သိမ်းမြစ်တွင်းမှ ရှုမျော်ခင်း
ယနေ့ မနက်စောစောကပင် မိုးသဲနေသောကြောင့် အပြင်မထွက်နိုင်သေးသဖြင့် ဆက်ရန်ရှိသေးတဲ့ လက်ကျန်စာ ကို ဆဋ္ဌမအကြိမ်မြောက် ရေးလိုက်ပါသည်။
သိမ်းမြစ်တွင်း မှ ရှုမျော်ခင်း လန်ဒန်မြို့လည်က ဖြတ်သန်းစီးဆင်းနေတဲ့ သိမ်းမြစ်ရိုးတစ် လျောက်သို့ စုန်းချည် ဆန်ချည် တနေကုန် သွားလာနေသော အပျော်ထွက် သင်္ဘောကလေးကမှာ သင်္ဘောကလေးတိုင်း လူတွေ ပြည့်ကြပ်နေတော့သည်။
အထက်ဆန်တဲ့ သင်္ဘောအောက်စုန်တဲ့ သင်္ဘောအနီးအနား ကမ်းခြေတလျှောက် သွားချင်းရာသွား ရော၊ အသွား အပြန် အခပေးထားရပြီး ဖြစ်လို့ နေမကုန်ခင်းပြန်ချင်းတဲ့ ပြန်ချင်တဲ့အချိန်ပြန်ချင်တဲ့ အခေါက်ကို ပြန်လိုက် လာရုံဘဲ။
ကုန်းပတ်ပေါ်မှာ ထိုင်ခုံတွေအစီအရီနဲ့ သင်္ဘောဝမ်းထဲမှလဲ စာေးသာက်စရာဆိုင်အသင့်ပါ တယ်။
သင်္ဘောစက်မောင်းတဲ့ ဆရာအနားမှာ ညွန်ပြန်တဲ့ သူတယောက်ကလဲ အသံချဲ့စက်နဲ့ သင်္ဘောစီး ပရိသက်ကို မြစ်ကမ်းဝဲယာမှမြင်၇သော အဆောက်အဦးများနှင့် အကြောင်းအရာတွေကို ပြောပြတယ်။
လူတွေကလဲ နားထောင်လိုက်ကြည့်နဲ့ဘဲ။ ပြီးတော့မျ ကိုယ်တော်မြတ်က ဦးထုတ်ချွတ် လှန်ပြီး သဒ္ဒါကြေး လိုက်ခံပါလေရာ။ သူတို့လူတွေနဲ့ သူ့ကို ထည့်လိုက်ကြ ဒါတစ်ခေါက် တစ် ခေါက်အတော်ရဟန်တူပါရဲ့။
ဗာပြည်မှာ အညာဘုတလင်က ဘုရားဖူးလာကြတဲ့ လူတွေ့လို၊ အများအားဖြင့် အင်္ဂလန် နိုင်ငံရှိ တောမြို့ ကလေးတွေက နွေရာသီ အားလပ်တဲ့အခါ လန်ဒန်မြို့ကြီးတက်လာပြီး လည်ပတ် ကြတဲ့ တောသူ တောသား တွေဆို တအံ့တသြကြည့်ရှု ကြဒါဘဲ။ တောသူ တောင်သားလို့သာဆိုရ တယ်။ သူတို့ဟာ ညစ်ညစ် စုပ်စုပ်တွေမဟုတ်ကြဘူး။
မိန်းမတွေ ကြည့်လိုက်ရင်လဲ လန်ဒန်မြို့်သူတွေနှင့် အသွေးအရာင် အ၀တ်အဆင် သိမ်မကွာပါဘူး။ ယောင်္ကျား တွေကလဲ အင်္ကျီဘောင်းဘီ ကောင်းကောင်းနှင့် ဂိုက်ထုတ်လာကြ တယ်။ အချို့အိမ်ထောင် သယ်တွေကလဲ ချာတိပ် ကလေးတွေလက်ဆွဲလို့ တချို့အားကောင်း ကောင်းနဲ့ ရုန်းကန်ထွက်တတ်တဲ့ မက်တတ် ပြေးရွယ် ကလေးများကိုတော့။ သားရေ ရင်သိုင်းကြို တပ်ပြီး ခွေးကလေးများလို ဆွဲထားရတယ်။
လက်တွန်းလှည်း ထဲက နို့စို့ကလေးလဲပါလိုက်သေး။ သူတို့မွေးတဲ့ ကလေးဟာ အံ့သြစရာ ကောင်း လောက်အောင် တတုံးတခဲ တပွေ့တပိုက်ကြီးတွေသာတွေ့ရတယ်။ ပိစီကွေးလွေးရှုနာ ရှိုက်ကုန်း ကလေးမျိုး တယောက်မှ မမြင်ခဲ့ရဘူး။ အများအားဖြင့် တောသူ၊တောင်သား အရပ်သမားကလေးတွေဟာ သာပြီး ၀၀ဖြိုးဖြိုး သန်သန်စွမ်းစွမ်းကြီးတွေတွေ့ရပါသည်။
နွားနို့ ပေါပေါစားရလို့နဲ့တူဒါဘဲ။ သန့်ရှင်းမှုနဲ့ စည်းကမ်း၊ သေ၀ပ်မှု၊ စကာတိုးတိုးပြောမှု ဟာတော့… …….မြို့သူမြို့သားရော၊ တောသူတောသားပါ။မျဉ်းတပြေးထဲကိုက်ညီနေသလိုဘဲ။ စားပြီးတဲ့ ငှက်ပြောခွံကို အမှိုက်ပုံး ထဲထည့်ရမှထက်။ လက်နဲ့လွဲပြီး လမ်းမပေါ်ပစ်လိုက်ရမှ အရသာရှိတဲ့ခွေးနီတို့စရိုက်မျိုးရယ်။ အစီခံချည်း ကျန်တော့တဲ့ မစိန်ညွှန့်ကို မပစ်ရက်လို့ အိမ်ထရံ ကြွက်ရှောက်ပေါ် စီတန်းတင်ထားတဲ့ အရီး သားအေး တို့ ဓလေ့မျိုး။ ဟက်ခနဲ့ချွဲတန်းဟပ်ပြီး ဖတ် ကနဲ့ နေရာမရွေး ထွေးပစ်လိုက်တဲ့ ကိုဘိုးတုတ် တို့ အကျင့်မျိုး လမ်းဘေးလမ်းကြားမှလူမမြင်ပါဘူး ဆိုပြီး။ ထီးချိုင်းကြားညှပ်ရင်း အပေါ့အပါး ထိုင်သွား တတ်တဲ့ အပ္ပနားတို့လဲ လုံးဝမရှိတော့။ တောရောမြို့ပါတညီတညာတည်း အနံ့ဆိုးကင်းပြီး သန့်ရှင်း ကြည်လင်နေဒါဘဲ။
တမြို့လုံးမှာ သူ့နေရာသူချထား ပေးထားတဲ့ အမှိုက်ပုံထဲမှတပါး မြေမြင်ပေါ်တွင် စက္ကူတစုပ်၊ အမှိုက် တလက်ဝါး မှ မမြင်ရခြင်းမှာ သူတို့ မြူနီစီပါယ် အမြဲတမ်းစောင့်ပြီး သိမ်းကောက်သန့်ရှင်း ပေးနေ၍ မဟုတ်။ လန်ဒန်မြို့ပေါ်နေတဲ့ လူဦးရေခုနှစ်သန်းကျော်၏ စည်းကမ်းသေ၀ပ် သန့်၇ှင်းမှု ကြောင့်သာ ဖြစ်တယ်။
ဝမ်းနှုပ်ဆေးအားမကိုးနဲ့ လူကိုယ်တိုင်ကလဲညှစ်ပေးရသေးတယ် ဆိုတဲ့စကားပုံခပ်ရိုင်းရိုင်း လိုဘဲ။ မြူနီစီပါယ် ကိုချည်း အားကိုးနေတဲ့ ဗမာပြည်မှာလို အမှိုက်တွေစည်းမဲ့ ကမ်းမဲ့ ပစ်ချင်ရာပစ် ကြလျှင် (၇)ရက် အတွင်းမှာ လန်ဒန်မြို့ဟာ အမှိုက်ပုံအောက်နစ်မြှပ်ပျောက်ကွယ်သွားလောက်စရာ ဘဲ။
မြို့ကလူတွေကသန့်ရှင်းပြီး တောကလူတွေညစ်ပက်နေပြန်လဲ သာယာမှုမရှိပါ။ ဒါကြောင့် တောရော မြို့ပါ လူကိုယ်တိုင်စည်းကမ်းတကျ သန့်ရှင်းစွာနေထိုင်တတ်ကြဘို့ အရေးကြီးပါတယ်။ သူတို့နိုင်ငံမှာလဲ ဘိုးဘွား လက်ထက်ကစပြီး သားသမီးမြေးမြစ်တီကျွတ်အထိ အစဉ်အလာ သန့်ရှင်းမှု စည်းကမ်း ပေးလာ ခဲ့တဲ့ အလေ့အကျင့်ကြောင့်သာ ယခုလောက်လောက် ညီညွှတ်လာ ကြခြင်းဖြစ်တယ်။
ဒါလောက်ညီညွတ်စွာ သန့်ရှင်းကြဒါတောင်မှ လန်ဒန်မြို့လမ်းပေါ်မှာ စက္ကူစုပ် အမှိုက်စုပ် ချသွားဒါ မိလျှင် တရားစွဲဒဏ်ရိုက်ရုံးတင်ခံရသေးတယ် ဆိုတော့ သည်မျှလူတွေက စည်းကမ်းရှိနေ သည်ပင် ဥပဒေ နှင့် ပညာ ရပါသေးပါကလား။
ရန်ကုန်မြို့မှာသာ ဒီဥပဒေမျိုး ထုတ်လိုက်ရရင် အမှိုက်ဘဲ ရှင်းသွားမလား။ လွတ်လပ်စွာ အမှိုက်တွေ မပစ်ရတဲ့ အတွက်မပစ်ရတဲ့ အတွက်မကျေနပ်တဲ့ လူညစ်ပတ်တစုက အရေးဆိုပြီး အလိုမရှိ၊ အလိုမရှိ ဖဆလမ အစိုးရ အမှိုက်ရှုပ်ဘို့ အရေးချက်ခြင်းပေးနဲ့များ စီတန်းလမ်း လျှောက်အော်ကြရင် ဒုက္ခပါဘဲ။
သို့သော် ဗမာပြည်မှာ လူထူကို အဆင့်အတန်းမြင့်မြင့်နှင့် သန့်ရှင်းစွာ နေထိုင်တတ်မှုကို စည်းကမ်းတကျပြုပြင်ပေးလျှင် မအောင်မြင်နိုင်စရာ မရှိပါ။ အင်္ဂလိပ်မြန်မာ စာသင်ကျောင်းများ၊ လူထု ပညာရေး ဌာန၊ ကျေးရွာပြုပြင်ရေးဌာန၊ ကျမ်းမာရေးဌာန၊ စက်ရုံအလုပ်ရုံမှန်သမျှ စသည်တို့ က အရေး တကြီး သင်တန်းချပေးလျှင် ငါးနှစ်အတွင်း သီသီ သာသာပြောင်းလဲလာနိုင်စရာအ ကြောင်း ရှိပါသည်။
အကြင်အခါ၌ ဗမာတိုင်း……..ဗမာတိုင်းသည် မိမိတို့လက်တွင်းရှိ၊ စက္ကူတစုပ် ဆေးလိပ် တတို၊ ငှက်ပျော တခွံ ကို၊ အိမ်တွင်းအမှိုက်ပုံသို့မဟုတ် လမ်းဘေးအမှိုက်ပုံ၊ အရောက်မပို့ရလျှင် ဗြဟ္မာမင်း ဥက္ခောင်း ထားစရာ နေရာမရနိုင်သော သိကြားမင်းကဲ့သို့ နတ်သမီးတွေလက်ပြောင်း၍ ၎င်း၊ လေးလံသော ၀န်ထုတ် ၀န်းပိုးကြီး တခုကိုင်ထားရကဲ့သို့၎င်း၊ အထင်ရောက်နေအံ့၊ ထိုအခါသည် ဗမာပြည်လည်း လန်ဒန်မြို့ ကဲ့သို့ သန့်ရှင်းသာယာခြင်းဖြစ်လေတံ့ဟု၊ တတစ်ချဆိုဝံ့ ပါသည်။
လမ်းမလူမြင်ကွင်းမှ သန့်ရှင်း သည်ထက် အိမ်တွင်းမှာပို၍ပင် သန့်ကြပါသေးသည်။ ချစ်သာသော လူများ အတွက်မဆိုလိုပါ။ လုပ်စားကိုင်းစားသမားတွေအတွက် ရေးနေခြင်းဖြစ်ပါ သည်။
တောရွာကအိမ်ကလေးမှပဲဖြစ်စေ၊ မြို့ပေါ်ကအလုပ်သမား အိမ်ကလေးမှဘဲဖြစ်စေ။ ညစ်ပတ်ရှုပ်ပွေ အ၀တ်တန်း မှာ ဗလာဘွေနှင့် ဖုန်တွေဒုတတ်၍မနေပါ။ ကြည်လင်ပြောင်လက်သော မှန်ပြူတင်းမှာ ဇာဆီး ကလေးချ၊ ပန်းအိုးကလေးအလှတင်ထားလိုက် သည်။
နံရံမှာ ဓါတ်ပုံထိုင်ခုံ၊ စာပွဲအုပ်ဆောင်းထဲမှာ မီးပွင့် အိပ်ရာစဖို၊ လိုလေသေးမရှိ၊ အိုးနှင့်ဆန် နှင့်တန်ရုံသာ အသုံး အဆောင်များမှာ ဘယ်အခါမှ ဖုန်မတင် မြူမကပ်အောင် တပါတ်တခါ လင် ရောမယားပါ ဆေးကြော သုတ်သင်လျက် အရောင်လက်အောင်ပွတ်တိုက် ပြင်ဆင်ကြတဲ့ အလေ့ရှိ တယ်။
ကုန်တိုက် အလုပ်တိုက် ဈေးဆိုင်၊ဟော်တယ်ကြီးကြီးငယ်ငယ်တွေမှာလဲ၊ တနေ့နေ့မှာ မှန်ပြူတင်း ကြေးလက်ကိုင်ဘု၊ လှေခါးတိုင်း မီးအုပ်ဆောင်ကအစ ပန်းအိုးထဲက သစ်ရွက်ဖတ် ကလေးများအထိ မြူမှုန် မတင်အောင် သုတ်သင် သန့်ရှင်းပေးနေကြရသည်။ ညစ်ပတ်တယ်ဆိုဒါ ရှက်စရာကြီး တခုလို မှတ်ထင် ကြဒါကိုး။
စင်စစ်တော့လဲ သန့်ရှင်းမှုဟာ ၀ါသနာလိုပါဘဲ။ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့ အပေါ်မှမ တည်ပါဘူး။ ဗမာလူမျိုးထဲမှလဲ သန့်ရှင်းတတ်တဲ့လူဟာ လယ်ကွင်းထဲမှာ တဲကလေးနဲ့ နေစေတော့ သူ့ပါတ်ဝန်းကျင် မှာ သလင်းပြောင်အောင်လှဲပြီး အစဉ်သာသာယာယာနေတတ်ပါ တယ်။
အကွက်မပေါ်တဲ့ ၀တ်လဲတော်မျိုးလဲ မဖြစ်စေဘဲ၊ ရှိတဲ့နံငယ်ပိုင်းကလေးကိုပဲ သန့်ရှင်းစွာ ဖွတ်လျော် တတ်တယ်။ ကိုယ်တွေ့မျက်မြင်ရှိခဲ့သလောက် ပြောရပါလျှင် ဒီလိုသန့်ရှင်းစွာ နေတတ် တဲ့လူဟာ လုလ္လ ၀ိရိယ ရှိပြီး တနေ့မှာ ကြီးးပွားချမ်းသာသွားဒါတွေ့ရပါသည်။
သန့်ရှင်းရေးကို စာကြောင်းတွေတော်များများ ရေးခဲ့မိပြီ၊ အဲဒီလိုလူတွေကအနေအထိုင် အဆင့် အတန်းမြင့်တဲ့ လန်ဒန်မြို့ကြီးရဲ့ ရှေးကျတဲ့အထိအရ အဆောက်အဦးကြိးတွေ နန်းတော် ကြီးတွေ အထိမ်း အမှတ်ကြီး တွေနှင့် တကွ၊ ရှေးကယဉ်ကျေးမှုအရပ်ရပ်တို့ကို ခမ်းခမ်းနားနား စုဆောင်းသိုမှိပြီး ပြသထားတဲ့ ပြတိုက်ကြီး တွေ ဂီတကဗျာနှင့် စာအုပ်စာတမ်း ကျမ်းစာအစောင် စောင်ပန်းချီပန်းပု၊ စက်မှုလက်မှု၊ အနုရော သုခုရော၊ သောသောကြွယ်ဝနေတဲ့ သူတို့ လန်ဒန်မြို့ ကြီးအတွက် အင်္ဂလိပ်လူမျိုး တခုဟာ ကမ္ဘာကို ဂုဏ်ယူဝင့်ကြွားနိုင်ကြတယ်။
လူမျိုးအချင်းချင်း သွေးစည်းမှု၏ အထောက်အပန့်ဖြစ်စေတယ်။ ရှေးဟောင်းကို နှစ်လိုစုံ မတ်တဲ့စိတ်၊ ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်များ ကိုယ်စီကိုယ်စီထားတတ်ကြသည်။
ဗမာပြည်မှာလဲ လွတ်လပ်တဲ့ တိုင်းပြည်တစ်ခု ဖြစ်လာတဲ့အတွက် ရှေးကအဆက်လက် ငုတ်လက်စများ၊ ယဉ်ကျေးမှု များ ပြန်လည်သိမ်းကောက်ပြီး ထူထောင်ကြဒါသိရတယ်။
ယဉ်ကျေးမှုဆိုသည်မှာ ရှေးဟောင်းမပါဘဲ မဖြစ်ပါ။ ရှေးဟောင်းကိုမူတည်ပြီးမှ ခေတ်သစ် ဥာဏ်သစ် ထူလျက် နောက်တခေတ်အတွက် အသစ်အဆန်းတည်တွင်နိုင်မှု တိုးတက်ခြင်းဖြစ် တယ်။ ဘယ်ပြဇာတ်၊ ဘယ်ရုပ်ရှင် ကားတွေကို ရွှေစင်ငွေစင် ရုပ်တွေပေးနေရုံနဲ့လဲ မပြီးသေးဘူး ဆိုဒါနားလည်ပြီးသားရှိမှာပေါ့။
အင်း…………ပြဇာတ်တို့ရုပ်ရှင်းတို့နဲ့ ပါတ်သက်လာပြန်လို့ ရေးစရာတွေ ပေါ်လာပြန်ပြီ။ အထက်က ရေးခဲ့တဲ့ ယဉ်ကျေးမှုဆိုတာတွေကတည်းမှာက ဇာတ်တွေ၊ ပြန်ဇာတ်တွေ၊ ရုပ်ရှင်ကား တွေမှာရော၊ ရှေးရာဇ၀င် ဇာတ်လမ်းများ ပြတဲ့အခါ အ၀တ်အဆင်နဲ့ အယဉ်အကျေးတွေ၊ နည်းမှန် လမ်းမှန်ရစေဘို့ အရေးကြီး ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ နောင်လာနောင်သားကလေး သူငယ်များမှာ ငါတို့မြန်မာများ ရှေးကဘယ် လို ကြီးကျယ် ခမ်းနားခဲ့ကြတယ်။ အ၀တ်အဆင်ဘယ်လိုယဉ်ကျေးခဲ့တယ်။ အနေအထိုင်ဘယ်မျှ အဆင့် အတန်း မြင့်ခဲ့ကြတယ်ဆိုတာ သိရှိနားလည်ဘို့ လိုပါလိမ်မယ်။ ဒါဟာ လူမျိုးတမျိုးရဲ့ ဂုဏ်ပါ ဘဲ။
ဥပမာ လန်ဒန်ပြတိုက်လိုဟာတွေက ရှေးရာဇ၀င် အဆောင်အယောင်အခမ်း အနားယဉ် ကျေးမှုတွေ မှုမှန်ပြ ထားတော့၊ ရုပ်ရှင်ကား ပြဇာတ်စသည်တို့ကလဲ အဲဒီမှုမှန်ကိုကြည့်ပြီး ဆင်ပြင် ၀တ်စားပြသ ရိုက်ကူးထားလေတော့အမှားမရှိဘူး။
ဗမာပြည်မှာ ဒီလိုရှေးရာဇ၀င်အသုံးအဆောင်အခမ်းအနားအ၀တ်အစား ယဉ်ကျေးမှုများကို မှုမှန် ပုံသေ ပြမထား နိုင်လို့ စမ်းတ၀ါးဝါးနဲ့ ရမ်းကြိတ်နေကြတဲ့ ကဇာတ်ပြဇာတ်ရုပ်ရှင်ကားတွေ အတော် များများ တွေ့ ခဲ့ရ ဘူးတယ်။
အမှန် အားဖြင့်တော့ ၀န်ကြီးတပါးတပါးမှာ လေးစားဖွယ်ရာ အဆောင်အယောင်၊ အခမ်း အနား နဲ့နောက်လိုက် ငယ်သားတွေ ဘယ်မျှ မြောက်များစွာ ခြံရံရတယ်ဆိုတာ သိထိုက်စရာပါဘဲ။
ဘယ်အချိန်ဘယ်အခါတုန်းကစပြီး ကြီးပွားထွန်းကားလာခဲ့ကြတယ်ဆိုတာ အဟောင်းကို ပြန်ပြန်လှန်လှန်ပြီး အင်မတန် ဂုဏ်ယူနေကြတယ်။ သက္ကရာဇ်ကြလေ…ပါဝါရှိလေပေါ့။ ဒီတော့ဗမာ ကလဲ နည်းတဲ့ သက္ကရာဇ် မှ မဟုတ်ဘဲနဲ့။ ကြွားခွင့်ရှိသလောက်တော့ ကြွားထိုက်ပါသေးတယ်။
အဲဒါကြောင့် ယဉ်ကျေးမှု အကောင်အထည်ပေါ်ဖေါ်တဲ့ အလုပ်ဟာ အရေးတကြီးလုပ် ထိုက်ပါတယ်လို့ မိမိတို့ လူမျိုး၏ နောက်နောက်သားမြေများအတွက် တမျိုး၊ကမ္ဘာတလွှားမှာလဲ ၀င့်ကြွားဂုဏ်ယူနိုင်စရာ တမျိုး မို့ ကြိုးစားကြပါလို့တိုက်တွန်းလိုပါတယ်။
ဆက်ရန်
.

No comments:
Post a Comment