(ထမင်းသည်တွေ၊ မုန့်သည်တွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ စသည်ဖြင့် ဈေးသည်ပေါင်းစုံ ခရီးသည် ပေါင်းစုံ တို့၏ အသံဘလန် များကို ကျွန်တော်ကြားယောင်နေမိပါသည်.။ ကျွန်တော်တို့ အပူဒဏ် ကို ခါးစည်းခံရင်း ပလက်ဖောင်းပေါ်မှာ ဆင်းလျှောက်နေမိသည်။ ရသည်ကလေးတချို့၊ အချဉ်သီး စိတ်ရောင်းသူ၊ ကွမ်းယာသည်တစ်ဦး နှစ်ဦး။ ဟိုဘက် စင်္ကြန်ခေါင်းမိုးမှာ ချိတ်ဆွဲထားသည့် တီဗီသတင်းကို မော့ကြည့်နေသူ လေးငါးယောက်။ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေ၊ ဘယ်ရောက်သွားပါလိမ့်။ ရှင်းလင်း သွေ့ခြောက် နေသော ဘူတာမှာ ကျွန်တော် တို့ ရထားကြီး တစ်နာရီကြာမျှ အိပ်မောကျ နေခဲ့ပါသည်။) ကို ဆက်ဖတ်ရန်..........
နေပြည်တော်ရထား က ၅း၂၅ မှာ ဘူတာ ဝင်လာပြီး ကျွန်တော်တို့ကို ဖြတ်ကျော်သွားသည်။ သည် တော့မှ ကျွန်တော် တို့ ပလက်ဖောင်းပေါ် လမ်းလျှောက်ခွင့်ပေးတာကို နားလည်နိုင်ပါတော့သည်။
အေလာဘူတာကို ၇း၄၅ နာရီမှာ ရောက်သည်။ အေလာက ထွက်တော့ အမှောင်ရိပ်တွေ စွန်းစ။ ရထားလမ်းဘေးတစ်ဘက်တစ်ချက်မှ ရေဗူးချလိုက်ပါဗျို့ ရေဗူး ချလိုက်ပါဗျို့။ ရထားပေါ်က လည်း သောက်ပြီး ပလပ်စတစ် ရေဗူးခွံတွေကို ပစ်ချကြသည်။ ကျွန်တော်တို့လည်း ပစ်ချ။ သို့တိုင် ဒရေဗူးချလိုက်ပါဗိျု့ဒ ဆိုသောသနားစဖွယ်အသံလေးများက ကျွန်တော့်ခရီး သွားရာ၊ ပြန်ရာတစ် လျှောက်လုံး လိုက်ပါလာသည်။ ရေဗူးချလိုက်ပါဗျို့...တဲ့လားကွယ်။
တဖြည်းဖြည်း အမှောင်ရိပ်များနှင့်အတူ ပျဉ်းမနားဘူတာနား နီးလာသည်။ ဟော...ရထားက ရပ်သွားပြန် သည်။ အပူရှိန်ကလည်းရထားတွင်းမှာ မြင့်တက်နေ၏။ လေသွေးလို့လည်း မအေးနိုင်။ ဘူတာလေးက မကြာမီ ကမှ ပေါ်ပေါက်လာတာထင်သည်။ ဘူတာက ဆိုင်လေးတစ်ဆိုင်မှာ ဗီဒီယိုပြ နေသည်။ ပွဲကြည့်သူ လေးငါးယောက်။ မီးစက်သံကြားနေရသည်။ မြန်မာဟာသကား။ ကျွန်တော် တို့ တွဲတွင်းက ဆင်းကြ ပြန်သည်။ ဗီဒီယိုကို ငေးသည်။ ရန်ကုန်မှာ မြန်မာဗီဒီယိုကားမကြည့်ဖြစ် တာကြာပြီ။ ရထားကျေးဇူး ကြောင့် ကြည့်ရသည်။ ည ၈းဝဝ နာရီရှိပြီ။ ပျဉ်းမနားဘူတာမှာ နယ်ခံ စာရေးဆရာ ကဗျာဆရာ တချို့ ကျွန်တော်တို့ကို စောင့်နေကြသည်။
အမြန်ရထားတစ်စီးက ကျွန်တော်တို့ကို မျော်တက်သွားပြီးမှ ကျွန်တော်တို့ ရထားထွက်ခွင့် ရသည်။ ပျဉ်းမနား ဘူတာ ရောက်ရန် တစ်မိုင်ခန့်သာလိုသော ထို ' ပြည်တော်ဝင်' ဆိုသည့်ဘူတာက လေးမှာ ၁ နာရီ နှင့် ၁၅ မိနစ်ကြာအောင်ကျွန်တော်တို့ ရပ်တွေငိုက်မြည်း နေခဲ့ရသည်။
မီးရထားနှင့် ခရီးသွာလျှင် သင်စိတ်ရှည်ရှည် ထားပါဟု ဆိုပါရစေ။ ကျွန်တော်တို့ စိတ်တွေ ကို (ဆိတ်တွေမဟုတ်ပါ') ကြိုးဖြည် လွှတ်ထား ရပါသည်။
သို့ပေမယ့် ပျဉ်းမနားဘူတာရောက်၊ ရထားတွဲ ပြောင်းပြီးပျဉ်းမနားစာပေ မိတ်ဆွေများဖြစ် သော ဆရာဇော်ဝင်း ကို ကဗျာဆရာလှိုင်းထက်၊ အိုအောင်တို့နှင့် တွေ့ဆုံရပြီး ဘူတာအနီးက စား သောက်ဆိုင် မှာ စကားပြောဆိုစားသောက်ဖြစ်သောအခါ ပျော်ရွင်နေမိပြန်သည်။ သည်လိုပါပဲ ညစ်စရာကို ပျော်စရာ နှင့် ဖြေဖျောက်တတ် ပါသည်။ပျဉ်းမနားသည် နေပြည်တော်မြို့သစ် အရိပ်အောက်မှာရှိ သဖြင့် လျှပ်စစ်မီး များ ကတော့ ထိန်ထိန်ညီးနေသည်။
ပျဉ်းမနားဘူတာမှ ထွက်ပြီးနေပြည်တော် ဘူတာသစ်ကြီးကို ခပ်ဖြည်းဖြည်းဖြတ်ရသည်။ လမ်းတွေက ရှင်းပြီး နီယွန်းမီးတွေ၊ ညလည်ကောင်မှာ၊ ဘူတာကလည်း ရှင်းသန့်ထိန်လင်းနေပါသည်။ ကောင်းလေစွ။
မောင်နွေထက်၏ ကဖေးဆိုင်ဆိုသော ကဗျာကိုသတိရသည်။
ငါက
လီဗီယွန် ရဲ့ ရိုတွန်ကဖေး မှတ်လို့
ထိုင်နေတာ...
လောက်ရှဲရဲ့ လက်ဖက်ရည်ဆိုင်ကြီးဖြစ်နေပါရောလား။
၂း၁၅ နာရီမှာ ပျော်ဘွယ်ဘူတာကို ရောက်သည်။ ကျွန်တော့်တို့ ငိုက်မြည်းရင်း၊ နိုးထရင် တရွေ့ရွေ့။ ရထားတွင်း မှာ နည်းနည်းတော့ အအေးဓာတ် ဝင်ရောက်လာသည်။ ကျွန်တော်အိပ်ငိုက် သွားသည်။ သို့မဟုတ် ခေတ္တအိပ်ပျော်သွားဟန်ရှိသည်။ သာစည်ဘူတာကို ဘယ်အချိန်ကျော်ဖြတ် သွားတယ် မသိလိုက်။ လင်းအားကြီး ရောင်နီပြို့ချိန် နိုးလာပြီးပြတင်းများ အပြင်ကြည့်လိုက်တော့ တောင်ကုန်း နိမ့်မြင့်တွေ။ အရှေ့ဘက်ကောင်းကင် မှာ ပန်းနုရောင် လိမ္မောရောင်၊ ရွေဝါရောင်များက စိမ်းပြာညို တောင်တန်း တွေပေါ်မှာ ဖြာကျနေပါသည်။ အေးမြသောလေက စိတ်ကိုလန်းဆန်းစေသည်။

(၄)
၁၈၈၉ သာစည်ဘူတာက ရန်ကုန်-မန္တလေး မီးရထားလမ်းမှာ စည်ကားနေပါပြီ။ ရှမ်းကုန်းပြင့်မြင့် က ရှမ်းကုန်သည်တွေ၊ ခရီးသည်တွေ သာစည်ကို ဦးတည်ဆင်းလာကြပါတယ်။ ၁၉ဝဝ ပြည့်ဝန်း ကျင်ကနေ ၁၉၁0xdajခလျင် ခရီးသည်၊ လှည်းဝန်တင် ခရီးသည်တွေ သွားလာခဲ့ကြပါတယ်။ ၁၉၁ဝ ရောက်တဲ့အခါ ရှမ်းပြည်နယ် တောင်ပိုင်းကို ရထားလပ်းဖောက်ဖို့ လမ်းအူကြောင်းရှာတာနှင့် ကြံကြရပါထယ်။ စကား တွေက တစ်ယောက်ကနေ တစ်ရာပြည့်လာတယ်။ မြေတိုင်းနေတာ ဘာများ လုပ်ဖို့လဲပေါ့။ မြေတွေ သိမ်းဖို့ လားပေါ့။ လယ်သိမ်းဖို့လာပေါ့၊ စသဖြင့် စိုးရိမ်းခဲ့ကြပါတယ်။ နောက် တော့ ရှမ်းပြည်နယ်ကို သာစည်က ရထားလမ်းဖောက် မလို့တဲ့၊ ဘာမှမစိုးရိမ်နဲ့တဲ့။ သာမိုင်ခမ်းရုံးကုန်း က အသံ ထွက်ပေါ် လာပါတယ်။ ထုံးစံအတိုင်းမင်းပါးစိုးပါးတွေဆီကထွက်လာတဲ့အသံ။ သာစည် ဆင်း တဲ့ သွား ဝန်တင်သမား တွေကြားမှာ ပြောစရာ စကားရသွားတယ်။ ဟာ...ဒီသတင်းဟာအသစ် ပေါ့။ ကောင်းတယ် မကောင်းဘူး ငြင်းခုန်သူလည်းရှိတယ်။ အများစုက ကြိုက်တယ်။ တောင်တွေ တောတွေကို ဖြတ်ပြီး ကုန်းကြောင်း သွားရတာ ရက်တွေ ကြာသလို ပင်ပန်းကြရတယ်။ ရထားလမ်း ပေါက်ပြီဆိုရင်တော့။
၁၉ဝဝ ပြည့်နှစ်ကျော်ကတည်းက အင်္ဂလိပ်တို့က ကလောမြို့သစ်တည်ဖို့ စီစဉ်နေပါပြီ။ ကလောမြို့မှာ အုပ်ချုပ်ရေး အချက်အချာ အရေးပိုင်ရုံး ကို ထားမှာပါ။ အင်္ဂလိပ်တို့ရဲ့ သီးသန့် တောင်ပေါ် အနားယူစခန်း အဖြစ် သတ်မှတ် ထားပါတယ်။ အခုသာစည် က ဖောက်တဲ့ ရထားလမ်းက ကလောမြို့ မှာ အုပ်ချုပ်ရေး အရေးပိုင် အချက်အချာ အရေးပိုင်ရုံးကို ထားမှာပါ..အင်္ဂလိပ်တို့ ရဲ့ သီးသန့် တောင်ပေါ် အနားယူစခန်း (Mortified area) အဖြစ် သတ်မှတ်ထားပါတယ်၊ အခု သာစည်က ဖောက်တဲ့ ရထားလမ်းက ကလောမြို့ ကို ဦးတည်ဖောက်တာပါ။
သည်ရထားလမ်း ကို မြန်မာပြည် မီးရထားကုမ္ပဏီ က ဦးစီးပြီး ဖောက်လုပ်တာဖြစ်တယ်။ 1910 ကစပြီး သာစည် ဘူတာက အရှေ့ရှမ်းရိုးမ ဆီဖောက်တာ ဖြစ်တယ်။ အင်္ဂလိပ် နယ်ခဲ့တွေ (1887) ခုနှစ် ရှမ်းပြည်နယ် ချီတက်တဲ့ လမ်းကြောင်းနဲ့ အစပိုင်း အတူတူပါ။ နောက်ပိုင်းမှာ မြောက်ဘက် မလိုက်ဘဲ အဖြောင့် အတိုင်း အရှေ့ဘက် သို့ ဆက်ဖောက်ခဲ့ပါတယ်။
ရထားလမ်းဖောက်တဲ့ အခါ ကျွမ်းကျင်မှု လို တဲ့ အစိတ်အပိုင်း မှာ အင်္ဂလိပ်၊အိန္ဒိယ သားဟိန္ဒိုမူစလင်တွေ ပါတယ်။ အာဖဂန်၊ ပန်ချပ်၊ ပထန် တွေ လဲ ပါတယ်၊ သူတို့က အရေးကြီး တဲ့ တံတားဆောက် ၊ ဥမှင်ဖောက် စတဲ့ အင်ဂျင်နီယာ ပိုင်း တွေ မှာ တာဝန်ယူဆောင်ရွက် ကြတယ်၊လှိုင်းတက် နဲ့ ကလော အကြား တောင်ကြား နေရာတွေ စာ ကျောက်သားတွေ ဖြစ်တဲ့ အတွက် အခက်ခဲဆုံး အပိုင်း တွေ ဖြစ်တယ်။
အလုပ်ခွင်မှာ အလုပ်ကြမ်း သမားတွေ ခေါ်ဆောင်ဖို့ ကြီးကြပ်ဖို့ အိန္ဒိယသားတွေက ဦးဆောင်ပါတယ်။ ဆပ် ကန်ထရိုက် လုပ်ပါတယ်။ အကြမ်းထည် မြေတူး မြေညှိမြေဖို့ ကျောက်သယ် မြေသယ်လုပ်ငန်း တွေ မှာ တိုင်းရင်းသားတွေကို နှိုးဆော်ပြီး မက်လောက်တဲ့ လုပ်အားခပေးလို့ နယ်စုံက လူစုံ ရောက်လာ ပါတယ်။ ရှမ်းပြည်နယ် ဘက် ကရော မြေပြန့်ကပါ လာလုပ်ကြပါတယ်။
ပင်းတယ နယ်ဘက်ကဆို အုပ်စုလိုက်လာကြပါတယ်။ နေ့အခါ ရထားလမ်းဖောက်လုပ်ရာမှာ မြေတူး မြေသယ်ကြ။ ညနေစောင်းတော့ ကိုယ့်အစုနဲ့ ကိုယ် ချက်ပြုတ်စားသောက်ကြ။ ညအခါမှာ တောထဲ တောင်ကြား မီးဖိုပြီး သူ့ရွာ အုပ်စု ကိုယ့်ရွာအုပ်စုလိုက် သတိဝီရိယနျင့် အိပ်စက်အနားယူကြပါတယ်။ တချို့ကိုယ့်လူမျိုးခြင်း တချို့လဲ တိုင်းခြားသား နဲ့ အလုပ်လုပ်ရင်း ညားကြတာလည်း ရှိပါတယ်။ ရေဖြူရွာ က အမျိုးသမီးတစ်ဦးဆို လမ်းကြီးကြပ်တဲ့ အာဖဂန်တစ်ယောက်နဲ့အကြောင်းပါပြီး နောင် အဲသည် အာဖဂန်ဟာ ပင်းတယမှာ အခြေချခဲ့ပြီး မျိုးနွယ်ဆက်ပွားတာလည်း ရှိပါတယ်။
တချို့က လမ်းဖောက်ရမြှာ အလုပ်ဝင်မလုပ်ပဲ လှည်းတစီးနဲ့ အိုးခွက်တွေ တင်ပြီး ထမင်းရောင်းပါတယ်။ အမဲအူဟင်း စားမလား ၀က်သားဟင်း လား ဂျူးမြစ်သုတ် ပဲလုံးဟင်းရည် ငရုပ်သီးကြော်စပ်စပ် တောထဲ တောင်ထဲ ထိ လာရောင်းလို့ ရထားဖောက်လုပ်တာ ၀င်ငွေကောင်း လို့ ထမင်းရောင်းကောင်း လှ ပါတယ်။
ကလောမြို့ကို ၁၉၁၁ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ မြို့ဖွင့်လှစ်တာနဲ့ ရထားလမ်း ရောက်ရှိ သွားပါတယ်။ ၁၉၁၄ခုနှစ်မှာ မြို့အဖြစ်ဖွင့်လှစ်နိုင်ပါတယ်။ ကလောဆိုတာ ရှမ်းအမည်ပါ။ တလော၊ တာလော၊ ကယ်လော စသည်ဖြင့် အခေါ်ရွေ့သွားပေမယ့် မြန်မာလိုက လှည်းစခန်းပါတဲ့ ။ ရှေးယခင်က နွားဝန်တင် ရပ်နားရာ နွားစခန်းကုန်းဖြစ်ပါတယ်။
ကလောနဲ့သာစည် မိုင် ၆၀ နီးပါးသာ ဝေးတယ် ဆိုပေမယ့် တော်ကြာချောက်ကမ်းပါးလမ်းတွေ ပြီးတော့ ကလော ဟာ ရေမျက်နှာပြင် အထက် ပေပေါင်း ၄၂၉၇ ရှိပါတယ်။ ဆင်တောင် ၄၆၀၀ ကျော် မြင်းတိုက် ဆိုရင် ပေ ၄၄၅၇ ရှိပါတယ် ။လျှိုတွေ ချောက်တွေ၊ ကျောက်တောင်တွေ ကို ဖြတ်ကျော် ဖောက်ထွင်း သွားရပါတယ်။ ဒါကို ၄ နှစ် နဲ့ အပြီးဖောက်လုပ်နိုင်တာ အံ့သြစရာ တစ်ရပ်ပါပဲ။
ဆက်ရန်
.
3 comments:
လာဖတ်သွားပါတယ်ရှင်
အမရေ..တစ္ဆေ အရှိန်တက်နေပြီဗျ..ဆက်ပါအုံး
မမရေ..အခန်းဆက်လေးတွေ လာဖတ်ရင်း စောင့်မျှော်လျှက်ပါလို့..
Post a Comment