Wednesday, May 29, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၉)

 ယင်းသို့ ရှိစဉ်ခိုက်ဝယ် ညီမငယ်သည် ကောက်ရသလို အပြင်းဖျားပါလေတော့သည်။ သူမ ဖျား ရခြင်း နေပူ ထဲတွင် ကျွန်တော်တို့ ရေချိုးရန် အတွက် ရေကန် မှ ရေ ခပ်ခြင်းကြောင့် ဖြစ်ကြောင်း ကျွန်တော် သိသည်။
"အစန်း၊ ညီမလေးကို ဂရုစိုက်ပါကွယ်။ သူဟာ တို့အပေါ် ကောင်းရှာပါတယ်" ကျွန်တော်က ညီမငယ် အပြင်းဖျားသောကြောင့် စိုးရိမ်စွာ ပြောမိသည်။

"ရှင့် မယားလေး ရှင် ဂရုစိုက်ပေါ့။ ကျုပ်တော့ ကလေးတစ်ဖက် ဘာတစ်ဖက်နဲ့ ဂရုမစိုက်နိုင်ပါဘူး"
ခင်စန်းကြည် က အငေါ်တူးလိုက်လေရာ ကျွန်တော်မှာ ရင်ထဲ အောင့်ကနဲနာ၍ သွားလေသည်။
ကို ဆက်ဖတ်ရန်............

အစန်း မင်းဟာ အတော် ကျေးဇူးကန်းတဲ့ မိန်းမတစ်ယောက်ပဲ။ ညီမလေးဟာ မင်းကိုရော၊ ကလေးတွေ ကို ရော ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ မင်းအသိပဲမို့လား။
"ဒါက ရှင့်မျက်နှာနဲ့ ဂရုစိုက်တာပါ။ ကျွန်မချည့်ဆိုရင် ခြေနဲ့တောင်တို့မှာ မဟုတ်ပါဘူး"
"ကဲ တော်တော့။ မင်းနဲ့ငါ့ စကားပြော အဆင်မပြေပါဘူး"
ကျွန်တော်သည် ဤမျှသာ ပြောပြီး ညီမငယ်ဆီသို့ ထလာခဲ့သည်။ ခင်စန်းကြည်သည် နောက်တွင် နှုတ်မှ ပွစိပွစိပြောရင်း ကျန်ခဲ့လေ၏။ ကျွန်တော်သည် သူမ ဘာပြောပြော၊ ဘာထင်ထင် ဂရုမစိုက်နိုင်တော့။ ညီမငယ်ကိုသာ နေ့ရောညပါ ပြုစုနေရသည်။ တစ်ညတွင် ခင်စန်းကြည်
သည် လေနာသည် ဟုဆိုကာ အော်ညည်းလူးလှိမ့်၏။ 

ကျွန်တော်က လျက်ဆား တစ်ခွက်သာတိုက်ပြီး လက်ဖျားနှင့်ပင်မတို့ဘဲ ပစ်ထား လိုက်လေသည်။ သူမ ၏ လေနာခြင်းမှာလည်း ညီမငယ်ခေါင်းကိုက်သည်ဆို၍ ကျွန်တော်နှိပ်ပေးသည်ကို မနာလို၍ နာခြင်းဖြစ်ကြောင်း ကျွန်တော်က အတတ်သိပါသည်။

ခင်စန်းကြည်သည် ကျွန်တော်က သူမအား ဂရုမစိုကိရကောင်းလားဟု ဒေါပွကာ နံနက်လင်းလျှင် လင်းခြင်း ကလေးများကို ခေါ်၍ ထွက်သွားတော့သည်။

 ကျွန်တော်မှာ ခင်စန်းကြည်အပေါ်၌ ပို၍ ပို၍ စိတ်ပြတ်စဲ လာလေသည်။ ထို့ကြောင့် သွားလိုရာ သွားစေတော့ ဟုပင် ပစ်ထားပြီး သတင်းမှ မမေးဘဲ နေခဲ့သည်။
ခင်စန်းကြည်သည် ကျွန်တော်နှင့် ညိမငယ်တို့ ညားနေကြကြောင်း ညီမငယ်နှင့် ကျွန်တော် ညားနေ၍ သူမအား နှင်ထုတ်လိုက်ကြောင်း သတင်းဆိုးများကို လွှင့်လေရာ ကျွန်တော်မှာ လူဆိုးကြီးတစ်ယောက်၊ သစ္စာမဲ့သူ တစ်ယောက်အဖြစ် အများ၏ ထင်မြင်ယူဆချက်ကို ခံယူရပါသည်။
ညီမငယ်အား အစ်မကြီးက လာရောက် ခေါ်ယူသွားသည်။ ကျွန်တော်က သတင်းဖြစ်သည့်အတိုင်း မဟုတ် မမှန်ကြောင်း ရှင်းလင်းပြရာ အစ်မကြီးက ယုံသည်။

"ဒါပေမယ့် မောင်လေးရယ် မင်းတို့ချင်း အတူနေကြလို့ မသင့်တော်ဘူးမို့လား။ အစ်မကြီးသဘောကတော့  မင်းတို့ချင်း တကယ်ဖြစ်တေင် မကန့်ကွက်ပါဘူး။ ဒါပေမယ့် မင်းမှာကလဲ လွတ်လွတ်လပ်လပ် မဟုတ်။ ညီမကလဲ သိပ်ငယ်သေးတော့ ခုလောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။ မင်းကလဲ လွတ်လွတ် လပ်လပ်နဲ့ သုံးလေးနှစ်ကြာနေလို့ ညီမကလဲ ကြီးလာရင် အစ်မသဘောတူပါတယ်ကွယ်" ဟု ပြောသွားလေသည်။

ကျွန်တော်က ခင်စန်းကြည်နှင့် ကွာရှင်းပြတ်စဲဖို့ကို ကြိုးစားတော့သည်။ ကျွန်တော်သည် အစ်မကြီးပြော စကား ကို နှစ်သက်သဘောကျ၍ မဟုတ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး  စိတ်နှလုံး ပူကျွမ်းအောင် နှိပ်စက်နေ ခဲ့သူနှင့် ရှေ့ဘ၀ခရီးတွင် ဆက်၍ မသွားလိုတော့သောကြောင့်ပင် ဖြစ်ပါသည်။
ခင်စန်းကြည် သည် ကျွန်တော်က တကယ်ကွာရှင်းတော့မည်ဆိုသောအခါ ပေကပ်နေသည်။ သူမ အမှား များကို ၀န်ခံလာသည်။ ဒါပေမယ့် ကျွန်တော်သည် ဆုံးဖြတ် လုပ်တတ်သူ ဖြစ်၏။ သူမကျွန်တော့်အပေါ် စိတ်နာ လာအောင် ပြောသည်။ ညီမငယ်နှင့် လက်ထပ်တော့မည်ဟုလည်း ပြောသည်။ ထိုအခါတွင် သူမ သည် ကျွန်တော့် အား စိတ်နာပြီး ပြတ်စဲသွားလေသည်။
သူမနှင့် ကျွန်တော် ပြတ်စဲကြရာ၌ သားနှစ်ယောက်ကို ကျွန်တော်က ခေါ်ထား၍ သမီးအား သူက ခေါ်သွား သည်။ သမီး အတွက် ကျွန်တော်က တစ်လလျှင် ငွေအစိတ် ထောက်ပံ့ရ၏။

ကျွန်တော်သည် အဘွားလေးတို့နှင့် စုပေါင်းနေသည်။ အဘွားလေးမှာ စစ်ဒဏ်ကြောင့် စီးပွားရေးပျက်ပြား ကာ အုန်းမောင် မှာလည်း အလုပ်အကိုင်မရှိ ဖြစ်နေသည်။ အားလုံးတာဝန်ကို ကျွန်တော်က ယူ၍ လုပ်ကျွေး ရသည်။ ကျွန်တော်သည် မယားငယ် လိုချင်၍ မယားကြီးအား ပစ်သည်ဟု သတင်းပြေးနေသည်။ ကျွန်တော် က မဖြေရှင်း လို၊ ခင်စန်းကြည်၏ အပြစ်များကို မထုတ်ဖော်လို။ ကျသမျှ အပြစ်ဒဏ် ကျွန်တော်သာ ခံမည်ဟု ဆုံးဖြတ်ထားလေသည်။ အပေါင်းအသင်းများက မေးလျှင်လည်း ဟုတ်မှန်ကြောင်းကို ပြန်ပြောသည်။ ဒါပေမယ့် ညီမလေးကို ကျွန်တော်က တစ်ဖက်သတ် ချစ်နေကြောင်း၊ ညီမလေးဆန္ဒကို မသိရသေးကြောင်း သာ အဖြေပေးထားခဲ့၏။  

လှည်းကူးမြို့သည် ငမိုးရိပ်ချောင်းကို ခွ၍ တည်ထားသည်။ ကျွန်တော်သည် လှည်းကူး၌လည်း နေချင်စိတ် မရှိ။ ငမိုးရိပ်နှင့် ဝေးရိာသု့ ပြေးချင်သည်။ ထိုစဉ်၌ မောင်မြကြီးသည် ထောက်ကြံ့တွင် ဆံပင်ညှပ်ဆိုင်တစ်ခု ခွဲ၍ တည်ထောင်ထားသေးသည်။ တစ်နေ့ ကျွန်တော် ညီမငယ်ထံသို့ အလည်သွားရာ ညီမငယ်သည် ရိုင်းစိုင်းစော်ကားသော စာတစ်စောင်ကို လာပေးပြီး အိမ်ခန်းထဲသို့ ၀င်ပြေးသွားသည်။
ကျွန်တော်က စာကို ဖတ်ကြည့်ပြီး အံ့အားသင့်နေမိသည်။

စာ၏ သဘောမှာ ကျွန်တော့်တွင် သားကြီး မယားကြီး ရှိလျက်နှင့် သူမ အား ခွေးကျင့်ခွေးကြံ စိတ်ထားရကောင်းလားဟု ရန်တွေ့ထားပြီး ကျွန်တော့် အား နောက်တွင် သူမအိမ်သို့ မလာဖို့ ဖြစ်လေသည်။
စာဖတ်ပြီးသော် ကျွန်တော့်မှာ ခေါင်းထဲ၌ မိုက်ကနဲ ဖြစ်၍သွားသည်။ ညီမငယ်သည် ဘယ်သဘောနှင့် ထိုစာမျိုးရေးသည်ဟုလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ အမှန်စင်စစ် ကျွန်တော်သည် တစ်ကြိမ် တစ်ခါမျှ မတော်မတရားလည်း မလုပ်ခဲ့။ ချစ်စကားလည်း မဆိုခဲ့ပါဘဲနှင့် ဤစာမျိုးရေးခြင်းမှာ ထူးခြား ဆန်းကြယ် ၍ နေရလေတော့သည်။
 
ကျွန်တော်သည် စာရွက်အားလုံးကို ချေပစ်လိုက်ပြီးနောက် မောင်မြကြီးအား ထောက်ကြံ့ဆိုင်သို့ သွားရောက်ခါ အလုပ်လုပ်လိုကြောင်း ပြောပြရာ မောင်မြကြီးက ခွင့်ပြုလေသည်။ မောင်အောင်သန်းမှာ ကျွန်တော်နှင့် နေရာချင်းလဲရသောကြောင့် ၀မ်းသာနေသည်။ သူသည် အစ်ကိုဖြစ်သူ၏ စီစဉ်ချက်ကြောင့် ထောက်ကြံ့၌ နေရသော်လည်း ပျော်ပိုက်ခြင်း မရှိခဲ့ချေ။
သူက လှည်းကူး၌ ပျော်ပိုက်သူ။ ကျွန်တော်က လှည်းကူးတွင် မနေလိုသူ။ နေရာချင်းလဲလိုက်သောကြောင့် ၂ယောက်စလုံး စိတ်တိုင်းကျသွားရသည်။

ထောက်ကြံ့တွင် လှည်းကူးထက်ဝင်ငွေပိုကောင်း၏။ ဂေါ်ရာစစ်သားများခေါင်းမှာ ဆံပင်နုလှသဖြင့် ၅မိနစ် နှင့်တစ်ခေါင်း အပြီးညှပ်နိုင်ခဲ့သည်။ ထိုစဉ်က မောင်မြကြီးသည် ကျွန်တော်အား သုံးပုံနှစ်ပုံစား ပေးထားသည်။ သူသည် မိတ်ဆွေကောင်းတစ်ယောက်ပေတည်း။
ကျွန်တော့်ဝင်ငွေမှာ တစ်နေ့လျှင် ၁၈နှင့် ၂၈ကျပ် ကြားရှိပေသည်။ ထိုကြားထဲ၌ စီးကရက်ဗူးများ အရောင်းအ၀ယ် လုပ်ခြင်းကြောင့်လည်း ၀င်ငွေလမ်းတစ်ဖက် ရှိနေသေးသည်။ ကျွန်တော်မှာ ထိုစဉ်က ငွေကြေးစုဆောင်းလိုစိတ် မရှိ။ အဘွားလေးနှင့် ကလေးများအတွက် ပေးပြီးလျှင် ကျန်ငွေကို အကုန် သုံးဖြုန်းပစ်လိုက်သည်။

ကျွန်တော်နှင့်အတူ အလုပ်လုပ်သူမှာ မောင်မြကြီး၏ အစ်ကို တ၀မ်းကွဲတော်စပ်သူ ချစ်ဆွေ ဖြစ်သည်။ ချစ်ဆွေမှာ ကျွန်တော်နှင့် ရွယ်တူဖြစ်၍ သူ့တွင်လည်း ဇနီး ရှိသည်။ သူ့ဇနီးမှာ သူ့ထက်အသက်ကြီးသူ ဖြစ်၍လားမသိ ဇနီးအားသူက စွန့်ပစ်ထားလေသည်။ ကျွန်တော်တို့နှစ်ယောက်မှာ အတွဲညီလှ၏။ ဆိုင်တွင် ဆီ၊ ဆား၊ ဆန်၊ ငရုတ်၊ ကြက်သွန်မှအစ အပြည့်အ၀ယ်ထားသည်။ စီးကရက်ဗူး များ၊ ဆေးပေါ့လိပ်တစ်ရာ စည်းများ အပြည့်အစုံ ရှိသည်။
 
ကျွန်တော်တို့ ရွာမှ စစ်ပြေးလာကြသူများသည် ထောက်ကြံ့အနီး မှော်ဘီလေယာဉ်ကွင်းသို့ လာရောက် နေ့စားကူလီ လုပ်ကြသည်။ ထိုအထဲမှ ကျွန်တော်တို့နှင့် ဆွေရိပ်မျိုးရိပ် မကင်းသူများသည် ကျွန်တော် တို့ ဆိုင်၌ ထမင်းစားကြသည်။ ဆေးလိပ်များကို သဘောရှိသောက်ရုံမက ယူ၍ သွားကြသည်။ ကျွန်တော်တို့ က ကျေနပ်ပါ၏။ သူတို့သည် စစ်ပြေး ဒုက္ခသည်တွေ မဟုတ်ပါလား။
ကျွန်တော်မှာ ဆံပင်ညှပ်အလုပ်ကို လုပ်ရင်းနှင့် လူအမျိုးမျိုး လူတန်းစား အသီးသီးတို့၏ ဓလေ့၊ စရိုက်၊ သဘာဝ၊ စိတ်နေစိတ်ထားများကို လေ့လာခဲ့သည်။ မှတ်သားခဲ့သည်။

တစ်ခါတစ်ခါ၌ ၀တ္ထုရေးချင်စိတ် အပြင်းအထန် ဖြစ်ပေါ်လာသည်။ ထောက်ကြံ၌နေစဉ်ကပင် ကျွန်တော် သည် ၀တ္ထုများကို စမ်းရေးကြည့်သည်။ ချစ်ဆွေမှာ ခေတ်ပညာ ရှစ်တန်းအထိ သင်ဘူးပြီး စာဖတ်ဝါသနာပါ သူဖြစ်သောကြောင့် ကျွန်တော့်ဝတ္ထုများကို ဖတ်ကြည့်ပြီ;
"မင်းရေးတာ သိပ်တော့ မဆိုးဘူးကွ။ ဒါပေမယ့် လိုတော့ လိုသေးတယ်။ ဘာလိုတယ်ရယ်လို့ ငါလဲ မပြော တတ်ဘူး" ဟု မှတ်ချက်ချသည်။
ကျွန်တော် သည် ထိုစဉ်က ရေးချင်စိတ်ပေါက်၍သာ ရေးခြင်း ဖြစ်ပြီး ဘယ်မဂ္ဂဇင်း၊ ဂျာနယ်တိုက်သို့မှ ပို့ရန် လည်း မရည်ရွယ်၊ ပို့လည်း မပို့ခဲ့ပါချေ။ ထောက်ကြံ့တွင် ၅လ ခန့် နေခဲ့ပြီး ဂေါ်ရာ စစ်တပ် ပြောင်းရွှေ့ သွား သောကြောင့် အလုပ်ပါးသဖြင့် လှည်းကူးသို့ ပြန်လာခဲ့သည်။
ကျွန်တော် ထောက်ကြံ့ရောက်၍ မကြာမီမှပင် လက်ဖက်ရည်ဆိုင်မှ အစ်မကြီး သေဆုံးသည်ဟု သတင်း ကြားခဲ့သည်။ ကျွန်တော် လှည်းကူး ပြန်ရောက်ပြီးနောက် ညီမငယ်တို့မှာ အတော်အခြေအနေဆိုးနေသည် ဟု သတင်းကြားသည်။ ကျွန်တော်သည် ညီမငယ်နှင့် သွားရောက်တွေ့ဆုံရန် စိတ်ကူးသေး၏။ သို့သော် ထိုကိစ္စကို ဤမျှနှင့်ပင် ဖြတ်လိုက်ခြင်းက ကောင်းမည်ဟု ယူဆမိကာ မသွားဘဲ နေလိုက်သည်။
တစ်နေ့ ဈေးထဲ၌ အမေကြီးအား တွေ့၏။ အမေကြီးက အိမ်လာလည်ဖို့ ပြောသည်။ ကျွန်တော်က ငြင်း၏။

"သမီးငယ်က မင်းကို မကြာခဏ သတိရပါတယ်ကွယ်။ ဟိုတုန်းကစာဟာလဲ သူရေးတာ မဟုတ်ပါဘူး။ သူ့အစ်မက မင်းအ၀င်အထွက်များရင် လူကဲ့ရဲကမှစိုးလို့ ရေးတာပါ။ သူက ဒီစာကို မပေးပါရစေလို့ ငိုပြီး တောင်းပန်တယ်။ အစ်မက ရိုက်မောင်း ပုတ်မောင်းလုပ်ပြီး ပေးခိုင်းလို့ ပေးရရှာတာပါ"
အမေကြီးက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြသည်။
"ကျွန်တော် မလာချင်တာကို ဒီစာကိစ္စကြောင့် မဟုတ်ပါဘူး အမေကြီးရယ်။ ကျွန်တော် ၀င်ထွက် သွားလာ နေရင် လူတွေက ညီမလေးနဲ့ တစ်မျိုးတစ်မည် ပြောကြဆိုကြဦးမယ်။ ဒါကြောင့်ပါ"
"အို ဘယ်သူ ဘာပြောပြော ကိုယ်က မူမှန်ရင် ပြီးတာပဲ သားရယ်။ ပြောကြပေစေပေါ့"
အမေကြီး ဇွတ်ပြောနေပြန်သောကြောင့် ကျွန်တော်သည် အားလပ်သည့်တစ်နေ့၌ လာခဲ့ပါမည်ဟု ကတိပေးလိုက်ရသည်။

ကျွန်တော်သည် ထိုအိမ်သို့ သွားသင့်မသွားသင့် စဉ်းစားသည်။ ထိုအိမ်သို့ သွားဖန်များလျှင်လည်း ညီမငယ်နှင့် ငြိတွယ်မိမည် စိုးရိမ်သည်။ အမှန်ဆိုရသော် ညီမငယ်အား ကျွန်တော် ချစ်ပါသည်။ အိမ်ထောင်ဘက် အနေနှင့်လည်း သဘောကျပါသည်။ ဒါပေမယ့် ကျွန်တော်သည် ထို ကလေးမငယ်နှင့် ဖြစ်သောကြောင့် မယားကြီးအား ကွာရှင်းပြတ်စဲခဲ့သည်ဆိုသော အဖြစ်မျိုးသို့ မရောက်ချင်။ ထိုသို့ မဟုတ် ကြောင်းကို အထင်သေး အပြစ်ဆိုနေသူများအား လက်တွေ့ပြသချင်ပါသည်။  ထို့ကြောင့် ထိုအိမ်သို့ သွား ချင်လျက်နှင့် ကျွန်တော် မသွားဘဲ နေခဲ့ရပါတော့သည်။
    ကျွန်တော် လှည်းကူးသို့ ပြန်ရောက်ပြီး ၂ လ ခန့်အကြာတွင် သမီးငယ်သည် ၀က်သက်ဝမ်းဖြစ်၍ သေဆုံးသွားသည်ဟု သတင်းကြားရပါသည်။ ကျွန်တော်မှာ ရင်သွေးသေဆုံးခြင်း၏ ပရိဒေ၀ ကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်၍ မီးတောက်ခဲ့ရသည်။ ဒါပေမယ့် ကျွန်တော်သည် ကလေးအလောင်း အားလည်း သွားမကြည့်။ သင်္ဂြိုလ်စရိတ်သာ လူကြုံနှင့် ပေးလိုက်ပြီး ရင်မှအပူကို ကျိတ်မှိတ်ခံစားနေလိုက် သည်။
    အများက ကျွန်တော့်အား စိမ်းကားသော ဖခင်အဖြစ် ထင်မြင်ယူဆကြသည်။ ကျွန်တော်သည် ဘယ်သူက ဘာ ထင်ထင် ဂရုမစိုက်။ ထိုကလေး သေဆုံးခြင်းနှင့်ပတ်သက်၍ ခင်စန်းကြည်နှင့် ကျွန်တော် ပြန်လည် တွေ့ဆုံခြင်းမဖြစ်လိုခြင်းသည်သာ ကျွန်တော့်အတွက် အဓိကဖြစ်လေသည်။
    ကျွန်တော် မှာ စိတ်ကပိုင်းဖြတ်ပြီးလျှင် တကယ်လုပ်သူဖြစ်ပါသည်။ ခင်စန်းကြည်ကိုလည်း ပြတ်၏။

ညီမငယ်နှင့် လည်း ရှောင်လွှဲနေခဲ့သည်။ ယင်းသို့သာမက ကျွန်တော်သည် နောက်ထပ်၍ အိမ်ထောင်ပြုလို စိတ်ပင် မရှိဖြစ်ခဲ့ရလေတော့သည်။
    ကျွန်တော်သည် အချိန်ရသမျှ စာအုပ်တွေကိုသာ နင်းကန်ဖတ်နေခဲ့သည်။ ထိုစဉ်၌ ကျွန်တော်တို့ ခင်မင်ရာ လူတစ်စုသည် '' လူထုအလင်းရောင်'' ' အမည်ဖြင့် စာကြည့်သင်းတစ်ခုကို တည်ထောင်လိုက်ကြ သည်။စာကြည့်သင်းမှာ တက်တက်ကြွကြွ ရှိလှသည်နှင့် မြို့မှ စာပေ၀ါသနာရှင်များက အားပေးကြသည်။ စာအုပ်စာတမ်းများ လှူဒါန်းကျသည်။ အသင်းရံပုံငွေကလည်း အတော်တောင့်တင်းသည်နှင့် ထွက်လာသမျှသော စာအုပ်စာတမ်းများကို ၀ယ်ယူဖတ်ရှုနိုင်ပေသည်။
    ကျွန်တော်သည် စာကြည့်တိုက်၌ ရှိသမျှ နိုင်ငံရေး၊ စီးပွားရေး၊ ၀တ္ထု၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဂျာနယ် အားလုံးကို ထုတ်ဖတ်သည်။ စာကြည့်တိုက်မှူးလုပ်သူမှာ ကျွန်တော့်ကို အံ့အားသင့်ရလေသည်။

    တစ်နေ့တွင် အာရှလူငယ် အစည်းအရုံးမှ လက်ရေးစာစောင်ထုတ်မည်ဟု ကြေညာကာ ၀ါသနာပါသူတိုင်း ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးများ ၀င်ရောက်ရေးသားနိုင်သည်ဟုလည်းဆိုသည်။ ၀တ္ထုများကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ၃ မျိုးထား၍ ရွေးချယ်ကာ ဆုများပေးမည်ဟုဆိုလေသည်။ ကျွန်တော် မှာ ၀တ္ထုရေး လိုစိတ် ပြင်းထန်နေချိန်ဖြစ်၍ ''ဂေါ်သာဂေါ်''ဆိုသော ခေါင်းစည်းနှင့် ၀တ္ထုတိုကလေးတစ်ပုဒ် ရေးသည်။ ပြီးနောက် ကလောင်အမည်ကိုလည်း ''တင့်ဆန်း'' ဟု တပ်လိုက်သည်။
    ကျွန်တော့်ဝတ္ထု မှာ ဒုတိယရရှိ၍ မောင်မြကြီး ၀တ္ထုက ပထမရကာ တတိယမှာ မည်သူရရှိသည်ဟု မမှတ်မိတော့ပါ။
    ''ခင်ဗျား အရေးအသားတော့ တကယ်ကောင်းတယ်။ ဒါပေမယ့် ဇာတ်လမ်းက သိပ်မကောင်းဘူး။ လက်ရေးကလဲဆိုး၊ သတ်ပုံကလဲ သိပ်မှားတယ်''ဟု ထိုလက်ရေးစာစောင် အယ်ဒီတာလုပ်သူ ကိုစောမောင်က ဝေဖန်လေသည်။
    ကျွန်တော်သည် ထိုလက်ရေးစာစောင်၌ ၀တ္ထုတစ်ပုဒ်ရေးပြီး နောက်ထပ် ၀တ္ထုများကိုလည်း ရေးစမ်း မကြည့်တော့ပါ။ စာအုပ်တွေကိုသာဖတ်၍ နေခဲ့ပါသည်။ တစ်ညနေ ကျွန်တော် မြို့ပြင်သို့ ထွက်၍ ငေးနေရာမှ နေ၀င်စအချိန် ဇရက်များ ဆူဆူညံညံ အိပ်တန်းတက်ကြသည်ကိုကြည့်ပြီးကာ ကဗျာ စပ်ချင်စိတ် ပေါက်လာသည်နှင့် အိမ်သို့ ပြန်လာပြီး ''ရီပြာပြာ''အမည်နှင့် ကဗျာတစ်ပုဒ် စပ်လိုက်သည်။ ပြီးနောက် ကလောင်အမည်ကို ''တင့်ဆန်း(လှည်းကူး)ဟု ရေးထိုး၍ နောက်နေ့တွင် ဒီးဒုတ် ဂျာနယ်သို့ ပို့လိုက်၏။ ဂျာနယ်ထွက်လာသောအခါတွင် ကျွန်တော်၏ ကဗျာကလေး ပါ၍လာလေသည်။
    ကျွန်တော်သည် အားရ၀မ်းသာ ဖြစ်မိ၏။

အမှန်စင်စစ် ကျွန်တော်မှာ ကဗျာစပ်နည်း စပ်ထုံးများကို သင်အံလေ့ကျက်ထားသူမဟုတ်။ အခြားကလောင်ရှင်များ ရေးထားသော ကဗျာတို့ကိုသာ ပေါ့ပေါ့ဆဆ ဖတ်ထားပြီး ယခု ''ရီပြာပြာ'' ကဗျာ မှလည်း စပ်ချင်စိတ်နှင့်သာ ရေးစပ်လိုက်သော်လည်း စပ်နည်းစပ်ထုံးနှင့် စပ်မိသည်ဟူ၍ပင် ကိုယ့်ဟာကိုယ် နားမလည်ခဲ့ပါချေ။
    ကျွန်တော်မှာ ကဗျာတစ်ပုဒ် ဂျာနယ်၌ ပါပြီးမှပင် ကဗျာစပ်နည်းစပ်ထုံးများကို ရှာဖွေ ဖတ်ရှုပြီး လေ့ကျင့်ရလေသည်။ ပြီးနောက် ဒီးဒုတ်ဂျာနယ်တွင် ကဗျာများ ဆက်ကာ ရေးပို့ လေတော့ သည်။ ၁၀ ပုဒ်ပို့ လျှင် ၈ ပုဒ်ခန့်ပါ၍  ပုဒ်လောက်သာ အပယ်ခံရသည်။
    ကျွန်တော်သည် အားတက်လာ၏။ ကဗျာများသာမက ပြုပြင်ရေးဆောင်းပါးများလည်းရေးသည်။ ဒီးဒုတ်ဂျာနယ် က ဆောင်းပါးများကို ထည့်ပေးရုံသာမက ဂျာနယ်များလည်း အပတ်စဉ် ကျွန်တော့်ထံသို့ ပို့ပေးခဲ့သည်။
    ကျွန်တော်က စာပေ၌ စွဲလမ်းနေစဉ် ညီမငယ်သည် ဂျပန်တော်လှန်ရေး ရဲဘော်တစ်ယောက်နှင့် လက်ထပ် သွားသည်။ ကျွန်တော်မှာ စိတ်ထဲတွင် အတော် ထိထိခိုက်ခိုက် ခံစားလိုက် ရ၏။ နှမြောတသခြင်း ဖြစ်မိ၏။ ထို့ကြောင့် ''တောနှင့်မတန်'' အမည်ဖြင့် ၀တ္ထုတိုတစ်ပုဒ်ရေး၍ ဒီးဒုတ်သို့ ပို့လိုက်ရာ ပါ၍လာပြန် သည်။ ကျွန်တော့် ၀တ္ထုပါသော ဂျာနယ်လိပ်တည်း၌ စာတစ်စောင်လည်း ပါလာသည်။ စာမှာ ယခုလို သူတို့ ဂာနယ်သို့ စာမူများ ရေးသားချီးမြှင့်သည့်အတွက် ကျေးဇူးတင်ကြောင်း အယ်ဒီတာက ရေးသားပေးပို့လိုက် သောစာဖြစ်လေသည်။
    ကျွန်တော် ရေးပို့လိုက်သော ''တောနှင့်မတန်'' ဇာတ်လမ်းမှာ ကျွန်တော့်ကိုယ်ကို တောထား၍ ညီမငယ်ကဲ့သို့ ဖြူစင်မွန်မြတ်သူသည် ကျွန်တော်ကဲ့သို့ တောမျိုးနှင့်မတန်။ ဖြူစင်သန့်ရှင်းသူချင်းသာ ထိုက် တန်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
    ကျွန်တော်သည် ဒီးဒုတ်ဂျာနယ်သို့ ၀တ္ထုတိုများရေး၍ ပို့ပြန်သည်။ ကျွန်တော် ရေးသမျှတည်းမှ မှတ် မှတ်ရရ ၂ ပုဒ်သာ အပယ်ခံရပြီး အားလုံးဂျာနယ်၌ ပါသည်ချည်းသာ။

    ကျွန်တော်မှာ စာဖတ်လိုက်ရေးလိုက်နှင့်သာ ပျော်ပိုက်နေခဲ့သည်။ စာရေးဆရာတစ်ယောက်အဖြစ်နှင့် ထင်ပေါ် ကျော်ကြားဖို့ကိုလည်း မရည်ရွယ်။ စာရေးခြင်းနှင့် အသက်မွေး၍ ရသည်ဟုလည်း မသိ။ ဘာသာပြန်သော၊ မှီးသော ၀တ္ထုများကိုဖတ်ပြီး ထိုသို့မလုပ်နိုင်က စာရေးဆရာဖြစ်လိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ပါချေ။ ကိုယ်ဝါသနာရှိ၍ ရေးချင်စိတ်နှင့်ရေးသော စာတွေကို ထည့်ပေးနေခြင်းအတွက် ဒီးဒုတ်ဂျာနယ်ကို ကျေးဇူးတင်မဆုံး ရှိခဲ့ပါတော့သည်။
    နိုင်ငံရေး အခြေအနေမှာ လှုပ်ရှားလာခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော ခေါင်းဆောင်များ သည် မြန်မာ့လွတ်လပ်ရေးကို ခပ်တင်းတင်း တောင်းဆိုလာကြသည်။ ကျွန်တော်မှာ စာပေသက်သက်ကို သာမဟုတ်။ နိုင်ငံရေးကိုလည်း တစ်ဖက်က စိတ်ဝင်စားသေးသဖြင့် ကမန်တော့်ဝတ္ထုများက နိုင်ငံရေးဆန် လာသည်။ အမျိုးသားစိတ် လှုံ့ဆော်မှုကလေးများ ပါရှိတတ်သည်။ ထိုအခါ၌ မိတ်ဆွေသူငယ်ချင်းများက ကျွန်တော့်ဝတ္ထုတွေ ကောင်းလာပြီဟု ချီးကျူးကြသည်။

    ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သို့ လွတ်လပ်ရေးအတွက် သွားရောက် အရေး ဆိုကြသောအခါ မြန်မာတစ်ပြည်လုံး ဆန္ဒပြပွဲများ လုပ်ကြသည်။ ကျွန်တော်တို့ လှည်းကူးမြို့၌လည်း စည်ကားစွာ ဆန္ဒပြပွဲ လုပ်သည်။ ထိုဆန္ဒပြစည်းဝေးပွဲ၌ ကျွန်တော် ကိုယ်တိုင် ရှမ်း၊ ချင်း၊ ကရင်၊ ကချင်စသော လူမျိုးစုများအား သွေးမခဲဖို့ အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။
    စည်းဝေးပွဲ လုပ်ပြီး နောက်တစ်နေ့၌ သတင်းထောက် ကိုဘသိန်းက သူခရီးသွားစရာရှိ၍ အစည်း အဝေးပွဲ လူထုဓာတ်ပုံများ ဟံသာဝတီသတင်းစာတိုက်သို့ ပို့ပေးပါရန် ကျွန်တော့်အား ခိုင်းစေလေသည်။ ကျွန်တော်သည် ဓာတ်ပုံနှင့်အတူ ကဗျာတစ်ပုဒ်ပါ သတင်းစာတိုက်သို့ ပို့လိုက်သည်။ နောက် ၂ ရက်ကြာ၍ ဟံသာဝတီ သတင်းစာ ထွက်လာသောအခါ ''ဆန္ဒပြပွဲဆင်နွှဲသည့် တင့်ဆန်း လှည်းကူး'' ဟုမျက်နှာဖုံးတွင် ၆ လိုင်း စာလုံးကြီးနှင့် ခေါင်းစဉ်တပ်သော ကျွန်တော့်ကဗျာရော၊ ကိုဘသိန်း၏ လူထုဓာတ်ပုံပါ ပါရှိလာလေရာ ၀မ်းသာမဆုံးနိုင်အောင် ရှိရပြန်တော့သည်။
    ကျွန်တော်သည် စာဖတ်ဖို့နှင့် ရေးဖို့သာ စိတ်စွဲနေ၏။

စာပဒေသမဂ္ဂဇင်း ထွက်ပေါ်လာသောအခါ တွင် အဖွဲ့ဝင် ဖိတ်ခေါ်ချက် ပါလာသည်။ ကျွန်တော်သည် စာပဒေသာ အဖွဲ့ဝင်လိုက်၏။ ပြီးနောက် ''လယ်ကူလီ'' အမည်နှင့် ၀တ္ထုတစ်ပုဒ်ရေးကာ စာပဒေသာသို့ ပို့လိုက်သည်။
    လယ်ကူလီ ၀တ္ထုမှာ ကျွန်တော် တွေ့ကြုံဆက်ဆံခဲ့ရသော လယ်အလုပ်သမား ကူလီများ၏ အကြောင်းပင် ဖြစ်လေသည်။ ထိုစာမူပို့ပြီး ဆယ်ရက်ခန့်အကြာတွင် စာပဒေသာမှ ကျွန်တော့်ထံသို့ စာတစ် စောင်ရောက်ရှိလာသည်။ ထိုစာမှာ ကျွန်တော်၏ ၀တ္ထုက ရှည်လွန်းနေ၍ စာပဒေသာ၌ စာမျက်နှာ မပေး နိုင်သောကြောင့် ရှုမ၀မဂ္ဂဇင်းသို့ ပေးထားပါကြောင်းများ ဖြစ်လေသည်။
    ကျွန်တော်မှာ ၀မ်းသာမဆုံး ရှိနေပြန်သည်။ အမှန်စင်စစ် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် အထင် ကြီးတတ်သူမဟုတ်။ ဤကဲ့သို့ မဂ္ဂဇင်းများ၌ ပါဝင်နိုင်မည့် ၀တ္ထုမျိုး ရေးသားနိုင်လိမ့်မည်ဟုလည်း မထင် မှတ်ခဲ့။ သို့သော် ရေးချင်သောစိတ်ကို တားမရ၍သာ ရေးသားပေးပို့ခဲ့ခြင်းများ ဖြစ်လေရာ ယခုလို ပြန်စာ မျိုးရရှိလာသောအခါ၌ ဘယ်သို့လျှင် မပျော်နိုင်ဘဲ ရှိပါအံ့နည်း။
    ကျွန်တော် ဒီးဒုတ်ဂျာနယ်၌ ရေးသော ၀တ္ထု၊ ဆောင်းပါး၊ ကဗျာများတွင် ''တင့်ဆန်း'' (လှည်းကူး) ဟု ကလောင်အမည် တပ်လေ့ရှိသည်။

လယ်ကူလီ ၀တ္ထု၌လည်း ထိုအတိုင်းပင် တပ်လိုက်ပါသည်။ စာပဒေသာမှ ပြန်စာရပြီး ၁၅ ရက်ခန့်အကြာ တွင် ရှုမ၀တံဆိပ်ပါသော စာအိတ်နှင့် စာတစ်စောင် ကျွန်တော့်ဆီသို့ ရောက်ရှိလာသည်။ စာအိတ် ကို ဖောက်လိုက်သောအခါ ဦးကြီးမောင် (ငွေဥဒေါင်း)၏ လက်မှတ်နှင့်စာကို တွေ့ရသည်။ ၎င်းစာတွင် လယ်ကူလီဝတ္ထုအား ရှုမ၀စာတည်းအဖွဲ့မှ ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ တကယ့် လယ်ကူညီတွေ၏ ဘ၀သရုပ်ကို ဖော်ပြရေးသားသော ၀တ္ထုမျိုး မြန်မာပြည် တွင် မရှိသေးကြောင်း၊ အလွန်ကောင်း ပါကြောင်းနှင့် တင့်ဆန်း (လှည်းကူး)ကို လှည်းကူးဖြုတ်ပစ်၍ ကလောင်အမည် ''တင့်ဆန်း''သာ ထားမည်ဖြစ်ကြောင်းများ ပါရှိလေသည်။
    ကျွန်တော်သည် နှစ်သိမ့်ကြည်နူးမှုများကို အပြည့်အ၀ခံစား၍ နေခဲ့ရသော်လည်း စာရေးခြင်းနှင့် အသက်မွေးနိုင်လောက်သော စာရေးဆရာတစ်ယောက် ဖြစ်လာရလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် မယုံကြည် ခဲ့။ မျှော်လည်း မမျှော်မှန်းခဲ့ပါချေ။ ယခုလိုပဲ စိတ်ကူးရသည့်အခါ ကောက်ရေးလိုက်၊ စိတ်ကူး မရနေလိုက်ပင် ဖြစ်ပေမည်ဟု ရည်ရွယ်ခဲ့ပေသည်။
    ကျွန်တော် လယ်ကူလီရေးပြီးနောက် မဂ္ဂဇင်းဝတ္ထုများရေးဖို့ စိတ်မကူးခဲ့။ ဒီးဒုတ်ဂျာနယ်၌သာ ၀တ္ထုကဗျာများ ရေးခဲ့ပါသည်။ ရွှေအစာပြောင်ပေါ်၍ လာပြန်သောအခါ ''၀တ်ထရိန်း''ဟု ခေါင်းစဉ်တပ်၍ သရော်စာ တစ်ပုဒ်ရေးပို့ရာ စာစောင်၌ပါ၍ လာပြန်တော့၏။ စာစောင်ကိုလည်း ကျွန်တော့်ထံ လစဉ်မှန်မှန် ပို့ပေးခဲ့၏။ ထိုစာစောင်သို့ နောက်ဟာသ၀တ္ထုတစ်ခုပို့သေး၏။ ခေါင်းစည်းမမှတ်မိတော့။ ထိုစာပုဒ်လည်း ပါခဲ့သည်။
    ထိုစဉ်က ကျွန်တော်မှာ အပျော်တမ်း စာရေးသူ ဖြစ်သောကြောင့် သိပ်ပြီးရေးချင်စိတ်က တိုက်တွန်း လာမှ ရေးသည်။ ရေးသမျှမှာလည်း အပယ်ခံရခဲလျ၏။ ပါသည်ချည်းသာများလေသည်။

    ကျွန်တော်တို့ဆိုင်၏ ၀င်ငွေမှာ ယခင်ကထက် လျော့နည်းလာသည်။ အပြိုင်အဆိုင် များလည်း ပေါများလာသည်။ ဆံပင်ညှပ်ခ ဈေးနှုန်းမှာလည်း တစ်ကျပ်မှ သုံးမတ်သို့ ကျဆင်းလာသည်။ အခြားကုန် ဈေးနှုန်းများက မကျလှသေးဘဲ ကျွန်တော်တို့ ဆံပင်ညှပ်ဈေးနှုန်းသာ ကျဆင်းလာသောကြောင့် ကျွန်တော်တို့ စီးပွားရေး ကျပ်တည်း၍လာခဲ့ရသည်။ ကျွန်တော်သည် ထိုဆံပင်ညှပ်အလုပ်ကို စိတ်ပျက်လာ တော့သည်။ ဒါပေမယ့် စာရေးဆရာ လုပ်ဖို့ကိုလည်း စိတ်ကူးပင် မထည့်ခဲ့မိ။
    ''လက်ရှိအလုပ်ပဲ လုပ်ဦးပေါ့ကွယ်။ တခြားမှာ အလုပ်အတည်တကျ မရှိသေးဘဲနဲ့ ဒီအလုပ်စွန့်လွှတ်လိုက်ရင် အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်''
    ကျွန်တော်က ဆံပင်ညှပ်အလုပ်ကို စိတ်ပျက်ကြောင်း အခြားအလုပ်တစ်ခုသို့ ကူးပြောင်းချင်ကြောင်း ပြောလေရာ အဘွားလေးက စိုးရိမ်စွာ ပြောသည်။
    ''ဒီအလုပ်နဲ့က ကြီးပွားဖို့ နေနေသာသာ နောက် တစ်ခေါင်းငါးမူးများဖြစ်သွားရင် ထမင်းစားဖို့တောင် ခက်မှာ အဘွားလေးရဲ့။ ဒါ့ကြောင့် ခုကတည်းက တခြား အလုပ်တစ်ခုကို စမ်းသပ် ကူး ပြောင်းထားမှဖြစ်မယ်။ ကျွန်တော် လော်လီတစ်စီးလောက် ကန်ထရိုက်နဲ့ယူပြီး ဟိုမြို့ ဒီမြို့ကုန်ဆွဲမယ် စိတ်ကူးတယ်။ နောက် ဟန်ပုံပေါ်ရင်လည်း ငွေရှာပြီး လော်လီတစ်စီးဝယ်တာပေါ့''
    '' ကိုယ်ကိုယ်တိုင် နားမလည်ရင် ကားအလုပ်က ခက်သားပဲကွယ်''

    အဘွားလေးက သဘောမတူသော်လည်း ကျွန်တော်က မနေပါ။ လောလီတစ်စီးကို ကန်ထရိုက်နှင့် ငှား၍ ကျွန်တော့် အစ်ကို ကိုသန်းမောင်နှင့် ပြည်လမ်းသို့ ထွက်ခဲ့သည်။ ကိုသန်းမောင်က ကားမောင်း၍ စပယ်ယာ ကလေးတစ်ယောက် ငှားသည်။ ကျွန်တော့်မှာ ကားပေါ်၌ လူပိုတစ်ယောက်ဖြစ်နေခဲ့၏။
    ပြည်လမ်း၌ လော်လီကားကြီးနှင့် သွားလာကုန်ဆွဲနေခဲ့ရာ ထိုပြည်လမ်းရှိ မြို့ရွာ အတော်များများ သို့ ရောက်ခဲ့ရသည်။ လူတန်းစားအမျိုးမျိုးနှင့် ကြုံတွေ့ရသည်။ လုပ်ငန်းအမျိုးမျိုးကို လေ့လာရသည်။ အထူး သဖြင့် ကားသမား တို့၏ စရိုက်ကို သိခဲ့ရပေသည်။
    ကျွန်တော်က ကားတစ်စီးငှား၍ ထွက်စမ်းသောအခါ မောင်မြကြီးလည်း ကားတစ်စီးငှား၍ ထွက်စမ်း ကြည့်သည်။ သူ့ကားကို ချစ်ဆွေက မောင်းသည်။ ချစ်တွေမှာ ဆံပင်ညှပ်အလုပ်ကို စွန့်လွတ်ပြီး ကားဒရိုက်ဘာ လုပ်နေသည်မှာ ကြာခဲ့ပေပြီ။
    ကျွန်တော်တို့ ကားမှာ မကြာခဏ ပျက်သောကြောင့် ခေါက်ရေသိပ်မရဘဲ ရှုံးလေသည်။

 ကားငှားခ ကိုပင် ကျွန်တော့်ပတ္တမြား လက်စွပ်ရောင်း၍ ဖြည့်ပေးလိုက်ရလေသည်။ ကျွန်တော်ရလိုက်သော အမြတ်မှာ ဒေသန္တရဗဟုသုတနှင့် နောက်တွင် ရှုမ၀၌ ရေးသားခဲ့သော ''ဒီသောင်မြေ'' ၀တ္ထုသွေးသောက် တွင် ရေးခဲ့ သော ''ပုပ်ကုန်'' ၀တ္ထုတို့သာ ဖြစ်သည်။
    ကျွန်တော်မှာ ထိုအလုပ်ရှုံးသည်ကို စိတ်ပျက်သည်ထက် ထိုအလုပ်၏ ဂျပိုးဆန်မှုကို စိတ်ပျက်သွား သည်။ မောင်မြကြီးသည် အလုပ်လည်းမရှုံး၊ ကားပိုင်ရှင် ဖြစ်အောင်လည်း ကြိုးစားသောကြောင့် နောင်အခါတွင် ကားသုံးလေးစီး၏ ပိုင်ရှင်ဖြစ်နေလေပြီ။
    ကျွန်တော်မှာ စိတ်မပါလှဘဲနှင့် ဆံပင်ညှပ်ဆိုင်သို့ ပြန်၍ အလုပ်ဆင်းရပြန်သည်။ အဘွားလေး သည် သူ့၌ ရှိထားသော ငွေသားဒင်္ဂါးအချို့ကိုရောင်းကာ ဆေးပေါ့လိပ်ခုံ ထောင်သည်။ ထိုအလုပ်မှာ ကြီးပွား နိုင်သော အလုပ်ဖြစ်သောကြောင့် ကျွန်တော်က အားပေးသည်။ ဆိုင်များသို့ ကိုယ်တိုင်လျှောက်သွင်းသည်။ အလုပ်က အကျိုးပေးရန် အလားအလာ ရှိသော်လည်း အဘွားလေးနှင့် ဆေးလိပ်သမများ ဆက်ဆံရေး အဆင်မပြေသောကြောင့် ၅ လလောက်လုပ်ပြီး ဆေးလိပ်ခုံ ပိတ်ပစ်လိုက်ရသည်။
    ဆံပင်ညှပ်ဆိုင်မှာ ၀င်ငွေကလည်း ပို၍လျော့နည်းလာသည်။ တစ်နေ့လုပ်စာမှာ တစ်နေ့ဟင်းချက် စရာဖိုးလောက်သာရ၏။ အိမ်လခ ၃၀ ကျပ်နှင့် ဆန်ဖိုး၊ ဆီဖိုးများလိုလာသည်။ ကျွန်တော်နှင့် အဘွားလေး တို့တိုင်ပင်ကြကာ အဘွားလေး၌ ကျန်ရှိသော ငွေဒင်္ဂါးများကို ရောင်းပြန်ပြီး ၀ါးကုန်ကူးသည်။
    ရွာ၌ရှိသော အဘိုးလေး၏ တူတော်တစ်ယောက်နှင့် ကျွန်တော်စပ်တူလုပ်သည်။

စပ်တူလုပ်သည် ဆိုသော်လည်း ကျွန်တော်ကသာ ငွေစိုက်ရသည်။ သူက ကျွန်တော့် ထံမှ ငွေများနှင့် တောတွင် ၀ါးဝယ်ကာ လှည်းကူးသို့ ရောက်ရှိလာသော ၀ါးဖောင်များကို ကျွန်တော် က ရောင်းချ ရမည်။ အမြတ်တစ်ယောက်တစ် ၀က်ဖြစ်၏။
    ထိုသူသည် ကျွန်တော့်ထံမှ ငွေများယူသွားပြီး အနီထောင် ထိုးပစ်လေရာ ရှုံး၍ကုန်သည်။ ၀ါးတစ် ဖောင်သာ ပို့ပေးနိုင်ခဲ့၍ ကျန်ငွေများကို ပြန်တောင်းသောအခါ ထိုသူက မပေးဘဲနေသည်။ အဘွားလေး သည်ငိုယိုလျက် ရန်ကုန် စမ်းချောင်းရပ်ကွက်တွင်ရှိသော အဘိုးလေးညီအား သွားတိုင်သည်။ အဖိုးလေးညီ လိုက်လာပြီး တောင်းပေးသော်လည်း အနည်းအပါးသာရ၍ အကြေအလည် မရတော့ပါချေ။
    အဘိုးလေးညီသည် အဘွားလေးနှင့် ကျွန်တော်တို့အား ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရန်ခေါ်သည်။ ရန်ကုန်၌ အလုပ်တစ်ခုခု စီစဉ်ပေးမည်ဟုပြော၏။ အဘွားလေးကလည်း လိုက်လိုသည်။ ကျွန်တော်ကလည်း သဘောကျ၏။ ကျွန်တော်မှာ ငမိုးရိပ်မှ ခွာချင်နေခဲ့သူ မဟုတ်ပါလား။
    ထိုအချိန်၌ အဘွားလေးသမီးမှာ အုန်းမောင်နှင့် ကွဲကွာနေသည်။ သူမတွင် သမီးငယ်တစ်ယောက် ရှိ၏။ ကျွန်တော့် သားအကြီးမှာ ကျောင်းနေ၍ သားအငယ်မှာလည်း ကျောင်းထားရသူနီးနေပြီ။

    ကျွန်တော်တို့သည် မဆိုင်းမတွပင် ရန်ကုန်သို့ ရွှေ့ပြောင်းခဲ့ကြသည်။ စမ်းချောင်းရှိ အဘိုးလေးညီ အိမ်ကိုပင် ရွှေ့ပြောင်းခဲ့ပါ၏။ အဘိုးလေးညီမှာ မြင်းလှည်း ၂ စီးထောင်ထားကာ မြင်းလှည်းအသင်း၌ အတွင်းရေးမှူး လုပ်နေသည်။ ကျွန်တော်တို့အားလည်း မြင်းလှည်းတစ်စီးထောင်ရန် တိုက်တွန်း၏။ ကျွန်တော်မှာ အသက်ရှိသော သတ္တ၀ါတစ်ကောင်၏ လုပ်စာကိုင်စာကို စားလိုစိတ်မရှိ။ ထို့ကြောင့် အဘိုးလေးညီ၏ အကြံပေးချက်ကို သဘောမတူ။ ဒါပေမယ့် တစ်နေ့ လေးငါးကျပ်မှန်မှန်ဝင်မည် ဆိုသဖြင့် အဘွားလေးက သဘောတူကာ သူ့သမီး၏ ရွှေဆွဲကြိုးကို ရောင်းပြီး မြင်းလှည်းထောင်လေသည်။ ကျွန်တော်မှာ မြင်းလှည်းအလုပ် ကိုလည်း စိတ်မပါ။ ကိုယ်စိတ်ပါသော စာရေးခြင်း အလုပ်ကလည်း ပြောင် ပြောင်မြောက်မြောက် မဖြစ်သေး၍ မလုပ်ရဲ။ အထူးသဖြင့် ကျွန်တော်မှာ အင်္ဂလိပ်စာ မတတ်သောကြောင့် စာရေးဆရာ အလုပ်လုပ်ဖို့ရန် လုံးဝ စိတ်မကူးခဲ့ခြင်းပင်ဖြစ်ပါသည်။
    ကျွန်တော်မှာ အလုပ်လက်မဲ့ လူတစ်ယောက် ဖြစ်နေခဲ့ရသည်။ ရန်ကုန်၌ ဘာအလုပ်မှလည်း မလုပ်တတ်။ ငွေရင်းလည်း မရှိ။ ယောင်ချာချာနေခဲ့ရာမှ လှည်းကူးသို့ပြန်ပြီး မောင်မြကြီးကားနှင့် ဟိုမြို့ ဒီမြို့များကို လိုက်သည်။ ရန်ကုန်သို့ ပြန်လာပြီး လည်ကာပတ်ကာ နေသည်။ တစ်နေ့တွင် အဘိုးလေးညီ၏ ဇနီးက ပြောပါသည်။
    "မင်းဒီလိုနေလို့ ဘယ်ဖြစ်မလဲ။ မြင်းလှည်းထောင်တယ်ဆိုတာ ကိုယ်တိုင် လုပ်နိုင်မှ ကိုက်တာ။ လူငှားသမားနဲ့ ပစ်ထားရင် ကိုယ်မစားရဘူး။ သူတို့ခိုးတာနဲ့ ကိုယ့်တွက် ဘာမှမကျန်ဘူး"
    "ကျွန်တော်က မြင်းလှည်းမှ မမောင်းတတ်ဘဲ အဒေါ်ရယ်" ကျွန်တော်က စိတ်ပျက်စွာ ပြန်ပြော လိုက်သည်။

    "မမောင်းတတ်လဲ လှည်းပေါ်ထိုင်လိုက်ပြီး ငွေသိမ်းပေါ့ကွဲ့"ခုလို ပစ်ထားလို့တော့ ဘယ်လိုမှ မရဘူး" ဟု ဆိုပြန်သောကြောင့် ကျွန်တော်မှာ မတတ်နိုင်တော့ဘဲ မြင်းလှည်းပေါ်တွင် ငုတ်တုတ်ထိုင်လိုက် ၍ ငွေသိမ်းသော အလုပ်ကို လုပ်ရပြန်ပါတော့၏။ မြင်းလှည်းနှင့် လိုက်နေရသောကြောင့် ရန်ကုန်ကို အနှံ့အပြား ရောက်ခဲ့ရသည်။ ကျွန်တော်မှာ မြင်းလှည်းသမားများ၏ စရိုက်ကို စိတ်အပျက်ဆုံး ဖြစ်သည်။ ကျွန်တော်မှာ စိတ်ပျက်သော်လည်း ဘ၀၏ ရပ်တည်မှု အလုပ်တစ်ခုဖြစ်သောကြောင့် ကျိတ် မှိတ်သည်းခံနေရပြန်တော့၏။
    မြင်းလှည်းထောင်သည့် အလုပ်မှာလည်း မကိုက်ပါချေ။ ဟုတ်ပါ၏။ မြင်းစားဖိုး၊ လူငှားခနှုတ်လိုက် လျှင် တစ်နေ့ ၄ ကျပ်မျှပင် ကျန်ဖို့ခဲယဉ်းနေသည်။ ထိုကြားထဲ မြင်းမကျန်းမမာဖြစ်၍ ဆေးကုရလျှင် အိတ် ထဲက စိုက်ရတော့၏။
    ကျွန်တော်က အဘွားလေးအား မြင်းလှည်းပြန်ရောင်းပစ်ဖို့ ပြောသည်။ အဘွားလေး က မြင်းလှည်း ရောင်းပြီး ဘာလုပ်မလဲ ပြန်မေး၏။ ကျွန်တော်က အဖြေမပေးနိုင်ခဲ့ချေ။

    မြင်းလှည်းပေါ် စိတ်ပျက်ပျက်နှင့် ထိုင်လိုက်နေစဉ် တစ်နေ့ ဦးဝိစာရလမ်း၌ ရွာတွင် နေစဉ်က ကျွန်တော်တို့ တီးဝိုင်း၌ တယောတီးသူကိုချစ်တင်နှင့် သွားတွေ့သည်။ ကိုချစ်တင်က ကျွန်တော့်အား တွေ့ ရ၍ အားရ၀မ်းသာ ဖြစ်နေသည်။ ကပ္ပလီကွက်သစ်ရှိ သူ့အိမ်သို့ ခေါ်သွား၏။ သူသည် တပည့်နှစ်ယောက် နှင့် နို့ဆီဗူးခွက်ကို ဖျက်၍ လုပ်သောဘုရားမီးထွန်းသည့် မီးအိမ်ကလေးများ လုပ်နေသည်။
    "ဘယ့်နှယ်၊ ခင်ဗျားလုပ်ငန်း ဟန်ကျရဲ့လား"
    ကျွန်တော်က သူ့လုပ်ငန်းအကြောင်းကို မေးကြည့်သည်။
    "တစ်နေ့ ကိုယ့်တွက် တစ်ဆယ်၊ ဆယ့်နှစ်ကျပ်တော့ ကျန်သားဗျ"
    ကိုချစ်တင်က အားရ၀မ်းသာပြောသည်။

    "ကျွန်တော်လဲ ဒီမြင်းလှည်းကြီးနဲ့ လုပ်နေရတာ စိတ်ပျက်လွန်းလို့ဗျာ"
    ကျွန်တော်က ခပ်ညည်းညည်းပြောလိုက်သည်။
    "ခင်ဗှားကို ပြောရမှာ အားတော့အားနာပါတယ်ဗျာ။ ကျွန်တော်တို့ အလုပ်က အမြင်နုပ်ပေမယ့် ငွေဝင်တော့ မဆိုးလှပါဘူး။ ခင်ဗျား ကျွန်တော်တို့နဲ့ လာလုပ်နိုင်ရင် လုပ်ပေါ့။ ခက်လဲ မခက်ပါဘူး။ ဟိုဟာ ဒီ ဟာဝိုင်းဝန်းလုပ်ပေါ့။ ခင်ဗျားကို ကျွန်တော် တစ်ပုံပေးမယ်။ ခု ဟိုလူ နှစ်ယောက်လည်း ကိုယ့်ဝေစုနဲ့ကိုယ် ငွေကို ခွဲယူတာပဲ။ ဒါပေမယ့် ကျွန်တော် သူတို့ဆီက လက်နက်ကိရိယာခ ပြန်နှုတ်တယ်။ ခင်ဗျားကိုတော့ မနှုန်ဘူး။ အသားတင်ပေးမယ်"
    ကိုချစ်တင်က ဤသို့ ပြောလေရာ ကျွန်တော်အတော် ၀မ်းသာသွားသည်။ ဘာပဲဖြစ်ဖြစ် ရရာ အလုပ်ကိုလုပ်ပြီး ကြီးပွားအောင်ကြံမည်ဟုလည်း စဉ်းစားထားသည်။ ညတွင် အဘွားလေးအား အကျိုး အကြောင်းပြောပြီး နောက်နေ့နံနက် အစောကြီး ကျွန်တော် အလုပ်ဆင်းခဲ့သည်။ ထိုနေ့ ကျွန်တော်မှာ သံပြားညှပ်ရုံ၊ ဆေးသုတ်ရုံနှင့်ပင် ညနေကျ၍ ပစ္စည်းများ ဆိုင်သွားသွင်းပြီးနောက် ငွေရင်းရှာ ကျွန်တော့် အတွက် ၆ ကျပ်ကျော်ကျော် ရခဲ့သည်။

ဆက်ရန်
.

1 comment:

Anonymous said...

The articleice Machines introduces:This article about How To Buy Commercial Ice Machines For Restaurant,With the introduction of cutting edge and innovative technologies, a commercial ice machine is no longer a bulky device producing insanitation, consuming a lot ...

If you need more ice Machines infomation about How To Buy Commercial Ice Machines For Restaurant, Click here to find.

With the introduction of cutting ice Machines edge and innovative technologies, a commercial ice machine is no longer a bulky device producing insanitation, consuming a lot of energy, making noise, and taking a lot of time to make the needed supply of ice. As a result of high end technologies, commercial ice machines are able to achieve “being green” the highest levels of energy and water conservation. Now a commercial ice machine can easily produce from 65 pounds to 2,000 pounds of ice cubes in a day. You can find varied shapes of ice cubes such as dice, half dice, octagon, crushed, nugget, and flake.

Commercial ice machines are the standalone units,ice Machines designed to produce large quantities of ice for various commercial purposes. Once installed, these commercial ice makers are pretty automatic and do not need much attention from you or your staff. These factory-made machines consist of a condensing unit and ice-making section that operates as an integrated unit to make ice, an ice bin or a storage unit to store the created ice and a dispensing unit to dispense the ice out of the machine. Many automatic ice machines use moving water to create an improved quality of ice cubes. They work on the principle of “faster the water moves the better the ice quality becomes”. In this process, the air and un-dissolved solids get washed away. This results in pure and clear ice production.

Large amounts of ice are demanded for various purposes in many ice Machines commercial entities such as Restaurants, Bars, Ice Cream Parlors, Bakeries, Country Clubs and Golf Courses. A commercial ice machine is the perfect choice for such places as the large quantity of ice also needs to be a certain quality as well. Automatic commercial ice machines will make plenty of ice of equal size in a short span of time. All you need to do is just start the machine and set the required functions, and leave the rest up to the machine. You will get good quantity of quality ice in a short amount of time. In addition, many commercial ice machines come with a self cleaning function. This will help maintain the quality and quantity if the produced ice while decreasing the time that you and or your staff must spend with the machine.

Keep in mind that there are two varieties of ice machines: air cooled and waterice Machines cooled. Air cooled ice machines use air to disperse the heat, whereas water cooled ice machine uses water to do the same function. Air cooled ice machines use more energy and also are much noisier than water cooled ice machines. However, they are more affordable than water cooled ice machines.

An assorted collection of wonderful, fast and energy efficient commercial ice makers are readilyice Machines available in the market. Various renowned and reliable manufacturers have come up with their unique range of these amazing machines. Numerous models that create different types and sizes of ice are available in the local and online market. A competitive urge of creating more efficient and cost effective ice machines, has left the customers and consumers with a distinctive variety of these units in which to choose.