အခုတော့ ဧည့်ခန်းထဲတွင်ျ မိုဟန်၊ ဒီလစ်၊နီမာရ်နှင့် မိုတီလားလ် တို့သည် စကားကောင်း နေကြသည်။ မိုတီလားလ် က သူယခင်နှစ်က အမေရိကန် ရောက်ျခဲ့သည့် အတွေ့အကြံကို ဖောက်သည်ချနေသည်။ '' ကဲ လူလေးတို့ ငါ့ကို ခွင့်ပြုကြဦးကွာ၊ အ၀တ်လဲလိုကိဦးမယ်။ ဒီနေ့ည မင်သမီး တစ်ယောက် နဲ့ ချိန်း ထားတာလေး ရှိလို့'' သူ့စကားကို အားလုံးက နားလည်သဖြင့် ၀ိုင်းရယ် လိုက်ကြသည်။ သူသည် ယနေ့ည ရုပ်ရှင် မင်းသမီး တစ်ယောက် နှင့် ချိန်းထားသည် မဟုတ်ပါလား။ မိုဟန် သည် သူ့ဖခင်၏ သူ့မိခင် အပေါ် မတရားမှုကို တစ်ခါဖူးမျှမတားမြစ်ခဲ့။ လပ်ကနောင်တစ် မြို့လုံလည်း ဘယ်သူကမှ သူ့ကို အပြစ်မပြောကြ။ သူ၏ ကံဆိုးသော မေတ္တာဇာတ်လမ်းကို လူတိုင်းသိကြပြီးသား။ ရာဂျာအမေ ကလည်း ယခုတော့ သူ့ထက်နိမ့်ကျသူများကို ဟိန်း လား ဟောက်လား လုပ် ကာသာ အနိုင် ယူရင်းဖြင့် ကျေနပ်နေ ရှာ သည်။သူ့အကြောင်နှင့်သူ။ ကို ဆက်ဖတ်ရန် .....
ဒီလစ်ကပြန်ခါနီးရဂျာကိုနှုတ်ဆက်သည်။
''မင်းဟာလေ ပစ်လက်ခတ်နေ၊ ခပ်ထူထူ အအကြီးနဲ့ အဖေ လုက်သူနဲ့ တခြားစီ ဖြစ်နေတဲ့ ကောင်၊ မင်း အမေရိကန်သွားမယ့် အစား လဲ လို့ရရင် ငါ့နဲ့လဲပြီး သွားချင်ပါရဲ့ကွာ''
''ဒါတော့ ငါကမလဲနိုင်ဘူး မောင်၊ ဘာဖြစ်လို့လဲဆိုတော့ မင်က ဟိုမှ ပျော်ချင်တိုင်းပျော် သာ ယာပြီး အိန္ဒိယကို ဘယ်တော့မှ ပြန်လာမှာ မဟုတ်တာပဲ၊ ငါပဲ အနစ်နာခံပြီး မင်းကို လွှတ်ပါတယ်ကွာ၊ ဘယ်လိုဖြစ်လဲဆိုရင် မင်အဲဒီမှာနေရင် တို့နိုင်ငံအတွက် ဘာတစ်ခုမှ ဆုံးရှုံး မှာ မဟုတ်လို့ ပဲကွ'' ရာဂျာက သဘောကျသဖြင့် ရယ်လိုက်သည်။ သူငယ်ချင်းပခုံးကိုဖက်ပြီး ''ငါတော့မင်းမရှိဘဲ ဘယ်လိုလုပ်နေရမလဲ မသိဘူးကွာ'' ဟုပြောလိုက် သည်။
''ဘယ် မင်းမှာ ငါ့နေရာ အစားထိုးမဲ့ ကောင်မလေး တစ်ယောက်ရလာမှာပေါ့''
''အဲဒီအခါ ဒီလို ပခုံးဖက်တာထက် သူ့ပခုံးဖက်တာက မင်း အတွက် ပိုအရသာ ရှိနေလိမ့်မှာ သေချာတယ်ကွ''
''နီမာရ်'' က နောက်ဆုံးမှပြန်သည်။
''ငါတော့ အဲဒီထူးဆန်းတဲ့နိုင်ငံမှာ မင်းပျော်မှ ပျော်နိုင်ပါ့မလားလို့ စဉ်းစားနေမိတယိကွာ'' ဟု ပြောသွားသေး သည်။
နီမာရ်စကား ကို သူစဉ်းစားမိသည်။ သူသည် ဘုံဘေထက် ပို၍ ဝေးဝေး တစ်ခါမှ မသွားဖူးခဲ့။ သူခရီးသွားတိုင်း လည်း အိမ်ဖော်တစ်ဦးလိုက်လာကာ အစစအရာရာ လုက်ကိုင်ပေးခဲ့သည်။ အမေရိကန်သွားနေရလျှင် ဘယ့်နှယ် လုပ်မလဲ။ အ၀တ်တွေဘယ်သူလျှော်ပေးမလဲ။ ဘယ်သူမီးပူတိုက်ပေးမလဲ။ စာအုပ်တွေ ဘယ်သူသယ်ပေး မလဲ။ အိပ်ရာမပြင်ဖူး နွားနို့မတည် ဖူး၊ ကြက်ဥမပြုတ်ဖူးသူ။ အမေရိကန်တွင် ဒါတွေအားလုံး ကို ကိုယ်တိုင်လုကပ်ရသည်ဟု ကြားဖူးသည်။ ခက်ပြီ ဒါတွေ သူမလုပ်တတ်။ လုပ်ရမှာ ကြောက်သည်။
ထိုညတွင် အဘိုးအိမ်သို့ သွားသည်။ ဒေါက်တာ မိုဟနလားလ်က သူ့မြေးကို ၀မ်းသာမယ်လဲ ကြိုဆိုရှာသည်။ အဘိုးက သူစပိန်တွင် နေခဲ့စဉ်က ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသည်။
''ဒီမှာ ငါ့မြေးရဲ့၊ ကိုယ်ကို လက်မထပ်ချင်တဲ့ မိန်းမတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတာလည်း အတော် အံ့သြစရာ ကောင်းသားကွ'' ''ဒါက အဘိုး စပိန်က ရလိုက်တဲ့ သင်ခန်းစာ ထင်ပါတယ်'' ''ဟုတ်တယ်ကွ၊ သူ့ကြောင့် အဘိုး ဘ၀ကို ပိုပြီးပြည့်ဝလာရတယ်ကွ'' ''သူကလှရဲ့လား အဘိုးရဲ့'' ''လှတာပေါ့ကွယ် ကမ္မာကြီးကို တစ်ဝက်လောက် ပတ်ပြီးမှ တွေ့ရတဲ့သူပဲ'' ''ဘုရားသခင် အလိုအရပေါ့နော် အဘိုး'' ''ဘာ ဘုရားသခင်လဲကွ ဒီ အသုံးအနှုန်းမျိုး မသုံးစမ်းပါနဲ့ကွာ။ သိပ္ပံနည်းမကျတဲ့ စကားတွေ မပြောစမ်းပါနဲ့ကွာ တို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေ တဲ့ သူတွေ ကြည့်စမ်း လူတွေက ကိုယ့် အိမ်အုတ်မြစ် လေးတောင် ဗေဒင်မမေးဘဲ မချရဲကြဘူး ကူးစက်ရောဂါ ဖြစ်မှာစိုး လို့ ခရီးသွားရင်း ကာကွယ်ဆေး ထိုးကြပါဆိုတာမျိုးတော့ လူတွေက မလိုက်နာကြဘူး လက်ရက်အ၀တ်ကို ၀တ်မယ်တဲ့ ဒါမှ မျိုးချစ်စိတ်ရှမတဲ့လား၊ စက်ရက်ကန်းက ရက်တာထက် တောင် တန်ဖိုးပိုကြီးသေးတယ်။ ဒါတွေက အလကားဟာတွေပါကွာ''
''အဘိုးကလေ စကားလုံးလှလှလေးတွေ မသုံးတတ်တော့ဘူးလား၊ အဘိုးပြောတာတွေက မှန် တော့မှန်တယ် ဒါပေမဲ့ ပိဿလေးနဲ့ ဘေးပစ် ချလိုက်သလိုပဲ''
ေါအအးလေ ဒါကြောင့်မို့ပဲပေါ့ အိန္ဒိယယလွတ်မြောက်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာဝန် ဆိုလို့ အဘိုး တစ်ယောက်တည်းရှိတာ၊ ဒါပေမဲ့ ခုထိ ဘယ်သူကမှ ဘုရင်ခံ မခန့် ပါဘူးကွာ၊ ဒါပေမဲ့ အားမလျှောဘူးကွ ငါ့မြေးရ၊ ငါ အခု ငယ်သေးတာပဲ၊ အသက်ရှစ်ဆယ်ကျရင် အဘိုးအလှည့် ရာက်စေမယ် မယုံရင် စောင့်ကြည့်''
''အဘိုး ရယ်၊ အသက်ရှစ်ဆယ်ကျော်တော် အဘိုးငယ်ရွယ်နုပျို နေမှာ အမှန်ပါပဲ၊ အဘိုးဟာ အမြဲပဲ ငယ်ရွယ်နုပျိုနေ မှာပါ''
''အဘိုးဘ၀ဟာ သက်တောင့်သက်သာတော့ မရှိလှဘူးကွ၊ တကယ်ခေတ်ကြီး တစ်ခေတ်ကို ဖြတ်ခဲ့ရတာပဲ၊ အရင်းရှင်ခေတ်ကနေ ဆိုရှယ်လစ်ခေတ်ကို အကူးအပြောင်းပေါ့ ပဂ္ဂိုလ်ရေးဘ၀ အနေနဲ့ တော့ တစ်စိတ် တစ်ပိုင်းအထိ သာယာပျော်မွေ့စရာ ကောင်းခဲ့ပါတယ်။ အဘိုး အသက်၂၂ နှစ် အဘွားက ၁၂ နှစ် အဲဒီမှာ လက်ထပ်ခဲ့ကြတယ်။ သူ ၁၅ နှစ်သမီးမှာ အတူတူ စနေခဲ့ကြတယ်။ သူက သာယာပြောင်းနွဲ့တဲ့ မိန်းမ ကောင်းတစ်ယောက်ပဲ။ ဒါပေမဲ့ ကြာလာတော့ သူနဲ့ အဘိုးနဲ့ စိတ်သဘော မတိုက်ဆိုင် တာတွေ ဖြစ်လာတယ်။ သူက ရှေးဆန်တယ်။ အဘိုရဲ့အယူအဆကြောင့် သူ့ အသိုင်းအ၀န်က သသူ့ကို စွန့်ပစ် လိုက်ကြတယ်။ သူအတော်ခံစားရရှာတယ်။ အဘိုးရဲ့ အတွေးအခေါ်တိုင်းဟာ သူနဲ့ ဆန့်ကျင်ဘက်ချည်ပဲ။ အဘိုး ပတ်ဝန်းကျင်မှာက ပညာတတ်မိန်းမတွေ မိတ်ဆွေကောင်းတွေ အများကြီးပဲ။ ဒါကို သူနောက်ဆုံးမှ နည်းနည်း နားလည် လာတယ်။ သူက အဘိုးကို နားလည်မှုအနည်းဆုံး ဖြစ်ပေမယ့် အဘိုးကတော့ အလွမ်းဆုံးသူ တစ်ယောက်ဟာ သူပါပဲ ကွယ်'' ''ကျွန်တော် အလွမ်းရဆုံးသူကတော့ အဘိုးပါပဲ အဘိုးရယ်''
ရာဂျာကလည်း စိတ်ထဲမှာ တမ်းတလိုက်သည်။ ထို့နောက် အဘိုး၏ ခြေညှပ်ဖိနပ်တွင် တင်နေသော ဖုန်မှုန်များ ကို သုတ်ပစ်ကာ သူ့နဖူး ဖြင့် အပ်ထားလိုက်၏။ သူ့မျက်ရည်များသည် အဘိုး ၏ခြေပေါ် ညင်သာစွာသက်ဆင်း ကုန်ကြသည်။ အဘိုး ကတော့ သူ့ကို အသာအယာ မယူလိုက်သည်။
အဘိုး၏ လက်မောင်းထဲတွင် ခဏမျှ မှီခို လိုက်ရသည်နှင့်ပင် သူ့တစ်ကိုယ်လုံး အလုံအခြုံ ဆုံး အထွေးပိုက်ဆုံး အရသာ ကို ခံစားလိုက်ရသည်။ သူအချစ်ဆုံးအဘိုးကို ခွဲပြီး နိုင်ငံရပ်ခြားသွား ရမှာကို ၀မ်းနာ်းမိသည်။
''အဘိုးရယ်၊ ကျွန်တော်ကို ကတိပေးစမ်းပါ။ ကျွန်တော် ပြန်လာတဲ့အထိ စောင့်ပါဦး။ ကျွန်တော် ပြန်မလာမချင်း အဘိုး မသေပါနဲ့ဦး အဘိုးရယ်'' မေတ္တာများ ထုံလျက်ရှိသော သာယာညှင်းပျောင်းသည့် လေသံလေးဖြင့် အဘိုးက ပြန်ပြသည်။ ''အဘိုး ကတိပေးပါတယ်ကွယ်။ ငါ့မြေး ပြန်လာတဲ့ထိ အဘိုး ဒီကနေ စောင့်နေမှာ ပါကွယ်''
ရာဂျာအဖို့ နယူးယောက်သို့ မရာက်မချင်း သူ့မိခင်၏ အမှာစကားများကို ဆက်တိုက်နားဆင် နေခဲ့ရသည်။ နယူးဒေလီ သို့ ပထမတန်းရထား နှင့် သွားရန်၊ အအေးခန်းတွဲမှ မလိုက်ရန် ပြော သည်။ အအေးခန်းတွဲထဲတွင် မိမိအိပ်ရာ မယူရသဖြင့် ရထားပေါ်မှ အိပ်ယာဖြင့် အိပ်ရမည်။ ရထားမှ ပေးသော အိပ်ရာ မှာ လျှော်ဖွပ် ပြီးသားဖြစ်သည်။ သို့သော် သူတစ်ပါးတို့ သုံးပြီးသား ဖြစ်မည်။ ဘယ်လိုလူတွေ သုံခဲ့မှန်းမသိ။ ထို့ကြောင့် အအေးခန်းတွဲ မလိုက်ရ။
သူ့အမေ သည် တစ်နေ့လုံး အစေခံများကို ဆူပူအော်ဟောက်ရင်း အလုပ်ရှုပ်ပြနေခဲ့သည်။ မျက် နှာသုတ်ပ၀ါများ အိပ်ရာများ အိပ်ျရာခင်းများကို စိတ်တိုငး ကျလျှော်ဖွပ်စေသည်။ ခရီးသွားရာတွင် ရာဂျာစားဖို့ ဖွယ်ဖွယ် ရာရာတွေ စီစဉ်သည်။ အားလုံးစီစဉ်ပြီးသောအခါ ရာဂျာထံလာပြီး နားပူပြန်သည်။
" သားရယ် အမေ့ကို ကတိတစ်ခုပေးစမ်းပါ။ သားဘယ်တော့မှ အမဲသားမစားပါဘူးလို့။ သားရဲ့ကတိစကား မကြား ရရင် အမေတော့ ညညအိပ်လို့ရမှာမဟုတ်တော့ဘူး။ အမဲသားဆို နှုတ်ခမ်းနဲ့တောင် မထိစေနဲ့။ နိုင်ငံခြား သားတွေ က သိပ်ပါးတာ။ သားကို မုန့်တွေထဲမှာ အမဲသားတွေထည့်ပြီး ကြက်သားပါလို့ ညာကျွေး ချင်ကျွေးကြ မယ်။ သားစားပြီးမှ သူတို့က ၀ိုင်းရယ်ကြပြီး ဘာသာတရားအစဉ်အလာကို ချိုးဖျက်ခိုင်းလိမ့်မယ်။ သူတို့ရဲ့ အလှည့်စား ကို မခံနဲ့နော်။ သတိအမြဲထား "
နယူးဒေလီ မှတစ်ဆင့် လေယာဉ်ဖြင့် နယူးယောက်သို့ လာခဲ့သည်။ နယူးယောက်လေဆိပ်တွင် သူ့ကို လာကြိုသူ မရှိ။ ထို့ကြောင့် တည်းရမည့် "စကူယပါဟိုတယ်" သို့ တစ်ယောက်တည်း ထွက်ခဲ့ရသည်။ ဟိုတယ် မှာ မြို့လယ်ခေါင်တွင် ဖြစ်သည်။ ဟိုတယ်စာေူရးက သူ့ကို ခရီးဦးကြို နှုတ်ဆက်စကား လုံးဝ မဆိုဘဲ သော့ ထုတ်ပေး သည်။ ပစ္စည်းသယ်သူ ကောင်းလေးကလည်း ဘောက်ဆူးနည်း၍ ဆူဆူဆောင့်ဆောင့်။ အခန်း မှာလည်း ခပ်ကျဉ်း ကျဉ်း။ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် သမ္မာကျမ်းစာအုပ် တို့သာရှိသည်။ ပြက္ခဒိန်လည်း မရှိ။ အခန်းမှာ ပူလည်းပူသည်။
လပ်ကနောင်းလောက်ပင် ပူသည်။ သို့သော် ပန်ကာက မရှိ။
ရာဂျာ သည် ကုတင်ပေါ်ထိုင်ချလိုက်ပြီး ဌာနေကို လွမ်းမိသည်။ အိမ်လွမ်းစိတ်ပျောက်အောင် ရေမိုးချိုး၊ အ၀တ်သစ် အစားသစ် လဲကာ အပြင်ထွက်ခဲ့သည်။ မြို့ထဲတွင် လူတွေက အများကြီး။ လူအုပ်ထဲတွင် ဆာရီဝတ် မိန်းမငယ် တစ်ဦးက တွေ့၍ ၀မ်းသာလွန်းသဖြင့် နှုတ်ဆက်စကားများပင်မထွက်ဖြစ်တော့။
ထို့နောက်ပိုင်း တွင် သူသည် မြင်သမျှ မနှစ်မျို့စရာချည်း ဖြစ်နေတော့၏။
မိုးထိတိုက်ကြီး များကိုမုန်းသည်။ ရှုပ်ထွေးနေသော ကြော်ငြာများကို မကြိုက်။ အ၀တ်အစား ကပိုကရို ဖရိုဖရဲနှင့် လူများ ကို ရွံ့သည်။ မြစ်ကမ်းနံဘေး သွားထိုင်သည်။ ထို့နောက် ဟိုတယ်ပြန်သည်။ အခန်းကျဉ်းလေး ထဲရောက်ပြန် ပေါ့။
နောက်တစ်နေ့တွင် နယူးယောက်မှ ရထားဖြင့် သူတက်ရမည့် တက္ကသိုလ်ရှိရာ "အင်ဒီကော့မီလ်စ်" ဒေသ သို့ထွက်ခဲ့၏။ မြို့မှထွက်လာရ၍ အသက်ရှုပိုချောင်ပြီး သက်တောင့်သက်သာရှိလာသည်။ ရထားစီးရင်းနှင့် ဆာ လာတော့ မဆလာနံ့နှင့် ငရုတ်သီးနိုင်းချင်း ပါသော ဟင်းများကို တမ်းတမိလာသည်။ သို့သော် ရထားပေါ် မှာရောင်းသော အညားညှပ်မုန့်နှင့် ကော်ဖီလောက်နှင့်ပင် ကျေနပ်လိုက်ရ၏။ အသားညှပ်မုန့်က အရသာ နတ္တိ။ ကော်ဖီ ကလည်း ခပ်ကျဲကျဲ။ " ရှင်က အိန္ဒိယလူမျိုးလား " သူ့ထိုင်ခုံနှင့် ဓားလွယ်ခုတ်တွင် ထိုင်နေသော ကောင်မလေးတစ်ယောက်က လှမ်းမေးသည်။ ဒီလစ်စိတ်ကူးထဲမှ ကောင်မလေးပုံမျိုး။ သို့သော် သူက ပိုလှသည်။ ဆံပင်ရှည်လေးကို ပန်းရောင် ဖဲကြိုးလေးဖြင့် စုချည်ထားသည်။ အသားအရောင် က နို့နှစ်ရောင်။ နှာခေါင်းလေးက ခပ်လန်လန်။ သူ့ဂါဝန်က တိုလွန်း၍ ခြေထောက်တစ်ခုလုံးမြင်နေ ရသည်။ ပန်းနုရောင် နိုင်လွန်ဘလောက်စ် အင်္ကျီမှာလည်း ပါးလျှပ်လှသဖြင့် အတွင်းခံအင်္ကျီကို အတိုင်းသားမြင်နေ ရသည်။ ရင်သားကျစ်ကျစ်သေးသေးများ ကား လုံးအိနေသည်။
" ဟုတ်ကဲ့။ ကျွန်တော် အိန္ဒိယလူမျိုးပါ။ ခင်ဗျား ဘယ်နှယ်လုပ်သိတာလဲ ဟင် "
" ကျွန်မက ချက်ချင်းသိတာပေါ့။ အရင်နှစ် နွေရာသီတုန်းက ကျွန်မနဲ့ ကျွန်မအမေ အနောက်ဘက်သွားတုန်းက အိနိံ္ဒယ လူမျိုးတွေ အများကြီးတွေ့ခဲ့တာပဲ" " ကျွန်တော်က အမေရိကန်အင်ဒီးယန်းမဟုတ်ဘူး။ အိန္ဒိယပြည်အင်ဒီးယန်းပါ " " အိန္ဒိယပြည်က ဟုတ်လား " " ဟုတ်ပါတယ် " " ဟင် ၊ ဒါဖြင့် ရှင်က ပေါင်းထုပ် လည်း မပါ ပါလား " " လူတိုင်း ပေါင်းထုပ်ဝတ်တာမှ မဟုတ်တာ "
" ကျွန်မတော့ အိန္ဒိယလူမျိုးအစစ်ကို ခုမှ မြင်ဖူးတော့တယ်ရှင်။ ရှင်တို့ နိုင်ငံသေးသေးလေးမှာ မိုးတွေ ရွာနေ တတ် တယ်ဆိုတာက လွဲလို့ကျွန်မဖြင့် ဘာမှမသိဘူး။ ဒါတောင် ရုပ်မြင်သံကြား အဟောင်းတစ်ခုမှာ ကြည့်ခဲ့ ရတာ။ မိုးကို ပြတ်တယ်မရှိဘူးနော် " " ဟုတ်ပါတယ်။ ကျွန်တော်လည်း ဒီကားကို ကြည့်ဖူးပါတယ် "
" ရှင်တို့ အိန္ဒိယမှာ ရုပ်ရှင်ရှိလို့လား " " ရှိတာပေါ့။ ရုပ်ရှင်" ရှိတာပေါ့။ ရုပ်ရှင်တင် မကဘူး။ ဓာတ်လှေကားလည်း ရှိတယ်ဗျ " ရာဂျာက စိတ်ပေါက်ပေါက်နှင့် ကြွားလိုက်သည်။ " သြော် ဟုတ်လား။ ရှင်က ဒီမှာ ဘာလာလုပ် တာလဲ " " ဟာ ကောင်းတာပေါ့။ ဘယ်မှာ သင်မှာလဲ " "ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်မှာပါ"
"အို ဟုတ်လား"
ရုတ်တရက် သူ့ပါးစပ်လေးမှာ တင်းတင်းစေ့စေ့ ပိတ်သွားသည်။ မျက်နှာထားက တင်းသွားသည်။ ရာဂျာ ကို အေးအေးစက်စက် ကြည့်ကာ သူ့ဘေးမှ အဘွားကြီးကို လှည့် ပြောလိုက်သည်။
"အမေရေ စားသောက်ခန်းမှာ တစ်ခုခု သွားစားကြရအောင်၊ သမီး ဆာလှပြီ"
ကောက်မလေး မှာ ရာဂျာကျတစ်ချက်လေးမှပင် လှည့်မကြည့်ဘဲ ထွက်သွားသည်။ ရာဂျာက သူ့အပြုအမူကို အံ့သြသွားသည်။ ငါဘာများမှားသွားလို့လဲ။ သူ့ဘလောက်စ်အင်္ကျီ ကို ကြည့်မိလိုပလား။ သူ့ဆံပင် လှလှလေးကို ငေးမိလို့လား။ ဒါလည်းမဟုတ်နိုင်ပါဘူး။ စကားပြောတဲ့အထဲကေား ဘာများ အမှားပါသွားပါလိမ့်။ ဘာမှ လည်း စကားမမှားပါဘူး။ ဒါဖြင့် နှုတ်ကလေးတောင် မဆက်ဘဲ ဘာဖြစ်လို့ ထွက်သွားတာလဲ"
ကောင်မလေးထိုင်သွားသောနေရာတွင် လူဝကြီးတစ်ယောက် လာထိုင်သည်။
"ခုနက ခင်ဗျားတို့စကားပြေသံ တစ်စွန်တစ်စ ကြားလိုက် ရတယ်။. ခင်ဗျားအိန္ဒယ က လာတာဆို ဟုတ်လား"
သူကမေးသည် "ဟုတ်ကဲ့" "ခင်ဗျားတို့ တိုင်းပြည် ဘာကြောင့် ဒုက္ခရောက်နေသလဲ သိရဲ့လား၊ ခင်ဗျားမေးရင် ကျွန်တော် ပြောပြမယ်" ရာဂျာ က ခုနက မိန်းကလေးအကြောင်းသာ စဉ်းစားနေမိသည်။
"ကျွန်တော် မေးနေတာ မကြားဘူးလား"
"ကြားပါတယ်" "ဒါဆိုရင် ခင်ဗျားတို့တိုင်းပြည် ဘာဖြစ်လို့ ဒုက္ခရောက်နေသလဲဆိုတာ မသိချင်ပါဘူး"
ထို့နောက် ရာဂျာအဖြေကို မစောင့်တော့ဘဲ သူ့ဖာသာသူ ဆက်ပြောပြန်သည်။
"ခင်ဗျားတို့ တိုင်းပြည်က ကလေးအမွေးများပြီး အစားအသောက်ကျတော့ တိုးမထွက်လို့ပဲ၊ ကျွန်တော်တို့ အမေရိက ကတော့ ကလေးအမွေးနည်းပြီး အစားအသောက်က ပေါနေပြန်ရော၊ ဟား ဟား"
သူ့စကားသူ သဘောကျပြီး ရယ်နေပြန်သည်။
"ကျွန်တော်တို့ နိုင်ငံရဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်ဗျာ"
ရာဂျာ က ခင်အေးအေးပင် ပြန်ပြောလိုက်သည်။ လူဝကြီးအနီးသို့ ခပ်ပိန်ပိန်မိန်းမတစ်ဦး ရောက်လာ သည်။ လူဝကြီး မိန်းမ ဖြစ်ဟန်တူ၏။
"ကဲ ရှင့်ပါးစပ်ကျယ်ကြီး ပိတ်မလား မပိတ်ဘူးလား ပြောစမ်း၊ ကောင်လေးခမျာ ဘယ်လောက် အနေရ ကျပ်နေပြီလဲ သိရဲ့လား၊ ဒီမှာ မောင်လေး သူ့ကို သိပ်ဂရုမထားပါနဲ့၊ သူက အာတွေ့တိုင်း လျှောက်ပြီး ဒီလို အပေါက်ရှာပြောတတ်တဲ့လူပါ" ရာဂျာ က အမျိုးသမီးကို ပြုံးပြလိုက်သည်။ အမျိုးသမီး က ပြန်ပြုံးပြ သည်။ နှစ်လိုနွေးထွေး ဖွယ်ရာ အပြုံး။
ဆက်ရန်
.

No comments:
Post a Comment