အမြင်ဆန်း ဘ၀င်လန်းစေသည့် ပြခန်းများ
ယခင်ဆောင်းပါအမှတ် ၆မှာ သန့်ရှင်းမှုနှင့် ယဉ်ကျေးမှုဆိုင်ရာတွင် အတော်ရှည်သွား သဖြင့် ရုပ်ရှင်နှင့် ပြဇာတ်ရုံတွေအကြောင်းကို ယခုမှရေးရတော့သည်။ လန်ဒန်မြို့မှာ ရှိသမျှရုပ်ရှင် ရုံတွေမှာ လက်မှတ် ၀ယ်ပြီး ၀င်သွားသည့်အချိန်ကစပြီး ခြေနင်းရသော နေရာမှန်သရွေ့ အမွေးဖွား ကော်ဇောကြီးတွေ အပြည့် မို့ အိမြုပ်ဝင်သွားသဖြင့် လူဘယ်လောက်သွားသွားဘိနပ်ခွါသံ တချက် တလေ မျှ မကြားရ၊ စားစရာဆိုင် ဆေးလိပ် သစ်ပင် ပန်းမာလ်များ ပန်းအိုးကြီး နှင့် စိုက်ပျိုးချယ်လယ်လျှက်၊ နေချင်စဖွယ် သာယာလှပအောင် ပြုပြင် ထားပေးသည်။ မိန်းမယောင်္ကျား အိမ်သာခန်းများ လည်း အလွန် သားနားလှသည်။
မျက်နှာသစ်ခွက် တွေ တစီတတန်းကြီးမှာ ဆပ်ပြာ၊ လက်သုတ်ပုဝါ၊ သို့မဟုတ် ငွေ့မှုတ် အခြောက်ခံစက်။ စက္ကူသောက်ရေခွက်၊ အလှပြင်စရာမှန် များနှင့်တကွ အိမ်သာတွေကလဲ တသီ တတန်းကြီး သန့်ပြန်စွာ ထားသည်။ အိမ်သာသုံး စက္ကူ မိန်းမများ ဆိုင်ရာ အရေးပေါ်သုံး စက္ကူ၊ ဂွမ်းစ၊ လိုရာရသည်။ ခေါင်းကိုက် ပျောက်ဆေး၊ အဖျားချွေးထုတ်ဆေး၊ အစာကြေဆေးကအစ တထိုင် တည်း ရနိုင်အောင် ပိုက်ဆံထည့်လျှင် အလိုလို ထွက်လာသော နံရံကပ် သေတ္တာငယ်ကလေးများ ရှိသည်။
ရုပ်ရှင်ရုံ သာမက ဟော်တယ် စားသောက်ဆိုင်၊ကုန်တိုက်ကြီးတွေအလုပ်ရုံပြတိုက်၊ ဥယျာဉ်၊ ဘူတာရုံ၊ မြေအောက် လမ်းကူး အိမ်သာ မကျန်နေရာတကာ ဤနည်းနှင်နှင်ရှိပါသည်။ တချို့လဲ ပိုက်ဆံ တကယ် ပဲယူသည်၊ အစဉ်သန့်ရှင်းပေးနေတဲ့၊ အိမ်သာဒေ၀တွေစောင့်ရသည်။ ပြဇာတ်ရုံတွေ မှာဆိုလျှင် မှန်ပြောင်း ကလေး တွေ ထိုင်ခုံတိုင်းမှာ ထားပေးသည်။ မှန်ပြောင်း ကလေးတွေ ထပ်ထား သောထိုင်ခုံ မှာ ပိုက်ဆံ ထည့် မှ ဖြုတ်လို့ရသည်။
လူတွေကလဲ ကြည့်ပြီး စည်းကမ်းတကျ ပြန်ထားခဲ့သည်။ ဘယ်သူမှ အပိုင် ဘုန်းမသွား ထိုင်ခုံတွေ ကိုတော့ ကတ္တီပါပန်း ကြွကြွရွရွဖေါင်ဖေါင်နှင့် ထိုင်လို့ကောင်းအောင် သပ်သပ်ယပ်ယပ် လုပ်ထားသဖြင့် ဓနရှင် အထက် တန်းစား ရုံဝင်ခ များများ ပေးနိုင်သူတွေသာ ဤ စည်းစိမ် မျိုးနှင့် ကြည့်ရသည်မဟုတ်ပါ။ မတ်တန်း အာဆောင်နီ ဆိုတဲ့ ၀င်ခအနည်းဆုံးကစပြီး သူဌေးကြီးတွေမီလျှံ နာကြီးတွေ ကြည့်တဲ့ အတန်းထိအောင် ကတ္တီပါ ထိုင်ခုံတပြေးတည်း တညီတည်း ထားပေးပါသည်။
နေရာရှေ့နောက်အနိမ့်အမြင့်ကိုသာ အတန်းခွဲ၍ ယူသည်။ သည်မျှခမ်းနားအောင်ပြုပြင် ထားသည်ကို ပွဲကြည့်ပရိသက်ကလဲ စည်းကမ်းတကျ သပ်ရပ်တိတ်ဆိတ်စွာ လက်ခံကြည့်ရှုကြပါ သည်။ အာဘောင်နီ မတ်တန်းနေရာ မှ မြေပဲခွံ၊ ကွာစိခွံ၊ ကွမ်းသွေးကွက်၊ တံထွေးကွက်ချခဲ့သူ တယောက်မျှ၊ မရှိပါ။ ဒါကြောင့် တပွဲနှင့် တပွဲပြောင်းမှာ ရုံခါရခြင်း၊ ဂျာဒူးဝါးသားက တံမြက်စီး လှည်းပေး ရခြင်း မရှိဘဲ မရပ်မနားဘဲ ဇာတ်ကား သတင်းကားများကို မုန့်လုံးစက္ကူကပ် သီချင်းလို လယ်နေအောင် ဆက်တိုက်ဆက်ပြသွားသည်။
ကြည့်တဲ့သူတွေကလဲ နေ့ပွဲညပွဲမှရွေးမနေ ကြည့်ချင်တဲ့အချိန်ဝင်ကြည့် ထွက်ချင်းတဲ့ အချိန်ပြန်ထွက်။ မထွက်ဘဲတနေ့လုံးထပ်တလဲလဲ ထိုင်ကြည့်ချင်လဲကြည့်နေ၊ တခါပိုက်ဆံပေးပြီးရင် သဘောတော် အတိုင်း ပါဘဲ။ ဒါပေမယ့် ထွက်လက်မှတ်တောင်းပြီး လမ်းထိပ်ခဏသွား၍ မုန့်ဟင်း ခါးစားလို့မရပါ။ ရုံအတွင်းမှာ ရှိတဲ့ ဆိုင် က ချိုချိုချဉ်ချဉ်စာချင်တာကိုဝယ်၍ စားသောက်နိုင်သည်၊ တပိုတပါး သွားနိုင်သည်။ ဆေးလိပ် ထွက် သောက်နိုင်သည်။ သည်လိုကိစ္စတွေကို အားရအောင်ပြု ပြီးတော့ ပြခန်းထဲ တကြော့ ပြန်ဝင်ကြည့် နိုင်ပါသည်။ လန်ဒန်မှာရော နယူး ယောက်မှာရော ရုပ်ရှင် ရုံတွေအားလုံး တစံနစ်ထဲပါဘဲ။
သူတို့နိုင်ငံတွင် လူတွေများ အချိန်ကပိုတဲ့သူမှာပို။ ရှားတဲ့သူမှာဆိုတော့ နှစ်ဘက်ရ ပြုပြင်ထားသလိုဘဲ၊ ငါပိုက်ဆံပေးရဒါတွက်ခြေကိုက်အောင် တနေကုန်ထိုင်ကြည့်ပါသော်တော့ဆို တဲ့စိတ်မျိုး မထားနိုင်ကြပါဘူး။ တချို့ အချိန်ပိုလို့ဖြုန်းချင်းတဲ့ လူလဲထိုင်နေနိုင်တယ်။ ဒါကြောင့် ရုံထဲမှာ လူသစ်ဝင်လာတိုင်း နေရာ အလွတ် အသင့်ရ ဘို့မခဲယဉ်းပါ။
ဗမာပြည်မှာဆိုရင် နီတွက်တို့ အာမက်ကလေးတို့လို ကောင်လေးမျိုးတွေ နောက်ဂျိန်ချ တဲ့ ကားကို ၃-၄ ခါထပ်ပြီး ပိုက်ဆံပေးကြည့်ရရှာတော့ လန်ဒန်ရုပ်ရှင်ရုံတွေရဲ့ ပြနည်းကို သူတို့ ကြိုက်ကြ မှဘဲ။ လိမ္မော်ခွံ ကွာစေ့ခွံ မချရတာတော့ကြိုက်ချင်မှကြိုက်မယ်။
အဲသလို သပ်ယပ်တဲ့ ရုပ်ရှင်ရုံတွေ ပြဇာတ်တွေ မြောက်များစွာရှိတဲ့ အနက်က ရိုင်ရယ် အော်ပရာဟောက်(စ်)ဆိုတဲ့ ပြဇာတ်ရုံကြီးဟာဖြင့် လန်ဒန်မှာ ရှိသမျှ ရုံတွေအနက် ခမ်းနားကြီး ကျယ်ရာ တွင် ထိပ်တန်း အကျဆုံးလို့ခေါ်ကြတယ်လေ။
၎င်းရုံကြီးမှာ နယူးယောက်စီတီဘဲလေးဆိုတဲ့ အမေရိကန်က လာကပြကြသော ဘဲလေး ပြဇာတ်ကြီးနှင့် ကြုံကြိုက်သဖြင့် မမခင်တို့သွားကြည့်သည်။ ဘဲလေးပြဇာတ်ကလဲ ဇာတိရုံကြီး ခမ်းနား ကြီးကျယ် သည်နှင့် အမျှ ပဏာရရနှင့် ကြည့်လို့ကောင်းလှသည်။
ဇာတ်ခုံအပြင်အဆင် အခမ်းအနားတွေကလဲ တအံ့အသြမားမားကြီး ရှိတဲ့အတွက် အခမ်း အနားတွေကို သားသားနားနား အကုန်အကျခံပြီး သဘောရှိ ပြုပြင်နိုင်ဒါပဲ။ မီးရောင်ပေးတဲ့ဘက်မှာ ဆိုရင်လဲ မီးမောင်း ရောင်စုံ တွေကို လိမ္မာကျွမ်းကျင်စွာ အသုံးချထိုးပြထားနိုင်လေတော့ ကြည့်ကွင်း ကြည့်ကွက်တွေမှာပိုပြီး လေးလေး နက်နက် ရှိလာဒါဘဲ။
ဇာတ်ရုံကြီးကျယ် သလို ဇာတ်ခုံအပြင်အဆင်တွေက လိုလေသေးမရှိသလောက် ကျွမ်းကျင် တက်မြောက် စွာ ကပြ အသုံးတော်ခံကြသူ ပညာသည်တွေစုံကြတယ်။ မိန်းမယောက်ျားတရား ကျော်လောက် လဲ ဇာတ်ရုံ နေရာ ဟာ သာသာယာယာချောင်ချောင် လယ်လယ်ကြီးပါဘဲ။ ရှုပ်ရှုပ် ထွေးထွေးနဲ့ မျက်စေ့နောက် မသွား စေရဘူး။ ဘဲလေးအကနှင့် ဇာတ်လမ်းသရုပ်ဖေါ်ထားတဲ့ (ပရိုဒီ ကယ်ဆန်း) ခေါ် သားမိုက်လေး ဇာတ်လမ်း ကလဲ အတော်ထိထိမိမိ ရှိပါသည်။
နောက်ဘဲလေယိမ်းလို့ ဗမာလိုဆိုကြပါစို့။
(Conceris barocco) ခေါ်တဲ့အက၊ တတိယပြကွက်က (The ried Piper) ဆိုတဲ့ အဆိုသမားက တလှည့်….။ ဘဲလေးအက တွေတလှည့် အတော်ကြည့်လို့ကောင်းတဲ့ အခန်းတိုလေးတခုပါ။ စတုတ္တပြကွင်းက [Beurree fant asque] လို့အမည်တပ်ထားတဲ့ ပြခဏ်းများဖြစ်တယ်။
အားလုံးအခဏ်းတိုလေး ၄-ခဏ်းပြတယ်။ တခဏ်းပြပြီးရင် တီးလိုက်ကြတဲ့ခက်ခုပ်၊ တီးလိုက်ကြတဲ့ လက်ခုပ်၊ နှုတ်ဆက်ရတဲ့ မင်းသားမင်းသ္မီးများမှာလဲ ဝမ်းစမိုး…..တူးစမိုး…. သရီးစမိုး….၃ခါတွက် ခေါင်းညွတ်မှပြီးတယ်။ လက်ခုပ်သုံးခါအတီးရပ်တယ်။ အခန်းပေါင်းလေးခန်း ဆိုတော့ လက်ခုပ်သြဘာ ၁၂-ခါတီးကြတယ်။ အဲဒါ တီးဝိုင်းဆရာတွေကို ပေးတဲ့လက်ခုပ်မပါသေး ဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုက ချီးကြူးရခြင်း ဆုလာဘ်ပေါ့လေ။ မဟုတ် ဟုတ်ဟုတ်လက်ဝါးတော့ ဆယ်နှစ်ခါ ထက်မနည်း ပူသွားမှာဘဲ။
သည်လိုသည်မျှလောက်ထိအဆိုကကောင်းနေပါစေ။ စတိတ်ဇာတ်ခုံ အပြင်အဆင် တစက်စက် စိမ့် ယိုထွက်အောင် ပြုပြင်ထားစေ။ ဇာတ်ရုံကြီးဖိတ်ဖိတ်လက်အောင် ခမ်းနားစေဦး။ ဗမာပြည် ပြဇာတ်လောက မှာဖြင့် ဤလိုအခဏ်းတိုလေး ၄-ခန်းလောက်နှင့်တော့ ငွေရပေါက်ချောင် လိမ့်မည် မထင်ပါ။
မျိုးချစ်မှကြည့်မယ်။ ကြည်ကြည်ဌေးမှကြိုက်တယ်။ ကြယ်နီပါရဲ့လား…..ဆိုတဲ့ အသံတွေ နဲ့ ဒဂုန်ဆရာတင် တို့ ပြဇာတ်တွေ ရေရှည်ကြိတ်နေနိုင်ကြတာ တမျိုးအားဖြင့် ချိးကြူးစရာပင်။
ရုပ်ရှင်လာကမှတော့ အိန္ဒိယရုပ်ရှင်ကားကို အင်မတန် အားကျစရာ ကောင်းနေပါသည်။ (အန်) ခေါ်တဲ့ အိန္ဒိယဆေးရောင်စုံ အသံထွက် ရုပ်ရှင်ကားပြခိုက်ဖြစ်၍ သွားကြည့်သည်။ လန်ဒန် မြို့မှာလာပြတဲ့ အိန္ဒိယ ရုပ်ရှင်ကား ကို အင်္ဂလိပ်လူမျိုးတွေ ကြိတ်ကြိတ်တိုး လာကြည့်နေပါသည်။
ပွဲကြည့် ပရိသတ်ထဲမှာ အိန္ဒိယလူမျိုးဆိုလို့ အနည်းအကျဉ်းသာ တွေ့ရသည်။ ဇာက်ကား ကလဲ လန်ဒန် မြို့ကြီး ကို တက်ပြရဲလောက်အောင် အတန်းမြင့်လှသည်။
ယခုသည်စာရေးနေချိန်တွင် ၎င်း(အန်း)ဇာတ်ကားဗမာ့ပြည်မှာပြနေကြောင်း နယူးယောက် သို့ ရောက်နေသော ဗမာ့ခေတ်သားသတင်းစာ တွင်တွေ့ရ ပါသည်။ အိန္ဒိယဇာတ်ကား (အန်း) ကဲ့သို့ လန်ဒန်မြို့ မှာ လာစွန်မည့်ဗမာ့ရုပ်ရှင်ကားများကိုလဲ တွေ့မြင်ချင်စမ်းပါဘိတော့သည်။
ယုဝတီများကျမ်းမာချမ်းသာပါစေ။
ဆက်ရန်

.
1 comment:
ဦးဆေးရိုး ဆိုတော့ ဒီဝတ္ထုမှာကျတော့ ရီးဆေးရိုးအသက် မရောက်သေးဘူးပေါ့နော်။
မရွှေစင်ရေ။ ဖတ်ရတာ အားမရဘူး။ များများ တင်ပေးပါဦး။ ဆရာဆင်ဖြူကျွန်းအောင်သိန်း များများဆက်ရေးနိုင်ပါစေ။
Post a Comment