Friday, May 28, 2010

ရွှေစင်ဦး လည်း ခေတ်မှီချင်တယ်

ဒီနေ့ မင်္ဂလာဈေး အကြောင်းရေး မလို့ .... ဟင် ..... သတင်းဟောင်း ကြီး ဆိုပြီး စိတ်ညစ် မသွားပါနဲ့ အုန်း...၊ ကျနော် လည်း စိတ်မကောင်းတာ အပြင် ဘာမှ မတတ်နိုင်ပါဘူး .. ဘာသတင်း မှလည်း သူများ ထက် ပိုထူးပြီး မသိ ပါဘူး... ဒါဆို ဟို ထက်ထက်မိုးဦး အကြောင်းရော.. ။

သူ့ အကြောင်း တော့ နဲနဲ ပြောချင်တယ်....၊ အရင်တုန်းက ထက်ထက် ကို တီဗွီ ကြော်ငြာ မှာ အဖိုးကြီး က စပြီး တော့ စကားမပြောတတ်တဲ့ ကလေး လေး ထိကြိုက်ကြတယ်.. သားသား  ငယ်ငယ် က ဆံပင်ညှပ်ရင် အရမ်းငိုတယ်.. ဆိုင်မှာ ရှိတဲ့ ထက်ထက် ပိုစတာ တွေ ပြမှ အငို တိတ် ပြီး ဆံပင်ညှပ် ခံတယ်...၊ ထက်ထက် ကို ချစ်ကြပုံ များတော့ မကြုံဘူးပါဘူး ...။

အခုနောက်ပိုင်း ကျနော် လည်း တီဗွီ သိပ်မကြည့်ဖြစ်ဘူး.. ဒါပေမဲ့ ထက်ထက် အရင်တုန်းက လောက် စန်းမထ တော့ ဘူးလို့တော့ စာတွေဖတ် ရင်းနဲ့ သတိထားမိတယ်....၊ဘဝ ဆိုတာ ဒီလိုပါဘဲ.. အဟောင်း အဟောင်း တို့ နေရာမှာ အသစ်အသစ် တို့ အစားထိုး ဝင်ရောက်လာရင်း သံသရာ ကြီး ဟာ လည်ပတ် ရစမြဲ ပါဘဲ...၊ အဲဒီ လောကဒဏ် တွေကို ခံနိုင်ဘို့ ကျနော်တို့  ကိုးကွယ်တဲ့ ဘာသာ အလိုက်.. ကျင့်ကြံ တဲ့ တရားတွေ အလိုက် .. ဖတ်ထား တဲ့ စာတွေ ရဲ့ အဆင့် နဲ့  မိမိ ရဲ့ ပင်ကိုယ် စိတ်ထားတတ်မှု့ နဲ့  ခံနိုင်ရည် ရှိမှု့ တွေ ကို မွေးဖွားရမှာပါ...။

တချို့ ကတော့ အချိန်တန် မှ လောကဒဏ် တရားကို ခံရပေမဲ့ .. တချို့ကတော့ အချိန် မတန်ခင်... ၊ အစိုးရ ဝန်ထမ်း တွေ အဖြစ်နဲ့ ပြောရရင် ၆၀ ပြည့်လို့ ပုံမှန်အတိုင်း ပင်စင် ယူတဲ့ လူတွေ တောင် ပင်စင် နာဆိုပြီး ရောဂါတွေ ရပြီး မြန်မြန် သေသွားကြတယ်... ၆၀ မပြည့်ဘဲ ထုတ်ပယ် ခံရတဲ့ ဝန်ထမ်း (force to retire) တွေ ရော.. စိတ်မထိန်း နိုင် လို့ ကတော့ ကြွေလွင့် သွားတာများပါတယ်....။

ဒါက သာမန်ဝန်ထမ်းတွေ.. ပြည်သူ အမြှောက်စားခံရတဲ့ အနုပညာ ရှင်တွေ.. အားကစား သမားတွေ ဆိုရင် ပိုဆိုး တော့မှာပေါ့...  သနားစရာ ကောင်းပါတယ်ဗျာ... အဲဒီလို လူမျိုးတွေ မှာ များသော အားဖြင့် depression ဝင်ပြီး လူမသိသူမသိ စိတ်ဝေဒနာ ခံစားနေကြပါတယ်...၊ ကျနော် တော့ အနုပညာရှင် တချို့ စိတ်လိုက် မာန်ပါလုပ်လိုက် တာမျိုးတွေကို စိတ်ဝေဒနာ ကြောင့် လိုဘဲ မြင်မိပြီး သနားမိပါတယ်..။

ကမ္ဘာ အနှံ က အနုပညာ ရှင်တွေ နဲ့ အားကစား သမားတချို့ (ပရိသတ် အချစ်တော် တွေ) ဟာ အောင်မြင်မှု့ ရပ်တန့် သွားတဲ့ အခါမှာ အဲဒီဒဏ် ကို မခံနိုင်လို့ ကိုယ် ကို ကိုယ် သတ်သေသွားတာတွေ ..ဘဝ ကို အရှုံးပေးပြီး...  ရောဂါ အဖြစ်ခံ .... အရက်သမားဘဝ.... ဆေးသမားဘဝ .... အဖြစ်ခံ ပြီး သေသွား ကြ တာ တွေ အများကြီးပါ..။

ကျနော် နဲ့ နီး စပ်ရာမှာလည်း သတ်သေ တဲ့ အထိ... စိတ်ကျပြီး ရောဂါ တွေ ဝင်ပြီး အရှုံးပေးသွားတဲ့ သူတွေ အများကြီး တွေ့ဘူးပါတယ်.. ၊ အဲဒီလို ဖြစ်နေတဲ့ အချိန် မှာ ပတ်ဝန်းကျင် ရဲ့ ဖေးမ မှု့တွေ နားလည် စာနာ မှု့တွေ ဟာ အများကြီး အရေးကြီးပါတယ်..  ပတ်ဝန်းကျင် က depression ဖြစ်မှန်း မသိဘဲ လွှတ်ထားလိုက်ရင် နောက်ဆုံး အသက် ကို ရန်ရှာတဲ့ အထိ ဖြစ်သွား တတ်ကြပါတယ်... 

depression ဆိုတာလည်း သိသာ ထင်ရှားစွာ ပြတဲ့ ထမိန် မနိုင် ပုဆိုး မကပ် တဲ့ စိတ်ရောဂါ မျိုး မဟုတ်လေ တော့ သတိထား မိဘို့ ခဲယဉ်း တဲ့ အပြင် ကာယကံရှင် ကလည်း သူကိုယ့် သူ depression ဆိုတာ လက်မခံသလို သိလည်း သိချင်မှ သိမှာပါ.. တော်တော် သိမ့် မွေ့တဲ့ စိတ်ရောဂါတခုပါ..တခါ တလေ စိတ်တွေ သိပ်တက်ကြွ နေပြီး... တခါတလေ တော့လည်း စိတ်ဓါတ် တအားကျ နေပြီး သတ်သေ တဲ့ အထိ ဖြစ်သွား ပါတယ်...။

ချစ်ချစ်ကြီး ကတော့ သူ ငယ်ငယ် က သူ့ ကိုယ် သူ သတ်သေသွားတဲ့ သူ့ဦးလေး အကြောင်းကို အခြေခံ ပြီး အခုနောက်ပိုင်း သူ စာတွေ ဖတ်လို့ သိလာတဲ့ အချိန်မှာ သူ့ ဦးလေး ဟာ မသေသင့်ဘဲ ပတ်ဝန်းကျင် ရဲ့ နားမလည် မှု့ကြောင့် သေသွားရတယ် ဆိုပြီး အမြဲတမ်း ပြောလေ့ရှိပါတယ်...။

ချစ်ချစ်ကြီး မေမေ ရဲ့ မောင်အငယ်ဆုံး ဟာ ဘောလုံးသမား တယောက်ပါ..၊ မဆလ အစိုးရ လက်ထက် က တက္ကသိုလ် ပေါင်းစုံ အားကစားပွဲ တွေ ဟာ မြန်မာပြည် မှာ တော်တော် ကို ရေပန်းစား ခဲ့ ဘူးပါ တယ်... ဦးလေး က ကျောနံပါတ် ၁၃ (ကက်နက်) ဆိုတဲ့ နံမည် နဲ့ ရန်ကုန်စက်မှု့တက္ကသိုလ် က နံမည်ကြီး ဘောလုံးသမား တဦး ပါ...။

သူ 5th year ရောက်တဲ့ အချိန် မှာ အရေးကြီး တဲ့ ဖိုင်နယ် ပွဲ စဉ် တခုမှာ အောင်ဆန်းကွင်း မှာ ဘောလုံး ကန်ရင်း နဲ့  ညှပ်ရိုးကျိုး သွား ခဲ့ပါတယ်.. ၊ ပါမောက္ခချုပ် ကိုယ်တိုင် ကွင်း ထဲ အထိ လာ အားပေးရင်း  စာမေးပွဲ အတွက် လည်း မပူပါနဲ့ ဘာညာ ပြောသွား ပေမဲ့. .... အဲဒီနှစ်က သူ စာမေးပွဲ ကျခဲ့ ပါတယ်.. ၊ အဲဒီ အချိန်က စပြီးတော့  ကျောင်းလည်း ဆက် မတက်တော့ ဘဲ... အရှုံးသမား ဘဝနဲ့ ကျောင်းက ထွက် လာ ပါတယ်..။

ချစ်ချစ်ကြီး တို့ နဲ့ အတူနေရင်း အရက်သောက် ပြီး တူများကို ဆုံးမ ခဲ့ တယ်.. အရက်သောက် ပြီး ဘဝမှာ ဘာ အောင်မြင်မှု့ မှ ဆုတ်ကိုင် မပြနိုင်တဲ့ ဦးလေး ဖြစ်သူကို ဘယ် တူ တွေကများ လေးစား ခြင် မှာလည်း ..၊ ဒါပေမဲ့ ဦးလေး ဟာ ပညာသိပ်တော် တဲ့ အပြင် အရက် ဘယ်လောက် သောက်သောက် တူ တူမ များ ကို စာသင်ပေး တာ လည်း မပျက်ခဲ့ဘူး ဆိုဘဲ... ၊ သူ့ တူတွေ စာဖတ်တတ်အောင် လည်း သူဘဲ စာအုပ် ကောင်း များ ကို ရွေးချယ်ပေးခဲ့ ပါသတဲ့...။

သူ ရဲ့ တော်တဲ့ ကောင်း တဲ့ အချက်တွေ ကလည်း အများသားပါ..၊ ချစ်ချစ်ကြီး တို့ မိသားစု ဟာ ယဉ်ကျေး တဲ့ သူများ ဖြစ်တဲ့ အပြင် သူတို့ ဦးလေး ကို လည်း ချစ်ကြတော့ အားလုံး ဟာ သူ အရက် သောက် တာကို သည်းခံ ခဲ့ ကြပါတယ်တဲ့ ..၊ ယောက်ဖ ဖြစ်သူ ကလည်း ညတရေးနိုး ရင် ရေဆာ မှာဆိုးလို့ ဆိုပြီး ညတိုင်း ရေကရား လေး ကို သူ့အိပ်ရာဘေး မှာ ချထားပေးသတဲ့...၊  တအိမ်လုံး က အလို လိုက် ခဲ့ ကြပါတယ်တဲ့..  ။

တခါ တလေ သူ ပြောတာတွေ ကို အရက်ကြောင် ကြောင်လို့ ပြောတယ် ဘဲ ထင်ခဲ့ ကြတယ်တဲ့... အဲဒီ ထဲမှာ သူ သတ်သေ တော့ မယ် ဆိုတာကို လည်း အဲဒီလို ထင်သွားတာ ဟာ သူ့အတွက် ကံဆိုးခြင်း တခု ဘဲပေါ့....၊ တကယ်တော့ ဒါဟာ သူ စိတ်ရောဂါ အပြင်းအထန် ခံစားနေရတာပါ...။

သူ မသွားခင် တပတ်လောက် ကထဲက သူသတ်သေတော့ မယ် .. မသေခင် သူစားချင်တာတွေ စားအုန်း မယ် ဆိုပြီး.. ချစ်ချစ်ကြီး ကို ဆနွင်းမကင်း တွေ ဘာတွေ ဝယ်ခိုင်း သေးသတဲ့.. ဝယ်ပေးတော့လည်း သေချာ စားတယ်.. ၊ သူ့အတွက် ရစရာရှိတဲ့ အမွေတွေ ကိုလည်း ချစ်ချစ်ကြီး တို့ ညီအကို တွေကို ခွဲဝေ ပေး ဘို့ စာတွေ ဘာတွေ ရေးခဲ့ သေးတယ်... ဒါကို ဘယ်သူ မှ အလေး အနက် မထားခဲ့ ကြတာဟာ မြန်မာ လူမျိုး တွေ ရဲ့ ဗဟုသုတ နဲမှု့ အမြင် မကျယ်မှု့တွေပေါ့...။

သတ်သေ တဲ့ မနက် မှာ တအိမ်လုံးဟာ ဆိုင် မှာ ရောက်နေကြပါသတဲ့... သူ သတ်သေ ပြီးတဲ့ အချိန်  လောက် မှာဘဲ သူ့ဝိညာဉ် ဟာ ဆိုင်ကိုရောက်လာခဲ့ပါတယ်.. ချစ်ချစ်ကြီး မေမေ က ဆိုင်ထဲ ဝင်လာတဲ့ သူ့မောင် ကို အခုဘဲ ထမင်း ပို့တော့ မလို့ .... မောင်လေး အတွက် ငရုပ်သီး ကြော်နေတယ် ဆိုပြီး ..... ၊ သူ ရောက်လာ တာကို သတိမထားမိ လိုက်တော့ ဘဲ အလုပ်တွေ ဆက်လုပ် နေပါတယ်...။

ခဏနေ ငရုပ်သီး ကြော်ပြီးလို့ သူ့အတွက် ထမင်း လည်း သွားပို့ ရော သူဟာ အိမ်ရှေ့ ထုတ်တန်းမှာ ကြိုးတွဲလွဲ နဲ့ သေနေပါပြီ ... ပုဆိုး ကိုလည်း ကျွတ်ကြမှာ ဆိုးလို့ ကြိုးနဲ့ချီထား သတဲ့...၊ အဲဒီ အချိန် မှာ သူ ဟာ သေပြီးခါစ ပူပူနွေးနွေး ဘဲရှိပါသေးတယ် ....၊ အချိန် မတန်သေးဘဲ ဘဝကို အရှုံး ပေးသွားခဲ့ ပါပြီ.. ။

ကဲ.. အားလုံးသော လူသားများ လောကဓံ အနိမ့် အမြင့် ကို ခံနိုင်ရည် ရှိတဲ့ ပုဂ္ဂိုလ် များ အဖြစ် ယောနိသော မနသီကာရ သင့်တင့် သော နှလုံးသွင်း တတ်ခြင်းဖြင့် ဘဝမှာ နေလို့ ပျော်နိုင်ကြပါစေ...။

သြ.. ကျနော် ရေးမဲ့ မင်္ဂလာဈေး အကြောင်းက ကျနော် တို့ မန္တလေး က မင်္ဂလာဈေး ရဲ့ လွန်ဆွဲပွဲ အကြောင်း ပါ... အခုတော့ ချောတောငေါ့ သွားလို့ နောက်နေ့မှဘဲ တင်ပရစေတော့ဗျာ...။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

27 comments:

Anonymous said...

Yes you are right.
I totally agree with you because i also had the same experience.

Whenever i read this kind of articles i badly remembered him and his death.

He was my own brother.

သဒ္ဓါလှိုင်း said...

ဘ၀တဆစ်ချိုး လောကရဲ့ဒဏ် အတက်အကျကို လက်ခံဖို့
ခက်တယ်နော်။ပတ်ဝန်းကျင်ကသူတွေက စိတ်ရှည်ရှည်နဲ့
နားလည်ပေးရင် တော်သေးတယ်။အော်.. ဘယ်လောက်
ပဲအတက်ရှိရှိတချိန်ချိန်တော့ကျရမှာဓမ္မတာပါပဲလေ။
ဖြစ်ပြီးရင်ပျက်ရတော့မဲ့ထုံးကိုနှလုံးမူနိုင်ဖို့ကြိုးစားရအုံးမယ်
မမရွှေစင်...

ခင်တဲ့
ညီမသဒ္ဓါ

သူကြီးမင်း (တုံးဖလား) said...

အော် သိပါဘူး။ ရန်ကုန်မင်္ဂလာဈေးအကြောင်းများရေးမလားလို့။းဝ)

ဟုတ်ပါတယ်။ မကြွေသင့်ဘဲ ကြွေသွားကြတဲ့သူတွေ အများကြီးပါ။ စိတ်ဓါတ်ကျလွယ်တဲ့သူတွေကို ဖိအား အရမ်းပေးရင် ပေါက်ကွဲချင်ရင် ပေါက်ကွဲမယ်။ ဒါမှ မဟုတ်ရင် ကိုယ့်ကိုကိုယ် အဆုံးစီရင်ချင် စီရင်သွားမယ်။ ဆင်ခြင်ကြဖို့ ကောင်းပါတယ်။

ကျော်နှင်းဆီလွင် said...

မရွှေစင်ဦးတယ်နောက်...နော်
ဒါပေမဲ့ ဗဟုသုတတော့ရသွားတယ်သိလား
စိတ်မကောင်းလည်းဖြစ်ရတယ်

လသာည said...

အစ်မရွှေစင်..
ဟုတ်တယ်နော်။ လောကဓံ အနိမ့် အမြင့် ကို ခံနိုင်ရည် ရှိတဲ့ သူအဖြစ် တကယ့်ကို ကြိုးစားရါဦးမယ်.. ညီမတော့ လောကဓံအတက်အကျကိုတောင်မဟုတ်ပဲ အလကားနေရင်းကို စိတ်ဓါတ်ကျလွယ် တက်လွယ် ဖြစ်လွန်းလို့....

လသာညဖြစ်ပါတယ်..း))

Thet Oo said...

ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်ဆောင်းပါးလေးတွေ ရိုက်တင်ပေးပါလားဗျာ။ ဘာသာပြန်ဝတ္ထုတွေ ရိုက်တင်တာလည်း ကောင်းပါတယ်။ အချိန်မပေးနိုင်သူတွေကျတော့ ဆောင်းပါးလေးတွေနဲ့ သင့်တော်တယ်မဟုတ်လား။ ပြီးတော့ ကျနော်တို့မှာ တခါတလေ ဖတ်ချင်တာလေးရှိရင် ဘယ်သွားရှာရမှန်းမသိဘူး။ အဲဒါကြောင့် တောင်းဆိုကြည့်တာပါ။ အားပေးလျှက် ...

Anonymous said...

ဒီကလဲ သေချင်နေတာ။ သက်သက်သာသာလေး ဘယ်လိုသေရကောင်းမလဲ တွေးနေတာ။ how to kill myself without painful ဆိုပြီး အင်တာနက်ထဲ ရှာကြည့်သေးတယ်။ မရွှေဇင်ဦး အမျိုးသားရဲ့ ဦးလေးလိုတော့ တွဲလောင်းကြီး မသေရဲဘူး။ နာမှာလဲ စိုးတယ်။ မလှမှာလဲ စိုးတယ်။ လူများတွေ ၀ိုင်းကြည့်ကြမှာလဲ စိုးတယ်။ ဒါနဲ့ပဲ မသေဖြစ်တော့ဘူး။
တကယ်တော့ ဘ၀မှာ ကိုယ့်ကို စာနာ နားလည်ပေးနိုင်မယ့်လူ အနည်းဆုံး တယောက်လောက်ရှိရင် အဆင်ပြေမှာပါ။

မဗေဒါ (၈၈) said...

အင်း .. မရွေစင်..။

ဘာလုပ်ရရင် ကောင်းမလဲ..။ အမပြောသလို စိတ်ကျနေတဲ့ လူတွေ အများကြီး ရှိနေမယ် ဆိုတာ အသေအချာပဲ..။ ပညာတက်သူရော မတက်သူရော ပြည်စုံသူ မပြည့်စုံသူ အစရှိသဖြင့်ပေါ့..။

မဗေဒါ အမြင်ကတော့ စနစ်တခုကို သေသေချာချာ မွေးဖွားပေးဖို့လိုတယ် ထင်တာပဲ..။ မရွေစင် ပြောသလို ကြုံခဲ့ (ဖြစ်နေ ) သူတွေကို အကောင်းဆုံး ဖေးမမှု.. စာနာမှု.. စတာတွေကို အသေအချာလေး ပြုစုပျိုးထောင် ပေးနိုင်ရင် သိပ်ကောင်းမယ်.. ။

ိုချမ်းသာတဲ့ ဒီနိုင်ငံမှာတောင် ဖြေရှင်းရခက်နေသေးတာ ဟိုမှာဆိုတော့ မှန်းကြည့်တာနဲ့တင် တော်တော်လေး ကြေကွဲစရာတွေ ကြီးဲနေမှာပဲ ..။

မဗေဒါက ထက်ထက်မိုးဦးအကြောင်း ရေးချင်နေတာ.. ဒီမှာလည်း အတော်လေး ပြောဖြစ်ကြတယ်.. သိတယ်မလား လူတွေ ရဲ့သဘောက အဲလိုဆို သူသူကိုယ်ကိုယ် ပြောကြ စိတ်ဝင်စားကြတယ်..။ မဗေဒါက ပြဿနာ တခုကို စပ်စုစိတ်ထက် ဒါတွေဖြစ်နေတာရဲ့ အရင်းအမြစ်ကို သိဖို့ရယ်.. ဘာတွေ ဘယ်လိုလုပ်ရင် ပိုပြီး လူ့အသိုင်းအဝန်းလေး လုံခြုံမလဲ ဆိုတာကို ပိုအရေးထားပြီး ချဉ်းကပ် ဆွေးနွေးစေချင်ပါတယ်.. ။

တော်ပါပြီ အမရေ..။

မဗေဒါ (၈၈)

ရွှေရတုမှတ်တမ်း said...

ဘဝကို ရင်ဆိုင်နိုင်ဖို့ကြိုးစားရတာမလွယ်ပါဘူး..
ဦးလေးကတော့ အရက်သောက်တော့ ..ရင်ဆိုင်ဖို့စွမ်းအားနဲသွားတာပေါ့လေ..ရွှေစင်ဦးခေတ်မီချင်တယ် ဆိုလို့..ဘယ်သူ့များပါးရိုက် လက်သီးနဲ့ထိုးမလဲလို့လန့်သွားတာပဲ...

အင်ကြင်းသန့် said...

လောကဓံ အနိမ့်အမြင့် အတက်အကျဆိုတာတွေကတော့ မည်သူမဆို ဘ၀တစ်လျှောက်မှာ မလွဲမသွေ ကြုံတွေ့ရမယ့် အကြောင်းတရားတွေပါပဲ .... ကြီးတာနဲ့ သေးတာပဲ ကွာမယ် ထင်ပါတယ် .... တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင် ဆင်ခြင်သတိထားပြီး ကျော်လွှားဖြတ်သန်းသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့...

ချစ်ညီမလေး

Rita said...

အကြောင်းစုံ မပါလို့လား မသိဘူး။
ဒီကိစ္စလောက်ကလေးနဲ့ ဖြစ်ရလေ လို့ အားမလို အားမရဖြစ်မိတယ်။

Anonymous said...

အမ.. အမပြောတာကို လက်ခံပါတယ်။ ကိုယ်တိုင်တွေ့ဘူးခဲ့လို့ပါပဲ...ဒါပေမဲ့ အမ..
တခုထပ်စဉ်းစားစရာ ရှိလာပါတယ်။
အဲဒါက .. အဲဒီလူရဲ့ ပင်ကိုစရိုက်ပါ..။
တကယ်လို့ .. သူရဲ့ ပင်ကိုစရိုက်ကြောင့် သူဒီလိုဖြစ်တာလား ...
ဒါမှမဟုတ် depressing ၀င်လို့ ဒီလိုဖြစ်တာလားဆိုတာပါပဲ။
အမပြောတဲ့ အချက်က သူ depression ၀င်တာ ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ သူဖြတ်သန်းလာတဲ့ ဘ၀.. သူကြီးပျင်းလာတဲ့ တကဲ့စရိုက်ကို ကျနော်တို့ မသိဘူး။ depression ကြောင့်လို့ အရင်မဆုံးဖြတ်ခင် သူရဲ့စရိုက်ကိုပါသိခဲ့ရမယ်ဆိုရင် အဖြေက တမျိုးတဖုံပြောင်းသွားနိုင်မယ်ထင်ပါတယ်။

တကယ်သာ အမထောက်ပြတဲ့အချက်တွေဟာ depression သမားတယောက်အတွက် လုံလောက်တဲ့အချက်တွေပါပဲ။ တကယ်သာအဲဒီလိုဆို သူဟာ တကယ်သနားစရာကောင်းပါတယ်။

အဲ.. တကယ်လို့ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သူဟာ ....

ဘာပဲဖြစ်ဖြစ်ပါလေ.. ကျနော်လဲ ထက်ထက် ကြော်ငြာ အရမ်းကြိုက်သလို သူရဲ့ ချွဲပြစ်နေတဲ့ အသံကိုလည်း သိပ်ကြိုက်တယ်။
အခုကိစ္စမှာလဲ မေးခွန်းမေးတဲ့သူက အတော်ကို မိန်းမချင်းကိုယ်ချင်းမစာ မေးခဲ့တာတော့ ထက်ထက်ဖက်က နာပါတယ်။ ကျန်တဲ့ကိစ္စကတော့ အထက်ကပြောသလိုပဲပေါ့။ သတင်းထောက်အလုပ်ဟာ သူတပါးကိုယ်ရေးကိုယ်တာကို ထောက်ပြဖော်ပြပေးတဲ့ အလုပ်မှမဟုတ်ပဲ။ ပီးတော့ မိန်းမတယောက် အိမ်ထောင်ဆက်များတာ အထူးသဖြင့် မြန်မာအမျိုးသမီးတယောက် အိမ်ထောင်ဆက်များတာ ..ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းတရားကို အခြေခံတာကို ဘာဖြစ်လို့ မိန်းမချင်းကိုယ်ချင်းမစာကြတာလဲဆိုတဲ့ မေးခွန်းကို ငယ်ငယ်တည်းကထုတ်ချင်ခဲ့သလို အခုလဲထုတ်နေဆဲပါပဲ။ မြန်မာ မိန်းမတွေဟာ မိန်းမအချင်းချင်းပြန်နှိပ်နေတယ်လို့မြင်တယ် ဖေးမတယ် ကိုယ်ချင်းစာတယ်ပြောပီး .. စကားနဲ့တထပ်တည်းမကျတဲ့ အပြုအမူတွေလုပ်ကြတယ်။ ဒါကြောင့် တခုလပ်တို့ မုဆိုးမတို့ဆိုတာ မိဘအရိပ်အာဝသမကောင်းရင် ဘ၀မလုံခြုံတော့ဘူး။ ယောင်္ကျားတွေကလည်း သွေးတိုးစမ်းနဲ့ တော်ရုံ မိန်းမတယောက်အဖို့ တကယ်မလွယ်ဘူး။ သိပ်ရှည်သွားပီ..အမ။တော်ပီနော်..

မြတ်နိုး

မောင် လေး said...

စိတ်မကောင်းစရာပဲဗျနော်...
အရက်သောက်တော့ပိုပြီးစိတ်ကျသွားတာပေါ့နော်
ကျနော်လည်း စိတ်အတက်အကျ မြန်တယ်ဗျ
ကိုယ့် ကို ကိုယ် သတိထားနေရတယ်

SHWE ZIN U said...

မန့်တာလေး တွေ ဖတ်ပြီးတော့ နဲနဲတော့ ရှင်းပြပေး ချင်ပါတယ်..

ကျနော် နဲ့ လဲ မဆုံ ဘူးခဲ့တော့ ချစ်ချစ်ကြီး ကိုဘဲ မေးပေး ပါတယ်.. ချစ်ချစ်ကြီး ၁၀တန်း (ပထမ နှစ်) မှာ ဦးလေး ဆုံးသွားတာပါ..

ဦးလေး ဟာ ကလောသား လူပျော် လူတော်ပါတဲ့..

သူတို့ မောင်နှမ တွေထဲ မှာ အတော်ဆုံး ဖြစ်သလို ရုပ်ကလည်း တော်တော် ချောပါတယ်တဲ့....

တသက်လုံး စာမေးပွဲ မကျဘူး ခဲ့သလို အင်္ဂလိပ် စကား နဲ့ ကုလား စကားကို လည်း တော်တော် ပြောတတ်တယ်လို့ ပြောပါတယ်..

အခု RIT မှာ စာမေးပွဲ ကျတာဟာ ပထမဆုံးပါလို့ ပြောပါတယ်..

နောက်ပြီး သူ့ မှာ တော်တော် အထက်တန်း ကျတဲ့ ချစ်သူ လည်း ရှိခဲ့ဘူးပါတယ်တဲ့..

သူ ကျောင်းမပြီး ဘဲ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ စွန့်ခွာ သွားခဲ့ပါတယ် လို့ပြောပါတယ်..

သူဆုံးခါနီး မှာ သူ့ သူငယ်ချင်း တယောက်လည်း အိမ်နဲ့ မျက်နှာခြင်းဆိုင် မှာ AE ဘဝ နဲ့ မိသားစု တွေ ချွေရံသင်းပင်း တွေနဲ့ ပြောင်းလာခဲ့တယ်တဲ့..

နောက်ပိုင်း မှာ နေ့ဆိုရင် အိမ်ထဲက လုံးဝ မထွက်တော့ ပါဘူး အိမ်ထဲမှာဘဲ အိပ်တယ် စာဖတ်တယ် (လူတွေနဲ့ မျက်နှာခြင်း မဆိုင်ရဲ တာလည်း စိတ်ရောဂါကြောင့် ထင်ပါတယ်)

ညနေကြမှ အ၇က်သောက်တယ် တဲ့..

ကလောသား တွေ ဆိုရင်တော့ သိမှာပါတဲ့ အရက်သောက် တာဟာ ကလောသား အများစု အတွက် ဘာမှ မထူးဆန်း ပါဘူးတဲ့ အရွယ်ရောက် ရင် သိပ်အေးလွန်း တာနဲ့ တခြား ထွက်ပေါက် ရှာရင်း နဲ့ ညဆိုရင် သောက်ကြတာ များပါတယ်တဲ့

အရက်ကြောင့် တော့ မသေလောက်ဘူး စိတ်ရောဂါ ကြောင့် ဘဲ လို့ တချက်ထင်ပါတယ်..

နောက် သူ အဲလိုလုပ်ပြီးတော့ ဆရာဝန် ကဆေးစစ် ချက်ယူတော့ နှုတ်ခမ်းမွှေး လည်း ကြဲနေတဲ့ အတွက် စိတ်ရောဂါ လည်း ရှိတယ်လို့ ဆရာဝန် ကမှတ်ချက် ပေးပါတယ်တဲ့ ..

အဲဒီနှုတ်ခမ်းမွှေး အကြောင်း တော့ ကျနော် မသိပါဘူး

ကဲ သိသမျှပါ

လေးစားစွာဖြင့်
ရွှေစင်ဦး

(သြ ဒါနဲ့ ဘယ်သူများ နှုတ်ခမ်းမွှေးကြဲသူ ပါနေ သလည်း ဗျာ.. သတိထားပါ)

Anonymous said...

စိတ်လိုက် မာန်ပါလုပ်လိုက် တာမျိုးတွေကို စိတ်ဝေဒနာ ကြောင့် လိုဘဲ မြင်မိပြီး သနားမိပါတယ်..။

သတိ seesein ဒေါသ မထွက်ရ ..))))

ဟိုက် ဒုက္ခော ဗုဒ္ဓေါ ဘုရားရေ ......

လူတိုင်းဟာ အရူး
မတည်ငြိမ်တဲ့ဘဝ လူတွေရဲ့လောကပါ။
ဟေး ဟေး........
ဗုဒ္ဓဘုရား ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလား လူလူချင်းသွေးဆက်ပါ။
(သီချင်းဆိုပြီးပြန်သွားတယ်)

ချစ်ညီမ

Flower said...

လူတစ်ယောက်မှာ အဓိကမောင်းနှင်အားက စိတ်ပါဘဲနော်
စိတ်ဓာတ်သာကျသွားရင် လူတစ်ယောက်ဟာ ဘာမှကို မလုပ်ချင်မကိုင်ချင်ဖြစ်ပြီး လောကမှာတောင် နေမပျော်တဲ့အဖြစ်ကို ရောက်သွားတော့တာပါဘဲ..
စိတ်ဓာတ်ကျသူများကို ဒါကြောင့်ဖေးမကူညီဖို့ သိပ်ကိုလိုအပ်ပါတယ်.. ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ် အစ်မရယ်..

kiki said...

ထက်ထက် အကြောင်းပါလာတော့ မရွှေစင်လည်း ခေတ်မှီသွားပါပြီ ..( စိတ်ဓါတ်မကျရန် အားပေးသံ... )။
လူတယောက် စိတ်ဒါဏ်ရာ ရတယ် ဆိုတာ ပြင်ပ ကိုယ်ခန္ဓာ ဒါဏ်ရာ ရတာ ထက် ပိုဆိုးပါတယ် ။ပြင်ပ က ဒါဏ်ရာ က မြင်လွယ် သိလွယ်တော့ အချိန်မှီ ကုသ ဖြစ်တာ များတယ်လေ ။ အတွင်း စိတ်ဒါဏ်ရာကတော့ လူသူမသိ တမြေ့ မြေ့  ခံစားနေရပြီး ဘဝတခုလုံး ပျက်စီးစေတတ်တာမို့  အဲ့လို စိတ်ဒါဏ်ရာ ရစေအောင် လုပ်တဲ့သူတွေ မှာလည်း အပြစ်ရှိတာပေါ့ ။
ဒါပေမဲ့ အဓိက ကတော့ မိမိကိုယ်တိုင် ထိန်းသိမ်းနိုင်ခြင်းပါပဲ ။ ပါတ်ဝန်းကျင် ကလည်း ဖေးကူသင့်ပါတယ် ။
မရွှေစင် ချစ်ချစ်ကြီး ရဲ့ ဦးလေးက ..ကလောသားကိုးး.. အမျိုးများ တော်နေမလား လို့ ..တွေးနေမိတယ် ။ “မြသီး ” အမျိုးတွေ နဲ့ သိနေမလား နော် .. နှုတ်ခမ်းမွှေးကျဲတာတော့ မသိဘူး ရယ် ..း))

ခင်မင်စွာဖြင့်
ကိကိ ။

khin oo may said...

စိတ်မကောင်းစရာ..

SHWE ZIN U said...

သြ မကိ က မြသီး အမျိုးတွေလား ကလောက သူဌေး မျိုး တွေကို ချစ်ချစ်ကြီး ကသိပါတယ်တဲ့ အဲဒီမိသားစု ထဲက ဂျော့မြသီး (ချစ်ချစ်ကြီး ထက် ကြီးတယ် ဦးလေး ထက်ငယ်တယ် တဲ့) အကြောင်း ကို မကိစာရေးရင် ကောင်းမယ်ထင်တယ်နော်..

ချစ်ချစ်ကြီး တို့က ကလော က မြစားတော်ဆက် အမျိုးတွေပါ

တွေ့ရတာ ဝမ်းသာပါတယ် how do u do

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ထက်ထက်မိုးဦးက မလည်ဘူး၊ ဟန်မဆောင်တတ်ဘူးလို့ ထင်တယ်။ Gossip မေးခွန်း တမင်မေးလာတာကို လူလယ်ဆိုရင် အကင်းပါးပါး ပြန်ဖြေလိုက်မှာပဲ။ သူက စော်ကားတာကို ရိုးရိုးအအကြီး ဗြောင်ပြန်တုံ့ပြန်လိုက်တာကိုး။
ဆရာကြီးတစ်ယောက် ပြောတာကတော့ ဒီနေရာမှာ တစ်ဖက်သတ် ကျလွန်းတယ်။ အမေးမခံချင်ရင် သန့်ရှင်းစင်ကြယ်အောင်နေ ... ဆိုတော့ ဆရာကြီးလဲ အာသဝေါကုန်ပြီး သန့်ရှင်းစင်ကြယ်နေလို့ ဆိုရင်တော့ ပြောလို့ရပါတယ်။ ကိုယ်တောင် အာသဝေါ မကုန်လို့ မိန်းမယူထားသေးတာပဲ။ ကိုယ့်သမီးအရွယ်က တရားဝင် ယောက်ျားယူတာကို ဒီလိုပြောဖို့တော့ မသင့်ပါဘူး။

Anonymous said...

လူထုဦးစိန်ဝင်းကို သန်းရွှေသမီး ဗိုက်အကြောင်း ဒေါ်ကြိုင်ကြိုင်နဲ့ ငါးလောင်းပြိုင်လူသတ်မှုအကြောင်း မေးပေးစေချင်တယ်။
ဂျာနယ်လစ် ပါးရိုက်ခံရတာကို ကက်ကက်လန်နေတဲ့သူတွေ ဂျာနယ်လစ်ကိုဖမ်း ထောင်ချတဲ့ ကိစ္စမှာလည်း တစိုးတစိ အသံလေး ပေးကြရင်ကောင်းမယ်။

sosegado said...

ပတ်ဝန်းကျင်….. ငယ်ငယ်တုန်းက ဘာသာရပ်တစ်ခုနေနဲ့ သင်ဘူးသလားလို့၊
ပတ်ဝန်းကျင်ကြောင့် ဖြစ်သွားရတာတွေများပြီး၊
မန္တလေး က မင်္ဂလာဈေး ရဲ့ လွန်ဆွဲပွဲ ဘယ်လိုခေတ်မှီသလဲ?

Anonymous said...

အပေါ်က သတ်သေချင်တယ်ဆိုတဲ့ annoymous သို့

ဒီစိတ်ကို ခေါင်းထဲက ချက်ချင်း ဖျောက်လိုက်ပါ။ လူ့ဘဝမှာ အများအကျိုးအတွက် ကောင်းတာတွေ အများကြီး လုပ်နိုင်ပါသေးတယ် အစ်ကို/အစ်မ ရေ။

ဘာမှ စိတ်မညစ်ပါနဲ့။ ပျော်ပျော်နေပါ။ အရေးကြီးတာက ရိပ်သာ ၁၀ ရက်လောက် ဝင်ကြည့်ပါ။ တရားထိုင်တာ အကောင်းဆုံး စိတ်နုပျိုဆေးပဲ။
မေတ္တာဘာဝနာလဲ အကျင့်လုပ်ပွားကြည့်ပါ။ မကောင်းတဲ့ လူတွေကြောင့် ကိုယ်စိတ်ဓာတ်ကျမယ့်အစား ဒီလိုလူဆိုးတွေကို ဂရုဏာသက်တတ်၊ ဥပေက္ခာထားတတ်လာပါလိမ့်မယ်။ ဒါဆို လူဆိုးမကင်းတဲ့ လောကကြီးမှာ နေတတ်သွားပါပြီ။
ပျော်ပျော်နေပါ။ စိတ်ထားကောင်းသူတွေကို ရှာပေါင်းပါ။ အထီးကျန်ဖြစ်နေဆဲဆိုရင်လဲ ဘုရားတရားကို အဖော်လုပ်ပါ။ အလှူဒါနလေးတွေ ပြုရင်လဲ စိတ်ပျော်ပါတယ်။

သတ်သေချင်ဖူးသူတစ်ဦး

Anonymous said...

ဘလော့တစ်ခုမှာ ဖတ်လိုက်ရတဲ့ကွန်မန့် သဘောကျလို့ ကော်ပီလာကူးတင်သွားတယ်။ nga ဆိုတာ ဘယ်သူမှန်းတော့ မသိဘူး။ ကျေးဇူးတင်ပါတယ်။

nga said...
May 27, 2010 7:50 AM
အင်တာဗျူဟာမလေး နဲ့ အယ်ဒီတာဆိုသူများဖြေရန်..

မေး.။ ။ အင်း . လူဆိုတဲ့ အမျိုးကလည်း အတင်းအဖျင်းလေးတွေ သူများရဲ့ ပုတ်သွားပါတယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေ ကိုမှ ချည်ခြင်းတတ် ကြတတ်တော့လေ.. ညီမတို့က အပုတ်အစပ် တွေ ရှာဖွေပေးနေတဲ့ သူတွေပေါ့နော်..။
ဖြေ..။ ။.....
မေး.။ ။ အဲ အခုပရိတ်သတ်ကြီးက အီထပ်နေတဲ့ အပုတ်စပ်တွေထက် အပုတ်သစ် အစပ်သစ်လေးတွေ ကြားချင်တာတဲ့. ဒီတော့ ညီမရဲ့ ကွယ်ရာမှာ ဖြစ်ပျက်ခဲ့တာလေးတွေ ဖြေပေးနော်..။ ဆိုတော့ကာ.. ညီမက အပျိုလား အအိုလား..
ဖြေ..။ ။......
မေး..။ ။ဒါဆိုရီးစားကော ရှိလား.. ညီမရီးစား နဲ့ ညအိပ်ဘူးသလား..။
ဖြေ..။ ။.....
မေး..။ ။ အော်... အပျိုစစ် ကလေးပေါ့.. ထားပါတော့ ညီမပဲ သိမှာပေါ့.. ဒါနဲ့ ညီမ ဒီအရွယ်ထိ ကိုယ့်ကိုကိုယ် စိတ်ဖြေတဲ့ ကိစ္စမျိုးတွေ လုပ်ဘူးသလား..။
ဖြေ..။ ။ ....
မေး..။ ။ ဒါနဲ့ ညီမသိတယ်နော်.. ညီမအဖေကလေ. ညီမအမေ ကို.. အင်း ဘယ်လိုပြောမလည်း .. ဖိုမ ဆက်ဆံတယ် ပေါ့နော်.. အဲ့လိုကြီး ဆက်ဆံ ပြစ်လိုက်လို့ ညီမ လူဖြစ်လာရတာဆိုတာ ညီမလက်ခံတယ်နော်..
ဖြေ..။ ။...
မေး.။ ။ အင်း.. သိချင်တာကလေ.. ညီမအမေ အခု သွေးဆုံးသွားပြီလား..
ဖြေ..။ ။...
မေး..။ ။ အော်.. သွေးဆုံးသွားပြီဆိုတော့.. ညီမအဖေက ညီမ အမေကို.. ဟို လေ... ညတွေမှာ တနာကြီးကြီးနဲ့.. စိတ်လိုက်မာန်ပါ.. လိင်ဆက်ဆံတုန်းလား...
ဖြေ..။ ။.. သွားလိုက်တော့.. ဒိုးလိုက်တော့
( ပါးမရိုက်ကြေး )

SHWE ZIN U said...

how to kill myself without painful ဆိုတဲ့ အမည်မသိ နဲ့ ကျန် သတ်သေချင်ဘူးသူများ အတွက် စိတ် အတက်အကျ မြန်တယ် ဆိုတဲ့ ပုဂ္ဂိုလ် များအတွက်

depression ဖြစ်တယ် လို့ထင်ရင် ဆေးတွေ ရှိပါတယ်ဗျာ အဲဒီ ဆေးတွေ ကို မှန်မှန်သောက်ရင် တကယ်ပျောက်ပါတယ် နောက်ပြီး အဲဒီဆေး တွေက လနဲ့ ချီပြီး အကြာကြီး မှန်မှန်သောက်ရပါတယ်

တဘက်ကလည်း ကိုယ် ကိုးကွယ်တဲ့ ဘာသာအလိုက် စိတ်တည်ငြိမ်အောင် လုပ်ရင် အဆင်ပြေလိမ့်မယ် လို့ထင်ပါတယ်

အားလုံး ဟာ လောကကြီး အတွက် တခုခုပြန်လည် ပေးဆပ်ရင်း နဲ့ ရှင်သန်နိုင်ကြပါစေ


ရွှေစင်ဦး

Anonymous said...

ဒီပရက်ရှင်ရော တခြား စိတ်ဝေဒနာတွေရော ဆေးလဲသောက်၊ တရားထိုင်တာနဲ့ ဒါနသီလကုသိုလ်တွေပါ တွဲလုပ်ရင် ပျောက်နိုင်ပါတယ်။ အခြားဘာသာတွေမှာတော့ စိတ်ကို ထိန်းသိမ်းတဲ့ နည်းတွေ ဘယ်လိုရှိလဲ မသိတော့ ကျွန်တော် မပြောတတ်ဘူး။

ဒီပရက်ရှင်သမားတွေက endorphin ဆိုတဲ့ ပျော်ရွှင်ဟော်မုန်း ဦးနှောက်ထဲမှာ အထွက်နည်းနေတတ်တယ်ဗျ။ အန်ဒေါ်ဖင်းဓာတ် နည်းလို့ သူ့အလိုလို အကြောင်းမဲ့ ဒီပရက်ရှင် ဖြစ်လာတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒီပရက်ရှင် ဖြစ်ပြီး မပျော်မရွှင်နိုင် ဖြစ်နေတယ်ဆိုရင် ခေါင်းထဲမှာ ပျော်ရွှင်ဟော်မုန်း endorphin က မထွက်တော့ဘူး။ ကြာလာရင် ဦးနှောက်က အကျင့်ဖြစ်ပြီး endorphin ဟာ ပျော်စရာ ရယ်စရာတွေ့လို့ သူများနည်းတူ ထွက်ရမယ့်အချိန်မှာလဲ ထွက်မလာတော့ဘူး။ ဒီတော့ အမြဲ စိတ်ကျနေတာ၊ စိတ်မတက်ကြွတာ၊ စိတ်အားငယ်နေတာ အကျင့်ဖြစ်လာရော။

ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ အခြေအနေဆိုးလာရင် ဖြစ်တတ်တဲ့ သဘော။ တစ်နည်း ခေါင်းထဲမှာ endorphin အထွက်နည်းလာရင် ဝင်လာတတ်တဲ့ အတွေးမျိုးပါ။

Endorphins are a group of peptide hormones that occur naturally in the brain that, when released, increase your body's threshold for pain and affect the way you feel emotionally. Endorphins are chemically very much like morphine. There are a few things you can do to possibly release endorphins and increase your mood.
.Difficulty: Moderately EasyInstructions.Things You'll Need:
•Exercise
•Soothing music
•Spicy food
•Sunlight
•Healthy sex life
•Laughter
•Tears
•Sweets
Step
1Exercise hard. Most athletes will tell you of a "runner's high" that they sometimes feel when they push their bodies to the limit. Endorphins are released when you are involved in strenuous exercise that allows your body to go beyond physical pain and its limitations and it may leave you with a euphoric high.

Step
2Listen to soothing music such as classical and instrumental selections. It has been found that thirty minutes of listening to this kind of music has released endorphins that have an effect equal to that of the muscle relaxer pill known as Valium.

Step
3Eat some spicy food. Spicy food can trigger the brain to release endorphins because it thinks the mouth is on fire and needs chemical relief to the brain.

Step
4Spend some time in the sun. Overexposure to light can also cause a release of endorphins.

Step
5Have a healthy sex life. Intense pleasure causes the same effect as intense pain when it comes to endorphins.

Step
6Laugh and cry. Some people claim that laughing hard for ten minutes can give at least two hours of pain-free sleep to those affected by painful illnesses. Some researchers claim that the body releases endorphins to release pain while experiencing the emotion that causes tears.

Step
7Eat something sweet or have something chocolate. These items stimulate your brain's pleasure pathways and cause the release of endorphins. Unfortunately when the short-lived sugar rush is over, so is the effect of endorphins and you will be left feeling tired and worn out.

Anonymous said...

ဆရာလုပ်တယ် မထင်ပါနဲ့ဗျာ။. လူ့ဘဝမှာ်မညစ်ဖူးတဲ့သူ မရှိဘူးထင်တယ်။ ညစ်ဖူးတော့ ကိုယ်ချင်းစာလို့ပါ။
သိပ္ပံပညာရှင်တွေ ပြောတဲ့ နည်းတွေကတော့ အပေါ်က အင်္ဂလိပ်လိုအတိုင်းပါပဲ။ လေ့ကျင့်ခန်းလုပ်ပါ၊ သီချင်းနားထောင်ပါ၊ နေရောင် (နေ့အလင်းရောင်)ထဲ ထွက်ပါ။ အစပ်စားပါ။ ငိုခြင်းရယ်ခြင်း စတဲ့ စိတ်ခံစားမှုတွေ လုပ်ပါ။ တစ်ခါတစ်လေ ချောကလက်လို အချိုတွေ စားပါတဲ့။ ဆရာတော် ဦးဇောတိကတို့ကတော့ တရားအားထုတ်တာကို ဒီပရက်ရှင် ပျောက်စေတဲ့ ဆေးတစ်လက်ဖြစ်ကြောင်း ဟောတယ်။ လက်တွေ့လဲ အရမ်းမှန်ပါတယ်။