Wednesday, January 2, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂၅)

"မောင်မောင် ဂျပန်နဲ့ ကလန်ကဆန် မဖြစ်နဲ့နော... နောက်ပြီး ခုထွက်မယ့် ဂိတ်ကျရင် ဂျပန်ကို အလေးပြု ရ တယ် နောက်ပြီး ပါလာတဲ့အထုပ်ကိုဖွင့်ပြရတယ်၊ သူတို့က သွးတော့ ဆိုမှ သွားရတယ် နားလည် လားကွ.... "
"ရော- ဘာလို့ အလေးပြုရမှာလဲ နောက်ပြီး ပါလာတဲ့အထုပ်ကို ဖွင့်ပြရတယ်၊ သူတို့က သွားတာဆို မှ နောက်ပြီး ဘာတွေကိ ရှာမှာလဲ ကျွန်တော်စီ ထွက်ကြဟေ့"
ထီ ဆိုသည်နှင့် ကွဲခဲ့ရပါပြီ။
ကို ဆက်ဖတ်ရန် ..............

ကျွန်တော်။

ကျွန်တော်ဆိုသော ကောင်ကို ဂျပန်က အိပ်ရာလိပ်ကို ဖြေပြလိုက်ရုံမျှဖြင့် ကျေနပ်တော် မမူဘဲ အကျီင်္ ကို နှိုက်သည်။ လုံချည်ဝတ်ထားသည်ကို ရှာသည်။ လုံချည်ကို ခါပြရသည်။ ထိုသို့လုပ်ပြီးနောက် စစ်ထဲဝင်စက ညပြောင်နေအောင် ရိတ်ထားသော ခေါင်းတုံးကလေး ကို လက်နှစ်ဘက်ဖြင့် ပယ်ပယ်နယ်နယ်ပွတ်သည်။ ထို့နောက် စကားပြန်မှ တစ်ဆင့် မေးခွန်းတစ်ခုကို မေးပါသည်။
"မင်း ဗမာစစ်သားလားတဲ့"
"မဟုတ်ဘူး၊ ကျုပ်အရပ်သားပဲ"
ကျွန်တော့်အဖြေ ကို သဘောကျသွားဟန်တူသည်။ ခေါင်းညိတ်၍ သွားနိုင်ကြောင်း အချက်ပြလိုက်သည်။ ထို့နောက် တွင်တော့ ကျွန်တော်ကဲ့သို့ပင် တစ်ယောက်ပြီး တစ်ယောက် တရားခံများသဖွယ် စစ်ဆေးခံရပါသည်။ ကျွန်တော် တို့ တစ်တွေ တစ်ယောက် ပြီးတစ်ယောက် တရားခံသဖွယ် စစ်ဆေးခံရသည်မှာ နံနက် ၁၀ နာရီမှ နေမွန်းတည့် သို့ပင် တိုင်ခဲ့ပါချေပြီ။ ထို့အခါတွင်မှ ဗိုက်ထဲက တကြုတ်ကြုတ် မြည်လျက် ဆာလောင် မွတ်သိပ်နေကြောင်း အချက်ပြလာပါတော့သည်။

"ဟေ့... တို့တစ်တွေ ထမင်းစားပြီးမှ ဦးလေး ဦးစစ်ပိုးတို့ သူဌေးတိုက်ကို သွားကြတာပေါ့ကွာ၊ ခုတော့ ထမင်း ဆာနေပြီ"
ကျွန်တော်တို့လူသိုက် လူဝကြီး ထမင်းဆိုင်သို့ ထွက်ခဲ့ကြသည်။ လူဝကြီး ထမင်းဆိုင်သည် ထိုအချိန်က ကမ်းနား တွင် အလွန်အလွန်ကျော်ကြား လူသိများသော ထမင်းဆိုင် ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာ ဟင်း တစ်မျိုးနှင့် တစ်ခါပြင် ဂျပန်ငွေ တစ်ဒေါ်လာ ဆင့် ငါးဆယ်မျှ ပေးရသည်။ ထမင်းကို လိုသလောက် လိုက်သည်။ ဆားဒါးဟင်းချို လည်း ဖော ဖောသီသီ ရသည်။
"ထမင်း သုံးဆောင်ကြမလား ခင်ဗျာ၊ ဟေ့ မူတူး ဧည့်သည်တွေအတွက် ထမင်းစားဖို့ လုပ်ပေးဟေ့"
လူဝကြီး ထမင်း ဆိုင် ဟူသော အမည်နှင့် လိုက်ဖက်စွာ ဆိုင်ရှင်ဟု ထင်ရသော အနှီဖိတ် ခေါ်သူသည် ဝဝပုပု ဗိုက်ရွှဲကြီးနှင့် ဖြစ်သည်။ ကိုယ်ပေါ်တွင် အကျီင်္ဝတ်မထားသဖြင့် ဗိုက် ခေါက်ကြီးသည် တစ်ထွာခန့် အိ၍ ကျလေ သည်။ ကျွန်တော် သည် ထမင်းဆိုင်ရှင်ကို ကြည့်၍ ပြုံးလိုက်မိသည်။ အကျီင်္ကိုမျှ ပင်ဝတ်မထားဘဲ အခန့်သား ထမင်းရောင်း ၍ ရပါက လားဟုလည်း စိတ်ထဲတွင် ချီးကျူးထောပနာ ပြုမိပါသည်။

"ဘာဟင်းနဲ့ သုံးဆောင်ကြမလဲ ခင်ဗျာ"
"ဘာဟင်းတွေရှိသလဲကွာ"
"ဝက်သား-ကြက်သား-ငါးဟင်း -အမဲကလီစာ- သနပ်စုံ-ချဉ်ပေါင်ကြော်- ပဲကုလားဟင်း- မျှစ်ချဉ်နဲ့ ငါး"
"အေး... ကြက်သားနဲ့ သနပ်စုံပေးကွာ"
"ဆရာ တစ်မျိုး ပဲ ရမယ် အပိုပွဲယူရင် သတ်သတ် ပိုက်ဆံပေးရတယ်"
"ကြက်သား နဲ့ သနပ်စုံ ငါးမူးဖိုး"
"ငါးမူးဖိုး မရောင်းဘူး ဆရာ"
"ဟေ... သနပ်စုံ က ဘယ်လောက်ဖိုး ယူမှ ရောင်းသလဲကွ"
"ဆင့်ငါးဆယ်ဖိုး မှ ရောင်းတယ်ဆရာ"

ဝါးဟားဟား.... ကျွန်တော်တို့လူသိုက် ရယ်လိုက်ကြသောကြောင့် ထမင်းစားနေကြသူများ လှမ်းကြည့်လိုက်ကြ သည်။ အမှန်က စားပွဲထိုး သူငယ်သည် ဂျပန်ငွေ ငါးဆင့်ကိုသာ နား လည်ဟန် တူသသည်။ သို့ကြောင့် ကျွန်တော် ပြောသည့် ငါးမူး ဆိုသည့် စကားရပ်ကို နား မလည်ရှာပေ။ ကျွန်တော်ကလည်း ယခုထိ ဂျပန်ပိုက်ဆံ ကို တစ်ဒေါ်လာ၊ ဆင့်ငါးဆယ်၊ ဆင့်အစိတ်၊ ဆင့်တစ်ဆယ်ဟူ၍ ရေရေလည်လည် မခေါ်တတ်သေးချေ။
လူဝကြီး ထမင်းဆိုင်သည် မြန်မာထမင်းဟင်းတို့ကို အစပ်တည့်စွာ ချက်ပြုတ်ထားပါသည်။ ကျွန်တော်တို့အားလုံး စားပြီးသောအခါ တစ်ယောက်စီမှငွကောက်ခံ၍ ရှင်းလင်းပေးလိုက် ကြပါသည်။ စုစုပေါင်း ၂၅ ဒေါ်လာခန့် ကျသည် ဟု ထင်မိသည်။
"ကိုင်း..... ဦးလေး ဦးစပ်ပိုးတို့ဆီ သွားမယ်၊ ဒီနေ့ အနားယူမယ်၊ နက်ဖြန်စောစော ကိုထွန်းရင်ရယ်၊ ကိုသောင်းအိ ရယ်၊ ကျွန်တော်ရာ် ဗိုလ်စက်ရောင်ဆီ စုံစမ်းပြီး တပ်ထဲဝင် ဖို့ စာရင်းပေးခဲ့မယ်"
"အေး... ကောင်းတယ် ...ငါတော့ ဗိုက်တင်းနေလို့ တည်းတဲ့အိမ်ရောက်ျရင် ချေးဝဝ ပါ လိုက်ဦးဟေ့"

ကိုသောင်းအိ၏ ကြွေးကြော်သံသည် အံ့မခန်း စရာဟု ထင်မှတ်ရသော်လည်း လမ်းခရီး တစ်လျှောက်လုံး တုံကင်းဖြင့် ခရီးသွားရာတွင် နောက်ဖေးသွားချင်တိုင်း တုံကင်း ကုလားများကို ကြိုးဆိုင်းခွ ပေါ်တွင် အမြိုင့်သား ထိုင်ကာ နောက်ဖေးသွားခြင်း ပြုရပါသည်။ သွားနေကျ မဟုတ်သဖြင့် နောက်ဖေးမထွက်ဘဲ ရှိတတ်သည်။ ထိုအခါမျိုး တွင် အနီးအနား မှ လှေသမွန်တို့ဖြင့် ဖြတ်သန်းသွားလာသည်နှင့် ကြုံလျှင် ကိုယ့်အဖြစ်ကို မလုံမလဲ ဖြစ်ရ ချေသေးသည်။
"ခင်ဗျားပြော မှ ကျွန်တော်လည်း ဗိုက်နာတာတာ ဖြစ်လာတယ်ဗျို့ "
"မရဘူး ကိုယ့်လူ တည်းအိမ်ရောက်ျရင် ငါအရင် ဆော်ပလော်တီးမှာပဲ၊ မင်းက ငါ့နောက်မှ နံပါတ်ဆုတ် တဲ့ကောင် ဟီး ....ဟီး..... "
ကျွန်တော်တို့ လူသိုက် စကားတပြောပြောဖြင့် တည်းခိုအိမ်သို့ လမ်းလျှောက်လာခဲ့ကြ သည်။

လမ်းတွင် တွေ့သမျှ ငေးမောကြည့်ရှုသွားရာတွင် လမ်းသွးလမ်းလာ လူများမှ လွဲ၍ တိုက် တာ အဆောက်အအုံ အားလုံး ပိုင်ရှင်မဲ့ အချို့ပိတ်လျက်၊ အချို့အနီးအနားမှ  လူများက ဖွင့်ယူ ဖျက်ဆီးထားကြသည် ကို တွေ့ရ ပါသည်။ ခရီး သွားလာလှုပ်ရှားသော လူထုမှာ ခြေလျင်၊ ဆိုက်ကာ ၊ မြင်းလှည်းများဖြင့် သာသွားလာနေကြသည် ကို တွေ့ရပါသည်။ မော်တော်ယဉ်များမှာမူ စစ်သား များကို တင်ဆောင်၍ မောင်းနှင်နေသည်ကို မြင်ရပါသည်။
"မြလှိုင်ရေ ...ခုထိတော့ ဗမာစစ်သား ဆိုတာ မတွေ့ရသလောက်ပါပဲလားကွာ၊ နေရာတိုင်း မှာ ဂျပန်စစ်သားတွေလိုလိုပဲ၊ ကမ်းနားမှာတုန်းက တို့ကို ရှာကြတဲ့ စစ်သားဟာ ဘယ် လောက်ရိုင်းသလဲ"
အေးဗျ..... ဦးလေး ဦးစစ်ပိုးကဆို ဂျပန်စစ်သားတွေဟာ ဘုန်းကြီးတွေကိုတောင် မကြာခဏ စော်ကား တယ်လို့ ပြောနေတတယ် နောက်ပြီး တော်တော်လဲ မုန်းနေတယ်ဗျ ကျွန်တော် ကမ်းနားမှာ တုန်းက မနည်းစိတ်ချုပ် ထား ရတယ်။ ဂျပန်စစ်သားဘက်ဘေးက ကုလားစ ကား ပြန်က ပိုဆိုးသေးတယ်ဗျ''

စကားပြောရင်း မောင်ခိုင်လမ်းထဲသို့ ရောက်လာကြသည်။ ကျွန်တော်တို့ တစ်တွေသည် ဦး လေးး ဦးစစ်ပိုး၏ သူဌေး ဦးဘိုးလှတိုက်တွင် တည်းခိုကြသည်။ တိုက်ရှင် ဦးဘိုလှ၏ မိသားစုမှာ စစ်ကာလအတွင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်ဂွကလေး ကျေးရွာသို့ ပြောင်းရွေ့ နေထိုင်ကြပါသည်။ ဦးလေး ဦးစစ်ပိုးက ကျွန်တော့် အား တိုက်ကြီး တစ်တိုက်လုံး အပိုင်စား အပ်နှံပါသည်။ သူဌေးကြီး ဦးဘိုးလှ၏ တိုက်သည် အလွန်ခံ့ညား၍ သုံးထပ် ဖြစ်ပါသည်။
လူ့ဘ၀ ဆိုသည်မှာ အလွန်ဆန်းကြယ်လှရကား။
ဦးဘိုးလှ သည် တရုတ်လူမျိုး ဆင်းရဲသားတစ်ဦး ဖြစ်ပါသည်။သူသည်တရုတ်ပြည်မှ မြန်မာ နိုင်ငံသို့ ငယ်စဉ်တောင်ကျေး ၁၀ နှစ်သားအရွယ်မှ ရောက်ရှိလာခဲ့ပြီး သူ့ဘ၀သည် တရုတ် ကုန်စုံဆိုင်တွင် ထမင်းချက်၊ တံမြက် လှဲ အောက်ခြေသိမ်းဘ၀မှ စတင်ရသူဖြစ်သည်။ ဦးဘိုးလှ၏ ဦးလေးတော်သူသည် ကုန်စုံဆိုင် သူဌေးသား ဖြစ်သော်လည်း တူဖြစ်သူကို ထမင်းချက် အဆင့်မှနေ၍ အောက်သက်ကြေရန် အသုံးချခဲ့သည်။

မြန်မာစကားကို ကောင်းမွန်စွာ မတတ်သော တရုတ်ကလေး မောင်ဘိုးလှသည် တစ်နှစ်ခန့် ကြာသော အခါ မြန်မာစကား တောက်တိုမည်ရကို တတ်ခဲ့သည်။ ထမင်းချက် တံမြက်လှည်း ဘ၀မှသည် ဈေးရောင်း အလုပ်သမားဖြစ် လာခဲ့သည်။ ယင်းသို့ အရောင်းအလုပ်သမား ဖြစ် လာသောအခါ သူ့ဦးလေး ကုန်စုံဆိုင်ပိုင်ရှင် က သူ့အား လစာ အသပြာ ၃ိ ပေးသည်။ထို ၃ိ သော အသပြာကို မောင်ဘိုးလှ ကျစ်ကျစ် ပါအောင် စုဆောင်းထားခဲ့ပြီး တစ်နှစ်ခန့်စုဆောင်း လိုက်သောအခါ သူ့တွင် ငွေသား ၃၆ မျှ ရခဲ့သည်။ ထိုအခါ မောင်ဘိုးလှသည် ထိုငွေထဲမှ ဂေါက်သမ္ဗန် (ကုလားသမ္ဗန်) တစ်စင်းကို ၃၀ိဖြင့် ၀ယ်ခဲ့ပြီး သူ့ဦးလေး ကုန်စုံဆိုင် မှ ပစ္စည်း များကို အကြွေး (ခေါင်ပြန်ပေး) ယူပြီး ဒေးဒရဲမြို့ နယ်၊ နောက်ပြန် ထိုး ချောင်းရိုးတစ်လျှောက် တစ်ရွာဝင် တစ်ရွာထွက် ကုန်စုံ ရောင်ချခဲ့လေ သည်။
ယင်းသို့ ရောင်းရာတွင် အချို့ဆင်းရဲသား လယ်သမားများမှာ ၄င်းကို ငွေဖြင့် ၀ယ်နိုင်ကြသည် မဟုတ်ဘဲ ၄င်းတို့ တွင် ရှိကြသော ကြက်ငှက်စသည်များဖြင့် လည်းကောင်း၊ ဆန်စပါးသီးနှံ များဖြင့် လည်းကောင်း၊ သစ်သီးဝလံများဖြင့် လည်းကောင်း၊ လဲလှယ်ဝယ်ယူကာ ကြလေ သည်။ ထိုအခါ မောင်ဘိုးလှ တစ်ယောက် ကုလားဂေါက် သမ္ဗန်သမား တစ်ယောက်ငှား၍ သူက ပဲ့နင်းဦးစီးလုပ်ကာ ကုန်စုံပစ္စည်းများ သာမကဘဲ အထည် အလိပ် လယ်ယာသုံး ပစ္စည်း များကို တင်ဆောင်ရောင်းချလေတော့သည်။

နောင်သောအခါ ဤနောက်ပြန်ထိုး ချောင်းရိုးတစ်လျှောက် ဦးဘိုးလှ၏စီးပွားရေးသည် နယ်ကျယ် လာခဲ့လေ သည်။ ထိုအခါ ကုန်စုံရောင်းသော အလုပ်ကို ပြောင်လဲလုပ် ကိုင် လေသည်။
သူ့ဘ၀ကို ဒေးဒရဲ၊ ဂွကလေး ကျေးရွာတွင် အခြေချလိုက်ပြီး ထိုစဉ်က နာမည်ကြီး စတီး ဘရားသား၊ အေဘီစီ၊ ဂေါ်တုံစသည့် ကုမ္ပဏီကြီးများနှင့်အပြိုင် စပါးဝယ်ယူလျက် တပည့်တပန်းများစွာ ကို  မွေးယူခဲ့လေသည်။ ကျွန်တော့် ဦးလေး ဦးစစ်ပိုးသည် သူဌေး ဦးဘိုးလှ၏ လက်ရင်းတပည့် တစ်ဦး ဖြစ်ခဲ့ ပါသည်။
ထိုအချိန်မှ စ၍ ဦးဘိုးလှသည် ရန်ကုန်တစ်ဖက်လမ်းတွင် ဆန်စက်များ  တစ်လုံးပြီးတစ်လုံး တည်ခဲ့ပြီး အမှတ်(၁)၊ အမှတ် (၂)၊ အမှတ် (၃) ဆန်စက်များကို  ပိုင်ခဲ့လေသည်။ ဒေးဒရဲတွင် ဦးဘိုးလှပိုင် လယ်မြေများ လက်ညှိုးထိုး မလွဲသည့်ဘ၀သို့ ရောက်လာခဲ့လေသည်။
ကျွန်တော် သည် သူဌေးဦးဘိုးလှ၏ ထည်ဝါခန့်ညားသော တိုက်ကြီးတွင် ခေတ္တတည်းခိုရင်း သူဌေး ဦးဘိုးလှ၏ ဇာတ်လမ်းလေး ကို ပြန်လည်တွေးတောနေမိပါသည်။
"ဟေ့ကောင်... ဘာတွေ စဉ်းစားနေတာလဲကွ၊ မင်း အိမ်သာတက်မယ်ဆို၊ ငါတော့ ရောက် ရောက်ချင်း အားရပါးရ ထုတ် ပစ်ခဲ့ပြီ၊ ခုမှပဲ လူတစ်ကိုယ်လုံး ပေါ့ပါးသွားတော့တယ်ကွ"

ကိုသောင်းအိက လေကလေးချွန် ဒူးကလေးနှံ့ကာ အလွန်ကျေနပ်နေပုံ ရပါသည်။ ကျန် ရဲဘော်များမှာလည်း အချို့ ရေချိုးကြ၊ အချို့ အိမ်သာဝင်ကြုဖင့် အလုပ်ရှုပ်နေကြသဖြင့် မိမိ အလှည့်သို့ ရောက်ရန် အချိန် အတော်ကြာ မျှ စောင့်ဆိုင်း ကိစ္စပြီး ရပါသည်။
"ရဲဘော်ရေ...နက်ဖြန်အစီအစဉ် ပြောပါဦး"
"မနက်ဖြန်စောစောက ဘုရားတက်မယ်ဗျာ၊ ပြီးတော့ ဂေါ်ရာကုန်းသွားပြီး ဗိုလ်စက်ရောင်ဆီ မှာ သတင်း ပို့ကြမယ်၊ ဒီညတော့ ကိုယ့်မှာပါလာကြတဲ့ ပိုက်ဆံနဲ့ထမင်း ဝယ်စားကြတာပေါ့"
"ဟေ့ကောင်.. မင်းက ဒကာမခံတော့ဘူးလား"
"ရော... ဘယ်မှာခံနိုင်ပါ့မလဲ ကိုယ့်လူရယ်၊ ကျုပ်မှာ ပါလာတာကလည်း အများကြီးမှ မဟုတ် တာ၊ ခင်ဗျားတို့ အားလုံး ဒကာခံရရင် မွဲသွားမှာပေါ့ဗျ"
ကျွန်တော် တို့ အချင်းချင်း ပြောနေကြသော စကားများကြောင့် ဦးလေး ဦးစစ်ပိုးသည် ထိုနေ့ ညနေစာကို ဒကာခံ ၍ ကျွေးမွေး ပါသည်။

မနက်စောစော အိပ်ရာမှ ထပြီး လက်ဖက်ရည်သောက်ရန် ကမ်းနားလမ်းသို့ ရောက်လာခဲ့ ကြသည်။ မောင်ခိုင်လမ်း မှ အရှေ့ဘက်ကမ်းနား တစ်လျှောက်လုံး ရစရာမရှိအောင် ပျက်စီးနေ သည် ကို တွေ့ကြ ရသည်။ ရန်ကုန်မြို့မှ အင်္ဂလိပ်များ ဆုတ်ခွာစဉ်က ဖျက်ဆီးခဲ့သော ဗြိတိသျှ အစိုးရပိုင် အဆောက်အအုံ များ၊ ဆိပ်ခံတံတားများ၊ ဂိုဒေါင်များ၊ တို့မှာ အင်္ဂလိပ်တို့ ဆုတ်ခွာပြီး ဂျပန် ဝင်မလာ မီ တောကြောင်များကြောင့် ပျက်စီးခဲ့ရသော ကုန်တိုက်ကြီးများ၊ အင်္ဂလိပ် ဂျပန် လေကြောင်း တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးလျက်ရှိသော တိုက်တာနေအိမ်များ၊ ကမ်းနားလမ်း တစ်လျှောက်လုံးသည် စစ်ပွားခြင်း ၏ အနိဌာရုံများကို ဖော်လှစ်ပြသလျက် ရှိနေပါသည်။

ထိုမှ ကျွန်တော်တို့လူသိုက် သိမ်ကြီးဈေးဘက်သို့ လျှောက်လာခဲ့ကြပြီး ရွှေတိဂုံစေတီတော် ကြီးအား ဖူးမြော်ကြပါသည်။ ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်သို့ ရောက်လာသော အခါ ရင်ပြင်တော် အဆောက် အအုံများ အားလုံးလိုလိုစစ်ပြေးများ၏ အိမ်ထောင်စုများဖြင့် ပြည့်ပိတ်လျက် ရှိိသည်ကိုတွေ့ရ ပါသည်။
သြော်... ဗုဒ္ဓအရိပ်အာဝါသသည် ငြိမ်းချမ်းလှချေတကားဟု ကျွန်တော်၏ နှုန်မှ ဖွင့်ဟရွတ် ဆိုမိပါ သည်။ စောစောက ကမ်းနားလမ်း တစ်လျှောက်တွင် တွေ့ခဲ့ရသော အနိဌာရုံများနှင့် ယခု အေးချမ်း မှု နှစ်ခုကိုယှဉ်တွဲဆင်ခြင်နေမိသည်။ ကြည်နူးချမ်းမြေ့တာ ပီတိဖြင့် စေတီ တော်ကြီးအား ဦးခိုက် ရှိခိုး ကန်တော့မိပါသည်။

လောကတွင် သတ္တဝါအများတို့သည် ဒေါသ၊ လောဘ၊ မောဟတို့ဖြင့် ဖုံးလွှမ်းပြွမ်းတီးလျက် ရှိကြကုန်သည်။ စားခြင်း၊ အိပ်ခြင်း၊ မေထုံမှီးဝဲခြင်း၊ အမှုကိုသာပြုရန် နားလည်သည်ဆိုသော တိရိစ္ဆာန်များကိုမဆိုထားဘိ၊ အသိပညာ၊ အတတ်ပညာစသည့် အမြော်အမြင်ဖြင့် ကြွယ်ဝ သော လူသားများသည်ပင်လျှင် ကြီးမားသော အင်အား ရှိသူက အားနည်းသော အင်အားရှိသူ အပေါ် လွှမ်းမိုးခြယ်လှယ် ကျွန်လုပ်ရန် နယ်ချဲု့လျက် ရှိကြ ကုန်သည်။ စစ်ခင်းလျက်ရှိကြ ကုန်သည်။ ဤမျှ လောဘ၊ ဒေါသ၊ မောဟ၊ တရားတို့ ဖုံးလွှမ်းလျက်ရှိသော သတ္တလောက ကြီး သည် အဘယ်မှာလျှင် အေးချမ်းနိုင်မည်လော။ ကျွန်တော်သည် ဗုဒ္ဓအရိပ်အာဝါသ ၏ အေးချမ်းမှုအောက် တွင် ကြည်နူးစွာ ခိုလှုံရင်း အထက်ပါ ငြိမ်းချမ်းရေးတရားများကို ဆင်ခြင် နေမိပါသည်။

"မြလှိုင်ရေ... တို့များ သွားကြစို့လား"
"ဒီလိုလုပ်ရင် ကောင်းမယ်၊ ခု တို့ စုစုပေါင်း ၁၇ယောက်ဆိုတော့ တပ်စိတ် ၂ စိတ် ခွဲလိုက်ကြ ရအောင်ကွာ၊ တပ်စိတ် တစ်စိတ်က ၉ယောက် ကျန်တပ်စိတ်က ၈ယောက်ပေါ့ မကောင့်း ဘူးလားကွ"
"ကောင်းတယ်၊ ဒါမှ သတင်းပို့တဲ့အခါ တပ်စိတ်လိုက် သတင်းပို့နိုင်တာပေါ့၊ မြလှိုင်က တပ် စိတ်ခေါင်းဆောင် လုပ်၊ ကျန်တပ်စိတ်ကို ကိုထွန်ရင်က လုပါပေါ့"
"ငါတော့ မြလှိုင် တပ်စိတ်မှာ ပါမယ်ကွာ၊ ဒါမှ အစားရချောင်မယ်ကွာ မဟုတ်ရင် ထမင်းငတ် နေအုံးမယ်"
ကိုသောင်းအိ စကားကြောင့် ကျန်ရဲဘော်များက ကိုသောင်းအိကို ဝိုင်းထုထောင်းကြသည်။ ဆဲ ဆိုကြိမ်းမောင်း ကြ ကုန်သည်။ ကျွန်တော်သည် ကိုသောင်းအိ အပါအဝင် ရဲဘော် ၈ယောက် ကို ခွဲယူလိုက်ပြီး ကျန် ရဲဘော်၇ယောက် ကို ကိုထွန်းရင်က ယူလိုက်ပါသည်။ ထို့နောက် ကျွန်တော်တို့ တစ်တွေ ရွှေတိဂုံ ဘုရားစောင်းတန်းမှ ဆင်းလာခဲ့ကြပါသည်။ ကျွန်တော်တို့သ လူသိုက် သည် တောင်ဘက်မုခ် မှ ခြေလျင်လျှောက်ခဲ့ကြရာ လမ်းတွင် ဗိုလ်စက်ရောင်နှင့် မတွေ့က မည်သို့မည်ပုံ လုပ်ရမည် ကို မသိဘဲ ဖြစ်ရမည်ကို စိုရိမ်ပူပန်မိသည်။ အဘယ့် ကြောင့်ဆိုသော် ကျွန်တော်တို့ ယခုလိုက်လာခြင်း သည် ဗိုလ်စက်ရောင် တို့ ထွက်ခွာခဲ့သည့် နောက် တစ်ပတ်ကျော် မျှ နောက်ကျနေခြင်းကြောင့် ဖြစ်ပါသည်။

ကျွန်တော်တို့ ထင်သည့်အတိုင်းပင် ဂေါ်ရာကုန်းသို့ ရောက်သောအခါ ဗိုလ်စက်ရောင်တို့ တပ်ဖွဲ့သည် ပျဉ်းမနားသို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရှိရသည်။ သို့သော် နောက် ရောက်လာသော ဗိုလ်စိန်ဆိုသူက ပျဉ်းမနားသို့ ဆက်လက်ပို့ပေးရန် တာဝန်ယူပါသည်။
"ရဲဘော်တို့ ထမင်းစားပြီးကြပြီလား"
"မစားရသေးရင် သွားဝယ်စားကြ"
"ကျွန်တော်တို့မှာ ပိုက်ဆံမရှိတော့ဘူး ဗိုလ်ကြီး"
ကိုသောင်းအိသည် သွက်လက်စွာပင် ဗိုလ်စိန်ဆိုသူအား ပြောလိုက်ပါသည်။ ဗိုလ်စိန်သည် ကျွန်တော်တို့ လူသိုက်ကို ထမင်းကျွေးရန် အခက်အခဲတွေ့ နေပုံရပါသည်။ ဗိုလ်စိန်၏ အမူ အယာကို ကြည့်ခြင်းအားဖြင့် ထိုနေ့ နံနက်စာ စားရမည့်ပုံမပေါ်ဟု စိတ်ထဲ၌ မှတ်ချက်ချမိ ပါသည်။ သို့သော်... မကြာမီ ပဲဟင်းရေကျဲနှင့် စပါလုံး တစ်ဝက်ပါသော ထမင်းပွဲကိုကျွန်တော် တို့ မြိန်ယှက်စွာ စားကြရသည်။

နံနက်စာကို အိတ်ကပ်ထဲမှ ပိုက်ဆံ မထုတ်လိုက်ရဘဲ စားသောက်ပြီးစီးကြပါသည်။ ကျွန်တော် သည် ပျဉ်းမနားသို့ ဆက်လက်လိုက်ပါသွားရမည့်အတွက် မည်သို့မည်ပုံ အစီအစဉ်ရှိသည်ကို  အထူး သိလိုလှပါ သည် ရှေ့တွင် ကြုံတွေ့ရမည့် အခက်အခဲများအတွက်လည်း ကြိုတင်ပြင် ဆင်လိုပါသည်။ သို့ဖြစ်၍ စစ်သားစုဆောင်းရေး စခန်းတွင် ရှိနေသော ဗိုလ်စိန်ကိုပင် ကျွန်တော်တို့ သွားရောက်ရမည့် အစီအစဉ်များကို မေးမြန်းကြည့်ရပါသည်။
"ရဲဘော်တို့ကို မီးရထားနဲ့ ပို့ပေးမယ်၊ ဒါပေမယ့် ဘယ်တော့ သွားရမယ်ဆိုတာ မပြောနိုင်ဘူး၊ ဂျပန်တွေကို ခွင့်တောင်းပြီးမှ သူတို့ စစ်သားတွေ ပို့တဲ့ရက်မှာ လိုက်သွားရမယ်၊ ရက်လည်း မပြောနိုင်ဘူး၊ ထမင်းစားဖို့လဲ ကိုယ့်ဟာကိုယ် စားကြရမယ်"

ဗိုလ်စိန် စကားကြောင့် ကျွန်တော်တို့လူသိုက် စိတ်ဓာတ်ကျသွားပါတော့သည်။ ကျွန်တော် တို့လူသိုက်တွင် ကျွန်တော်မှ လွဲ၍ မည်သူမျှ ပိုက်ဆံများများစားစား ပါလာသူ မရှိပေ။  ရန်ကုန်တွင် သောင်တင်နေမည်ဟုလည်း မမျှော်လင့်ခဲ့ကြသဖြင့် စိတ်အေးလက်အေး ရှိသမျှ သော မုန့်ဖိုးကလေးမျှဖြင့် ထွက်လာခဲ့ကြခြင်း ဖြစ်လေသည်။
အခုတော့ အခက်တွေ့၍ နေချေပြီ။
"ဗိုလ်ကြီး... ခုအတိုင်းဆို ကျွန်တော်တို့ ရန်ကုန်ထဲမှာ ပြောင်းနေပြီး မနက်တိုင်း ဗိုလ်ကြီးတို့ ဆီ လာမေးပါရစေ၊ ဒါမှ ကျွန်တော်တို့ နေရေးထိုင်ရေး၊ စားသောက်ရေး အဆင်ပြေနိုင်ပါမယ်"
"အေး... ကောင်းတယ်ကွ၊ မင်းတို့မှာ တည်းစရာ၊ နေစရာရှိရင် အဆင်ပြေတာပေါ့၊ စောစော က မင်းတို့မှာ စားစရာတောင် မရှိတော့ဘူးဆိုကွ"
"အသေအချာတော့ မဟုတ်ဘူး ဗိုလ်ကြီး၊ ကျွန်တော်ပြောတာ စားရေးသောက်ရေးအတွက် ကျွန်တော်တို့မှာ ပိုက်ဆံမရှိတော့ ထမင်းလည်းကျွေး၊ နေရာလည်းပေးမယ့် လူကို ရှာဦးမှာပါ အသေအချာတော့ မဟုတ်ပါဘူး ခင်ဗျ... "

"အေး..အေး... ဒီလိုလုပ်ကြကွာ ၊ နေစရာကတော့ မင်းတို့မြင်တဲ့အတိုင်း အကျယ်ကြီးပဲ၊ ဒါပေမယ့် ဖျာ၊ ခြင်ထောင်၊ ခေါင်းအုံးကစပြီး ငါတို့က မပေးနိုင်ဘူး၊ တို့များမှာလည်း မရှိဘူး၊ မင်းတို့ နေစရာရှာလို့ မရရင်တော့ ဒီကို ပြန်လာခဲ့ကြပေါ့၊ အေးကွ၊ ထမင်းစရိတ်တော့ ရှာကို ရှာလာခဲ့ကြ၊ ကိုင်း... ဒါပဲ သွားကြတော့"
ကျွန်တော်တို့သည် ဗိုလ်စိန်အား နှုတ်ဆက် ၍ ထွက်လာခဲ့ကြသည်။ မောင်ခိုင်လမ်းရှိ ဦးလေး ဦးစစပိုးထံသို့ မပြန်မီ မိမိသွားလိုရာ သွားကြရန်နှင့် ငွေကြေးရှာဖွေကြရန် လူစုခွဲလိုက်ကြ သည်။
"ဟေ့ကောင်... မြလှိုင်၊ မင်း ဘယ်သွားဦးမှာလဲ၊ ငါပါ လိုက်ခဲ့မယ်"
ကိုသောင်းအိက ကျွန်တော့်ကို ကပ်နေလေပြီ။ ထို့နောက် ရွှေအိဝင်းမောင်၊ ကိုသန်း၊ အုန်းရွှေ မောင်ရှိန် တို့ကလည်း သူတို့တွင် သွားစရာ မရှိကြောင်းပြော၍ ကျွန်တော်နှင့် လိုက်ခဲ့ကြသည်။ ကျွန်တော် တို့ သည် တောင်ဘက် မုခ်သို့ ပြန်လျှောက်လာခဲ့ကြပြီး ထိုမှတစ်ဆင့် မြင်းလှည်းဖြင့် သိမ်ကြီးဈေး သို့ မြင်းလှည်းခမှာ တစ်ယောက်လျှင် ဆင့် ၅၀ ဖြစ်သည်။
"အစ်ကိုတို့ ဒီကိုလာကြဗျ၊ ခုပဲ ထွက်တော့မယ်၊ အစ်ကိုတို့ တက်ရင်လူပြည့်ပြီ"

မြင်းလှည်းသူငယ်လေး၏ ဖိတ်ခေါ်သံသည် တစာစာ လွှင့်နေပါသည်။ သူခေါ်ရာသို့ ကြည့်လိုက်သောအခါ မြင်းလှည်းပေါ်တွင် လူပြည့်လုလု ဖြစ်နေလေပြီ။ ကျွန်တော်တို့လူသိုက် တက်လိုက်လျှင် ပိန်လှီချည့်နဲသော မြင်းခမျာ ဆွဲမှ ဆွဲနိုင်ပါ့မည်လားဟု ထင်မှတ်ဖွယ်ပင်။
"ဆံ့ပါတယ် အစ်ကိုရယ်၊ တက်သာတက်ပါ၊ ကဲ.... ဒီက အစ်ကိုတို့ နည်းနည်းစီ တိုးလိုက်ကြ ပါ။ ခရီးသွားချင်း ရိုင်းပင်ကြပါဗျာ"
မြင်းလှည်းမောင်းသော သူငယ်မှာ အရွယ်နှင့်မလိုက်အောင်ပင် သွက်လက်လှပါသည်။ မြန်မာ လူမျိုး ဆိုသူများကလည်း မူလကပင် အားနာတတ်သော လူမျိုးများ ဖြစ်သည့်အတိုင်း ဤမျှ ကျပ်တည်းနေ သည့်ကြားကပင် ပူးကပ်၍ နေရာလုပ်ပေးကြသည်။ ကျွန်တော်တို့ လူသိုက် လည်း မနေသာတော့ ဘဲ တိုးတိုးဝှေ့ဝှေ့ဖြင့် မြင်းလှည်းပေါ်သို့ တက်ကြသည်။ မြင်းကလေး ခမျာ ယက်ကန်ယက်ကန်ဖြင့် ချည့်နဲ့စွာထွက်ရန် ဟန်ပြင်လျက် ရှိပါသည်။ ထိုအချိန်တွင် ဂျပန်စစ်သား ၃ဦး ရုတ်တရက် ရောက်ရှိလာကာ မြင်းလှည်းသမားအား ရပ်ခိုင်းလေသည်။

"မာစတာ၊ မရတော့ဘူး၊ လူပြည့်နေပြီ မာစတာ"
မြင်းလှည်းသမားလေး ပြောသည်ကို သူတို့က လုံးဝနားမလည်ဘဲ ဇွတ်အဓမ္မ မြင်းလှည်းပေါ် သို့ တက်ကြလေသည်။ ၄င်းတို့၏ အပြုအမူကြောင့် မြင်းလှည်းပေါ်တွင် ကျွန်တော်တို့ လူသိုက် အရင် ရောက် ရှိနေရာ ယူထားသော တောမှ အမျိုးသမီးနှစ်ဦးနှင့် ယောက်ျားကြီး တစ်ဦးတို့သည် အလျင်အမြန် ဆင်းလိုက်ကြ သည်။
"အဒေါ်တို့ အဆင်းပါနဲ့ ဒီကောင်တွေ သက်သက် ဗိုလ်ကျတာဗျ၊ ထိုင်သာနေပါ၊ ဟေ့ကောင် လေး... ထွက် ကွာ၊ မြန်မြန်ထွက်"
ကိုသောင်းအိသည် ပြောပြောဆိုဆို ဂျပန်စစ်သား တစ်ယောက်၏ ဂုတ်ကိုဆွဲ၍ မြင်းလှည်း ပေါ်မှ တွန်းချလိုက်ပါသည်။ ကျွန်တော်သည် ကိုသောင်းအိ၏ မြန်ဆန်လွန်းသော အပြုအမူ ကြောင့် ဟန့်တာ်းချိန်တွင် မရလိုက်ဘဲ ကိုသောင်းအိ ဂုတ်ဆွဲလျက် တွန်းချလိုက်သော ဂျပန် စစ်သား သည် မြင်းလှည်းအောက် မှာ ခွေခွေကလေးကျသွားပါတော့သည်။ ဂျပန်စစ်သားများ သည် အလွန်စိတ်ဆိုးသဖြင့် ကိုသောင်းအိကို ဝိုင်း၍ တွန်းထိုး လုပ်ကြပါတော့သည်။

ထိုအခါ ကျွန်တော်တို့ မနေသာတော့ပေ။
ပွဲကြီးပွဲကောင်းတစ်ခု စခဲ့လေပြီတည်း။
မြင်းလှည်းသမားလေးသည် ကျွန်တော်တို့ လူသိုက်နှင့် ဂျပန်စစ်သား ၃ဦးကို ချန်၍ မြင်းလှည်း ပေါ်တွင် ရှိရှိသမျှနှင့် အမြန်သုန်ခြေတင်၍ သွားပါပြီ။ ကျွန်တော်တို့အနေဖြင့် ဂျပန်စစ်သား များ၏ မတရားမှုကို ဤကဲ့သို့ မတားလျှင် မြန်မာစစ်သားကောင်းမပီသဟုလည်း ကိုယ်စီတို့၏ စိတ်ထဲတွင် ရှိကြသည်။ သို့ဖြစ်၍ ဂျပန်စစ်သားမျာူးကို ကျွန်တော်တို့ တိုက်ခိုက်ရန် ဝိုင်းလိုက် ကြလေသည်။ ကျွန်တော်တို့က ၅ယောက်၊ ဂျပန်စစ်သားက ၃ ယောက် ရှိနေကြလေသည်။ ထို့ပြင် ဝိုင်း၍လာသော မြန်မာုပွဲကြည့် ပရိသတ်လူအုပ်ကြီးကား တဖြည်းဖြည်း များ၍ လာသည်။
ဂျပန်သုံးဦးသည် အခြေအနေကို ချက်ချင်းရိပ်စားမိဟန်တူသည်။ သို့သော် စစ်သားပီပီ အနိုင် မခံ အရှုံးမပေး လိုသော သူတို့၏ စိတ်ထားအရ လက်ဟန်ခြေဟန်ဖြင့် တစ်ယောက်ချင်းတိုက် ရန် စိမ်ခေါ် လိုက် ပါသည်။ သူတို့ အမူအရာကိုြုကည့်၍ ကျွန်တော်က ခေါင်းညိတ်လိုက်သည်။

ရန်ပွှဲကား စလေပြီ။
ဂျပန်စစ်သားနှင့် ကျွန်တော်တို့ တစ်မယောက် တစ်ယောက်ချင်း မျက်နှာချင်းဆိုင် လိုက်ကြ သည်။ ဂျပန်စစ်သားများသည် ကျွန်တော်တို့အား လျှင်မြန်စွာ ပူးကပ်ချည်နှောင်ထိုးသတ်ပါ သည်။ တောင်ဘက်စောင်း တန်း မြင်းလှည်းဂိတ် တွင် လူများပြည့်လျက် ရှိသည်။
လေ့ကျင့်သား ရ၍ အကြမ်းခံနိုင်သော ဂျပန်စစ်သားများသည် ဇွဲကြီးလှစွာ ထိုးသတ်ကြသည်။ သို့သော် လူအုပ်ကြီး ၏ ညာသံပေး၍ အာူးေးပနေသော အသံကြီးအား မိုးချုန်းသည့်နှယ် ရှိနေပါသည်။ ကြာသော် ကျွန်တော် တို့ ရဲဘော်များသည် ဂျပန်များ၏ ထိုးသတ်မှုကို လက်မြောက် အရှုံးပေးရမည်ကဲ့သို့ ရှိနေပါသည်။ ထိုအချိန် တွင် ကိုသောင်းအိ ခေါင်းနှင့် ရင်ဝကို တိုက်လိုက်သောအသံသည် ဂျပန်စစ်သား တစ်ဦးထံမှ အင့်ခနဲကြားလိုက်ပြီး အရုပ် ကြိုါ်ပြတ်လဲကျသွားပါတော့သည်။ ကျန်  စစ်သားနှစ်ယောက်လည်း လူအုပ်ကြီးကို အတင်း ထိုးဖောက်၍ ခြေဦးတည့်ရာသို့ ထွက်ုပြေးကြပါတော့သည်။

ကိုသောင်းအိ၊ ရွှေအိဝင်းမောင်၊ ကိုသန်းတို့ တစ်ကိုယ်လုံးလည်း သွေးသံရဲရဖြင့် မကြည့်ရက် စရာ မြင်ရပါသည်။ စောစောက ဝတ်စားထားသော မဝတ်အစားများမှာလည်း အစိတ်စိတ် အမြွှာမြွှာ တစ်စစီ ပြတ်၍ ထွက်ကုန်ပါသည်။ နောက်ဆုံူး ကြီးမားသော လူအုပ်ကြီးကို မနည်း ထိုးဖောက် ထွက်လာခဲ့ကြရပါသည်။
ဦးလေး ဦးစစ်ပိုးက ကျွန်တော်တို့ အဖြစ်အပျက်ကို နားထောင်ရင်း စုပ်သက်အံ့သြနေပါ သည်။ ထို့ပြင် အားရကျေနပ်သော အသွင်ဖြင့် ပြုံးပြုံးကြီး ကြည့်နေပါသည်။ ထိုအခါတွင်မှ ဒဏ်ရာ ဒဏ်ချက်များ ကိုကြည့်ရှု့ပါတော့သည်။ ကိုသောင်းအိသည် မျက်ခုံးတစ်ဘက် စုတ်သွားပြီး ကျော်တွင် ကတ္တရာလမ်းနှင့် ပွန်းထားသည့် ဒဏ်ရာများကို တွေ့ရပြီး ရွှေအိဝင်းမောင်နှင့် ကိုသန်းတို့လည်း လက်၊ ခြေ၊ ဒူးများတွင် ပဲ့နေသော ဒဏ်ရာများကို တွေ့ရှိရပါသည်။

ဆက်ရန်
.

No comments: