အခန်း (၂၂)
၁၉၃၂ခုနှစ် ကုန်ဆုံးသောအခါ အေဘယ်သည် "နယ်စားကုမ္ပဏီ"၏ အနာဂတ် လမ်းကြောင်းကို မှန်းဆ၍ ရလာသည်။ ထိုအချိန်အထိ အမေရိကန်နိုင်ငံသည် စီးပွားရေး အကျပ်အတည်းထဲတွင် အလူးအလွန့် ခံနေရ ဆဲဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း ဘဏ်တိုက်ပေါင်းနှစ် ထောင်တိတိ ပိတ်ပစ် လိုက်ရသည်။နောက်ပိုင်းတွင်လည်း နေ့စဉ်လိုလို တစ်တိုက်ပြီးတစ်တိုက် အပြီးအပိုင် "တံခါးပိတ်" နေကြ ရသည်။ အေဘယ်က သူ့ဟိုတယ်များမှ အတွေ့အကြုံ့ရင့် အမှုထမ်းများအား တစ်ယောက်မျှ အလုပ်ဖြုတ် မပစ်ဘဲ ထောင့်ခံပြီး ထိန်းထားချိန်တွင် တစ်ပြည်လုံး အလုပ်လက်မဲ့ဦးရေ ကိုးသန်းအထိ တိုးတက် လာသည်။
သို့သော် အေဘယ်ကဟိုတယ်အားလုံးအတွက် တစ်နှစ်အတွင်း အရင်းကျေရမည်ဟု မျှော်မှန်း ထားခဲ့သော် လည်း လုံးဝအရင်းမပေါ်သည့်အပြင် ဒေါ်လာ ၇၂၀၀၀ပင် အရှုံးပေါ်နေသေးသည်။
သို့ဖြင့် မိမိအားငွေကြေးအထောက်အကူ ပေးနေသောပုဂ္ဂိုလ်ကြီးသည် လုပ်ငန်းတစ်ပတ် ပြန်လည် လာချိန် အထိ မှ သည်းခံနိုင်ပါမည်လားဟု အေဘယ်က စိုးရိမ်မကင်းဖြစ်လာမိသည်။
ထိုအချိန်တွင် အေဘယ်၏ စိတ်အာရုံသည် စီးပွားရေးနယ်ပယ်မှ ကျော်လွန်ကာ နိုင်ငံရေး နယ်ပယ်ဘက် သို့လည်း ကိုင်းညွတ်ချင်ချင် ဖြစ်လာသည်။ အထူးသဖြင့် အင်တန်ကားမတ် ရှိကာဂို မြို့တော်ဝန် ဖြစ်လာ ခြင်း သည် အေဘယ်အား နိုင်ငံရေးနယ်ပယ်ဘက်သို့ ဦးလှည့်ပေးလိုက်သလို ဖြစ်သွား သည်။
ကားမတ်က အေဘယ်အား ဒီမိုကရက်တစ်ပါတီသို့ဝင်၍ နိုင်ငံရေးလုပ်ငန်း တိုက်တွန်းသည်။ ထိုအချိန်က ဒီမိုကရက်တစ် ပါတီသည် အရက်သေစာသောက်စားမှု ပိတ်ပင်ခြင်းဥပဒေကို အပြင်းအထန် ဆန့်ကျင် တိုက်ခိုက် နေသည်။ ယင်းဥပဒေကြောင့် ဟိုတယ်လုပ်ငန်းများ အကြီးအကျယ် ထိခိုက်နစ်နာကြရသည်။ ထို့ကြောင့် အေဘယ်သည် ဒီမိုကရက်တစ်ပါတီဝင် မြို့တော်ဝန် ကားမက်ဘက်မှ သည်းလှိုက်အူလှိုက် ထောက်ခံ အားပေးသည်။ အေဘယ်က ပိုလန်သား၊ ကားမက်က ချက်ကိုစလိုဗားကီးယားသား။
ထို့ကြောင့်သူတို့နှစ်ယောက် တစ်နယ် သားချင်းအကျိုးတူ ပူပေါင်းမိကြခြင်ဖြစ်သည်။ ကားမက်၏ အားပေး ကူညီမှုဖြင့် အေဘယ်သည် ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်လောင်းအဖြစ် အရွေးခံ ရသောအခါ အလွန်ဝမ်းသာမိ သည်။
ဒီမိုကရက်တစ်ပါတီညီလာခံတွင် ကားမတ်က အေဘယ်အား ဖရန်ကလင်ရုစဗဲ့နှင့် မိတ်ဆက် ပေးသည်။ ရုစဗဲ့က အေဘယ်အား မြင်လျှင်မြင်ချင်း သဘောကျသွားသည်။ သို့ဖြင့်သူ သမ္မတအ ဖြစ်အရွေးခံ ရသော အခါ ရုစဗဲ့ သည် ဒီမိုမကရက်တစ် ပါတီဝင်အားလုံးကို အုပ်ချုပ်ရေးအဖွဲ့ အသီးသီးတွင် ခန့်ထား လိုက် သည်။ ရှိကာဂိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ဝင် ဟင်နရီအော့စဘွန်း လည်းအရေးပါသော အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။
ရက်များမကြာမီတွင် ကားမတ်သည် ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့၌လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်။ ရုစဗဲ့ အား ပစ်ခတ်လိုက်သောကျည်ဆန်က သူ့ကိုထိမှန်သွားသောကြောင့် ဖြစ်သည်။
သူ့မိတ်ဆွေကြီးကားမတ် သေဆုံးသွားရခြင်း ကြောင့်အေဘယ်သည် အလွန်စိတ်မကောင်း ဖြစ်ရသည်။ သို့သော် နိုင်ငံရေးကိုကား စိတ်ကုန်၍မသွား။ စိတ်မကုန်ရုံတွင်မက ရှီကာဂိုမြို့ရှိ ဒီမိုကရက်တစ်ပါတီဝင် ပိုလန် အမျိုးသား များ နိုင်ငံရေးနယ်ပယ်ထဲသို့ ၀င်ရောက်လာနိုင်ရေးအ တွက်ပင် ငွေအားရော လူအားပါ ဖိသွန် ၍ ကူညီအားပေးလာခဲ့သည်။
နယ်စားကုမ္ပဏီသည် ၁၉၃၃ခုနှစ်တွင်လည်း ဒေါ်လာ၂၃,၀၀၀ အရှုံးပေါ်သည်။ သို့သော် စိန့်လူဝစ် မြို့ရှိ ဟိုတယ်တစ်ခုကတော့ အမြတ်ပြသည်။
သမ္မတရုစဗဲ့က မတ်လ၁၂ရက်နေ့တွင် သမိုင်းဝင် မိန့်ခွန်းပြော၍ 'အမေရိကကို ယုံကြည်နိုင် အောင်ကြိုးစား ကြပါ'ဟု တိုင်းပြည်သို့ မေတ္တာရပ်ခံသောအခါ အေဘယ်လည်း သူ့ကိုယ်သူ ယုံကြည်မှု ရှိလာသည်။ ထို့ကြောင့်သူသည် လွန်ခဲ့သောနှစ်က ပိတ်ထားခဲ့ရသော ချားလက်စတန် ဟိုတယ် နှင့် မိုးဘိုင်းလ် ဟိုတယ် တို့ကို ပြန်ဖွင့်ရန်ဆုံးဖြတ်လိုက်သည်။
အေဘယ်သည် ပြန်လည်ဖွင့်လှစ်သော ဟိုတယ်နှစ်လုအတွက် အိမ်မပြန်နိုင်သည်အထိ အလုပ်များ နေသောအခါ ဇနီးသည်ဇာဖီယာက နှုတ်ခမ်းစူချင်လာသည်။ သူမကအေဘယ်အား စတီဖင် ဟိုတယ် တွင် လက်ထောက် မန်နေဂျာ အဆင့်လောက်ကိုသာ လုပ်ကိုင်စေချင်သည်။ ယင်းအဆင့်ဆိုလျှင် အလုပ်လည်း သိပ်မများ သူမ၏အဆင့်အတန်းနှင့် သိပ်ပြီးအလှမ်းမကွာဟု သူမကယူဆသည်။
သို့သော် သူမနှင့်အေဘယ်တို့က ရည်မှန်းချက် ကွာဟလွန်းသောကြောင့် ဘယ်လိုမှအဆင့် ချင်းညှိ၍မရ။ သူမက တစ်မိုင်လောက် နောက်ကျကျန်ရစ်သည်။
အေဘယ်က တစ်မိုင်လောက် ကျော်လွန်သွားသည်။ ထို့ကြောင့်သူ င့ါကိုမယားတစ်ယောက်လို့မှ အောက်မေ့ သေးရဲ့လား မသိဟူ၍ ဇာဖီယာက တွေးပူလာမိလေသည်။
သားသမီး မရသေးသည့် အတွက်လည်း ဇာဖီယာကအလွန်းတွေးပူနေမိသည်။ ထို့ကြောင့်သူမ သည် ဆရာဝန် ဆီသွားပြီး အစမ်းသပ်ခံရသည်။ မရွေး သားသမီးရနိုင်သည်ဟု ဆရာဝန်က အာမခံ သည်။ ယောက်ျား ကိုသာ မြုံမမြုံစစ်ဆေးကြည့်ပါဟုလည်း တိုက်တွန်းသည်။
သို့သော်ဇာဖီယာက သူမ၏ယောကျာ်းကို မပြောရဲ။ သူ့သိက္ခာချသည်ဟု အေဘယ်ကထင်မည် ကြောက် သည်။
သည်လိုနှင့် သူမကအချိန်အခါကို စောင့်ကြည့်နေသည်။ နောက်ဆုံးကံကောင်းချင်တော့ သူမဓမ္မတာ မလာတော့။ နောက်တစ်လ စောင့်နေသော်လည်းမလာ။ သည်တော့မှ အေဘယ်ကို ဖွင့်ပြောပြီး ဆရာဝန် ဆီသွားသည်။ ဆရာဝန်က သူမမှာကိုယ်ဝန်ရှိနေပြီဟု ပြောသည်။
လင်မယား နှစ်ယောက် စလုံးပျော်လိုက်ကြသည့် ဖြစ်ခြင်း။
သို့ဖြင့်၁၉၁၄ခုနှစ်၊ နှစ်သစ်ကူးနေ့တွင် ဇာဖီယာသည် သမီးဦးကိုမွေးဖွားသည်။ သမီးလေးအား အေဘယ် ၏ မွေးစားအစ်မကြီး နာမည်ကိုယူပြီး 'ဖလော်ရင်တီနာ'ဟု နာမည်ပေးသည်။ အေဘယ်က သမီးလေးအား ငုံထား မတက် ချစ်သည်။ ငါတော့သူ့အချစ်ဦး မဖြစ်နိုင်တော့ဟု ဇာဖီယာက တွေးလိုက်မိသည်။
ဂျော့နှင့် ဇာဖီယာ၏ အစ်မ၀မ်းကွဲတို့က ကလေး၏ခေါင်းကိုင်မိခင် ဖခင်များလုပ်ကြသည်။
ကင်ပွန်းတက်မင်္ဂလာ ညစာစားပွဲတွင် ပိုလန်ရိုးရာအတိုင်း ဟင်းခွက်ဆယ်ခွက်နှင့် ခမ်းခမ်းနားနား ဧည့်ခံကျွေးမွေးသည်။ ကလေးအတွက် လက်ဆောင်ပစ္စည်းတွေ တစ်ပုံကြီး ပေးကြသည်။ အေဘယ်အား ငွေကြေး ထောက်ပံ့နေသူ ပုဂ္ဂိုလ်ကြီးကလည်း လှပသော ရှေးဟောင်းလက်စွပ် ကလေးတစ်ကွင်း လက်ဆောင် ပေးသည်။ ယင်းလက်ဆောင်အတွက် ကျေးဇူးတုံ့ပြန်သောအား ဖြင့်ထိုနှစ်အတွက် လုပ်ကိုင် ပေးလိုက်သည်။ "မိုဘိုင်းလ်နယ်စား" ဟနုတယ်တစ်ခုသာ အရှုံးပေါ် နေဆဲဖြစ်သည်။
ဖလော်ရင်တီနာကို မွေးပြီးနောက် အေဘယ်သည် ရှီကာဂိုတွင် များသောအားဖြင့် အနေများလာ သည်။ ထို့ကြောင့် "ရှီကာဂိုနယ်စား" ဟိုတယ်ကို တည်ဆောက်ချိန်တန်ပြီဟု သူကဆုံးဖြတ် လိုက်သည်။ "ကမ္ဘာ့ကုန်စည်ပြပွဲကြီး" ကျင်းပပြီးသည့် နောက်ပိုင်းရှီကာဂိုမြို့တွင် ဟိုတယ်တွေ မှိုပေါက်သလောက် ပေါက်လာကြသည်။
ကွယ်လွန်သူ မစ္စတာဒေးဗစ်လီရွိုင်းအား ဂုဏ်ပြုသောအားဖြင့် အသစ်ဆောက်မည့် ဟိုတယ်သည် နယ်စား ဟိုတယ် အားလုံးအနက် စံပြဖြစ်ရမည်ဟု အေဘယ်ကရည်ရွယ်ထားသည်။
ဟိုတယ်သစ်ကို မီးလောင်သွားသော ရစ်ခ်ျမွန့်ဟိုတယ်နေရာတွင်ပင် ပြန်ဆောက်မည်။ ထိုမြေကွက်ကို လာဝယ်သူတွေ ခဏခဏ ရောက်သော်လည်း သူကမရောင်းခဲ့။ ငွေကြေးတောင့် တင်းသော တစ်နေ့တွင် ဟိုတယ်သစ်ကြီး ပြန်ဆောင်မည်ဟု အားခဲထားခဲ့သောကြောင့် ဖြစ်သည်။
မီးအားမခံရခဲ့သော ဒေါ်လာ၇၅၀,၀၀၀ (ခုနှစ်သိန်းခွဲ)ကို မတည်ပြီးကျန်ငွေကို သူ၏ကျေးဇူးရှင်ကြီး ဒေးဗစ်မက်တွန်ထံမှ အကူအညီတောင်းရန် စိတ်ကူးထားသည်။
အသေးစိတ် စီမံကိန်းဆွဲပြီးသော အေဘယ်ကမစ္စတာ ကာတစ်ဖင်တန်ထံသွား ပြီးသူ့အကြံကို တင်ပြသည်။ အကယ်၍ စတီဖင်ဟိုတယ် လုပ်ငန်းနှင့် အပြိုင်ဖြစ်နေမည်ဟု ဒေးဗစ်မက်တွန်က ပြောမည်ဆိုလျှင်လည်း သူ့ စီမံကိန်း ကို ပြန်လည်ရုပ်သိမ်း လိုက်မည်ဟု အေဘယ်ကပြောပြ လိုက်သည်။
နောက်သုံးလေးရက်ကြာတေ့ ဒေးဗစ်မက်တွန်က "ရှီကာဂိုနယ်စား"ဟိုတယ် တည်ဆောက်ရန် စီမံကိန်းကို လှိုက်လှဲဝမ်းသာ လက်ခံပါသည်ဟု အေဘယ်အား ကာတစ်ဖင်တန်က အကြောင်း ကြားသည်။
၄၂ထပ် ဟိုတယ်သစ်ကြီးကို တစ်နှစ်တိတိ အချိန်ယူဆောက်လုပ်ရသည်။ ဟိုတယ်ဆောက်ခွင့် ပါမစ်ကို အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးသူမှာ မြူနီစပယ် အုပ်ချုပ်ရေးအရာရှိ ဟင်နရီအော့စဘွန်း ဖြစ်သည်။ ထို့ကြောင့် အေဘယ်က အော့စဘွန်းကို အလွန် ကျေးဇူးတင် သည်။
ဟိုတယ်သစ်ဖွင့်ပွဲသို့ ဧည့်ပရိသတ်နှစ်ထောင် တက်ရောက်သည်။ အီလီနွိုက် ပြည်နယ်မှ အထက် လွှတ်တော် အမတ်နှစ်ယောက်လည်း မိန့်ခွန်းပြောကြသည်။
"ရှီကာဂိုနယ်စား" ဟိုတယ်ကြီးသည် ဒီဇိုင်းပုံစံမှာရော၊ ဆောက်လုပ်ရာမှာပါ စံတင်လောက်သည်။ ဆောက်လုပ်ခစရိတ် ဒေါ်လာ တစ်သန်းကုန်ကျသည်။ ကုန်ကျသလောက်လည်း ခမ်းနားလှသည်။
ဝါရင့် အထက်လွတ်တော်အမတ် ဂျေ၊ ဟာလ်မီတန် လူးဝစ်က မိန့်ခွန်းပြောကြားရာတွင် "ဒီဟိုတယ် ကြီးဟာ အောင်မြင်မှုရဲ့ အထိမ်းအမှတ်ဆိုရင် မမှားပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဟိုတယ်ကြီးကို ဆောက်လုပ် ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ စီးပွားရေးလုပ်ငန်းမှာ ထူးချွန်အောင်မြင်သူ တစ်ယောက်ဖြစ်ပါလို့ပါပဲ" ဟု ထည့်သွင်း ပြောကြားသွားသည်။
အေဘယ်က ပြုံးနေသည်။ ပရိသတ်များကလည်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံကြသည်။
ဇာဖီယာ ကတော့ ဘာမှနားမလည်လို့ ပရိသတ်အလယ်တွင် ငူငူကြီး ထိုင်နေသည်။ ဤမျှ ပိုက်ဆံ အကုန် အကျခံပြီး ကျွေးမွေးသည်ကို သူမက သဘောမပေါက်။ သူမသည် သူဌေးကတော်လည်း မဖြစ်ချင်၊ အောင်မြင်မှု ကိုလည်း မလိုချင်။
ဧည့်ခံပွဲပြီးသောအခါ ဟင်နရီအော့စဘွန်းက ဟင်နရီအော့စဘွန်းက အေဘယ်အနီးသို့ ကြီးကျယ် တဲ့ အောင်မြင်မှုတစ်ရပ်ပါပဲ"
"ကျွန်တော်ရဲ့ အသက်သုံးဆယ်ပြည့် မွေးနေ့လက်ဆောင်လို့လည်း ဆိုနိုင်ပါတယ်" ကင်မရာမီး ဖျပ်ခနဲ ပွင့် သွားသည်။ နိုင်ငံသိ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာရသည့် အဖြစ်ကို အေဘယ်က ကျိတ်ပြီး ၀မ်းသာ နေမိသည်။ "နိုင်ငံတိုင်းမှာ "နယ်စားဟိုတယ်"တွေ ဖွင့်လှစ်နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော် နဲ့ ပေါင်းပါ မစ္စတာအော့စဘွန်း၊ အောင်မြင်မှုရဲ့ အရသာကို ခံစား ရပါလိမ့်မယ်"
အခန်း (၂၃) ဆက်ရန်
.

No comments:
Post a Comment