Wednesday, April 7, 2010

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၃)

ချစ်ကိုယ်တွေ့ လေး ရေးမယ်ဆိုတော့ သာသနာ ဖျက်ခဲ့ တာလေးလည်း သတိရမိသား.. တခြား မဟုတ် ပါဘူး..၊ ချစ်ချစ်ကြီး နဲ့ ပါတ်သက်လို့ပါဘဲ...၊ ချစ်စ၊ ခင်စ၊ ကြင်နာစ တယောက်မျက်နှာ တယောက်ကြည့် ရင်း နဲ့ ချစ်မဝ တဲ့ အချိန်လေးပေါ့..။

အဲဒီလို ချစ်ကောင်းနေတဲ့ အချိန်မှာ ချစ်ချစ်ကြီး အိမ်က ပဉ္ဇင်းတက် ဘို့ စီမံပါလေရော. ( အခုလို နွေရာသီ အချိန်လေး မှာပါဘဲ ).၊ ချစ်ချစ်ကြီး က ဆံပင် ကလည်း တော်တော်လေး ရှည်နေပြီ ဆိုတော့ သူ့အိမ်က လည်း ရိုးရိုး ညှပ်ခိုင်းရင် ပေကပ်ကပ် လုပ်နေတော့ တချက်ခုတ် နှစ်ချက်ပြတ် အပိုင်ကြံတော့တာပေါ့..။

သူ ဦးဇင်း ဝတ်မဲ့ အကြောင်း ကို ချစ်ချစ်ကြီး က တလလောက် အလို ကထဲက ကျနော်ကို ပြောလာတယ်..၊ ကျနော် က သဘော မတူဘူး ..၊ မဝတ်ရဘူး ဘာ ညာ ပြောထားတော့.. နောက်ပိုင်းမှာ အဲဒီ အကြောင်းကို စကားစပ် လို့တောင် ပြောမလာတော့ဘူး.. ကျနော်လည်း အမှတ် မထားတော့ ဘူးပေါ့...။

တကယ် ဝတ်ရမဲ့ အချိန်ရောက်တော့ သူ့ အဖွား နေမကောင်းလို့ ကလောပြန်မယ် လို့ပြောလာတယ်..  အမြန် ပြန်ခဲ့ မယ် ဘာညာနဲ့  ပလီပလာ လုပ်ပြီး...  သွားပါလေရော ကလော ကို ...။

၃-၄ ရက်နေတော့ သူ့ ညီမလေး ရောက်လာတယ်...၊ မေမေ တို့က ခေါ်ခိုင်းလို့တဲ့.. ခဏလိုက်ခဲ့ ပါအုန်း ပေါ့.. အဲဒီ အချိန်ထိ သူ့မိဘ များနဲ့ ကျနော် နဲ့ အဆက်အသွယ် မရှိပါဘူး.. ၊ ဘာများ ဖြစ်လို့ လည်း ဆိုပြီး လိုက်သွားတယ်...၊ ဟိုရောက်တော့ မှ ဝါတော် ၄-၅ ဆယ် ရ ဦးဇင်း ကြီး အကြောင်း သိရပါတယ်..၊ တခြား ညီအကို တွေက ပျော်ပျော်ရွှင်ရွှင် နဲ့ ဦးဇင်း ဝတ်နေတာ သူမှာတော့ စဝတ်တဲ့ နေ့က စပြီး တမှိုင်မှိုင် တတွေတွေ နဲ့ ဖြစ်နေတယ် တဲ့...။ 

ဒါနဲ့.. သူ့ သားအကြောင်း စုံစမ်း လိုက်တော့ ကျနော် သဘောမတူ ဘူးပြောလို့.. ၊ တူလိုက်ပါ ပေါ့လေ.. တခါ တလေ ဝတ်တာ...၊ ဝတ်တဲ့ အချိန်လေး.. အကျိုးရှိသွားအောင် ဘုန်းကြီး ကျောင်းလိုက်သွားပြီး ဦးဇင်း လေး စိတ် ချမ်းသာအောင် ပြောပေးပါအုန်း ဆိုပြီး အင်မတန် ကောင်းတဲ့ စကားများ နဲ့ ကျနော့်ကို နားချ ပါတယ်.. ကျနော် လည်း ဟုတ်ကဲ့ ပါ ဆိုပြီး ဘုန်းကြီးကျောင်း လိုက်သွားပါတယ်...။

ဟိုရောက်တော့ ဦးဇင်းလေး က အနားလာပါတယ်.. ချစ် .. အဲ .. တကာမကြီး မနက်ဖြန် ထွက်ခဲ့မယ် နော်တဲ့... ၊ ကျနော် ကလည်း ဟုတ် မောင်.. အဲ.. တင်ပါ့ ဦးဇင်း .. မနက်ဖြန် စောင့်နေကြ နေရာကို .. လာခဲ့ ပါ.. အဲ.. ကြွ ခဲ့ပါပေါ့......။

(အင်း ခွေးအို လောက်ကိုက် ကြီး ရဲ့ သခင်မ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော်...)

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး (ချစ်ကိုယ်တွေ့ များ ခေတ္တနားပါအုန်းမည်)
.

13 comments:

Anonymous said...

ဟားဟားဟား....

တအားရယ်ရတယ်.. ခဏနားပြီး ပြန်ရေးဦးနော် မရွှေစင်....

sdl

မေဓာဝီ said...

မရွှေစင် လူဇိုး :P
ဒါနဲ့ မနက်ဖြန်စောင့်နေကျ နေရာကိုလာတော့ သင်္ကန်းဝတ်နဲ့လား လူထွက်ပြီး ကတုံးကြီးနဲ့လား။ (စပ်စုသွားပါသည်။)

အင်ကြင်းသန့် said...

ဟယ်...မနက်ဖြန် အကြောင်းကို ထည့်မရေးပဲ အဲဒီလို တိကနဲ ဖြစ်လိုက်ရလား...ဆိုးချက်... ခေတ္တနားပါဦးမည်ဆို ခေတ္တပဲ နားနော်...



ချစ်ညီမလေး

sosegado said...

ဦးဇင်းလေး မျက်ရည်တွေဝဲသေးလား၊ မရွှေစင် ပါရမီဖြည့်လိုက်ပုံက ……

ချိုကျ said...

အယ်...အစ်မကျွန်တော်ကပြေရာပြေကြောင်းပြောမယ် ထင်ထားတာ...ဟားဟား...တို့အစ်မတို့ကတော့ပိုင်ပ
ခင်တဲ...ချိုကျ

မောင်မိုး said...

မနက်ဖြန်ကျတော့ ဘယ်လိုဆက်ဖြစ်ကြသေးလဲ။ လုပ်ပါဗျ။ တန်းလန်းကြီးမထားခဲ့ပါနဲ့.။

Flower said...

ဟင် ဆန့်တငံ့ငံ့ဖြစ်အောင် လုပ်ထားပြန်ပြီ..
အစ်မ ချစ်ချစ်ကြီးက မယူခင်ကတည်းကကို
မီးသေတယ်နော်..
အားကျလိုက်ပါဘိ....

kiki said...

မရွှေစင် ၊ ထိုင်နေအကောင်းသား နဲ့ 
ထသွားတော့ မှ ဦးဇင်းလဲ သင်္ကန်း မြန်မြန်ကျွတ်တော့တာပဲ ဗျိုးးးး
စောင့် နေ ကျ နေရာလေး .. ပြောအုံးလေ ။
ဦးပိန်တံတား မှာ လား..း))
ခဏနားပြီး ဆက်ရေးနော် ..ဆန့်တငင်ငင် ကြီး ထားခဲ့နဲ့  ..

ခင်တဲ့
မကိ

ကိုရင်စည်သူ said...

အင်း.. တကာမကြီး.. အဲ့.. မရွှေစင်.. စိတ်လျော့..စိတ်လျော့.. မနက်ဖြန် အပိုင်းလေး ကျန်သေးတယ်. ဆက်ရေးပါဦး.. ချစ်ချစ်ကြီးကလည်း အဲ့လောက်တောင်ကြီးလား။ မင်းမှ မင်းပဲ ဆိုတဲ့ ဇာတ်လမ်းပေါ့နော်... ဟဲဟဲ..

ခင်တဲ့..
ကိုရင်စည်သူ

ရွှေရတုမှတ်တမ်း said...

ဒီကစောင့်နေသူ...အိုး....စောင့်နေသူ.....
(နောက်ခံသီချင်း ဆိုပေးသွားတာ)

လုလု said...

မရွှေစင်ရေ့  ရီလိုက်ရတာ့ 
တကယ်ရေးတတ်တယ်၊ ခေတ္တနားပြီး အမြန်ဆက်ရေးပေးပါနော်။
ချစ်ခင်စွာဖြင့်
လုလု

Anonymous said...

ဟိုရောက်တော့ ဦးဇင်းလေး က အနားလာပါတယ်.. ချစ် .. အဲ .. တကာမကြီး မနက်ဖြန် ထွက်ခဲ့မယ် နော်တဲ့... ၊ ကျနော် ကလည်း ဟုတ် မောင်.. အဲ.. တင်ပါ့ ဦးဇင်း .. မနက်ဖြန် စောင့်နေကြ နေရာကို .. လာခဲ့ ပါ.. အဲ.. ကြွ ခဲ့ပါပေါ့......။

har har.....har...

funny.that's why i like ur writing skill,also.

:))

MN

စန္ဒကူး said...

ဖြစ်ရမယ်..ဖြစ်ရမယ်..
အဲလောက်တောင်ချစ်ထှာ....