Thursday, March 18, 2010

ဒဂုန်ခင်ခင်လေး ၏ မြေပဒေသာ အပိုင်း (၂)

''တောင်းထဲမှာ ဆန်နဲနဲရှိသေးတယ်'' ဟုပြောရင်းအဘိုးကြီးသည် စားးပွဲ၌ထိုင်ကာ တူ ၂-ချောင်းဖြင့် ၀ါ၍ ပြစ် နေသော ပြောင်းဆန်ပြုတ်ကို မွှေ၍နေလေသည်။
''မိုးလပွဲတော်တုံးကထက် ကျွန်တော်တို့နဲနဲလျော့စားကြတောပေါ့'' ဟုဝမ်လန်းက ပြန်ပြောသော လည်း အဘိုးကြီး ကားမကြားပေ၊ ခွက်ကိုသာမဲ၍နေလေ၏။ ၀မ်လန်းသည်၎င်း၏အခန်းထဲသို့ ပြန်ခဲ့သော အပြာရောင် အကျီင်္ရှည်ကြီးကို ဆွဲယူပြန်လျက်၊ ခေါင်းတွင်ပတ်ထားသော ကျစ်ဆံမြီးရှည်ကို ဖြုတ်၍ချလေ၏။

၎င်း၏ လက်ဖျားမှာ ရိတ်ထားသော ငယ်ထိပ်နှင့် ပါးပေါ်သို့ရောက်ရှိသွားလေ၏၊ ထပ်ရိပ်ရရင် ကောင်းလေ မလား ဟု တွေးလေ၏၊ နေ၀န်းကား မတွက်ပြူလာသေး သတို့သ္မီးအိမ် သို့ မသွားမီဆတ္တာသည်များ လမ်းသို့ သွားကာ ရိပ်မည်ဆိုလျှင်ရိပ်နိုင်သေး၏၊ ပိုက်ဆံသာရှိလျှင်သွား၍ ရိပ်ဦးမည်ဖြစ်၏။

ခါးပတ်မှ ဆီးချေးအထပ်ထပ်တက်နေသော မွဲချောက်ချောက် အရောင်ရှိသည့် သေးငယ်သော ပိုက်ဆံအိတ် ကလေးကို ဖြုတ်ကာ ပိုက်ဆံများကို ရေတွက်ကြည့်လေ၏၊ ငွေဒင်္ဂါး ၆-ပြားနှင့် အကြွေ လက်နှစ်ဆုပ် စာခန့်တွေ့ရလေ၏၊ ယနေ့ညသူငယ်ချင်းများကို ဘိတ်၍ထမင်းကျွေးမည့် အကြောင်းကိုမူ၊ ဘခင်ကြီးအား မပြော ရသေးပေ၊ ညီတ၀မ်းကွဲတယောက် ဦးလေးတယောက်နှင့် တရွာထဲနေ အိမ်နီးနားချင်း သုံးယောက် ကို ဘိတ်မန္တက ပြုထား၏၊ ယနေ့ နံနက်မြို့ မှ ပြန်လာ လျှင် ၀က်သားငါးဆယ်သား နှင့် သစ်ချသီး များဝယ်လာခဲ့ရန် ကြံစည်ထား၏၊ ထိုမျှမက တောင်ပိုင်းဆီမှထွက်သော -၀ါးဘိုးမြစ် အပြင် ခြံထဲ၌ စိုက်ထား သော မုံလာဥ နှင့် ရောချက်ရန် အမဲသား ၀ယ်ခဲ့မည်၊ သို့ရာတွင် ဆီ နှင့် ပဲငံပြာရေ ကလေးများ ၀ယ်ပြီး၍ ပိုက်ဆံ ကလေးများ ပိုလျှံမှ ၀ယ်နိုင်မည်၊ ယခုခေါင်းရိပ်လျှင် အမဲသားက လွဲ၍ ၀ယ်နိုင်တော့မည်မဟုတ်။

အဘိုးကြီးအား နှုတ်ဆက် စကားကလေးမှ မပြောတော့ဘဲ အိမ်မှ အစောကြီးထွက်လာခဲ့လေ၏ ရောင်နီ တွေ ပြေးနေသည့် အကြားမှ နေ၀န်းသည် တိမ်ပုပ်တိမ်ခဲများကို ထွင်းဖေါက်ကာ ထွက်ပြု နေလျှက်၊ နေရောင် ခြည် ဂျုံပင်နှင့်ဘာလီပင် များပေါ်တွင် တွဲရရွဲ နေသော နှင်းပေါက်ကလေးများ ပေါ်သို့ကျရောက်နေရာ တဖိတ်ဖိတ် တောက်ပြောင် နေလေ၏၊ ထိုခဏ၌ ၀မ်လန်းမှာ လယ်အလုပ်ထဲသို့ စိတ်ရောက်သွားပြီး ဂျုံပင်၊ ဘာလီပင် အနှံ့ကလေးများးကို ငုံ၍ကြည့်မိ၏၊ အသီးကား မသီးကြသေးပေ၊ မိုးအကျကို စောင့်လင့် နေကြတုံးပင်ရှိ၏၊ ၀မ်လန်းသည်လေကို ရှူရှိုက်လျက်၊ ကောင်းကင်ကိုမော်၍ ကြည့်လေ၏၊ မိုးကား လေအဟုန် ပေါ်တွင် လေးလံသော ကိုယ်အလေးချိန်ဖြင့် စီးကာ တိမ်များထဲတွင် မဲမဲကြီးရှိနေ၏၊ အမွှေးတိုင် ကလေး တချောင်းလောက် ၀ယ်၍ နတ်ကွန်းရှိရာသို့သွားကာ မြေ၀သုန် အား ပူဇော်ကန်တော့ရပေဦးမည်။

ဝမ်လန်းသည် ကျဉ်းမြောင်းသော လယ်ကန်သင်းများပေါ်မှ လယ်တွင်းများကို ဖြတ်ကာ ရှောက်ခဲ့လေ၏၊ မနီးမဝေး ဆီ၌ ညိုမှိုင်းသော မြို့တော်ကြီး၏ တံတိုင်းကြီး တည်ရှိလေ၏၊ ၄င်းသွားရောက်ရမည့် အဆိုပါ တံတိုင်းကြီး ၏ တံခါးဝ အနောက်ဘက်တွင် ၄င်း၏ဇနီးလောင်းကလေး ကျွန်မ အလုပ် ဖြင့် အသက်မွေး ၀မ်းကျောင်း နေရသော အိမ်ကြီးတဆောင်ရှိ၏၊ ထိုအိမ်ကြီ၏ ပိုင်ရှင်ကား ဟွမ် ဆိုသူဖြစ်လေသည်။
'' အိမ်ကြီးကြီး မှာနေရတဲ့ ကျွန်မ ကိုလက်ထပ်ယူရတာထက်၊ တယောက်ထဲ တကိုယ်တည်း နေရတာက ပိုကောင်းသေး'' ဟု အချို့က ပြောကြ၏၊

သိုသော်ဘခင်ဖြစ်သူအား ''အဘရာ ကျုပ် ဘယ်တော့မှ မိန်းမ မရတော့ဘူးလားဗျ'' ဟု မေးမိသော အခါတွင် ဘခင်ကြီးက '' အင်း.....လက်မထပ်ရခင်ကည်းက မိန်းမတွေဟာ ရွှေလက်စွပ်တွေ ၀ယ်ဝတ်ချင် လိုချင် ကြတာက တမျိုး ပိုးထည် မှ ၀တ်ချင်ကြတာက တမျိုး နဲ့ငွေကုန်ကြေးကျ သိပ်များတဲ့ ဒီလက်ထပ်ပွဲ တွေ ထွန်းကား နေတဲ့ ခေတ်ဆိုး ခေတ်ကြပ်ကြီး ထဲမှာ သားရယ်။ ဒို့လို ဆင်းရဲသား အမွှားတွေအဖို့တော့ ကျွန်မ တွေနဲ့ဘဲ တန်တာပါဘဲ''  ဟု ပြောဆိုခဲ့ဘူး၏။
အဘိုးကြီး သည် ဟွမ် ၏အိမ်ကြီးသို့ သွားရောက်ကာ '' ကျွန်မ ကလေး တယောက် လောက်များ မပေးနိုင် ဘူးလား'' ဟုမေးမြန်း စုံစမ်းခဲ့ဘူး၏။

''ကျွန်မ ငယ်ငယ်လဲ မရှိဘူး၊ ကုန်ကုန်ပြောရရင် လှလှ လဲမရှိဘူး'' ဟုပြောလိုက်လေသည်။
ဝမ်လန် ကား အခြား အပေါင်းအဖေါ် တွေ ချီးမွမ်းရသည့် မယားချောကလေး ကိုသာ ယူလိုရာ၊ ၀မ်းနည်း ပမ်းနည်း ဖြစ်သွားခဲ့၏၊ အဘိုးကြီးကား မကျေမချမ်းဖြစ်နေရှာသော သား၏ မျက်နှာ ကိုမြင်သောအခါ။
''မယား ချောချောကလေး ရတော့ ဒို့ဘာလုပ်ရမလဲ၊ ဒို့ကအိမ်ထောင်မှုဝေယျဝစ္စ တွေလုပ်တတ်ရမယ်၊ လယ်ထဲ လဲ ဆင်းနိုင်ရမယ်၊ ခလေး တွေလဲ မွေးရမယ်၊ အဲဒီ မိန်းမမျိုး ရမှဖြစ်မယ်ကွ ၊ ရုပ်ချောတဲ့ မိန်းမ ခလေး က ဒီအလုပ်မျိုး တွေလုပ်မလားကွ၊ ဒီလိုရုပ်ချောရုပ်လုတဲ့ မိန်းခလေးတွေဟာ သူနဲ့ ဘယ်အ၀တ် အစား မျိုး နဲ့တော်ပါမလဲ ဆိုတာကိုဘဲ အမြဲ စိတ်ကူးနေမှာဟဲ၊ ဒို့အိမ်မှာ ကောင်မလေး ချောကလေးတွေ မလိုချင်ဘူး။

 သူဌေးအိမ်မှာနေတဲ့ ရုပ်ချောရုပ်လှ ကျွန်မ ကလေး တွေဟာ ဘယ်တော့မှ အပျိုစစ်တယ် လို့များ မင်းကြားဘူး သလဲ ငယ်ငယ်၇ွယ်ရွယ် သခင်ကလေး တွေမှန်သမျူ အားလုံး အလိုဖြည့် ခြေတော်တင်ပြီး သား ချည့်ဘဲ၊ ရုပ်ချော ရုပ်လှ ကောင်မလေးတွေ ၁၀၀ လောက်ယူထား ရတာထက်၊ အရုပ်ဆိုးမ တယောက်ကို ယူရ တာက ပိုကောင်းတယ်မှတ်၊ ကောင်မချောကလေးက မင်းလိုလယ်သမား တယောက်ရဲ့ လက်ကြမ်းကြီး တွေဟာ သူဌေးသားရဲ့လက် နုးနုးညံ့ညံ့ကလေး တွေလို သဘောကျစရာ ကောင်းတယ်လို့ ထင်မယ်များ မှတ်သလား၊ မင့်လို နေလောင်နေတဲ့ မျက်နှာကြီးကိုများ သူတို့ကို အပျော်သက်သက် ခြေတော်တင်တဲ့ လူတွေရဲ့ေ၇ွှမျက်နှာ ကလေးများ လောက်လှတယ် လို့ ထင်မယ်လို့များ မှတ်သလားထွီ'' ဟု အော်ဟစ် ပြောဆို လေ၏။
အဘိုးကြီး အမှန်တွေချည့် ပြောနေကြောင်းကို ၀မ်းလန်း သိလေ၏၊ သို့နှင့်လည်း ရုတ်တရက် စကား မပြန် နိုင်သေးမီ၊ မျက်စိ မျက်နှာ ပျက်နေခြင်းကို အားခဲ၍ ပြုပြင်ရကာ-
''အောက်ဆုံး အဘရာ ကျောက်ပေါက်မာ ပါတဲ့ မိန်းမနဲ့၊ အပေါ်နှုတ်ခမ်း ဟက်တက်ကွဲကြီး နဲ့ မိန်းမမျိုးတော့ ကျုပ် မလိုခြင်ဘူး'' ဟုခပ်မာမာ ပြောလိုက်လေ၏။

'' အေးလေ....ဘယ်လိုဟာမျိုး ရမယ်ဆိုတာ စောင့်ကြည့်ကြရတာပေါ့''
ယခု ၀မ်လန်း ၏ ဇနီးလောင်းမှာ ကျောက်ပေါက်မာ လည်းမပါ အပေါ်နုတ်ခမ်း လည်း ဟက်တက်ကွဲကြီး နှင့် မဟုတ် ၀မ်လန်း သည် ဤမျှ သိရှိရပြီဖြစ်၏။ ထိုထက်ကား ဘာတခုမျှ ပို၍ မသိရသေးပေ၊ သားအဘ နှစ်ယောက် ကား ရွေရေပွတ် ငွေလက်စွပ်နှစ်ကွင်းနှင့် ငွေနားဆွဲများကို ၀ယ်ယူကြလျက် ဘခင်ဖြစ်သူက သတို့သ္မီး၏ အုပ်ထိမ်းသူ ထံသို့ စေ့စပ်ကြောင်းလမ်းခြင်း အထိမ်းအမှတ် အဖြစ်ဖြင့် သွားရောက် ပေးပို့ ထားပြီးဖြစ်၏၊ ၀မ်လန်းမှာ ထိုနေ့ထိုရက်တွင် ဇနီးလောင်းကိုသွား၍ ခေါ်ယူရမည့် အကြောင်းမှတပါး ထိုထက် ပို၍ ဇနီးလောင်း၏ အကြောင်း ကိုမသိရရှာသေးပေ။

၎င်းသည်မဲမှောင်ဧမြလျက်ရှိသော မြို့တံခါးထဲသို့ ၀င်ခဲ့လေ၏၊ ရေသယ်တွေကား မြို့တံခါးဝနားဆီ၌ လေးလံကြီးမား လှသလို ရေစီပိုင်းကြီးများကို ထမ်းကာတနေ့ပတ်လုံး ဥဒဟိုဖြတ်သန်းသွားလာလျက် ရှိရကား၊ ရေတို့သည် ဘောင်ဘင်ခတ်လျက် ကျောက်လမ်းပေါ်သို့ ဖိတ်စင်ကာ ကျကြကုန်၏၊ မြို့ဝင် တံခါးပေါက် လိုဏ်ဂူကြီးကား အုဌ်တံတိုင်းမြို့ရိုးကြီး၏ အမိုးအေက်တွင် အစဉ်သဖြင့် စွပ်စိုဧမြလျက်ရှိပေ၏၊ နွေရာသီ များ၌ပင်းလည်း အဧဓာတ်သည် ယုတ်လျော့သည် မရှိပေ။

သို့ဖြစ်ရကား ဖရံသီးသယ်များသည် ဖရဲသီးများကို ကျောက်လမ်းပေါ်တွင် ခင်းပုံလျက်ဧမြစွတ်စိုသော အငွေ့ ဓာတ်ကို သောက်မြိုစေခြင်းငှါး ဖရဲသီးများကို ခွဲစိတ်၍ထားလေ့ရှိ၏၊ ယခုသော် မူ ရာသီ စောလွန်း သေးသည်ဖြစ်၍ ဖရဲသီးများ မပေါ်သေးပေ၊ နံရံတလျောက်တွင် မက်မုံးသီးစိမ်း များကို တောင်းတွေနှင့် ထည့် လျက်-----
''မက်မုံးသီး ဦးဦးဖျားဖျားကလေးတွေဗျနော်၊ ဦးဦးဖျားဖျားကလေးတွေ ၀ယ်ကြနော် သုံးဆောင်ကြစမ်းပါ၊ ဆောင်းတွင်းက ၀မ်းချုပ်ဓာတ်ချုပ် ဖြစ်နေတာတွေ ဟောဒီမက်မုံသီးကလေးများ စားလိုက်ရင် ၀မ်းမှန် ဓာတ်မှန် ဖြစ်ပါလိမ့် မဗျ'' ဟုဈေးသယ်များက အော်ဟစ်နေကြလေ၏။

ဝမ်လန်းကား''အင်း.......ငါသူကိုခေါ်ပြန်လာလို့ ဒီနေရာရောက်တဲ့အခါ ဒီအသီးတွေ ကြိုက်တတ်တာ များဆိုရင် တပွေ့ကြီးဝယ်ပေးလိုက် မှာဘဲ'' ဟု တကိုယ်တည်း ပြောလေ၏၊ သူ့ကိုခေါ်ပြီးပြန်လာတော့ ငါက ရှေ့က သူကနောက်ကနဲ့ ဟုအပြန်ခရီးကို စဉ်းစားကြည့်သော အခါ၌ကား မတွေးရဲအောင်ရှိလေ၏။

၎င်းသည်လက်ျာဘက် လမ်းသို့ချိုးခဲ့လျက် မကြာမီဆတ္တာသယ်လမ်းသို့ ရောက်လာလေ၏၊ လမ်းထဲတွင် လူသွားလူလာ အနည်းငယ်လောက်သာ ရှိသေးလျက် ၄င်းတို့မှာနံနက်လင်းအားကြီး ဈေးအမှီရောင်းချရန် ယမန်နေ့ ညကတည်းက၇ွာမှ ဟင်းသီးဟင်းရွက်များဖြစ်၍ ဈေးကွဲလျှင် ရွာပြန်ကြ မည့်သူများဖြစ်ကြ၏၊ ၄င်းတို့မှာ ဟင်းသီးဟင်းရွက် တောင်းများထဲ၌ပင် ချမ်းချမ်းစီးစီးနှင့် အိပ်ခဲ့ကြရ၏၊ ၀မ်လန်းကား ထိုလူသိုက် တွင် မျက်နှာသိများပါသဖြင့် ရုပ်နောက်နေကြမည်စိုးသောကြောင့်ေ၇ှာင်ခဲ့ရ လေ၏၊

လမ်းတလျောက်လုံး တွင်ကား ဆံပင်ညုပ်သမားများသည် ဆိုင်ရှေ့သို့ ထွက်၍ရပ်နေကြပေရာ ၀မ်လန်းသည် မိမိနှင့်အဝေးဆုံးသော ဆိုင်တဆိုင်ရောက်အောင် ရှောင်လာခဲ့ လျက် ဆိုင်ထဲသို့ဝင်ပြီး ခွေခြေတလုံး ပေါ်၌ ထိုင်လိုက်ကာ ဆိုင်နီးချင်းတဦးနှင့်စကားလက်ဆုံကျနေသော ဆံပင်ညှပ်သမားအား လက်ရက် ပြ၍ ခေါ်လိုက်လေ၏၊ ဆံပင်ညှပ်သမားလည်း ချက်ချင်းပင်ရောက်လာလျက် ကြွေဇလုံတခုထဲသို့ ရေးနွေးခရား မှ ရေနွေးများလျှင်မြန်စွာ ငှဲ့ထည့်နေရာက-'' အကုန်ရိပ်မလား'' ဟုသွက်လက်စွာ မေးလေ၏။

''ခေါင်းနဲ့မျက်နှာဘဲ''ဟုဝမ်လန်းကဖြေလိုက်လေ၏
''အဲဒါက ဘယ်လောက်ပိုပေးရမှာလဲ''ဟုဝမ်လန်းက စဉ်းစဉ်းစားစားနှင့် ပြန်မေးလေ၏။
''၄-ပဲနိ''ဟုပြောရင်း ဆံပင်ညှပ်သမားသည် အနက်ရောင်အ၀တ်အစကလေးတခုကို ရေနွေးထဲ၌ နှစ်ချည် ဖေါ်ချည် လုပ်နေလေ၏။
''ကျုပ်၂-ပဲဘဲပေးမယ်''ဟုဝမ်လန်းက ပြောလေသည်။

''ဒါဖြင့်ကျူပ်ကလဲ နှာခေါင်းတပေါက်နဲ့ နားတဘက်ဘဲကော်ပေးမယ်'' ဟုဆံပင်ညှပ်သမားက မနှေးမဆွ ပြန်ပြောရာက ''ကဲ...ခင်ဗျားမျက်နှာ လက်ဝဲဘက် တချမ်း ထဲ လုပ်ပေးရမလား လက်ျာဘက် တချမ်းထဲ လုပ်စေခြင် သလား''ဟုဆက်လက် မေးမြန်းရင်း အဖေါ် ဆံပင်ညှပ်သမား တယောက်အား မျက်နှာရှုံ့မဲ့၍ ရယ်လေ၏၊ ၀မ်လန်း ကားမိမိမှာ လူရုပ်လူနောက်တယောက်၏ လက်တွင်းသို့ ကျရောက်နေပြီကို သိရ လေ၏၊ ၄င်းတို့မှာ အောက်တန်းနိမ့်ကျ လှသော ဆံပင်ညှပ်သမားများပင် ဖြစ်စေကာမှ ဤသို့သော မြို့သား များနှင့် တွေ့ကြုံရလျှင် အကြောင်းရှာ၍မရသော အလိုလို ရွှံ့ထိပ်မှု က ကာဆီးနေသည် ဖြစ်သောကြောင့်-
''ခင်ဗျား သဘောဘဲဗျ သဘောဘဲ''ဟု မြန်မြန်ပင် ပြောလိုက်လေ၏။

ထိုနောက်ကား ၀မ်လန်း မှာဆံပင်ညှပ်သမား၏ ဆပ်ပြာရေသုတ်လိမ်းခြင်း၊ ပွတ်သတ်ခြင်း ဆံမုတ်ရိပ် ခြင်း များကို ခံရကာ အဆုံး၌ သဘောကောင်းသူတဦး ဖြစ်သည့်အတိုင်း ဆံပင်ညှပ်သမားမှာ ရယ်မော၍  ဂျာရစ် ကို ရိပ်ပတ်လိုက် သလိုလို နောက်ပြောင်လိုက်ပြန်လေ၏။

အားလုံးပြီးစီးသွားသောအခါ ၀မ်လန်းသည် ရေစက်လက်နှင့် ပဲကြီးခွံလိုက်နေသော ဆံပင်ညှပ် သမား၏ လက်ထဲသို့ ပိုက်ဆံ များရေတွက်ရင်း တခဏမျှ ထိတ်လန့်၍ သွားမိလေ၏၊ ပေးသော ပိုက်ဆံကား မနည်း၊ သို့သော် ရိပ်ပြီးခါစ အသစ်ကြပ်ချွတ်ထိပ်ပြောင်ကလေးကို သန့်ရှင်းသော လေပြေကလေး က တသုံသုံ တိုးဝှေ့ ကစားရင်း လမ်းထဲသို့ ပြန်ထွက်လာလဲ့သော အခါ၌ကား ''ဒီတခါဘဲလေ" ဟု တကိုယ်တည်း ပြောမိ လေ၏။

၎င်းသည် ဈေးသို့သွားကာ ၀က်သား ငါးဆယ်သား ၀ယ်လေ၏။ ဆိုင်ရှင်က ၀က်သားကို ကြာရွက်နှင့်  ထုပ်၍ ပေးနေသည်ကို စောင့်ကြည့်ရင်းနောက်ထပ် အမဲသားအ၀က်သားခန့်ကို ချီတုံချတုံနှင့် ၀ယ်ပြန်၏၊ ထို့နောက်တဖန်ယိုသုတ်ပဲမုန့်များကို ၀ယ်ပြန်လျက် ဖယောင်းတိုင်ဆိုင်သို့ ကူးသွားကာ အမွှေးတိုင်၂-ချောင်းဝယ်ပြီး ရှက်ရွှံ့ခြင်းကြီးစွာနှင့်ပင် ဟွမ်၏အိမ်ကြီးဆီသို့လှမ်းခဲ့လေသတည်း။
ဝင်းဝသို့ ရောက်သောအခါ ရင်ထဲတွင်လှိုင်းဖို၍ သွားလေ၏၊

''ငါတယောက်ထဲ ပါကလား အဘကို ခေါ်လာခဲ့ရရင်ကောင်းမှာ၊ ဒါမှမဟုတ်ဦးလေးဖြစ်ဖြစ် အိမ်နားက 'ချင်း' ကိုဖြစ်ဖြစ် တယောက်ယောက်ပါ လာရင်ကောင်းမှာ''ဟု စဉ်းစားမိလေ၏၊ ၄င်းမှာအိမ်ကြီးကြီးမားမားသို့ တခါဘူးမျှ အရောက်ဘူးပေ ''အင်း...ဒီကျွေးဘို့မွေါးဘို့်ဟာတွေ ဂျိုင်းညှပ်ပြီး' ကျုပ်မိန်းမ ခေါ်ရအောင် လာတယ်လို့ ၀င်ပြောရမှာက အကြပ်သားပါကလား'' ဟုတွေးကာ လှိုက်ဖိုနေလေ၏။

ဝင်းဝ ကိုကြည့်ရင် အတန်ကြာပင် ရပ်နေမိလေသည်၊ ၀င်းတံခါးကြီး ကား ခိုင်ခန့်စွာ ပိတ်ထားလျက်ရှိ၏၊ တံခါးများ မှာ သစ်သားတံခါးကြီး ၂-ထပ်ဖြစ်လေသည်၊ အနက်ရောင် ဆေးသုတ်ထားလျက် အပေါ်တွင် သံမှိုပန်း များ အလှရိုက်ထားပြီးလျှင်၊ သံကြိုးများဖြင့် တုပ်ချည်၍ ထားပေ၏၊ တဘက်တချက် တွင် ကျောက်ခြင်္သေ့ရုပ်ကြီး ၂-ကောင်သည် စောင့်ကြည့်လျက် နေလေသည်၊ လူသူ အရိပ်အရောင်ကိုပင် မတွေ့ ရ သဖြင့်၊ ပြန်လှဲ့ကာ ထွက်ခဲ့ရလေ၏၊ နေရာကြမှ ကြပါမလား။

ဆက်ရန်
.

1 comment:

burmangal said...

I love all your posts, especially the madalay posts n anyar foods, they are so nostalgic. I very much appreciate your effort and good will.Actually, I am your regular reader ,just nvr happened to give comments though. I used to stay at Mandalay while doing bachelor and fell in love with it and the whole anyar. Could you please write more about Mandalay, the unique anyar foods which I am dying for now and all those adorable traditions? Will be eagerly waiting for them.