Tuesday, March 23, 2010

ကျနော် တို့က ကြောက်တတ်တယ်

 ကျနော် စာတွေ ရေးတော့ နာမ်စား ကျနော်- ကျနော် လို့ ပြောလေ့ ရှိတော့ တချို့ က ယောက်ကျားလေး ဘဲထင်နေတယ်..၊ တချို့ ကတော့ သဘောပေါက်တယ်.. ဒါ မန္တလေးသူ ဖြစ်လို့ နာမ်စား အမှားကို သုံးတာ ဆိုတာ နားလည်တယ်..၊ မန္တလေး သူ ဖြစ်မယ် ဆိုတာတန်းသိတယ်..။

ကျနော် တို့ ဘာဖြစ်လို့ သဒ္ဒါ အမှားတွေကို သုံးကြလည်း..၊ မြန်မာစာ သတ်ပုံကျမ်း ကြီးကို တော်လှန်ပြီး အခုထိ ကျနော် ခြင်းထပ် နေအောင် ဘာလို့သုံးပါသလည်း.. ကျနော် အရင်တုံးက မန္တလေးသူ တွေ ကျနော် သုံးရခြင်း အကြောင်း ကို ကြားဘူးတယ် ပါးစပ်ရာဇဝင် လား ဆိုပြီး အသာ နေတယ်..၊ အခု တခါ မန္တလေး ချစ်သူ (နိုင် ဘလော့ဂ်) ထဲက စာရေးသူ ကဝေ ရဲ့ ပို့စ် ထဲမှာ ပြန်တွေ့ပြန်တယ်.၊ ဘာဘဲဖြစ်ဖြစ် ဟုတ်တော့ ဟုတ်လောက် တယ် ဆိုပြီး ကျနော် ပြန်လည် ဖောက်သည် ချ လိုက်ပါတယ်....၊ မယုံရင်လည်း ပုံပြင်သာ မှတ်လိုက်ပါတော့..။

ကျနော်တို့ ရွှေမန္တလေး (ရတနာပုံ မန္တလေး နေပြည်တော်) ကြီးကို တည်ထောင်ခဲ့ တဲ့ မင်းတုန်းမင်း တရားကြီး ဟာ သမိုင်း မှတ်တမ်းများ အရ အလွန်ဘဲ ကာမဂုဏ် ခံစားမှု့ အားကြီး ခဲ့ ပါတယ်တဲ့... ဒါဟာ လည်း.. မိဖုရား အများကြီး သားတော် သမီးတော် အများကြီး ရှိတဲ့ အတွက် ဖြစ်နိုင်လောက်ပါတယ်...။

နန်းဆောင် အသီးသီးမှ ကိုယ်လုပ်တော် အသီးသီး တို့ဟာ မင်းတုန်းမင်း စံနေတဲ့ နန်းဆောင် ကို ဖြတ်လျှောက် ကြတဲ့အခါ ...မင်းတုန်းမင်း က  " ဟေ့ ဘယ်သူလဲ " ဟု မေးလေ့ရှိပါ တယ်တဲ့ ...၊ အဲဒီလို  မေးတဲ့ အခါ ကိုယ်လုပ် မောင်းမအချို့က  "ကျွန်မ ပါ" ဟု ပြန်ဖြေကြ တယ်..။ အဲဒီအခါ ....မင်းတုန်းမင်းကြီး က  ကျွန်မ ဆို "လာခဲ့စမ်းသည်ကို" ဟု ခေါ်၍ အိပ်စက် လေတော့သည်။

ကြာလာသည် နှင့် အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း မင်းတုန်းမင်းကြီး အကြောင်း သိလာ သဖြင့် မင်းကြီး အဆောင်ကို ဖြတ်လျောက် မိသောအခါ မင်းတုန်းမင်း မေးသောအမေးကို "ကျွန်တော် (ကျနော်) ပါ" ဟု သာပြန်လည် ဖြေကြား လေတော့ သည်။ 

၎င်း နန်းတွင်းမှ သည် မြို့နေ ပြည်သူများ ဖြစ်ကြသော အရပ်သူများ  သို့ ကူးစက်၍ မန္တလေးမြို့နေသူ မန်းပျိုဖြူ များကလည်း "ကျွန်တော် (ကျနော်)" ဟုသာ ပြောဆို သုံးနှုံး လာကြလေတော့သည်။ ကျွန်တော်  (ကျနော်) ဟု မန်းပျိုဖြူ တို့ သုံးနှုံး ပြောဆို ထားခြင်းသည်... မင်းတုန်းမင်း ရန်ကို ကြောက်လန့်ကြ၍ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ယခုခေတ်တွင် မင်းတုန်းမင်း မရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ် မပြယ်သေး၍ထင့် "ကျွန်တော် (ကျနော်)" ဟူသော အသုံးကို တွင်တွင် သုံးနှုံးနေကြဆဲ ဖြစ်ပါသေးသည်။

ကဲ မယုံရင် ပုံပြင်သာ မှတ်လိုက်တော့ဗျို့.. မန္တလေး သူ တွေ က ကြောက်တတ်တယ်.. အရှောင် အတိမ်း လည်း ကောင်းတယ်...။
ဒါနဲ့ စကားမစပ် ကျနော် ဆီက ခွေးအိုကြီး အကျပ်ရိုက် နေပြီ.. ရိုင်းလွန်း ဆိုးလွန်းတော့ အနီးပါတ်ဝန်းကျင် အိမ် တွေက ဂဲနဲ့ ထု..၊ တုတ် နဲ့ ရိုက် နဲ့ တော်တော် နာနေပြီ..၊ ခွေးကို ရိုက်ရင် ခွေးရှင် မျက်နှာ ကြည့် ဆို တဲ့ စကားပုံ ရှိပေမဲ့.. ကျနော် ကတော့ သေသွားအေးတာဘဲ ဆိုပြီး.. ထုစမ်း..ရိုက်စမ်း ဆိုပြီး ပြုံးပြုံးကြီး ကြည့်နေ လိုက်တယ်..သတင်းထူးရင် ထူးသလို ဆက်လက် ဖော်ပြပါမယ်.....။


လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး

(မန္တလေးချစ်သူ (နိုင်ဘလော့ဂ်) မှ စာရေးသူ ကဝေ အား ကျေးဇူး အထူးတင်ပါသည်)
.

21 comments:

မောင်မိုး said...

ကျနော် လာပြီးဖတ်သွားတယ်ခင်ဗျ။ အောင်မ...ငှီးးးး
ကျောချမ်းလိုက်တာ။။

မအယ် said...

မန်းလေးသူက ကျနော် ကျနော်လို့ပဲ ပြောတာ မဟုတ်ဘူး လုံခြည်ဝတ်လည်း ပြောင်းပြန် ဖုံးတယ်။:))

ခွေးအိုကြီးကို ရိုက်ထု နေတယ်ဆိုတော့ စိတ်မကောင်းဘူး မရွှေစင်ရယ် သနားပါတယ်။ သူ့ ၀ဋ်ကြွေးနဲ့ သူပါလေ။


မအယ်

moemoestar said...

မမရွှေစင်...
ကျနော်လို့ သုံးတာလေးကိုက ချစ်စရာဓလေ့ပါ။

အင်ကြင်းသန့် said...

ဒီအကြောင်းကို forward mail တစ်ခုကနေရလို့ ဖတ်ဘူးတယ် မမ...ညီမလေးက ပြည်သူစစ်စစ်ပေမယ့် ညီမလေးလည်း ကျနော်သုံးတယ်...ညီမလေးရဲ့ သူငယ်ချင်းတွေ တော်တော်များများလည်းသုံးတယ်...ပြည်မှာလည်း ရာဇ၀င်များရှိနေမလား ??? :)))

ချစ်ညီမလေး

ကိုအောင် said...

အဲဒီပို့စ်ကို ကျနော်လည်း ဖော်ပြဖူးတယ် အမ။
http://pyustate.com/2009/09/blog-post.html

တကယ့်ကို ရယ်စရာပဲ ...း)

Anonymous said...

အမ ..ကျနော်လည်းစကားပြော၇င်ကျနော်လို့သုံးတယ်.
ကျမဆိုတဲ့အသုံးအနုန်းကို မကြိုက်လို့..

အမဆို့အဲ့ဖက်ကသုံးတာများပီး ရန်ကုန်ကအသုံးနည်းလို့ဖြစ်မယ်.


မြတ်နိုး

kiki said...

အင်း..ဟုတ်လောက်တယ် နော်..မရွှေစင် ရေ ။
ရှေးဘုရင်များပဲ ကာမဂုဏ် အားကြီးတယ်မဟုတ် ထင်ပါ့ ။ ခုခေတ် အငယ်တန်း နန်းတော်စောင့် တွေကလည်း သူတို့မူးကြီးမတ်ရာ တွေနဲ့ အပြိုင်ပါပဲလေ ။ နန်းတွင်းသူတင်မက ကျေးလက်တောရွာ ဇနပုဒ်သူတွေတောင် မရှောင်ကြတော့ပါဘူး ..

ကျွန်ုပ် မှားမိ အပြစ်ရှိ ၏ ။။။

များကတော့ ဟိုမရောက် ဒီမရောက်ဆိုတော့ ..
ကျွန်ုပ် လို့ပဲ ရေးပါတယ် ..း))

ချစ်ကြည်အေး said...

မမရွှေဇင်...ညီမလေး...လာဖတ်တယ်...အဆင်ပြေသလို သုံးတယ် ကျနော်ရော ကျမရော....:)

မိုးစက်ပွင့် said...

ဟားဟား ခုမှကြားဖူးတယ်... ကျေးဇူး မရွှေစင်... အရှောင်အတိမ်းကောင်းတဲ့ မန္တလေးသူကို အမိဖမ်းနိုင်တာ သူ တော်လို့ပေါ့နော် :)

Flower said...

ဘာဘဲပြောပြော ကျနော်ဆိုတဲ့ အသုံးလေးက ချစ်စရာကောင်းပါတယ်..
ရွှေမန်းသူတွေရဲ့ သင်္ကေတလဲဖြစ်ပါတယ်..
ပြီးတော့ ရွှေမန်းသူတွေက သဘောကောင်းပြီး ဖော်ရွေကြတယ်..း)
လာလည်ရင်ထမင်းကျွေးအောင် ဖားထားရတယ်..
မရွှေစင်ရေ..
ခွေးအိုကြီးရဲ့ သတင်းထူးကို စောင့်နေမယ်နော်
အမြန်ဆုံးထူးပါစေရှင်....

လသာည said...

အော် ဂလိုလား..

ညီမတော့ ယောင်္ကျားမယူခင်အထိ ကျနော်လို့ သုံးခဲ့တယ်။ (အင်း.. ကြောက်လို့လားတော့ သိဘူးး) ယောက်ျားယူတော့ သူက ကျနော်သုံးခွင့်ကို ပိတ်ပြစ်လိုက်ပါတော့တယ်။

ညီမတို့ မကွေးဘက်ကလည်း မန္တလေးနဲ့ သိပ်မဝေးလို့ ကူးစက်ခဲ့လေသလားပဲ.. ကျနော်သုံးသူများတယ်။

မရွှေဇင်ရဲ့.. ကျနော်လို့ သုံးပြီး ဗျ ဗျ လို့ အဆုံးသတ်ပုံလေးက ချစ်စရာလေး.. ။ ကြုံရင် မုန့်ကျွေးပေတော့ (နောက်တား))

Unknown said...

Mama Shwezin,I want to say "Kya-naw" instead of "Kya-ma" since my Uni student life.But as it is Yangon,a guy opposed my usage using rude words.
So I gave up using this relative pronoun since that time.And to say truely,at that time ,I wanted to be a Mandalar's girl so that I can use"Kya-naw".
It is a lovely tradition.

Yours lovingly,Watma(Jasmine)

Unknown said...

Mama Shwezin,pls sell old dog to China border.Because,in China,Chinese use to eat dog-meat (as the meat is so hot,I think).

And I will keep some wine and beer to cheer after you have sold it.

Waiting for your kind reply,

Yours lovingly,Watma(Jasmine)

htwemamaaung@gmail.com said...

Dear Sister,

Waiting for the further news of your Old Dog.

Ray

Anonymous said...

မရွှေစင်ရေ။

မန်းသူတွေ ကျွန်တော်သုံးတာ မင်းတုန်းမင်းကြီးရန် ကြောက်လို့ ဆိုတာက နောက်ပြောရင်း ဘုရင်ကြီးကို သိက္ခာချသလို ဖြစ်မှာစိုးလို့ပါ။

မင်းတုန်းမင်းကြီးမှာ မိဖုရား များတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သံဃာယနာ တင်တာ၊ မန္တလေးက ရာထောင်ချီတဲ့ သံဃာတွေကို နေ့စဉ် ဆွမ်းလုပ်ကျွေးတာ၊ မြို့တံခါးလေးရပ်မှာ ဝတ်ရွတ်တဲ့ သက်ကြီးရွယ်အိုတွေကို ကွမ်းဆေးလက်ဖက် လှူတာ စတဲ့ ကောင်းတာတွေလဲ အများကြီး လုပ်ခဲ့ပါတယ်။

လှမ်းခေါ်လိုက်လို့ အပျိုတော် တစ်ပါးပါးက 'ကျွန်မ'ထူးရင် ကျွန်မဆို လာစမ်းဆိုပြီး အတူအိပ်လိုက်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မင်းတုန်းမင်းမှာ ကိုယ်လုပ်မောင်းမမပါ မိဖုရားချည်း အပါး ၅၀ ကျော် ၆၀ ဝန်းကျင် ရှိပါတယ်။ ဘွင်းဘွင်းပြောရရင် အနောက်ဆောင်မှာ မိဖုရား တစ်ပါးတစ်လေ အမြှောင်ထားတဲ့ ပြဿနာ ပေါ်ရင်တောင် မင်းကြီးက အားလုံးကို လစဉ် အလှည့်မပေးနိုင်လို့ ဒီလိုဖြစ်ရတာ ဖြစ်မယ်လို့တောင် စာရေးဆရာတစ်ယောက်က ကောက်ချက်ချဖူးပါတယ်။ သူ့မိဖုရားတွေတောင် သူ အလှည့်ပေးဖို့ မနည်းလုပ်နေရတာပါ။ မိဖုရား အခေါ်မခံရတဲ့ မောင်းမတွေ ကိုယ်လုပ်တွေ ရှိသေးတယ်။

ကျွန်မပဲ ဗဟုသုတ နည်းလို့လား မသိဘူး။ အပျိုတော် တစ်ပါးပါးကို မင်းတုန်းမင်းကြီးက မကောက်ရသေးခင် သိမ်းပိုက်တယ် ဆိုတာတော့ မကြားဘူးပါဘူး။ မှန်နန်းအပျိုတော်တွေထဲက ဘုရင် သိမ်းပိုက်ဖို့ လျာထားတဲ့ မိဖုရားလောင်းဆိုရင် တော်ကောက်တော့တယ်ဆိုတာ ကြိုသိပါတယ်။ ပြီးမှ တော်ကောက်တာပါ။ ဗြုန်းခနဲ လူတောင် မမြင်ရဘဲ အခန်းထဲက လှမ်းခေါ်ပြီး အိပ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဘာလို့ဆို အပျိုတော်လို့ သုံးနှုန်းပေမယ့် အပျိုတော်တွေထဲမှာ အိမ်ထောင်သည်တွေလဲ ပါလို့ပါ။ ကုန်းဘောင်အကြောင်း မှတ်တမ်းတွေမှာ ဒါ သက်သေရှိပါတယ်။ အပျိုတော်တွေထဲမှာ အသက် ၄၀ ကျော် ၅၀ အမျိုးသမီးတွေ၊ သားသည်အမေတွေ အိမ်ထောင်သည်တွေလဲ ပါပါတယ်။ တော်ကြာ ဘုရင်ဖြစ်ပြီး သူများသားမယား ကြာခိုတယ် ဖြစ်မယ်လေ။

နောက် ဘုရင်နဲ့ စကားပြောရင် မိန်းမဆို ဘုရားကျွန်မ၊ ကျွန်တော်မျိုးမ၊ ယောက်ျားဆို ကျွန်တော်မျိုး ဒီလိုပဲ သုံးကြပါတယ်။ အချင်းချင်း စကားပြောသလို 'ကျွန်မပါ' ဆိုတာ မသုံးပါဘူး။

shwezinu said...

အမည်မသိ ညီမ ရေ

ညီမ ပြောတာတွေ ဟုတ်ပါတယ်.. အမ လည်း တင်ပြီးမှ သတိရသွားပါတယ်.. ဒါပေမဲ့ အပျော်သဘော မို့ ဆိုပြီးတော့ ဆက်တင်ထားလိုက်တာပါ.. ညီမ ရဲ့ မန့်ထားတာတွေ ကို ဖတ်တဲ့သူတွေ ဆက်ဖတ်မိရင် အဖြစ်မှန်ကို သိသွားမှာ မို့ အမ မပြင်တော့ဘူးနော်...

နောက်ပြီး အမရဲ့ ဓါတ်ခံ ကိုက မင်းလုပ်တဲ့ သူတွေကို မကောင်းတဲ့ အမြင်တွေရှိနေတယ်.. မြန်မာ ဘုရင်တွေကိုလည်း မလေးစားမိဘူး..
ဒါပေမဲ့လည်းလေ တခြားနိုင်ငံ တွေ က မင်းတွေလည်း ဒီလိုပါဘဲ အဲဒီခေတ်ကတော့ အဲလို ကြီးပါဘဲ..

ကျေးဇူးနော် ညီမ
ရွှေစင်ဦး

Unknown said...

aa mmm tt

Unknown said...

ကျေးဇူးပါ အစ်မ

နေမင်းဟန် said...

ဘုရင်ဖြစ်တော့ ပိုကောင်းတာပေါ့  ကျွန်တော်တော့ အားကျတယ်ဗျာ

နေမင်းဟန် said...

မိန်းမများတော့ များများလိုးရတာပေါ့ ဒီလိုမျိုးအမြဲလိုးပေးချင်တာ ဘော်ဒီတောင့် တောင့် လေးတွေပိုကြိုက်တယ် မရွှေဇင်ဦးရှာပေးပါလား မမကိုပါလိုးပေးမယ်လေ

နေမင်းဟန် said...

လိုးပေးချငတယ်