အခန်း(၅)
သည့်နောက်ပိုင်းတွင် စူဇီသည် ကျွန်တော့်အခန်းသို့ အမြဲလာလေ့ရှိသည်။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် မည်သည့် အချိန်မဆို ရောက်လာတတ်သည်။ လူကိုယ်တိုင် မလာနိုင်လျှင်လည်း တယ်လီဖုန်း လှမ်းဆက်လေ့ ရှိသည်။
တကယ်တော့ တယ်လီဖုန်းဆက်သည်မှာ အကြောင်းထူးရှိသောကြောင့်ကား မဟုတ်ပါ။ ဆက်ရိုးဆက်စဉ် ဆက်သည့်သဘောသာဖြစ်ပါသည်။ ဟောင်ကောင်မြို့ သူဆက်တတ်သည်။
"ဟယ်လို… မော်လီစကားပြောနေပါတယ်" ဟု သူပြောတတ်သည်။ မော်လီ စကားပြောနေပါတယ်ဟူသော ဟာသကလေးကို မပျောက်ပျက်အောင် သူထိန်းထားသည်။ တစ်ခါ တစ်ခါတော့လည်း ညစ်တီးညစ်ပတ် များကို ဆက်ပြောနေတတ်သည်။
"ဟယ်လို …… မော်လီ"
"ရှင် မနေ့ညတုန်းက တော်တော်ဆိုးတယ်"
သူဖုန်းစကားပြောလျှင် အကျယ်ကြီးအော်ပြောလေ့ရှိသည်။ ထို့ကြောင့် နားနှင့်ခြောက်လက်မ လောက် ခွာထားရလေ့ရှိသည်။
"ဟုတ်လား ……. မော်လီ၊ မနေ့ညတုန်းကတော့ ဘာဖြစ်လို့ မပြောတာလဲကွယ်"
"ပြောချိန်မှ ရှင်မပေးဘဲကိုး"
ပြီးတော့သူ တခစ်ခစ်ရယ်သည်။ သည့်နောက်မှ စူဇီအစစ် ပြန်ဖြစ်သွားသည်။
"ကျွန်မ ဖောက်သည်တစ်ယောက်နဲ့ ရောက်စီရုပ်ရှင်ရုံကို ရောက်နေတယ်လေ၊ အပြင်မှာ သူစောင့်နေတယ်၊ ဒါပဲနော် သွားတော့မယ်"
"ဟုတ်လား ……. မော်လီ၊ မနေ့ညတုန်းကတော့ ဘာဖြစ်လို့ မပြောတာလဲကွယ်"
"ပြောချိန်မှ ရှင်မပေးဘဲကိုး"
ပြီးတော့သူ တခစ်ခစ်ရယ်သည်။ သည့်နောက်မှ စူဇီအစစ် ပြန်ဖြစ်သွားသည်။
"ကျွန်မ ဖောက်သည်တစ်ယောက်နဲ့ ရောက်စီရုပ်ရှင်ရုံကို ရောက်နေတယ်လေ၊ အပြင်မှာ သူစောင့်နေတယ်၊ ဒါပဲနော် သွားတော့မယ်"
ကျွန်တော့်ကို သူ၏ 'နံပါတ်တစ်ချစ်သူ'အဖြစ် ဘားခန်းထဲမှ သူကြေညာပြီးဖြစ်သည်။ ကျွန်တော့ကိုလည်း သူတစ်တည်းပိုင် မိတ်ဆွေလိုလုပ်နေသည်။ အခြားအမျိုးသမီးများကို ကျွန်တော် ပုံကြမ်းရေးဆွဲလျှင် သူမကြိုက်ချင်။
တကယ်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်သည် သန့်ရှင်းစင်ကြယ်သော မေတ္တာစိတ်ဖြင့် ပေါင်းသင်းနေကြခြင်း ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်အခန်းသို့ အမြဲတစေ စူဇီ ၀င်ထွက်သွားလာ နေသည်ကို မြင်တွေ့ရသောကြောင့် အခြားအမျိုးသမီး များက မယုံကြည်ချင်ကြ။
ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးအမှန်ကို ပြောမပြလိုက်ပါနှင့်ဟု စူဇီက တောင်းပန်ရှာသည်။ သည်ကိစ္စကိုမူ ကျွန်တော်က ကတိမပေးသောကြောင့် သူစိတ်ထိ ခိုက်ရသည်။
မဟုတ်ဘဲနှင့် အဟုတ်လုပ်ပြီး ကျွန်တော် ဟန်မဆောင်ချင်။ ပြီးတော့ အခြားအမျိုးသမီးများနှင့် အဆက်အဆံ မပျက် ခင်ခင်မင်မင် ကျွန်တော် ဆက်လက်ပေါင်း သင်းနေထိုင်ချင်ပါသည်။ ကျွန်တော့်ကို
သူတစ်ယောက်တည်း အပိုင်းစီးထားချင်မှုကို အနည်းငယ်စိတ်ပျက် ငြီးငွေ့မှုလည်း ကျွန်တော် ဖြစ်လာပါသည်။
ထိုအချိန်တွင် ဘက်တီလောင်းအမည်ရှိ အမျိုးသမီးအသစ်တစ်ယောက် ဘားခန်းမှာ အုလပ်လုပ်ဖို့ ထပ်ရောက်လာသည်။ ဘက်တီလောင်းသည် ကန်တုန် တ၇ုတ်လူမျိုးဖြစ်သည်။
သို့သော်လည်း အလွန် အနောက်တိုင်းဆန်သည် လမ်းလျှောက်ဟန်ကလည်း နာမည်ကျော် အမေရိကန် ရုပ်ရှင်မင်းသမီး တစ်ယာက်လမ်းလျှောက်ပုံမျိုးဖြစ်သည်။
မဟုတ်ဘဲနှင့် အဟုတ်လုပ်ပြီး ကျွန်တော် ဟန်မဆောင်ချင်။ ပြီးတော့ အခြားအမျိုးသမီးများနှင့် အဆက်အဆံ မပျက် ခင်ခင်မင်မင် ကျွန်တော် ဆက်လက်ပေါင်း သင်းနေထိုင်ချင်ပါသည်။ ကျွန်တော့်ကို
သူတစ်ယောက်တည်း အပိုင်းစီးထားချင်မှုကို အနည်းငယ်စိတ်ပျက် ငြီးငွေ့မှုလည်း ကျွန်တော် ဖြစ်လာပါသည်။
ထိုအချိန်တွင် ဘက်တီလောင်းအမည်ရှိ အမျိုးသမီးအသစ်တစ်ယောက် ဘားခန်းမှာ အုလပ်လုပ်ဖို့ ထပ်ရောက်လာသည်။ ဘက်တီလောင်းသည် ကန်တုန် တ၇ုတ်လူမျိုးဖြစ်သည်။
သို့သော်လည်း အလွန် အနောက်တိုင်းဆန်သည် လမ်းလျှောက်ဟန်ကလည်း နာမည်ကျော် အမေရိကန် ရုပ်ရှင်မင်းသမီး တစ်ယာက်လမ်းလျှောက်ပုံမျိုးဖြစ်သည်။
သူလမ်းလျှောက်ပုံက သူ့အတွက် အောင်မြင်မှုကို ရရှိစေပါသည်။ ဘက်တီမို့ လမ်းလျှောက် လာပြီဆိုလျှင် မြင်ရသူ ယောက်ျားသားတို့ မရိုးမရွ ဖြစ်ကုန်ကြသည်။ လေချွန်သူကချွန်၊ ကြောင်လို အော်သူက အော်ဖြင့် သင်္ဘောသားတွေ တရုန်းရုန်းဖြစ်ကုန် ကြလေ့ ရှိသည်။ လူပြက်မလေး ဖီဖီချမ်း ကတော့ သူလမ်းလျှောက်ပုံကို တုပြီး သူ့ကွယ်ရာမှာ လျှောက်ပြပြီး ဖြစ်ချေသည်။
တစ်နေ့ စူဇီနှင့် ကျွန်တော်အတူထိုင်နေခိုက် ဘားခန်းထဲသို့ ဘက်တီဝင်လာ သည်။ ထုံးစံအတိုင်း တင်ကိုယမ်းပီးလျှောက်လားသည်။ ဘက်တီအပေါ်မှာ ကျွန်တော် ဘယ်လို မြင်သလဲဟု စူဇီကမေးသည်။ ကျွန်တော့်ကို စူဇီ အကဲခတ်နေကြောင်း ကျွန်တော် သတိမထား မိလိုက်ပါ။ ထို့ကြောင့် ဘက်တီ၏ လမ်းလျှောက်ဟနသည် ယောက်ျားတွေကို ဆွဲဆောင်နိုင်မှု ရှိကြောင်း စိတ်ထဲရှိသည့်အတိုင်း ရိုးရိုးသားသား ပြန်ပြောမိသည်။
စူဇီငြိမ်နေသည်။ ဘက်တီကို သူမသင်္ကာဖြစ်လေပြီ။
နောက်နှစ်ရက် အကြာတွင် နေ့လည်စာမစားမီ ကျွန်တော်ဘီယာထိုင်သောက် နေသည်။ ထိုအခိုက် ဘက်တီဝင်လာပြီး ကျွန်တော့်စားပွဲမှာ လာထိုင်သည်။ သူနှင့် ကျွန်တော် တစ်ကြိမ်တစ်ခါမှ စကား မပြောဖူးသေးပါ။
ဘက်တီသည် ရှည်လျားကော့ပျံသည့် သူ၏မျက်တောင်ကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ကျွန်တော်၏လက်မောင်းကို တယုတယ ပွတ်သပ်နေသည်။ တစ်ဆက်တည်း ဒုက္ခရောက်နေသည့် အမျိုးသမီးများကို ကျွန်တော်ကူညီစောင့်ရှောက် တတ်ကြောင်း သူကြားဖူး ပါသည်ဟု ပြောသည်။
ထိုစကားကို ကြားရတော့ သတိကြီးကြီးထားပြီး ကျွန်တော်စဉ်းစားရတော့သည်။ ထိုစကားပြီးလျှင် ဘာဆက်ပြောရမည်နည်း။ ကျွန်တော့်ထံမှ ပိုက်ဆံချေးမည်လာ။ သို့တည်း မဟုတ် ကိုယ်ဝန်ဖျက်ချဖို့ အကူအညီတောင်းမည်လော။
ကျွန်တော်ကလည်း ဒါလောက် အထင်မကြီးစေလိုကြောင်း၊ ခေါင်းကိုက်သည့် အမျိုးသမီးများကို ခေါင်းကိုက်ပျောက်ဆေးကလေးလောက်သာ ပေးဖူးခြင်းဖြစ်ကြောင်း ပြန်ရှင်းပြသည်။
မည်သို့ဆိုစေ ကျွန်တော်၏ စိုးရိမ်ပူပန်မှုများသည် ချက်ချင်းပျောက်ကွယ် သွားတော့သည်။
သူ့ဒုက္ခသည် ဘာမျှမကြီးကျယ်ပါ။ အိုင်ယာလန်ငွေ ငါးပေါင်တန်ကိစ္စဖြစ်သည်။ သင်္ဘောသား တစ်ယောက်ထံမှ သူလက်ခံရရှိခဲ့သည်။ သို့သော်လည်း ထိုငွေကို ဘယ်မှာမှ လဲမရသောကြောင့် အခက်တွေ့ နေရသည်ဟု ဆိုသည်။ ထိုကိစ္စအတွက် ကျွန်တော်က ကူညီ နိုင်ပါမည်လား။
ကျွန်တော်ဘဏ်တိုက်မှာ ကြိုးစားကြည့်ပါဦးမည်ဟု ကတိပေးလိုက်သည်။ နောက်တစ်နေ့တွင် ဘဏ်တိုက်မှ ဟောင်ကောင်ဒေါ်လာ ၇၆ ဒေါ်လာဖြင့် အလွယ်တကူ လဲလှယ်ရရှိခဲ့သည်။
ထိုငွေအားလုံးကို ဘားခန်းထဲမှာပင် ဘက်တီလောင်းကို ကျွန်တော် ပေးလိုက်သည်။ သို့သော်လည်း စူဇီမရှိသည် အချိန်ကို သတိကြီးစွာထားပြီး ရွေးရသေးသည်။ ယခုလို ငွေလဲပေးသည့်အတွက် စူဇီအနေနှင့် တစ်ခုခု အငြင်းပွားရနိုင်သည်ဟု ကျွန်တော်ကြိုမြင်ထားသည်။ ဘယ်လောက်ပင် ကြိုတင်ကာကွယ် မှုတွေ ပြုလုပ်ထားထား အချည်းနှီးဖြစ်ရပါတော့သည်။
နောက်နာရီ အနည်းငယ်ကြာတော့ ကျွန်တော့အခန်းထဲမှ တယ်လီဖုန်း ခေါင်းလောင်းးမြည်လာသည်။
"ဟယ်လို…….. စူဇီစကားပြောနေတယ်"
မော်လီမဟုတ်ပါလား။ သည်လိုဆိုတော့ ဆိုးတာပေါ့။
"ဟယ်လို……..စူဇီ"
"အခ်ုရှင်ဘာလုပ်နေလည်း"
"ဘာမှမလုပ်ပါဘူး"
"ကောင်းပြီ……..ကျွန်မ အခုလာတွေ့မယ်"
ငါးမိနစ်လောက်ကြာတော့ ကျွန်တော့အခန်းထဲ သူရောကလာသည်။ ခဏကြာအောင် ယဉ်ကျေးဖွယ်ရာ စကားများ ပြောနေသေးသည်။ ထိုသို့ ပြောနေချိန်တွင် မျက်လုံးထောင့်ကပ်ပြီး ကျွန်တော့်ကို အကဲခတ် နေသည်။
သည့်နောက်တော့ တည့်တည့်စိုက်ကြည့်ပြီး တဲ့တိုးပြောချပါလေတော့သည်။
"ကန်တုန်ကောင်မနဲ့ ရှင်အတူတူသွားတယ်၊ ကျွန်မအားလုံးသိတယ်"
"ဘာ ကန်တုန်ကောင်မလဲ"
ကျွန်တော်က အပြစ်မရှိသူလို ပြန်မေးသည်။
"ဟိုကောင်မ…… သူ့ကို ရှင် ၇၆ ဒေါ်လာပေးတယ်"
စူဇီ၏ သေချာမှုပင်ဖြစ်သည်။ ငွေအတိအကျကို သူပြောနိုင်သည်။ ထိုကိစ္စသည် ဘားခန်းထဲမှာ ပျံ့နှံ့နေပြီဖြစ်ကြောင်း ကျွန်တာ် သဘောပေါက်လိုက်ပါသည်။ ဘက်တီလောင်း ကလည်း အဖြစ်မှန်ကို ရှင်းပြမည် မဟုတ်။ မမှန်ရာကို အများထင်နေကြ သည့်အတွက် သူက ၀မ်းပင်သာချင် သာနေပေ လိမ့်ဦးမည်။
ကျွန်တော်က အဖြစ်အပျက်အမှန်ကို ရှင်းပြသည်။
"ရှင်လိမ်တယ်….. ကန်တုန်ကောင်မနဲ့ ရှင် အတူတူသွားအိပ်တယ်"
စူဇီသည် ထိန်းမနိုင် သိမ်းမရ ဒေါသပေါက်ကွဲတော့သည်။ သင်္ဘောသားများထံမှ တက်လာသည့် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် ကျွန်တော့်ကို ဆဲရေးတိုင်းထွာသည်။
သည်လောက်ရုန့်ရင်းသည့် စကားလုံးများသူသုံးသည်ကို ကျွန်တော်တစ်ခါမှ မကြားဖူးသေး။
ကျွန်တော်သည် သူ့စွပ်စွဲချက်များ မမှန်ကြောင်း ငြင်းမြဲ ငြင်းသည်။ ပြီးတော့ စူဇီသည် ကျွန်တော့ကို ဖန်ခွက်နှင့် လှမ်းပေါက်သည်။ နံရံကိုထိပြီး ကွဲသွားသည်။ ကျွန်တော့်အိပ်ရာ တစ်ခုလုံး ဖန်ခွက်ကွဲအစ များဖြင့် ဖုံးလွှမ်း သွားတော့သည်။
"ရှင်လိမ်တယ်…… ကျုပ်ကတော့ ရှင့်ကို လူကြီးလူကောင်းလို့ ယုံစားလိုက်ရတာ၊ ဒါပေမဲ့ ကျုပ်မှားသွားပြီ၊ အလကားလူကြီး…… လိမ်ပြာကြီး……"
"စူဇီ မင်းဖြစ်နေတာ ဘယ်လောက်ရယ်စရာကောင်းနေပြီးလဲ၊ ကိုယ်ဟာ မင်းပိုင်တဲ့ ယောက်ျားတစ်ယောက် မဟုတ်ဘူးလေ၊ ကိုယ့်ကို မင်းပိုင်တဲ့ လူအဖြစ် မင်းချုပ်ချယ်ပိုင်ခွင့် မရှိဘူးလေ ဒါမျိုးကို ကိုယ်မကြိုက်ဘူး"ဟု ကျွန်တော် ပြန်ပြောမိသည်။
"ဟော……. အခုမှ ရှင်အမှန်အတိုင်းပြောတယ်၊ တကယ်ကတော့ ကျွန်မကို ရှင်လိုချင်တာ မဟုတ်ဘူး၊ ယုတ်ညံ့စုတ်ပဲ့တဲ့ ယမ်ယမ်ကောင်မလေး အဖြစ်နဲ့ပဲ ကျုပ်ကို တော်သတ်မှတ် ထားတယ်၊
ကောင်းပြီ…. ပြီးသွားပြီ… ဇာတ်လမ်းဆုံးပြီ ကျုပ်သွားပြီ…….."
တစ်ဆက်တည်း အခန်းအပြင်သို့ သူထွက်သွားတော့သည်။
ထိုညက ဘားခန်းထဲမှာ ကျွန်တော့်အနီးမှာ သူဖြတ်လျှောက်သွားသည်။
နောက်နေ့တစ်နေ့မနက်ကျတော့ ကမ်းနားလမ်းအတိုင်း နမ်ကောက်သို့ သူလမ်းလျှောက်လာသည်ကို တွေ့ရသည်။
သူ့ကို ကျွန်တော်စကားပြောပါသည်။ သို့သော် မျက်နှာတစ်ဖက်လွှဲပြီး ဆက်လျှောက် သွားသည်။ သည်အတိုင်း ရက်ပေါင်းများစွာ သူဆက်လုပ်နေသည်။ တယ်လီဖုန်းလည်း လုံးဝမဆက်။
သို့ကလို ကျွန်တော့အခန်းသို့၊ သူရောက်မလာခြင်း၊ တယ်လီဖုန်းမဆက်ခြင်းများ ကြောင့်၊ ကျွန်တော် စိတ်ဆင်းရဲ မိပါသည်။ သူ့ကို ကျွန်တော်လွမ်းမိပါသည်။
သည်တော့မှ သူ့အပေါ် ကျွန်တော်မည်မျှ သံယောဇဉ်ကြီးမားနေပြီဖြစ်ကြောင်း ကိုယ့်ဘာသာကိုယ် သဘောပေါက်မိလေတော့သည်။
တစ်နေ့မနက်တွင် အင်္ကျီအိတ်တစ်ခုအတွင်းမှ စက္ကူတစ်ရွက် ထွက်ကျလာသည်။ ကောက်ကြည့်တော့ ဘက်တီလောင်း၏ အိုင်ယာလန် ငွေငါးပေါင်ကို လဲပေးသည့် ဘဏ်တိုက်မှ စာရွက်ကလေးးဖြစ်နေကြောင်း တွေ့ရသည်။ သည်စာရွက်လေး လက်ခံ ရရှိခဲ့သည်ကို ကျွန်တော် လုံးလုံးမေ့နေမိသည်။
အတောင်းကို ကျွန်တော်လှမ်းခေါ်ပြီး တရုတ်စာအချို့ကို ရေးခိုင်းသည်။ ထိုတရုတ်စာလုံး များကို ငွေလဲသည့် စာရွက်ကလေး၏ နောက်ကျော်မှာ ကျွန်တော် ပြန်ကူးရေးသည်။ အဓိပ္ပာယ်ကား
"မင်းကို ကိုယ်အရမ်းလွမ်းနေပြီ" ဟူသတည်း။
ညဦးပိုင်းကျတော့ ဂွမ်နီမှတစ်ဆင့် ထိုစာရွက်ကလေးကို စူဇီအား ပေးခိုင်းလိုက်သည်။
တစ်နာရီလောက်ကြာတော့ တယ်လီဖုန်းခေါင်းလောင်းမြည်လာသည်။
"ဟယ်လို…….. စူဇီ စကားပြောနေတယ်"
"ဟယ်လို…….. စူဇီ"
"ဘာတွေလုပ်နေလည်း"
"ဘာမှမလုပ်ပါဘူးကွာ"
"ကောင်းတယ်……… ကျွန်မလာတွေ့မယ်"
သူရောက်လာပြီး ထုံးစံအတိုင်း ရောက်တတ်ရာရာတွေကို ပြောနေသေးသည်။ ပြီးတော့ ထုံးစံအတိုင်းပင် တည့်တည့်ကြည့်ပြီး တဲ့တိုးပြောတော့သည်။
"ရှင်ဟာ တကယ့်လူကောင်း……… မလိမ်ဘူး၊ ကျွန်မ မှားသွားတယ်"
ကျွန်တော်ရယ်မိပါသည်။ ပြီးတော့ ဘက်တီလောင်းကိုလည်း ကျွန်တော် စိတ်မ၀င်စားကြောင်း ပြောပြမိသည်။
သူ ဘာကြောင့် ပေါက်ကွဲရသည်ကို တည်တည်ငြိမ်ငြိမ် ရှင်းပြနေသည်။ ကျွန်တော်သည် သူ၏ချစ်သူ ဖြစ်ကြောင်း အခြားအမျိုးသမီးများကို ပြောပြထားပြီးသည့် နောက် ဘက်တီလောင်းနှင့်
ယခုအဆက်အဆံ လုပ်ခြင်းသည် သူအရှက်တကွဲ အကျိုးနည်း ဖြစ်ကာ မျက်နှာပျက် ရပါသည်ဟု ရှင်းပြသည်။
"ကျွန်မလေ ဘားခန်းထဲကိုတောင် မသွားရဲတော့ဘူး…….. သိလား…. ကျွန်မ အရမ်းရှက်မိတယ်၊ သားလေး သာမရှိရင် ကျွန်မကိုယ်ကျွန်မ သတ်သေမိမှာပဲ"
"စူဇီ ဒီလောက်တောင်ပဲလား"
"ဟုတ်တယ် အစ်ကိုရယ်… ကျွန်မ အရမ်းရှက်တာပဲ"
"ကဲ… ဒါဖြင့်လာ ….. ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာ ကြည့်ပါဦး"
ကူးတို့သင်္ဘောပေါ်က ပုံကြမ်းလေးကို ဆီဆေးပန်းချီကားအဖြစ် ကျွန်တော် ကူးပြောင်း ရေးဆွဲ ထားသည်။ ထိုကားကလေးကို ပြလိုက်သည်။ ပတ္တူစ၏အရွယ်အစားကို မြင်ရုံမျှဖြင့် သူအလွန် သဘောကျ သွားသည်။ သူ့အမျိုးသမီး သူငယ်ချင်းများကို ခေါ်ပြခြင်း အားဖြင့် သူဘယ်လောက် ဂရုစိုက် ခံရကြောင်း သက်သေထူနိုင်ပေတော့မည်။ ယခုမှ သူ့စိတ်သူ ထိန်းနိုင်လာသည်။
ကျွန်တော့်ကို ဖန်ခွက်နှင့် ပါက်မိသည့်အကြောင်း ပြန်စဉ်းစားမိပြီး သူက တခစ်ခစ် ရယ်တော့သည်။
"ကျွန်မပေါက်တာလေ…… အကို့ကိုမှန်တော့မလို့….. ကံသီပေလို့သာ ပေါ့ကွယ်"
"ဟုတ်တယ်…… အဲဒီနေ့ကစပြီး ဖန်ခွက် ကွဲတွေကို နေ့တိုင်း အစ်ကို ရှာကောက် နေရတယ်"
သူအရယ်ရပ် သွားပြီး။ အိပ်ရာပေါ်မှာ ပျော်မြူးစွာ လူးလှိမ့်နေသည်။
(၂)
တစ်ခါတစ်ရံတွင် မနက်ပိုင်းများ၌ သူ့သားကလေးကို ကျွန်တော့ထံခေါ်လာပြီး ပြတတ်သည် တရုတ် အင်္ဂလိပ် ကပြားမျက်နှာကလေးနှင့် တကယ့်ကလေးလေးဖြစ်သည်။ သို့သော်လည်း မျက်နှာကတော့ ရင့်နေသည်။
စူဇီကတော့ သူကလေးကို ချစ်ရှာလွန်းသည်။ တယုတယဖြင့် ရင်ခွင်ထဲမှာ ပွေံပိုက်ချော့မြူနေတတ်သည်။ ဒါကေိုတွေ့တော ကျွန်တော် အံ့အားသင့်မိသည်။ တကယ်ဆိုတော့ စူဇီ၏ ဟန်ပန်သည် မိခင်ဟန်ပန်မျိုးမဟုတ်။
"ဟေး…… ဘာဖြစ်လို့ အခုထက်ထိ ချောင်းဆိုနေရတာလဲ၊ ဘာဖြစ်လို့ မင်းဒါလောက် ကဲရတာလဲ၊ ဟုတ်တယ်………အင်မတန်ကဲတဲ့ကလေးလေး၊ မင်းဟာ သိပ်ချောလွန်းလို့ မင်းကို မေမေ ခွင့်လွှတ် နိုင်တာပေါ့၊ အို…….. ဟုတ်ပါရဲ့ သိပ်လှတဲ့သားကလေးပဲကွယ်၊ မင်းကြီးလာရင် ရုပ်ရှင်မင်းသား ဖြစ်မယ်" စသည်ဖြင့် လည်း ပြောနေတတ်သည်။
ကျွန်တော်တို့သည် လသာဆောင်ပေါ်မှာ စောင်တစ်ထည်ဖြင့် ခင်းပြီး ထွက်ထိုင်တတ်ကြသည် စူဇီကတော့ သူ့သားကလေးနှင့် စောင်ပေါ်မှာ ဆော့ကစားနေလေ့ရှိ သည်။ သည့်နောက် ဆိပ်ကမ်းမှာ စောင့်နေသည့် ကလေးထိန်းကလေးဆီသို့ ကလေးပြန်ပို့သည်။ ကလေးထိန်းက ကလေးကို ကျောမှအ၀တ်နှင့် သိုင်းပိုးရင်း ပြန်သွားတတ်သည်။ ကလေးကလည်း ချက်ချင်း အိပ်ပျော်သွားတတ်သည်။ ကလေးနှင့် ကလေးထိန်း ထွက်သွားသောအခါ ဘားခန်းထဲသို့ သူ ပြန်ဝင်သွားတော့သည်။
သူ့အမျိုးသမီးသူငယ်ချင်းများကိုလည်း ကျွန်တော့အခန်းသို့ ခေါ်လာတတ်သည်။ ကျွန်တော့်အခန်းသို့ လေ့လာရေးထွက်လာပြီး လာရောက်လ့လာကြသလို သူက တစ်ခုချင်း ရှင်းပြနေတတ်သည်။ ကျွန်တော် ပန်းချီကားများကိုပြပြီး တန်ဖိုးကိုလည်း သူထင်ရာမြင်ရာတွေ ပြောနေ တတ်သည်။
"ဟောဒါကခေါင်းဖြီးတဲ့ဘီး…… တကယ့်ငွေအစစ်……. သိတယ်မေဟုတ်လား၊ (အမှန်က ငွေမဟုတ်ပါ)၊ ငါ့ရည်းစားရဲ့ လက်ပတ်ကြိုးကို ပြရဦးမယ်၊ ဟောဒီမှာ ရွှေအစစ်……
ဒေါ်လာသုံးရာလောက်တန်တယ်"
ပြီးတော့ စားပွဲအံဆွဲကို သူဆွဲဖွင့်သည်။
"ကိစ္စမရှိပါဘူး……… စိတ်မပူပါနဲ့ ကိုယ့်ရည်းစားက သဘောကောင်းပါတယ်၊ ဘယ်လိုမှ မအောက်မေ့ပါဘူး"ဟု ပြောသည်။
နောက်ဆုံးတော့ တိပ်ရီကောဒါဆီ ရောက်လာသည်။ ငှားထားသည်ဟု ဖွင့်မပြောဘဲ ဒေါ်လာနှစ်ထောင် တန်သည်ဟု ဇာတ်လမ်းခင်းတော့သည်။ ပြီးတော့ ကျွန်တော့်ကိုခေါ်ကာ သူ့သူငယ်ချင်းများ၏ အသံကို ဖမ်းခိုင်းတော့သည်။ ကျွန်တော် အသံဖမ်းနေခိုက်တွင် စူဇီကတော့ သည်ရီကော်ဒါကို သူုတိုယ်တိုင်ပင် တီထွင်ထားလေဟန် ပုံစံမျိုး ဖမ်းနေတတ်သည်။
အမျိုသမီးတွေကို ကျွန်တော့အခန်းထဲမှာ နေတတ် ထိုင်တတ်ဖြစ်လာကြပြီဆိုသည်နှင့် တစ်ပြိုင်တည်း ကျွန်တော်အလုပ်လုပ်စရာ ရှိနေသေးသည်ဟုပြောကာ အားလုံးကို သူမ,ထုတ်သွား တတ်သည်။ ထိုသို့ မ,ထုတ်သွားရင်း စင်္ကြံထဲရောက်တော့ သူက ဆက်ပြောသေးသည်။
"ကိုယ့်ရည်းစားက တကယ့်ပုဂ္ဂိုလ်ကြီး…….သိယ်မဟုတ်လား…… တစ်နေ့ကျရင် သူဆွဲထားတဲ့ ပန်းချီကားတွေ အားလုံးအတွက် ဒေါ်လာငါးထောင်ကြီးများတောင် ရဦးမှာ၊ အို…… မဟုတ်ဘူး……. မဟုတ်ဘူး…. တစ်ကားကို ငါးထောင်ရမှာ……"
သူသည် ယောက်ျားတွေကိုလည်း ခေါ်လာတတ်သည်။ သင်္ဘောသားကလေးများ၏ လစာမှာ မများလှပါ။ ထိုအထဲက ကျွန်တော့်အခန်းထှဲ အချိန်လာဖြုန်းနေသည့်အတွက် သူတို့ကို ပြန်သွားခိုင်း ရသည်လည်း ရှိတတ်သည်။
တစ်ကြိမ်တွင်မူ ရေကြောင်းပညာ လေ့လာနေသော အမေရိကန် ဥပဒေကျောင်းသားကို ကျွန်တော့ ဆီခေါ်လာပြီး မိတ်ဆက်ပေးသည်။ ကျွန်တောတို့ စကားလက်ဆုံကျရင်း နောက်တော့
အငြင်းအခုံဖြစ်ကြရသေးသည်။ စူဇီနှင့် အချိန်မဖြုန်းရဘဲ ကျွန်တော်နှင့် ညလုံးပေါက် စကားထိုင်ပြော နေသည့်အတွက် ကျွန်တော်က တောင်းပန်စကားပြောမိသည်။
"အရေးမကြီးပါဘူးဗျာ….. ကျွန်တော်ကလည်း အဲဒီအမျိုးသမီးကို စိတ်မ၀င်စားပါဘူး၊ ကျွန်တော်ပြောတာ သဘောပေါက်တယ် မဟုတ်လား" ဟု သူပြောသည်။
"ဟ…… ဘာသဘောလဲ… သူနဲ့ ဘာမှမလုပ်ဘဲ မောင်ရင်က ဘာဖြစ်လို့ အလကားသက်သက် ငွေကုန်ခံတာလဲ"
"ဒါကဒီလိုလေ… သင်္ဘောပေါ်မှာရှိတဲ့ အကောင်တွေက ကျွန်တော့ကို အခြောက်လို့ ထင်ကြတယ်၊ ဒါကြောင့် သူတို့နဲ့ အတူတူ ဒီနေ့ည ထွက်လာတယ် သူတို့ရှေ့မှာဘဲ အဲဒီအမျိုး သမီးကို
ခေါ်လာခဲ့တယ်၊ ကျွန်တော်ဟာ ယောက်ျားပီသတဲ့ လူတစ်ယောက်ဖြစ်ကြောင်း သူတို့ကို သက်သေ ထူပြလိုက်တာပါ"
"ဒီလိုဆိုရင် တစ်ညလုံး ငါနဲ့ထိုင်ပြီး ဆွေးနွေးနေတယ်ဆိုတာ သူတို့ကို ပြန်မပြော တော့ဘူးပေါ့"
"ဘယ်ပြောပါ့မလဲဗျာ … တစ်ညလုံး သူတို့စံချိန်တွေ ချိုးပစ်လိုက်တယ်လို့ ပြောရမှာပေါ့"
စူဇီသည် သူ့ဖောက်သည်ကို ပစ်ထားခဲ့ပြီး သူတစ်ယောက်တည်းလည်း ရောက်လာတတ်သည်။ ကျွန်တော်တို့ နှစ်ယောက်စကားထိုင်ပြောကြသည်။ ဗိုက်ဆာလာသော အခါ စူဇီက
တယ်လီဖုန်းကောက်ကိုင်ပြီး အနီးဝန်းကျင်မှ စားသောက်ဆိုင်တစ်ခုခုသို့ စားစရာ လှမ်းမှာတတ်သည်။ သန်းခေါင်းကျော်မှာလည်း မှာနိုင်သည်။ လင်းအားကြီးမှာလည်း မှာနိုင်သည်။
ထိုသို့မှာပြီး ခဏအကြာတွင် တောင်းနှစ်လုံးကို ရှေ့နောက်ထမ်းကာ ထမ်းပိုးနှင့် လျှိုထမ်းလာသော အထမ်းသမား ရောက်လာတတ်သည်။ တောင်းထဲမှာ ကြက်သား၊ ၀က်သား၊ ငါး၊ စားစရာ အစုံပါသည်။ အမျိုးအမည်များကို ကျွန်တော်မသိ။ ခေါ်လည်း မခေါ်တတ်။ အလွန်ခံတွင်းတွေ့သည်။ ငွေရှင်းပေး ရတော့လည်း အလွန်ဈေးသက်သာကြောင်း တွေ့ရသည်။ ကျသင့်ငွေကို စူဇီက သူပေးဖို့ အမြဲကြိုးစား တတ်သည်။ ကျွန်တော်က အပေးမခံ။ သို့သော် တစ်ခါ တစ်ရံသူပေးသွား သည်လည်း ရှိသည်။ ကျွန်တ်ာပေးသည့် အခါတွင် အထမ်းသမားကို ဘောက်ဆူး ဘယ်လောက်ပေးရသလဲဟု မေးတတ်သည်။
"ပြားငါးဆယ်" ဟု ကျွန်တော်က ပြောသည်။ ပြားငါးဆယ်သည် အများပါ။ ခုနှစ်ပဲနိလောက်သာ ကျပါသည်။
"သိပ်များတယ်… ဒါလောက်မပေးနဲ့လို့ အစ်ကို့ကို ပြောထားတယ် မဟုတ်လား"
"ဟုတ်တယ်….. အထမ်းသမားကို ပြားငါးဆယ်သာပေးနေရင် တစ်နေ့ ကျအစ်ကိုလည်း ဆင်းရဲမှာပဲ၊ ပြားနှစ်ဆယ်ဆို တော်ပြီ၊ သူသိပ်သဘောကျသွားပြီ"
တစ်ည အချိန်မတော် စူဇီရောက်လာပြန်သည်။ ထိုနေ့ညက စူဇီနှင့် ပတ်သက်ပြီး အံ့သြတကြီး အဖြစ်တစ်ခုနှင့် ကျွန်တော့ကြုံရသည်။
ပင်မင်းဆိုင်မှ ငွေတောင်းခံလွှာရောက်လာသည်။ တရုတ်လို ရေးထားသည် ကျသင့်ငွေမှာ စုစုပေါင်း ကျသင့်တာထက် ပိုနေသညဟု ကျွန်တ်ာထင်သည်။ ထို့ကြောင့် ငွေတောင်းခံလွှာထဲမှ အ၀တ်အစား အမျိုးအမည်များ ဖတ်ပြရန် စူဇီကို ကျွန်တော်ကပြောသည်။ သူက တစ်ချက်ကေလေး ကြည့်ရုံသာ ကြည့်သည်။
"ဘာမှမမှားပါဘူး အစ်ကို"
"ဒါပေမဲ့ ကိုယ်ဘာတွေလျှော်ခိုင်းလိုက်တယ် ဆိုတာမှ မင်းမသိပဲ"ဟု ပြန်ပြောသည်။
"အဲဒီ ပင်မင်းဆိုင်က အင်မတန်ရိုးသားပါတယ်အစ်ကို၊ ဘယ်တော့မှ မဟုတ်တာ မလုပ်ပါဘူး"
"ဒီလိုဆိုရင်တော့ ဒီတစ်ခါ သူမဟုတ်တာလုပ်ပြီဆိုတာ သေချာတယ်"
သာမန်အားဖြင့်ဆိုလျှင် ကျွန်တော့ကို ငွေပိုတောင်းမှာ လူလိမ်မှာကို အမြဲတမ်း သူပူပင်လေ့ရှိသည်။ ယခုမူ ထိုသို့မဟုတ်။
"ဘာပဲဖြစ်ဖြစ် ရှပ်အင်္ကျီဘယ်နှစ်ထည်အတွက် သူငွေယူထားသလဲ ကြည့်ပေးစမ်းပါ၊ ပြီးတော့ တခြားရေးထားတာတွေက ဘာလဲ" ဟု ကျွန်တော်ကဆက်မေးသည်။
ငွေတောင်းခံလွှာကို လက်ထဲမှာကိုင်ပြီး သူလေ့လာနေသည်။ ပြီးတော့ ကျွန်တော့ကို သူမော့ကြည့်သည်။ တည့်တည့်စိုက်ကြည့်ခြင်းဖြစ်သည်။ သူအဖြေရခက်နေပြီကို ဖွင့်ပြောတော့မည်
ဆိုသည့် အကြည့်မျိုးဖြစ်သည်။
"အရင်တုန်းက အစ်ကို့ကို ဖွင့်မပြောခဲ့ဖူးသေးတာ ကျွန်မမှာ ရှိနေတယ်အစ်ကို၊ ဘာကြောင့်လည်းဆိုတော့ ကျွန်မသိပ်ရှက်လို့ပါ"
"ဘာကို ဖွင့်မပြောခဲ့တာလဲ"
"ကျွန်မေစာမဖတ်တတ်ဘူး"
"ဘာ……."
"လုံးလုံးမတက်ပါဘူး အစ်ကိုရယ်"
မယုံကြည်နိုင်အောက်အောင် ကမန်တော် အံသြတကြီး ဖြစ်သွားမိပါတော့သည်။ စူဇီသည် စာမတတ် ပေမတတ်မိန်းကလေး ဖြစ်သည်ဟု သိနိုင်လောက်သောအကြောင်းလည်း မပေါ်ဖူးခဲ့။
ဘားခန်းထဲမှာ ရှိသော အမျိုးသမီးအများစုသည် ထိုက်အလျောက် ရေးတတ် ဖတ်တတ်သူများသာ စြဖ်ကြောင်း ကျွန်တော်သိပါသည်။ ထို့ကြောင့် စူဇီလည်း အများနည်းတူ ရေးတတ်ဖတ်တတ်သည်ဟု
ကျွန်တော်ထင်ခဲ့သည်။ ထိုမျှမကသေး။ သူနေပုံထိုင်ပုံ ပြောပုံဆိုပုံ တွေးပုံခေါ်ပုံများကို ကြည့်ခြင်းအားဖြင့် အဆင့်အတန်းနိမ့်သော ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသ်ညဟု ထင်မြင်စရာ အကြောင်းမရှိ။
"ဒါပေမဲ့ စူဇီ၊ မင်းနာမည်ကို မင်းရေးနေတာ ကိုယ်မြင်နေရတာပဲ"
သူ့နာမည်ကို တရုတ်လိုရော အင်္ဂလိပ်လိုပါ ရေးနေသည်ကို ကျွန်တော် ပြန်အမှတ်ရနေမိသည်။ အင်္ဂလိပ် လို 'စူဇီ'ဟု ရေးတာတောင် (Z) စာလုံးက ပြောင်းပြန်ဖြစ်နေသည်။ ပြီး အဆက်ကလေး များလည်း မဆက်မိဘဲ ဖြစ်နေသည်။
"ဟုတ်ပါတယ် …. ကျွန်မနာမည်တစ်ခုကိုပဲ ရေးတတ်ပါတယ်၊ ကျွန်မနာမည်ကို ရေးတတ်အောင် ဂွမ်နီက သင်ပေးလို့"
"ဒါဖြင့် ဘဏ်တိုက်က စာရွက်ကလေး အပေါ်မှာ ကိုယ်စားရေးပြီး ပို့လိုက်တာ ကျတော့ရော အဲဒါလည်း ဂွမ်နီကပဲ ဖတ်ပြသလား"
"ဟုတ်ပါတယ်….. အစ်ကိုပြောတာ ဒီဟာမဟုတ်လား"
သူက ပြောပြောဆိုဆို ပိုက်ဆံအိတ်ကိုဖွင့်ပြီး စာရွက်ကလေးကို ထုတ်ပြသည်။
"တယ်ဟုတ်ပါလား... အခုအထိ ဒီစာရွက်ကလေးရှိနေတုန်းပဲလား"
"ဟုတ်ပါတယ် ကျွန်မ သိမ်းထားတာ"
"ဘာလုပ်ဖို့ သိမ်းထားတာလဲ စူဇီ"
"အစ်ကိုရေးလိုက်တာကလေးကို သဘောကျလို့လေ၊ အစ်ကိုရေးလိုက်တာ သိပ်ချစ်စရာ ကောင်းတာပဲ၊ မင်းမရှိတော့ ငါမပျော်နိုင်ဘူး၊ မင်းကို လွမ်းနေတယ်... လို့ ရေးတယ် မဟုတ်လား၊ ဂွမ်နီက ကျွန်မကို ဒီအတိုင်း ပြောတယ်"
ထိုသို့ပြောရင်း သူ့အမူအရာသည် မသေချာ မရေရာသလိုဖြစ်သွားပြန်သည်။
"ဂွမ်နီ တမင်ဖန်တီးပြောတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ"
"မဟုတ်ပါဘူး စူဇီ... သူဖန်တီးပြောတာ မဟုတ်ပါဘူး"
"အစ်ကိုရေးတာ ဒီအတိုင်းပဲလားဟင်"
"ဒီအတိုင်းပါပဲ"
"ကျွန်မဆီကို ဘယ်သူမှ ဒီလို မရေးဖူးသေးဘူး"
"အင်း... ကိုယ်တကယ် ပြောတာပါ၊ စိတ်ထဲရှိတဲ့အတိုင်း ရေးလိုက်တာပါ၊ မင်းကို တကယ်ပဲ လွမ်းမိ ပါတယ်"
"အစ်ကို့စိတ်ထဲက ခံစားချက်တစ်မျိုးပြောင်းသွားလို့ ဖြစ်မှာပေါ့နော်၊ စာမရေးတတ်တဲ့... စာလည်း မဖတ်တတ်တဲ့ ယုတ်ညံ့တဲ့ ယမ်ယမ်ကလေးမလေး အဖြစ်ကို ဂရုမစိုက်တော့လို့လည်း
ဖြစ်မှာပေါ့နော်"
"စူဇီ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့"
"တစ်ခါတုန်းကတော့ စာသင်ကြည့်ဖူးပါသေးတယ်၊ အရင် နှစ်နှစ်လောက်ကပေါ့၊ ဒါပေမဲ့ စာလုံးတွေက ထောင်နဲ့ချီ ရှိနေတာ မဟုတ်လား၊ သိပ်ခက်တာပဲ အစ်ကိုရယ်"
"တစ်ခါမှ ကျောင်းမနေဖူးဘူးလား စူဇီ"
"မနေဖူးဘူး... ကျွန်မ ဦးလေးက ကျောင်းထားမပေးဘူး၊ တစ်စက်ကလေးမှ ကောင်းတဲ့ ဦးလေး မဟုတ်ပါဘူး အစ်ကိုရယ်၊ သိတယ်မဟုတ်လား"
ထိုမှစပြီး သူ့ကလေးဘ၀အကြောင်း၊ သူ့ဘ၀အကြောင်း၊ ဟောင်ကောင်ကို မည်သို့ မည်ပုံ ရောက်လာကြောင်း၊ နမ်ကောက်တွင် မည်သို့ စတင်အလုပ်လုပ်ခဲ့သည့်အကြောင်းများကို စီကာပတ်ကုံး ပြောပြ တော့သည်။
သူ့အဖေသည် စီးပွားရေးလုပ်ငန်းကြီးများကို လုပ်ကိုင်ရင်း အောင်မြင်နေသူဖြစ်သည်။ ရှန်ဟဲတွင် နေထိုင်ပြီး ကိုယ်ပိုင် သင်္ဘောများဖြင့် ဖိလစ်ပိုင်နှင့် ကုန်ကူးနေသူဖြစ်သည်။ စူဇီကတော့
သူ့အဖေသည် သူပိုင်သင်္ဘောတစ်စီးဖြင့် မနီလာသို့ ထွက်ခွာသွားသည့် အချိန်ကလေးအထိသာ မှတ်မိတော့သည်။
သူ့အဖေ ခရီးမထွက်မီ သူ့အမေက ဗေဒင်ဆရာထံ သွားပြီး ဗေဒင်မေးကြည့်သေးသည်။ အဖေ ခရီးထွက်မည့်နေ့သည် ခရီးမသွားကောင်းသည့်နေ့ဖြစ် ကြောင်း၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့ နိုင်ကြောင်း ဗေဒင်က ဟောသည်။ အမေက အဖေ့ကို အမျိုးမျိုးတောင်းပန်ပြီး ကန့်ကွက်သည်။ သို့သော်လည်း အဖေ့စီးပွားရေးလောဘက ဗေဒင်ကို မယုံကြည်နိုင်လောက်အောင် ဖုံးလွှမ်းထားသည်။
ထို့ကြောင့် ဘယ်လိုတောင်းပန်လို့မှမရ။ သူသတ်မှတ်ထားသည့်နေ့တွင် ကုန်အပြည့် တင်ပြီး သင်္ဘောဖြင့် ထွက်ဖြစ်အောင် ထွက်သွားသည်။ ထိုက စပြီး အဖေ ပြန်မလာတော့။
အဖေသင်္ဘောလည်း မနီလာသို့ လုံးဝမရောက်တော့။ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး နစ်မြှုပ် သွားဟန်တူသည်။
နောက်နှစ်တွင် အမေပါ ဆုံးသွားသည်။ ထိုအချိန်က စူဇီသည် ငါးနှစ်သမီးအရွယ် ကလေးသာ ရှိသေးသည်။ သူ့ကို အဖေ့ညီက ကောက်ယူမွေးစားသည်။
ဦးလေးသည် ယစ်ထုပ်ကြီးဖြစ်၏။ အကျင့်စာရိတ္တကောင်းသူလည်း မဟုတ်။ အလုပ်ကိုလည်း မည်မည်ရရမလုပ်။ သူ့မှာ သမီးနှစ်ယောက်ရှိသည်။ ထိုသမီးနှစ်ယောက် ကိုတော့ ကျောင်းထားပေးသည်။ တရုတ်မိသားစုတို့၏ ထုံးတမ်းစဉ်လာအတိုင်းဆိုလျှင် စူဇီကိုလည်း သမီးများနှင့် တန်းတူ အခွင့်အရေး ပေးရမည် ဖြစ်သည်။
သို့သော်လည်း ဦးလေးကတော့ စူဇီကို အစေခံအဆင့်မှာသာ ထားသည်။ မိန်းကလေး စာသင်ပေးလို့ အပိုပေါ့ဟု ဆိုကာ ကျောင်းထားမပေး။ သူ့အဖေ ၏ စီးပွားရေးလုပ်ငန်းအားလုံးကိုလည်း
ဦးလေးကသာ ဦးစီးလုပ်ကိုင်သည်။ သူတို့ပိုင်သည့် သင်္ဘောအားလုံး၊ ပစ္စည်းအားလုံးကိုလည်း ဦးလေးက လက်ဝါးကြီးအုပ်လိုက်သည်။ သို့သော် စူဇီ လူလားမြောက်လာသည့် အချိန်တွင်မူ ထိုပစ္စည်းပစ္စယ များအားလုံး တက်တက်ပြုန်းလေပြီ။
စူဇီ၏ ဘ၀တစ်လျှောက်လုံးတွင် သံယောဇဉ်တွယ်တာစရာ ဆိုလို့ ဦးလေး၏ သမီးအငယ် အစ်မ၀မ်းကွဲ ယူလန်းတစ်ယောက်သာ ရှိသည်။ ယူလန်းက သဘောကောင်း သည်။ ဖြစ်သလို
နေတတ်သည်။ ဘာကိုမှ လေးလေးနက်နက် သဘောမထား။ ပျင်းလည်း ပျင်းသည်။ မည်သို့ဆိုစေ စူဇီကိုတော့ ယူလန်းက ချစ်သည်။ စူဇီကလည်း ယူလန်းကို အချစ်ကြီးချစ်မိသည်။ ယူလန်းဘာလုပ်နေနေ
စူဇီကတော့ သဘောကျ ကျေနပ်နေစမြဲ။
တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီ အာဏာရလာသောအခါ ယူလန်း အသက်နှစ်ဆယ် ရှိပြီ။ စူဇီကား ဆယ့်ခြောက်နှစ်။ မကြာမီပင် ဟောင်ကောငှ်ိ အမျိုးတွေထံ သွားရောက်လည်ပတ်မည်ဟု ယူလန်းက လိမ်လျှောက်သည်။ အစိုးရက သွားခွင့်ပြုလိုက် သည်။ ယူလန်းထွက်ခွာသွားခြင်းသည် စူဇီအဖို့ အကြီးမား ဆုံးသော ဘေးအန္တရာယ် ကျရောက်ခြင်းပင် ဖြစ်တော့သည်။ တစ်ပတ်လုံးလုံး မနားတမ်း ငိုကြွေး နေခဲ့သည်။
တစ်နေ့တော့ သူ့ဦးလေးက စူဇီကို ခေါ်ပြီး ဘာကြောင့် ဒါလောက်တောင် ငိုနေရ သလဲဟု မေးသည်။
"ယူလန်းကို ကျွန်မ အရမ်းချစ်လို့ပါ၊ အခု သူထွက်သွားပြီ၊ သူ့ကို လွမ်းလို့ ငိုမိတာပါ" ဟု စူဇီက ပြန်ဖြေသည်။
"မငိုနဲ့တော့... မင်း အခု လူကြီးဖြစ်နေပြီ၊ လူကြီးဆိုတာ မငိုရဘူး၊ မင်း လူကြီးဖြစ်နေတာ ငါလည်း အခုမှ သတိထားမိတယ်" ဟု ဦးလေးက ပြောသည်။
"ကျွန်မ လူကြီးမဖြစ်သေးပါဘူး ဦးလေးရယ်... ကလေးပဲ ရှိပါသေးတယ်"
"ဒီလိုဆိုရင် မင်း ကလေးမဟုတ်ကြောင်း ပြရတာပေါ့ကွာ ... လာ... လိုက်ခဲ့"
သူ့ဦးလေးနောက်သို့ လိုက်သွားသည်။ ထိုနေ့က စူဇီ၏ ဘ၀တစ်ဆစ်ချိုးပြောင်း ရရှာသည်။ သည်တုန်းက သူ့အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ် စူဇီမှာ ခိုကိုးရာမဲ့သူမို့ တခြားသို့လည်း ထွက်မပြေးရဲ။ သည်အတိုင်း နေရင်း သူ့ဘ၀ကို အဆုံးခံနေရရှာသည်။
ထို့နောက်ပိုင်းတွင် ယူလန်းထံမှ လစဉ် ဒေါ်လာငါးဆယ် ပို့ပေးလေ့ရှိသည်။ ဟောင်ကောင်ရှိ ဈေးဆိုင်တစ်ဆိုင်တွင် တစ်လ ဒေါ်လာလေးရာဖြင့် အလုပ်ရနေပြီဟု ဆိုသည်။
စူဇီသည် ယူလန်းကိုသာ တမ်းတနေမိသည်။ ယူလန်းဆီသို့ ထွက်ပြေးဖို့သာ ကြံစည်နေသည်။ မဖြစ်နိုင်သော အစီအစဉ်များကို ချမှတ်နေသည်။ တစ်နေ့တော့ သူ့ဦးလေးက သူ့ကို ခေါ်ပြန်သည်။
" ဟောင်ကောင်မှာ ရှိနေတဲ့ယူလန်းနဲ့ အတူတူသွားနေဖို့ မင်းစိတ်ကူးဖူးသလား" ဟု မေးသည်။
"တစ်ခါမှ စိတ်မကူးဖူးပါဘူး"
စူဇီက ထိတ်ထိတ်လန့်လန့် ဖြင့်ပြန်ဖြေသည်။ သူစိတ်ကူးနေသည်များကို ဦးလေး သိသွားပြီဟုလည်း တွေးထင်နေမိသည်။
"ဒီလိုစိတ်ကူးမျိုး ကျွန်မ ခေါင်းထဲကို တစ်ခါမှ မရောက်ဖူးပါဘူး" ဟုလည်း ကာကွယ်သည်။
"ဒီလိုဆိုရင် အခု စဉ်းစားပေတော့၊ ဟောဒီမှာ ယူလန်းက စာရေးလိုက်တယ်၊ သူ အလုပ်လုပ် နေတဲ့ဆိုင်မှာ မင်း အလုပ်ရမယ်တဲ့၊ သူ့လိုပဲ တစ်လကို ဒေါ်လာလေးရာ ရမယ်တဲ့၊ မင်းကို မိဘမဲ့ဘ၀ကနေ လူတလုံး သူတလုံးဖြစ်လာအောင် ကျွေးမွေးခဲ့တဲ့ တို့ ကျေးဇူးကို မမေံနဲ့၊ ဒီကျေးဇူးကို မင်း ပြန်ဆပ်ရမယ်၊ ဒါကြောင့် ဟိုမှာ အလုပ်သွားလုပ်ပြီး ငါ့ဆီကို တစ်လ ဒေါ်လာတစ်ရာ မှန်မှန် ပြန်ပို့ ... ကိုင်း ... ဘယ်လိုသဘောရသလဲ"
"ဒီအိမ်ကို ကျွန်မ ခွဲမသွားနိုင်ပါဘူးရှင်" သူ့ကို ထောင်ဖမ်းသည်ဟု စူဇီက သင်္ကာမကင်းဖြစ်နေဆဲ ရှိသည်။
"မင်းကို လွှတ်တော့ မလွှတ်ချင်ဘူးပေါ့၊ မင်းကို လွှတ်ရမယ်ဆိုရင် ငါ့မှာလည်း တစ်ဖက်က ဆုံးရှုံးရတာပဲ၊ ဒါပေမဲ့ မင်းကျေးဇူးရှင်တွေကို ရှာဖွေကျွေးမွေးခွင့်ရတဲ့ အခွင့် အရေးကို ပိတ်ပင်ပစ်ရင် ငါ့အနေနဲ့ တစ်ကိုယ်ကောင်း ဆန်ရာ ကျတယ်၊ ဒါကြောင့် မင်း ဟိုမှာ အလုပ်သွားလုပ်ပြီး ငါ့ဆီကို လတိုင်း ဒေါ်လာတစ်ရာ မှန်မှန် ပြန်ပို့ပါ"
နောက် ခြောက်လကြာတော့ စူဇီ ခရီးသွားခွင့်ရသည်။ ရှန်ဟဲမှ ရထားဖြင့် ထွက်ခဲ့သည်။ သူ့တစ်သက် တွင် တစ်ခါမှ ခရီးမထွက်စဖူး။ မြို့ပြင်ဘက် မိုင်အနည်းငယ်ခန့်သို့သာ ရောက်ဖူးခဲ့သည်။
ကန်တုန်တွင် ရထားပြောင်းစီးရသည်။ နယ်ကြခားသို့ရောက်ပြီး တရုတ်ပြည်ကြီးက နောက်ပိုင်းမှာ ကျန်ခဲ့သည်။ ဗြိတိသျှကိုလိုနီ ဖြစ်သော ဟောင်ကောင်ပိုင်နက်တွင်းသို့ ခြေချမိပြီ။
နယ်ခြားမှာ ရထားပြောင်းရပြန်သည်။ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ၊ ခြင်းတွေနှင့် ထည့်ထားသောဝက်တွေ ကျွတ်ကျွတ်ညံနေသည့် ရထားတွဲထဲမှာ နေရာရခဲ့သည်။
အခြားခရီးသည်များ ပြောဆိုနေကြသည့် တရုတ်စကားမှာ ကန်တုန်တရုတ် စကားများဖြစ်သောကြောင့် သူ နားမလည်။
ကိုလုန်းဘူတာရုံမှာ ရထားဆိုက်သည်။ သူ့ကို လာကြိုနေသည့် ယူလန်းကို ပလက်ဖောင်းပေါ်မှာ မြင်လိုက်ရသည်။ စူဇီသည် ဟန်မဆောင်နိုင်တော့ဘဲ အပြေးသွားကာ ယူလန်း၏ ရင်ခွင်တွင်းသို့
ဝင်လိုက်မိသည်။ ပြီးတော့ ၀မ်းသာလွန်းသဖြင့် မျက်ရည်များ သွန်ချ လိုက်မိတော့သည်။
ယူလန်းသည် မလိုအပ်ဘဲ အပိုငွေကုန်ခံသူမဟုတ်။ သို့သော်လည်း ထိုနေ့တုန်း ကတော့ တက္ကစီငှားပြီး သူ့အခန်းရှိရာသို့ စူဇီကို ခေါ်လာခဲ့သည်။ အခန်းကလေးက ကျဉ်းတော့ ကျဉ်းပါသည်။
သို့သော်လည်း ယူလန်းပိုင်သည့် အခန်းဖြစ်သည်။
ယူလန်းက အိပ်ရာပေါ်မှာ သက်သောင့်သက်သာ လဲလျောင်းရင်း ပန်းကန်ပြားထဲမှ ကွာစေ့လှော်များကို ယူစားနေသည်။ စူဇီကတော့ စိတ်လှုပ်ရှားရလွန်းသဖြင့် ထိုင်ပင် မထိုင်နိုင်။
မတ်တတ်ရပ်ပြီး ပြူတင်းပေါက်မှ အပြင်သို့ ကျော်ကြည့်နေမိသည်။ လမ်းပေါ်မှာ ဆူညံကာ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေကြသည်။
"မမ အလုပ်လုပ်တဲ့ဆိုင်က ဘယ်လောက်ဝေးသလဲဟင်၊ ဒီလမ်းထဲမှာပဲလား" ဟု ယူလန်းကို လှမ်းမေးသည်။
ယူလန်းက ကွာစေ့လှော်စားရင်း ရယ်နေသည်။ အခွံများကို ထွေးခံထဲသို့ ပစ်ထည့် နေသည်။ ယူလန်း၏ ကိုယ်လုံးသည် အများကြီးဝနေသော်လည်း အခါတိုင်းထက် ပို၍ လှနေသည်။ ပိုးသားအစစ် ဘေးကွဲ တရုတ်ဂါဝန် အကောင်းစားကို ၀တ်ထားသည်။
"တကယ်ကတော့ ဈေးဆိုင်မှာ အလုပ်လုပ်တာ မဟုတ်ပါဘူးကွယ်၊ အိမ်သားတွေ စိတ်ချမ်းသာအောင် လိမ်ပြောတာပါ၊ ဒီကို ရောက်စတုန်းကတော့ ဈေးဆိုင်တစ်ဆိုင်မှာ တစ်ပတ်လောက်ကြာအောင် အလုပ်လုပ်ပေးပါသေးတယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး၊ တစ်နေ့နဲ့ ညတစ်ဝက်အလုပ်လုပ်မှ တစ်လကို ဒေါ်လာတစ်ရာ့ငါးဆယ်ပဲရတယ်၊ လူနှစ် ဆယ်လောက်နဲ့ အခန်းတဲမှာ စုနေပြီး ကျောခင်းစရာ နေရာကလေးတစ်ခုနဲ့ ရောင့်ရဲနိုင်မှ လောက်ငရုံပဲရှိတဲ့ ငွေပါ၊ နောက်ပြီးတော့လည်း ဆိုင်ရှင်တွေက ကန်တုန်တရုတ်တွေများတယ်၊ ကန်တုန်စကားမပြောတတ်သူကိုလည်း သူတို့က သဘော မကျဘူး၊ ဆက်ဆံရာမှာလည်း အရမ်းနှိမ်တယ်။
"ဒီလိုနဲ့ ကံအားလျော်စွာ ရှန်ဟဲအမျိုးသမီးတစ်ယောက်နဲ့ သွားတွေကတယ်၊ သူက ကလပ်မှာ အလုပ်လုပ်နေတာ၊ သူက မန်နေဂျာနဲ့ မိတ်ဆက်ပေးတယ်၊ အဲဒီအချိန်ကစပြီး အခုထက်ထိ မမလည်း ကလပ်မှာပဲ အလုပ်ဆက်လုပ်နေတော့တယ်၊ မင်းအကြောင်း မမက မန်နေဂျာကို ပြောပြတယ်၊ မင်းအသက် ၁၆ နှစ်ပဲ ရှိသေးတယ်လို့ မမက ပြောတော့ သူ သိပ်သဘောကျသွားတယ်၊
မင်းအသက် ၁၇ နှစ်ရှိပြီဆိုတာ မမ သိပါတယ်၊ ဒါပေမဲ့ ကလပ်မှာ အသက်ငယ်လေ မျက်နှာပွင့်လေပဲ၊ ဒါကြောင့် မိန်းကလေးတိုင်း အသက် သိပ်မကြီးခင် ဒီအလုပ်ကို စလုပ်ကြတာ"
"ကလပ်ဆိုတာ ဘာလဲ" ဟု စူဇီက ပြန်မေးသည်။
"ရှန်ဟဲမှာ အရင်တုန်းက ရှိခဲ့တာမျိုးပေါ့၊ ကွန်မြူနစ်တွေ တက်လာတော့ ပိတ်ပစ် လိုက်တယ်လေ၊ အခု မမလုပ်နေတဲ့ ကလပ်က သိပ်သားနားတယ်၊ တီးဝိုင်းကောင်းကောင်းလည်းရှိတယ်။
သူဌေးတွေမှ လာနိုင်တာ၊ ဟောင်ကောင်မှာကလည်း သူဌေးတွေက ရိုက်သတ်လို့ မကုန်နိုင်ဘူး မဟုတ်လား၊ အတွဲ အတွက် တစ်နာရီကို ရှစ်ဒေါ်လာပေးရတယ်၊ အတွဲက တစ်ဝက်ရတယ်၊ တွဲကရုံလေး အတွက် တစ်နာရီကို လေးဒေါ်လာ"
"ဒီအတိုင်းဆိုရင် တစ်ည တစ်ည ပိုက်ဆံတွေ အများကြီးရမှာပေါ့နော်" ဟု စူဇီက မေးသည်။
"အင်း… အမြဲတမ်း ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဘယ်သူကမှ မတွဲလို့ တစ်ညလုံး ဒီအတိုင်း ထိုင်နေ၇တဲ့ မိန်းကလေးတွေလည်း အများကြီးရှိတယ်၊ ကိုယ်အ၀ယ်ခံရတဲ့ အခါကျတော့မှ တကယ့် ပိုက်ဆံကို ရတာ"
"အ၀ယ်ခံရတယ်…… အဲဒါက ဘာအဓိပ္ပာယ်လဲ"
"ဒီလိုလေ ယောက်ျားတစ်ယောက်က မင်ကို သဘောကျပြီဆိုရင် အပြင်ကို ခေါ်သွားမယ်၊ ကလပ်ပိတ်ချိန်အထိ တစ်နာရီကို ရှစ်ဒေါ်လာနှုန်းနဲ့ ရှင်းပေးသွားမယ်၊ အဲဒီငွေအပေါ်ကလည်း မင်းတစ်ဝက် ရမယ်၊ မင်းကိုသူက ညစာကျွေးမယ်၊ ပြီးတော့ ကိုယ်ပိုင် အစီအစဉ်အတွက် မင်းကို ဒေါ်လာ ခြောက်ဆယ် ပေးမယ်၊ အဲဒီငွေကတော့ မင်းတစ်ယောက်တည်း လုံးလုံးလျားလျား ရတဲ့ငွေပဲ"ဟု ယူလန်းက ရှင်းပြသည်။
"သူတို့နဲ့ အပြင်လိုက်သွားပြီး ညစာအတူတူစားပေးတဲ့အတွက် ဒေါ်လာ ခြောက်ဆယ်ကြီးတောင် ပေးတယ်လို့ ဆိုလိုတာလား"
"မင်းက ဘာမှ နားမလည်သေးဘဲကိုး" ဟု ပြောရင်း ယူလန်းက ရယ်သည်။
"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲကွယ်၊ ဟိုတယ်တစ်ခုခုမှ တစ်ညနရမျာပေါ့၊ ဒါပေမယ့် အန္တရာယ်မရှိပါဘူး၊ ယောက်ျားတွေကလူကောင်းသူကောင်းတွေချည်းပါပဲ၊ စစချင်းတော့ မမလည်း လန့်မိတယ်၊ နောက်တော့လည်း အဆင်ပြေသွားတာပါပဲ၊ အခုဆိုရင် ဒီအလုပ်ကို မမသိပ်သဘော ကျနေပြီ"
"ယောက်ျားနဲ့ အတူတူနေ၇မယ့်အလုပ်ကို စိတ်ကုန်လွန်းလို့ပါ မမရယ်"
စူဇီက စကားပြောမိပြီးနောက် ယူလန်း၏အဖေ သူ့ဦးလေးကြောင့် သူ့ဘ၀ ရေတိမ်နစ်ခဲ့ပြီး ဖြစ်သည့်အကြောင်းများကို ဖွင့်ပြောပြနေမိတော့သည်။ သည်အကြောင်း ကြားရလျှင် ယူလန်း တုန်လှုပ် ချောက်ချား သွားလိမ့်မည်ဟု စူဇီထင်ထားသည်။ သို့သော်လည်း ယူလန်း၏ အမူအရာက ဘာမှ မထူးခြားသလိုရှိသည်။
"အဖေကဒီလိုလူစားမျိုး မင်းမသိဘူးလား…… ပိုက်ဆံတွေဟာ အရက်သောက်လို့ ကုန်တာထက် မိန်းကလေး တွေကြောင့် ကုန်ရတာများတယ်၊ ကွန်မြူနစ်တွေ အာဏာရလာတော့ ပြည့်တန်ဆာ အိမ်တွေ ပိတ်ပစ် လိုက်တယ်လေ၊ ဒီတော့ အဖေဟာ ဘယ်မှာမှ မိန်းမရှာလို့ မရတော့ဘူး၊ ဒါကြောင့် မင်းဘက် သူလှည့်လာတာပေါ့"
"မမရယ် …….. ကျွန်မတော့ ဈေးဆိုင်မှာပဲ အလုပ်လုပ်ချင်ပါတယ်"ဟု စူဇီကပြော သည်။
"ဟောင်ကောင်မှာ တစ်လ၀င်ငွေ ဒေါ်လာတစ်ရာ့ငါးဆယ်နဲ့ နေရမယ်ဆိုရင် မကြာခင် မင်းစိတ်ပြောင်း လာမှာပါပဲ၊ သြော်…… နောက်တစ်ခု မမမေ့နေတာရှိသေးတယ်၊ မင်းကစာမတတ်ဘူး၊ ဒါကြောင့် တစ်လကို တစ်ရာ့ငါးဆယ် ရနိုင်ဖို့လည်း မလွယ်ဘူး"
"ကလပ်မှာ အလုပ်လုပ်ပြီး ယောက်ျားတွေ ခေါ်ရာကိုတော့ မလိုက်ဘူးဆိုရင်ကော ဖြစ်မလားဟင်"
"မဖြစ်နိုင်ဘေူး……. ဒီနေရာဟာ အချိန်းအချက်လုပ်တဲ့နေ၇ာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ့်အဖြစ်မှန်ကတော အချိန်းအချက်လုပ်တဲ့နေရာပဲ၊ ကလပ်ကိုလာတဲ့ ဖော်ကသည်တွေအပေါ် တာဝန် မကျေပွန်ဘူးဆိုရင် မန်နေဂျာက မင်းကို ကန်ထုတ်လိုက်မှာပေါ့၊
"မင်းက ဘာမှ နားမလည်သေးဘဲကိုး" ဟု ပြောရင်း ယူလန်းက ရယ်သည်။
"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲကွယ်၊ ဟိုတယ်တစ်ခုခုမှ တစ်ညနရမျာပေါ့၊ ဒါပေမယ့် အန္တရာယ်မရှိပါဘူး၊ ယောက်ျားတွေကလူကောင်းသူကောင်းတွေချည်းပါပဲ၊ စစချင်းတော့ မမလည်း လန့်မိတယ်၊ နောက်တော့လည်း အဆင်ပြေသွားတာပါပဲ၊ အခုဆိုရင် ဒီအလုပ်ကို မမသိပ်သဘော ကျနေပြီ"
"ယောက်ျားနဲ့ အတူတူနေ၇မယ့်အလုပ်ကို စိတ်ကုန်လွန်းလို့ပါ မမရယ်"
စူဇီက စကားပြောမိပြီးနောက် ယူလန်း၏အဖေ သူ့ဦးလေးကြောင့် သူ့ဘ၀ ရေတိမ်နစ်ခဲ့ပြီး ဖြစ်သည့်အကြောင်းများကို ဖွင့်ပြောပြနေမိတော့သည်။ သည်အကြောင်း ကြားရလျှင် ယူလန်း တုန်လှုပ် ချောက်ချား သွားလိမ့်မည်ဟု စူဇီထင်ထားသည်။ သို့သော်လည်း ယူလန်း၏ အမူအရာက ဘာမှ မထူးခြားသလိုရှိသည်။
"အဖေကဒီလိုလူစားမျိုး မင်းမသိဘူးလား…… ပိုက်ဆံတွေဟာ အရက်သောက်လို့ ကုန်တာထက် မိန်းကလေး တွေကြောင့် ကုန်ရတာများတယ်၊ ကွန်မြူနစ်တွေ အာဏာရလာတော့ ပြည့်တန်ဆာ အိမ်တွေ ပိတ်ပစ် လိုက်တယ်လေ၊ ဒီတော့ အဖေဟာ ဘယ်မှာမှ မိန်းမရှာလို့ မရတော့ဘူး၊ ဒါကြောင့် မင်းဘက် သူလှည့်လာတာပေါ့"
"မမရယ် …….. ကျွန်မတော့ ဈေးဆိုင်မှာပဲ အလုပ်လုပ်ချင်ပါတယ်"ဟု စူဇီကပြော သည်။
"ဟောင်ကောင်မှာ တစ်လ၀င်ငွေ ဒေါ်လာတစ်ရာ့ငါးဆယ်နဲ့ နေရမယ်ဆိုရင် မကြာခင် မင်းစိတ်ပြောင်း လာမှာပါပဲ၊ သြော်…… နောက်တစ်ခု မမမေ့နေတာရှိသေးတယ်၊ မင်းကစာမတတ်ဘူး၊ ဒါကြောင့် တစ်လကို တစ်ရာ့ငါးဆယ် ရနိုင်ဖို့လည်း မလွယ်ဘူး"
"ကလပ်မှာ အလုပ်လုပ်ပြီး ယောက်ျားတွေ ခေါ်ရာကိုတော့ မလိုက်ဘူးဆိုရင်ကော ဖြစ်မလားဟင်"
"မဖြစ်နိုင်ဘေူး……. ဒီနေရာဟာ အချိန်းအချက်လုပ်တဲ့နေ၇ာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ့်အဖြစ်မှန်ကတော အချိန်းအချက်လုပ်တဲ့နေရာပဲ၊ ကလပ်ကိုလာတဲ့ ဖော်ကသည်တွေအပေါ် တာဝန် မကျေပွန်ဘူးဆိုရင် မန်နေဂျာက မင်းကို ကန်ထုတ်လိုက်မှာပေါ့၊
အေး…… တစ်ခုတော့ ရှိပါတယ်လေ မင်းကိုတော့ မမ အကျပ်မကိုငပါဘူး၊ မမခိုင်းတဲ့အလုပ်ကို လုပ်ရတဲ့ အတွက် နောင်တစ်နေ့ ကျတော့ မင်း နောင်တရရတာမျိုးလည်း မဖြစ်စေချင်ပါဘူး၊ ဈေးဆိုင်မှာပဲ လုပ်ချင်သပ ဆိုရင်လည်း ကြိုးစားလုပ်ကြည့်သေးတာပေါ့၊ အဲဒီလိုလုပ်ရင် အခြား အခန်းကျဉ်းလေး တစ်ခုမှာ ကျော်ချရုံတော့ သွားနေဖို့ မလိုပါဘူး၊ ဒီအခန်းထဲမှာပဲ မင်းနေချင်သလောက်နေပါ၊ လခ မယူပါဘူး"
ထိုနေ့ညက ကလပ်သို့ ယူလန်းသါားနေခိုက် စူဇီက အိပ်ရာပေါ်မျာ လှဲရင်း စဉ်းစားခန်း ၀င်နေမိသည်။
ဆုံးဖြတ်ချက် တစ်ခုခုကိုတော့ ချမှတ်ရတော့မည်ဖြစ်ကြောင်း နားလည်သဘော ပေါက် လာသည်။
ထိုနေ့ညက ကလပ်သို့ ယူလန်းသါားနေခိုက် စူဇီက အိပ်ရာပေါ်မျာ လှဲရင်း စဉ်းစားခန်း ၀င်နေမိသည်။
ဆုံးဖြတ်ချက် တစ်ခုခုကိုတော့ ချမှတ်ရတော့မည်ဖြစ်ကြောင်း နားလည်သဘော ပေါက် လာသည်။
သူ့ဘ၀သည် အပျိုစင်မဟုတ်တော့။ ထို့ကြောင့် ယောက်ျားမရနိုင်တော့။ သူ့ဘ၀ကို သူ့ဦးလေးက ဖျက်ဆီးပစ်လိုက်ပြီး။ သည်ကစပြီး ယောက်ျားများနှင့် ဆက်ဆံ ရမည်ကို စက်ဆုပ် ရွံရှာခဲ့သည်။ ငြီးငွေ့ ခဲ့သည်။ ဈေးဆိုင်တစ်ဆိုင်မှာ မဖြစ်စလောက် လစာကလေးနှင့် အလုပ်လုပ် ရမည်ဆိုသည်မှာလည်း လွန်စွာမှာ ငြီးငွေ့ စိတ်ပျက်ဖွယ်ရာ ကောင်းချေသည်။
သည်လိုဆိုလျှင် ဘာလုပ်မည်နည်း။ နှစ်ခုစလုံးက စက်ဆုပ်ရွံရှာဖွယ်ချည်း ဖြစ်သည်။ ထိုနှစ်ခုအနက် တစ်ခုခုကိုတော့ ရွေးချယ်ရတော့မည်။
ထိုအချိန်မှာပင် ယူလန်းကလည်း ကလပ်တွင် သူဌေးတစ်ယောက်၏ အချိန်းအချက်ကို ငြင်းနေသည်။ ခေါင်းကိုက်သည်ဟု အကြောင်းပြသည်။ သူဌေးက ရှစ်ဆယ့်ငါးဒေါ်လာအထိ တိုးပေးသည်။ သို့သော် ယူလန်းကတော့ တစ်ယာက်တည်းထားခဲ့ရသည့် မီလင်းကိုသာ သတိရနေသည်။
ဟောင်ကောင်သို့ ရောက်လာသည့် ပထမဆုံးညတွင် တစ်ယောက်တည်း ပစ်မထားသင့်ဟု သူစဉ်းစားနေ မိသည်။ ထို့ကြောင့် သောကြာနေ့ကျမှ တွေ့ပါရစေဟု တောင်းပန်ပြီး လန်ချားတစ်စီးဖြင့် သူ့အခန်းသို့ ပြန်လာခဲ့သည်။
အခန်းသို့ သူပြန်ရောက်လာတော့ သူ့အ၀တ်အစားဗီရိုကို ငေးကြည့်နေသော မီလင်း ကလေးကို တွေ့ရသည်။ သူ့ဗီရိုထဲမှာ အကောင်းစား အ၀တ်အစားများ၊ အဖိုးတန်အ၀တ်အစားများချည်းရှိသည်။
မီလင်းက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ဆီးပြောသည်။
"ကျွန်မဆုံးဖြတ်ချက် ချလိုက်ပြီ၊ ကလပ်မှာပဲ ကျွန်မ အလုပ်လုပ်တော့မယ်"
"သေသေချာချာစဉ်းစားတာရော ဟုတ်ရဲ့လားကွယ်၊ မင်းနဲ့ အဆင်မပြေဖြစ်မှာ စိုးရမ်ရတယ်၊ လူမျိုး တစ်ရာ့တစ်ပါးနဲ့ ဆက်ဆံရမှာနော်၊ အဘိုးကြီးတွေပါမယ် ကန်တုန် တရုတ်တွေပါမယ်"
ယူလန်းက သေချာအောင်ထပ်မေးသည်။
"ဟုတ်ကဲ့…….ကျွန်မသိပါတယ်"
"ဒါပေမဲ့ မင်း အရေးမစိုက်ဘူးပေါ့…….."
"အရေးမစိုက်ပါဘူး…. အဲဒီအရူးတွေကမှ သူတို့ ပိုက်ဆံကို ဖြုန်းတီးပစ်ချင်သပ ဆိုရင် ကျွန်မကလည်း မျက်စိစုံမှိတ်ပြီး အ၀တ်အစား အသစ်အဆန်း တွေဝယ်ဖို့ စိတ်ကူးနေလိုက်ရုံပဲပေါ့" ဟု
မီလင်းက နောက်ဆုံးတွင် ပြန်ပြောလိုက်လေသည်။
"ဟုတ်ကဲ့…. ကျွန်မသိပါတယ်"
"ဒါပေမဲ့ မင်းအရေးမစိုက်ဘူးပေါ့…."
"အရေးမစိုက်ပါဘူး… အဲဒီအရူးတွေကမှ သူတို့ ပိုက်ဆံကို ဖြုန်းတီးပစ်ချင်သပ ဆိုရင် ကျွန်မကလည်း မျက်စိစုံမှိတ်ပြီး အ၀န်အစား အသစ်အဆန်းတွေဝယ်ဖို့ စိတ်ကူးနေလိုက် ရုံပဲပေါ့"ဟု မီလင်းက နောက်ဆုံး တွင် ပြန်ပြော လိုက်လေသည်။
အခန်း (၆) နက်ဖြန်နော်
မီလင်းက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ဆီးပြောသည်။
"ကျွန်မဆုံးဖြတ်ချက် ချလိုက်ပြီ၊ ကလပ်မှာပဲ ကျွန်မ အလုပ်လုပ်တော့မယ်"
"သေသေချာချာစဉ်းစားတာရော ဟုတ်ရဲ့လားကွယ်၊ မင်းနဲ့ အဆင်မပြေဖြစ်မှာ စိုးရမ်ရတယ်၊ လူမျိုး တစ်ရာ့တစ်ပါးနဲ့ ဆက်ဆံရမှာနော်၊ အဘိုးကြီးတွေပါမယ် ကန်တုန် တရုတ်တွေပါမယ်"
ယူလန်းက သေချာအောင်ထပ်မေးသည်။
"ဟုတ်ကဲ့…….ကျွန်မသိပါတယ်"
"ဒါပေမဲ့ မင်း အရေးမစိုက်ဘူးပေါ့…….."
"အရေးမစိုက်ပါဘူး…. အဲဒီအရူးတွေကမှ သူတို့ ပိုက်ဆံကို ဖြုန်းတီးပစ်ချင်သပ ဆိုရင် ကျွန်မကလည်း မျက်စိစုံမှိတ်ပြီး အ၀တ်အစား အသစ်အဆန်း တွေဝယ်ဖို့ စိတ်ကူးနေလိုက်ရုံပဲပေါ့" ဟု
မီလင်းက နောက်ဆုံးတွင် ပြန်ပြောလိုက်လေသည်။
"ဟုတ်ကဲ့…. ကျွန်မသိပါတယ်"
"ဒါပေမဲ့ မင်းအရေးမစိုက်ဘူးပေါ့…."
"အရေးမစိုက်ပါဘူး… အဲဒီအရူးတွေကမှ သူတို့ ပိုက်ဆံကို ဖြုန်းတီးပစ်ချင်သပ ဆိုရင် ကျွန်မကလည်း မျက်စိစုံမှိတ်ပြီး အ၀န်အစား အသစ်အဆန်းတွေဝယ်ဖို့ စိတ်ကူးနေလိုက် ရုံပဲပေါ့"ဟု မီလင်းက နောက်ဆုံး တွင် ပြန်ပြော လိုက်လေသည်။
အခန်း (၆) နက်ဖြန်နော်
.
1 comment:
အစ်မက စာရေးကောင်းကောင်း
ကျွန်တော်က စာဖတ်နှစ်သက်ဆိုတော့
အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ် ..
လေးစားစွာဖြင့်
Post a Comment