ထိုတွင်မှ အမြင်မကောင်းလှသော ကြောက်စရာ့သဏ္ဍာန်ကြီးသည် မီးတောက်မီးလျှံထနေသော ချည် မန်းကွင်း ၏တန်ခိုးအာနိသင်ကို ကြောက်လှသဖြင့် ရှုံ့တွတွန့်လိမ် အငြိမ်မနေနိုင်အောင် ရှိလေ တော့၏။
ကျွန်တော်။ ။ဟေ့ သတ္တဝါ မင်း ဘာကောင်လဲ၊ သူရဲလား၊ သဘက်လား၊ မင်းတကယ်မိုက်အား ကိုးတဲ့ အကောင်ကိုး။
ဟု မေးလိုက်ရာ မအေးကြည်လည်း ထိုသတ္တဝါကြီး ပူးဝင်နေပြီဖြစ်သောကြောင့် အံကိုက်ခါ
"အမာ ဟန်တွေ ပန်တွေလုပ်ပြီး မေးခွန်းထုပ်မနေပါနဲ့ ကိုယ့်လူရာ၊ မင်းကိုကြောက်တာမဟုတ်ဘူး။ မင်း လက်က ဆေးကြိမ်လုံးနဲ့ ချည်မန်းကွင်းကိုလန့်တာပါ" ဟု ဆိုသောအခါ မကြီးခမှာ ရင်ဘတ်စည်တီးနှင့်
"ဟဲ့ ဟဲ့ အလိုလေး သမီးရဲ့၊ ဘယ့်နှယ့်ပြောတာတုံး ညည်းကို ဆေးကုတဲ့ ဆရာပါဆိုနေ"
ဟု စိုးရိမ်စွာ ပြောလေရာ
ကျွန်တော်။ ။ဟေ့ သတ္တဝါ မင်း ဘာကောင်လဲ၊ သူရဲလား၊ သဘက်လား၊ မင်းတကယ်မိုက်အား ကိုးတဲ့ အကောင်ကိုး။
ဟု မေးလိုက်ရာ မအေးကြည်လည်း ထိုသတ္တဝါကြီး ပူးဝင်နေပြီဖြစ်သောကြောင့် အံကိုက်ခါ
"အမာ ဟန်တွေ ပန်တွေလုပ်ပြီး မေးခွန်းထုပ်မနေပါနဲ့ ကိုယ့်လူရာ၊ မင်းကိုကြောက်တာမဟုတ်ဘူး။ မင်း လက်က ဆေးကြိမ်လုံးနဲ့ ချည်မန်းကွင်းကိုလန့်တာပါ" ဟု ဆိုသောအခါ မကြီးခမှာ ရင်ဘတ်စည်တီးနှင့်
"ဟဲ့ ဟဲ့ အလိုလေး သမီးရဲ့၊ ဘယ့်နှယ့်ပြောတာတုံး ညည်းကို ဆေးကုတဲ့ ဆရာပါဆိုနေ"
ဟု စိုးရိမ်စွာ ပြောလေရာ
ကျွန်တော်။ ။နေပါစေ ခင်ဗျာ၊ မအေးကြည်က ပြောရှာတာမဟုတ်ဘဲ သူ့အစွဲကောင်က ပြော နေတာပါ။
ဟုဆိုသော်လည်း မကြီးခမှာ ကျွန်တော်ကဲ့သို့ အစွဲကောင်ကို မြင်ရရှာသည်မဟုတ်သဖြင့် မအေး ကြည်က ပြောသည် ထင်သဖြင့် လွန်စွာအားနာလျက်၊ အဆက်မပြတ် ကျွန်တော့်အားသာ တောင်း ပန်နေရှာ လေ၏။ ကျွန်တော်လည်း အစွဲကောင်ကြီး၏မခန့်လေးစားပြောဆိုမှုကို များစွာခံရခက်လှ သဖြင့် ဆေးကြိမ်လုံး နှင့် အချက်ပေါင်းမြောက်များစွာ ရိုက်နှာက်မိရာ ပယောဂကောင်ကြီးလည်း အသံနက်ကြီး နှင့် တညီးညီးအော်ဟစ်၍သာ ဒုက္ခဝေဒနာကို ခံစား၍ နေလေ၏။
ကျွန်တော်လည်း ထိုအကောင်ကြီး မခန့်လေးစားပြောသည့်အတွက် ရှက်ရှက်နှင့် ကြိမ်ဒဏ်ချက် ပေါင်း များစွာ ရိုက်နှာက်နေမိရာတွင် သတ္တဝါကြီးလည်း နာကျင်စွာ တညီးညီးအော်နေရာမှ တစ တစ မောဟိုက် ပင်ပန်းသွားဘိအလား အော်သံများ ငြိမ်သက်သွားပေတော့၏။
ကျွန်တော်။ ။ဟေ့ မင်းဘာကောင်လဲ။
မအေးကြည်။ ။မပြောနိုင်ဘူး။
ကျွန်တော်။ ။မပြောရင် ရိုက်ရလိမ့်အုံးမယ်။
မအေးကြည်။ ။ရိုက်လေ။
ကျွန်တော်။ ။နာပြီးမှ ပြောရတာထက် မနာခင်မှာ ပြောရင် မကောင်းဘူးလား၊ နင့်ကိုရိုက်ရုံမက ဘူး၊ မျက်စဉ်း လဲ ခပ်ရလိမ့်မည်။
မအေးကြည်။ ။ခင်ဗျား ကောင်းတယ်ထင်သလို လုပ်ပါလေ ကျုပ်တော့ မပြောဘူး။
ကျွန်တော်။ ။ဘာပြုလို့ ဒါလောက် ခေါင်းမာရသလဲ၊ ပြောလိုက်တဲ့အတွက် ဘာများနစ်နာသွား မှာတုန်း၊ ငါလဲ မင်းကို မနှိပ်စက်လိုဘူး ဒီတော့ အေးအေးနဲ့ ပြောတုံး နားဝင်စမ်းပါ။
မအေးကြည်။ ။အိုဗျာ ဘာမှထပ်ချွဲနေစရာမရှိဘူး။ ခင်ဗျားသိအောင် လုပ်နိုင်လုပ် ကျုပ်တော့ ဖွင့် မပြော ဘူး။
ကျွန်တော်။ ။အင်း တယ်ဆိုးတဲ့ သတ္တဝါကြီးကိုး ကဲ ကဲ မင်းဘယ်လိုအမျိုးလဲ သူရဲလား၊ သူဘက်လား။
မအေးကြည်။ ။ဒီလိုအောက်တန်းစားမျိုးဖြင့် စောစောကထဲက ခင်ဗျားကို ကုန်းရှိခိုးလိုက်မှာပေါ့။
ကျွန်တော်။ ။ဒါဖြင့် ဘာလဲ။
မအေးကြည်။ ။အို မပြောပါဘူးဆိုမှ မရမကမေးနေပြန်ပြီ။
ကျွန်တော်။ ။ကဲ ဒါလောက်တောင်ရှိမှ မျက်စဉ်းခပ်ပေးရသေးတာပေါ့။
ဟု ဆို၍ ဆေးအစ်ကြီးအတွင်းမှ သဒ္ဒါခဲတမျှ ချင်းချင်းလှသော ပယောဂမျက်စဉ်းဆေးလုံးတလုံးကို ဂမုံးစေ့စိပွင့် စိမ်ထားသော ရေနှင့် ရွှေချအင်းနှံထားသော ဆေးကျောက်ပြင်တွင် တင်၍သွေးကာ ဆေးဒန်းမြီး သီလာ ကျောက်ခွက်ငယ်တွင် ထည့်ပြီး မျက်စဉ်းခပ်ပေးမည်ပြုလျှင် မအေးကြည်မှာ ထိုင်ရာမှ ဇွတ် ရုံးထပြေးမည်ပြုရာ အနီးရှိ လူအများဝိုင်းအုံ့ ချုပ်ကိုင်ထားသဖြင့် မသွားရဘဲ မျက်လုံး ပြူးဖြဲ အံကြိတ်ခဲ လျက်ရှိသည်တွင် အခြားသူများပါ ထပ်မံချုပ်ကိုင်၍ မျက်လုံးကို အတွင်းဖြဲစေပြီး အဆိုပါ မျက်စဉ်းကို ခပ်လိုက်ရာ မအေးကြည်မှာ ငယ်သံပါအောင် ကုန်းအော်လျက် မျက်လုံးမှ ပူစပ် သော ဒဏ် ကို သီးမခံနိုင်သဖြင့် ဆွေ့ဆွေ့ခုန်ဖြစ်နေလေ၏။
"အမယ်လေး စပ်လှချည်ရဲ့၊ ပူလှချည်ရဲ့ သေရချည်ရဲ့ ရှင်ချိုရေ ရှင်ချိုရဲ့ နင့်အတွက်နဲ့ မောင်ကြီး ဒုက္ခ ခံရတာတွေ မြင်လား၊ ဟဲ့ အမိုက်မကလေးရဲ့"
ဟု လေးလေးတွဲတွဲ ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုလိုက်သောအသံကြီးမှလည်း အနီးရှိလူ အပေါင်း တို့မှာ အဓိပ္ပါယ်ကို နားမလည်သဖြင့် မျက်စိသူငယ်နှင့် ကြောက်ရွံ့စွာ နားထောင်နေကြ လေ၏။
ကျွန်တော်။ ။ကဲ နောက်တခါ ထပ်ခပ်ရအုံးမှာလား၊ ပြောရမဲ့စကားကို ဒါလောက်နှမြောနေရသ လား။
မအေးကြည်။ ။လုပ်ဗျာ လုပ်ချင်သလောက် လုပ်၊ မပြောနိုင်ဘူး။
ကျွန်တော်။ ။ကဲ ဒီလိုနေလို့တော့ မဖြစ်ဘူး။ သူ့မှာလဲ ဒုက္ခဝေဒနာ ခံစားနေရရုံရှိမှာဘဲ၊ ကျွန် တော်လဲ ကြာကြာ နှိပ်စက်နေရရင် ငရဲကြီးနေလိမ့်မယ်၊ ဆရာကြီးဆီ ခေါ်သွားမှာပဲ။
မကြီးခ။ ။ဆရာလေး သဘောကျသလိုသာ ကြည့်လုပ်ပါတော့ ဆရာ။
ကျွန်ောတ်။ ။ကဲ ဒါဖြင့် ခင်ဗျားတို့က မအေးကြည်ကို ချည်မန်းကွင်းမကျွတ်အောင် တွဲမပြီး ဆရာကြီး တဲအိမ်ကို လှည်းနဲ့တင်ခေါ်သွားရလိမ့်မယ်။
မကြီးခ။ ။ကောင်းပါပြီ ဆရာလေးရယ်၊ ဟဲ့ မောင်သော် လှည်းခေါ်ပါဟဲ့၊ ဒီလိုနဲ့မဖြစ်ဘူးတဲ့။
ဟု ပြောဆိုလိုက်ရာ မယားအတွက် ရတက်များနေရှာသော မောင်သော်လည်း ကဗျာကရာ လှည်း ခေါ်လာပြီး ကျွန်တော်နှင့်အတူ မအေးကြည်ကို ချုပ်ကိုင်ဆွဲခေါ်၍ လှည်းပေါ်သို့တင်ကာ ဆရာကြီး တည်းခို နေထိုင်ရာသို့ လာကြလေ၏။ မည်သည့်အစွဲဟု မေးမြန်း၍မရနိုင်သည့် အစွဲကောင် သတ္တဝါ မှာလည်း မအေးကြည်ကို ပူးဝင်လျက် လိုက်ပါလာခဲ့လေသတည်း။ သို့နှင့် ဆရာကြီးတည်းခိုသော နေအိမ်သို့ ရောက်လျှင် ကျွန်တော်လည်း မအေးကြည်ကို အိမ်ပေါ်သို့ တွဲခေါ်ခဲ့ရန်မှာကြားခဲ့ပြီး ဆရာကြီး ကို အကျိုးအကြောင်း ပြောနှင့်ရန် အိမ်ပေါ်သို့တက်ခဲ့လေ၏။
ဆရာကြီးလည်း ထိုအခိုက်တွင် အိမ်ရှင် ဦးဘထွားတို့နှင့် အိမ်ရှေ့ဝရံတာတွင် စကားပြောနေခိုက် ဖြစ်၍ အစွဲကောင် ခေါင်းမာစွာ ခုခံနေသောကြောင့်၊ ဆရာကြီးထံသို့ခေါ်ခဲ့ရကြောင်းနှင့်တကွ၊ အဖြစ်အပျက်များ အကျဉ်းချုံး၍ ပြောပြသောအခါ ဆရာကြီးလည်း
"အေး အေး ငါ့တပည့်နှင့်ကိစ္စမပြီးလို့ရှိမှ ဆရာကြီး တာဝန်ကျပေသကိုး၊ ကဲ ကဲ ဘယ်မလဲ လူနာ"
ဟုဆိုရာ ကျွန်တော်လည်း မကြီးခတို့ အိမ်ပေါ်မရောက်လာသေးသဖြင့် လမ်းမဘက်သို့ လှည့် ကြည့်လိုက်သောအခါ မကြီးခတို့နှင့်အဘော်မိန်းမတစုမှာ မအေးကြည်ကို အိမ်ပေါ်သွားရန် အတင်းရုန်း နေသည်ကိုမြင်ရလျှင် ကျွန်တော် ဆရာကြီးအာ ထိုအခြင်းအရာကို ပြ၍
"ဟို ပယောဂကောင်က အင်မတန်ခေါင်းမာနေပါတယ် မလိုက်ဘူးလို့ ရုန်းကန်နေတုန်းပါ ဆရာကြီး"
ဟု ပြောသဖြင့် ဆရာကြီးလည်း ဝရံတာမှ နေ၍ လှမ်းကြည့်ကာ
"ဟဲ့ ဥစ္စာစောင့် မောင်နှမလာခဲ့ကြ"
ဟု လှမ်းခေါ်လိုက်သောအခါ မအေးကြည်မှာ ရုန်းကန်ဖယ်ရှားနေရာမှ ဆရာကြီးအား ကြောက်ရွံ့ တုန်လှုပ်စွာ မော့ကြည့်ပြီး ရန်သူနှင့် မျက်နှာမမူဝံ့သလို သူ့အား ဆွဲထားသူများကို တအား ရုန်းဖယ် ကာ ဖနောင့် နှင့် တင်ပါး တသားထဲကျအောင် ပြေးလေ၏။
မောင်သော်နှင့်တကွ အခြားယောက်ျားများလည်း မအေးကြည် ပြေးသွားသောနောက်သို့ ထပ်ချပ် ပြေးလိုက် ဘမ်းကြမည် ပြုရာ ဆရာကြီးလည်း
"ဟေ့ ဟေ့ သူငယ်တို့။ အမောခံပြီး မလိုက်ကြနဲ့၊ သူ ဘယ်လောက်ပြေးနိုင်သလဲ ပြေးပေစေ၊ မင်းတို့ အသာ ကြည့်နေကြ"
ဟု ဆိုထားသဖြင့် လိုက်ဘမ်းမည့် သူများလည်း အသာကြည့်နေကြရလေ၏။
အကွယ်အကာမရှိသော လယ်ပြင်ကြီးအတွင်းမှာ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေး သွားသော မအေးကြည် လည်း အိမ်ဝမှ ဆရာကြီးက ဖနောင့်နှင့်ကြမ်းကို တချက်မျှဆောင့်လိုက် သည်တွင် ၎င်းအားနောက်မှတစုံတယောက်က တုပ်ဆွဲလိုက်သည့်အလား၊ ပြေးနေရာမှ ပက်လက် လန်၍ လဲသွား လေ၏။
ထိုနောက် ဆရာကြီးနှုတ်မှ တစုံတခု တိုးတိုးပြောလိုက်ပြန်သောအခါ လယ်ကွင်းထဲတွင် လဲနေ သော မအေးကြည် လည်း ဒရီး၊ ဒယိုင်၊ အားယူ၍ထလျှက် တစုံတယောက်က တုပ်ဆွဲခေါ်သလို၊ ဆုတ်ကန်၊ ဆုတ်ကန် နှင့်ပင် ဆရာကြီးရှိရာသို့ ရောက်လာလေ၏။ ကျွန်တော်နှင့်တကွ ကြည့်ရသူ တို့မှာ ဆရာကြီး အစွမ်းကို အံ့မခမ်းအောင်ဖြစ်နေကြလေသတည်း
မအေးကြည်လည်း ဆရာကြီးရှေ့တွင် ရိုသေစွာ ဆစ်ဒူးတုပ်၍ ထိုင်လေ၏။ မျက်နှာတွင်ကား အားမ တန် မာန်လျှော့ ရသည့်ပမာ၊ သက်ပြင်းကြီး မကြာ မကြာချ၍ နေလေတော့၏။
ဆရာကြီး။ ။ဟဲ့ ဥစ္စာစောင့် မောင်နှမ၊ ဘာဖြစ်ကြတာလဲ။
ကြည်။ ။မပြောပါရစေနဲ့ ဆရာကြီးရယ်။
ကြီး။ ။မပြောလို့မဖြစ်ဘူး ပြောရလိမ့်မယ်၊ ဘယ်အတွက် ဒီသူငယ်မကို နှိပ်စက်နေရတာလဲ။
ကြည်။ ။အင်မတန်လဲ ကြောက်လှပါတယ်။ မပြောဘဲနေလို့ ကိစ္စပြီးရင်လဲ မပြောပါရစေနဲ့တော့ ဆရာကြီး ရယ်။
ကြီး။ ။ကောင်းပြီး မပြောချင်ရင် ဒီသူငယ်မကို ဘယ်တော့မှမနှောင့်ယှက်ပါဘူးဆိုတာ သစ္စာ ရေ သောက်ရလိမ့်မယ်။
ကြည်။ ။(ငိုလျက်) အမယ်လေး ဒီလိုသစ္စာရေမျိုးတော့ ချမ်းသာပေးပါ။ မသောက်ပါရစေနဲ့။
ကြီး။ ။အို ဒါဖြင့် ဘာလုပ်ရမှာလဲ။ တမျိုးနဲ့လဲမရ၊ တမျိုးနဲ့လဲမရ၊ ဘာဖြစ်လို့ နှောက်ယှက်နေရ သလဲ။ ကဲ အချိန်ကြာတယ် ပြောရင်ပြော။
ကြည်။ ။(ငိုလျက်) တောက် ခက်လိုက်တဲ့ဖြစ်ပုံရယ်။ ဘယ်ဒုက္ခမျိုးနဲ့ လာကြုံပါလိမ့်မလဲနော်။ သြော် မယ်ချို မယ်ချို ငါချစ်သလို မချစ်တဲ့ အမိုက်မကလေး။
ကြီး။ ။ကြာတယ်ကွယ် ပြောစမ်း။
ကြည်။ ။ကျွန်တော် ဥစ္စာစောင့်ပါ ခင်ဗျာ။
ကြီး။ ။အေး အေး မင်းဥစ္စာစောင့်မှန်း သိတယ်။
ကြည်။ ။အေးကြည်ဟာ ကျွန်တော့်နှမလေးပါ။ အရင်ဘဝက မောင်ခိုနဲ့ မယ်ချိုဆိုတဲ့ မောင်နှမ ပါဘဲ။ မတ္တရာမြို့ အနီး ကမာလဲတောင်ခြေနှင့် ရွှေတောင်၊ ငွေတောင်အနီးမှာ လယ်ယာလုပ်ကိုင် အသက်မွေး နေပါတယ်။ ကျွန်တော်ကလဲ အိမ်ထောင်မပြု။ မယ်ချိုကလဲ လင်သားမယူ၊ မောင်နှမ နှစ်ယောက် ချစ်ခင် ကြင်နာစွာ လုပ်ကိုင်စားသောက်နေတုန်း ရွှေတောင်၊ ငွေတောင်က ဥစ္စာစောင့် များက ပစ္စည်းနဲ့ မျှား ခေါ်သွားပြီး ဥစ္စာတိုက်တံခါးကြီးပိတ်ထားလို့ မောင်နှမနှစ်ယောက်လုံး အယူမှား ပြီး။ ဥစ္စာစောင့်ကြီးတွေ ဖြစ်နေရပါတယ် ဆရာကြီး ခင်ဗျား။
ကြီး။ ။သြော် အင်း အင်း၊ နို့ ဒီသူငယ်မကို နှိပ်စက်နေတာကတော့ ဘာကြောင့်လဲ။
ကြည်။ ။ဒီလိုပါ ခင်ဗျာ၊ ကျွန်တော့်နှမ မယ်ချိုဟာ နှစ်ပေါင်းများစွာ ဥစ္စာစောင့်ဘဝမှာ စောင့် ရှောက် နေရတော့ လူ့ပြည်၊ လူ့ရွာသွားပြီး ဒါန၊ သီလများ အားထုတ်ချင်တဲ့ဆန္ဒပေါ်လာတဲ့အတွက် မောင်ကြီးရယ် လူ့ပြည်ခဏသွားပါရစေ ကုသိုလ်၊ ဒါနများပြုလုပ်လို့ ဥပုသ်သီတင်းများ စောင့်သုံး ပြီး ပြန်လာပါ့မယ်လို့ မကြာခဏ ပူဆာလှတာနှင့် နှမကလေး ချစ်လွန်းလို့ မခွဲနိုင်သော်လဲ။ သူ့အလို ဆန္ဒမှ ခဏပြည့်ဝ ပါစေတော့လို့ လူ့ပြည်သွားလိုက ခေတ္တသွား၊ သားတယောက်ရရင် ပြန်ခဲ့လို့ မှာ လွှတ်လိုက်မိပါတယ်။ ဒါနဲ့ ဟောဒီ မတ္တရာမြို့မှာ လူဝင်စားလာဖြစ်ရှာတဲ့နောက် မအေးကြည်ဆိုတဲ့ အမည်နဲ့ပင် လင်ယောက်ျား ရရုံ မျှမက သားတယောက်လဲ ဘွားမြောက်ပြီးပါပြီ။
ဒီတော့ သူထားတဲ့ ဂတိရက် အချိန်စေ့လို့ လာခေါ်တဲ့အခါ သူ့မှာ ဒီလင်၊ ဒီသားကို ခွဲမထားခဲ့နိုင်ပါဘူးလို့ ခုခံငြင်းဆန် နေပါတယ်။ အခါခါလာခေါ်သော်လဲ ကျွန်တော့်ကို မသနားဘဲကိုး။ ကျွန်တော်ကတော့ နှမလေး တယောက်ကယ်လို့ မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ပါလျက် သူပူဆာ လှတဲ့အတွက် မခွဲချင်ဘဲနဲ့ သူ့စိတ်ကြေနပ်ပါစေတော့လို့ ခေတ္တခဏခွဲလွှတ်ထားရတယ်။ ကိုယ်ကတော့ နေ့ရှိသမျှ နှမကလေးရယ်လို့ တလွမ်းလွမ်း တသသနှင့် သူထားခဲ့တဲ့ကတိအတိုင်း အချိန်အခါကျရင် ပြန်လာ လိမ့်မယ်ထင်ပြီး အမျှော်ကြီးမျှော်နေခဲ့ရတယ် ခင်ဗျ။ ယခုတော့ သားတယောက်လဲရပါပြီ။ ကျွန်တော့် နှမလဲ ကျွန်တော် လွမ်းလှပြီ။ သူကလဲ လင်နှင့်သားကို သံယောဇဉ်မကင်းတော့ ချက်ခြင်း မလိုက်နိုင်ဘူးတဲ့။ ဒါနဲ့ မရမက ခေါ်နေရတာပါ။
ဆရာကြီး။ ။ကဲ သူငယ်မရဲ့ အမေနှင့် သူငယ်ခရဲ့ခင်ပွန်းသယ်များ ဥစ္စာစောင့်ပြောတဲ့စကား ကြားကြပြီလား။
မကြီးခ။ ။ကြားပါပြီ ဆရာကြီးရဲ့ ကျမသမီးနှင့် မခွဲနိုင်ပါ သူကဘဝခြားနေပါပြီ၊ ကျမမှာတော့ ဒီ သမီး ကလေး ကိုးလလွယ်လို့ ဆယ်လမွေးရတဲ့ ရင်သွေးအစစ်ပါ ဆရာကြီးရယ်။ ဘယ်ခွဲနိုင်မှာလဲ။ အိမ်ထောင်ချ ထားတာတောင် ကျမသမီးလေးမခွဲနိုင်လို့ ကိုယ့်မျက်စေ့အောက်မှာ လင်မယားနှစ် ယောက်စလုံး ခေါ်ထား ပါတယ်။ တဆိပ် ဒီရန်ကို ကာကွယ်ပေးတော်မူပါဆရာကြီးရယ်။
သော်။ ။ကျွန်တော်လဲ သူ့နောက်မထည့်နိုင်ဘူး ဆရာကြီး ခင်ဗျ။ သူက တဘဝက မောင်ပါ။ ကျွန်တော် ကတော့ ကာမပိုင်လင်ယောက်ျားပါ ကျွန်တော်မိန်းမ ကျွန်တော်ပိုင်ပါတယ်။ မထည့်နိုင် ပါဘူး ခင်ဗျား။ နောက်ထပ် မနှောင့်ယှက်နိုင်အောင်သာ ကာကွယ်ပေးတော်မူပါ။
ဆရာကြီး။ ။အေး အေး သူငယ်မကလေးကလဲ ယခုဘဝမှာ တွေ့ကြုံခင်မင်ကြရတဲ့ မင်းတို့ သံယောဇဉ် ကို ခင်တွယ်နေပြီ။ ကဲ ဥစ္စာစောင့် မောင်ခိုကလဲ သူ့ချစ်ချင်းကို မခွင်းကောင်းပါဘူး မခေါ် ပါနဲ့...။
ကြည်။ ။အလိုလေး ဘယ်နှယ့်အမိန့်ရှိလိုက်ပါလိမ့် ဆရာကြီး ဒီနှမသက်ကလေးကို ကြာရှည် မခွဲထား နိုင်တော့ ဘူး ခင်ဗျ။ ခေါ်သွားပါရစေ။
ဆရာကြီး။ ။မဖြစ်ဘူးလေ။ ဒီစိတ်တွေ ဖယ်ရှားမှပေါ့ ကဲ ကဲ နောက်ကို မနှောက်ယှက်ပါဘူး ဆိုတာ သစ္စာရေ သောက်သွားရလိမ့်မယ်။
ကြည်။ ။(ငိုလျက်) အမယ်လေး ချမ်းသာပေးတော်မူပါ။ သစ္စာရေလဲမသောက်ပါရစေနဲ့၊ ကျုပ်နှမလဲ ပြန်ခေါ် ပါရစေ။
ကြီး။ ။မခေါ်ရဘူး။ သစ္စာရေသောက်ရမယ်။
ကြည်။ ။မတော်ပါဘူး ဆရာကြီးရယ်။ ကျွန်တော် ဘယ်လောက်ချစ်တဲ့ နှမဆိုတာ ဆရာကြီးလဲ သိသင့် ပါတယ် ချမ်းသာပေးတော်မူပါ။
ကြီး။ ။ဟေ့ နောက်ထပ်စကားမပြောနဲ့တော့။ ရော့ ဟောဒီ သစ္စာရေကို သောက်ပေတော့ နောက်လဲ မနှောက်ယှက်လာနဲ့။
ကြည်။ ။ကျွန်တော့်နှမ မခေါ်ရဘူး ဆိုတဲ့ သစ္စာရေမျိုးတော့ မသောက်ပါရစေနဲ့ ခင်ဗျာ။
ကြီး။ ။သောက်ရမယ်။ ဒီသစ္စာရေ မသောက်ရင် တနေ့သ၌တော့ မင်းအတင်းခေါ်ချင် ခေါ် သွားမှာ မင်းတို့ နာနာဘာဝဆိုတာ မယုံရဘူး။ သစ္စာရေသောက်သွားမှဖြစ်မယ်။
ကြည်။ ။မသောက်ဘူး မသောက်ဘူး မသောက်ပါရစေနဲ့။
ကြီး။ ။ကိုင်း ကိုကိုလေး မင့်လူ ဒီလိုစကားရှည်နေလို့ မဖြစ်ဘူး။ အတင်းအကြပ်ခိုင်းမှ ဖြစ် တော့မယ်။ ဆေးကြိမ်နဲ့ ရိုက်ပြီး ဟော ဒီသစ္စာရေတိုက်ပေတော့။
ဟုဆိုကာ ရေခွက်ကို ပေးသဖြင့် ကျွန်တော်လည်း ဆရာကြီးအမိန့်အတိုင်း ဆေးကြိမ်နှင့်ရိုက်၍ သစ္စာရေ တိုက်လေရာ ဥစ္စာစောင့်မောင်ရွှေခိုလည်း ဆေးကြိမ်၏ဒဏ်ချက်ကြောင့် အပြင်းအထန် ဟစ်အော် လူးလှိမ့်၍ ဝေဒနာခံစားနေရရှာလေ၏။
ကျွန်တော်။ ။ဟေ့ ဒါလောက်နာရင် သစ္စာရေသောက်လိုက်ပါတော့လား။
ကြည်။ ။မသောက်ဘူး မသောက်နိုင်ပါဘူး ရိုက်ချင်သလောက် ရိုက်ပါ။ ကျုပ်နှမကို ကျုပ်ခေါ် ချင် တာဘဲ။ ခင်ဗျားတို့ နဲနဲမှ တရားတဲ့လူစုမဟုတ်ဘူး။
ကျွန်တော်။ ။သယ် ဘာစကားတွေမျးနေရသလဲ။ ကဲ သောက်တော့မလား ဟောတာ ဆေး ကြိမ်လုံး ကွ၊ ဟောတာက ငါ့ဖနောင့်။
ကြည်။ ။အမယ်လေး ကြောက်လှပါပြီ။ အလိုလေး သေရချီရဲ့ တယ်နှိပ်စက်တဲ့ ဆရာတွေပါက လား၊ မတရား ဘူးနော် ခင်ဗျားတို့နိုင်တိုင်း ညှဉ်းဆဲတာတော်သလား။
ကျွန်တော်။ ။ဟေ့ တယ်စကားတတ်ပါကလား။ မင့်ကိုမတရားညှင်းဆဲချင်လို့ မဟုတ်ဘူး။ တို့ အမိန့် ကို မနာခံလို့လုပ်နေရတာ မင်းသာ ခုလောက်ခေါင်းမမာရင် တို့ကလက်ဖျားနဲ့မှ တို့မှာမဟုတ် ဘူး၊ ကဲ ကဲ နောက်ထား အနာမခံချင်ရင် ဒီသစ္စာရေကို မြန်မြန်သောက်ပါ။
ကြည်။ ။အမယ်လေး မတိုက်နဲ့ မတိုက်နဲ့ ဘယ်နည်းနဲ့မှ မသောက်နိုင်ဘူး။
ကျွန်တော်။ ။ကိုင်း မသောက်ရင် နာပေအုံးတော့မောင် ကဲ ကဲ မှတ်ပလား အမယ်လေး မတနဲ့ လေ။ ဒါနဲ့မှ မရရင် မျက်စဉ်းခပ်ရအုံးမယ်။
ကြည်။ ။အမယ်လေး နာလှပါပြီ ခင်ဗျ။ မလိုလေး ကြောက်လှပါပြီ ဆရာကြီးရဲ့၊ နှမရေ နှမရဲ့ မယ်ချို အမိုက်မကြီးရဲ့ မောင်ကြီးဒုက္ခမြင်ရဲ့လားကွဲ့၊ နှမမိုက်ကြောင့် နင့်မောင်ကြီး အရိုက်ခံရတာ၊ ကြည့်ရက်သလား အမိုက်မကလေးရဲ့... ငါ့နှမကို ချစ်လွန်းလို့ ဒါလောက် အနာခံပြီး ခေါ်နေတာပါ။
နင့်လင်နဲ့ ပျော်ပျော်ကြီးနေချင်ရက်တာများ မောင်ကြီး ဝမ်းနည်းလှချည်ရဲ့။ အမယ်လေး ရက်စက်ပါ ပေတယ် မယ်ချိုရယ် ကောင်းကြပါပေရဲ့။ အင်း သိပေါ့ သိပေါ့ ငါးရာ့နှစ်ဆယ့်ရှစ်သွယ်သော မေတ္တာဟာ သူ့လင်ကိုချစ်တဲ့ ထောင့်ငါးရာအချစ်ကို မတိုးခွေ့ မဖြိုဖျက်နိုင်ပါကလား။ မစိမ်းကား ကြီးရဲ့ ငါကတော့ နှမကလေးချစ်တဲ့အရေးကြောင့်၊ ဘေးဒုက္ခအတန်တန် အန္တရာယ်အမျိုးမျိုးကို ဇွတ်တိုးလို့ သီခံပြီး မင်းပြန်လာရအောင် ကြိုးစားပါရက်ကနဲ့ မင်း တကဲ့ကို ရက်စက်အားပါပေရဲ့ ကွယ်.. အမိုက်မရယ်။ မောင်ကြီး လဲ အရိုက်ခံရတာ နာလှပါပြီ။ အမယ်လေး... အားလျှော့လိုက်ပေါ့ နော်၊ ဩော် အမိုက်မ ကလေး... မောင်ကြီးနဲ့ဖြင့် ဝေချေပေါ့။ အစကတော့ မောင်ကြီးနှင့် ဘယ်တော့မှမခွဲပါဘူးတဲ့။ ခုတော့ မောင့်ထက် ပိုပြီး ချစ်ရမဲ့လူရှိနေမှကိုး နော် တော်တယ်ကွယ်... တော်တယ်... တော်တယ်။ မင်းလိမ္မာ ပါပေတယ်။ နှမကလေး လိမ္မာလို့ မောင်ကြီးကို တပတ်ရိုက် သွားတာပေါ့နော်။
ကိုင်း ကိုင်း သူကမှပြတ်သေးတာ ကျုပ်က ဘာမပြတ်စရာရှိသလဲ၊ ကဲ ဒီနေ့ကစပြီး နှမကလေးတစ် ယောက်ရှိတယ်လို့ သဘောမထားပါဘူး။ သွားပါတော့မယ်၊ မယ်ချို မယ်ချို မင်းကိုတော့ မခေါ်ပါ ဘူးကွယ်၊ ခေါ်ချင်ပေတယ်လို့ ဆရာ့ဆရာများက သစ္စာရေမရမကတိုက်ပြီးမှ လွှတ်မှာမို့ မင်း အတွက် တော့ လက်လျော့လိုက်ပါပြီ။
မင်းအတွက် ငါ့မှာလဲ (၅၂၈)သွယ် မေတ္တာအရင်းခံပြီး ဒါလောက် ဒုက္ခရောက်ခံလို့မှ ခံရကျိုးမနပ် တာ၊ ငါ့နှမလဲ ငါကဲ့သို့ (၅၂၈)သွယ်အချစ်မျိုးနဲ့ပတ်သက်ပြီး ဒုက္ခကြီး ဆက်ခါ ဆက်ခါ တွေ့ပါစေလို့ မောင်ကြီးက အချစ်ကြီးလို့ အမျက်ကြီးပြီး နှမမိုက်ကလေးကို ကျိန်စာတိုက်လိုက်မကွဲ့၊ မောင်ကြီး ဟာ နှမနဲ့မခွဲချင်ဘဲ ခွဲရလို့ စိတ်ဆင်းရဲနေရသလို ငါ့နှမမှာလဲ စိတ်ဆင်းရဲရပါလိမ့်မယ်။
မောင်ကြီးဖြင့် ငါ့နှမကြီးချစ်ရက်နဲ့ နှမက စိမ်းကားတော့ ဆရာ့များတိုက်တဲ့ သစ္စာရေသောက်ရ တော့မယ်။ နောက်လာမခေါ်ရတော့ဘူးနော်။ အမယ်လေး ပြောရင်း ပြောရင်း မောင်ကြီးဖြင့် ဝမ်း နည်းလှချေရဲ့။ မင့်လင် မင့်သားနဲ့ ပျော်ပျော်ကြီးနေရစ်ပေတော့ အမိုက်မကြီးရဲ့"
ဟု တမဲ့မဲ့ ရှိုက်ငင်ငိုကြွေးရှာလေရာ မအေးကြည်သာ ထိုအခါက သတိရနေပါမူ လင်သားကို စွန့်ခွာ လျှက် မောင်ရွှေခိုနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားမည်အမှန်ဖြစ်လေ၏။ သို့ရာတွင် ဥစ္စာစောင့် မောင်ရွှေခိုပြောသော စကားများမှာ နှမဖြစ်သူ မအေးကြည်ကို ပူးဝင်၍ပြောနေသော ကြောင့်၊ ထိုစကားများ ပြောချိန်၌ မအေးကြည်၏နဂိုစိတ်များပျောက်လျက် သတိလစ်နေခိုက်ဖြစ် လေသတည်း။
ကျွန်တော်နှင့်တကွ နားထောင်ရသူတို့မှာလည်း မောင်ေ၇ွှခိုအတွက် ဝမ်းနည်း၍ သနားစိတ်ဖြင့် မျက်ရည် များ လည်လျက်ရှိကြလေ၏။
သို့ရာတွင် "ကိုယ်မချိ အမိသော်လဲ သားတော်ခဲ"ဆိုသောစကားကို မောင်ရွှေခိုကို သနားသဖြင့် သစ္စာရေ မတိုက်ဘဲ ထားကလည်း စိတ်မချရ။ တနေ့တွင် မအေးကြည်၏လိပ်ပြာကို နှုတ်ယူသွားမှာ စိုးရိမ်ရသဖြင့်၊ စိတ်ချချ နေနိုင်ရန် အလျှင်အမြန် သစ္စာရေကို တိုက်ရလေ၏။
ဥစ္စာစောင့် မောင်ရွှေခိုလည်း အထက်နည်းအတိုင်း ဖွဲ့နွဲ့ငိုကြွေးရင်းပင် နောက်ဆုံး၌ သစ္စာရေကို တချိုက်ချိုက် နှင့် ချောမောစွာ မော့ချလိုက်ပြီးလျှင် မျှော်လင့်ချက် ကုန်ခန်းသဖြင့် ပင်ပန်းနွမ်းဟိုက် ခါ ခေါင်းငိုက်စိုက်ချသွားရှာလေသတည်း။
ထိုတွင်မှ ဆရာကြီးလည်း မောင်ရွှေခိုအား တရားဓမ္မဟောပြဆုံးမပြီးလျှင် ချည်မန်းကွင်းကိုဖြေ လွှတ်လိုက်သောအခါ မအေးကြည်မှ သတိရ၍လာလေ၏။ ထိုခဏ၌ မောင်ရွှေခိုမှာ "ကြွတ်မနိုင် ကျီမီးရှို့"ဆိုသည့် စကားကဲ့သို့ မကြီးခနှင့် မောင်သော်တို့အား လူကိုမမြင်ရဘဲ ထိုင်နေကြရာမှ လဲ သွားအောင် ခြေနှင့်တချက်စီကန်လျက် တအိမ်လုံးသွက်သွက်ခါအောင် တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ဆင်းသွားပြီး မအေးကြည်တို့ စီးလာသော လှည်းမှ နွားနှစ်ကောင်ကိုလည်း တခဏခြင်း ဗိုင်းကနဲ လဲသေသွားအောင် လိပ်ပြာနှုတ်ယူသွားလေ၏။ ကြည့်နေသူများလည်း အံ့အားသင့်ခြင်း၊ ကြောက် ရွံ့ခြင်းဖြင့် အချင်းချင်း လက်တို့၍ နေကြကုန်၍။
ဆရာကြီး လည်း "အင်း "ကုလားမနိုင် ရခိုင်မဲ"ဆိုသလိုဖြစ်နေပြီ တယ် ငါခေါ်ရိုက်ပြန်ရ၊ အေးလေ သူလဲ နှမချစ်တဲ့ အရှိန်ကြောင့် ကရုဏာဒေါသဖြစ်သွားရှာတာကလား။ ကဲ ကဲ ငါ့တပည့်ကိုကိုလေး သူငယ်မကိုလဲ အကွယ်အကာ အင်းအိုင်၊ ခလဲ၊ လက်ဖွဲ့များပေးပါဟဲ့၊ ပုသိန်ကြီးက မဝင်းကြည်တို့ သားအမိ ထိုးပေး ခဲ့တဲ့ မနုဿီဟအင်းတော်ကြီးလဲ ငယ်ထိပ်က စီးထိုးပေးလိုက်ပါ"
ဟု ပြောသဖြင့် ကျွန်တော်လည်း ဆရာကြီး အမိန့်ရှိသမျှ တစမကျန် ပြုလုပ်ပေးလိုက်ရလေ၏။
မကြီးခနှင့် မောင်သော်တို့မှာလည်း ဆရာကြီးကို ကျေးဇူးတင်း၍မဆုံးဖြစ်ခါ ထိုနေ့မှစ၍ ဥစ္စာစောင့် မောင်ရွှေခို ၏ နှိပ်စက်ခြင်းမှ လွတ်မြောက်ခါ မိမိသားဦးကလေးနှင့် ပျော်ရွှင်ကြည်လင်စွာ နေနိုင်ခွင့် ရရှာလေ၏။
ထိုအဖြစ်အပျက်များ ပြီးစီးသည့်နောက် ကျွန်တော်လည်း မကြီးခတို့ထံသို့ မကြာခဏ အလည်အ ပတ်ရောက်သောအခါ မကြီးခလည်း ဆရာကြီး၏ဂုဏ်ကျေးဇူးကို အထူးသဖြင့် ချီးကြူး၍မကုန်နိုင် အောင် ရှိရှာလေ၏။
ကျွန်တော်က မအေးကြည် သားကလေးနှင့် ပျော်ရွှင်ကျီဆည်နေသည်ကို လာတိုင်းပင် တွေ့မြင်ရ သဖြင့် မောင်ရွှေခို က မအေးကြည်ကို ချစ်ရှာပုံတွေ တွေးမိပြီး သနားစိတ်ဝင်လာကာ
"မအေးကြည် ခင်ဗျားမောင်ကြီးလဲ ခင်ဗျားကို ဒီလိုပဲ ချစ်ရှာမှာပေါ့နော်"
ဟု ဆိုလျှင် မအေးကြည်လည်း
"သြော် ဟုတ်ကဲ့ ဆရာ မောင်ကြီးချစ်တာကတောင် သာပါလိမ့်အုံးမယ်ရှင်၊ တကယ်ဆိုတော့ ကျမ က ရိုင်းရာကျပါတယ်။ သို့ပေတဲ့ ဒီဘဝမှာလဲ လင်နဲ့သားနဲ့ မိနဲ့ဘနဲ့ဆိုသလို ကိုယ်နဲ့ပတ်သက်တဲ့ သံယောဇဉ် တွေက အမျှင်တွယ်နေလေတော့ မောင်ကြီးကို တကယ်တန်းမစိမ်းကားပေတဲ့ စိမ်းကား ရတဲ့ အနေမျိုး ရောက်ရတာဘဲရှင်။
ယခုလဲ သူ့ခမျာ သစ္စာရေကြောင့် မခေါ်ရပေတဲ့ ခဏခဏ လာ စကားပြောရှာတယ်။ တခါတလေများ သူ့ဥစ္စာသိုက်ကြီး အတွင်းမှာထားတဲ့ ပစ္စည်းဘဏ္ဍာများ ဘယ် လသို့ဘယ်ပုံတိုးပွားတယ်၊ ဘယ်နေရာ ထားတဲ့ ကျောက်သေတ္တာကြီးကို ဒီနေ့ဖြင့် ဘယ်နေရာရွှေ့ လိုက်တယ်၊ ဘယ်သိုက်ဆရာလာလို့ ဘာဖြစ်တယ် ဆိုတာတွေ အကုန်လာလာပြောရှာတယ်။ တခါ တလေလဲ သြော် ငါ့မှာတော့ တယောက်တည်း တလွမ်းလွမ်း တဆွေးဆွေးနဲ့ နေလိုက်ရတာ သူ့မှာ တော့ သားနဲပ လင်နဲ့ ပျော်လို့ပါကလား။ အင်း ငါမှားတယ် ငါမှားတယ် နင် လူ့ပြည်သွားဘို့အခွင့် တောင်းတုံးက ခွင့်ပေးမိတာ အင်မတန်မှ မှားသွားတာလဲလို့ ဆိုဆိုပြီး ငိုတာဘဲရှင့်။
တခါတလေ တော့ ကျမမျက်နှာကို ဒေါသကြီးနဲ့ သေသေချာချာကြည့်ပြီး ငါဖြင့် နင့်ကစားတဲ့ ပတ္တမြားလုံးက လေးတွေနှင့် နင်ပန်တဲ့ ရွှေပန်းခိုင် ငွေပန်းခိုင်ကလေးတွေ ကြည့်ကြည့်ပြီး နေ့ရှိသမျှ ငါနှမလေးလာ ရင် မဟောင်းမနွမ်းရအောင် ဆိုပြီး တိုက်ချွတ်ထားလိုက်ရတာ နင်ကတော့ ငါ သတိရသလောက် ငါလွမ်းသလောက် ငါချစ်သလောက် ရက်စက်စိမ်းကားတယ်၊ ရှိစေတော့ကွယ် ငါမှားမိပေသကိုး၊ ငါ စိတ်ဆင်းရဲရသလို နင်လဲ မပြတ် မပြတ် စိတ်ဆင်းရဲစေရအုံးမယ်၊ ဒီတော့မှ သြော် ငါ့မောင်ကြီးဟာ ငါဒုက္ခဖြစ်သလိုဖြစ်ရှာမှာဘဲဆိုတာ နင်သိမယ်တဲ့၊ ဘယ်နှယ့်အဓိပ္ပါယ်နဲ့ ကြိမ်းကြိမ်းသွားမှန်းမသိပါ ဘူးရှင်" ဟု ပြောတတ်စမြဲဖြစ်လေ၏။
သို့နှင့် ကျွန်တော်လည်း နောက်ဆုံးတခေါက် မအေးကြည်တို့အိမ်ရောက်ခဲ့ပြီးမှ နောက်ထပ်မ ရောက်ဘဲ ရှိခဲ့ရာတွင် မကြာမီ စဥ့်ကူးမှလူနာတဦးက ဆရာကြီးနှင့် ကျွန်တော့်အား ပင့်ခေါ်လာသ ဖြင့် လိုက်ပါ သွားကြရမည် ဖြစ်သောကြောင့် မတ္တရာမြို့က အသိအကျွမ်း တပည့်တပန်းများ လိုက် လံနှုတ်ဆက် သောနေ့တွင် မအေးကြည်တို့အိမ်သို့လည်း ဝင်ခဲ့ရာ ကျွန်တော့်မှာသွားခါနီးမှ စိတ်မ ကောင်းစရာ အကြောင်း တခုကို တွေ့ရပြန်လေ၏။
အကြောင်းမူကား အခါတိုင်း မအေးကြည်၏ရင်ခွင်တွင် ပျော်ရွင်နေသော ၎င်း၏သားငယ်ကလေး မှာ ကြာယပ်တွန့် တွေ ဆင်ထားသော ဘိုင်စကယ်အလောင်းစင်ကလေးပေါ်တွင် စင်းစင်းကလေး သေနေရှာသည်ကို တွေ့ရလျက် မိခင်ဖြစ်သူ မအေးကြည်မှာလည်း ရင်ဘတ်ကိုစုံထု၍
"အို အပု ရဲ့ သားကြီးရဲ့အမေ့ကို ခွဲထားခဲ့တော့ မလားကွဲ"
ဟု လူးကားလှိမ့်ကာ အရူးပမာ ငိုကြွေးလျက်ရှိသည်ကို မြင်ရလေရာ ကျွန်တော်လည်း ဝမ်းနည်းစွာ နှင့် မောင်သော်အနီးသို့ကပ်ခါ
"ဘာရောဂါ နဲ့ ဆုံးရှာသလဲ ခင်ဗျ။ ကျွန်တော်တို့တောင် မသိရပါကလား"
ဟုပြောလျှင် မောင်သော်လည်း ဝမ်းနည်းစွာ ခေါင်းကြီးခါလျက်
"ဆရာရယ် မောင်ရွှေခိုရဲ့လက်ချက်ထင်တာဘဲ။ မနေ့ညက သူ့အမေရဲ့ရင်ခွင်ထဲမှာ ခါတိုင်းလို အကောင်းသားနေရက်မှာ အိမ်ရှေ့ကလဲ ခွေးတွေအူပြီးရော အိမ်ပေါ်လဲ ဂျုံးဂျုံးဒိုင်းဒိုင်းအသံတွေ ကြားလို့ ကလေးတချက်ထဲလန့်အော်လိုက်တာဘဲ အမေကလဲ လှေခါးက မဲမဲကောင်ကြီးဆင်းသွား တာမြင်လိုက် ရသတဲ့"
ဟု လေးလေးတွဲတွဲ တလုံးချင်း ပြောပြသောအခါ ကျွန်တော့်မှာ မောင်ရွှေခို၏လက်ချက်ဘဲဟု အတတ် စွဲချင်၍ လာရာတွင် (နင်လဲ ငါစိတ်ဆင်းရဲရသလို ဆင်းရဲဒုက္ခတွေ့ကြုံစေရမယ်၊ ငါ့နှမမှာ ငါ ကဲ့သို့ (၅၂၈)သွယ်သော ချစ်မေတ္တာမျိုးနှင့်ပတ်သက်ပြီး ဒုက္ခကြီး ဆက်ခါဆက်ခါ တွေ့ပါစေ)
ဟု မောင်ရွှေခိုကြိန်ဆဲခဲ့သည်ကို ပြေး၍သတိရလိုက်သောအခါ အင်း ဧကန္တ သူ့လက်ချက်ပါဘဲ၊ တယ်လဲ အမျက်ကြီးရှာပါကလားနော်၊ သြော် မောင်ရွှေခို မောင်ရွှေခိုဟု စိတ်ထဲက ပြောကာ တဲအိမ်ရှိရာသို့ ဝမ်းနည်းစွာ လှည့်ပြန်ခဲ့ရပါကြောင်း။
ကိုကိုလေး
ပြီးပါပြီ
.
No comments:
Post a Comment