ကြွေခွက်ထဲက အိမ်မြှောင်
အိမ်သာထဲဝင်လိုက်ကတည်းက ကြွေခွက်ထဲမှာ အိမ်မြှောင်တစ်ကောင် ပြုတ်ကျနေတာ သတိထားမိတယ်၊ ဒါပေမယ့် ခါတိုင်းလဲ ဒီလိုပဲ ကြွေခွက်ထဲမှာ ပိုးဟပ်တို့ ဘာတို့ ပြုတ်ကျနေကျဆိုတော့ သိပ်အလေးအနက် မထားမိပါဘူး၊ အမှတ်တမဲ့ပဲ ကြည့်လိုက်တာ၊ ခဏနေရင် ထွက်သွားမှာပဲ အောက်မေ့ လိက်တာပေါ့။
သတိထားကြည့်လိုက်တော့ အိမ်မြှောင်မကြီးမငယ် အရွယ်လတ်လတ်၊ မျက်နှာ်ကျက်က မတော်တဆ ပြုတ်ကျ လာပုံရတယ်။ သူ့ရဲ့ သန်စွမ်းတဲ့ ခြေတွေ လက်တွေနဲ့ သွက်သွက်လက်လက် တက်လာနေတယ်။ ကျွန်တော် လည်း သူ့ကို ခဏစောင့်ကြည့်နေလိုက်တယ်။ အိမ်မြှောင်က တော်တော် သန်တယ်ပြောရမယ်။
ကြွေခွက် နှုတ်ခမ်းစပ်နားအထိ ရောက်နေပြီ။ ဒါပေမဲ့ ကြွေခွက်မျက်နှာပြင်ကြောင်ချာနေတော့ သူ့မှာ အတော် ကုပ်တွယ်ပြီး တက်နေရတယ်။ ၉၀ ဒီဂရီမတ်နေတဲ့ ကြွေခွက်နှုတ်ခမ်းကို သူတွယ်တက်ဖို့ အတော် အခက်အခဲတွေ့နေပုံရတယ်။ အဲဒီအစပ်နားမှာပဲ ယက်ကန်ယက်ကန်နဲ့၊ နောက်ဆုံး သူခြေတစ်ချက် ချော် သွားပုံရ တယ်။ လျှောခနဲ အောက်ကိုပြန် ကျလာခဲ့တယ်။ ဒါပေမဲ့ သူကလည်း အင်မတန် စမတ်ကျတဲ့ အိမ်မြှောင် ပဲ။ ဟိုးအောက်ရေထဲအထိ ကျမသွားအောင် အရှိန်အမြန် သတ်လိုက်နိုင်တယ်။ မြင့်မားလှတဲ့ အိမ်မျက်နှာကျက်တွေ မှာတောင် ပက်လက်တွယ်ပြီး သွားလာနေတဲ့ အကောင်မဟုတ်လား။ အခုလို ဘာမဟုတ် တဲ့ ကြွေခွက်ကလေး လောက်ကိုတော့ သူက သိပ်ပြီး စိုးရမ်ပုံမပေါ်ဘူး။ သွက်သွက်လက်လက် တက် လာပြန်တယ်။ တဖြည်းဖြည်းနဲ့ ကြွေခွက်နှုတ်ခမ်းနားတောင် နီးလာပြန်ပြီ။
ကျွန်တော် လည်း ဒီတစ်ခေါက်တော့ ဒီအိမ်မြှောင် အပေါ်ရောက်လောက်ပြီလို့ ကျိန်းသေတွက်လိုက်တယ်။ ဟုတ်တယ်လေ စောစောက ခြေချော်လက်ချော်ဖြစ်ပြီး ပြန်ကျသွားတာ မဟုတ် လား။ စောစော က ရောက်ခဲ့တဲ့ နေရာနားတောင် ပြန်ရောက်နေပြီ။ သူ့ရဲ့ ရှေ့ခြေထောက် က ကြွေခွက်နှုတ်ခမ်း ကိုတောင် ကုပ်တွယ်ထားပြီး ကျွန်တော်ကလည်း သူ့ကို မြန်မြန်လွတ်မြောက်စေချင်လှပြီ။ ဒါမှ ကျွန်တော် လည်း အပေါ့အပါး သွားလို့ရမှာ မဟ်ုတ်လား။ ဒါပေမဲ့ ဒီတစ်ခါလည်း သူဟာ ချော်ကျ သွားပြန်ပါတယ်။ ဒီတစ်ခါတော့ သူကျသွားတဲ့ အရှိန်ကများတော့ ဟိုးရေစပ်နားရောက်လုစဲစဲပဲ။ အဲဒီနေရာမှာ သူဟာ ယက်ကန် ယက်ကန် နဲ့ အဲဒီနေရာကလည်း အောက်က ရေပိုက်နဲ့ စပ်ထားတဲ့ နေရာ ဆိုတော့ ၉၀ ဒီဂရီမတ် လို့ သူ့မှာ အတော်ကြီး ရုန်းကန်တက်နေရတယ်။ နောက်ဆုံးတော့ သူကြွေခွက်ထဲ ကို ပြန်တက်လာနိုင်ခဲ့တယ်၊ ဒါပေမဲ့ အတော်ကြီး မောပန်းနေပုံပဲ အရင်လိုသွက်သွက်လက်လက်ပြန်တက်ဖို့ မကြိုးစားသေး ဘဲ ရောက်တဲ့နေရာမှာပဲ ငြိမ်ပြီးအမောဖြေနေခဲ့တယ်။
ဒီတစ်ခေါက်တော့ သူဟာ အတော်လေး စိုးရိမ်လာပုံရပါတယ်။ ခြေလှမ်းတွေကို တဖြည်းဖြည်း လေးလေးနဲ့ တစ်လှမ်းချင်း လှမ်းနေပါတယ်။ ဒီတစ်ခါတော့ ခြေလှမ်းအမှားမခံတော့ဘူးလို့ ဆုံးဖြတ် ထားပုံရပါတယ်။ ရှေ့ ခြေလှမ်းသေချာမှ နောက်ခြေလှမ်းက လိုက်လာပါတယ်။ အရင်လို ခန္ဓာကိုယ်လေးကို ဘယ်လူးညာလူး နဲ့ မရပ်မနားတက်မလာတော့ဘူး။ နားနားပြီးမှ တက်လာခဲ့တယ်။ အတွေ့အကြုံက သူ့ကို သင်ကြား သွားခဲ့ပြီ မဟုတ်လား။
ဒီလိုနဲ့ သူဟာ ကြွေခွက်ပြင်ကြီးရဲ့ အတိုဆုံးလမ်း ကြောင်းကနေ နှုတ်ခမ်းနားအထိ ရောက်လာခဲ့ပြီး၊ သူဟာ အဲဒီနေရာ မှာ အတော်ကြာကြာကြီးကို ရပ်နားပြီးမှအပေါ်တက်ဖို့ ကြိုးစားတော့တယ်။ ဒီနေရာဟာ သူ့အတွက် အရေးအကြီးဆုံး အဆင့်ပဲဆိုတာ သူလည်း နားလည်ထားပုံရတယ်။ ကျွန်တော့် စိတ်ထဲက ကျိတ်ပြီး သူ့ကိုယ်စား စိတ်ပူနေမိတယ်၊ ဒီတစ်ခါရော အောင်မြင်ပါ့မလား၊ ကျွန်တော့်စိတ်ထဲက ကျိတ်ပြီး ဆုတောင်းပေးနေ မိတယ်။ ဒီတစ်ခါတော့ ချောချောမောမော ဖြစ်ပါစေပေါ့။
အိမ်မြှောင်ဟာ အလုံအလောက် အားမွေးညပီးသွားတော့မှ သူ့ကိုယ်သူ မာန်တင်းပြီး အပေါ်ကို တက်ဖို့ စတင်ကြိုးစား ပါတော့တယ်။ ဒီတစ်ခါတော့ သူက နည်းဗျူဟာ ပြောင်းလိုက်တယ်၊ အရင်အခေါက်တွေ ကလို နှုတ်ခမ်းနားမှာ အကြာကြီး ကုပ်ကပ်တွယ်တက်မနေတော့ဘူး၊ အရှိန်နဲ့ အဟုန်နဲ့ ပြေးပြီး တက်ဖို့ကြိးစား တယ်၊ ကျွန်တော်လည်း သူ့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို စိတ်ထဲက အမှတ်တွေပေးနေမိတယ်။ သူဟာ တစ်ကိုယ်လုံး မှာ ရှိသမျှအားကို စုစည်းပြီး အပေါ်ကို အတင်ြးေးတက်လာပါတော့တယ်၊ သူတွက်ထားသလိုပဲ ၉၀ ဒီဂရီ နှုတ်ခမ်းအစပ်နား သူ့ရဲ့ ပြေးတက်လာတဲ့ အရှိန်နဲ့ အပေါ်ကို ရောက်လုဆဲဆဲ၊ ကျွန်တော်လည်း လက်သီး လက်မောင်းတန်းပြီး အားပေးတော့မယ့် ဆဲဆဲ၊ သူဟာ သူ့ခန္တာကိုယ်ရဲ့ အရှိန်ကို သူမထိန်းနိုင် ပဲ ကြွေခွက်ထဲ ကို တလိမ့်ခေါက်ကွေး ပြန်ကျသွားပါတော့တယ်။
ဒီတစ်ခါတော့ သူကျပုံကျနည်းက ပုံမကျ ပန်းမကျိနဲ့မို့ ရေပိုက်အ၀ထိ ပြုတ်ကျသွားပါတော့တယ်၊ ရေထဲမှာ သူဟာ အတင်းရုန်းကန်ပြီး ခေါင်းကို ဖော်ထားတယ်၊ ရေပိုက်အ၀လေးမှာ ၃၆၀ ဒီဂရီ လည်ပြီး ယက်ကန် ယက်ကန် လုပ်နေခဲ့တယ်။ ကျွန်တော်လည်း ဒီတစ်ခါတော့ ဒီအိမ်မြှောင် အခြေအနေ မကောင်းဘူးလို့ စိတ်ထဲက မှတ် လိုက်မိတယ်။ ဒါပေမဲ့ အိမ်မြှောင်ဟာ ရေသတ္တ၀ါမဟုတ်သော်ငြား ရေထဲကနေ ရအောင်တော့ ရုန်းထွက် လာခဲ့တယ်။ အခုတစ်ခါတော့ မောရုံတင်မကဘူး ရေစိုထားတော့ ချမ်းလည်း ချမ်းနေခဲ့တယ်။ အိမ်မြှောင် ဟာ ရေစိုကြွက်စုတ် တစ်ကောင်နဲ့ တူနေခဲ့ပြီ။ သူ့ရဲ့ ဣနြေ္ဒသိက္ခာတွေလည်း အတော်ကို ကျဆင်းနေခဲ့ပြီ။ အိမ်အမိုး မျက်နှာကျက်မှာ အမြဲနေခဲ့တဲ့ကောင်က အိမ်သာကြွေခွက်ထဲက ရေထဲမှာ ကူးခတ်နေရတဲ့ ဘ၀ဆိုတော့ အတော်ပဲ့တဲ့ အနေအထားမဟုတ်လား။ အခုတော့ အအိမ်မြှောင်ဟာ သူ့ကိုယ်သူ ယုံကြည်မှုတွေတောင် အတော်လျော့ပါးနေပုံရပါတယ်။ လှုပ်ကို မလှုပ်တော့ဘဲ အကြာကြီးရပ်နေပါတယ်။ သူဟာ အတော်လည်း စိုးရိမ်ထိတ်လန့်နေပုံပါပဲ။ သူဟာ အတော်လည်း စိုးရိမ်ထိတ်လန့်နေပုံပါပဲ။ သူဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခုမှာ ရောက်နေ ပြီဆိုတာကို သဘောပေါက်လာပုံပဲ။
ကျွန်တော်လည်း သူ့အခြေအနေကို သဘောပေါက်လာတာနဲ့ သူ့ကို ဘယ်လို ကူညီရမလဲ စဉ်းစားကြည့်တယ်။ အနီးနားမှာ ရ။ှိတာကတော့ အိမ်သာဆေးတဲ့ အတံ၊ အဲဒီအတံလေးကို သူ ဘေးနားမှာ အရံသင့် တွယ်တတ်နိုင်အောင် သွားချပေးလိုက်တယ်။ ဒါပေမဲ့ သူဟာ အခုအချိန်မှာ ဘာကိုမှ အယု့အကြည်ရှိတော့ပုံ မပေါ်ပါဘူး။ ကျွန်တော် ချပေးထားတဲ့ အတံလေးကို လှည့်တောင်မကြည့်၊ ဒါနဲ့ ကျွန်တော်လည်း သူ့နားကို ထပ်တိုးပြီး ချပေးလိုက်တယ်။ ဒီမှာတင် သူကလည်း ဒါဟာ သူ့အတွက် အန္တရာယ်တစ်ခုလို့ ယူဆပုံ ရတယ်။ ဝေးရာကို ရှောင်ထွက်သွားတယ်။ ကျွန်တော်လည်း ဘယ်လိုကူညီရမလဲ မသိတော့ဘူး။
အော်ကြာကြာ အမောဖြေ၊ ပြီးတော့ သူလည်း ထပ်ပြီး ကြိုးစားပြန်တယ်။ ထုံးစံ အတိုင်း နှုတ်ခမ်းစပ်နားရောက်တာနဲ့လန်ကျပြီး အောက်ရောက်သွားပြန်တယ်။ရေထဲကျတာလည်း အကြိမ်ကြိမ် တစ်ကြိမ် ထက်တစ်ကြိမ် သူ့ရဲ့ခွန်အားတွေဟာ လျော့နည်းလာခဲ့ပုံရတယ်။ လှုပ်ရှားမှုတွေ နှေးကွေးလေးလံ လာခဲ့ တယ်။ သူဟာ အခုဆို အပေါ်တက်ဖို့တောင် သိပ်အားမထုတ်အားဘူး။ ရောက်တဲ့နေရာလေးမှာပဲ ကုပ်ကပ်နေတော့ တယ်။ သိပ်လည်း မလှုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှု လည်းပျေက်ဆုံး သွားပုံ ရပါတယ်။ ဘာမှ မမြင့်မားလှတဲ့ ကြွေခွက်နှုတ်ခမ်းလေးဟာ သူ့ဘ၀ရဲ့ အဆုံးသတ် ဖြစ်နေခဲ့တာကတော့ စိတ်မကောင်း စရာပေါ့။ ကျွန်တော် သူ့နေရာကနေကြည့်ပြီး စိတ်မကောင်းဖြစ်မေိတယ်။
သူ့အနေအထားက အခုအချိန်မှာ ရေနစ်နေတာတော့လည်း မဟုတ်ဘူး။ အခုထိလည်း ကြွေခွက်ရဲ့ အလယ်ကောင် မှာ ရပ်တည်နိုင်နေသေးတယ်။ တကယ့်ကို မတင်မကျ အနေအထား။ လူတစ်ယောက်ယောက် က အိမ်သာ ကို အသုံးမပြုမချင်း သူ့အတွက် အန္တရာယ်က မရှိသေးဘူးပြောရမယ်။ ဒါပေမဲ့ အိမ်သာဆိုတာ အချိန်ဇယား မရှိတော့ အချိန်မရွေး တစ်ယောက်ယောက် ရောက်လာနိုင်တယ် မဟုတ်လား။ ဒါဆိုရင်တော့ သူ့ အတွက် ချက်ချင်း ပဲ ကျသွားနိုင်ပါတယ်။ ဒီအတွက်လည်း သူ့မှာ တရစပ် ရုန်းကန်နေခဲ့တာ မဟုတ်လား။
ဒါပေမဲ့ သူဟာ အခုအချိန်မှာ ရုန်းကန်မှုကို ရပ်တန့်လိုက်ပုံ ရပါတယ်။ အမှန်တကယ် စိတ်လျော့လိုက်ပြီ လား။ ကံကြမ္မာရဲ့ ခေါ်ဆောင်ရာကိုပဲ လိုက်ပါဖို့ စိတ်ဆုံးဖြတ်လိုက်ပြီလား။ သူ့ရဲ့ နောက်ဆုံးအချိန်အတွက်ပဲ အသင့်ပြင်ထားလိုက်ပြီလား။ သူ့အတွက် စိတ်မကောင်းဖြစ်နေတာနဲ့ပဲ ကျွန်တော့်မှာ အပေါ့အပါး သွားချင် စိတ်တောင် ပျောက်သွားခဲ့ပါပြီ။ သူ့ကို ဒီအတိုင်းထားခဲ့ပြီး ထွက်သွားဖို့ လည်း စိတ်က မကောင်းဘူး။
သူ့ရဲ့ မခုလို ဒုက္ခ၊ သုက္ခတွေက မြန်မြန်လွတ်ကျွတ်အောင် သူ့ဘ၀ကို အဆုံးသတ်ပေးလိုက်ရရင် ကောင်မ လား ကျွန်တော် စဉ်းစားနေမိတယ်။ ကျွန်တော် ရေလောင်းချလိုက်ရင်တော့ သူ အခုလို ချမ်းချမ်းတုန်တုန် နဲ့ တရွတ်တွဲရွေ့နေမှာ မဟုတ်တော့ဘူး။ တစ်ခါတည်းရေနဲ့ မျောပါသွားပြီး ဒီဒုက္ခတွေကနေ စက္ကန့်ပိုင်း အတွင်း ကျွတ်လွတ်သွားမယ် မဟုတ်လား။ မသေမရှင် မဒုက္ခရောက်နေတာနဲ့စာရင် သေသွားတာကမှ ဒုက္ခ ငြိမ်းဦးမယ် လို့ တွေးနေမိတယ်။ တွေးရင်း တွေးရင်းလည်း ကျွန်တော့် အယူအဆတွေက ပိုပြီးခိုင်မာ လာခဲ့တယ်။
နောက်ဆုံး ကျွန်တော်လည်း ရင်နာနာနဲ့ပဲ ရေအင်တုံထဲက ရေကို ရေခွက်အပြည့်ခပ်ပြီး အရှိန်ပြင်းပြင်း နဲ့ လောင်းချလိုက်မိတယ်။ စိတ်ထဲကနေပြီး အိမ်မြှောင်လေးကို ခွင့်လွှတ် ဖို့ တောင်းပန်ရင်း နဲ့ပေါ့။ ရေခွက်ထဲက ရေတွေဟာ ရေပိုက်အ၀မှာ ၀ဲဂယက် တစ်ခုလို ပတ်ချာလည်ပြီး ဆင်းသွား တယ်။ ရှိသမျှအရာတွေ ကိုလည်း ဆွဲချသွားတယ်။ ပိုက်အ၀မှာ ရေတွေငြိမ်သွားတော့ ကြည့်လိုက်မိတယ်။ ဘာမှ မရှိတော့ဘူး။ အိမ်မြှောင် ကလေးဟာ Service tank ထဲရောက်ပြီး ရေမွန်းသေသွားမှာပါလို့ပဲ မှတ်လိုက်တော့ တယ်။
ဒါပေမဲ့ သေချာ အောင် ရေပိုက်အ၀လေး ကို ပြန်ကြည့်လိုက်မိတယ်။ တကယ့်ကို အံ့သြစရာပါပဲ။ အိမ်မြှောင်ကလေး ဟာ ရေနဲ့အတူ မပါသွားဘဲ ရေမျက်နှာပြင်ပေါ်မှာ ပြန်ပေါ်လာခဲ့တယ်။ ရေထဲကနေတတ်ဖို့ ယက်ကန် ယက်ကန်နဲ့ ရုန်းကန်နေပါတယ်။ ထုံးစံအတိုင်း ၃၆၀ ဒီဂရီ ပတ်ချာလှည့်လို့ နောက်ဆုံးမှာတော့ အိမ်မြှောင်လေး ဟာ ကြွေခွက်ထဲကို ပြန်လည်တက်လာနိုင်ခဲ့တယ်။ ကျွန်တော် ထင်ထားသလို အိမ်မြှောင် လေးဟာ သူ့အသက်ကို တဆုံးတွက်ထားပုံမရဘူး။ သူ့ရဲ့ ရှင်သန်ရေးအတွက် နောက်ဆုံးအချိန်ထိ ရုန်းကန် လှုပ်ရှားနေခဲ့ တယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်အတွက် အနည်းငယ် ရှက်သွား ခဲ့မိတယ်။ ရွှဲရွှဲစိုနေတဲ့ ရေတွေနဲ့ အိမ်မြှောင်ကလေး ကတော့ ရေပိုက်အ၀ ကနေ ကြွေခွက်မျက်နှာပြင်ပေါ် တရွေ့ရွေ့နဲ့ တက်နေဆဲ။
ခဏနေတော့ ကျွန်တော်လည်း အိမ်သာထဲက ထွက်လာခဲ့မိတယ်။ ကြွေခွက်ထဲက အိမ်မြှောင်လေးက တော့ အဲဒီမှာ ဆက်ပြီး ရှိနေတုန်းပဲ။ သူဟာ အဲဒီကြွေခွက် ထဲက လွတ်မြောက်သွားခဲ့သလား။ ဒါမှ မဟုတ် ရေနဲ့ အတူ မျောပါပြီးပဲ သေဆုံးသွားခဲ့သလား။ ကျွန်တော် မသိရဲတော့ပါဘူး။
ဒီနိုဗို
.

No comments:
Post a Comment