Sunday, January 8, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၆)

ယင်းသို့ မပေါကြီးနှင့်ချစ်တင် တို့ ပျော်ရွှင်စွာနေသည့်အတွင်းတွင် အိမ်သို့အင်္ဂလိပ်ကပြား ဧသည် တယောက် ရောက်လာလေ၏။ ထိုဧည့်သည်မှာ ယခုအခါပိုက်ဆံတော်တော် ချမ်းသာသော မုဆိုးဖိုကြီး တယောက် ဖြစ်နေယုံမက ရှေးယခင်ကလည်း မပေါကြီးနှင့်အလွန်း ရင်နှီးချစ်ခင်ဘူး သည့် မြောက်ပန်း လှန်ဘက် ဘက်သတ်မွေးတား သောခယားပွင့်တံဆိပ် စပယ်ရာလကဟောင်း ကြီးတဦးဖြစ်လေရာ၊ မစ္စတာဟဲရစ် လူပါးဝနေသည်ကိုမချံင်နေသော မပေါကြီးတွင်၊ မှာထားအလား သင့်ကြုံရသည်ဆိုသည် နာရီတိုတို နှင့် ဧည့်သည်နှင့်အိမ်ရှင်နှစ်ယောက်သား အပေါင်းထုပ်စား လိုက်ကြပြန်လေတော့သည်။

မပေါကြီး၏စိတ်မှာ ဟဲရစ်တည်းဟူသော တွဲဟောင်းကြီးကိုဖြုပ်၍၊ တွဲဖြူအသစ်တတွဲနှင့် ခုတ် တော့မည် စိတ်ပိုင်း ဖြတ်လိုက်သည်။ သူ့တွဲသစ်ကြီးကလည်း  ခေတ်ကောင်းတန်ခိုးလားမသိ၊ အတော်မိမိရရ ကပ်လျက်ရှိလေရာ၊ မပေါကြီးစိတ်မှာဟဲရစ်အပေါ်တွင်လည်း နင်သာလေလိုက်နိုင် တာမဟုတ်ဘူး၊ ငါလဲ နင့်လိုဘဲ ဟု အားကျလိုက်လုပ်ပြလိုက်ချင်သည်၊ နင့်ထက်သာတဲ့ သူဋ္ဌေးတယောက် နဲ့နင့်ရှေ့မှာ တွဲ လျှောက်ပြမယ်။ အို-ကြာတယ်၊ ဟဲရစ်လုပ်နေတာတွေငါသိတယ် ဆိုတဲ့ သဘောမျိုးလဲရောက်အောင်၊ ငါနဲ့ နောက်ယူမဲ့ လူကိုလဲဒင်းတို့ရှေ့မှာတွဲပြနိုင်အောင် ကလော ဟော်တယ်ကိုတခါထဲ လိုက်သွားမယ်ဟု စိတ်ပိုင်း ဖြတ်ပြီး၊ ဧည့်သည်မုဆိုးဖိုကြီး ဂျွန်ဆင်အား လေးငါးရက်အိမ်ထဲတွင် ၀တ်တရားကျေပြွန်စွာ ဧည့်ခံ ပြီးနောက်၊ ချစ်တင်ကိုလည်း အနည်းနည်းနှင့် လှည့်စားယုံသွင်းထားခဲ့ကာ ကလောသို့ စုံတွဲ လိုက်ကြရန် ပြန်ဆင်လေတော့သည်။

ထိုသို့ကလော သို့မလိုက်မှီလည်း၊ ဟဲရစ်ကြီးကို ဂျောက်ဂျသည်ထက် ကျစေခြင်းငှါတကြေင်း၊ မိမိ ဘယ်အခါ ကမျှမျက်နှာကြောမတဲ့ခဲ့ဘဲ၊ ဟဲရစ်ကိုအမြဲသွေးဆောင်ဖျက်ဆီးနေသူဟု အယူရှိခဲ့သော ထွန်းတင် ကိုလည်း အပိုဂျောက်တွန်းလိုသောကြောင့် ထွန်းတင်၏မိခင်ကြီးထံသို့ သွားကာ ထွန်းတင် သောက်စား  ရမ်းကားအလေလိုက်နေပုံ၊ တလောကလည်း မိန်းမတယောက်နှင့် အပျော်သွားရာ တွင် ကားမှောက် ခံခဲ့ရပုံ၊ အခုလည်းမိန်မတယောက်ကိုခေါ်ကာ ကလောဟော်တယ်တွင် အရမ်းမဲ့ ပျော်ပါး သောက်စား နေကြောင်း၊ သားလူပျိုကို ဤလိုကြာကြာပစ်ထားပါ က ရှေ့ရောက် ထိန်းမရ အောင် ပျက်စီးသွားမည်ဖြစ်ကြောင်း၊ သို့အတွက်သင့်လျှော်သော မိန်းမတယောက်နှင့် နေရာချ ထားလိုက်ပါက ငြိမ် သွားမည်ဖြစ်၍ သူ့ကိုအလျှင်အမြန်ပြန်လာခဲ့ရန် အရေးတကြီးစာရေးခေါ်လျှင် ကောင်းကြောင်း၊ စသည် များကို သွားရောက်ဂုံးချောလေရာ၊ ထွန်းတင်၏ရိုးသာသော မိခင်ကြီးမှာ သားအတွက်အပြင်း အထန် စိတ်ပူ လာရှာပြီး ရှေးအထက်အခါကတဲက လူကြီးချင်းစကားစပ်ထား ဘူးသော လဘက်ခြောက် ပွဲစားကြီး ဦးပေါယုံသ္မီးကလေး မနန်းအေးနှင့်အလျှင် အမြန်ပေးစားလိုက် တော့မည်ဟု စီစဉ်ကာ သားဖြစ်သူ ထွန်းတင် ထံသို့ အရေးကြီးသော ကိစ္စရှိ၍ပြန်လာရန် စာတစောင် အမြန် ရေးထည့် လိုက် လေ၏။

ဂျောက်တွန်းတန်သည်ကို တွန်း၍ချော့တန်သူကလည်း ချော့မော့လှည့်ပတ်ထားခဲ့ပြီး ၊ဟဲရစ်ကြီး ကိုလည်း ကလှည့်စား ချေရစေခြင်းငှာ မစ္စတာဂျွန်ဆင်နှင့် တွဲပြီး ကလောမြို့ရှိ ဟဲရစ်နှင့် ထွန်းတင် တို့ရှိသော ဟော်တယ် ပေါ်သို့ တူပျော်ပျော်ရောက်လာလေသည်။ ရောက်ရောက်ခြင်းပင် ဟော်တယ် အခန်း လိုကြောင်း ပြောသော် မန်နေဂျာက။
အခန်းအား မရှိကြောင်း၊ သို့ရာတွင်မစ္စက်ဟဲရစ်အမည်နှင့် မစ္စတာဟဲရစ်ငှားထားသော အခန်းတခု လူမရှိကြောင်း ၊ မူလငှားထားသူ မစ္စတာဟဲရစ် ကိုအခွင့်တောင်း၍နေလိုမူ ရနိုင်မည်ထင်ကြောင်း ပြောလျှင် မပေါကြီးမှာ ရုတ်ရက်အားရ၀မ်းသာနှင့်..........

"အို-ဒီလိုလား မစ္စက်ဟဲရစ်ဆိုသူက သူများမဟုတ်ပါဘူး၊ ကျမပါဘဲ၊ ဘယ်မလဲ၊ ဘယ်မလဲ၊ ဒီအခန်း၊ ကျမပစ္စည်းတွေကို ကုလားတွေကို အခန်းထဲသယ်လာပါစေ။" ဟုပြောသည်တွင် မန်နေဂျာ လည်း ယခင်က မစ္စတာဟဲရစ်ကြီးပြောဘူးသော စကားအတိုင်းပင် မစ္စတာဟဲရစ်၏ ဇနီးလိုက် လာသည်ဟု သိသွားကာ ပစ္စည်းများသယ်စေလျက်၊ အခန်းသော့ကိုလည်း မပေါကြီးလက်သို့အပ် လိုက်လေတော့ သည်။

မပေါကြီးသည် မိမိနာမည်နှင့် ဟဲရစ်အခန်းငှားထားသည်ကို စဉ်းစားမရအောင်ရှိလေ၏။ မိမိနှင့် မစ္စတာဂျွန်ဆင့်လာမည်ကိုများ ဟဲရစ်သိထားနှင့်၍ ယခုလိုအခန်းငှားထားခြင်းဖြစ်လေသလား၊ သို့တည်း မဟုတ်၊ မိမိလိုက်လာလိုကလာနိုင်စေရန် အကယ်ပင်စေတနာရိုးနှင့် ငှားထားလေ သလား၊ ဤသို့ တွေးမိသော်လည်း ဟဲရစ်ကြီးသည် ထွန်းတင်နှင့် တိုင်ပင်ကာ မကျန်းမာဘူးဟု အကြောင်းပြပြီး အလေလိုက်ရန် လာသူဖြစ်၍ ဘယ်နည်းနှင့်မှ၊ စေတနာရိုးနှင့်ငှားထားမည် မဟုတ်၊ အကြောင်းတခု ရှိရမည် ဟု ပိုင်ပိုင်ကြီး တွေးတောဆုံးဖြတ် လိုကိမိသည်။ 

လိုရင်းအချုပ်မှာလည်း ဟဲရစ်ကြီးအား ဖုတ်လေသည့် ငါးပိရှိလေတယ် မမှတ်ခဲ့ဘူးသော ၀ါဒအတိုင်း၊ ဟဲရစ် အကြောင်း တခုနှင့် မိမိအမည်တတ်ခါငှားထားသော အခန်း ကို မိမိဝင်၍ အခန့် စား နေပြလိုက်ရခြင်းမျာလည်း တနည်းတလမ်းအားဖြင့် ဟဲရစ်အပေါ် တွင် အောင်မြင်ပြီးခြင်း တရပ်ဟု စွဲမှတ်လိုက်ခါ ဟော်တယ် မန်နေဂျာနှင့် စေခံများကို အခြေမပျက်၊ ပြုံးကာ၊ ရယ်ကာ စကားပြောစရာ ရှိသလောက်ပြောဆို၍ လိုတာရှိသမျှမှာ ကြားနေရစေကာမူ၊ စိတ်တွင်းကား မိမိအောင်မြေ နင်းထားရပြီး ဖြစ်သည်ကို ဟဲရစ် ကြီးအား ပြချင်လှလေပြီဖြစ်တော့၏။

ဟဲရစ်နှင့် ထွန်းတင်တို့မှာ အိပ်ရာထဲတွင် သက္ကလပ်စောင်ကြီးတွေနှင့် ကွေး၍ကောင်းကြတုန်းပင် ရှိလေသည်။ ထိုအခိုက် အစိမ်းမကလေး စောမြအေး လေသံနှင့် ဒေါ်ပေါကြီးနှင့် လူကြီးတယောက် ရောက် လာကြောင်း မစ္စတာဟဲရစ်ငှားထားသော အခန်းကိုပင် အဆင်သင့် ၀င်နေလိုက်ပြီဖြစ် ကြောင်းများ ပြောလာသောကြောင့် နှစ်ယောက်သားမပေါကြီးလိုက်လာပုံ ထူးခြားခြင်းကို မစဉ်းစား နိုင် အောင်ဖြစ် နေကြလေ၏။ ဟဲရစ်မှာ မိမိဝတ္တရားရှိသလောက် ထွက်၍ကြိုဆိုရမည်ဖြစ်သော ကြောင့် ကြာကြာကြီး စဉ်းစားမနေအားဘဲ၊ အ၀တ်အစားများလဲကာ မပေါကြီးရှိရာသို့ ရောက်လာ လေသည်။

"ဟလို-မပေါကြီး ခင်ဗျားစာမရေးဘဲနဲ့ လိုက်လာသလား၊ အို-မစ္စတာဂျွန်ဆင်လဲပါသကိုး"ဟု ချိုပြုံးစွာ နှုတ်ခွန်း ဆက်သော်လည်း မစ္စတာဂျွန်ဆင်ကသာ လက်ဆွဲ နှုတ်ဆက်လျက်၊ မပေါကြီးကမ မူ "ရှုးသိုးသိုးကြီး" နှင့် နှုတ်ခမ်းစူလျှက်ရှိလေ။ မစ္စတာဂျွန်ဆင်မှာ မျက်နှာပူသလားမသိ၊ စကားရော ဖွဲရော လုပ်ခါ တနေရာ သို့ ရှောင်ထွက်သွား၍ လင်မယားနှစ်ယောက်တည်း ကျန်ရစ်သည်တွင်..
"ဘယ့်နှယ်လဲ မပေါကြီး ခင်ဗျားကျွန်ုပ် ကို စိတ်ဆိုးသေးသလား"
"အေးဆိုးတယ်တဲ့ ဆိုးတယ်၊ နင်ဒီမှာလာပြီးအကောင်မ တကောင်နဲ့အလေလိုက်နေဒါငါမသိ ဘူး မှတ်သလား၊ နင့်အဘေထွန်းတင်နဲ့ ဒီမှာသိပ်ပျော်နေကြတယ်လေပါ့၊ နင့်အကြောင်းငါသိလို့ လိုက် ကလှည့်စား ချေမလို့ လိုက်လာတာနည်းလည်လား၊ နင်ကဒီပြင်ကောင်မတွေနဲ့ ပျော်လို့ ငါလဲဒီပြင်လူနဲ့ နင့်ရှေ့ တွဲခုတ် လာခဲ့တယ်၊ နင့်ကိုကွာပြီး၊ ငါ-ဂျွန်ဆင်နဲ့ ယူတော့မယ်၊ နင်လဲနင် ပျော်ရာနဲ့ နေချေ၊ ခွေး ကောင်ကြီး သေခါနီးမှနန့်ကြောဆွဲလိုက်ရတာ လွန်နေတာဘဲ။"

"အိုး-မိုင်ဂေါ့၊ မပေါကြီးကျုပ်ကို အထင်မှားနေတယ်၊ ကျုပ်ဆရာဝန်ကလွှတ်လို့ ဒီကိုလာတယ်၊ မစ္စတာထွန်းတင် နဲ့ ကျုပ်နဲ့နှစ်ယောက်ထဲပါ၊ ဘယ်မိန်းမမှမပါပါဘူး၊ ခင်ဗျားမယုံရင် ဟော်တယ် က လူတွေကို မေးကြည့်ပါ။"
"မလိမ်ပါနဲ့ဟဲရစ်ရာ နင့်အကြောင်းတွေ ငါသိပါတယ်၊ ငါ့မျက်စိနဲ့တပ်အပ်မြင်ပြီးပါပြီ၊ ငါတောသွား နေတုန်း က အိမ်မှာ ကောင်မတကောင်ကိုခေါ်ထားပြီး၊ အားမနာပါနဲ့ နေချင်သလောက် နေပါလို့ ခွင့်ပြု ထားတယ်၊ ဒီကောင်မရယ် ထွန်းတင်ရယ်နင့်အိမ်မှာ ညတိုင်း ညတိုင်း အရက်ဝိုင်းနဲ့ ထမင်းစားပွဲနဲ့ လောကွတ်ချော် ဧည့်ခံနေတာတွေ ငါ သိတယ်၊ ငါမြင်တယ် အဲဒီလိုငါမကြိုက် တာတွေလုပ်နေတဲ့အတွက်၊ နင့် ကို အခုချက်ချင်း ကွာပစ်မယ်၊ ဒါကြောင့်နင့်ဆီကိုလိုက်လာတာ တဲ့"

"မပေါကြီး ကျုပ်ကိုအထင်မမှားပါနဲ့၊ ကျုပ်ဆရာဝန် လွတ်လို့လာရတာပါ"
"အို- မရဘူး၊ မရဘူး၊ ကွာရမှအေးမယ်၊ နင့်ကိုမကွာရရင် မနေနိုင်ဘူး၊ သွားပါ-သွားပါ-နင်လုပ် ချင်တာတွေ လုပ်ခဲ့ပြီးမှ ဘိန်းစားချွဲ လာမချွဲပါနဲ့ နင့်မျက်နှာလဲငါမကြည့်ချင်ပါဘူး" ဟု ဆိုကာ ဒေါနှင့် မာန် နှင့်ဟဲရစ်၏ ရင် ပတ်ကိုတွန်းလွှတ်ခါ အခန်းတံခါးကို ဂျောင်းကနဲ ပိတ်ထား လိုက်သည် တွင်၊ ဟဲရစ် နှင့် မိမိနေသော အခန်းထဲသို့ နောက်ပြန်ဖင်ထိုင်ရက်ကြီး ရောက်လာလေ၏။ မပေါကြီး ဆူပူကြိမ်းမောင်း သမျှနှင့် ဟဲရစ်ပြန်ပြောနေသော စကားများအစအဆုံးကြားရသော ထွန်းတင် မှာ ပါးစပ်ကိုပိတ်ခါ ရယ်မော နေ၍မျှ မပြီးသေးမှီ၊ ဟဲရစ် တပ်လန်လာသည်ကို တွေ့မြင်ရသော ကြောင့်၊ အသာဣနြေ္ဒ ဆောင် နေလိုက်ရလေ၏။ ဟဲရစ်သည်မျက်နှာသေးကလေးနှင့် ဖုတ်ဖက် ခါ ၍လဲရာမှထလာကာ-

"မစ္စတာထွန်းတင်မပေါကြီး ကျုပ်ကိုသိပ်စိတ်ဆိုပြီး ကွာတော့မယ်ဇွတ်လုပ်နေပြီ၊ ကျုပ်တော့ ဒုက္ခဘဲဗျာ"ဟု မျက်နှာငယ်ကလေးနှင့် ညီးညီးညူညူပြောလိုက်သောအခါ၊ ထွန်းတင်မှာဟဲရစ် အား ယောက်ျား တန်မဲ့ အသဲငယ်ရမည်လားဟု မခံနိုင်ဖြစ်လာပြီး....
"အို- ခင်ဗျားမိန်းမကြီး က ဘွိုင်လာကြီးဘဲဗျာ၊ သူကွာကောဘာအရေးလဲ၊ ခင်ဗျားတောင်နာအေး သေးတယ် မဟုတ်လား၊ မက်စရာဆိုလို့လဲ တရွေးသားမှ မရှိဘဲနဲ့၊ ကွာစမ်းပါစီဗျာ၊ ကွာပါစီ-" ဟုဒေါနှင့် မောနှင့် ပြောမိရာ၊ ဟဲရစ်မှာပူပုံပန်း မျက်နှာကလေးနှင့်-

"မဟုတ်ဘူးလေ- ကျုပ်ပြောအုံးမယ် မစ္စတာထွန်းတင်၊ မပေါကြီးနဲ့ကွာရမှကို ပူလွန်းလို့ မဟုတ်ဘူးဗျ၊ သူ့ကိုကျုပ်ကွာလိုက်ရင်၊ ကျုပ်လည်ပင်းမှာ တခါထဲကြိုးတပ်မိသလို ဖြစ်သွားမယ်၊ အို-ကျုပ်ကို မိုက် ပါတယ်လေ၊ ဟာ-သူ့ကိုကျုပ်ကွာလို့ မဖြစ်ပါဘူးဗျာ- မဖြစ်ပါဘူး"
ဟုခေါင်းကိုစုံကုတ်ခါ ညီးညီးတွားတွား ပြောရှာ ပြန်လျှင်၊ ထွန်းတင်မှာ ရီချင်လာသောကြောင့်-
"သြော်-တယ်လဲစွဲနေသကိုး ဘုရားတကာရစ်ကဲ့၊ ကဲ-ကွာလို့မဖြစ်တဲ့ အကြောင်းကလေးလဲ ပြောအုံးမှပဗျာ"

"ကျုပ် မိုက်ခဲ့တာဘဲ မစ္စတာ ထွန်းတင်ရယ်၊ ကျုပ်သိပ်မိုက်ခဲ့တယ်၊ ဒီမိန်းမကိုယူခါစက ဘာကြောင့်လဲ မသိဘူး၊ သူ့ကိုမိုးမမြင်၊ လေမမြင် သိပ်ချစ်ခဲ့မိတ်တယ်၊ အစကသူ့ကို လက်ထပ်ဘို့ စိတ်မကူးဘဲနဲ့၊ နောက်တော့ သိပ်ချစ်တာနဲ့ လက်ထပ်လိုက်တယ်။ အိုး-ကျုပ်ရဲ့ အသက်ကိုပါ သူ့လက်ထဲ အပ်ထားချင် သလို စေတနာထက်သန်လာတာဘဲ၊ ဒါနဲ့တိုတိုပြောရရင် ကျုပ်ပိုင်တဲ့ ပစ္စည်းမှန်သမျှ၊ တိုက်တွေ၊ အိမ်တွေ၊ မြေယာတွေကစပြီး အပ်တိုကလေးတချောင်းအထိ မပေါ ကြီးနာမည်နဲ့ ချည်းထားခဲ့မိတယ်၊ ကျုပ် အသက်ပေါင် ထားတာလဲ သူ့နာမည်နဲ့၊ ကျုပ်ရှိသမျှ ဘဏ်မှာထားတဲ့ ငွေတွေဟာလဲသူ့နာမည်နဲ့၊ နို့ပြီးတော့ဒီပစ္စည်းတွေဟာ သူနဲ့ ကျုပ်နဲ့ ဘယ်သူက ဆိုးလို့ကွဲရ ကွဲရ ကွဲတာနဲ့ တပြိုင်ထဲကျုပ်တပြားမှ မဆိုင်တော့ဘူးလို့၊ အချစ်ရူး ရူးနေတုန်းက စာချုပ်ပြီးပေးမိတယ်။ အို-ဒါတွေကြောင့် ပေါ့ဗျာ၊ မစ္စတာ ထွန်းတင်ကျုပ်ဒါလောက် အသဲမငယ်လှပါဘူး၊ ပစ္စည်းအရကြောင့် ဒါ လောက်ဆွေးရတာပါ"ဟု ပြောကာမှ ထွန်းတင်မှာ-

"ဟာ- ဒါ ဖြင့်ခင်ဗျားဟာဂျောက်ကြီးဘဲ၊ ဒီမိန်းမကြီးကို ကျားမြီးဆွဲသလို မသေမချင်းဆွဲထားရုံ ရှိတော့တာပေါ့၊ ခက်သဗျာ-ခက်ထာမှလွန်နေရော"
ဟု အပြစ်တင်သံနှင့် ငြီးနေမိလေတော့သည်။ မစ္စတာဟဲရစ်မှာလည်း၊ မပေါကြီးကွာမည်ဆိုသော စကားကို နားမှ လေသံ မခံနိုင်အောင်ရှိလျှက်၊  မျက်စေ့ပျက်ပျက် မျက်နှာပျက် ပျက်နှင့်မှိုင်၍သာ နေရှာတော့သည်။ မပေါကြီးမှာမူကား မစ္စတာဂျွန်ဆင်နှင့် တပူးတွဲတွဲအမြဲအကြည်ဆိုက်၍၊ တမင် အရွဲ့တိုက်ပြ နေလေတော့သည်။ ဂျွန်ဆင်မှာလည်း ဆေးမိသူအလား မပေါကြီးအား တမ်းတမ်းစွဲမခွဲနိုင် မခွါရက်ဖြစ်ခါ နေလေတော့၏။

"ခက်တယ်ဗျာ၊ ဟို-အကောင်ကလဲကျုပ်ရှိရက်သားနဲ့ တောင်ဒါလောက်ကဲနေမှ မယားခိုးမှု တမ်း စွဲလိုက်ရင်၊ ဟာ-ဒီနည်းလဲ ဟန်မကျပါဘူး၊ မပေါကြီးအပြစ်ရှိလို့ ကွဲရင်လဲ၊ ကျုပ်သာပစ္စည်း လက်မဲ့ဖြစ် ကျန်ရစ်မှာဘဲ"ဟု ဟဲရစ်က မှိုင်ပုံချကာပြောလျက်၊ ထွန်းတင်မှာလည်း ဟဲရစ်အတွက် နှင့် စိတ်ပျက်ခါ အရက်ကိုမျှမသောက်နိုင်၊ တနေ့လုံးမှိုင်၍နေမိလေ၏။
အစိမ်မကလေး စောမြအေးမှာ သူ့လူမှာ မှိုင်ပုံထုတ်၍ ကုတ်နေကြသည်ကို တွေ့မြင်ရသည်တ ကြောင်း၊ ၎င်းတို့စကားအရ မပေါကြီးနှင့်ဟဲရစ် တနည်းနည်းနဲ့ကွဲကြလျှင်၊ ဟဲရစ်မှာမစ္စည်းဆုံး၍ အသက်ထက်ဆုံး နစ်နာ သွားတော့မည်။ မပေါကြီးလည်းဂျွန်ဆင်အားကိုးရှိသောကြောင့်၊ ဟဲရစ် အပေါ် ဤမျှလောက် အပေါက်ဆိုး နေခြင်းဖြစ်သည်တို့ကို သိသွားလေတော့သည်။ ထို့ကြောင့် နောက်တနေ့ကစ၍ မပေါကြီး နှင့် ဂျွန်ဆင်တို့မှာ ဂျောက်ကျမှန်းမသိကျလာလေ၏။

မပေါကြီးမျက်စေံထဲ၌ ဂျွန်ဆင်အနားတွင် အခြားမိန်းမတဦးပူးတွဲ၊ ပူးတွဲနှင့် အမြဲလိုက်နေသည်ဟု ထင်မြင် နေရသည်။ ဂျွန်ဆင်မှာလည်း မပေါကြီးကို ရှေးကလိုအရေးမလုပ်ဘဲ မျက်နှာထားကြီး တခွဲသားနှင့် အမြဲတန်း သုံမှုံနေပြီး၊ ၎င်းအနီးကတွဲလိုက်နေသော မိန်းမကိုမူကားပြုံးချိုကြည်သာ သောမျက်နှာထားနှင့် များစွာ အရေးပေးယုယလျှက် ရှိသည်ကိုတွေ့ရလျှင်၊ မပေါကြီးမှာမကျေ မနပ်နှင့်မခံမရပ်နိုင် ဖြစ် နေလေသည်။ ဒီလူလဲမညံ့ပါဘဲကလား၊ ငါ့ကိုအင်မတန်ကြီး အရေးပေး ထားရက၊ ကောင်မလဲ ရောက်လာရော၊ ငါကိုခွာတာတာလုပ်ထာဘဲ၊ ဒီကောင်မဟာလဲဘဲ သူ့မယားလား ၊ ရည်းစားလား မသိ ရဘူး၊ ငါချောင်းဘမ်းဦးမှဘဲဟုစိတ်ကူးကာ၊ ပြောကြသော စကားများကိုနားစိုက်ထောင်မိလျှက်-

"မစ္စတာဂျွန်ဆင်၊ ရှင်ဟာကျမကိုလက်ထပ်ထားပြီးဘာပြုလို့ ခုလိုတယောက်ထဲထွက်သွားရတာ လဲ၊ အိမ်က ကလေးတွေကလဲ ပါပါဘယ်သွားလဲ၊ ဘယ်သွားလဲနဲ့ မေးကြလှပြီင်္၊ ကျမလဲရှင်စိတ်ရူး ပေါက်ပြီး ထွက်သွားတယ်ဆိုတာ ရိပ်မိတာနဲ့၊ ရှင်သွားတတ်တဲ့နေရာတွေကို စုံးစမ်းပြီးလိုက်ရှာ တာဘဲ၊ အခုတခါထဲ ကျမနဲ့ ပြန်လိုက်ခဲ့ပါ၊ ဟုတ်လားဂျွန်ဆင်နော်၊ ပြန်လိုက်ခဲ့နော်"
ဟု မိန်းမဖြစ်သူကပြောနေပြီး ဂျွန်ဆင်ကြီးကလည်း မိန်းမ ပျိုကိုယုယဘက်ပွေ့ကာ-

"လိုက်မှာပေါ့ဒါလင်ရယ်၊ ဒါလင်လိုလှလှပပ ငယ်ငယ်ရွယ်ရွယ်မယားကလေးကို ကျုပ်အလကား ပစ်ထားရက် ပါ့မလား၊ ဒါပေတဲ့-မပေါကြီးမှာသူ့လင်နဲ့ ကွာရင်၊" ပစ္စည်းတွေအများကြီးပါဘာမယ် ကွဲ့၊ သူ့ဆီကပစ္စည်း တွေကို သိုက်တူးချင်လို့သူ့ကိုနှူးနေရတာပါ၊ မင်းလိမ္မာရင် သူ့ဆီကရလာသ မျှ ပစ္စည်းတွေဟာ မင်းတို့သားအမိတတွေ စံစားဘို့ဘဲမဟုတ်ဘားကွဲ့ဟု ပြောလျှင်၊ မိန်းမပျိုက-
"အို-ဟင့်အင်း၊ ဟင့်အင်း၊ ပစ္စည်းတွေကိုလဲ မလိုချင်ပါဘူး၊ ကိုယ့်လင်သူများနဲ့ ချစ်နေတာကိုလဲ မကြည့် နိုင်ပါဘူး၊ လာပါ-ပြန်သာလိုက်ခဲ့ပါ"

ဟုပြောကာ မစ္စတာဂျွန်ဆင်ကို မရမကခေါ်နေလျှင်၊ ဂျွန်ဆင်မှာ အေးပါကွယ်၊ ဒါဖြင့်လဲပြန်လိုက်ပါ့  မယ် ဟု နောက်ဆုံးအာမခံလိုက်သည်ကို ကြားရလျှင်၊ ခက်ထန်လှသောမပေါကြီးမှာ ၀မ်းနည်းရှက် ကြောက်လှသည် နှင့် မိမိအခန်းကိုလုံခြုံစွာပိတ်ပြီး ကြိတ်ခါ ငိုနေမိလေသည်။ "ငါမှားပြီ၊ ငါမှားပြီး ငါ့လင် ဟဲရစ်ကြီး ကို ပစ်ပြီးအသစ်ရှာမယ် ကြံလိုက်တာ ကံကောင်းလို့ ကျားငစဉ်းလဲနဲ့ မတွေ့ရ တယ်"ဟု နောင်တ တရားရကာ မစ္စတာဟဲရစ်အားချက်ချင်း ပြန်၍ချော့မော့ပြီး၊ မိမိအခန်းထဲသို့ သွင်းလိုက်လေ တော့၏။

ဂျွန်ဆင်မှာမူကား၊ ထိုညအဘို့ အရက်တွေများစွာသောက်ပြီး တယောက်ထည်းအမူးကြီး မူးနေသည် ဖြစ်ရာ၊ ဟော်တယ်အရက်ခန်းကလူးများနှင့် ကတောက် ကဆပ်စကားများပြီး၊ ထိုးလား ကြိတ်လား၊ လုပ်သည် ဟု စွဲစွဲဟာ၊ ဟော်တယ်မန်နေဂျာက ဆိုင်ပြင်သို့ ဆွဲထုတ်ပစ်ခြင်းခံရလေ လျှင်၊ ဂျွန်ဆင်သည် ဆိုင်ပြင် မှနေ၍ ကြိမ်းမောင်ရေရွှတ်နေမိသည်။ ထိုအခိုက် ဂျွန်ဆင်ရပ်နေသော အနီးအနားမှာ လမ်းခင်းရန် ချထားသော ကျောက်ခဲပုံကြီးမှ ကျောက်ခဲလုံးများသည် လူမမြင်ရဘဲ တစုံတယောက် သောသူက၊ လေထည်းမှနေ၍ ဟော်တယ်မှန်ပြူတင်းများ သို့အဆက်မပြတ် တဗြုံးဗြုံးပေါက်နေလျှင်၊ မှန်ပြူတင်းများလည်း၊ ဂျွမ်ကနဲ၊ ဂျွမ်ကနဲ ပျက်စီးကျေကွဲကုန်သည်ကို တွေ့ရသောကြောင့်၊ ဆူပူ ရေရွတ်နေသော ဂျွန်ဆင်ကြီးမှာ ထူးဆန်းသော အဖြစ်အပျက်များကို၊ ရုတ်တရက် အံ့အားသင့် ကြည့်နေမိရာမှ မိမိအားဟော်တယ်မနေဂျာ တိုင်တမ်းချက်အရ၊ ကျောက်ခဲ ပုံနားတွင် တယောက်ထည်း ဆူပူ နေခြင်းအားဖြင့်၊ အရက်မူး၍ ခဲပေါက်မှုအပြစ်နှင့် ပုလိပ်များဘမ်း ယူသွားပြီး ဂါတ်အချုပ်ခန်း ထည်းတွင် ချထားခြင်း ခံရမှ သတိရလာလေတော့၏။

နောင်တရသော မပေါကြီးမှာ ဟဲရစ် ထွန်းတင်တို့နှင့် အတူနောက်တနေ့တွင် နေရပ်သို့ ပြန်မည်စီစဉ် နေ လေသည်။ ဟဲရစ်မှာ မပေါကြီးရုတ်တရက် စိတ်နူးညံ့လာသည်ကို မတွေးတတ် အောင်ရှိနေရာမှ ထွန်းတင် က စောမြအေးလက်ချက်တွေ ဖြစ်ကြောင်းစောမြအေးပြောပြ၍ သိရကြောင်း၊ တီးတိုး တဆင့်ပြန်ပြော သောအခါမှ "ကစ်ဒီဟာ အခုလိုအရေးထဲကျတော့လဲ အတော်ရှာ သားဘဲ"ဟု ချီးမွမ်းကာ ပြုံးချိုကြီး ဖြစ်လာလေ၏။ သွားခါနီးခရီးထွက်ဆဲမှာပင်၊ ထွန်းတင်၏မိခင်ထံ မှပြန်လာရန်ခ်ါသော စာတစောင်ရောက်လာလေ၏။ မပေါကြီးမှာ မိမိလက်ချက်မှန်းသိသော် လည်းမြုံနေလေ၏။ သို့နှင့် မိမိတို့မြို့ သို့ ပြန်ရောက်လျှင် ရောက်ခြင်း၊ ထွန်းတင်မှာ မိခင်ကြီးအ သင့်ပြင်ဆင်ထားသောမင်္ဂလာပွဲနှင့် ဘွားကနဲ ရင်ဆိုင်တိုးရလေတော့၏။

"အို-မေမေကလဲ ဘာမပြော၊ ညာမပြောနဲ့၊ ဘွားကနဲလုပ်တာကိုး"ဟုပြောမိသော်လည်း၊ မိခင်ကြီး က
"ငါ့သား ကြာရင်ပျက်စီးမျာစိုးလို့ ဗြုံးကနဲ မိန်းမပေးစားရတာဘဲ၊ ကဲ-ကဲ- စကားများမနေနဲ့၊ အ၀တ် အစားသာလဲပေတော့၊ ရောက်ရောက်ခြင်း မင်္ဂလာပွဲ စမယ်လို့အချိန်စောင့်နေတယ်၊ ပရိသတ် တွေလဲစုံလှပြီ"ဟုဆိုကာ ပြောပြောဆိုဆိုပင်၊ ထက်ကြပ်မကွာအ၀တ်လဲ ခိုင်းပြီး သတို့သမီး မနန်းအေးနှင့် အတူ ပွဲထုတ်လျက်၊ မိဘနှစ်ဘက်စုံညီ လက်ထပ်ပေးစားလိုက်ကြလေ၏။

ညနေ စောင်းလောက်တွင် လက်ထပ်ကိစ္စပြီး၍ ည(၈)နာရီလောက်တွင် ထွန်းတင်သည် သတို့သမီးအား မိမိကားနှင့် တင်ကာ၊ အိမ်သို့ခေါ်ဆောင်ခဲ့ရာ၌၊ လမ်းသို့ရောက်လျှင် ကျောက်လမ်းဘေးမှ မဲမဲ ကောင်ကြီး တကောင်ပြေးထွက်လာပြီး ရုတ်တရက်ကားရှေ့တွင် ပစ်လှဲလိုက်သောကြောင့်၊ အရှိန် နှင့် မောင်းလာသော ကားမှာ ချာကနဲတပတ်ဂျွမ်းလှိမ့်ကာ မှောက်သွားပြီးနောက် ဆေးရုံရောက်မှ သတိရလေတော့သည်။ သတို့သမီးမနန်းအေးမှာ ကားမှောက်ရာတွင် ပွဲချင်းပြီးသေဆုံးရှာလေ ၏။ ဟဲရစ် နှင့် ထွန်းတင် တို့မှာ စောမြအေးလက်ချက်ဟု အတတ်သိကြလေသည်။

သို့ရာတွင် ထွန်းတင်မှာ "စောမြအေးအပေါ်၌၊ စိတ်မကွက်နိုင်ရှာဘဲ၊ မိခင်ကြီးစကားကြောင့်၊ ဘွား ကနဲလက်ထပ်ပြီး၊ နာရီပိုင်းမျှသာ မိမိဇနီးအမည်ခံသွားရရှာသူကလေး မနန်းအေးအားလည်း၊ အချစ်စိတ် များမှ မမွေးမြူရသေးမှီ အသက်ဆုံးရှံးသွားရှသဖြင့်၊ သနားခွင့်ရှိသလောက် သနားနေ မိရှာလေ တော့သည်။"
စောမြအေးမှာ စိတ်ဆိုးသုံမုံသောအသံကလေးနှင့် ထွန်းတင်နား နားသို့ကပ်ခါ-
"ကိုကိုတင်ဟာ ဘာကောင်းသလဲ၊ လူကိုကြောင်တောင်ထားပြီး မယားယူရက်တယ်၊ အေးက တော့ ချစ်လွန်းလို့ ကိုကိုတင့် အနားက တဘ၀ါးမှ မခွါရက်ဘူး"
ဟု ပြောတတ်လေရာ၊ ထွန်းတင်မှာလည်း၊ သူခမြာဟုတ်ရှာမှာဘဲဟု စဉ်းစားမိကာ-

"ကိုကိုတင့်သဘောနဲ့ ယူတာမဟုတ်ဘူးအေးရယ်၊ ရောက်ရောက်ခြင်း၊ မေမေတို့က မလိမ့်တ ပတ်နဲ့ ဆွဲပြီး လက်ထပ်လိုက်လို့၊ ကိုကိုတင်ငြင်းရင်၊ သူ့ခမြာလဲအရှက်ကွဲသွားမယ်၊ မေမေ လဲ မျက်နှာပျက် တော့မယ်ဆိုပြီး၊ ဇွတ်မှိတ်လိုက်ရတာပါ၊ နောက်များ တော့ ဝေးပါသေးတယ်၊ ကိုကိုတင်တသက်မယ်လေ ဘယ်မိန်းမ ကိုမှ မယူတော့ဘူး၊ အေးနဲ့ဒီလိုဘဲနေသွားမယ်သိလား၊ အေးဘ၀ကျွတ်သွားတောင် ကိုကိုတင် ဖြစ်ရာဘ၀ ကို လိုက်စောင့်မယ်နော်"

ဟု တကဲ့စေတနာ၊ တကဲ့အချစ်နှင့် ပြောရှာသည်တွင်မှ အစိမ်းမကလေး စောမြအေးမှာ ကျေနပ် သွား တော့သည်။ ဟဲရစ်ကြီးမှာ ကားချစ်သူနှစ်ဦး၏ "မကြင်ရမောင့်ကိုယ်" ဇာတ်ကားကို အလကား တန်းက အမြဲကြည့်လျက် မိမိနှင့် မပေါကြီးတို့၏ အတွင်းရေးအခက်အခဲ ရှိတိုင်းလည်း စောမြအေး ၏အကူအညီ နှင့် ခူရှီကျ၍ နေလေတော့သတည်း။

အထက်ပါ အဖြစ်၊ အပျက်များမှာ ကာယကံရှင် အင်ဂျင်နီယာ မောင်ထွန်းတင်နှင့် အင်္ဂလိပ် ကုန်စုံ စတိုးတိုက်ဆိုင် မန်နေဂျာ မစ္စတာဟဲရစ်တို့ထံမှ တဆင့်ကြားသိရသော အချစ်စိတ်နှင့်လိပ်ပြာစင် သွားရရှာသူ ခေတ်မှီ အစိမ်းမကလေး စောမြအေး၏ အတ္ထုပ္ပတ္တိကလေးတရပ် ဖြစ်ပေကြောင်း။

ပြီးပါပြီ
.

No comments: