(ထိုနောက်များ မကြာမှီ ဂဇော်ဘိုးဗျော့ နှင့် ငတေကြီးတို့သည် ထွန်းမောင်နှင့် အထူးပင် အလွမ်းသင့် လျက် ထွန်းမောင် ရက်ရက်စက်စက် စွန့်ကြဲပေးကမ်းခြင်းဖြင့် ထွန်းမောင်အား ဘုရားတဆူ ဂူတလုံးကဲ့သို့ ကြည်ညို လာပြီး ၎င်းတို့ဆရာကြီးမှာ ဂဇော်ဘိုးတမတ်ငါးမူးမှတပါး စားလောက် သောက်လောက် မကျသော ကြောင့် တနေ့တခြား အကြည်ညိုလျော့ပါးကာ ဆရာကြီး၏အကျင့် ယုတ်များကို သစ္စာမဲ့ လူမိုက်များ ပြီပြီ တခုမကျန် ဖောက်သည်ချတော့၏။) ၏ အဆက်
"ဒီလောက် ယုတ်မာတဲ့လူကြီးကို လူ့ပြည်မှာထားလို့ မတော်ဘူးထင်တယ်၊ သူ့အကြောင်းသိရက်နဲ့ ကျုပ်တို့ မြုံ ထားရင် သူ့ကိုအားပေးနေရာရောက်တယ်၊ သူကောင်းသားပျို သမီးပျိုကလေးများကို ပန်းကောင်း အညွှန့်ချိုး မတရားဖျက်ဆီးတာ များပြီ၊ ဒီအကောင်ကြီးကို လောကကြီးက ထွက်သွား အောင် လုပ်နိုင်ရန် ခင်ဗျား တို့ တသက်အေးအေးထိုင်စားရအောက် လယ်တရှသ်းလုပ်စီနဲ့ ငွေသား ငါးရာစီပေးမယ်ဗျာ"
ဟု ထွန်းမောင် က ပြောလျှင် ဘိုးဗျော့နှင့် ငတေကြီးတို့မှာ
"ဟာ လယ်ရော ငွေရော ယူချင်ပြီလားဗျာ ဒါပေမယ့် ဒီအကောင်ကြီးက ပညာစွမ်းအင်မတန်ထက် တယ်၊ သူ့ကို ဘယ်လိုမှ နိုင်အောင် မလုပ်နိုင်ဘူး" ဟု ပြန်ပြောသောအခါမူ ထွန်းမောင်မှာ စိတ်အားထက်သန်စွာ နှင့် "အို ခက်တာလိုက်လို့ဗျာ၊ ခင်ဗျားတို့ လုပ်မယ်ဆိုရင် ကျုပ်ပြောမယ် ဟောဒီနည်းလေ... "
ဟုဆိုခါ အနီးသို့ တိုး၍ တီးတိုးပြောလိုက်လျှင် ဘိုးဗျော့နှင့် ငတေကြီးတို့လည်း ပြုံးပြုံးကြီးဖြစ်သွား ကြလေ၏။
သို့နှင့် အချိန်ကြာညောင်း၍ ရက်လပေါင်း အတော်ကုန်လာခဲ့လေ၏။ ထွန်းမောင်သည် အိမ် အောက်တွင် စပါးပေး၊ နှမ်းပေး၊ ငွေချေးငွေယူ လာသော ဧည့်သည်တစုနှင့် အလုပ်ရှုပ်နေစဉ်၊ အိမ် အပေါ်ထပ်၌ လှရီ မှာ ခလေးပုခက်လွှဲ၍ နေတော့၏။ မြို့ဆင်ခြေဖုံးရပ်ရှိ ဗိန္ဓောဆရာကြီးဦးညိုတုတ် ၏ ဆိုင်းဘုတ်ကလေး လည်း လောကကြီးအတွင်းမှ ကွယ်ပျောက်သွားလေပြီ၊ ဆရာကြီးဦးညိုတုတ် တောရွာသို့ ဆေးကု လိုက်ရာမှ၊ အဆိပ်မိလို့ သေရှာပြီဟူသော သတင်းမှာ ၎င်းတို့အိမ်နီးပါးချင်းများ ထံတွင် စကားသံ မတိတ်သေးမှီ၊ ဂဇော်သမား ဘိုးဗျော့နှင့် ငတေကြီးတို့မှာ အကျွတ်တရားရ၍ လူ ကောင်းတွေဖြစ်ပြီ၊ ထွန်တုံး ကို ကိုယ်တိုင်စီးလျက် တံပြာကြီးတမမနှင့် လယ်ထွန်နေကြသည်ကို တွေ့မြင်ကြရ လေသတည်း ဟူသော ထွန်းမောင်၏တိုင်ကြားစာကို မှော်ဆရာမှတ်တမ်းအတွက် အကွက်သင့်သဖြင့် ထည့်သွင်း လိုက်ရ ပေကြောင်း။
ဟု ထွန်းမောင် က ပြောလျှင် ဘိုးဗျော့နှင့် ငတေကြီးတို့မှာ
"ဟာ လယ်ရော ငွေရော ယူချင်ပြီလားဗျာ ဒါပေမယ့် ဒီအကောင်ကြီးက ပညာစွမ်းအင်မတန်ထက် တယ်၊ သူ့ကို ဘယ်လိုမှ နိုင်အောင် မလုပ်နိုင်ဘူး" ဟု ပြန်ပြောသောအခါမူ ထွန်းမောင်မှာ စိတ်အားထက်သန်စွာ နှင့် "အို ခက်တာလိုက်လို့ဗျာ၊ ခင်ဗျားတို့ လုပ်မယ်ဆိုရင် ကျုပ်ပြောမယ် ဟောဒီနည်းလေ... "
ဟုဆိုခါ အနီးသို့ တိုး၍ တီးတိုးပြောလိုက်လျှင် ဘိုးဗျော့နှင့် ငတေကြီးတို့လည်း ပြုံးပြုံးကြီးဖြစ်သွား ကြလေ၏။
သို့နှင့် အချိန်ကြာညောင်း၍ ရက်လပေါင်း အတော်ကုန်လာခဲ့လေ၏။ ထွန်းမောင်သည် အိမ် အောက်တွင် စပါးပေး၊ နှမ်းပေး၊ ငွေချေးငွေယူ လာသော ဧည့်သည်တစုနှင့် အလုပ်ရှုပ်နေစဉ်၊ အိမ် အပေါ်ထပ်၌ လှရီ မှာ ခလေးပုခက်လွှဲ၍ နေတော့၏။ မြို့ဆင်ခြေဖုံးရပ်ရှိ ဗိန္ဓောဆရာကြီးဦးညိုတုတ် ၏ ဆိုင်းဘုတ်ကလေး လည်း လောကကြီးအတွင်းမှ ကွယ်ပျောက်သွားလေပြီ၊ ဆရာကြီးဦးညိုတုတ် တောရွာသို့ ဆေးကု လိုက်ရာမှ၊ အဆိပ်မိလို့ သေရှာပြီဟူသော သတင်းမှာ ၎င်းတို့အိမ်နီးပါးချင်းများ ထံတွင် စကားသံ မတိတ်သေးမှီ၊ ဂဇော်သမား ဘိုးဗျော့နှင့် ငတေကြီးတို့မှာ အကျွတ်တရားရ၍ လူ ကောင်းတွေဖြစ်ပြီ၊ ထွန်တုံး ကို ကိုယ်တိုင်စီးလျက် တံပြာကြီးတမမနှင့် လယ်ထွန်နေကြသည်ကို တွေ့မြင်ကြရ လေသတည်း ဟူသော ထွန်းမောင်၏တိုင်ကြားစာကို မှော်ဆရာမှတ်တမ်းအတွက် အကွက်သင့်သဖြင့် ထည့်သွင်း လိုက်ရ ပေကြောင်း။
မောင်ကြီးမေတ္တာ
၁၉၃၄-ခု ဧပြီလတွင် ရေးသည်။
၁၉၃၄-ခု ဧပြီလတွင် ရေးသည်။
"ဆရာရဲ့တဆိတ်မြန်မြန်ကလေး ကြွတော်မူပါ၊ ကျွန်တော့မိန်းမကြာရင် သေရပါတော့မယ်၊ ကယ် တော်မူပါအုံး စုန်းလိုလို၊ နတ်လိုလို၊ အို-တဆိတ် မြန်မြန်ကလေးကြွပါခင်ဗျာ ကြာရင်သေပါတော့ မယ်"
ဟု ဆပ်ပျာသယ်လင်ပျောက်သလို ဒေါင်းတောက်အောင် ခေါ်နေသော မောင်သော်ကိုကြည့်ကာ ကျွန်တော့် မှာလည်း ဘာကိုလုပ်ရမည်မသိ။ အလကားနေရင်း ပြာလောင်ခပ်နေမိလေ၏။ ဆရာကြီး က ငါ့တပည့် လိုက်သွားချေဟု ဆေးအစ်နှင့် ဆေးကြိမ်လုံးကို အပ်ပြီးသည့်နောက် ရသောက်ရမလို လို ဘိနပ် စီးရမလိုလို ယောင်ယောင်မှားမှားဖြစ်နေပြန်သောကြောင့် ဆရာအပင့်လာသော မောင်သော် လည်း ဘာမှ မပြောဘဲ ကျွန်တော့်ကိုဆွဲ၍ "မြန်မြန်လာပါ ဆရာရဲ့"
ဟု ခေါ်သွားသဖြင့် ကျွန်တော်လည်း ကားယားကားယားနှင့်ပါသွားရာ များမကြာမှီ မတ္တရာမြို့ တောင်ပိုင်း မောင်ဝိုင်ခြံအနီးရှိ မကြီးခ တို့နေအိမ်သို့ ရောက်လာလေ၏။
အိမ်ဦးတွင် ဆရာသမားပြီပြီ တည်ကြည်စွာ ထိုင်မိလျှင်ပင် မကြီးလည်း
"ဟဲ့ မောင်သော် ဆရာဘို့ ဆေးကွမ်းလဘက်များ ပြင်ပါဟဲ့"
ဟု ငိုမဲ့မဲ့နှင့်ပြောကာ ကျွန်တော့်အနားလာထိုင်ပြီး
"တဆိပ် ကယ်ပါအုံး ဆရာလေးရယ်၊ ကျမသမီး ဘာဂြိုဟ်များစီးတယ်မသိပါဘူး၊ ကံဇာတာ အထူး နိမ့်လို့ ဖြစ် ရတာပါ။ နို့ ဆရာကြီးတော့ ကြွမလာဘူးတဲ့လား ဆရာရဲ့"
ဟု ငိုမဲ့မဲ့ တရှိုက်ရှိုက် ပြောရာ ကျွန်တော်လည်း မကြီးခမျက်နှာမြင်ရရုံနှင့်ပင် လူမမာတွင် အတော် ဒုက္ခ ဖြစ်ပုံရကြောင်း ရိပ်မိကာ
"ဆရာကြီး က ကျွန်တော်သွားဘို့ အမိန့်ရှိတာနှင့် လိုက်လာရပါတယ် ခင်ဗျာ"
ဟု ပြောလိုက်သဖြင့် မကြီးခမှာ
"သြော် သြော် ဒါဖြင့် ဆရာလေး လူမမာကို တဆိပ် ကြည့်ပါအုံး ဆရာ ဘာဖြစ်မှန်းလဲမသိဘူး၊ လက်နှစ်ဘက်ဟာ လက်ပြန်ကြိုးတုပ်ထားသလို ရင်အကော့သားနှင့် အမယ်လး အလိုလေး တတ ပြီး အော်နေ ရှာရတယ်၊ ဘာမှလဲ မေးလို့မရဘူးရှင့်၊ ကျမက သမီးရယ် သမီးရယ် ဘယ်လိုဖြစ်တာ လဲကွယ်နဲ့ မရမက မေးတဲ့အခါ အမယ်လေး မပြောပါရစေနဲ့တော့ အမေရဲ့၊ အမေကယ်နိုင်တဲ့ကိစ္စ လဲ မဟုတ်လို့ အသိ မလုပ်ချင်ပါနဲ့တဲ့၊ ဘယ့်နှယ်ပြောလိုက်မှန်းမသိဘူး ဆရာ၊ သူ့မှာလဲ မချိမဆန့် ခံနေရရှာရက်သားနဲ့ လင်သား လုပ်တဲ့ ဟောဒီက ကျမသမက် မောင်သော်မေးလို့မှ မပြောဘဲ ပေခံ နေတယ် ဆရာလေးရဲ့၊ ကျမ သမီး ကျန်းကျန်းမာမာနဲ့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ခုတော့ မျက်နှာ မြင်တုန်း သွေးနု သားနုနဲ့မို့ သူ့ဒုက္ခ ကို မကြည့်ရက်နိုင်အောင် ရှိတော့တာဘဲ ဆရာလေးရဲ့"
ကျွန်တော်။ ။သြော် မျက်နှာမြင်တုံးလား ဖြစ်ရလေ ခင်ဗျာ။
မကြီးခ။ ။ဟုတ်ကဲ့ ဆရာလေးရယ်၊ ဒီနေ့ဘာနဲ့မှ မျက်နှာမြင်ပြီးတာ ဆယ်ရက်ရပါသေးတယ်။
ကျွန်တော်။ ။အင်း အင်း ဒီလိုဖြစ်တာ ဘယ်နှစ်ရက် ကြာပြီလဲ။
မကြီးခ။ ။မျက်နှာမြင်ပြီး သုံးရက်အရမှာ ကောက်ခါငင်ခါ ဖြစ်လာတာဘဲ ဆရာလေးရဲ့။
ကျွန်တော်။ ။နေစမ်းပါအုံး ခင်ဗျာ ဖြစ်ပုံက ဘယ်လို ဘယ်သင်း ဆိုတာ သိပါရစေအုံး။
မကြီးခ။ ။လူနာ ကို ဝင်ကြည့်ပါ ဆရာရယ်။ ကျမလဲ ရေရေလယ်လယ် မပြောတတ်ပါဘူး။
ကျွန်တော်။ ။မဟုတ်သေးဘူးလေ၊ ဘယ်လိုက စလာတယ်ဆိုတာ၊ သေသေချာချာ သိချင်လို့ပါ။
မကြီးခ။ ။ဒါဖြင့် ပြောပါ့မယ် ဆရာ၊ ဖြစ်ပုံအစက ဒီလိုပါ။ ကျမ သမီးကလေး မအေးကြည်ဟာ အသက်နှစ်ဆယ်လောက်က ဟောဒီ ကျမသမက်မောင်သော်နဲ့အကြောင်းပါပါတယ်၊ သူယောက်ျား ရပြီး အခါလယ်လောက်တာ့ရှိတော့၊ အခု မျက်နှာမြင်တဲ့ ပဋိသန္ဓေရှိတာပါဘဲ၊ အဲဒီ ပဋိသန္ဓေရှိတဲ့ ကြားထဲမှာတော့ ဘာမှမထူးခြားပါဘူး။ အခု ဟောဒီကလေး ကို မွေးဘွားလဲပြီးလို့ သုံးရက်ရတဲ့ ည ကျတော့ ကျမတို့လဲ မီးနေစောင့်ရင်း အိပ်ပျော်သွားကြတာကိုး ဆရာရဲ့၊ နောက် ကျမတယောက် ထဲ လန့်နိုး တော့၊ မအေးကြည်အိပ်တဲ့ ခုတင်နားက တိုးတိုး တိုးတိုး စကားပြောသံလိုလို ကြားတာနဲ့၊ အသာ နားစိုက်ထောင်လိုက်တော့ မအေးကြည် စကားပြောသံမှန်း သိရလို့၊ သြော် သူယောက်ျားနဲ့ စကား ပြောကြထင်ရဲ့လို့ တယ်ဂရုမထားမိဘူး။ နောက်တော့ မအေးကြည်ပြောတဲ့ စကားထဲမှာ (မလိုက်ပါရစေနဲ့ အုံး မောင်ကြီးရယ်၊ သားကလေးကလဲ အင်မတန် ငယ်ပါသေးတယ်တဲ့) ပြီးတော့ (ကျမမှာ ကုသိုလ်ဒါန ဆိုလို့လဲ ဟုတ်အောင် ဘာတခုမှ မလုပ်ရသေးဘူး၊ ဥပုသ်ကြီးလဲ ဝင်ချင်ပါ သေးတယ်၊ ဟောဒီ သားဦးကလေး လဲ ရှင်ပြုပါရစေအုံး အလွန်ဆုံး ၇-နှစ်ပါတဲ့။)
နောက်တခါ ကြားရတာက (မညာပါဘူး မောင်ကြီးရယ်၊ အိမ်ထောင်ပြုရက်သားနဲ့ သားသမီး သံယောဇဉ် ကလေးက တွယ်နေတော့တယ် ခက်တာဘဲ မောင်ကြီးရယ်၊ ချစ်တယ် ခင်တယ်ဆိုတဲ့ သံယောဇဉ် တရားတွေဟာ လူကိုအားကြီး ဒုက္ခပေးတတ်ကြပါကလား)တဲ့၊ ဒါနဲ့ ကျမလဲ မအေး ကြည် ဘယ်သူနဲ့များ စကားပြောနေတာလဲ၊ မောင်ကြီး မောင်ကြီးနဲ့လဲ ခေါ်ပါတယ်၊ မောင်သော်ဖြင့် သူ ဒီလိုမခေါ်ဘူး၊ ကိုသော် ကိုသော် နှင့်သာခေါ်နေကြအတိုင်း ခေါ်ရမယ်၊ ဘယ်သူနဲ့ပြောတဲ့စကား လဲ။ ယောင်များနေသလားလို့ စဉ်းစားပြီး သူအိပ်တဲ့ အခန်းဝက သွားကြည့်လိုက်ပါတယ်၊ မအေးကြည်ဟာ ယောင်တာမဟုတ်ဘဲ၊ ခုတင်ပေါ် မှာ ထိုင်ပြီး၊ သေသေချာချာကြီး လက်ပြခြေပြ စကားပြောနေတာတွေ့ရ၊ အနားမှာတော့ဘဲ ဘယ်သူမှ မရှိဘူး ဆရာရဲ့၊ ဒါနဲ့ ကျမလဲ ဆက်နား ထောင်နေတာ (သီးခံလက်စနဲ့ ဆက်ပြီး နေဘို့ ခွင့်ပေးပါအုံ မောင်ကြီးရဲ့၊ ကျမ ဒီသားနဲ့ဒီလင်ကို အင်မတန်မှ သံယောဇဉ်တွယ်နေပြီ၊ ကုသိုလ် ကောင်းမှုပြုဘို့လဲ ပါရမီဖြည့်ပေးရာရောက်အောင်၊ ကျမတောင်းပန်တဲ့အတိုင်း (၇)နှစ် အနည်းငယ် ဆိုင်းပါအုံး မောင်ကြီးရယ်၊
တကယ်လို့ သံယောဇဉ် ကြိုးတွေကို သစ်စိမ်းကျိုးချိုးခဲ့ပြီး မောင်ကြီးနောက် လိုက်လာရရင်လဲ ကျမ အသဲနှလုံး တွေ ကြွမ်းလို့ တလွမ်းလွမ်း တဆွေးဆွေး ဖြစ်နေမှာ အမှန်ဘဲ။ အဲဒီအခါကျတော့ မောင်ကြီး လဲ ကျမအတွက် စိတ်အနှောက်အရှက်ဖြစ်ရမှာဘဲ) လို့ အနားက လူတစ်ယောက်ကို ဖြောင်းဖြောင်းဖြဖြ ပြောနေသ လို ပြောဆိုနေလိုက်တာ ဆရာရယ်။
နောက်ပြီး တခါ ငိုသံပါပါနဲ့ (ချမ်းသာပေးပါ မောင်ကြီးရယ်၊ ဒီလိုတော့ အဓမ္မမပြုပါနဲ့၊ မောင်ကြီးကို လဲ မချစ် လို့ ခွဲနေတာမဟုတ်ပါ၊ သို့သော်လဲ ကျမမှာ သံယောဇသ်ကြိုးကလေးတွေက ရစ်လာတော့ ပစ်ပစ် ခါခါ မပြုရက်သေးလို့၊ ခေတ္တခွင့်ပေးဘို့ တောင်းပန်တာပါ မောင်ကြီးရဲ့)တဲ့ ဆရာလေးရဲ့၊ ကျမလဲ ဘယ့်နှယ် စကားတွေများ ပြောနေပါလိမ့်မလဲလို့၊ မောင်သော်ခေါ်ပြ တခြားလူတွေ နှိုးပြနဲ့၊ နောက်တော့ မအေးကြည် ကို ကျမတို့က ချောင်းကြည့်နေတာ၊ တယောက်ယောက်က ပြောလိုက် သလိုနဲ့ လှဲ့ကြည့်ပြီး စကားပြော ရပ်သွားရောရှင့်...။
ကျမလဲ အဲဒီစကားတွေ မအေးကြည် ဘာပြုလို့ပြောပါလိမ့်မလဲလို့ စိတ်ထဲဇဝေဇဝါကြီး ဖြစ်နေမိ တယ်၊ အဲဒီနေ့က စပြီးလဲ ညတိုင်း... ညတိုင်း လူခြေတိတ်ရင် ဒီစကားမျိုးတွေချည်း ပြောနေတာပဲ။ တခါတလေ နေ့ခင်း ကြောင်တောင် များတောင်၊ လူလစ်ရင် ပြောတတ်တယ် ဆရာလေးရဲ့၊ ဒီလိုနဲ့ မနေ့ညက ခါတိုင်း လို လူခြေတိတ်ချိန်ကစပြီး ကျမသမီးမှာ တစုံတယောက်က လက်ပြန်ကြိုးတုတ် ထားသလို လက်မောင်း နှစ်ဖက်ဟာ နောက်ကျောမှာ ယှက်နေပြီး အရိုက်ခံရတော့ အော်ပုံမျိုးနဲ့ နာ ကျင်လွန်းလို့ ရှုံ့မဲ့ အော်နေ ရရှာတယ်၊ သူ့တကိုယ်လုံးမှာလဲ ရိုက်သူကိုမမြင်ရဘဲနဲ့ ရိုက်နှက်တဲ့ ကြိမ် လုံးရာတွေဟာ အရှိုးအရှိုး ထင်ပြီးနေတာဘဲ ဆရာရဲ့။ သွေးသားကလဲ နုနုနဲ့၊ ခုလောက် ဒုက္ခခံနေရ ရှာတာ သေရှာတော့မှာဘဲ ဆရာရယ်၊ ဘာမှလဲ မေးလို့မရတော့ ခက်တာဘဲ။ ကျမတို့လဲ ဧကန္တ ပယောဂအစွမ်းဘဲဆိုတာ ရိပ်မိလို့ တောင်ဟာလုပ် မြောက်ဟာလုပ်နဲ့ စုံသွားပါပြီ။
ဒီအခြေအနေက ကို လျှော့တယ်မရှိပါဘူ။ စုန်းပူးတယ်ထင်လို့ ဆံစုနဲ့ဘမ်းလဲ ကြမ်းမြဲကြမ်းတာဘဲ ဆရာ ရဲ့။ သူရဲ တစ္ဆေဝင်တယ်ထင်လို့ နှင်ရင်လဲ အော်မြဲ အော်တာဘဲ။ မိဆိုင် ဘဆိုင်ခေါ်တဲ့ ရိုးရာနတ်များ ညှိုးသ လားလို့ တင်လားမြှောက်လား လုပ်တာလဲမရ၊ စိတ်နောက်သွားသလားလို့ ဆေးသမားဆရာ ကောင်း တွေပြလဲ သွေး၊ သည်းချေ၊ လေငြိမ်လို့ နှလုံးအိမ်မျာဲး မဘောက်ပြားဘူးတဲ့။ ဘယ်လို ဝတ္တရားနဲ့ ခံစားရတဲ့ ဝေဒနာဆိုတာ ဆရာဘဲ အကဲခပ်တော်မူပါတော့။
သော်။ ။ဟုတ်ပါတယ် ဆရာ၊ အခု မကြည်တို့အမေ ပြောတဲ့အတိုင်းပါဘဲ။ တဆိပ် အကဲ ခတ်စမ်းပါအုံး ဆရာရယ်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာ၊ ကျွန်တော်တို့လဲ မကြည့်ရက်သလောက်ပါ ဘဲ၊ ကဲ ကဲ အထဲကြွပါ ဆရာ။
ဟုဆို၍ ရှေ့ကလမ်းပြသောကြောင့် ကျွန်တော်လည်း ဆရာကြီး တာဝန်လွှဲလိုက်သည့်အတိုင်း၊ ဆေးအစ်ကြီး နှင့် ဆေးကြိမ်လုံးကိုယူလျက် တဘက်သောအခန်းသို့ ကူးခဲ့ရာ ဖေးမ ကိုင်တွယ်ထား သော မိန်းမ သုံးလေးယောက်တို့အလယ်မှ၊ ငဖယ်ပျံသလို ကော့လိမ်လူးလှိမ့်ပြီးလျှင် နာကျင်သော ဒဏ်ချက် ကြောင့် အဆက်မပြတ် အော်နေရှာသည့် မအေးကြည်ဆိုသူကို တွေ့ရလေ၏။
မအေးကြည် မှ တချက်၊ တချက် ရိုက်နှက်လိုက်သဖြင့် နာကျင်သော ဒဏ်ရာကြောင့်၊ ကော့လိမ် ကာဖြင့် မျက်လုံးကို စုံမှိတ်ပြီး အံကြိတ်ခါဟစ်အော်လျက်ရှိချေ၏။ ကျွန်တော်လည်း ထပ်မံ၍ သေချာစွာ ကြားသိချင် သေးသဖြင့် မောင်သော်အား ထပ်မံမေးမြန်းခိုင်းနေစဉ် မအေးကြည်လည်း သီးထန်စွာ ဟစ်အော်လျက်၊ တချက် တချက် လက်ပြန်ကြိုးချည်ထားသည်နှင့်တူသော လက်နှစ် လက်ကို နောက်သို့ ကော့ထားပြီး။
(အမယ်လေး) မောင်ကြီးရဲ့ နာလှပါပြီ။ ချည်ထားတဲ့ ကြိုးကို တဆိပ်ဖြေပါအုံး မောင်ကြီးရဲ့။
လို့အော်ပြန်ရာ မောင်သော် လည်း မအေးကြည်၏နောက်ပြန်ကော့လျက်ရှိသော လက်မောင်းနှစ် ဘက်ကို ရုတ်တရက် ရှေ့သို့ဆွဲယူလိုက်ရာ၊ လက်နှစ်ဘက်မှ တစုံတရာမရှိသော်လည်း ကြိုးနှင့် ခိုင်မာစွာ စည်းတုတ်ထားသကဲ့သို့ မူလနေရာမှ အနည်းငယ်မျှ ဆွဲယူ၍မရဘဲ ရှိလေ၏။ မအေး ကြည်မှာလည်း ဟစ်အော်ငိုညီးရာမှ
"ကိုသော် ရဲ့ ကျမကိုသနားရင် အနားမလာပါနဲ့ရှင် ဝေးဝေးနေပါ၊ ရှင်အနားလာရင် ကျမ မြန်မြန် သေရ ပါလိမ့်မယ်"
ဟုပြောသောကြောင့် မော်သော်မှာ အကြံရခက်ခါ...
"မကြည်... မကြည်... သတိထားပါ။ မင်းဘာဖြစ်တယ်ဆိုတာ ပြောစမ်းပါ မကြည်ရယ်၊ ကျုပ် အသက်နဲ့လဲ ကယ်စမ်း ပါရစေ၊ မင်းကို ဘယ်လိုရန်သူက နှိပ်စက်နေတာလဲ၊ ဖွင့်ပြောစမ်းပါ မင်း ဒုက္ခရောက်နေတာ ငါမကြည့် နိုင်ဘူးကွဲ့"
ကြည်။ ။အမယ်လေး ကိုသော်ရဲ့၊ ဝေးဝေးသွားနေစမ်းပါ၊ ဒါတွေ လာလာမေးမနေစမ်းပါနဲ့။ ကျမ နဲ့ သေကွဲ ကွဲချင်ရင် ရှင်ဒီနားကို ခဏခဏ ကပ်ပါ။ ကျမ ဘာဘဲဖြစ်ဖြစ် လာမေးမနေနဲ့။ အကြောင်း အကျိုး တွေ ပြောချင်ရက် အပြောခက်လွန်းလို့ပါ။ ကျမမှာ "သစ်နှစ်ဘက်ကြားပေါက်တဲ့ ဝါးလို" အများကြီး အနေကြပ်လှပါတယ် (အမယ်လေး) နာလှချည်ရဲ့၊ ကြောက်ပါပြီ မောင်ကြီးရဲ့ မပြောပါ ဘူး။ ကိုသော် ကိုသော် ရှင် တော်ရာသွားနေစမ်းပါ။
သော်။ ။ကဲ ဆရာ ဒါသာကြည့်တော့၊ ဒီလိုချည်းဘဲ ဖြစ်နေတယ်။ သွေးနုနုနဲ့ သူ့တကိုယ်လုံးမှာ လဲ ညိုမဲ နေတဲ့ ကြိမ်လုံးရာတွေဟာ မရေနိုင်ပါဘူး။ ဒါ့ကြောင့် ဆရာဆရာ့ကျေးဇူးတသက်လုံး ဆပ် ပါမယ်။ တဆိပ် မကြည် ချမ်းသာအောင် ကယ်တော်မူပါ။
နုံးချိနေရာမှာ ရုတ်တရက် ထခုန်ပြီး
ကြည်။ ။ သယ် ဘယ်ကဆရာ ခေါ်လာရပြန်သလဲ။ အခု ပြန်လွှတ်လိုက်၊ နင်တို့ဆရာတိုက်တဲ့ ဆေးကို သောက်မဲ့ အစားထင်သလား၊ ငါ့များ ရီးတီးယားတားလုပ်ရင် မျိုးပြုတ်စိမဟဲ့နော်၊ ငါ့ဇာတ်ငါ နိုင်လို့ ခင်း ခဲ့တာ၊ နင်တို့ဘာမှ ရှုပ်စရာမရှိဘူး။
ကျွန်တော်။ ။အလို တယ်ဆိုတဲ့ စာပါကလား။ ဘယ်လိုအစားထဲကပါလိမ့် ခင်ဗျား။
ကြည်။ ။အာမာ မင်းကလား။ ပြောင်သလိုလို ချော်သလိုလို လုပ်တာ၊ မင်းသိနိုင်ရင် ငါဘယ်လို အစား ဆိုတာ ပြောပါလားကွ၊ ဟေ့ ကိုကိုလေးရ၊ မင်းက မနေ့တနေ့ကမှ ဆရာကောင်းတပည့်ဖြစ် လို့ မာန်ရစ်ပြီး ငါ့ကိုစမ်းမယ်ဆိုပါတော့၊ ကဲကွာရော့ ဟောဒီကြိုးကိုဖြေစမ်း မင့်အစွမ်းကို ငါကြည့် ချင်တယ်။
ဟု ဆိုကာ မအေးကြည်သည် ကျွန်တော်ရှိရာသို့ ဘာမျှမပါသော လက်နှင့် ကိုင်ပေါက်လိုက်သည် နှင့်တပြိုင်တည်။ ကျွန်တော်၏လက်နှစ်ဘက်မှာ ရုတ်တရက်ပြန်ခွာသော်လည်း မရဘဲ လွန်စွာခိုင်မြဲ ၍ နေ လေတော့၏။
ဤတွင်မှ ကျွန်တော်လည်း ဆရာကြီးတပည့်အဖြစ်နှင့် ပညာရင်နို့သောက်စို့ခဲ့သည်မှာ (၉)လကျော် (၁၀)လ မျှကြာသည့်အတွင်း ကျွန်တော်တွေ့ခဲရသမျှတို့အပေါ်တွင်ဖြင့် ကျွန်တော်က နိုင်နင်းခဲ့ သည်ချည်းသာ ဖြစ်လျက် ယခု ရုတ်တရက် အရှက်တကွပြန်လှန်ပြောဆိုခြင်း ပြုရုံမျှမက ကျွန်တော့် ကိုပင် ပြန်၍လက်ထိပ်ခတ်ပြပြန်ရာ၊ အလွန်တရာ ရှက်၍သွားမိပေ၏။ သို့နှင့် ထိုသတ္တဝါကို နှိမ်နင်း မှာသာဖြစ်ချေတော့မည်ဟု စုနေသော လက်နှစ်ဘက်နှင့်ပင် ဆရာကြီးပေးလိုက်သော ဆေးကြိမ် လုံးနှင့် နောက်ပြန် ရိုက်လိုက်ရာ ကျွန်တော်၏လက်များမှာ ရှေးအခါအတိုင်း လွတ်လပ်သွားလေ၏။
ထိုတွင်မှ မအေးကြည်လည်း ဟား ဟား ဟား ဟားနှင့် ရယ်လိုက်ခါ။
"အေး အေး ဒီလိုတော့ အတော်ကြီးဘဲ။ သို့သော်လဲ မင်းကို ငါမကြောက်ဘူး၊ ကိုကိုလေးရာ မင်း ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး" ဟုပြောလျှင်
ကျွန်တော်တွင် ဤမျှလူပါးဝစကားပြောလှသော နာနာဘာဝသတ္တဝါကို မခံချင်စိတ်တွေသာ တိုးပွား လျက်ရှိသောကြောင့် ချည်မန်းကွင်းနှင့် လည်ပင်းကို စွပ်ရန် ချိန်ရွယ်လိုက်ရာ...
မအေးကြည်မှာ ချည်မန်းကွင်းကို အစွပ်မခံဘဲ၊ ရုန်းကန်ဖယ်ရှား၍ နေသောအခါ၊ ကျွန်တော်လည်း ရယ်မောကာ "ဟေ့ မင်းတကယ်စွမ်းရင် ငါ့ချည်မန်းကွင်းကို ရှောင်နေရသလားကွ"
ကြည်။ ။ဟေ့ မင်းကိုကြောက်လို့ ရှောင်တာမဟုတ်ဘူးကွ၊ ငါ့ကိုယ်ကိုမြင်မှာစိုးလို့ ဖယ်နေတာ၊ မင်းပညာ တကယ်စွမ်းရင်၊ ငါမဖယ်အောင် လုပ်စမ်းပါတော့လား။
ဟု ပြောသောအခါ ကျွန်တော် အနီးအနားရှိ မိန်းမများကို ကိုင်ချုပ်ထားရန် မျက်ရိပ်ပြ၍ ၎င်းတို့ လည်း မအေးကြည် ကို မလှုပ်မရှားနိုင်အောင် ချုပ်ကိုင်ပေးသောကြောင့် ချည်မန်းကွင်းနှင့် အတင်း စွပ်လိုက်ရာ မအေးကြည် မှာ ချည်မန်းကွင်းစွပ်မိလျက် ငြိမ်သက်စွာထိုင်နေသည်ကို တွေ့ရလေ၏။ ထိုတွင်မှ ကျွန်တော်က "ကဲ ချည်မန်းကွင်းစွပ်ပြီးပါပကော၊ နင် ဘာပြောချင်သေးသလဲ"
ဟု မေးလိုက်သောအခါ မအေးကြည်လည်း နူးညံ့သိမ်မွေ့လှသော မျက်နှာထားနှင့် ကျွန်တော့်အား မသိ မမြင် ဘူးသော လူတစ်ယောက်ကိုကြည့်သလို ကြည့်လျက်၊ လက်ပြန်ကြိုးတုတ်ထားသည်နှင့် တူသော လက်နှစ်ဘက် ကို ကော့ကာအနီးအနားရှိ မိန်းမများကို "မလှတို့ မညွှန့်တို့ ဟိုလူက ကျမကိုကြည့်ပြီး ဘာမေး နေတာလဲ ကျမနဲ့လဲ ဘယ်တုန်းကမှ မသိ မကျွမ်းဘူးဘူး၊ ရူးများနေသလား သနားပါတယ်ရှင်"
ဟိုဆိုရာ ကျွန်တော်မှာ မအေးကြည် ရုတ်တရက်ပြောင်းလွဲသွားပုံကိုကြည့်လျှင် ခေတ္တငေးကြည့်နေ မိလျှင် မောင်သော်နှင့် မကြီးခတို့လည်း။
"ဟဲ့ ဟဲ့ သမီး မအေးကြည် သတိရလာသလား၊ ဒီဟာ တခြားမဟုတ်ဘူး ညည်းကိုဆေးကုဘို့ ပင့် ထားတဲ့ ဆရာဟဲ့ မဟုတ်တဲ့စကားတွေ ပြောမနေပါနဲ့"
ကြည်။ ။ရှိခိုးလျက် သြော် မသိလို့ပါ ဆရာ၊ အခွင့်လွှတ်ပါ။
ဟုပြောမှ ကျွန်တော့်တွင် ပကတိမအေးကြည်ဖြစ်နေပြန်သည်ကို သိရသဖြင့် ချည်မန်းကွင်း မစွပ်မိ ခင် လျှင်မြန်စွာ ရှောင်တိမ်းလိုက်သော အစွဲကောင်ကိုသာ များစွာအံ့သြချီးမွမ်းမိလေ၏။
"အင်း တော်တော်လည်တဲ့ အကောင်ပါကလား"
ဟုတွေးခါ ဤကဲ့သို့ ကြာရှည်နေ၍မတော် ထိုအစွဲကို အကြပ်အတည်းခေါ်မှ ဖြစ်တော့မည်ဟု ဒေဝ စက္ခုမျက်ကွင်း ဆေးကို ကျွန်တော်၏မျက်လုံးများတွင် ကွင်းပြီးနောက် အိမ်တွင်းသို့ရှောင်ကြည့် လိုက်သော အခါ၊ မအေးကြည်၏ခေါင်းရင်းဘက်တွင် ကြိမ်လုံးကိုကိုင်ကာ လက်ပိုက်ရပ်နေသော ယောက်ျားပျို တယောက်၏သဏ္ဍာန်ကို မြင်ရလေ၏။ ထိုသူတွင် ဝတ်ဆင်ထားသော အဝတ်အစား များ မှာကား လွမ်းများကြိုးပုဆိုးတောင်ရှည်ဆီးလျက်၊ ရွှေချည်ငွေချည်တို့ဖြင့်ပြီးသော ထိုင်မသိမ်း အင်္ကျီကို ဝတ်ပြီး လျှင် ရှည်လျားမဲနက်သော ဆံပင်များကို ဖါးလျားချပြီးနောက် ရဲရဲတောက်သော ရှံနီထည်ကို ခေါင်းတွင် နှစ်ဘက်မိတ်ချပေါင်းထားလေ၏။ အသားဝါဝါ နှုတ်ခမ်းမွေးရေးရေးပါသဖြင့် အလွန်တရာ ကြည့်၍ ခန့်ညားသလိုလို ရှိလေရာ၊ ကျွန်တော့်မှာ ထိုအစွဲကောင်သတ္တဝါကိုကြည့်၍ လှ သဖြင့် မျက်စိအာရုံ ကျ၍ပင် နေမိလေတော့၏။
ထိုနောက်မှ ဟယ် ဒီသတ္တဝါဟာ ငါ့ကို အတော်ပမာမခန့်လုပ်တယ်။ အခုလဲ ချည်မန်းကွင်းစွပ်တာ ကို မမိအောင် တမင်ရှောင်နေတာဘဲ၊ အင်း ဒါလောက်တောင်ရှိတော ဒင်းဘာကောင်မို့လို့ ခံနိုင်မ လဲ၊ ကဲ ချည်မန်းကွင်း ကို ပြန်ချွတ်ပြီး ဒီတခါထပ်စွပ်တော့မယ်၊ ကိုင်း ကိုင်း မြတ်စွာဘုရားနှင့်တကွ ရတနာမြတ် သုံးပါး၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလာ နတ်မင်းကြီးလေးပါးနှင့်တကွ သာသနာ တော်စောင့်နတ် များ၏အမိန့်တော်၊ အထက်ဆရာ့ဆရာကြီးများ၏အမိန့်၊ ငါ့အမိန့် ဤသူငယ်မကို အနှောက်အယှက် ပြုနေသော အစွဲရှင် အမြန်ရောက်စေဟု ဆေးကြိမ်လုံးနှင့်ရိုက်၍ ခေါ်လိုက်ရာ၊
ယခင်မြင်ရသော ကြိုးပုဆိုးနှင့်လူသည် ပူလောင်လှသောသဏ္ဍာန်ဖြင့်၊ တကိုယ်လုံး လှုပ်ရှားနေပြီး လျှင်၊ ထိုခဏ တွင်လည်း မူလရုပ်မှ တစတစညှိုးကွယ်ပျောက်သွားကာ၊ မျက်နှာကြီးမှာဖားပြုတ်ကြီး ကဲ့သို့ ဗျစ်ထူ ဖောင်းကြွ အဖုတွေထလျက်၊ ခြေကြီးလက်ကြီးများမှာ ပုကွတုတ်တို အဟုတ်ကို အကြည့်ဆိုး သွားပြီးလျှင် ခေါင်းတွင်လည်း ဆံပင်ဟူ၍ တပင်မျှမရှိ၊ ဦးရေပြောင်ကြီးမှသာ အရောင် တလက်လက် ထွက်၍နေပြီးနောက် အမွေးကြမ်းကြီးတွေ ကြိုးတိုးကြဲတဲပေါက်ပေါက်နေသော ကိုယ်ကာယကြီးမှာလည်း အဝတ်အစား ဗလာအချည်းနှီးဖြစ်လျက်၊ တကိုယ်လုံးမှာ ထုံးမှုံ့တွေနှင့် ပက်ထားဘိအလား၊ မွဲတဲတဲ ပြာခြောက်ခြောက် နှင့် ကြောက်စရာ့သဏ္ဍာန်မျိုးကြီးဖြစ်သွားသည်ကို မြင်ရပြီးလျှင် ထိုအကောင်ကြီး မှာလည်း ကျွန်တော်၏အာဏာအတွင်း ဆုတ်ဆိုင်းခြင်းမရှိဘဲ မအေးကြည် ကိုယ်ထဲကို ပူးဝင် သွားသည်နှင့် တပြိုက်နက် ကျွန်တော်လည်း လက်ကချည်မန်းကွင်းနှင့် စွပ် ချလိုက်ရလေ၏။
ဆက်ရန်
.
No comments:
Post a Comment