ဘာ..အစီအစဉ်လေးလည်း....
ဘယ်လို... တင်ဆက်မှာလည်း....
ဘယ်လို... တင်ဆက်မှာလည်း....
ကျနော် ဒီအစီအစဉ် လေးကို ဒီဘလော့လေး စလုပ်စဉ် ကထဲက လုပ်ချင်တာပါ..၊ ဒါပေမဲ့ အခြေအနေ မပေးတဲ့ အတွက် မလုပ်ဖြစ်ခဲ့ ပါဘူး..၊ ၂၀၁၀ ဇန်နဝါရီ မှာ စမယ်လို့ စီစဉ်ထားပေမဲ့ အခု ရက်ပိုင်းအားနေ တာရယ် နောက်ပြီး အခု ဖတ်တဲ့ မဂ္ဂဇင်း ထဲမှာ လည်း ကောင်းတာလေးတွေ တွေ့လို့ ဒီနေ့ဘဲ စမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်.....
ကျနော် က လစဉ် မဂ္ဂဇင်း ထွက်သမျှ နဲ့ အခြားစာအုပ် တော်တော်များများ ဖတ်ဖြစ်ပါတယ်.၊ ဗေဒင် တို့ အလှအပ တို့ က လွဲရင်ပေါ့..၊ ဖတ်မိတဲ့ စာအုပ်တွေထဲက ကျနော် ကြိုက်တာလေး တွေ့ရင် စာချစ်သူ တွေကို ချက်ခြင်း ဝေမျှခံစား စေချင်တဲ့ အစီအစဉ်လေး ပါဘဲ.....
မူရင်း စာရေးသူများလည်း ခွင့် လွှတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်..၊ ငွေရေးကြေးရေး နဲ့ မသက်ဆိုင်ဘဲ စာချစ်သူများ ကို စာဖတ်စေချင်တဲ့ ဆန္ဒ သက်သက်နဲ့ တင်ဆက်တာ ဖြစ်တဲ့ အတွက် ခွင့်လွှတ်ဘို့ တောင်းပန်ရင်း စာရေးသူ များအား လေးစားစွာ ခွင့်တောင်းခံပါသည် ခင်ဗျား....
လစဉ် ကျနော်ဖတ်သမျှ မဂ္ဂဇင်းများနဲ့ အခြားစာအုပ်များ ထဲက ကောင်းနိုးရာရာ ဆောင်းပါး၊ ဝတ္ထု နဲ့ ကျနော် ဖတ်မိလို့ နှစ်သက်တာ လေးတွေကို တင်ပေးပါမယ်.....
ကျနော် ကလေးဘဝက...
ပန်းသတင်း စာအုပ်ဆိုင် ပိုင်ရှင် ကျနော့် ဆရာ ဦးအုန်းမြင့်လှိုင် (အုန်း) က စာအုပ်ကောင်းလေး တွေ ရွေးချယ်ပေးပြီး ကျနော့် ကို ဖတ်စေပါတယ်..၊ ဘယ်လောက် ဘဲ ကြာကြာ ပိုက်ဆံမယူဘဲနဲ့ ကျနော့် ရဲ့ စာဖတ်ချင် တဲ့ စိတ်လေး မှာ စာကောင်းပေကောင်း တွေ ဖတ်တတ်အောင် ရေလောင်း ပေါင်းသင် ပေးခဲ့ပါတယ်..၊ ဆရာ့ ရဲ့ ကျေးဇူးတရားများကို ကျနော့် ရဲ့ ဘလော့ မှာ ကျနော် ကိုယ်တိုင် စာရေးခြင်း...၊ စာချစ်သူ များအတွက် စာကောင်းလေးများ တင်ပေးခြင်း နဲ့ ပေးဆပ်ခွင့် ပြုပါလို့.....
ပန်းသတင်း ဆိုတာ
ဒီ အစီအစဉ်လေး အမည် ကို (အုန်း) ရဲ့ စာအုပ်ဆိုင် နံမည်လေး ဖြစ်တဲ့ ပန်းသတင်း ဆိုတဲ့ နံမည် လေး ပေးဘို့ ကျနော် ဆုံးဖြတ်ထားပါတယ် ခင်ဗျာ.....
လေးစားစွာဖြင့်
ရွှေစင်ဦး
.
2 comments:
Thank you Sis, that's so nice of you :D
ကျေးဇူးပါ အစ်မ။
Post a Comment