Tuesday, September 18, 2012

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၃)

''ဘာကွ၊ အကြမ်းမဖက်ရေးတဲ့၊ ဟုတ်လား၊ ဘယ်သူ့ကို အကြမ်းမဖက်ရမှာလဲ၊ ကြည့်ကြစမ်း၊ တို့လူတွေ အရိုက် ခံနေရတယ်၊ ဓားနဲ့ အခုတ်ခံနေရတယ်၊ မုဒိန်းအကျင့်ခံနေကြရတယ်၊ ဒါကို တို့က ငုံ့ခံနေကြရမှာလား၊ အကြမ်းမဖက်ရေး ဆိုတာ ဘာလဲ၊ ဂန္ဓီက အင်္ဂလိပ်လူမျိုးတွေကို၊ ချမ်းသာတဲ့ အိန္ဒိယလူမျိုးတွေကို၊ သူ့မိတ်ဆွေတစ်စု ရဲ့ ပစ္စည်းဥစ္စာတွေကို၊ လူချမ်းသာတွေကို ကာကွယ်ပေးနေတာ လား၊ ဘာလဲကွ အကြမ်း မဖက်ရေး၊ တို့တွေရဲ့ တကယ့်ရန်သူတွေကို အကြမ်းဖက်ရမယ်၊ တို့တွေရဲ့ ခံစားမှုတွေ ပေါက်ကွဲ လာတဲ့ တစ်နေ့မှာ မုန်တိုင်းတွေ ထန် လာစေရမယ်'' ကို ဆက်ဖတ်ရန်

သူသည် ထိုညနေက သူ့မိတ်ဆွေတစ်ယောက်ကို ထိုသို့ ဖွင့်အန်ခဲ့ဖူးသည်။ သူ့ကို ကွန်ကရက် အသိုင်းအဝန်း က ရှောင်ကြရှားကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မဟတ္တမဂန္ဓီ ကို ဝေဖန်တတ်၍၊ သူက လက်ယက်ထည် 'ခါဒီ' ကို ဝတ်ရန်လည်း ငြင်းဆန်သည်။ နိုင်ငံခြား အဝတ်အစားများကို မီးတင်ရှို့ပွဲကိုလည်း မထောက်ခံ။ သို့ဖြင့် ထိုခေတ်က အသိုင်းအဝန်းက သူ့ကို ကြဉ်လာကြသည်။ ၁၉၃၀ ခုနှစ်လောက်တွင် သူ ပျောက်သွားသည်။ နိုင်ငံရပ်ခြားတွင် သေဆုံးခဲ့သလိုလို ကောလဟလများ ထွက်လာသည်။ သို့သော်  နောက်ပိုင်းတွင် ဒေါက်တာ မိုဟန်လားလ်သည် စပိန်ပြည် ရောက်နေပြီး၊ တပ်မတော်တွင် အမှုထမ်းနေကြောင်း သတင်းများ ရလာသည်။ သူ လပ်ကနောင်းသို့ ပြန်လာသောအခါ ပေါင်ချိန် ၂၀ ခန့် လျော့နည်း ပြီး ပိန်လာသည်။ သူက စပိန်ပြည်အကြောင်း၊ ပြည်တွင်း စစ်အကြောင်းများ ပြောနေတတ်သည်။

သူ့နိုင်ငံရေးအယူအဆများကို လူတွေက လက်မခံကြ။ သို့သော် သူသည် အင်္ဂလန်ပြန် ရှားရှားပါးပါး သမားတော်ကြီး တစ်ဦး ဖြစ်သည်ကိုကား ဘယ်သူမှ မငြင်းနိုင်။ ထို့ကြောင့် သူ့ကို ကျန်းမာရေးအတွက်ကား အားကိုး အားထား ပြုကြရသည်။ သို့ဖြင့် သူ့သား သုံးယောက်သည်လည်း ပညာတတ် အသိုင်းအဝန်းတွင် ကြီးပြင်း လာခဲ့ကြသည်။ သူတို့ တစ်အိမ်လုံးတွင် အခန်းတိုင်း၌  စာအုပ်များ၊ တူရိယာပစ္စည်းများသည် လက်ညှိုးထိုး မလွဲ။ ဥရောပမှ ဧည့်သည်များလည်း သူတို့အိမ်သို့ မကြာခဏ လာတည်းခိုလေ့ရှိကြသည်။ သူတို့က ကလေးတွေအတွက် လက်ဆောင်တွေ ယူလာ တတ်သလို၊ ဒေါက်တာမိုဟန်လားလ် အတွက် လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဆေးပညာဆိုင်ရာ နောက်ဆုံးသဘောထားများ သယ်ဆောင် လာခဲ့ကြ သည်။ သားများသည် ကျောင်းသို့ မသွားကြရ။ အိမ်တွင်ပင် ဆရာများ ခေါ်သင်ကြရသည်။ ထို့ကြောင့် လူကြီးတွေ စကားဝိုင်းထဲတွင် သူတို့လည်း မကြာခဏ ပါဝင်ဆွေးနွေးခွင့် ရလာကြသည်။ သို့ဖြင့် သူတို့၏ အမြင်များသည် မိုးကုတ်စက်ဝိုင်း တစ်နံတစ်လျားထိ ကျယ်ပြန့် လာကြသည်။ လူတန်းစားခွဲခြားရေး၊ ဇာတ်ခွဲခြားရေး ကန့်လန်ကာများထဲမှ ရုန်းထွက်လာနိုင်ကြသည်။

သားတွေ အရွယ်ရောက်လာသောအခါ ကိုယ်ကြိုက်သည့် ပညာသင်ခွင့်၊ ကိုယ်ကြိုက်သည့်မိန်းမ ယူခွင့်ပေး ၏။ ဒေါက်တာမိုဟန်လားလ်၏ သားအကြီးဆုံးသည် ရူပဗေဒပညာရှင် ဖြစ်လာသည်။ သူသည် ဒီလစ်တို့ အဒေါ် ကို လက်ထပ်ယူခဲ့သည်။ ဒီလစ်တို့အဒေါ်သည် ရုပ်ရည်လည်း ချော၏။ ဂီတပညာတွင်လည်း တော်၏။ ထို ဂုဏ်သတင်းနှစ်ရပ်ဖြင့် နာမည်သတင်းမွှေးသူ။ ဒုတိယသားဖြစ် သူကား ဗိသုကာပညာရှင်။ သူသည် အရှေ့ဖျားဒေသ သို့ ပညာသင်သွားပြီး ပြန်အလာတွင် ဂျာမန်မလေးတစ်ယောက်ကို ဘဝကြင်ဖော် အဖြစ် ခေါ်လာခဲ့သည်။
သားအငယ်ဆုံး မိုတီလားလ်ကား သူသည် ဂူဂျရက်ရှိ ကြေးရေတက် ဟိန္ဒူမိသားစုတစ်စုမှ 'ရိုရှန်ရှက်သ်' အမည်ရှိ အမျိုးသမီးနှင့် လက်ထပ် လိုကြောင်း တောင်းဆိုခဲ့သည်။

''သား သူ့ကိုသိလား ဟင်''
''ပါပါကြီးရယ်၊ ကျွန်တော်သူ့ကို ဘယ်လိုလုပ် သိမလဲ။ ကျွန်တော်ဖြင့် မြင်တောင် မမြင်ဖူးပါဘူး''
ဒေါက်တာမိုဟန်လားလ်က ကိုယ့်နဖူး ကိုယ် လက်ဝါးနှင့် ရိုက်လိုက်မိသည်။
''ဘယ့်နှယ်ကွယ်၊ မင်းနှယ်၊ မြင်တောင် မမြင်ဖူးဘဲနဲ့ လက်ထပ်ချင်တယ်လို့''
''ဒါကတော့ ထုံးတမ်းစဉ်လာအရပဲ ပါပါကြီးရယ်'' ''ဒါဆို သား က သူ့ကို ဘယ့်နှယ်လုပ် သိရသလဲ ဟင်''
''သူ့မောင်ဝမ်းကွဲတစ်ယောက်က ကျွန်တော်နဲ့ ကျောင်းနေဖက်ပါ၊ သူက သူ့အစ်မဓာတ်ပုံကို ထုတ်ပြတယ်လေ၊ သိပ်လှတာပဲ၊ ဒါနဲ့ ကျွန်တော်လည်း'' ''ဒါတော့ ပါပါ သဘောမတူချင်ဘူးကွယ်၊ ခုလို ၁၉ ရာစုခေတ်မှာ တစ်ခါမှကိုယ်နဲ့ မတွေ့ဖူးတဲ့ မိန်းကလေးကို လက်ထပ်ချင်တယ်ဆိုတာ အတော်ထူးဆန်းတာပဲ၊ ဒါ သက်သက် အရူးထတာကွ၊ နောက်ပြီး သူတို့မျိုးနွယ်တွေက ငွေရဖို့ကလွဲလို့ ဘာတစ်ခုမှ စိတ်ဝင်စားကြတာ မဟုတ်ဘူး၊ ငွေသိပ်မက် တဲ့ လူမျိုးတွေကွ''

''ပါပါကြီးရယ်၊ ကျွန်တော်တို့ကို သဘောမတူတာဟာ သူတို့က ဗြဟ္မဏတွေ မဟုတ်လို့ပါလို့ ပြောလိုက်ရင် ပြီးတာ ပဲ မဟုတ်လား၊ အဲဒါကို ဝန်ခံစမ်းပါ ပါပါ'' ''ဘာကွ၊ မင်းက ငါ့ကို ဒီလိုပြောသတဲ့လား၊ မင်းက ဒီလိုလေသံမျိုးတွေနဲ့ ငါ့ကို ပြောသတဲ့လားကွ ဟေ၊ ငါဟာ ငါ့ယုံကြည်ချက်ကို ဘယ်သူမှ အစွက်ဖက်မခံဘူး၊ ဘယ်သူကမှလည်း စိန်မခေါ်ဝံ့ဘူးကွ''  ဒေါက်တာ၏အသံသည် အဆုံးစွန်သို့ ရောက်သွားသည်။ နောက်မှ သူ့ကိုယ်သူ ပြန်ထိန်းသည့် သဘောဖြင့် ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ သို့မဟုတ်လျှင် တစ်ခုခု လုပ်မိ လိမ့်မည်။ ''မိုတီလားလ်၊ မင်းက ငါ့ကို ဒီမေးခွန်းမျိုး မမေးသင့်ဘူးကွာ၊ ငါက သူတို့ကို ဇာတ်နိမ့်သူတွေ၊ တစ်နယ်သားတွေဆိုပြီး ခွဲခွဲခြားခြား ပြောတာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းလုပ်ရပ်တွေ မှားနေပြီလို့ ငါထင်တယ်ကွာ၊ ရိုရှန်ဟာ မိန်းမလှလေး ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ အိမ်ထောင်ရေး ဆိုတာက ပေါ့သေးသေး မဟုတ်ဘူးနော်၊ အိမ်ထောင်ရေးကိစ္စကို ဓာတ်ပုံလေးတစ်ပုံကြည့်ရုံနဲ့ အကဲခတ်လို့ ဆုံးဖြတ်လို့ မရဘူး၊ လူဆိုတာ လူ့ဝန်းကျင် လူ့အသိုင်းအဝန်း နဲ့နေရမှာ မဟုတ်လား၊ အိမ်ထောင်ဖက်ဆိုတာ ကိုယ့်ဘဝတစ်ခုလုံးကို ပုံလောင်းမယ့်သူကွ''
မိုတီလားလ် က ငြိမ်နေသည်။

သူ့အဖေက သက်ပြင်းတစ်ချက်ချသည်။
''ငါ မင်းပြောသလို လုပ်ပေးပါ့မယ်ကွာ၊ ငါသူတို့နဲ့ သွားတွေ့ပြီး လက်ထပ်ဖို့ စီိစဉ်ပါ့မယ်''
''ပါပါကြီး ခန်းဝင်ပစ္စည်းတော့ လက်မခံနဲ့နော်''
''ဒါတော့ မပူနဲ့သား၊ ငါက ဘယ်တော့မှ ခန်းဝင်ပစ္စည်းကို လက်မခံဘူး၊ ဒါက သံမဏိစည်းမျဉ်းတစ်ရပ်ပဲ၊ ဒီခန်းဝင် ပစ္စည်းစနစ်ကိုတော့ ငါက အမြဲတမ်းဆန့်ကျင်နေမှာပဲ''
နောက်ရက်အနည်းငယ်အကြာတွင် ဒေါက်တာသည် သတို့သမီးလောင်းအိမ်သို့ သွားသည်။ လမ်းသေးလမ်းမွှား၊ ညစ်တီး ညစ်ပတ်များကို ကျော်ဖြတ်ပြီးမှ စင်္ကြန်တစ်ခုသို့ ရောက်သည်။ စင်္ကြန်ကား ကျိုးပျက်နေသည်။ စင်္ကြန်တစ်နေရာ တွင် သကြားခဲများကို စုပြုံတွယ်နေကြသော ပုရွက်ဆိတ်အုပ် ကြီး များကို တွေ့လိုက်ရသည်။ ဒေါက်တာကား တစ်ခါတည်း လှည့်ပြန်ချင်စိတ်ပင် ပေါက်လာသည်။ သူသည် အခန်းဝတံခါး ကို မခေါက်မီ အတော်စဉ်းစားနေသေးသည်။ သူ၏ တံခါးခေါက်သံလေး တစ်ချက်သည် သူ့ချစ်သော သား၏ ဘဝကံကြမ္မာ တစ်ခုလုံးကို အဆုံးအဖြတ် ပေးမည် မဟုတ်လား။ သို့သော် သူကား သူ့သားကို ကတိပေးခဲ့ပြီ။ ထို့ကြောင့် နောက်မဆုတ်သာတော့။ သူတံခါး  ခေါက်လိုက်၏။ ချက်ချင်းပင် ၉ နှစ် အရွယ် အိမ်ဖော်မလေးက တံခါးလာဖွင့်ပေးသည်။

ဒေါက်တာက အခန်းညစ်ထေးထေးထဲ လှမ်းဝင်လိုက်သည်။ အိမ်ထောင်ဦးစီး 'ရှက်သ်' မှာ ပုခက် တစ်လုံးပေါ် တွင် လှဲလျောင်းနေသည်။ ပုခက်ကို ရှေ့နောက်လွှဲရင်း တစ်ယောက်တည်း ပြုံးနေသည်။ သူတစ်ယောက်တည်း သိသော လျှို့ဝှက်သည့် ပြက်လုံးကြီးတစ်ခုကို စမြုံ့ပြန်နေ  သည့်အလား။ ရွှေခါးပတ်ကြီး ပတ်ကာ၊ ညဝတ်ဘောင်းဘီဖြူနှင့် အင်္ကျီဖြူကြီး ကို ဝတ်ထားသည်။ အကျီင်္စ ဘောင်းဘီစများမှာ လက်ယက် အကြမ်းစား များ ဖြစ်သည်။ ဒေါက်တာကိုမြင်သွားမှ သူသည် ကမန်းမတန်း ထလာကာ လက်အုပ်ချီ ခရီးဦးကြိုလုပ်ပြီး၊ ဝမ်းသာ အယ်လဲ ကြိုဆိုသည်။
''ဒေါက်တာကြီး၊ အိမ်လာလည်တာ သိပ်ဂုဏ်ယူပါတယ် ခင်ဗျာ'' ပုခက်ဘေး တွင်တော့ ဆာရီကို မျက်လုံးလေး သာ ပေါ်ရုံမျှဖော်ပြီး တစ်ကိုယ်လုံးခြုံထားသော မိန်းမသေးသေး တစ်ယောက် ရပ်နေ၏။

''ဒါက ကျွန်တော့်ဇနီးသည်ပါ'' ရှက်သ်က ပြော၏။
''ခရီးဦးကြိုပြုပါတယ် ဒေါက်တာ''
မကြာခင်တွင် မိန်းကလေးနှစ်ယောက် အခန်းထဲမှ ထွက်လာကြသည်။
''ဒါတော့ ကျွန်တော်တို့ရဲ့ ရတနာလေးတွေပဲ ခင်ဗျ၊ ကျွန်တော်တို့ရဲ့ ငြီးငွေ့ဖွယ်ရာ ဘဝကြီးကို အရောင်တောက်ပပေးစေ တဲ့ စိန်ပွင့်လေးတွေပေါ့၊ ဒေါက်တာကြီးသိတဲ့အတိုင်း ကျွန်တော်တို့အမျိုးဟာ အစ်မကြီး လက် မထပ်ခင်၊ ညီမက လက်ထပ်ခွင့် မရှိပါဘူး၊ ဒါက စာနဲ့ပေနဲ့ ချုပ်ထားတာ မဟုတ်ပေမယ့်၊ ဓလေ့ထုံးစံ လို ဖြစ်နေပါတယ်၊ သမီးအကြီး နာမည်က အာရှာပါတဲ့''
သူ့လက်ညှိုးညွှန်ရာ သို့ ဒေါက်တာကြည့်လိုက်သည်။ မိန်းကလေးမှာ ရိုရိုကျိုးကျိုးပင် ပြန်နှုတ်ဆက်ပါ သည်။ သူ့မျက်နှာမြင်ရသော အခါ စိတ်မကောင်းမှု ဝေဒနာတစ်ခုသည် အသည်းထဲသို့ စိမ့်ဝင်သွားမိသည်။ အင်္ဂလန်မှ အအေးဒဏ် သည် ရိုးတွင်းချဉ်ဆီခိုက်အောင် စူးဝင်သွားတတ်သလို၊ သူ့ဘဝတွင် ပျော်ရွှင်မှုဟူသမျှအားလုံး ဆိတ်သုဉ်းနေပုံ ရသည်။အသက်အားဖ်ြင့ ၁၇ နှစ်လောက်သာ  ရှိဦးမည်။ ဘဝတိုတိုလေးတွင် ခံစားမှု ဝေဒနာက လွဲလျှင် ဘာမှနားလည်ရှာပုံ မရဘူးထင်သည်။

''အာရှာ ဆိုတာက မျှော်လင့်ခြင်းတဲ့၊ ကျွန်တော်တို့လည်း သူ့ကို တစ်နေ့နေ့ လက်ထပ်ပေး နိုင်လိမ့်မယ် လို့ မျှော်လင့်နေကြတာပါပဲ၊  ဒါပေမဲ့ သူ့ကို ဘယ်သူကယူမှာလဲ၊ ကြည့်ပါဦး၊ သူ့အသားက ဘယ်လောက်မည်း လိုက်ပါသလဲ လို့၊ ဒီလို မီးသွေးခဲမကို ဘယ်သူကများ လက်ထပ်ယူချင်မှာလဲဗျာ''
သူက ပခုံးတွန့်ပြပြီး ဆက်ပြောသည်။ ''ဒါကတော့ သမီးငယ် ရိုရှန်ပါ''
ရိုရှန်၏ မျက်နှာကား လပြည့်ဝန်းလို ဝိုင်းစက် ပြည့်ဝနေသည်။ မျက်လုံးလေးများက ကခုန်နေကြ သည်။ နုပျိုခြင်း၏ အဆင်း ကလည်း ဝင်းပနေ၏။ အသက်မှာ ၁၆ နှစ်လောက်သာ ရှိဦးမည်။ ဒေါက်တာကို ယဉ်ကျေး စွာနှင့် သာယာညင်းပြောင်းစွာ နှုတ်ဆက်သည်။ သူ့ကို ကောင်းကောင်း အကဲမခတ်နိုင်ခင်မှာ ပင် မိန်းကလေးနှစ်ယောက် လုံး အခန်းထဲ ဝင်သွားကြသည်။
သူတို့သည် လက်ဖက်ရည်သောက်ရင်း လာရင်းကိစ္စကို ဆွေးနွေးကြသည်။ ဒေါက်တာက သူ့သားနှင့် ရိုရှန် ကိစ္စ ကို ပြောသည်။ သူတို့ကလည်း ထုံးတမ်းစဉ်လာကို အသာထားပြီး နောက်ဆုံးတွင် သဘောတူကြသည်။

သို့သော် 'ရှက်သ်' က တောလမ်းလို ရှည်လျားကွေ့ကောက်လှသော စကားတွေ တသီကြီး ပြော၏။
''ဒေါက်တာကြီး သိတဲ့အတိုင်း ကျွန်တော်တို့ မိသားစုဟာ ဆင်းရဲကြပါတယ်၊ မိသားစု တစ်ဝမ်းတစ်ခါး စားရရေး အတွက်ကို ကျွန်တော်အတော်ကို ကြိုးပမ်းရှာဖွေရပါတယ်၊ ကျွန်တော်တို့ အိမ်အခြေအနေကို ကြည့်ရုံနဲ့ ကျွန်တော် တို့ဟာ လူချမ်းသာတွေ မဟုတ်တာ သိပါလိမ့်မယ်၊ ဒါပေမဲ့ ရိုရှန်ဟာ ကျွန်တော်တို့ဘဝ အလင်းရောင် တစ်ခု ပါ၊ ကျွန်တော်တို့ရဲ့ နေတစ်ဆူ လတစ်ဆူပါ၊ ကျွန်တော်တို့က ဒေါက်တာတို့ကို ခန်းဝင်ပစ္စည်း နည်းနည်းပေး လိုက်ပါရစေ၊ ဒေါက်တာတို့လို အဆင့်အတန်းမျိုးအနေနဲ့ လုံးဝမမျှော်လင့်မယ့် တန်ဖိုးပါ၊ ဒါပေမဲ့ ကျွန်တော် တို့လို လူစားတွေက တတ်နိုင်သလောက် ပေးလိုက်တဲ့ ပစ္စည်းပါ ခင်ဗျား''
''ကျွန်တော် တို့က ခန်းဝင်ပစ္စည်း မလိုချင်ပါဘူး''
ဒေါက်တာ စကားမဆုံးခင် မှာပင် ရှက်သ်က ၀င်ပြောပြန်၏။

"ခန်းဝင်ပစ္စည်း မလိုချင်ပါဘူးဆိုတဲ့ ဒေါက်တာ့ သဘောထားက မွန်မြတ်လှပါတယ်ခင်ဗျာ၊ ဒါဟာ ဒေါက်တာကြီးရဲ့ မြင်မြတ်တဲ့ စိတ်ထားကို ပြဆိုတာပါပဲ၊ ကျွန်တော်တို့ဟာ လူဆင်းရဲ တွေပီပီ ဘာမှ အဖိုးထိုက် အဖိုးတန် ခန်းဝင်ပစ္စည်းလည်း မတတ်နိုင်ပါဘူး၊ ဒါပေမဲ့ ခနက ပြောခဲ့သလို ရှိရှန်ဟာ ကျွန်တော် တို့ဘ၀ ရဲ့ အလင်းရောင်လေးတစ်ဆူ မို့ တတ်အားသမျှတော့ ပေးပါရစေခင်ဗျာ''
''ကောင်ပြီ ကောင်းပြီ '' ဒေါက်တာက ဆက်စကား မပြောချင်သည်နှင့် လွယ်လွယ် ခေါင်းညိတ်ပစ်လိုက်၏။ ထိုအချိန်တွင် မယားလုပ်သူက သူ့ခင်ပွန်း နားနားကပ်ပြီး တစ်စုံတစ်ခု ပြောလိုက်သည်။ ခင်ပွန်လုပ်သူ ကလည်း ခေါင်း တညိတ်ညိတ်နှင့်။

'' ဒေါက်တာကြီးရယ် ကျွန်တော်တို့ဟာ ရိုးသားတဲ့ လူတွေပါ၊ ဒေါက်တာကြီးတို့လို အတွေး အခေါ်တွေ ရှေ့တန်းရောက် တဲ့ လူတွေမဟုတ်ပါဘူး မင်္ဂလာမဆောင် ခင် ဇာတာခွင်လေးတွေတော့ တွက်ကြည့် ချင်ပါသေးတယ် တွက်ချက်ပြီးရင်တော့ တွက်ကြည် ချင်ပါသေးတယ် တွက်ချက်ပြီးရင်တော့ ကျွန်တော်တို့ သမီးနှင့် ဒေါက်တာတို့သားရဲ့ ဘ၀ခရီး လမ်းမှာ ဘာမှ အနှောကိအယှက် မရှိတော့ဘူးဆိုပြီး စိတ်ချလက်ချ ရှိကြရမှာပါ'' ''ဒါတော့ ကျုက်ခွင့်မပြုဘူးဗျ ဇာတာခွင်တို့ ဗေဒင်မေးတာတို့ကို ကျုပ်သိပ်ဆန့်ကျင်တယ်၊ ဒါတွေဟာ ကျွန်တော်တို့လူမျိုးတွေ စွန့်ပစ်ရမယ့် အလေ့အထတွေပဲ ဒီတချက်ကတော့ ကျူပ် မလိုက်လျောနိုင် ဘူး'' ဒေါက်တာ ပြောတာကျွန်တော်လည်း လက်ခံပါတယ် ခင်ဗျာ၊ ဒါကေမဲ့ ကျွန်တော်မိန်းမက ရှိ သေးတယ်၊ သူက သိပ်ျရိုး သိပ်အတယ်၊ ဒီအသက်အရွယ် ရောကိမှတော့လည်ူး သူပအစွဲတွေက်ု ဘယ်လိုလုပ် ချွတ်လို့ ရတော့မှာလဲ။ ဒေါက်တာက ဇတာတွက်ခွင့် မပေးရင် သူကလ်း သူ့သမီးကို လက်ထပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်သူ့ကို ဆုံမပါဦးမယ်၊ ပြုပြင်ပါဦးမယ်၊ ဒါပေမဲ့ မပူပါနဲ့ ဒေါက်တာ၊ ဇာတာခွင် ဟာလည်း အံကိုက်နေ မှာပါ၊ ဒါပါပဲ ပြီပြီးရော သဘောပါ''

ဇာတာခွင်တည့်အောင် ရးမတဲ့လား။ ဗြဟ္မဏဘုန်းကြီးတို့သည် သူတိုအတွက် လာဘ်လာဘ မရဘဲနှင့်တော့ ဘယ်တော့မှ တည့်အောင် တွက်မပေးကြတတ်သည်ကို ဒေါက်တာသိသည်။ သူ့အမြင်ကို သူတင်ပြလိုသည်။ သို့သော် ပြောရင်းနှင့် ပင်သူရှုံးတော့မည်။ သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဇာတာခွင်တော့ တွက်မည်သာ။ သို့ဆိုလျှင် မင်္ဂလာအစီအစဉ် ဖျက်ရုံပေါ့။ သို့သော် သူ့စိတ်ကြိုက်ကို မလုပ်နိုင်။ သူ့သားကိုပေးတဲ့ ကတကို ပင် သူ လေးစားရဦးမယ် ပင် မဟုတိပါလား။
ဒေါကိတာ သည် အပြန်လမ်းတွင် အမျိုးမျိုး စဉ်းစားလာသည်။ ယခုလို သူ့တို့မိသားစုက ညလွယ်လွယ်ကူကူနှင့် သူ့သားကို လက်ခံလိုက်သညိကို မရိုားဟု ထင်သည်။ နောက်ကွယ် တွင် ၀ှက်ဖဲရျှိနိုငိသည်။ သူ့သားလို ရုပ်ချော။ သဘောကောင်၊ ပညာတတ်မျိုးကို ဘယ်မိသား စုကမှ သားမက်တော်ရန် ငြင်းလိမ့်မည်ကား မဟုတ်။ သို့သော်-
သို့ဖြင့် လက်ထပ်ရေး စီစဉ် ကြသည်။ ဤ အချီတွင်လည်း ဒေါက်တာ အလျှော့ပေးရသညိ။ ဟိန္ဒူရှေးရိုးစသလာ အတိုင်း လက်ထပ် ရသည်။ သူက သူ့သားကို ချစ်သည်။ ထို့ကြောင့် သူ့သားစိတ်ချမ်းသာမည် ထင်သမျှကို သူ့ အယူအဆ များနှင့် ဆန့်ကျင်သည်ဖြစ်စေကာမူ အဆုံစွန်ထိ လိုက်လျောပေးလိုက်သည်။

လက်ထပ်မည့်နေ့ ရောက်လာသည်။ ရွှေရောင် ဘရိုကိတ်အင်္ကျီ၊ ရွှေရော်ပိုးခေါင်းပေါင်း ပေါင်း ကာ မြင်ဖြူကြီးစီးလျှက် သတို့သားသည် သတိုးသမီးအိမ်သွားရသည်။ သတိုးသား မျက်နှာ တစ်ခုလုံး ပန်းကုံးတွေ အထပ်ထပ် ဖုံးနေသည်။ အောက်ျိမှ ခြေလျင်လိုက်လာရသူများ က သူ့ဖခင်၊ သူ့အစ်ကို နှစ်ယောက်၊ သူ့သူငယိချင်း များ။
သတိ့သမီးကား ရွှေရောင်နှင့် အနီရောင်၊ လက်ယက်ဆာရီ ၀တ်ထား၏။ လက်မောင်များတွင် ရွှေကွင်းများး အပြည့် စွပ်ထားသည်။ မျက်နှာပြင်ကိုကား အ၀တ်စဖြင့် မမြင်နိုင်အောင် ဖုံလွှမ်းထား၏။
မိုတီလားလ်နှင့် သတို့သမီးသည် မီးပုံကြီးတစ်ပုံရှေ့တွင် ထိုင်ကာ ဗြဟ္မဏ ဘုန်းတော် ကြီး များ၏ ရွတ်ဖတ်သရဇ္ဇျာယ် မှုကို ခံယူကြရ၏။ ဧည့်သည်ပေါင်း သုံးထောင် ကျော်ကလည်း တစ်ယောက်တစ်ပေါက် စကားတွေဖောင်လောက်အောင် ပြောနေကြသည်။

ဘုန်းတော်ကြီးတစ်ပါး က သတို့သားအင်္ကျီနှင့် သတို့သမီးဆာရီ တို့ကို အကိချည် ကြိုး တစ် ချောင်းဖြင့် တွယ် ဆက်ပေးသည်။ ထို့နောက် သူတို့နှစ်ယောက်သညိ မီးပုံကြီးကို ခုနစ်ကြိမ် လှည့်ပတ်ကြရသည်။ မီးပုံကြီးကို ခုနစ်ပတ် ပတ်၍ စေ့သောအခါ သူတို့နှစ်ဦးသည် ဟိန္ဒူဥပဒေ အရ သေတစ်ပန် သက်တစ်ပန် သက်တစ်ဆုံး အကြင် လင်မယား ဖြစိကြရပြီ။
ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံပြီးနောက် မိုတီလားလ်တို့ ဇနီးမောင်နှံသည် အိမ်သို့ပြန်လာကြရသည်။ ထုံးစံအရ လက်ထပ်စ ဇနီး မောင်နှံသည် ပထမညကို သတို့သမီး မိ ဘများအိမ်တွင် အိပ်ကြရသည်။ သို့်သော် '' ရှက်သ'' က ပြောသည်။ သူတို့အိမ်မှာ ကျဉ်းလည်း ကျဉ်း၊ ညစ်လည်းညစ်ပတ်၍  ဤထုံးစံက်ု ဖယ်ချိုးနိုင် ပါသည်တဲ့။ ထိုအခါ ဒေါက်တာမိုဟန်လားလ်အဖို့ ပျော်လည်းပျော်၊ စိတ်သက်သာရာလည်း ရသွားသည်။

သတို့သမီးနှင့် အဖေ အိမ်ပြန်လာရသောအခါ မိုတီလားလ်၏ ပျော်ရွှင်မှုသည် အထွတ်အထိပိ သို ရာက်ပေပြီ။ မင်္ဂလာအခန်း ထဲသို့ မျက်နှာဖုံးထားသော ၀တ်ရုံကို အသာလေး လှပိလိုက်သည်။ ချစ်သူ၏ မျက်နှာလေးကို ကြည့်ချင် လှပြီ။ မျကိမှာအ၀တ်စကိုလှန်လိုက် သောအခါ တွင်ကား ရိုရှန်မဟုတ်၊ အာရှာပါကလား။
သူသည် လူသတ်မှု ကျူးလွန်မလိုပင် ဖြစ်သွား၏။ ''အာရှာ'' ကို အတင်း ကုတင်ပေါ် တွန်းပစ်ခဲ့ ကာ ''ရှက်သ်'' ကို လက်စားချေ ရန်လိုက်ရှာသည်။
သူတို့ အိမ်ရောက် သောအခါ ''ဒေလီ'' ကိုထွက်ပြေးကြပြီဖြစ်ကြောင် သိကြရသည်။ သူတို့နှင့် အတူ ''ရိုရှန်'' ကိုပါ ခေါ်သွားကြသတဲ့။

မင်္ဂလာဦးညတွင် ''မိုတီလားလ်'' သည် ဘ၀ပျက်ခဲ့ပပြီ။ သူ့တစ်ကိုယ်လုံး အစိတ်စိတ် အမွှာမွှာ ကွဲချေ ပျက်ပြုန်း ခဲ့ပြီကကော။ ဟိန္ဒူ ဘုရားကျောင်း တစ်ခုရှေ့ ရောက်သောအခါ တံတွေးနှင့် ထွေးကာ  ဟက်ဟက် ပက်ပက် ရယ်လိုက်မိသည်။ အရုဏ်ပျိုးမှ အိမ်ပြန်ရောက်သည်။ သူ့ အဖေက သူ့ကို ဘာတစ်ခွန်ူးမှ အမေး။ အိပ်ဆေးကျွေး ကာ ကလေးတစ်ယောက်လို သိပ်လိုက်သည်။
နောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ရှက်သ်တို့ လပ်ကနောင်း ပြန်ရောက်နေ ကြောင်း သိလိုက် ရသည်။ ဒေါက်တာက သူတို့ကို သွားတွေ့သည်။  ရှက်သ်ကမူ ပြုံးနေ၏။

''ဒေါက်တာကြီးရယ်၊ ဘာဖြစ်လို့ ဒီလောက် ဒေါသကြီးနေတာလဲ၊ ထိုင်ပါဦး၊ လကိဖက်ရည် သုံဆောင်ပါဦး''
''ငါ့ကို အရူးမလုပ်စမ်းပါနဲ့ ''ရှက်သ်'' ''ကျွန်တော် အရူးမလုပ်ပါဘူး ခင်ဗျား၊ ကောင်လေးနဲ့ ကောင်မလေး ချစ်သူနှစ်ယောင်ကော အ ဆင်ပြေကြပါရဲ့လား''
''သူတို့်က ချစ်သူတွေ မဟုတ်ဘူးကွ၊ စိတ်ဒုက္ခရောက်နေတဲ့ ကောင်လေးနဲ့ ကြောက်ရွံ့ ထိတ်လနိ့ နေ တဲ့ ကောင်မလေး'' ''ဘာဖြစ်တာလဲ ဟင် ၊ ပျော်ပျော်ရွှင်ရွှင် မနေကြဘူးလား''
''ငါ မင်းကိုလည်ပင်း ထညှစ်မိတော့မယ်ကွာ၊ မင်ဟာ ဘ၀ သုံးဘ၀ကို ဖျက်ဆီးခဲ့တယ် မိုတီလားလ်ဘ၀၊ ရိုရှန်ဘ၀၊ အာရှာဘ၀ ဒါတွေအတွက် မင်ဘယ်လို ပြန်လုက်ပေးနိုင်မလဲ''

''ဒေါက်တာကြီးရယ်၊ စိတ်အေးအေး ထားစမ်းပါ၊ ဘာဖြစ်လို့ ဒေါသကြီးနေတာလဲ မိုတီလားလ်နဲ့ အာရှာ တို့် အတွဲက ညီပါတယ်၊ မိုတလားလ်နဲ့ ရှိရှန်တို့ထက် ပို အတွဲညီပါတယ် ဘုန်းကြီးတွေက ဇာတာခွင် စစ်ဆေးကြည့်လိုက်တဲ့အခါ ရှိရုန်နဲ့ မိုတီလားလ် အိမ်ထောင်ဖက် မဖြစ်နိုင်ဘူးတဲ့ အာရှာနဲ့ မိုတီလားလ်တို့ကမှ အိမ်ထောင်ဖက် ကောင်းတယ် လို့ ဟောကြားတယ်၊ သူတျို့ အကြံပေးလို့ပဲ ဒီလို စီစဉ်လိုက်ရတာပါ၊ ဒါလေး လုပ်လိုက် လို့ ဘာတွေများ ခြားနားကုန်ကြပါလိမ့် မလဲနော်''
''ခြားနားတာပေါ့ကွ၊ မိုတီလားလ်က ရှိရုန်ကို လက်ထပ်ချင်တာပဲ၊ ကဲကွာ ရှည်ရှည်ဝေးဝေး ပြောမနေနဲ့ အာရှာကို မင်း တို့်ဆီ ပြန်ပို့ပေးမယ်၊ မိုတီလားလ်က သူ့ဇနီးအဖြစ် လက်မခံချင်ဘူး တဲ့''
''အော်ဒါလား ဒေါက်တာကြီးရဲ့ ကျွန်တော်တို့ဟာ ရိုးသားတဲ့ လူတွေပါ။ ဟိန္ဒူရှေးဟောင်း အယူအဆကို တသွေမတိမ်း လိုက်နာချင်တဲ့ သူတွေပါ။

မိန်းကလေးတစ်ယောက် လက်ထပ်ပြီးရင် သူ့ကို မိသားစုက ဘယ်တော့မှ ပြန်လက်ခံရိုး ထုံးစံမရှိပါဘူး။ ဒါဟာ သိပ် ရှက်စရာကောင်းတဲ့ အပြုအမူပါ၊ အာရှာဟာ အခု လက်ထပ်ပြီးသူ ဖြစ်နေတာမို့် ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်တော့ပါဘူး၊ သူကို ဒေါက်တာရဲ့အိမ်က နှင်ထုတ်ပိုင်ခွင့် ရှိပါတယ်၊ ဒါပေမဲ့ သူက ကျွန်တော်တို့်အိမ် ကိုတော့ ပြန်လာခွင့် မရှိပါဘူး လမ်းပေါ် မှာ သူ့ဖာသာသူ နေချင် နေနိုင်ပါတယ်''
ဒေါက်တာမိုဟန်လားလ် ကား စကားပြန် မပြောနိုင်တော့။ သူက ထရပ်လိုက်ပြီး တိုးတိုးညင်သာ ပြော လိုက်သည်။ ''ဒီမှာ ရှက်သ်၊ ငါ မင်းကို ဒီလပ်ကနောက်က ထွက်သွားဖို့ နှစ်ဆယ့် လေးနာရီ အချိန်ပေးမယ်။ နက်ဖြင် မနက် နေထွက်ချိန်အထိ မင်း ဒီမှာ ရှိနေသေးရင် ငါနဲ့ ငါ့သားဟာ မင်းအရိုးတခြား အ သားတခြားဖြစ်အောငိ လာ လုပ်ပစ်ကြမယ် သိလား''

၂၃ နှစ်ကြာခဲ့ချေပြီ။ ရိုရှန်အစား အာရှာကို နွားမရွံ့ပိတ် ရခဲ့ပြီးနောက် ရလဒ်အဖြစ် ''ရာဂျာ'' ပေါက်ဖွား လာခဲ့သည်။ ရာဂျာ သည် လူမှန်သိတတ် ခါစကပင် သူ့မိခင်နှင့် ဖခင်တို့သည် တစောင်စေားနှင့် မျက်ချေးဖြစ်ကြကြောင်း သိခဲ့၏။ မိုတီလားလ်သည် သူ့မိခင် ဖခင်ကြီး၏ တောင်းဆိုချက်အတိုင်း ''အာရှာ'' အား အိမ် က နှင်မပစ်ခဲ့၊ သို့သော် အာရှာ ရှိလျှင် မိုတီလားလ် သည် ထမင်းမစား၊ သူ့ဇနီးနှင့် အတတ်ျနိုင်ဆုံး ကင်းကင်း နေခဲ့သည်။ ရာဂျာက သူ့မိခင်ကို မကြာခဏ နှစ်သိမ့်တတ်သည်။
''မရပါဘူး သားရာ်၊ ဒါက အမေ့ရဲ့ ကံကြမ္မာပါပဲ။ အရင်ဘ၀က မကောင်တာတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ခုလို ၀ဋ် လာခံရတာပေါ့။ ဒီထက်တော့ ဘာမှ မျှော်လင့်စရာ မရှိပါဘူးကွယ်''
သူက သူသား ရာဂျာအား သူဘ၀ဇာတ်ကြောင်း ကို ငိုယိုပြီး ပြောပြတတ်၏။

သူ့မိခင် သူ့ဖခင်နှင့် ညီမလေးတို့ တစ်ရွာတစ်ကျေးသို့ ပြောင်ရွှေ့သွားကြပုံ ဘာသတင်းမှ မကြားရပုံ၊ သူရေးသောစာ သူ့ထံ ပြန်လာကြပုံများ...ရာဂျာ၏ ဖခင်ကတော့ ရာဂျာကို ချစ်သည်။
''မင်ဟာလေ သိပ့်ထူးဆန်းတဲ့ ကောင်လေးပဲ၊ အဖေ မင်ကိုဘယ်လောက်ချစ်တယ်ဆိုတာ မင်း ဘယ်တော့ မှ သိမှ မဟုတ်ဘူး'' ဟုပြောတတ်သည်။ ရာဂျာကမူ ''ထူးဆန်းတယ်'' ဟူသော စ ကားလုံးကိုသာ သံယောင် လိုက်နေမိသည်။

အခုတော့ ဧည့်ခန်းထဲတွင်ျ မိုဟန်၊ ဒီလစ်၊နီမာရ်နှင့် မိုတီလားလ် တို့သည် စကားကောင်း နေကြသည်။ မိုတီလားလ် က သူယခင်နှစ်က အမေရိကန် ရောက်ျခဲ့သည့် အတွေ့အကြံကို ဖောက်သည်ချနေသည်။
'' ကဲ လူလေးတို့ ငါ့ကို ခွင့်ပြုကြဦးကွာ၊ အ၀တ်လဲလိုကိဦးမယ်။ ဒီနေ့ည မင်သမီး တစ်ယောက် နဲ့ ချိန်း ထားတာလေး ရှိလို့''
သူ့စကားကို အားလုံးက နားလည်သဖြင့် ၀ိုင်းရာ်ျလိုက်ကြသည်။ သူသည် ယနေ့ည ရုပ်ရှင် မင်းသမီး တစ်ယောက် နှင့် ချိန်းထားသည် မဟုတ်ပါလား။
မိုဟန် သည် သူ့ဖခင်၏ သူ့မိခင်အပေါ် မတရားမှုကို တစ်ခါဖူးမျှမတားမြစ်ခဲ့။ လပ်ကနောင်တစ် မြို့လုံလည်း ဘယ်သူကမှ သူ့ကို အပြစ်မပြောကြ။ သူ၏ ကံဆိုးသော မေတ္တာဇာတ်လမ်းကို လူတိုင်းသိကြပြီးသား။ ရဂျာအမေ ကလည်း ယခုတော့ သူ့ထက်နိမ့်ကျသူများကို ဟိန်း လား ဟောက်လား လုပ် ကာသာ အနိုင် ယူရင်းဖြင့် ကျေနပ်နေ ရှာ သည်။သူ့အကြောင်နှင့်သူ။

ဆက်ရန်
.

No comments: