြုတ်မပစ်ချင် တဲ့ အတွက် အမြဲတမ်း ပူပင်နေရပါတယ်...(ကျန်းမာကြပါစေ ချမ်းသာ ကြပါစေ.. ရွှေစင်ဦး လေး အဆဲ မခံရပါစေနဲ့....)

နောက်ပြီး ကိုယ်ပိုင် စာလေး တပုဒ် တင်ပြီး ရင်လည်း စာဖတ်သူ များ ကြိုက်မှ ကြိုက်ကြပါ့ မလား ဆိုတဲ့ စိတ္တဇ က လည်း တော်တော် နှိပ်စက်ပါတယ်... ဒါကြောင့် (ထောင်ထဲ မှာ အော်တဲ့ အတိုင်း အားလုံး ကောင်း၏ သာ အော်ကြပါ စိတ်မဆိုးပါ... )

အရေးကြီးတာ တခု ရှိပါသေးတယ် .. ကိုယ့် ဘလော့ဂ် ဖော် ဘလော့ဂ် ဖက် လေး တွေ အသစ်တင် တဲ့ အခါ  မဖတ်ဖြစ်မှာလည်း အတော်စိတ်ပူ ရပါတယ်... သြ ကျနော် များ အသွားနောက်ကြသွား ခဲ့ ရင် .  သူတို့ ခမျာ မျှော်ကြမှာဘဲ လို့ တွေးတွေး ပြီးပူမိလို့ပါ... (တကယ်တော့ ကိုယ်ချင်းစာတာပါ....)

နောက်တခါ တခြား စာအုပ် များ တင်တဲ့ အခါ အင်မတန် ဦးနှောက်ခြောက်ရပါတယ်..စာဖတ်သူများ  ကြိုက်မှ ကြိုက်ကြ ပါ့ မလား ဆိုတာပါဘဲ.. လူတွေ က စိတ်မတူကြဘူး ကိုး တခါတလေ ကြရင် ကိုယ့် သိပ်ကြိုက် ပေ မဲ့ စာ လေး နေတော့ ဖတ်သူတွေ ပျင်း မှာကြောက်တယ် .. နောက်တခါ ဖတ်ဘူး ပြီးသားတွေ ဖြစ်နေမှာ စိုးရိမ်တယ် အင်တာနက် မှာ မရှိတာ ကိုလည်း သေချာရွေးရတယ်.. (အားလုံး အားလုံး ဖတ်ကောင်း ကြပါစေ)

အင်း ခုချိန်မှာတော့ ဘာမှ မလွယ်ဘူး ဆိုတာ ရွှေစင်ဦးလေး သဘောပေါက်သွားပါပြီ ...

ကဲ.... ရွှေစင်ဦး ရဲ့ ဘလောဂ် လေး ကိုလာရောက်ဖတ်ရှု့သူ များ နဲ့ အားလုံး ကျန်းမာချမ်းသာ စေကြောင်း ဆုမွန်တောင်းရင်း ကျေးဇူး အထူး တင်ပါကြောင်း လည်း သိစေအပ်ပါတယ်...   ကျနော့် ရဲ့ ခံစားချက် လေး ကို လည်း ပြောချင် ပါတယ်..... 

ကမ္ဘာမြေပေါ်မှာ လူသား တယောက် မွေးဖွား လာရင် အသက် ၁၂ဝ ရှည်စေဘို့ အနာရောဂါကင်း ရှင်း ဘို့ ကျန်းမာ ချမ်းသာ စေဘို့ ဆုတောင်း ပေးကြသလို...

ကျနော် လည်း ဂူးဂယ်လ် လေပေါ်မှာ ဘလော့ဂ် အသစ်ကလေး တခု မွေးဖွားလာရင် အသက် ၁၂ဝ ရှည်စေကြောင်း နဲ့ ဘလော့ဂ် လောက မှာ ငြိမ်ငြိမ်သက်သက် (အသက် မရှိသူကဲ့သို့ )...  ပိပိပြားပြား (တုံးအောက် က ဖါးကဲ့သို့)  နေထိုင်ရင်း မနေနိုင်လို့ ပါးစပ်အား လို့ လက်ယား လို့ ပြောချင် ရေးချင်ရင်..... အားလုံး မှန်ပါတယ်  .. ကောင်း ပါတယ် ခင်ဗျာ... အားလုံးကို လေးစားပါတယ် လို့သာ  ရေးတတ် ပြောတတ် ဘို့ နဲ့ အဆဲ မခံရ ဘို့ .... ဆုမွန် ကောင်း တောင်း ပေးချင် ပါတယ်ဗျာ..... (ကျနော် ကတော့ ကျင့်သား ရနေပါပြီ.. ထူးပါဘူး ဘော်ဘော် တို့ရေ )


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး (တနှစ်သား ဘလော့ဂ် ပိုင်ရှင်)
.

34 comments:

Anonymous said...

အမကြီးရွေစင်..

အဲလိုမျိုး အဆဲခံရမှာလည်း ကြောက်တက်သား..။ ဆင်ဆာလည်းကြောက်တက်သား.. ဟဲ.. ချင့်ယုံပါတယ်..။ အားလုံးအမှန်တွေပဲ ပြောမယ်ဆိုတာ.. လေ.. ဟို ရေးထားတဲ့ သတင်းစာတွေလို မိုးလုံးလေလုံးတော့ ထွားနဲ့နော်ကြိုက်ဖူးးးးးးးးးးးး..။ တကယ်ပြောတာပါ..။

ဆက်ရေးပါအုံး.. အသက်ရှင်နေသ၍ ရေးချရာားာာာာာားတွေလည်း အများကြီး..ရှိနေအုံးမှာ ပါလို့ မွေးနေ့လက်ဆောင်ပေးပါတယ်တော်.. အမာရွတ်နဲ့အမကြီးရှင်....။

ဗေဒါ (၈၈)

SHWE ZIN U said...

မဗေဒါ ရေ

မှားတင်လိုက်လို့ အချော မဖတ်ရသေးခင် ကောမန့် ကို ပြန်တင်ထားတယ် ကျေးဇူးပါ

ကိုအောင် said...

တစ်နှစ်ကနေ နှစ် ၁၀၀ တိုင်ပါစေ အမရေ၊ အမ
စာမျက်နှာက ပို့စ်တက်တာ မြန်တော့ အရင်
အဟောင်းတွေကို မနည်းကို ရှာဖတ်ရတယ်၊
အရာရာ အဆင်ပြေပါစေ အမရေ။

အင်ကြင်းသန့် said...

မမရွှေစင်....
မမရွှေစင်ရဲ့ဘလော့လေး တစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်အဓွန့်ရှည်တည်တံ့နိုင်ပါစေ။ ဘလော့ပိုင်ရှင်လည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာနဲ့ နောင်နှစ်များစွာအထိ စာကောင်းစာမွန်တွေကိုအများကြီးရေးနိုင်ဖတ်နိုင်ဝေငှနိုင်ပါစေ။ မမလေးကလည်း မမကြီးကို အမြဲတမ်း ချစ်ခင်စွာနဲ့ အားပေးကူညီနိုင်ပါစေ။

(သြော်...ကျန်သေးတယ်....ဆိုးလည်းဆိုး၊ ပျင်းလည်းပျင်းတဲ့ ညီမလေးတစ်ယောက်ကိုလည်း အမြဲတမ်းအခုလိုပဲ အာပေါက်လောက်သည်အထိ ဆက်လက်အားတွေပေးသွားနိုင်ပါစေလို့.....:)))

ချစ်ညီမလေး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် ဘာမှ လည်း အကျွေးဘူး....
ဒီက စားရတော့မယ် ထင်နေတာ...
ဘာဘဲဖြစ်ဖြစ် အခက်အခဲကြားကနေ စာကောင်းတွေ မျှဝေပေးတာ၊ အစားအသောက်လေးတွေ ချက်ကျွေးနေတာ၊ အတွေ့အကြုံလေးတွေ မျှဝေပေးနေတာတွေအတွက် အစ်မကို ကျေးဇူး အများကြီးတင်ပါတယ်..
ဘလော့ တစ်နှစ်ပြည့်မှသည်... နောင် နှစ်ပေါင်းများစွာ များစွာ တိုင်ပါစေ..
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ စာတွေ ဆက်ပြီးရေးနိုင်ပါစေ

ahphyulay said...

အင်း... ဟုတ်မယ်ဗျ၊
ဘလော့  တစ်ခု လုပ်ရတာ လွယ်မယ် ထင်သလောက်
ခက်နေတာပါပဲ။
ဘာဖြစ်လို့  ဆို စာ နဲ့  တူ တဲ့  စာ ကို ပဲ ရေး နေ တော့ 
တာ ကိုး လို့ ၊
စာတွေ နဲ့ ပဲ ဖွဲ့ စည်းထား တဲ့  ဘလော့  တစ်ခု အတွက်
တော့  တကယ်မလွယ်နိုင်ပါဘူးနော်..။
ဆက်လက် အောင်မြင် စွာ ကြာရှည် လေးမြင့်  စွာပဲ
ရပ်တည်နေနိုင် ပါစေ တော့ ဗျာ..။

မောင်မောင် said...

မရွှေစင်ဦးကြီး တစ်နှစ်တောင်ပြည့်သွားပြီလားဗျ။
အင်း ခရီးလည်း အတော်ရောက်ခဲ့သလို စာတွေလဲ အတော်တင်လိုက်သဗျာ။ တော်ပါရဲ့ ။
အမြဲအားပေးနေတယ်။
( မအားလို့ မရောက်ဖြစ်တာခွင့်ပြုစေချင်ပါရဲ့ )

ခင်မင်သော
မောင်မောင်

ညိမ်းနိုင် said...

ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေခင်ဗျာ...။
မရွေစင်ရေ...အားဘူးခင်ဗျ။သုံးလေးပုဒ်ကြွေးကျန်နေလေရဲ့..။လာမယ့် တနင်္ဂနွေမှ ဖတ်ရတော့မယ်..။

Unknown said...

အမကြီးရွှေစင်
ဘလော့ဒုက္ခသည်လုပ်ရတာ တစ်နှစ်ပြည့်သွားပြီပေါ့ အခုချိန်ထိ ငွေကုန်အချိန်ကုန်ခံပြီး ဆက်လက်ရေးသားနေနိုင်တာကိုဘဲ ကျေးဇူးတင်ပါတယ်
ဘလော့ဒုက္ခအစ ကော်နက်ရှင်ကဗျ ၊ ဘလော့ထောင်ကစပါ စိတ်ဓါတ်ကျမှာစိုးလို့ အားပေးကူညီရတယ် ကျွန်တော် ဘလော့ဂျပိုးက ဘလော့တကာ လည်ရင်လည်း အလကားမတ်တင်းနဲ့ ဘလော့စည်ပင်သာယာရေး ဥက္ကဌ လုပ်ပေးရသေးတယ် အခုတော့ ဖော်ကောင်လုပ်ထားသေးတယ် (ကောင်းကြသေးရဲ့လား ဘလော့ဂါတို့ရေ)
ဘလော့ပေါ်စာရေးတာတော့ဟုတ်တာပေါ့ ဟိုအရေး ဒီအရေးတွေထက် ကိုယ့်အရေးကိုယ်ဘဲရေးစေချင်ပါတယ် (ချစ်ချစ်ကြီးနဲ့အကြောင်းတွေ ဘယ်လောက်ဖတ်လို့ကောင်းတုန်းဗျာ) ပြီးတော့ အရသာရှိရှိ အညာဟင်းလေးတွေ ၊ ကိုယ့်အကြောင်းကိုရေးတော့ မသကာ ချစ်ချစ်ကြီးစိတ်ဆိုးရုံဘဲ ရှိမှာလေ အမကြီးက ဆဲခံရရုံလေးတင် ပူတာပါ ကျွန်တော်တို့မှာတော့ ဒီထက်မက ပိုပြီးပူရပါတယ် ဒါထက် စကားမစပ်ဗျာ ကြားဘူးတာလေးပြောရအုံးမယ်
မကောင်းရင် ကင်းအောင်နေ မကင်းရင်ကောင်းအောင်နေပါ တဲ့ဗျာ ဒါကြောင့် ငြိမ်ဝပ်ပိပြားလေး ရေးပါလို့ပြောရင်း........... ဆုမွန်ကောင်းတောင်းပေးပါတယ်

ချစ်ညီမ
seesein

မေဓာဝီ said...

တနှစ်ပြည့်သွားပြီလားးးး
မြန်လိုက်တာ ထင်တောင်မထင်ရဘူး။

မရွှေစင်လိုပဲ ကျမလဲ စာမဖတ်ရရင် မနေနိုင်သူပါပဲ။ ဒါကြောင့်လဲ စာကောင်းပေကောင်းတွေ တင်ပေးတဲ့ မရွှေစင်ဘလော့ကို တနေ့ အခေါက်ခေါက် မရောက်ရရင် အိပ်မပျော်ဘူး။ ရီဖရှက် ခဏခဏလုပ်ပြီး အသစ်တင်ပလားလို့ စောင့်ရတာလဲ အမော။ အင်တာနက် အဆင်မပြေတာတောင် မရွှေစင်ဘလော့ကိုတော့ အမြဲဝင်ဖြစ်တယ်။

ကျမကတော့ ဘာသာပြန်ထက် ကြယ်နီတို့ ကိုဆေးရိုးတို့လို တောဓလေ့စရိုက် ပေါ်လွင်စေတဲ့ ၀တ္ထုလေးတွေ ပိုသဘောကျတယ်။
ပြီးတော့ မရွှေစင်ရဲ့ ကိုယ်တိုင်ရေးဇာတ်လမ်းလေးတွေကိုလဲ တအားကြိုက်တယ်။ စပြီး စွဲသွားတာက ရွှေစင်ဦးလုပ်ခဲ့တဲ့ အလုပ်များဆိုတဲ့ ပို့စ်တွေနဲ့ ချစ်ချစ်ကြီးနဲ့ ဇာတ်လမ်းပို့စ်တွေ ... အဲဒီနောက်မှ တခြားပို့စ်တွေပါ အကုန်လျှောက်ဖတ်ဖြစ်တာ။
ဒီဘလော့လေး တနှစ်ပြည့်ထိ မရွှေစင်နဲ့ သမီးများရဲ့ အားထုတ်မှုကို ချီးကျူးလေးစားမိပါတယ်။
အရီးလေးစည်းစိမ်ရဲ့ ၀ိုင်းဝန်းပံ့ပိုးမှုကလဲ အားရစရာပါပဲ။ မရွှေစင်တို့ ညီအမနှစ်ယောက်ကို စိတ်ထဲကကို အလိုလို ခင်နေမိတာ။ ရေစက်ပဲ ထင်ပါရဲ့။

မရွှေစင်ရဲ့ တနှစ်သမီးဘလော့လေး နှစ်လရှည်ကြာ တည်တံ့ပါစေကြောင်း ဆုတောင်းလိုက်ပါတယ် ... ။

ချစ်ခင်လျက် ...
မေဓာဝီ

ယောနက်သန် said...

အားပေးလျှက်ပါ မရွှေစင်ရေ။

ယွန်း said...

တစ်နှစ်တောင်ပြည့်သွားပြီပေါ့..
အားပေးလျှက်ပါ အစ်မ..

ညအလင်္ကာ said...

တစ်နှစ်သားလေးပြည့်သွားတာ မသိလိုက်ဘူးဗျာ
ဒါတောင် မမဗေဒါဆီသွားလည်မှသိလာတာ
နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်တယ်ခင်ဗျာ
×××××××××××××××××

တစ်နှစ်သားလေးပြည့်သွားသော သူငယ်ချင်းရွှေစင်ဦး၏ ပို့သတဲ့မေတ္တာကြောင့် ကျန်းမာကြောင်းပါနှင့်
တစ်နှစ်ပြည့်ဘလော့မှစ၍ ကလောင်အစွမ်းဖြင့် စာကောင်းပေကောင်းများဆထက်တန်ပိုးရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ


ခင်မင်စွာဖြင့်
ညအလင်္ကာ

မြစ်ကျိုးအင်း said...

တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘာမှ မကြာလိုက်သလိုပါဘဲ။
အစ်မရွှေစင်ဘလော့တောင် တစ်နှစ်ပြည့်ခဲ့ပြီ။ ဘလော့ခရီးလည်း အတော်ရောက်ခဲ့ပြီ။ ရှေ့ဆက်ပြီး ခရီးဆက်နိုင်ပါစေဗျာ။ စာကောင်းတွေ ဖတ်ရလို့ အစ်မကိုကျေးဇူးတင်မိပါတယ်။ အစ်မနဲ့အတူ ၀ိုင်းဝန်းကူကြသောသူများအားလုံးလည်း အဆင်ပြေပျော်ရွှင်ကြပါစေဗျာ။

ကိုဇော် said...

ဖွင့်ထားတာက ၁၁ ရက်ကတည်းက ဖတ်ဖြစ်ပြီး မန့် ဖြစ်တော့ ၁၂ ရက်ကို ကူးသွားတယ် အစ်မရေ မအားလို့. . .။
ဆော်တီးးးးးးးးး

တစ်နှစ်ပြည့်မှ နှစ်ပေါင်း ၁၂၀ ကျော်တိုင်အောင် သားစဉ်မြေးဆက် ဆက်လက် စာပေတွေကို ဆက်လက် မျှဝေပေးနိုင်ပါစေဗျာ။

သူကြီးမင်း (တုံးဖလား) said...

အဲ... တစ်နှစ်ပြည့်သွားပြီလား။ ထင်တောင်မထင်လိုက်ရဘူး။ အချိန်တွေက အတော်မြန်သားကလား။

မရွှေစင်ရဲ့ တစ်နှစ်ခရီးက တာထွက်အရမ်းလှခဲ့ပါတယ်။ ဧည့်သည်တွေလဲ မရွှေစင်ကို မလာရ မနေနိုင်အောင်ကို ဆွဲဆောင်မှုရှိပါတယ်။ ဘလော့ဂါရဲ့စေတနာရှိမှု ရိုးသားမှု ဘလော့လေးရဲ့ သပ်ရပ်မှုတို့ ပေါင်းစပ်ထားတော့ မလာဘဲမနေနိုင်အောင်ပါဘဲ။ကျနော်လဲ မအားတဲ့ကြားထဲက တစ်ရက်ကို တစ်ခေါက်ကတော့ အနည်းဆုံးရောက်ဖြစ်ပါတယ်။ မရွှေစင်တင်ထားတဲ့ စာတွေကို အားလုံးကြိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ရေးလေးတွေကို ပိုကြိုက်တယ် ပိုလဲ ဖတ်ဖြစ်တယ်။ ကိုယ်တွေ့တွေကို အဟောင်းတွေထိ လိုက်ရှာပြီး ဖတ်ဖြစ်တယ်။

ကဲ... မရွှေစင်ရဲ့ ဘလော့တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်စာ ဘလော့လေး လှပရှင်သန်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

မရွှင်
စိတ်ဓါတ်ကျမှာစိုးလို့ ကူညီပေးရတာပေါ့ဗျ သူသာဘလော့ပေါ်ဘာမှ ဆက်မလုပ်ဘူးဆိုရင် အခုချိန်မှာ အကျိုးရှိစေတဲ့ စာကောင်း ပေကောင်းလေးတွေ ဒီအတိုင်းဖြစ်နေမယ်၊ သူ့စာလေးတွေကလည်း ကောင်းတော့ သူများတွေက မသိလို့လာမဖတ်ပေမယ့် သူ့စာဖတ်မယ့်သူမရှိဘူးဆိုပြီးဆက်မရေးရင် ဒုက္ခဆိုပြီး ကြံရဖန်ရနဲ့ မောတယ်ဗျ တစ်နှစ်အတွင်းရေးချက်ကတော့ တားကိုယူရတဲ့အထိကိုဖြစ်လို့ ကြီးမေရေ
(ကျန်းမာရေး ဖောက်မှာစိုးလို့ပါဗျ၊ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ခိုင်းတဲ့သဘောပါ)
ချစ်ညီမ

Anonymous said...

စိတ်ဆိုးတယ်..အမှန်ဆို သူများက အစောကြီးထဲကနေရာဦးထားတာ။ ပထမဆုံးမန့်ချင်တာ..သူကဖျက်ပစ်တော့ သူများကခုမှဘိတ်ဆုံးဖြစ်သွားတယ်။ တော်ပီ မခေါ်တော့ဘူး..အမကို... (စူပုပ်ပုပ်ပြောသွားသည်..အဲလိုဖတ်ပါ)

အမရေ..ဘလော့ကတနှစ်တောင်ပြည့်သွားပီလား မထင်ရဘူးနော် မြန်လိုက်တာ.။ အမတင်သမျှစာတွေအားလုံးနီးပါးကြိုက်တယ်။ ဒါပေမဲ့တောအကြောင်းတွေကတော့ အချိန်လေးအားပီးဖတ်စရာကုန်မှ ဖတ်ဖြစ်တယ်အမရေ..
အမလိုပဲ ကျနော်လဲ စာတွေဖတ်နေရရင်ကျေနပ်တတ်တဲ့လူစားလေ။ အမရွှေစင်လေးပေါ်လာတော့ ကျနော့်မယ်.. တွေ့သမျှဘော်ဒါတွေကို အမရွှေစင်ဘလော့လေးကို ညွှန်းရတာအမော အမရဲ့..။

အမနဲ့ အမသမီးများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းးးး
ဘလော့တနှစ်မှသည် နောင် အမရွှေစင်အသက်ရှင်နေသမျှကာလပတ်လုံး... ရေးနိုင်မျှနီုင်ပါစေကြောင်း ...ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်..ဗျို့

Myatnoe

သဒ္ဓါလှိုင်း said...

မမရွှေစင်..
ဘလော့တနှစ်ပြည့်မှစပြီးနောက်နှစ်ပေါင်းတွေအထိ
စာပေတွေကိုကျန်းမာချမ်းသာစွာနဲ့ဆက်လက်ရေးသား
နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။
အကျိုးပြုတဲ့ဘလော့လေးမို့ထာဝစဉ်ရှင်သန်နေမှာပါ..။

ချစ်တဲ့
ညီမသဒ္ဓါ

နတ်ဆိုးလေး said...

နောက်ကျသွားတယ် ဆရာမ...
ဝေါ့ဒ်ပရက်စ် ဖြစ်သွားတော့ update post မမြင် ရတော့ဘူး..
တစ်နှစ်ပြည့် ဘလော့ဂ် အတွက် ၀မ်းမြောက်မိပါတယ် ဆရာမ...
ဘလော့ တစ်နှစ်ပြည့်မှ သည် ရာသက်ပန်ရေးနိုင်ပါစေခင်ဗျာ...

ဇော်သိင်္ခ said...

ဆရာမရေ.. ဘလော့ တစ်နှစ်ပြည့်လေး တက်လာတာတော့ တွေ့တယ်ဗျ. မဖတ်ဖြစ်သေးလို့ အခုမှ ဖတ်ဖြစ်တယ်။ ဆရာမ ရဲ့ ဘလော့လေးလည်း နောင်... အင်တာနက် ဆိုတဲ့ ကွန်ယက်ကြီး တည်မြဲနေသမျှ ဘလော့လေးလည်း အစဉ်တည်မြဲနေပြီးတော့.. စာဖတ်သူတွေအတွက်... အမြဲ အကျိုးပြု နေနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ခင်ဗျာ...

နှစ်ပတ်လည် အထိန်းအမှတ် မုန့်လာစားမယ်နော်..
:)

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

စူးနွယ်လေး said...

မွေးနေ့မင်္ဂလာပါ ...

သိတာတောင်သိပ်မကြာသေးသလိုပဲ တနှစ်တောင်ပြည့်သွားပြီလား မြန်တယ်နော်
့လာလည်ဆုတောင်းပေးတဲ့သူကို အညာဟင်းလေးတွေနဲ့ ဧည့်ခံဦးလေ မရွှေစင်

Rita said...

စိတ်ရှိသလောက် စာရေးနိုင်ပါစေ။
ကလောင်နာမည်လေး ဘာလေးတော့ ထည့်မပြောထားဘူး။ ဖတ်ဖူးရင် ဖတ်ဖူးနေမှာ။

Myanmar Good Knowledg Co., Ltd said...

အစ်မရေ
တစ်နှစ်ပြည့်မင်္ဂလာ လာနှုတ်ဆက်ပါတယ်။
အစ်မရဲ့ အရေးအသားတွေကို နောက်နှစ်ပေါင်းများစွားအားပေးနေမှာပါ။

အစ်မရဲ့ ဘလောက်က တအားရှာယူရောက်လောက်အောင်ကို အသစ်တွေကများတယ်။

အမြဲတမ်း သစ်လွင်နေတယ်။
စာပေတွေမျှဝေတာ သိပ်ကိုလေးစားပါတယ်။

ပွင့်ပွင့်လင်းလင်း ရေးတတ်ပြောတတ်တာကို အတုယူပါတယ်။


ခင်မင်လေးစားလျှက်

ခိုင်နုငယ် said...

အမရွှေစင်ရေ..
ခုနက..တစ်ခေါက်ရောက်သေးတယ်။
ကတိုက်ကရိုက်ဖတ်သွားတာမို့..မမန့်ခဲ့ရဘူး။
စာပေအကျိုးသယ်ပိုးလာတာ..တစ်နှစ်တောင်ပြည့်
သွားပြီဆိုတော့..၀မ်းမြောက်ဝမ်းသာဂုဏ်ယူစရာပါ။
အမရွှေစင်ရဲ့ဘလောပ့်ဟာ..ခိုင်နုတို့အတွက်..
စာပေဗိမ္မာန်စာကြည့်တိုက်ကြီးပါပဲ။
ဖြေးဖြေးချင်းလာလာဖတ်ဖြစ်ပါတယ်။
နောင်နှစ်ပေါင်းများစွာတိုင်..အမရွှေစင်ရဲ့
စာကြည့်တိုက်လေးအစဉ်မပြတ်ဆက်လက်ရပ်တည်နိုင်ပါစေ။မျှဝေရသပေးနေတာကိုလည်း..ကျေးဇူးတင်ပါတယ်နှော်..ပျော်ရွှင်ပါစေ..အမရွှေစင်

ခင်မင်စွာဖြင့်
ိုခိုင်နုငယ်

နွေဆူးလင်္ကာ said...

တစ်နှစ်အတွင်းမှာ စာတွေ အများကြီးရှိတဲ့ ဘလော့ဂ်ကြီး ၁၂၀ ရှည်စေသော်ဝ် ... အသက် အသက် ...

သော်ဇင်စိုး said...

တစ်နှစ်ပြည့်မှသည် နောင် နှစ်ပေါင်း တစ်သောင်းတိုင် စာတေါရေးနိုင်ပါစေ.. :P :))))))))

Anonymous said...

အင်...
သူများက ဘိတ်ဆုံးကတောင် ဖြစ်သွားပီ :'(

ကိစ္စမရှိပါဘူးလေ နောက်ဆုံးကနေ ပြန်ရေရရင် ထိပ်ဆုံးက..

အစ်မကို အားလုံးကြိုက်တယ်ဗျာ..( ဟာ ချစ်ချစ်ကြီး အထင်လွဲမှာစိုးလို အမြန်ပြန်ရှင်းမှး)))

ပြောပုံဆိုပုံ ရေးသားပုံ စိတ်နေစိတ်ထား ဘလော့အဖော်တွေအပေါ်ထားတဲ့ သဘောထား အကုန်ကြိုက်တယ်..။ တကယ်ပြောတာ အတည်ပြောတာ အသေချာပြောတာ.. လသာည ပြောတာ။ ယုံနော်း)))

ညီမကတော့ အစ်မစာတွေကို ဖတ်ခွင့်ရှိသ၍ ဖတ်နေမှာပဲ..။
အစ်မက အကြိုက်မတူတဲ့ လူအားလုံးအတွက် အကောင်းဆုံး ပေးချင်နေတော့ အများကြီးတင်တင်ပေးနေတာကို နားလည် စာနာမိတယ်။ တခါတလေဆို သနားတောင် သနားမိတယ်။ (စိတ်ဆိုးနဲ့နော် တကယ်ပြောတာ) လူအများအကြိုက်အောင် စီစဉ်ပေးနေရတာ ငါ့အစ်မတော့ သနားပါတယ်လို့ တွေးပြီးတော့ပါ။

ဒါပေမယ့် အစ်မရဲ့ ဘလော့ပိုစ်တွေ တက်နေတာ မြင်နေရသ၍ လူက အားရှိနေသလိုပဲ။ ဆက်ရေးနော်။ အမြဲ အားပေးနေတယ်။ စာတွေကိုချစ်တဲ့ အစ်မကို၊ စာတွေကို ဝေမျှချင်တဲ့ အစ်မကို၊ နောက်ပြီး အစ်မနောက်ကနေ လိုက်ဖြည့်ပေး အလိုလိုက်နေတဲ့ ချစ်ညီမ စည်းစိမ် နဲ့ စာရိုက်ပေးသူ ညီမလေးတွေအားလုံးကို ကျေးဇူးတင်နေပါတယ်လို့

အိမ်ပြန်ရောက်သေးဘူး..။ လမ်းကနေ ၀င်ဖတ်ပြီး ရေးသွားတာ..
လသာည

Anonymous said...

Dear Sis,

Happy anniversary to your blog.

And thank you very much for your interesting posts.

And wish you to write your own-tune posts more and more.

Ray

ကိုကိုးအိမ် said...

မင်္ဂလာရှိသောဧည့်ပရိတ်သတ်ရှေ့မှာ မွေးနေ့ပွဲလေးကျင်းပရတော့မည်။

မွေးနေပွဲကိုအရောက်နောက်ကျသွားတယ်။
ဆုလည်းတောင်းပေးသွားပါတယ်။ အကျိုးပြုဘလော့လေး တစ်နှစ်မှစ နှစ်တစ်ရာတိုင်စေသော်ဝ်ဟော်ဟော်။။

ခင်မင်လျှက်
ကိုကိုးအိမ်

ချစ်ကြည်အေး said...

မမရွှေစင်၊ ညီမ စည်ဇိမ်နဲ့ သမီးလေးများ အားလုံးကို ကျေးဇူးတင်တယ်။ မမရွှေစင်ရဲ့ ကိုယ်တွေ့ ပင်ကိုယ်ရေးတွေကို ပို ကြိုက်တယ်။

တနှစ်ပြည့်မှသည် နှစ်ပေါင်း များစွာတိုင် ဆက်လက် ရှင်သန်နိုင်ပါစေ မမရွှေစင်ရေ...

Anonymous said...

စေတနာနဲ့ စာကောင်းလေးတွေ အပင်ပန်းခံ အချိန်ယူ တင်ဆက်ပေးနေတာ ကျေးဇူးတင်ပါတယ်။ မြန်မာပြည် ကော်နက်ရှင်ကြားက ရအောင် တင်ဆက်ပေးနေတာ ပိုကျေးဇူးတင်ပါတယ်။

ဘာတွေ ရေးနေတာလဲ၊ ဆာပြီ၊ ကွန်ပျူတာခုံကထပြီး ကျုပ်ကို ထမင်းမြန်မြန်ချက်ကျွေးလို့ ကွိုင်မရှာတဲ့အတွက် ချစ်ချစ်ကြီးကိုလဲ ပူးတွဲ ကျေးဇူးတင်ပါကြောင်း။

Anonymous said...

တစ်နှစ်သား ဘလော့ပိုင်ရှင် ရွှေစင်ဦး
နောင် နှစ်ပေါင်း အသင်္ချေ တိုင်အောင် ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ
ငြိမ်းစိုးဦး

Sonata Cantata said...

ရွှေစင်ဦး ဘလော့ဂ်
ကျန်းမာ ပျော်ရွှင်ပါစေ