Friday, March 5, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၈)
လျှို့ဝှက်ပါတနာ စာချုပ်ဟောင်းကြီး
အတိတ်မှအရိပ်များသည် တခါတရံ၌တင်ကြိုနိမိတ်ပြ ထားသည်နှင့်များစွာ တူလှပါသည်။ ကျမအသက် တဆင့်ခုနှစ် အရွယ် မန္တလေးနေစဉ်ကနောင်သောအခါ မန်နေဂျာကြီးဦးမောင်အေး ဖြစ်လာမည့် သူသည် သုံးခါလည်သား အရွယ်တိုင်ရောက်လာသော်လည်း မိခင်၏စောင့်ရွယ်တိုင် ရောက်လာသော်လည်း မိခင်၏ စောင့်ရှောက်မှု့က ပိုလွန်းလှ၍ ကိုယ်ပေါ်မှမချသဖြင့် လူငွေ့မိပြီး အခြားကလေးများ လိုလမ်းလျှောက် သွားလာခြင်း မပြုနိုင်ပဲ ထိုင်၍, ထိုင်၍ သာနေသည်။ တနေရာနှင့် တနေရာသွားလိုက အရွယ်နှင့် မကိုက်ညီစွာ လေးဘက်ထောက် သွားလေ့ရှိသည်။
ကျမက အမြင်မတော်သည်ကို ကြည့်မနေချင်ပါ။ သည်အတိုင်းသာ အလိုလိုက်ပစ်ထားလျှင် အရွယ် ကြီးသော အခါ အောက်ပိုင်းသိမ်း၍ ခြေခွင်အားနည်းပြီးမစွမ်း မသန်ဖြစ်လာမည် ဟုဆိုကာအတင်း ဆွဲထူ လမ်းလျှောက် လေ့လာခြင်း၊ ခလေးစိတ်ဝင်စား လာစေမှုနှင့် သွေးဆောင်မည်ဟု ဘောလုံးပစ်ကစား ပေးခြင်း စသဖြင့် ၀င်၍အမောခံလေ့ကျင့် ပေးတော့မှ တဖြေးဖြေးထလမ်းလျှောက်နိုင်သော အကျင့် ရလာ ခဲ့သည်။
အဲဒီအတိတ်ကိုသွား၍ သတိရမိသောအခါ ယခုအရွယ်ရောက်၍ အလုပ်အကိုင်ကိစ္စ၌ ကျမကတကြိမ် ၀င်၍ ကူရ, ထူရပြန်ဦးမည့်၊ ရှေ့ပြေးနိမိတ်တခုတွေးမိပါသည်၊ သို့ရာတွင်ယနေ့ကြုံတွေ့ရသော ကိစ္စ အ၀၀တို့၌ နပိန်ထူလူကိုခွေ့တတ်သည်ဟု ဆိုရိုးစကား ကြားဘူးသော်လည်း အခွေ့ခံရသည်က တော်ပါလိမ့်ဦးမည်၊ မြွေပွေး မြွေဟောက်ကဲ့သို့ အသေပေါက်သတ်ရန် ကြံစည်လွဲခဲ့ရခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းထပ်၍ ရေးရ လျှင် ကျမနှင့်သက်ဆိုင်သမျှ ပစ္စည်းပစ္စယများ မသေမှီလှူဒါန်းခဲ့ရန် သန္နိဋ္ဌာန်ချပြီးသော အချိန်အခါကစ၍ ကျမ အသက်ကို နည်းအမျိုးမျိးနှင့် ရန်ရှာပြီး ပစ္စည်းရှိသမျှ လက်ဝါးကြီး အုပ်လိုက် ကြရန်အကြံအစည် ပြုနေသော ရန်သူအုပ်စုများနှင့် ထွေးရောယှက်တင်လုပ်ခါ ရှေ့တန်းစစ်မျက်နှာမှာ တဦးအပါအ၀င် တိုက်ခိုက် လျက် ရှိနေသည်ဟု တိတိ လင်းလင်း ဆိုရပါမည်။
ကျမက ထိပ်တဲ့တဲ့ အချခံ ရတော့မှာ ဒမြမှန်းသိရသူဖြစ်ပါသည်။ ရောက်စ, ပေါက်စ တနှစ်ခွဲ နှစ်နှစ် အချိန် လောက်က ကိုယ့်လူ သူ့ဘက်သား ဖြစ်နေကြပြီးဆိုသော အထောက်အထား သက်သေခံ လျှို့ ၀ှက် စာချုပ်ကြီး များကို ၁၉၆၀- ခုနှစ်ကုန်ခါနီးတွင် ကျမလက်ရောက်လာမှ အလွန့်အလွန်အံ့သြခြင်း ဖြစ်ပါသည်။ သွေးသားလည်း တော်စပ်သည့်ပြင် ကျေးဇူးရင်လည်းဖြစ်နေသော အစ်မအပေါ်မှာ သစ္စဖေါက် လျှင် တစိမ်းဘက် သို့မျာက်နှာပြောင်ပြောင်ထား၍ လိုက်သွားပြီး၊ စေသောကျွန်- ထွန်သော နွားကဲ့သို့ ပြုလုပ်ပေး နေရသည်မှာ ကြိုက်ရာနှင့်များ၍ လောဘသားကြီးပြီးကျင့် သုံးလိုက်ခြင်းပင် ဖြစ်သော်လည်း။ ကံကြီး ထိုက်နေသော အပြစ်မှာ သံသရာတလျှောက်၌ ၀န်လေးရှာဦးတော့်မည်ဖြစ် ပါသည်။
၁၉၅၀- ခုနှစ်တွင် ဗမာ့ခေတ်ဗိမာန်သစ် ထူထောင်ပြီး ပြောင်းရွှေ့ခဲ့သည်။ ကျမ၏တိုင်းပြည်ပြုပုံနှိပ် တိုက် အမည်ကို ဗမာ့ခေတ်သတင်းစာပုံနှိပ် တိုက်ဟုအမည်တခုထဲ တွဲထားလိုက်သည့် အကြောင်းများ ကို ဖေါ်ပြ ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ဗမာ့ခေတ်သတင်းစာနှင့် ပုံနှိပ်တိုက်ကိုကျမအမည် လုံးဝဖြုတ် ပြီး စာချုပ်ကြီး တခု တိတ်တဆိပ် ကျမမျက်ကွယ်၌ ပြုလုပ်ထားကြသည်။ ဤကိစ္စမှာ လွန်ခဲ့တဲ့ (၈)နှစ်ခန့်ကဖြစ်၍ ကျမ ယခု၁၉၆၀-ခုနှစ်မှ ၎င်းစာချုပ်ဟောင်းကို မတော်တဆအလုပ်တိုက်ထည်းမှ ရှာတွေ့သောကြောင့် သိမြင် ရခြင်းဖြစ်ပါသည်။
၎င်းစာချုပ်မှာ ဗမာ့ခေတ်သတင်စာနှင့် ပုံနှိပ်တိုက်ကို ပိုင်ဆိုင်သူများဟု (၄)ဦးအမည်သတ်မှတ် လက်မှတ်ထိုး ထားသည်ကို တွေ့ရပါသည်။ ၎င်းမူရင်းလက်မှတ်များမှာ ၁-အုံးခင်၊ ၂-ခင်မောင်အေး၊ ၃-တင်မောင်၊ ၄-ထွန်းကြွယ်တို့ဖြစ်သည်။ အသိသက်သေမှာ ဘတုတ်နှင့် ခင်မကြီးဟူ၍ လက်မှတ်ထိုး ထားသည် ကို တွေ့ရပါသည်။
တင်မောင်နှင့်ထွန်းကြွယ် ဆိုသူမှာ(.......)၏ တူများဖြစ်၍ ရွေဂုံတိုင်အိမ်မှာ ရောက်လာစဉ်က မီးဖိုထဲမှ ထုတ်ပြီး သတင်းစာခေါက လုပ်ငန်းထည်းသို့ ကျမကိုယ်တိုင် ပို့ပေးလိုက်ရသူများ ဖြစ်လျက်ခင်မောင် အေးမှာ မန်နေဂျာကြီးဖြစ်ပါသည်။ အသိသက်သေ လင်မယားနှစ်ဦးမှာ ခင်မောင်အေး၏ ယောက်ဖနှင့် အမ ကထိက လင်မယားဖြစ်ကြသည်။ ကျမ၏ နှစ်ဝမ်းကွဲ ညီမနှင့်မောင်များသည် ကျမမျက်ကွယ်တွင် ဤသို့ ဤနှယ် စွန့်စားခန်းကြီးများ ပြုလုပ်လိုက်ကြလေသည်။
ဤစာချုပ်ကြီး မှာ တချက်ခုတ်နှစ်ချက်ပြတ် စာချုပ်ကြီးဖြစ်ပါသည်။
သဘောကပါတနာဖြစ်လျှင် အမြတ်တော်ကြေး သက်သာအောင် ဟုသောအချက်နှင့် ပိုစရာ ရှိရင်လဲ တကယ်ပဲ သူတို့ပိုင်ဆိုင်ကြဖို့ ဟူသောသဘောနှင့် ရင်းနှီးလာရသော တိုင်းပြည်ပြုပုံနှိပ်တိုက်ကြီးကို အပျောက်ရိုက် အပိုင်စီး လိုက်ကြ ခြင်းဖြစ်ပါသည်။ သို့ရာတွင် အမြတ်တော်ကြေးဋ္ဌာနက မူလပိုင်ဆိုင်သူ ကျမ နာမည် မပါလာသဖြင့် အသိအမှတ် မပြုနိုင်ပါဆိုပြီး ပယ်ချလိုက်ခြင်း ခံရပါသည်။ ဒါပေမဲ့ ဇွဲမလျော့ ကြပဲ အယူခံများပင် တက်လိုက်ပါသေးသည်။ အဲဒီအယူခံရမှာလဲ ပက်လက်လန်ကျကာ ရှူံးခဲ့ကြသည်။ ဤကိစ္စ တွေကို ကျမသည် ၈နှစ်တိတိရှိမှ သိရခြင်း ဖြစ်ရာ၊ ဘယ်သူမှ လာမပြောပဲ စာချုပ်နှင့် အမှု့တွဲဟောင်းတွေကို မတော်တဆ တွေ့ရှိမှ သိရခြင်းဖြစ်ပါသည်။ တစိမ်းတရံစံတွေက ကောက်ကျစ် စဉ်းလဲ သည်မှာ ဆိုဖွယ် ရာမရှိတော့ပြီ၊ ကျေးဇူးမကင်းသော သွေားသားများကပင် လောဘဇော ဤမျှ ငင်ကြသေးသည်မှာ တရားရစရာ ကောင်းလှပါတော့သည်။
ဒုတိယစာချုပ် လုပ်ပြန်သေးသည်
ယင်းသို့ ဗမာ့ခေတ်သတင်းစာနှင့် ပုံနှိပ်တိုက်ပစ္စည်းလုပ်ငန်းများကို မူလပိုင်ဆိုင်ခဲ့သူ ကျမနာမည်လုံးဝ မပါစေရပဲ သူတို့လေးယောက်သာ ပိုင်ဆိုင်သည် ဟုစာချုပ်ပြုလုပ်ရာ၌ ဆိုင်ရာကအတည် မပြုလက်မ ခံသောအခါ ၁၉၅၃- ခုနှစ်ရက်စွဲနှင့်စာချုပ်အသစ်တခုကို ကြိတ်၍တိတ်တဆိပ် ပြုလုပ်ကြပြန်ပါသည်။
ဒုတိယအကြိမ်စာချုပ်မှာတော့် ကျမနာမည်ကို ဖြုတ်ချခဲ့၍ မရမှန်းသိသဖြင့်ပါသည် ဆိုရုံကလေး မသဒ္ဓါ ရေစာထည့်ထားပါသည်။ ၁၉၅၃- ခုနှစ်ကဗမာ့ခေတ်သတင်းစာနှင့် ပုံနှိပ်တိုက်လုပ်ငန်းများ၏ အရင်းမူ လတန်ဘိုး တသိန်းခွဲထား၍ ပိုင်သူဆိုင်သူ၅-ဦး၏ အစုဝေပုံ ကျများကို အောက်ပါဇယားအတိုင်း ဖော်ပြ ထားပါသည်။
ဦးအုန်းခင်                      ၆၅၀၀၀
ဒေါ်ခင်ခင်လေး               ၁၀၀၀၀
မောင်တင်မောင်              ၂၅၀၀၀
မောင်ထွန်းကြွယ်             ၂၅၀၀၀
မောင်ခင်မောင်အေး          ၂၅၀၀၀
စုစုပေါင်း                       ၁၅၀၀၀၀
ဤစာရင်းကို ကြည့်ခြင်းအားဖြင့် မူလပိုင်ရှင် ကျမနာမည်မပါမဖြစ်၍ တသောင်းဖိုးသာ ပိုင်ဆိုင်ခွင့်ရှိစေ ပြီး အခြေအနေမရှိ ခြေဖ၀ါး, လက်ဖ၀ါးနှင့် ရောက်ကြသူ ၃-ဦးကအစုကြီးရှင်များ ဖြစ်နေလိုက်သေး၏ သည်အထဲမှာ ငါတယောက်ထည်းဗိုလ်ကြီး ဒါရိုက်တာ ဖြစ်ပါသည်ဆိုပြီး အပိုင်စီးထားသူကိုလည်း ထင်ထင် ရှားရှား ကြီးတွေ့မြင်နိုင်ပါသည်။
ထိုစဉ်အခါက ၎င်းပါတနာစာချုပ်ကို ကျမမတတ်စေရ၊ စာချုပ်သဘောကိုလည်း ပြောမပြကြပဲ ရုံးမှာ တိုင်းပြည်ပြု ပုံနှိပ်တိုက်အမည်ကို ဗမာ့ခေတ်ပုံနှိပ်တိုက်အမည်ပြောင်းရန် ပုံနှိပ်တိုက်ပိုင်ရှင်က မှတ်ပုံတင် စရာရှိ၍ လိုက်ပြီးလက်မှတ်ထိုးပါဟု ခေါ်သဖြင့်သာ ၁၉၅၅- ခုနှစ် ဆီကတကြိမ်လိုက်သွား ခဲ့ဘူးပါသည်။ ဒီကောင် ၃-ယောက်ကိုလဲ အစုနဲနဲစီခွဲပေးထားသည်။
ဒီကောင်၃-ယောက်ကိုလဲ အစုနဲနဲ စီခွဲပေးထားသည်။ ဒီကောင်၃-ယောက်ကိုလဲ အစုနဲနဲစီခွဲပေးထားသည်။ ၅-ဦးပိုင်ပါတနာ လုပ်ထားမှ အခွန်တော်သက်သာမည်ဟု သာမန်အကြောင်းပြ၍ ကျမကလဲသားသမီးရှိသူ မဟုတ် သဖြင့် တနေ့ကျ သင်းတို့ပဲ အကျိုးခံစားရစေဟု စေတနာထားခဲ့သည်။ စာချုပ်သဘောသွားနှင့် တရားမဲ့ ပိုင်ဆိုင်ခွင့်ကို နှိမ်ချထားကြောင်း သိရလျှင်၊ ထိုအချိန်ကပင် လက်သင့်ခံမည်မဟုတ်ပါ။ သို့ရာတွင် ဘယ်သူကမှ ပြောမပြ၊ စာချုပ်ကိုလုံးဝဖျောက်ကွယ် ထားခဲ့သည်။ ပုံနှိပ်တိုက်တန်ဖိုး မည်မျှဖြတ်ထား သည်ဟု လည်း မသိရ၊ သာမညမှတ်ပုံတင်လက်မှတ် ထိုးယုံမျှပဲဟူ၍သာ အသိပေးထားကြပါသည်။
လူတို့၌ ရှိသင့်ရှိထိုက်သော သိက္ခာသမာဓိကို လက်လွှတ်စပါယ် တရားမဲ့ပြုကျင့် ကြမည်ဟု ဘယ်သူ မျှမထင် သလို ကျမကလည်း သွေးသားနီးစပ် သူများအပါအ၀င် လုပ်ငန်းကြီးတခုလုံး အသိုင်းအ၀ိုင်းရှိ တပည့် ငယ်သား မကျန် မဟုတ်မမှန်လုပ်ကြံလိမ့်မည်ဟု ဘယ်သောအခါမှ သံသယမရှိခဲ့ဘူးသူဖြစ် သည်။ ပိုင်ဆိုင်ခွင့် ဆိုသည်မှာ လိုချင်တိုင်းလည်းမရ၊ မလိုချင်၍ လည်းမနေရ၊ မလိမ့်တပါတ် ကောက် ကျစ် စဉ်းလဲပြု၍ လုယူတိုင်းလဲ ရချင်မှရမည်။ ပစ္စည်းဥစ္စသည် မမြဲသောအနိစ္စဖြစ်ပြီး ပစ္စည်းရှင်ဆိုသူ လည်း၊ အနိစ္စ ဖြစ်၍ ပိုင်ချင်ရချင်၍ လောဘရှေ့ထားနေသူလည်း အနိစ္စကောင်ကြီးတွေသာ ဖြစ်ပါသည် ကျမဒါတွေ ရေးနေသည်မှာ ဟိုအချိန်အခါကသာမှမသိခဲ့ရသေးပဲ၊ ၁၉၆၀- ခုနှစ်သြဂုတ်လတွင် ကိစ္စအ၀ ၀တွေကို ဗူးပေါ်သလို ဇာတ်လုံးပေါ်လာပြီးမှ တခုပြီးတခုဆက်ခါ, ဆက်ခါလက်တွေ့သိရတော့ လိုသောရေးသား တင်ပြ နေနိုင်ခြင်း ဖြစ်ပါသည်။
အကယ်၍ ညစ်ပတ်မူနှင့် မပြုလုပ်ဘူးဆိုပါက ပထမအကြိမ် ၄-ဦးအမည်ပါတနာနှင့် စာချုပ်စဉ်အကြိမ် မှာကျမ၏ သဘောတူညီခွင့် တောင်းရဦးမည်ဖြစ်ပါသည်။ ယောကျာင်္းရှာဖွေကျွေးမွေးစာကို ထိုင်စားနေ သောမိန်းမ အထူအပြိန်း အတန်းအစား မျိုးဖြစ်၍ယောကျာင်္းပြုပြင်သမျှ နလဘိန်းတုန်း နေရမည့်သူ မဟုတ် ယုံမက အိမ်ထောင်မပြုခင် မူလစတင်ပိုင်ဆိုင်ခဲ့သော တိုင်းပြည်ပြုပုံနှိပ်တိုက်ရှင် တဦးလည်း ဖြစ်နေပြန်ရာ ယခုလို တိတဆိတ်ကြိတ်၍ ကျမအမည်ကို ချန်လှပ်ထားခဲ့ခြင်းကပင် မရိုးမဖြောင့် စီစဉ် ယူငယ်ကြသည်ဟု ခိုင်လုံ နေပါသည်။
ဤကိစ္စမှာ ကျမနှင့်ပတ်သက်၍ ရောက်လာခိုလှုံသူ ကျေးဇူးခံကျေးဇူးစား သွေးသားဖြစ်သော နှစ်ဝမ်း ကွဲ ညီမနှင့် မောင်တို့က ကျကျနနပါဝင်နေသည်ကပို၍ အံ့သြစရာကောင်းလှပါသည်။ သူတို့သည် မသမာသူ ၏ မူရင်းရည်ရွယ် ချက်ကိုနက်နက်နောနောသိရှိပြီးမှ လိုက်နာသဘောတူကြသူများဖြစ်ပါ သည်။ အသက် အတိုင်း နေကြရ သည်ထားဦး၊ ကျမမှကျန်းမာရေး မပြည့်စုံသူဖြစ်ရာ သူတို့တတွေ ထက်အချိန်စောစော စီးစီး သေရမည့်သူသာ ဖြစ်ပါသည်။ 
ကျမသေလျှင်သည် အလုပ်တိုက်ကြီးကို ဘယ်သူက လာယူဦး မည်နည်း။ သတို့ပဲလက်ဝါးကြီးအုပ်ကြရမည် ဖြစ်ပါလျက်၊ ပက်ပက်စက်စက် အကြုံပြုရက် ကြသည်ကို လက်တွေ့ စာချုပ်စာတမ်းများ၊ ရုံးအမှုတွဲများသာ အထောက်အထားမရရှိ ပါကကျမနှင့် အတူဘယ်သူမျှ ယုံကြည် နိုင်ကြရန်မရှိပါ။ နောက်တကြိမ်ဒုတိယ ၅-ဦးစာချုပ်မှာလည်း ဤနည်းအတိုင်း လျှို့ဝှက် ကောက်ကျစ် စွာ ပြုလုပ်ကြခြင်းသာ ဖြစ်ပါသည်။
အပြစ်တွေကိုယ်စီကျူးလွန်ထားလို့ ဆက်ရန်
.
1 comment:
Anonymous said...
သိပ်တော့ သနားစရာမရှိပါဘူး။ ငယ်စဉ်ကတည်းက အမျိုးတွေဒီလောက် နှိပ်စက်တာကိုခံစားပီးအမျိုးတွေကို အိမ်ခေါ်ထမင်းကျွေစောင့်ရှောက်ထားတယ်ဆိုတာ တော်ယုံ လူတွေမလုပ်ဘူး။
ကျနော်ဆိုခုချိန်ထိဘယ်အမျိုးမှ အားမကိုးဘူး။ အခုဆို ကျနော့်ပစည်းတွေတောင် ကျနော့် အုပ်ထိန်းသူ အမ အသုံးမကျလို့ အကုန်ပါပါရောလား..မြန်မာပြည်ပြန်ဖြစ်၇သ် ဒင်းတို့ကို လက်ညိုးငေါက်ငေါက်ထိုးပီး ပြောဖို့အသင့်ပဲ။ အဲ့ဒီလူတွေအားလုံး အိမ်ကကျေးဇူးတွေအများကြီး..သူတို့ကိုလူတလုံးသူတလုံးဖြစ်အောင်လုပ်ပေးခဲ့တာကြီးပဲ။ ကျေးဇူး၇ှိမှကျေးစွပ်တာအမှန်ပဲ.. အိမ်ကိုအခုရာဇသံပေးထားတယ်.. သူတို့ပြောသမျှယုံနေမယ်ဆိုရင် လုံးဝအဆက်အသွယ်မလုပ်တော့ဘူးလို့.. မိဘကိုတပြည်ခြားမှာနေပီး ထောက်ပံ့တာ ဒင်းတို့အတွက်မဟုတ်ဘူးလို့..သူတို့ပြောသမျှလုပ်တိုင်း ကျနော့်မျက်နှာကိုမြင်ပါ..လို့။ ကျနော့် ၃နှစ်စာ ပို့ပေးတဲ့ပိုက်ဆံတွေအာူလုံး ကျနော့်မိဘတွေဆီကလှည့်ဖျားယူကြတယ်..ရင်နာလို့မဆုံးဘူး။ စိတ်လဲနာတယ်။ ကျနော်ကတော့ အမျိုးမုန်းတယ်။ ငယ်ကထဲက လူမယုံတတ်ဘူးဆိုတာ အမျိုးတွေကြောင့်.. ရှေးလူကြီးတွေက အမှတ်မရှိကြဘူးလားမသိဘူး။ သူတို့လောက်ခံလိုက်ရတာသူတို့ပဲ..ဟိုက မျက်ရည်စမ်းစမ်းလာတောင်းပန်တာနဲ့.. အားလုံးပြေတာပဲ..အိမ်ကိုအဲဒါတွေကြည့်မရတာ..ျတရားမရှိဘူးပဲပြောပြော .. ကိုယ့်ကိုလာကျောတယ်လာပတ်ဆိုရင်တော့ ခွင့်မလွှင့်ဘူး. အခုလဲအဝေးရောက်နေလို့သာ အဲ့ကိစ္စကိုလုံးဝမကျေနပ်ခဲ့ဘူး.. ဘာမှမတတ်နိုင်လို့သာကြည့်နေလိုက်ရတာ.. ဒါတောင်သာ၂နဲ့နာ၂ မိဘတွေကိုဖုန်းပြောတဲ့အခါ ပြောတာပဲ.. သမီးက ရိုးသားစွာမိဘတွေနောင်ရေးအတွက်ထောက်ပံ့တာ ဒါကိုမှသူတို့ကလှည့်ဖျားစား၇က်တယ်လို့.. လုံးဝမကျေနပ်ဘူးအမျိုးတွေကို...
ကမ္ဘာပေါ်မှာ အမုန်းဆုံးလူကို စစ်တမ်းလာကောက်မယ်ဆိုရင် ပထမလဲအမျိုး ဒုတိယလဲအမျိုး တတိယလဲအမျိုးပဲ