Tuesday, December 11, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၅)

ကိုဘယုသည် ဖျော်လက်စကော်ဖီခွက်ကို ရေနွေးထပ်ဖြည့်၍ ကျွန်တော့်အတွက် ကော်ဖီ ထပ်နှပ်နေါပသည်။ ကိုဘယု သည် ပခုက္ကူနယ်သားဖြစ်ပြီး ရန်ကုန်တွင် အလုပ်လုပ်ရင်း ၀ိုင်အမ်စီ အေတွင် ငှားရမ်းနေထိုင် လျက်ရှိသည်။ ကိုဘယုကဲ့သို့ ရုံးဝန်ထမ်း အမြောက်အမြား တို့သည် နေရေးထိုင်ရေး စရိတ်သက်သာသော ၀ိုင်အမ်စီအေ တွင် နေထိုင်ကြကုန်သည်။ ကိုဘယုနှင့် အခန်း ချင်းကပ်လျက် နေထိုင်သူမှာ သစ်တော ၀န်ထောက် တစ်ဦးဖြစ်သော ဦးနန်းနွယ်ဆိုသူဖြစ် သည်။ ဦးနန်းနွယ်သည် ဘိလပ်ပြန်တစ်ယောက်ဖြစ်၍ အင်္ဂလိပ်လူမျိုး မျက်နှာဖြူ သစ်တောမင်းကြီး အားနှုတ်လှန်ပြောခြင်းကြောင့် ရာထူးမတက်ဘဲ သစ်တောဝန်ထောက် ဘ၀ဖြင့် ကျောက်ချထား ခြင်းခံရသူဖြစ်သည်ဟု ကိုဘယုထံမှတစ်ဆင့် သိရပါသည်။

“ဟော ... ချာတိတ် ရောက်နေပြီလားကွ ...””
ပြောပြောဆိုဆို ဦးနန်းနွယ်သည် လေကလေးချွန်၍ ကိုဘယု အခန်းဘက် သို့ ကူးလာသည်။ ရှည် လျား နက်မှောင်သော မျက်ခုံးမွေးကြီးနှစ်ဘက်နှင့် အရောင်လက်၍ ပြောင်နေသည့် သူ့နဖူးကြီး သည် တရုတ် ရုပ်သေးထဲ မှ ဥတည်ဘွားကဲ့သို့ မှတ်ထင်ရသည်။ .
............. ကို ဆက်ဖတ်ရန် .........

"ကိုနန်းနွယ် သောက်ပြီးးပြီလား"
"သောက်လည်းပြီးပြီ၊ စားလည်းပြီးပြီ ..၊ ဂိုးအဟက် ..ချာတိတ်၊
လူကြီးများအလယ် တွင် ကျွန်တော်တစ်ယောက်သာ သက်နုချာတိတ် တစ်ယောက် ဖြစ်သည်။ ၀ိုင်အမ်စီအေ မျက်နှာစာတွင် လူတချို့ တင်နစ်ရိုက် လျက်ရှိသည်။ ကိုနန်းနွယ်ဆိုသူ  ရှိခြင်းကြောင့် ကိုဘယုသည် ကျွန်တော့်ကို ဘာမျှ မေးခြင်းမြန်းခြင်း မပြုဘဲ စားစရာများကိုသာ တွင်တွင်စားသောက် စေပါသည်။
"ချာတိတ်.. ခု ဘယ်နှစ်တန်း ရောက်နေပြီလဲကွ"
"ကျွန်တော် ဆယ်တန်းပါ ခင်ဗျာ"
ဒီနှစ်တော့ မောင်ရင်တို့ ချောင်ချောင် အောင်ကြလိမ့်မယ် ထင်တယ်ကွ ဘာကြောင့်လဲဆို တော့ စစ်ဖြစ်လာပြီ မဟုတ် လား. "

ကျွန်တော် ချောင်ချောင်အောင်မည်ဆိုသော ကိုနန်းနွယ်၏ စကားကို ကြားလိုက်ရသဖြင့် ၀မ်း သာမိသွား သည်။ ကျောင်းသား တစ်ယောက် အနေဖြင့် ကျောင်းစာသည် အလွန်အမင်း ခြောက်လှန့်တက်သော လက်နက်တစ်ခုဖြစ် တတ်ပါသည်။ မည်မျှပင် စာတော်သည်၊ စာကျက် သည် ဟူပင် ထားလင့် ဦး၊ ကျောင်းစာဆိုသည့် စကားလုံးကပင် ယင်းကျောင်းသားအား စိတ်၏ ကျဉ်းကျပ်မှု ကို ဖြစ်စေသည်မှာ အမှန်။ ကျွန်တော်သည် မိခင်ကြီး စိတ်ချမ်းသာရေးနှင့် ၁၉၃၈ ခုနှစ် သပိတ် ကာလ တွင် ကျောင်းတစ်နှစ်  နာသွားရသည်ကို ရင်းစားရရန်အတွက် စာကို ဖိ၍ ကြိုးစားနေရပါသည်။ ဆယ်တန်း ဆိုသော စာမေးပွဲနတ် သည် ကျွန်တော့်အား မျက်နှာသာ ပေးချင်မှ ပေးလိမ့်မည်။ စာသင်ကြားရေးနှင့် ပတ်သက်၍ ကျွန်တော်တွင် ရည်ရွယ်ချက် တစ်ခု ရှိပါသည်။ ယင်း ရည်ရွယ်ချက်မှာ ကျွန်တော်အား အထင်သေး၍ ပျက်ရယ်ပြုခဲ့သော မာဂရက်အား စာမေးပွဲ တစ်နှစ်ပြီးတစ်နှစ် အောင်မြင်၍ ဒီဂရီ တစ်ခုခုကို ရယူပြီးလက်စား ချေလိုသော ရည်ရွယ်ချက် ပင် ဖြစ်ပါသည်။

ကျွန်တော်သည် ကိုယ့်စိတ်ကူးဖြင့်ကိုယ် ပြတင်းပေါက်မှ လှမ်း၍ မြင်နေရသော တင်းနစ်ရိုက် နေသူများကို ကြည့်ရင်း ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် ဈာန်ဝင်လျက် ရှိနေပါသည်။
"ရော့.. မောင်မြလှိုင်"
ကိုဘယု လှမ်းပေးလိုက်သော အထုပ်တစ်ထုပ်ကို ကျွန်တော်ယူလိုက်ပါသည်။ စာထုပ်ပေါ်တွင် ရေးထားသည်က မဏိဇောတယ နားမလည်သော အကြည့်ဖြင့် ကိုဘယုကို ကြည့်မိသည်။ နားလည်နိုင်စရာ လည်း အကြောင်း မရှိ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်နှင့် ဘယဆေး သည် မည်သို့မျှ ဆက်စပ်မှု မရှိခြင်း ကြေင့် ဖြစ်ပါသည်။ ထို့ပြင် ကိုဘယုနှင့် ကျွန်တော် ဆက်သွယ်ထားသည်မှာလည်း ကိုယ်ရေးကိုယ်တာ ကိစ္စများ လုံဝ မပါရှိဘဲ၊ နယ်ချဲ့ဆန်ကျင့် ရေးလှုပ်ရှားမှုတွင် ကျွန်တော့်အတွက် အာမခံချက်ရှိသော စခန်းတစ်ခုအဖြစ် ဆရာချစ် (သခင်ချစ်) တို့ က ရှာပေးထားခြင်းသာလျှင် ဖြစ်ပါသည်။

"ဒီစာကလေးကို ဖတ်ကြည့်ပြီး... ဆုတ်ပစ်လိုက်တာပေါ့ကွာ"
မဏိဇောတယ ငန်းဆေးကြီးကို ဖျာပုံမှ ဦးဘရှိန်၏ သားဖြစ်သူ ကိုအုန်းမောင် အားပေးပါ၊ ယင်းဆေးအညွှန်း အတိုင်း စားသုံးရန်းဖြစ်သည်။ ဆေးအညွှန်းမပါသဖြင့် သွားရောက် ပို့ပေးရန် လိုအပ်ပါသည်။
ကျွန်တော်ကောင်းစွာ သဘောပေါက်ပါသည်။ ယင်း မဏိဇောတယ ငန်းဆေး ဆိုသညိမှာ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု အတွက် ညွှန်ကြားချက် တစ်စောင် ဖြစ်ရာသည်။ ဤညွှန် ကြားချက်ကို ကျွန်တော်ကိုယ်တိုင် ယူဆောင် ၍ လက်ရောက်ပေးအပ်ရန်း ညွှန်ကြားထား ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော့်တွင် အခက်အခဲ ရှိသည်မှာ ကျောင်း မှ ခွင့်တိုင်ရန် မလွယ်ကူ ခြင်းနှင့် အကြောင်းအချက် ခိုင်ျလုံမှု တစ်စုံတရာရှိ မရှိဘဲ ဖျာပုံသို့ပြန် ရန် မဖြစ်နိုင်ခြင်းပင် ဖြစ် ပါသည်။
ယခုအခါ ကျွန်တော်အတွက် အရေးကြီးဆုံး ကိစ္စမှာ စာမေးပွဲ ဖြေဆိုရေးအတွက် စာကျက် ခြင်း သာလျှင် ဖြစ်ပါသည်။ ကျွန်တော်စိတ်ကူးဗိမာန်တွင် တ်ာဆောက်ထားသည်မှာလည်း ဆယ်တန်းမှသည် ဘီအေ ဘီအယ် တည်း ဟူသော ဘွဲ့ တစ်ခုခု ရရှိရေးပင် ဖြစ်ပါသည်။

"စာမေးပွဲကြီးက သိပ်နီးနေတော့... ဖျာပုံပြန်ဖို့ မလွယ်ဘူး ထင်တယ် ခင်ဗျာ"
"ဖြစ်အောင် သွားရလိမ့်မယ်ထင်တယ် မောင်မြလှိုင်၊ ဒီစာဟာ မောင်မြလှိုင် စာမေးပွဲထက် အရး ကြီးမယ်၊ ဘာကြောင့်လဲ ဆိုတော့ လူကိုယ်တိုင် သွားရမယ်ဆိုခြင်းဟာ အရေးမကြီးဘဲ အသားလွတ် လွှတ်မယ် မဟုတ်ဘူးလေ"
ကျွန်တေ် အလွန်အမင်း စိတ်ဆင်းရဲခဲ့ရပါသည်။ ကျွန်တော်သည် နိုင်ငံရေးကို စိတ်ဝင်စား သည် မှန်သော် လည်း ကျောင်းသားတစ်ယောက်ဖြစ်နေသော ကျွန်ေ်တ်ာအဖို့ ကျောက်စာ ထက် မည်သည့်ကိစ္စမျှ အရေးကြီးမည်ဟု  မထင်မှတ်မိပါချေ။ အချိန်အခါ အခြေအနေက အား လပ် ၍ နေလျှင် မှု မထောင်းသာလှ။ ယခုကဲ့သို့ စာမေးပွဲ နီးကပ်၍ စာကို နေ့ညမလပ် ကျက် မှတ်နေရသော အခါမျိုးတွင် ဤခိုင်းစေချက်သည် အနှောက် အယှက် တစ်ခုသဖွယိ ဖြစ်၍နေ ပါသည်။ ကိုဘယုသည် ကျွန်တော်၏ စိတ်မပါသော အသွင်ကို ကြည့်၍ ထပ် ၍ ပြောပြန်သည်။

"မောင်မြလှိုင်၊ တစ်ညအိပ်လောက် အချိန်မရနိုင်ဘူးလား"
"ကျွန်တော်မေမေ က ကျွန်တော် ဘာလို့ပြန်လာသလဲလို့မေးရင် အဖြေခက်နေပါတယ်"
"ဖြစ်နိုင်အောင်တော့ သွားလိုက်ပါလေ"
"ကျွန်တော် ကြိုးစားကြည့်ပါဦးမယ်"
"ရော့... မောင်မြလှိုင် အတွက် လမ်းစရိတ် ၁၅ ကျပ် ပေးသွားတယ်"
ဖျာပုံ-ရန်ကုန် အမြန်သဘောင်္သည် ၁ ကျပ်သာ ဖြစ်သဖြင့် ငွေ ၁၅ ကျပ်သည်အလွန်များလှပါ သည်။
ထို့ပြင် ကျွန်တော် သည် ထိုငွေကို စရိတ်အဖြစ် ယူ၍ မလုပ်လိုဘဲ ကျွန်တော် စရိတ်ဖြင့် ကျွန် တော်ကူညီသည့် အနေဖြင့် သာ လုပ်ကိုင်လိုပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကိုဘယု ထံမှ ငွေကို လက်ခံ ရယူရန် ငြင်းပယ် လိုက်ပါသည်။

"ဟေ့...သူငယ်ချင်း စောစောက ဆရာဦးဥာဏ်ထွန်း လိုက်ရှာနေတယ်"
"ဘာကိစ္စလဲကွ"
"မသိဘူး၊ အခု ထမင်းစားဆောင်မှာ ရှိလိမ့်မယ်"
ကျွန်တော် သည် ကိုသိန်း ညွှန်လိုက်သည့်အတိုင်း ထမင်းစားဆောင်ရှိရာသို့ လိုက်ခဲ့သည်။ အခန့်သင့်ပင် ဆရာဦးဥာဏ်ထွန်းကို တွေ့ရသည်။ ဆရာ ဦးဥာဏ်ထွန်းသည် ကျွန်တော်ကို မြင်သောအခါ နေရာမှ ထလာပြီး သူ့အခန်း ရှိရာသို့ ခေါ်သွားပါသည်။
"မောင်မြလှိုင် ဒီနေ့ည သဘောင်္နဲ့ ဖျာပုံကို သွားဖို့ ကျောင်းက ခွင့်ပေးလိုကိတယ်"
"ဆရာ.. ကျွန်တော် ခရီးသွားဖို့ ဘယ်သူလာခွင့် တိုင်သလဲ ဆရာ"
"ဆရာဟိန် က မောင်မြလှိုင်ကို မနက်ဖြန်တစ်ရက် သဘက်ခါတစ်ရက် ဖျာပုံပြန်ခွင့်ပေးလိုက် ပါလို့ ဆရာ့ကို လာပြော သွားတယ်လေ"
"ဟုတ်ကဲ့ဆရာ၊ ကျွန်တော် နားလည်ပါပြီ"

မှန်ပါသည်။ ကျွန်တော် ခရီးသွားရေးကိစ္စသည် အလွန်အရးကြီးကြောင်း ရိပ်စားမိပါပြီး။ ဆရာချစစ်သည် ကျွန်တော် ဖျာပုံသို့ ယူဆောင်သွားရန် ရှိသော ညွှန်ကြားချက်များကို ဘယဆေး ထုပ် အဖြစ် အသွင် ကူးပြောင်းစေ ခဲ့ပြီး ကိုဘယု ထံတွင် ထားခဲ့သလို ကျွန်တော် ကျောင်းမှ လွယ်ကူစွာ ခွင့်ပြုနိုင်ရေးအတွက်လည်း ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကျိုးကြောင်းဆက်စပ်မှုများကြောင့် ဖျာပုံသို့ ခရီးသွားရန်ကိစ္စကို ထိုနေ့ တွင်ပင် အစီအစဉ် လုပ်ရပါသည်။
ကျွန်တော်သည် ၅၁လမ်းရှိ အစ်ကိုကြီး သခင်လှဖေထံသို့ လာခဲ့ပါသည်။ သခင်လှဖေနှင့် ချက်ချင်း မတွေ့ ရဘဲ သခင်သန်းထွန်းဆိုသူနှင့် တွေ့ရပါသည်။ သခင်သန်းထွန်းဆိုသူမှာ မျက်နှာ လေးထောင့်စပ်စပ်၊ ဆံပင်များက လိပ်ကောက်နေပြီး အလွန်အကျည်းတန် သူတစ် ယောက်ဖြစ်ကြောင်း စိတ်ထဲမှ မှတ်ချက်ချမိသည်။ ထိုလူသိုက် သည် ကျွန်တော်အား စိတ်ဝင် စားမှု မရှိဘဲ သူတို့အချင်းချင်း ကမ္ဘာနိုင်ငံရေးရာများ၊" ဘော်ရှိဗစ်" ဟူသော အကြောင်းများ၊ တို့ဗမာအစည်းအရုံး ရန်ပုံငွေ ကိစ္စများကို ပြောနေကြပါသည်။ ကျွန်တော်သည် အလွန် ငြီး ငွေ့ စွာ စောင့်၍ နေရပါသည်

မကြာမီ သခင်လှဖေနှင့် သခင်ထိန်းလင်း (မြောင်းမြ) တို့ ပြန်လာကြ ပြီး ကျွန်တော်အား မြင်သောအခါ သခင်လှဖေသည် အထူးအဆန်းသဖွယ် ကြည့်နေပါသည်။''ဟေ့... မောင်မောင် ... မင်း ဘာလာလုပ်တာလဲ...'' ကျွန်တော်... ကိုကိုလှနဲ့ နှစ်ယောက်ထဲ စကားပြောစရာရှိလို့ပါ ''  '' ဟကောင်ရ၊ ဘာတွေများ တိုးတိုး တိတ်တိတ် ပြောစရာရှိလို့လဲကွ၊ ဒီလူတွေ အကုန်လုံး တို့လူတွေပါ၊ မင်းပြောစရာရှိတာ ပြောပါ ... ရပါတယ်'' 
'' ကျွန်တော့်ကို ဆရာချစ် (သခင်ချစ်)က စာထုပ်တစ်ထုပ်ကို ဖျာပုံကို သွားပို့ခိုင်းလို့ပါ''
ကျွန်တော့်ပြောလိုက်သည့် စကားထဲတွင် ဆရာချစ်ဆိုသော စကားလုံးပါသွားသည်ကို ကြားလိုက်ရသော လူများသည် ကျွန်တော့်အား စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက် ကြပါသည်။
'' ကိုင်း... သွားမယ်ဗျာ၊ သခင်လှဖေ နောက်မှပဲ လာတော့မယ်'' သခင်သန်းထွန်းက ပြောပြောဆိုဆို နှုတ်ဆက်၍ ထလိုက်သည်။ ကျွန်တော့်အား ပြုံးပြ၍ နှုတ်ဆက်သည်။ သူ့အပြုံးသည် ကျွန်တော့်စိတ်ထဲတွင် မဲ့မဲ့ကြီး ဖြစ်နေသည်ဟု ထင်မိသည်။

''ဘာကိစ္စတဲ့လဲကွ''
''မသိဘူး''
'' သွားပေးလိုက်ပေါ့''
''မေမေ ဆူမှာစိုးလို့၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ကိုကိုလှကို လာပြောတာပါ''
သခင်လှဖေသည် အနည်းငယ် စဉ်းစားနေပြီး ကျွန်တော့်ပခုံးကို ရစ်သိုင်းဖက်လိုက်ပြီး အပြင် သို့ ခေါ်ထုတ်လာပါသည်။ ကျွန်တော်နှင့် သခင်လှဖေသည် ၅၁ လမ်းမှသည် ဒီဒုတ်တိုက်ရှိရာ ၄၇ လမ်းသို့ ထွက်လာ ခဲ့ကြသည်။ လမ်းတစ်လျှောက်လုံး သခင်လှဖေသည် တစ်ခုခုကို လေးလေးနက်နက် စဉ်းစားလာ သည့် အနေဖြင့် စကားမပြောဘဲ လျှောက်လာပါသည်။
'' ဟော သခင်လှဖေ ဘယ်ကလာတာလဲ၊ ပြောထားတဲ့ဆောင်းပါးရေးဖြစ်လား''
 မြန်မာဆန် လွန်း၍ ပိန်ပိန်ပါးပါး၊ သျှောင်တစ်စောင်းနှင့် ကျက်သရေရှိသော လူတစ် ယောက်ဖြစ်ကြောင်း ကျွန်တော် သတိထား လိုက်မိသည်။ ထိုပုဂ္ဂိုလ်သည် ဒီးဒုတ် ဦးဘချိုဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သိပါသည်။

''မရေးရသေးဘူး ဆရာ၊ အလုပ်တွေက များ ...၊ နယ်ဆင်းတရားဟောနေရတာနဲ့ မရေးဖြစ်ပါဘူး ...၊ ရေးပြီး ရင်တော့ လာပေးပါ့မယ်''
'' သခင်လှဖေ ငွေလိုလို့လား''
''မဟုတ်ဘူးဆရာ၊ ဒါ ကျွန်တော့် ညီငယ်ပါ၊ မြို့မကျောင်းမှာ နေပါတယ်၊ သူက ဖျာပုံကျောင်းသားများသမဂ္ဂမှာ ဥက္ကဌ လုပ်ခဲ့တယ်၊ သပိတ်လည်း လှန်ရော ကျောင်းက အထုတ်ခံလိုက်ရပြီး ...၊ မေမေက ရန်ကုန်မြို့မကျောင်း မှာ ပြန်ထားရပါတယ်၊ ဒီနှစ် ဆယ်တန်းဖြေရမယ်''
ဒီဒုတ်ဦးဘချို သည် ကျွန်တော့်အား မြန်မာစာနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သော ဗဟုသုတ ဖြစ်ဖွယ်များကိုဆုံးမပြောကြားပါသည်။ ''မောင်မောင် .. မင်းဘယ်တော့ သွားမှာလဲ''
''ဒီည ပဲ သွားရမယ်၊ ကျောင်းကလည်း ခွင့်နှစ်ရက် ပေးတယ်''
'' ဒီလိုလုပ်ကွာ၊ မေမေ့ဆီကို ငါ စာတစ်စောင် ရေးပေးလိုက်မယ်၊ မင်းကို ငါလွှတ်လိုက်လို့ လာတယ်ပဲပြော ကြားလား''

''ဟုတ်ကဲ့...''
ကျွန်တော် အလွန်ဝမ်းသာသွားပါသည်။ အကြောင်းပြချက် တစ်စုံတရာမရှိဘဲ ဖျာပုံသို့ ကျွန်တော်မပြန်ရဲသည်ကို အစ်ကိုဖြစ်သူက တာဝန်ယူလိုက်သဖြင့် စိတ်ပေါ့ပါးသွားရပါ တော့သည်။ သခင်လှဖေသည် ဒီးဒုတ်တိုက်မှာပင် စာတစ်စောင် ရေးပေးပါသည်။ စာထဲတွင် နယ်သို့ ခရီးထွက် ဟောပြောနေရသဖြင့် အိမ်မှပို့လိုက်သောငွေများ ကုန်သွားကြောင်း နောက်ထပ် ငွေငါးဆယ်ခန့်ကို ကျွန်တော့်အား အယူခိုင်းလိုက်ကြောင်း ပါရှိပါသည်။
ရန်ကုန်- ဖျာပုံ သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းမှ နေ့လယ် ၂ နာရီတွင် ထွက်လာပါသည်။ ကျွန်တော်သည် မိခင်အတွကင် စပျစ်သီး၊ စားသောက်ဖွယ်ရာများနှင့် ကျွန်တော်၏ ငယ်ဆရာဖြစ်သော အောင်မြေဘုံသာတိုက် ဆရာတော်ဦးအာစရ အတွက် ချီစာကိတ်များ ၀ယ်ယူလာခဲ့ပါသည်။ အစ်မများအား အပြန်တွင် ပိုက်ဆံတောင်း ၍ ကောင်းအောင် ပုလဲအတု ပုတီး ၂ ကုံးကိုလည်းဝယ်ယူလာခဲ့ပါသည်။

''ဟေ့ ... မောင်မြလှိုင်၊ ဘယ်လဲ... ဖျာပုံ ပြန်မလို့လား''
'' ဟုတ်တယ် ... နေရာရှိလား ''
''ရပါတယ် မျှတထိုင်သွားတာပေါ့ကွ၊ နို့၊ ကျောင်းပိတ်ပြီးလားကွ''
''ဟင်းအင်း... မပိတ်သေးဘူး၊ ခဏကိစ္စရှိလို့မှာတာနဲ့ ပြန်ခဲ့တာပါ''
လမ်းခရီး တွင် စပ်စုသူက မိမိကိစ္စမဟုတ်ပါဘဲ စပ်စုနေသည်ကို စိတ်မပါဘဲ ဖြေကြားလိုက်ရပါသေးသည်။ ထိုသို့ဖြေကြားနေရာ မှ တစ်ဘက်ဘေးကို ကြည့်လိုက်သောအခါ  ဖျာပုံမြို့မ စုံထောက် ကိုအောင်သန်း ဆိုသူကို တွေ့လိုက်ရသဖြင့် စိုးထိတ်မိလေသည်။ ကျွန်တော်သည် စုံထောက်ဆိုသူများနှင့် တွေ့ ရမှာကြောက်ရွံ့ သလို မိမိကိုယ်တိုင်သည် ဗြိတိသျှအစိုးရ ဆန့်ကျင်ရေးတွင် တစ်နည်းတစ်ဖု့ ပါဝင်ပတ်သက်နေသည့် အတွက် လည်း အလိုလို သွေးလန့်နေသည်ဟု ဆိုလျှင် မမှားပေ။

''မောင်မြလှိုင် ... ခု ဘယ်ကျောင်းမှာ နေသလဲကွ''
''မြို့မအမျိုးသား အထက်တန်းကျောင်းမှာပါ''
ကျွန်တော် သည် ကိုအောင်သန်းဆိုသူနှင့် ကြာရှည်စွာ စကားမပြောလိုသဖြင့် တိုတိုတုတ်တုတ်ဖြေပြီး တစ်ဘက် သို့ လှည့်နေလိုက်မိသည်။ သို့သော်ကိုအောင်သန်းသည် စုံထောက်ပီပီ စပ်စုပြန်သည်။
''ဖျာပုံကျောင်း မှာ ဘာလို့မနေတော့တာလဲကွဲ့''
''ကျောင်းထုတ်ပစ်လိုက်လို့ပါ''
ကျွန်တော့်စကား က တိုတောင်းလွန်းလှသည်။ သို့သော် မတတ်နိုင်ပြီ။ ဗြိတိသျှ အလိုတော်ရိ ဗြိတိသျှ အုပ်ချုပ်ရေး ၀န်ထမ်း တစ်ဦးအား ကျွန်တော်ခြေခြေငံငံ မဆက်ဆံလိုပေ။ ကိုအောင်သန်းသည် ခေါင်းကလေးကို တဆတ်ဆတ် ညိတ်ရင်း သူ့မေးဖျားမှ ကျင်စွယ်က လးကို စမ်းသပ်စဉ်းစားနေပါသည်။ ကျွန်တော ကမူ ကျောင်းသားသပိတ် မှောက်စဉ်က "ပုလိပ်...ပုလိပ်.. အို့အို့" ဆိုသော ကြွေးကြော်သံကို စဉ်းစားရင်း တစ်ချက်ပြုံး လိုက်မိသည်။ ကိုအောင်သန်းက ကျွန်တော့်မျက်နှာပေါ်တွင် လျှပ်တပြက်ရောက်ရှိလာသော အပြုံး ကို သတိ ထားလိုက်မိဟန်တူသည်။

"တစ်ယောက်ထဲ ..ဘာများသဘောကျနေတာလဲကွ .. မောင်မြလှိုင်၊ တို့များ မသိရဘူးလား"
"အော်...သပိတ်တုန်းက "ပုလိပ်-ပုလိပ်...အို့အို့" လို့ အော်ခဲ့တာကို ပြန်သတိရမိလို့ပါဗျာ"
ကျွန်တော်က တဲ့တိုးပြောချလိုက်သည်။ စိတ်ထဲမှလည်း ကိုအောင်သန်းအား အာဂစုံထောက် တစ်ယောက်ပါလား ဟု ချီးကျူးလိုက်မိသည်။ ထိုသို့ပြောလိုက်ပြီးနောက် ကိုအောင်သန်း၏ မျက်နှာကို ကျွန်တော် က စူးစမ်းသလို ကြည့်မိသည်။ ကျွန်တော်နှင့် အကြည့်ချင်းဆုံသော အခါ သူက သော့သော့ ကလေး တစ်ချက် ရယ်လိုက်ပြီး အောက်ပါစကားကို ဆိုသည်။
"မောင်မြလှိုင် က ကိုယ်တို့ကို ဘယ်လိုသဘောထားနေတာသလဲကွ... မသိရဘူးလား..ဟွန်း၊ ဟွန်း"
"စိတ်မဆိုးဘူး၊ မှတ်မထားဘူးဆိုရင်တော့ ပြောချင်တယ်ဗျာ"
"အိုကွာ စိတ်မဆိုးပါဘူး ...၊ ကဲ.. ပြောပြစမ်းပါဦး"
"တစ်ပါးကျွန်သက်သက်... အလို တော်ရိတွေလို့ မြင်တယ်ဗျာ"

ကျွန်တော်က အရှိန်ရလာပြီ ဖြစ်၍ ဘာမျှစဉ်းစားမနေတော့ပဲ စွတ်၍ ပြောချလိုက်ပါသည်။ စောစောက ကျွန်တော် အား နေရာပေးထိုင်ခွင့်ပြုထားသော ကိုကောက်ကမှု ကိုအောင်သန်း မမြင်အောင် ကွယ်လျက် ကျွန်တော့်အား လက်ကုတ် တားမြစ်ပါသည်။
ကိုအောင်သန်း သည် ကျွန်တော့်ပြောစကားများကို မျက်မှောင်ကုတ်ျ၍ နားထောင်ရင်း သူ့ဘေးမှ ခရီးသည်များ ကို မျက်လုံးဝေ့ကာ ကြည့်လိုက်ပါသည်။ ခရီးသည်များကမှု နေရင်း ထိုင်ရင်း အမှုပတ်မည်ကို ကြောက်ရွံ့၍ လား မသိ ခေါင်းမြီးခြုံ၍ အိပ်နေသူ မကြားဟန်ဆောင် နေသူအဖြစ် မသိလိုက် မသိဘာသာ နေကြသည် ကို တွေ့ရပါသည်။
"အင်္ဂလိပ် အစိုးရလက်အောက်မှာ အမှုထမ်းတိုင်း အလိုတော်ရိတွေ မဟုတ်ပါဘူးကွာ၊ ၀မ်းရေး ကြောင့် အလုပ်လုပ်နေ သလို၊ တာဝန်ဝတ္တရားကြောင့် သူ့ဆန်စားပြီး ရဲနေရသူတွေ တပုံကြီး ရှိပါတယ်။ မောင်မြလှိုင် တို့များ ကို တပါး ကျွန်အလိုရိတွေလို့ မြင်တာကို ကိုယ်တို့ ရှင်းလင်းစရာ မလိုပါဘူး။ ဒါပေမဲ့ ကိုယ်တို့ကြောင့် အရေးယူမခံရတဲ့ လူတွေ အများကြီးရှိတယ် ဆိုတာတော့ ယုံပါ။.

ကိုင်း....လက်ဖက်ရည်လိုက်သောက်ပါဦးကွ"
"နေပါစေ...ကျေးဇူးတင်ပါတယ်ဗျာ"
ကိုအောင်သန်း ထသွားသောအခါ ကိုကောက်သည် ကျွန်တော့်အား ပုလိပ်တို့ စုံထောက်တို့နှင့် ရန်မဖြစ်ဖို့ ဆုံးမ တားမြစ်ပါသည်။
"ဒီမယ်မှတ်ထား၊ အာဏာကို အသုံးချနိုင်တဲ့လူနဲ့  ဘယ်တော့မှ သွားပြီးထော်လော်ကန့်လန့် မလုပ်လေ နဲ့ ရေလိုက်ငါးလိုက် နေတတ်ဖို့လိုမယ်၊ မဟုတ်ရင် ခံသွားရမယ်မောင်... အဲဒါမင်း မသေမချင်းသာ မှတ်ထား၊ ခုနလို.. ပုလိပ်စုံထောက်မျိုးနဲ့ဆို သာလိုပ ဝေးဝေးရှောင်၊ သူတို့ ကဒုက္ခပေးနိုင်တဲ့ လူတန်းစားမဟုတ်လားကွ"
မှန်ပါသည်။ ကိုကောက်သည် ကျွန်တော်အပေါ်တွင် ညီငယ်ကဲ့သို့ ဆုံးမခြင်း ဖြစ်ပါသည်။ ကိုေိအာင်သန်းသည် ကျွန်တော်တို့ ဖျာပုံမြို့၏ မြို့မ စုံထောက်တစ်ဦး ဖြစ်ခြင်းကြောင့် သူ့တွင် ထိုက်သင့်သော အခွင့်အာဏာ များရှိနေပါသည်။ ယင်းအခွင့်အာဏာရှိသူအား မိမိက ဘာ ကောင်မျှ မဟုတ်ဘဲ အတိုက်အခံ ပြောဆိုလုပ်ကိုင်ခြင်းသည် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာလျှင် ဖြစ်ပေမည်။ ထို့ပြင် ကျွန်တော်သည် ယခု အခါ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ငန်းတွင် တစ်စိတ် တပိုင်း ပါဝင်ဆောင်ရွက်ခြင်း ကြောင့် အစစအရာရာ ဂရုစိုက်နေထိုင် ရန် အထူးလိုအပ်လှပါ သည်။

"ကျေးဇူးပါပဲဗျာ၊ ကျွန်တော်လည်း ပုလိပ်မုန်းတဲ့ စိတ်က ဇောကပ်နေတော့ ပုလိပ်ဟေ့ ဆိုတာ နဲ့ တစ်ပြိုင်နက် ခဲနဲ့ ကောက်ထု လိုက်ချင်စိတ် ပေါ်လာတယ်။ ဟင်း..ဟင်း"
ထိုအခိုက် သင်္ဘောပပေဲ့ကိုင်မှ ကလေးတစ်ယောက်သည် လက်ဖက်ရည်နှင့် မုန့်ပန်းကန် တစ် ချပ်ကို လာချပေး ပါသည်။ ထိုသူငယ် လက်ညှိုးညွှန်ရာ ကြည့်လိုက်သောအခါ ကိုအောင်သန်း သည် ကျွန်တော့် ကို ခြေဟန်လက်ဟန်ဖြင့် သူပို့ပေးလိုက်ခြင်း ဖြစ်ကြောင်း အချက်ပြလျက်ရှိ ပါသည်။
"တောက် ...ပုလိပ်က လက်ဖက်ရည် တိုက်ရတယ်လို့ကွာ၊ ကြားမကြားဖူးဘူးဟေ့၊ ဒီမယ်မြလှိုင်.. ဟိုပန်းကန် ထဲက မုန့်များကို အ၀အပြဲ နှံလိုက်ပြီး ၎င်းပြန်ရောက်မလာမီ စောင်ကိုဆွဲ၍ ခေါင်းမြီးခြံလိုက်ကာ အိပ်ဟန်ဆောင်နေ လိုက်ပါသည်။

မိခင်ကြီး သည် စာမေးပွဲနီးခါမှ အိမ်သို့ ခေတ္တပြန်လာသော ကျွန်တော်အား သဘောကျသည့် အသွင်ဖြင့် လက်ခံ တွေ့ဆုံ ပါသည်၊ အမှန်မှာ ကျွန်တော်အား သဘောမကျသည့် အသွင်ဖြင့် လက်ခံတွေ့ဆုံပါသည်၊ အမှန်မှာ ကျွန်တော်ပြန်လာခြင်းကိုသာ တိတိကျကျ သိမည်ဆိုလျှင် ကျွန်တော်အား ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျောင်းနေစဉ်တွင်း နိုင်ငံရေးကိစ္စများကို မဆောင်ရွက်ရပါဟု ကတိပေး ထားခြင်း ကြောင့်ဖြစ်ပါသည်။ ကျွန်တော် မိခင်သည် အခြားမိခင်များကဲ့သို့ အမြင်ကျည်းသော မိဘမျိုး မဟုတ် ပါပေ။ သူကိုယ်တိုင်က မြန်မာ့စီးပွားရေး၊ မြန်မာ့လူမှုရေးနယ်ပယ် တို့တွင် ခြယ်လှယ်လွှမ်းမိုး တိုးဝင်တွင် ကျယ်လျက် ရှိသော နိုင်ငံခြားသားများနှင့် ငွေရှင်ကြေးရှင်များကို သူ့နည်းသူ့ဟန်ဖြင့် တိုက်ဖျက်နေသော  မြန်မာ မျိုးချစ် အမျိုးသမီးတစ်ယောက် ဖြစ်ပါသည်။ အတွေးအခေါ် အယူအဆ နှင့် သားသမီး များအား ဆုံးမညွှန်ကြားရာ ၌ ဖျာပုံမြို့ တွင် ရှိကြကုန်သော သားသမီးများက စံထားရသူလည်း ဖြစ်ပါသည်။
"ငမောင်.. နင် ..ဘာလုပ်ပြန်လာတာလဲ"
"ကိုကိုလှက ငွေယူခိုင်းလိုက်လို့ပါ"

"မကြာသေးခင်ကပဲ ငွေတစ်ရာ မန်နီအော်ဒါနဲ့ ပို့လိုက်တာ ကုန်ပြီတဲ့ လား...ဟင်"
"သား...သေသေချာချာတော့ မသိဘူး၊ မေမေ"
"အေး...အကြောင်ပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့တော့ မပေးနိုင်ဘူး၊ လှဖေကို ပြောလိုက်"
မိခင်ကြီး ၏ တစ်ချက်လွှတ်အမိန့် အောက်တွင်၊ ညီကိုမောင်နှမများ တုတ်တုတ်မျှ မလှုပ်ရဲကြ ပေ။
ကျွန်တော် သည် မိမိအတွက် င၀က်က ၀င်ကျွန်ခံသည့် သဘော သက်ရောက်နေသည့် အစ်ကိုဖြစ်သူ ကိုလှဖေ အတွက် စိတ်မကောင်း ဖြစ်မိပါသည်။ ကျွန်တော် ဖျာပုံသို့ အကြောင်းမဲ့ ပြန်လာခြင်း နှင့် ပက်သက်၍ မိခင်၏ ကြိမ်းမောင်း မာန်မဲခြင်းမှ လွတ်စိမ့်သောငှာ ယခုကဲ့သို့ဆင်ဖဲရိုက် ဓာစာခံခြင်းဖြစ်ပါသည်။

ကျွန်တော်သညြ် မိခင်နှင့် စကားပြောဆိုပြီးသောအခါ ရန်ကုန်မှ သယ်ဆောင်လာသော စာထုပ်ကို ကိုအုန်းမောင်တို့ လူသိုက်အား ပေးရန် ရှိသဖြင့် လက်ဖက်ရည်ဝိုင်းမှထ၍ သူငယ် ချင်းများထံ သွားရောက်မည်ဖြစ်ကြောင်း မိခင်အား ခွင့်ပန်လိုက်ပါသည်။ မိခင်ကြီး၏ ခွင့်ပြုချက် ရသည်နှင့် တစ်ပြိုင်နက် ကျွန်တော်သည် ရန်ကုန်မှ သယ်ဆောင်လာသော စာအိတ်ကို လွယ်အိတ်တွင် သေသပ်စွာ ထည့်ပြီး ကိုအုန်းမောင် နေထိုင်ရာ မြို့ ပတ်လမ်းဆီ သို့ သုတ်ချေတင်ခဲ့ပါသည်။ (ဤကိုအုန်းမောင်သည် နိုင်ငံဂုဏ်ရည် ဒုတိယအဆင့်ရှိသော လေထီးအုန်းမောင် ဖြစ်ပါသည်။) ကိုအုန်းမောင်သည် ကျွန်တော်ကို တွေ့လျှသ် တွေ့ချင်း အိမ်ထဲမှနေ၍ လှမ်းအော်လိုက်သည်။
"ဟေး.. ခွေးမသား မြလှိုင်၊ ဘယ်တုန်းကရော်က်သလဲ ဟိတ်"
"ညကပဲ... "
"ထိုင်ဦးကွာ... "
"ဟင့်အင်း.... ကိစ္စရှိတယ်၊ လာဗျာ.. ဗိုလ်ကောကျောင်း သွားရအောင်"

ကိုအုန်းမောင်သည် စားလုဆဲဆဲ ထမင်းကြမ်းနှင့် ပဲပြုတ်ပန်းကန်ကို ညီမဖြစ်သ မရင်မေအား ကမ်းပေးလိုက်ပြီး ရယ်စရာပြက်လုံးတစ်ခုကို ပြောလိုက်လေသည်။
"မြလှိုင် ...ခွေးမသား ... ခဏစောင့်ဦးကွာ။. အဟောင်းချွတ်ပြီး အညစ်လဲလိုက်ဦးမယ်"
"အောင်မယ်၊ အစ်ကိုတို့များ ..ကိုမြလှိုင်လဲ မြင်ရော စားနေကျထမင်းကြမးနဲ့ ပဲပြုတ်ကို ကာပြန်တော့တာပဲ...၊ ဟင်း...ဟင်း... "
"အေးဟ၊ ငါညထဲက ပါစပ်တွေ လှုပ်နေတာ၊ ခု ခွေးမသား ဆိုင်းမပါ ဗုံမမဆင့် ရောက်လာတာ နဲ့ အတော်ပဲ၊ ဒီကောင်မပြန်မချင်း ငါ အိမ်မှာ ထမင်း မစားဘူးဟေ့"
ကိုအုန်းမောင်စကားကြောင့် တစ်အိမ်သားလုံး ၀ိုင်း၍ ရယ်မောကြသည်။ ကိုအုန်းမောင်နှင့် ကျွန်တော်သည် ငယ်စဉ်တောင်ကျေး ကလေးဘ၀မှစ၍ အတူ တကွ ဂွေလှိမ့် ၊ ခိုဖမ်း လုပ်လာ ခဲ့သည့် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ ကျွန်တော်သည် ပိုက်ဆံ အလွန်သုံးသော ကလေး တစ်ယောက်ဖြစ်သည်။ အိမ်မှ ပေးသော မုန့်ဖိုးအပြင် အဒေါ်၊ ဦးလေးများက ပေးသေးသည်။ ထို့ပြင် မှန်တင်ခုံအံဆွဲတွင် သော့ခတ်ထားခြင်းမရှိဘဲ ငွေခွက်များဖြင့် ထည့်ထားသည့် အိမ်လခငွေများကို အချိန်မရွေး နှိုက်ယူသုံးစွဲခြင်းည်း ပြုသည်။

ထို့ကြောင့်ပင် ကိုအုန်းမောင် အနေဖြင့် တစ်ခါတစ်ခါ  ကျောင်လခ အခက်အခဲတွေ့သည့်အခါ ကျွန်တော်ပင် စိုက်ထုတ်ပေးနိုင်ခဲ့သည်။ ကိုအုန်းမောင်တို့ မိသားစုသည် ဖခင်ဖြစ်သူ တစ်ဦးတည်း၏ လစာဖြင့် ရပ်တည်ရသဖြင့် ပေါပေါများများ မရှိလှ သော်လည်း ရသည့်ငွေကို စနစ်တကျ သုံစွဲ နေထိုင်ကြသော မိသားစုတစ်ခု ဖြစ်ပါသည်။ ကျွန်တော်သည် သူငယ်ချင်း အပေါင်းသင်းများ သော လူငယ်တစ်ယောက် ဖြစ်ပါသည်။ မိမိ၏ ငွေကြေးအရှိန်အ၀ါ နှင့် သာပေါင်းညာစား လုပ်သူများ အလွန် ပေါများလှသည့်အထဲတွင် ကိုအုန်းမောင်သည် ကျွန်တော့်အား အစစအရာ ရာ ကောင်းရာလမ်းသို့ ညွှန်ပြသော သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် လည်း သူ့အား ကျွန်တော်က ခင်မင်ရင်နှီးသလို  လေးစားမှုလည်း ရှိခဲ့ရပါသည်။

လမ်းသို့ရောက်သောအခါ ကိုအုန်းမောင်က ကျွန်တော်လက်ကို ဆွဲ၍ ရပ်တန့်လိုပ်ပြီး မေးခွန်း များကို မေးပါတော့သည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် ဆောင်ရွက်ဖွယ်ကိစ္စများကို ညွှန်ကြားထားသည့် အတိုင်း ဆောင်ရွက်နိုင်ခဲ့ပုံနှင့် ဆရာချစ် (သခင်ချစ်) အိမ်မှအပြန် စုံထောက်လိုက်ခံရသည့် အကြောင်းများကို ပြောပြလိုက်ပါသည်။
"မင်း... စာမေးပွဲ မပြီးခင် တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ကွာ"
"ကျွန်တော်လည်း ဒီဆယ်တန်းစာမေးပွဲ ကို အေးအေးချမ်းချမ်း ဖြေပြီး သွားချင်တယ်။. ကျန်တာတော့ ဖြစ်ချင်ရာ ဖြစ်ပါစေ၊ ကျွန်တော်ဆုံဖြတ်ထား ပြီးပါပြီ ဒါထက် သင်္ဘောပေါ်မှာ စုံထောက် ကိုအောင်သန်း ကြီးနဲ့ တွေ့ခဲ့ရတသေးတယ်လေ၊ ကျွန်တော်လည်း သပိတ်တုန်းက နာကျည်းထားတော့ ဘုကြီးတောပစ်လိုက်တယ်"

ဆက်ရန်
.

No comments: