အခန်း(၂)
အမူးလွန်နေသောကြောင့် မနက်ဖြန်ကျလျှင် ဘင်း မေ့သွားလိမ့်မည်ဟု စူဇီတွက်သည်မှာ မှားသွားပါသည်။
စူဇီက ချိန်းသည့်နေရာသို့ မသွားဘဲနေသည်။ သို့သော် ဘင်းက တက္ကစီငှားပြီး နမ်ကောက်ဟိုတယ်သို့ လိုက်လာသည်။ ဘားခန်းထဲရှိ စူဇီကို ဒရိုင်ဘာအား လိုက်ရှာခိုင်း သည်။ စူဇီကို တွေ့တော့ အခြား ဟိုတယ် တစ်ခုသို့ ခေါ်သွားသည်။
ထိုနေ့မှစပြီး နေ့စဉ်နေ့တိုင်း သူတို့နှစ်ယောက် တွေ့ကြသည်။ နေ့စဉ်ဆယ့်နှစ်နာရီ မှာတွေ့ပြီး ဟိုတယ်တစ်ခုခုတွင် နေ့လယ်စာ စားကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်၍ စူဇီက ကျွန်တော့်ကို အသေးစိတ် ပြန်ပြောပြစမြဲ ဖြစ်သည်။
သူတို့နှစ်ယောက်၏ ဆက်ဆံမှု ခိုင်မြဲသည်ထက် ခိုင်မြဲလာသည်။ နောက်ဆုံးတွင် ဘင်းက စူဇီကို လစဉ် ဒေါ်လာတစ်ထောင်ပေးရန် သဘောတူသည်။ စူဇီကလည်း သဘောတူ လက်ခံလိုက်သည်။ ထိုအချိန်မှစပြီး ဘားခန်းတွင်းသို့ သူမ၀င်တော့။ သင်္ဘော သားများနှင့် အဆက်အဆံ မလုပ်တော့။
ညကြီးမင်းကြီး ကျွန်တော့်အခန်းသို့ ဘင်းရောက်လာပြီးနောက် သူနှင့် ကျွန်တော် ထပ်မတွေ့ရတော့ပါ။ သူကလည်း နမ်ကောက်ဟိုတယ်ဘက်သို့ ခြေဦးမလှည့်ချင်။ သို့ဖြင့် တစ်လနီးပါးကြာသွားသည်။
စူဇီက ချိန်းသည့်နေရာသို့ မသွားဘဲနေသည်။ သို့သော် ဘင်းက တက္ကစီငှားပြီး နမ်ကောက်ဟိုတယ်သို့ လိုက်လာသည်။ ဘားခန်းထဲရှိ စူဇီကို ဒရိုင်ဘာအား လိုက်ရှာခိုင်း သည်။ စူဇီကို တွေ့တော့ အခြား ဟိုတယ် တစ်ခုသို့ ခေါ်သွားသည်။
ထိုနေ့မှစပြီး နေ့စဉ်နေ့တိုင်း သူတို့နှစ်ယောက် တွေ့ကြသည်။ နေ့စဉ်ဆယ့်နှစ်နာရီ မှာတွေ့ပြီး ဟိုတယ်တစ်ခုခုတွင် နေ့လယ်စာ စားကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးအခြေအနေနှင့် ပတ်သက်၍ စူဇီက ကျွန်တော့်ကို အသေးစိတ် ပြန်ပြောပြစမြဲ ဖြစ်သည်။
သူတို့နှစ်ယောက်၏ ဆက်ဆံမှု ခိုင်မြဲသည်ထက် ခိုင်မြဲလာသည်။ နောက်ဆုံးတွင် ဘင်းက စူဇီကို လစဉ် ဒေါ်လာတစ်ထောင်ပေးရန် သဘောတူသည်။ စူဇီကလည်း သဘောတူ လက်ခံလိုက်သည်။ ထိုအချိန်မှစပြီး ဘားခန်းတွင်းသို့ သူမ၀င်တော့။ သင်္ဘော သားများနှင့် အဆက်အဆံ မလုပ်တော့။
ညကြီးမင်းကြီး ကျွန်တော့်အခန်းသို့ ဘင်းရောက်လာပြီးနောက် သူနှင့် ကျွန်တော် ထပ်မတွေ့ရတော့ပါ။ သူကလည်း နမ်ကောက်ဟိုတယ်ဘက်သို့ ခြေဦးမလှည့်ချင်။ သို့ဖြင့် တစ်လနီးပါးကြာသွားသည်။
တစ်နေ့မနက် ဗဟိုခရိုင်၏ လမ်းပေါ်တွင် ကျွန်တော် လမ်းလျှောက်နေခိုက် ကျွန်တော့် နာမည်ကို ခေါ်သံကြားရသည်။ မီးပွိုင့်ရှိ ကားတစ်စီးထဲတွင် ပြုံးနေသော ဘင်းကို တွေ့ရသည်။ သူက ကားတံခါးကို ဖွင့်ပေးသည်။
"မြန်မြန်တက် မီးစိမ်းတော့မယ်" ဟုလည်းပြောသည်။
သူ့ဘေးမှာ ကျွန်တော် ၀င်ထိုင်လိုက်သည်။ သူ၏ ဖော်ရွေပျူငှာမှု ကျွန်တော်သိထားသဖြင့် ကျွန်တော်နှင့် ထပ်တွေ့ရန် သူ ၀န်လေးပေလိမ့်မည်ဟု ထင်ထားခဲ့သောကြောင့် ဖြစ်ပါသည်။
"အဲဒီဘက်တံခါး ကျပါတယ်နော်" ထိုအခိုက် မီးစိမ်းသဖြင့် မောင်းထွက်လာခဲ့သည်။
"ကိုယ့်လူကို ပြန်ပေးဆွဲလာရတာ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ခင်ဗျားနဲ့တွေ့ရတာ သိပ်ဟန်ကျ သွားတယ်၊ ဒါပေမဲ့ ခင်ဗျား အလုပ်အားပါတယ်နော်၊ ကောင်းတယ်... ကျုပ်နဲ့ အတူတူ ကစ်ကက်ကိုလိုက်ပြီး ကော်ဖီလေး တစ်ခွက်လောက် သောက်ပါဦး၊ လစ်ဇ်နဲ့ ကျုပ် တွေ့ဖို့လည်း ရှိနေတယ်"
"ပြဿနာ မပေါ်နိုင်ဘူးလား" ဟု ကျွန်တော်က ပြန်မေးသည်။
"ဘာပြဿနာပေါ်ရမှာလဲ ဘာဖြစ်လို့လဲ"
"ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး မိတ်ဆက်ပေးမယ်"
"အိုး...ဟုတ်သားပဲ... တစ်ခုခု စဉ်းစားကြည့်သေးတာပေါ့လေ၊ ကျုပ်မိန်းမကို ခင်ဗှားတွေ့စေချင်တယ်၊ ဟိုညက ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်စိတ်ထဲမှာ အပြစ်တစ်ခုခု ကျူးလွန်မိသလို ခံစားနေရတယ်၊ တကယ်ကတော့ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး၊ ကျုပ်မိန်းမဟာ မိန်းမကောင်းတစ်ယောက်ပါ။ သူ့ကို တွေ့ရင် ခင်ဗျား သိပ်သဘောကျသွားမယ်"
သည်စကားကို ကြားရပြန်တော့ စောစောက သူ့ဖော်ရွှေပျူငှာမှုကို မြင်ပြီး အံ့အား သင့်ရသည်ထက် ပိုပြီး အံ့သြသွားပြန်ပါတော့သည်။ သူသည် စိတ်အားထက်သန်စွာဖြင့် ယုံယုံကြည်ကြည် ပြောနေသည်။ သူ့မိန်းမ အပေါ်တွင် သစ္စာအလွန်ရှိပြီး အလွန်ချစ်မြတ်နိုး သည့် ယောက်ျားတစ်ယောက်ဟန်မျိုးဖြင့် ပြောနေသည်။ တကယ် ကတော့ နေ့စဉ်နေ့တိုင်း စူဇီနှင့် ချိန်းတွေ့နေကျဖြစ်သည်ကို ကျွန်တော်သိသည်။ ကျွန်တော် သိကြောင်း ကိုလည်း သူသိသည်။ ထိုကြားထဲက အယ်လီဇဘက်အကြောင်းကို ဘာကြောင့် အရှက်မရှိ ပြောနေ ပါလိမ့်။
"ဟုတယ်... ခင်ဗျားတို့နှစ်ယောက်တွေ့ရင် သိပ်ခင်သွားမှာပါ။ အိုး... ကားရပ်စရာ နေရာလည်း မရှိပါလား"
ကျွန်တော်တို့သည် ကားရပ်ရမည့်နေရာကို လှည့်ရှာနေကြသည်။
"ဒီတစ်လတည်းမှာချည်းပဲ ကျုပ်ကား အဖမ်းခံရတာ နှစ်ခါရှိသွားပြီ၊ ကျုပ်က လစ်ဇ်လို မလျင်ဘူး၊ ကျုပ်မိန်းမကတော့ အံ့သြစရာပါပဲဗျာ၊ သူ့ကို ယဉ်ထိန်းရဲ မဖမ်းအောင် အင်မတန်ပြောတတ်တယ်၊ နောက်ဆုံး တော့ သူ့အပြောမှာ ယဉ်ထိန်းရဲ အရည်ပျော်သွား တာပဲ"
နောက်ဆုံးတော့ "ယဉ်မရပ်ရ" ဆိုသော နေရာမှာပင် ကျွန်တော်တို့ကားကို ရပ်ထား ခဲ့ကြရတော့သည်။
အနီးမှ အဆောက်အအုံတစ်ခုအတွင်းသို့ ၀င်ခဲ့ကြသည်။ ကစ်ကက်ကလပ်သည် ပထမထပ်မှာရှိသည်။ ကြမ်းကို ပြောင်အောင်တိုက်ထားပြီး စားပွဲ ကုလားထိုင်များခင်းကျင်း ထားသည့် ခန်းမကြီးတစ်ခုမျှသာ ဖြစ်ပါသည်။ စားပွဲထိုးများအပြင် ကော်ဖီသောက်နေသော အမျိုးသမီးနှစ်ယောက်မှအပ ကလပ်အတွင်းမှာ လူရှင်းနေသည်။ စားပွဲတစ်လုံးမှာ ကျွန်တော်တို့ ၀င်ထိုင်ကြသည်။ ဘင်းက ပြုံးနေသည်။ သူ့အသက် ဆယ်နှစ်လောက် ငယ်သွားသည်ဟု ထင်မှတ်ရသည်။
"အင်း... ပြောရဦးမယ်၊ ဟိုညက နမ်ကောက်ဟိုတယ်ကို ကျုပ်ရောက်လာတာ ကျုပ်အဖို့ ကံကောင်းဖို့ ဖြစ်လာတာပဲ"
"ဖောက်သည်တွေက ကျေနပ်တယ်ဆိုတာကြားရလို့ ၀မ်းသာပါတယ်ဗျာ"ဟု ကျွန်တော်က ပြန်ပြောသည်။
"စူဇီဟာ အင်မတန် အံ့သြစရာကောင်းတဲ့ မိန်းကလေးဗျ... သိတယ် မဟုတ်လား၊ သိပ်ကို အံ့သြစရာ ကောင်းတယ်"
သူသည် ငယ်ရွယ်သည့် ရေတပ်အရာရှိတစ်ယောက်ဘ၀သို့ ပြန်ရောက်သွားသလို ရှိသည်။ လူပျို ပေါက်ကလေးတစ်ယောက်လို စိတ်အားထက်သန်စွာ ပြောနေသည်။
"ဟုတ်ပါတယ်... စူဇီက ချစ်စရာကောင်းပါတယ်"
"ခင်ဗျားကို ပြောပြဖို့ ၀န်မလေးပါဘူးဗျာ၊ သူနဲ့ တွေ့ရတာ ကျုပ်ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်"
ထိုသို့ ပြောရင်း စားပွဲထိုးတစ်ယောက်ယောက်များ ကြားသွားလေမည်လားဟူသော စိုးရိမ်မှုမျိုးဖြင့် ပတ်ဝန်းကျင်ကို သူ လှည့်အကဲခတ်လိုက် သေးသည်။ ပြီးတော့မှ သူ့အကြောင်းများကို ဆက်ပြော ပြနေသည်။
ဘင်းသည် မိန်းမများနှင့် ဆက်ဆံပေါင်းသင်းရခြင်းကို ယုတ်ညံ့သည်ဟု ယုံစားခဲ့ သူဖြစ်သည်။ အရှက်အကြောက်လည်း ကြီးခဲ့သည်။ ထို့ကြောင့် အတတ်နိုင်ဆုံး ကင်းအောင် ရှောင်ခဲ့သည်။ ဆယ့်ကိုးနှစ်သားအရွယ်တုန်းကမူ လန်ဒန်တွင် ပြည်တန်ဆာ မတစ်ယောက်နှင့် တွေ့ခဲ့သည်။ သူ့ဘ၀၏ ပထမဆုံး အတွေ့အကြုံလည်းဖြစ်သည်။ ပြီးတော့ ရောဂါများ ရလေမလားဟု လပေါင်းများစွာ စိုးရိမ် ထိတ်လန့်နေရတော့သည်။ ထိုအချိန်မှစပြီး မိန်းမဆိုလျှင် ဝေးဝေးကရှောင်ခဲ့သည်။
သည့်နောက် ရေတပ်ထဲရောက်သည်။ ပြီးတော့ အယ်လီဇဘက်နှင့် လက်ထပ်သည်။ အယ်လီဇဘက်နှင့် အိမ်ထောင်ရေးသည် မသာယာခဲ့။ မိန်းမများနှင့် ဆက်ဆံပေါင်းသင်းသည့် အတတ်ပညာ သူ့မှာ ချို့တဲ့ခဲ့သည်။ သူတို့အိမ်ထောင်သက်မှာ ခုနစ်နှစ်ရှိပြီ။
ထိုအချိန်တွင် စူဇီနှင့် တွေ့သည်။ စူဇီနှင့်တွေ့တော့မှ သူ့အသိဥာဏ်တွ ပွင့်လင်း လာတော့သည်။ အမှန်တရားကို မြင်လာတော့သည်။
"ဒါကို အယ်လီဇဘက်က မသိဘူးလား၊ စူဇီအကြောင်း အယ်လီဇဘက်ကို ခင်ဗျား ပြောမပြဘူးလား"
"လစ်ဇ်ကို ပြောပြဖို့လား... ဖြစ်မှ ဖြစ်ရလေ သူငယ်ချင်းရယ်... သွားပြောပြလို့ ဘယ်ဖြစ်ပါ့မလဲ"
"သူ့ကို အသိမပေးဘဲ ဘယ်လိုလုပ်ပြီး စူဇီနဲ့ခင်ဗျား တွဲခုတ်နေသလဲ"ဟု ကျွန်တော်က ပြန်မေးသည်။
"အင်မတန်အံ့သြစရာ မကောင်းဘူးလားဟင်"
သူ့ရှင်းလင်းချက်ကို ကျွန်တော် စောင့်နေသည်။ ထိုအချိန်မှာပင် ပွင့်လာသည့်တံခါးကို ကြည့်ပြီး ဘင်း၏ မျက်နှာ အရောင် တဖိတ်ဖိတ်တောက်ပ ၀င်းလက်သွားတော့သည်။
"အား... ဟောဟိုမှာ လစ်ဇ်... သူ ဘင်ကီကိုပါ ခေါ်လာတာကို ဟေ့... ခွေးကောင်ကြီး ဘင်ကီ"
အယ်လီဇဘက်သည် ကြိုးနှင့်ဆွဲခေါ်လာသော ခွေးကို ကျွန်တော်ုတိ့ဆီသို့ လွှတ်ပေးလိုက်သည်။ ပြောင်ချော နေသည့် ကြမ်းပေါ်မှာ ခွေးက ခြေချော်နေသေးသည်။ ခွေး၏ အသက်မှာ အတော်ကြီး ပုံရပါသည်။ ခွေးက ဘင်း၏ ကုလားထိုင်ကို ကျောနှင့် လာပွတ်နေသည်။ ဘင်းက ခွေးကို ပွတ်သပ် ပေးနေသည်။
"ဒါလင်ရေ... ကျွန်မ နောက်ကျသွားတာ စိတ်မဆိုးနဲ့နော်" ဟု အယ်လီဇဘက်က ပြောသည်။
"နောက်ပြီးတော့ ကျွန်မ တစ်စက္ကန့်တောင် နေနိုင်မှာ မဟုတ်ဘူး၊ ဂွမ်မေသာနဲ့ ဆံပင် အလှပြင်တဲ့ ဆိုင်မှာတွေ့ဖို့ ချိန်းထားပြီး ကျွန်မဆံပင်ပုံကို သူက သဘေကျလို့တဲ့လေ ... အဲဒီအတိုင်း ပြင်ခိုင်းမလို့တဲ့..."
အယ်လီဇဘက်၏ အမူအရာသည် တမင်ဟန်လုပ်နေသော အမူအရာမျိုးဖြစ်သည်။ ကျွန်တော်ရှိနေသောကြောင့်လည်း တမင်ဟန်လုပ်နေပုံ ရသည်။ အသက်ကသုံးဆယ် ကျော်လောက် ရှိဦးမည်။ ရုပ်ရည် ချောမောလှပသည်။ အဖိုးတန် အကောင်းဆုံးအ၀တ် အစားများကို သပ်ရပ်စွာ ၀တ်ဆင် ထားသည်။ ဖက်ရှင်ပြိုင်ပွဲဝင်ပြီး ဇာတ်ခုံပေါ်မှ ဆင်းလာစလို ထင်ရသည်။
ဘင်းက ခွေးနှင့် အလုပ်ရှုပ်နေသည်။
"ဒါလင်... သည်းထိတ်ရင်ဖိုစရာကလေးနဲ့တွေ့ဖို့ ကျွန်မ တစ်စက္ကန့်တောင် သည်းခံပြီး မစောင့်နိုင် တော့ဘူး၊ ဒါလင်ရဲ့ အင်မတန်သဘောကျစရာကောင်းတဲ့ သူငယ် ချင်းနဲ့ မိတ်ဆက်ပေးဖို့ စောင့်နေ တာလေ" ဟု ပြောရင်း ကျွန်တော့်ဘက်သို့ အပြုံးကလေး တစ်ချက် ပစ်လိုက်သည်။ စကားလုံး ကလေး ကတော့ သူ့ကိုယ်ပေါ်မှ အ၀တ်အစားများ အတိုင်း လှပပါပေသည်။
"ဟုတ်ပါ့ဗျာ... ကိုယ်မေ့သွားတယ်"
ကျွန်တော်တို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။ ကျွန်တော့်ကို ကစ်ကက်မှာတွေ့ပြီး ခင်သွားသည်ဟု ရှင်းပြသည်။ ကျွန်တော်သည် ပန်းချီဆရာဖြစ်ပြီး ၀မ်ချိုင်းဘက်မှာ နေကြောင်းများ ပြောပြသည်။
"အံမယ်လေး ... အသည်းထိတ်စရာကောင်းလိုက်တာရှင်... ၀မ်ချိုင်းမှာက ဆောင်ကြာမြိုင်တွေကလွဲပြီး တခြား ဘာမှရှိတာမဟုတ်ဘူး၊ ဆောင်ကြာမြိုင်မှာတော့ ရှင် မနေပါဘူးနော်"
အယ်လီဇဘက်က အံ့သြတကြီးပြောသည်။
"မနေပါဘူးခင်ဗျာ... ဟိုတယ်တစ်ခုမှာ နေပါတယိ"
ကျွန်တော်ကလည်း တရားဥပဒေအရ မှန်သောစကားကို ပြန်ပြောလိုက်သည်။
"သနားစရာကောင်းတာပေါ့... ကျွန်မဖြင့် ဆောင်ကြာမြိုင်မှာ နေချင်လိုက်တာ၊ အထိန်းအကွပ်မရှိဘဲ ယေက်ျားတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကြတာကို ကြည့်ရတာပေါ့၊ ကဲ... ကျွန်မပြေး တော့မှဖြစ်မယ်၊ ဒါလင် နေ့လယ်စာ အတူတူစားမလားဟင်..."
"၀မ်းနည်းပါတယ်ကွာ... အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး နေ့လယ်စာစားဖို့ ချိန်းထားပြီးနေပြီ"
"လွန်တာပေါ့... အခုတလော ဒါလင် အလုပ်တွေချည်း ဖိလုပ်နေတယ်။ အရေးမကြီးပါဘူးလေ... ကျွန်မအတွက် အ၀တ်အစားအသစ်တစ်စုံ ၀ယ်နိုင်တာပေါ့၊ ဒါမှ မဟုတ်ရင် ဒီအ၀တ်ဟောင်းကြီးတွေပဲ ပြန်ဝတ်နေရလို့ ဟောင်ကောင်တစ်မြို့လုံးက ၀ိုင်းအော်ပြီးလှောင်တာ ဒါလင် ကြားရလိမ့်မယ်၊ ကဲ... သွားတော့မယ် ဒါလင်"
အယ်လီဇဘက်က ဘင်း၏နဖူးကို တစ်ချက်နမ်းကာ ခွေးကို ဆွဲခေါ်ပြီး ထွက်သွား တော့သည်။
အယ်လီဇဘက် ထွက်သွားတော့ ဘင်းက ကျွန်တော့်ဘက်လှည့်ပြီး ဂုဏ်ယူဝင့် ကြွားသည့် အပြုံးမျိုး ပြုံးပြလိုက်သည်။
"ဘင်း ... ခင်ဗျားဟာ ဘုရင့်ရေတပ်မတော်ရဲ့ ဂုဏ်သိက္ခကျဆုံးအောင် လုပ်သလို ဖြစ်နေပြီ၊ ဒီကိစ္စကြီးကို ခင်ဗျား ဘယ်လိုဖြေရှင်းနေတယ်ဆိုတာ ကျွန်တော်ဖြင့် နားမလည် နိုင်တော့ဘူး"
"ဘယ်လိုကိစ္စကြီးကိုလဲ ကိုယ့်ဆရာ.."
"အယ်လီဇဘက်ကို အရူးလုပ်ပြီး လိမ်နေတာပေါ့"
"ကျုပ်က သူ့ကို အရူးလုပ်ပြီး မလိမ်ရပါဘူး သူငယ်ချင်းရာ၊ ကျုပ်တကယ်ပြောတာပါ၊ သူ့ကို ကျုပ်အရမ်းချစ်တယ်၊ အခုအချိန်ဟာ အချစ်ဆုံးပဲ၊ ဒါကို သူ သဘောပေါက်တယ်၊ ဒါကြောင့် သူ့သဘောထား ကိုတောင် ပြောင်းလိုက်ပြီ၊ ကျုပ် ရွက်တိုက်ချင်ရင် ရွက်လှေအသစ်တစ်စီးဝယ်ပြီး ပြန်တိုက်ပါတော့တဲ့၊ ရွက်တိုက်တာကိုတော့ ခွင့် ပြနပြုလာပြီဗျ၊ ဒါပေမဲ့ ဒီအချိန်မှာ ကျုပ်ကတော့ ရွတ်တိုက်နေပြီ မဟုတ်လား ဟား...ဟား...ဟား..."
"ဘင်း... ခင်ဗျားဟာ မှန်တာကို ပွင့်ပွင့်လင်းလင်း အင်မတန်ပြောတတ်တဲ့လူပဲ၊ ဒါပေမဲ့ အခုထက်ထိ အယ်လီဇဘက်ကို ကျွန်တော် နားမလည်နိုင်သေးဘူး၊ ဘာဖြစ်လို့ သူ ဒီလောက်တောင် စိတ်အား တက်ကြွနေရတာလဲ"
ကျွန်တော်ကလည်း သူနှင့်အတူ ရယ်ရင်း မေးမိသည်။
"ကျုပ် ရှင်းပြနိုင်ပါတယ်၊ ဒါပေမဲ့ ကိုယ့်လူ ချောက်ချားသွားမှာတော့ စိုးတယ်"
သူက အပေါ်စီးရထားသူလို မသိမသာပြုံးလိုက်သည်။
"နမ်ကောက် ဟိုတယ်မှာနေတဲ့ လူတစ်ယောက်အဖို့ ချောက်ချားတယ်ဆိုတာ "ပြီး"နေပါပြီဗျာ"
ဘင်းသည် အမျိုးသမီးများကို ဘယ်တုန်းကမှ မြှောက်လုံးပင့်လုံးများ မပြောခဲ့။ အမျိုးသမီး တစ်ယောက်ကို "မင်းဟာ သိပ်လှတာပဲ" ဟု ပြောသည်ဆိုပါစို့။ အမျိုးသမီးက တကယ် လှနေလျှင် အကြောင်းမဟုတ်။ မှန်ရာကို မှန်သည့်အတိုင်း ပြောခြင်းသာဖြစ်သည်။ သို့သော်လည်း အမျိုးသမီးက မလှလျှင် သူ့ကို တမင်သရော်ရာ ရောက်သွားတတ်သည်။ ထို့ကြောင့်လည်း ထိုအပြော အဆိုမျိုးကို သူ တစ်သက်လုံး ရှောင်ခဲ့သည်။
သို့သော် စူဇီနှင့်တွေ့တော့ သူ့အသိဥာဏ်တွေ ပွင့်လင်းလာသည်။ စူဇီကလည်း သူ့ အသိဥာဏ် များပွင့်အောင် ဖွင့်ပေးသည်။ မိန်းမတိုင်း အမြှောက်ကြိုက်ကြောင်း၊ ထို့ကြောင့် လှသည်ဖြစ်စေ မလှသည်ဖြစ်စေ မြှောက်ပေးရမည်သာဖြစ်ကြောင်း စူဇီက သူ့ကို သင်ခန်းစာပေးသည်။
အယ်လီဇဘက်နှင့် သူ့အိမ်ထောင်ရေးသည် မသာယာခဲ့။ အမြဲတမ်း တကျက်ကျက်ဖြစ်နေခဲ့ကြရသည်။ တစ်ခါရန်ဖြစ်လျှင် အနည်းဆုံး ၂၄ နာရီကြာသည်။ တိုက်ရေယာဉ်နှင့် စစ်တစ်ပွဲတိုက်အပြီး မောပန်း ရသည်ထက်ပင် အယ်လီဇဘက်နှင့် ရန်ဖြစ်ရသည်က သူ့အဖို့ ပိုမိုခြေကုန်လက်ပန်း ကျစေသည်။
စူဇီထံမှ သင်ခန်းစာရပြီးနောက် စနေတစ်ရက်တွင် ပင်လယ်ကမ်းခြေသို့ သူတို့ လင်မယားနှစ်ယောက် သွားကြသည်။ ရေကူးဝတ်စုံဝတ်ထားသော အယ်လီဇဘက်သည် သောင်ပြင်ပေါ်မှာ ဖြန့်ခင်းထားသည့် မျက်နှာသုတ် ပ၀ါပေါ်မှာ ပက်လက်လဲလျောင်းနေသည်။ ဘင်းက ဘေးမှာ ထိုင်နေသည်။
"လစ်ဇ် မင်းရဲ့ ကိုယ်တစ်ခြမ်းစောင့်းပုံကလေးဟာ သိပ်လှလိုက်တာကွယ်" ဟု ဘင်းကပြောသည်။
"ဘာပြောလိုက်တယ်"ဟု အယ်လီဇဘက်က ပြန်မေးသည်။
"ကိုယ်မေ့နေတယ် မင်းကို ပထမဦးဆုံး စပြီး ကိုယ်ချစ်မိတာ မင်းရဲ့ ဘေးတိုက်တစောင်းပုံကလေးကို မြင်ရလို့ပဲ၊ ဘေးတိုက်ပုံဟာ သိပ်ကို လှတာပဲကွယ်"
အယ်လီဇဘက်က အားပါးတရ ရယ်သည်။ ပြီးတော့ သူ့စိတ်ထဲမှာ ဘာတွေ ရောက်နေ သနည်း ဟုလည်းမေးသည်။ ဘင်းကမူ တကယ်လှလို့ လှကြောင်း ပြောရပါသည်ဟု ပြန်ဖြေသည်။
ပြီးတော့ သူတို့ ရေဆင်းကူးကြသည်။ ရေထဲမှာ ကလူကျီစယ်ကြသည်။ မြှောက်လုံးပင့်လုံးကလေးများကို ဘင်းက အခွင့်ကြုံတိုင်း ပြောသည်။
သည်ကစပြီး အယ်လီဇဘက်၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာသည်။ စိတ်ချမ်းသာလာသည်။ သူ့အပေါ်လည်း အစစအရာရာ အလိုလိုက်လာသည်။ ရန်ထောင်သော စကားများကို မပြောတော့။
"အဖြစ်ကတော့ အဲဒါပဲ ကိုယ့်လူရေ" ဟု ဘင်းက အဆုံးသတ်လိုက်သည်။
သူပြောသည်များကို နားထောင်ရင်း ကျွန်တော် ပြုံးနေမိသည်။ ရှစ်နာရီထိုးတော့မည်။ ကျွန်တော် တို့လည်း သွားချိန်တန်ပြီ။
"စူဇီနဲ့မတွေ့ခင် ရုံးမှာ စာနှစ်စောင်ရေးခိုင်းဖို့ ရှိသေးတယ်ဗျာ"
သူ့ကုလားထိုင်ကို နောက်သို့ တွန်းဖယ်ရင်း ပြောသည်။
"ဒါနဲ့ စကားမစပ် သူ တကယ်ပဲ ထိန်းထိန်းသိမ်းသိမ်း နေနေသလား၊ သင်္ဘောသားတွေနဲ့ အဆက်အဆံ မလုပ်တော့ဘူး မဟုတ်လား"
"မလုပ်တော့ပါဘူး... သူဟာ ခင်ဗျားအပေါ်မှာ သိပ်ကို သစ္စရှိပါတယ်ဗှာ" ဟု ကျွန်တော်က ပြန်ဖြေသည်။
"ကျုပ်လည်း ဒီလိုပဲ စိတ်ကူးယဉ်နေမိတာပါ၊ ကဲ... ကျုပ် လစ်မယ်၊ ဘယ်လိုမှ မအောက်မေ့ပါဘူးနော်"
"ရပါတယ်ဗျာ... လစ်ပေတော့... ကားမရပ်ရတဲ့နေရာမှာ ရပ်ထားတဲ့အတွက် ဒဏ်အရိုက်မခံရပါစေနဲ့လို့ ဆုတောင်း လိုက်ပါတယ်"
စာအုပ် (၂) အခန်း (၃)မျှော်
No comments:
Post a Comment