(၄၀)
ဂါရီကုတ်နေ၏ နေအိမ်တွင် စင်တိန်အဖို့ တစ်စစဖြင့် နေသားကျရောင့်ရဲလာသည်။ ဂါရီကုတ်နေအပေါ် အန် က သြဇာရှိပုံ၊ လွှမ်းမိုးနိုင်ပုံများကို မြင်လာရ၏၊ ဂါရီနှင့် အန်တို့၏ ကန့်လန့်ကာနောက်ကွယ်မှ ဇာတ်လမ်း ကိုလည်း တဖြည်းဖြည်း သိရှိရိပ်မိလာသည်။
စင်တိန်သည် နံနက်စောစောတစ်ကြိမ်၊ ညနေတစ်ကြိမ် မြင်းစီး ထွက်လေ့ ရှိသည်။ မကြာခဏ ဂါရီပါ စင်တိန် နှင့် အတူလိုက်ပါ မြင်းစီးလေ့ ရှိသည်။ ဂါရီက မြင်းစီးရင်း စင်တိန်အား မိုက်ကယ်ငယ်ငယ်က အကြောင်းများ၊ မိသားစု ရာဇ၀င်များကို ပြောပြသည်။ နေ့ခင်းပိုင်းများတွင် စင်တိန်သည် အိမ်ကြီးဂေဟာ အား သူမစိတ်ကြိုက် ပြုပြင်မွမ်းမံခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိသည်။
မွန်းလွဲပိုင်း အချိန်တိုင်းတွင် စင်တိန်သည် ရှာဆာနှင့်အတု ဂါရီ၏ စာကြည့်ခန်းထဲသွားကာ ဂါရီနှင့်အတူ နေ့ခင်း လက်ဖက်ရည် သောက်ရသည်။ ဂါရီသည် တစ်နေကုန်လိုလို စာကြည့်ခန်းထဲ၌ နေသည်က များသည်။ သူရေးထားသော စာများကို ဖတ်ပြသောအခါ စင်တိန်က ၀မ်းသာအားရချီးကျူးသည်။
"ပါပါ့ စာတွေက သိပ်နားထောင်လို့ ကောင်းတာပဲ၊ ကျွန်မလဲ အဲဒီလို ရေးတတ်ချင်တယ်"
"မင်း ရေးမယ်ဆိုယင် ဖြစ်ပါတယ်၊ မင်း စာအရေးအသား မဆိုးပါဘူး"
"တကယ်ပြောတလား"
"တကယ်ပါ၊ တကယ်လုပ်ယင် အဟုတ် ဖြစ်ပါတယ်၊ ကလောင်ကိုင်ပြီး စာရွက်ပေါ်တွင် လက်တွေ့ ချရေး ကြည့်စမ်းပါ"
"ရေးတာတော့ ဟုတ်ပါပြီ၊ ဘာအကြောင်းရေးရမှာလဲ"
"သဲကန္တာရထဲမှာ မင်းတွေ့ကြုံ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ရေးပေါ့၊ ဒါဆိုယင် မင်းအဖို့စာ စရေးရတာ လွယ် သွားမှာပေါ့"
စင်တိန်အဖို့ ဂါရီပြောသည့်အတိုင်း စာကို စမ်းရေးကြည့်ရာ သုံးရက်ခန့်ကြာမှ နည်းနည်းအသားကျလာ သည်။ စားပွဲတစ်လုံးကို ရှုခင်းကောင်းကောင်း လှမ်းမြင်ရသော ပြတင်းပေါက်ဘေးတွင် ချပြီး စာစရေးရာ တဖြည်းဖြည်း နှင့် လမိုင်းကပ်လာသည်။ လက်တွေ့လာသည်။ အန်က စာရေးစားပွဲပေါ်တွင် ပန်းအိုး တစ်လုံး ကို နေ့တိုင်း ပန်းလတ်လတ်ဆတ်ဆတ်များ လဲပြီး တင်ပေးသည်။
အိုဝါ၏ မောင်းချဓားကလေးကို ဖွင့်ပြီး စားပွဲပေါ်၌ တယုတယ တင်ထားသည်။ စာရေးရင်း ခဲတံချွန်သည့် အခါ ထိုးဓားကလေးဖြင့် ချွန်သည်။ စားပွဲ ညာဘက်ထိပ် ထောင့်စွန်းတွင် ရတနာသေတ္တာကလေးကို တင် ထားသည်။ ထိုသေတ္တာထဲတွင် ဟာနီ၏ လည်ဆွဲကလေး ထည့်သည်။ စာရေးရင်း စိတ်ကူးပြတ်သည့် အခါ များတွင် လည်ဆွဲကို ထုတ်ယူ ကိုယ်တွယ်ကြည့်ရှုရင်း စိတ်ကူးဆက်တတ်သည်။ တောက်ပ၍ အေးမြ သော ကျောက်တုံး ကလေး များအား လက်နှင့် ပွတ်သပ်ကိုင်တွယ်ရင်း စိတ်ကူးစိတ်သန်း ကောင်းစွာ ပေါ် လာ တတ်သည်။
နေ့လယ်ခင်း စင်တိန် စာရေးနေချိန်များ၌ ရှာဆာသည် သူမဘေးတွင် ကစားသည့်အခါ ကစားနေတတ်ပြီး အိပ်သည့် အခါလည်း အိပ်နေတတ်သည်။ တစ်မနက်တွင် ဂါရီက စင်တိန်အား စာကြည့်ခန်းထဲသို့ ခေါ်သည်။ စင်တိန် ရောက်သွားပြီး ကုလားထိုင်၌ ၀င်ထိုင်လိုက်ပြီးသောအခါ ဂါရီက သူမအား အထုပ် တစ်ထုပ် လှမ်းပေးလိုက်သည်။
"အဲဒါ ပါရီမြို့က ရှေ့နေတစ်ယောက်ဆီက ငါ့ဆီကို စာတစ်စောင်နဲ့အတူ ရောက်လာတာ"
"ဘာများလဲ ပါပါ"
"အကြောင်း ကတော့ မင်းအဖေပိုင်တဲ့ မော့ဟုမ်းက မင်းတို့ အိမ်မြေကွက်ကို မင်းအဖေမှာ တင်နေတဲ့ ကျွေးတွေ ဆပ်ဖို့ ရောင်းလိုက်ရတယ်တဲ့"
"အို ... ဖေဖေအဖြစ်က သနားစရာ ကောင်းလိုက်တာ"
"ပထမတော့ သူတို့က မင်းသေဆုံးသွားပြီလို့ ထင်နေကြတာ၊ ဒီတော့ ပြင်သစ်တရားရုံးတစ်ရုံးနဲ့ အမိန့်နဲ့ အိမ် ကို ရောင်းလိုက်ကြတယ်လေ"
"အင်း ... ကျွန်မ သဘောပေါက်ပါတယ်"
"ဒါပေမယ့် မင်း သင်္ဘောနစ်ရာမှာ မသေဘဲ သဲကန္တာရက ပြန်ပြီး ရှာတွေ့တဲ့အကြောင်း ပါရီက သတင်းစာ တစ်စောင် မှာ ရေးထားတာကို အဲဒီရှေ့နေက ဖတ်လိုက်ရတယ်လေ၊ ဒါကြောင့် သူက ငါ့ဆီစာရေးပြီး ဟိုက အခြေအနေကို ရှင်းပြတယ်၊ မင်းအဖေမှာ ကြွေးကလဲ အတော်ကလေးတင်နေတယ်၊ အိမ်ကြီးက မီးလောင် ပြာကျသွားတော့ ကျန်တဲ့မြေကွက်ချည်းပဲ ရောင်းရတော့တာပေါ့၊ အဲဒီငွေထဲက မင်းအဖေက အကြွေး တွေ ဆပ်၊ ရှေ့နေရဲ့ ဆောင်ရွက်ပေးခတွေ ဘာတွေ နှုတ်လိုက်တော့ မင်းအတွက် သိပ်မကျန် တော့ဘူးပေါ့ ကလေးရယ်"
"ဘယ်လောက်ပဲ ကျန်တော့လဲ ပါပါ"
"ပေါင်စတာလင် ၂၀၀၀ တောင်မပြည့်တော့ဘူး၊ ဒီတော့ မင်းက ဒီကနေပြီး လိုအပ်တဲ့ လက်မှတ်တွေ ထိုးပေး လိုက်ယင် သူတို့က ဟိုကနေပြီး မင်းဆီကို ငွေလွှဲပေးလိုက်လိမ့်မယ်"
စင်တိန်က လိုအပ်သော လက်မှတ်များ ထိုးပေးလိုက်သည်။ ငွေလွှဲစာဖြင့် ငွေများ ရောက်လာသောအခါ စင်တိန် က အားလုံးကို သုံးရာခိုင်နှုန်းခွဲ အတိုးရသော လေဒီဘတ်ဘဏ်တွင် စာရင်းဖွင့် အပ်နှံထားလိုက် သည်။ တီပုံစံ ဖို့ ကားတစ်စီးကို ပေါင်ငွေ ၁၂၀ဖြင့် စင်တိန်က ၀ယ်လိုက်သည်။ အိမ်သို့ မောင်းယူ သွားသော အခါ တစ်အိမ်လုံးက ချီးကျူးသြဘာ ပေးကြသည်။ သို့သော် ဂါရီ က ဘ၀င်မကျ သည့် လေသံဖြင့် ပြောသည်။
"မင်း ဒီကားကို မ၀ယ်ခင် ငါ့ကို တိုင်ပင်ဖို့ ကောင်းတယ်၊ မင်းစုဆောင်းထားတဲ့ပိုက်ဆံတွေကို အလဟသ မဖြုန်း စေချင်လို့ပါ၊ မင်းလိုချင်တာရှိယင် ငါဝယ်ပေးမှာပေါ့၊ ပြီးတော့ မင်းရဲ့လာမယ့် မွေးနေ့မှာ ငါက ကားအသစ် တစ်စီး ၀ယ်ပြီး မွေးနေ့လက်ဆောင်ပေးဖို့ စိတ်ကူးထားတာ၊ အခုတော့ ငါအစီအစဉ်ပျက်ရပြီ"
"အို ... ခွင့်လွှတ်ပါ ပါပါရယ်၊ သမီး မသိလို့ပါ၊ ပါပါ သမီးအပေါ်မှာ ကောင်းထားတာတွေက များလှပါပြီ၊ ပါပါ့ ကျေးဇူးတွေက ကြီးလှပါတယ်"
နေ့လယ်ခင်း စင်တိန် စာရေးနေချိန်များ၌ ရှာဆာသည် သူမဘေးတွင် ကစားသည့်အခါ ကစားနေတတ်ပြီး အိပ်သည့် အခါလည်း အိပ်နေတတ်သည်။ တစ်မနက်တွင် ဂါရီက စင်တိန်အား စာကြည့်ခန်းထဲသို့ ခေါ်သည်။ စင်တိန် ရောက်သွားပြီး ကုလားထိုင်၌ ၀င်ထိုင်လိုက်ပြီးသောအခါ ဂါရီက သူမအား အထုပ် တစ်ထုပ် လှမ်းပေးလိုက်သည်။
"အဲဒါ ပါရီမြို့က ရှေ့နေတစ်ယောက်ဆီက ငါ့ဆီကို စာတစ်စောင်နဲ့အတူ ရောက်လာတာ"
"ဘာများလဲ ပါပါ"
"အကြောင်း ကတော့ မင်းအဖေပိုင်တဲ့ မော့ဟုမ်းက မင်းတို့ အိမ်မြေကွက်ကို မင်းအဖေမှာ တင်နေတဲ့ ကျွေးတွေ ဆပ်ဖို့ ရောင်းလိုက်ရတယ်တဲ့"
"အို ... ဖေဖေအဖြစ်က သနားစရာ ကောင်းလိုက်တာ"
"ပထမတော့ သူတို့က မင်းသေဆုံးသွားပြီလို့ ထင်နေကြတာ၊ ဒီတော့ ပြင်သစ်တရားရုံးတစ်ရုံးနဲ့ အမိန့်နဲ့ အိမ် ကို ရောင်းလိုက်ကြတယ်လေ"
"အင်း ... ကျွန်မ သဘောပေါက်ပါတယ်"
"ဒါပေမယ့် မင်း သင်္ဘောနစ်ရာမှာ မသေဘဲ သဲကန္တာရက ပြန်ပြီး ရှာတွေ့တဲ့အကြောင်း ပါရီက သတင်းစာ တစ်စောင် မှာ ရေးထားတာကို အဲဒီရှေ့နေက ဖတ်လိုက်ရတယ်လေ၊ ဒါကြောင့် သူက ငါ့ဆီစာရေးပြီး ဟိုက အခြေအနေကို ရှင်းပြတယ်၊ မင်းအဖေမှာ ကြွေးကလဲ အတော်ကလေးတင်နေတယ်၊ အိမ်ကြီးက မီးလောင် ပြာကျသွားတော့ ကျန်တဲ့မြေကွက်ချည်းပဲ ရောင်းရတော့တာပေါ့၊ အဲဒီငွေထဲက မင်းအဖေက အကြွေး တွေ ဆပ်၊ ရှေ့နေရဲ့ ဆောင်ရွက်ပေးခတွေ ဘာတွေ နှုတ်လိုက်တော့ မင်းအတွက် သိပ်မကျန် တော့ဘူးပေါ့ ကလေးရယ်"
"ဘယ်လောက်ပဲ ကျန်တော့လဲ ပါပါ"
"ပေါင်စတာလင် ၂၀၀၀ တောင်မပြည့်တော့ဘူး၊ ဒီတော့ မင်းက ဒီကနေပြီး လိုအပ်တဲ့ လက်မှတ်တွေ ထိုးပေး လိုက်ယင် သူတို့က ဟိုကနေပြီး မင်းဆီကို ငွေလွှဲပေးလိုက်လိမ့်မယ်"
စင်တိန်က လိုအပ်သော လက်မှတ်များ ထိုးပေးလိုက်သည်။ ငွေလွှဲစာဖြင့် ငွေများ ရောက်လာသောအခါ စင်တိန် က အားလုံးကို သုံးရာခိုင်နှုန်းခွဲ အတိုးရသော လေဒီဘတ်ဘဏ်တွင် စာရင်းဖွင့် အပ်နှံထားလိုက် သည်။ တီပုံစံ ဖို့ ကားတစ်စီးကို ပေါင်ငွေ ၁၂၀ဖြင့် စင်တိန်က ၀ယ်လိုက်သည်။ အိမ်သို့ မောင်းယူ သွားသော အခါ တစ်အိမ်လုံးက ချီးကျူးသြဘာ ပေးကြသည်။ သို့သော် ဂါရီ က ဘ၀င်မကျ သည့် လေသံဖြင့် ပြောသည်။
"မင်း ဒီကားကို မ၀ယ်ခင် ငါ့ကို တိုင်ပင်ဖို့ ကောင်းတယ်၊ မင်းစုဆောင်းထားတဲ့ပိုက်ဆံတွေကို အလဟသ မဖြုန်း စေချင်လို့ပါ၊ မင်းလိုချင်တာရှိယင် ငါဝယ်ပေးမှာပေါ့၊ ပြီးတော့ မင်းရဲ့လာမယ့် မွေးနေ့မှာ ငါက ကားအသစ် တစ်စီး ၀ယ်ပြီး မွေးနေ့လက်ဆောင်ပေးဖို့ စိတ်ကူးထားတာ၊ အခုတော့ ငါအစီအစဉ်ပျက်ရပြီ"
"အို ... ခွင့်လွှတ်ပါ ပါပါရယ်၊ သမီး မသိလို့ပါ၊ ပါပါ သမီးအပေါ်မှာ ကောင်းထားတာတွေက များလှပါပြီ၊ ပါပါ့ ကျေးဇူးတွေက ကြီးလှပါတယ်"
စင်တိန် သည် ဂါရီအပေါ် ဖခင်အရင်းလိုပင် ချစ်ခင်တွယ်တာနေကာ ပြုစုစောင့်ရှောက်ပေးသည်။ ဂါရီ ကလည်း သမီးအရင်းနှင့်မခြား သဘောထားသည်။ ဂါရီသည် တစ်လလျှင် နှစ်ကြိမ်ကျ အိမ်၌ထမင်းစားပွဲ ဧည့်ခံ ကျင်းပသည်။ စင်တိန်နှင့် တိုင်ပင်ပြီး စင်တိန် အလိုကျ လုပ်သည်။ ညစာစားပွဲတွင် ဧည့်သည် ဆယ်ယောက် ထက်ပို ဖိတ်လေ့မရှိ။
အခုလည်း မနက်ဖြန်တွင် လုပ်မည့် ညစာစားပွဲအတွက် ဂါရီက စင်တိန်နှင့် တိုင်ပင်ပြီး ဧည့်သည်စာရင်း ပြုစု သည်။ ရွှေတွင်း စိန်တွင်းသူဌေး၊ ဘဏ်သူဌေး ရော်ဘင်ဆင်နှင် စင်တိန်အား မိတ်ဆွေ တွေ့ဆုံ ပေးလိုသဖြင့် နှစ်ဦးသားတိုင်ပင်ကာ ဖိတ်လိုက်သည်။
စင်တိန်သည် ညစာစားပွဲအတွက် ရေမိုးချိုးကာ အ၀တ်အစားလဲ အလှပြင်နေသည်။ စင်တိန်ပြင်ဆင်နေ သည်ကို အန်က ၀ိုင်းကူလုပ်ကိုင်ပေးနေသည်။
"အန် ... ကျွန်မတို့နဲ့ အတူတူ ညစာ စားပွဲမှာ ထိုင်ပြီး ညစာစားစေချင်တယ် အန်ရယ်၊ အန်က အိမ်ဖော်မှ မဟုတ်တာ"
ခေါင်းဖြီးပေးနေသော အန်အား စင်တိန်က ပြောသည်။
"တောင်စဥ့်ရေမရ လျှောက်ပြောနေတာတွေကို ထိုင်နားထောင်ရင်းနဲ့ အချိန်မဖြုန်းချင်ပါဘူး အေရယ်၊ မီးဖို ထဲမှာ လုပ်စရာ အများကြီး ရှိတယ်၊ အဲဒီနေရာမှာ ငါ့အတွက် ပိုချမ်းမြေ့တယ်၊ ပိုအသုံးဝင်တယ်"
"ပါပါ ဂါရီ က အန်ကို ညစာစားပွဲတွေ တက်စေချင်တာ၊ ကျွန်မကို မကြာခဏ ပြောတယ်၊ သူက အန်ကို သိပ်ပြီး နှစ်သက်နေပြီ ထင်တယ်"
"ကဲ ... အဓိပ္ပာယ်မရှိတဲ့စကားတွေ တော်ပါတော့အေ၊ လာ လာ ညည်းဝတ်စုံဝတ်ရအောင်"
အန်က စင်တိန်အား အ၀ါရောင်ဝတ်စုံရှည်ကြီးကို ၀ိုင်းကူ ၀တ်ပေးရင်းက စင်တိန်၏ ဗိုက်သား လှလှ ကလေး ပုံ့ပုံ့မို့မို့လေး မသိမသာ ဖောင်းနေသည်ကို မြင်သောအခါ မျက်မှောင်ကုတ်သွားသည်။ အန် စိတ်ထဲ ၌ သံသယ ၀င်လာပြီး မေးလိုက်သည်။
"စင်တိန် ညည်းဘယ်တုန်းက နောက်ဆုံး ရာသီလာခဲ့လဲပြောစမ်း"
"ကျွန်မ နေမကောင်းနေလို့ပါအန်၊ ခေါင်းမှာလဲ ဒဏ်ရာ ရခဲ့တယ် မဟုတ်လား၊ ဒါကြောင့် လကျော် နေတာပါ"
စင်တိန်က ၀တ်စုံကို ကပျာကယာ ၀တ်လိုက်ရင်း ပြောလိုက်သည်။
"ငါမေးတာ ဖြေစမ်း၊ ညည်းနောက်ဆုံး ဘယ်တုန်းက ရာသီလာခဲ့သလဲ"
"ကျွန်မ နေမကောင်း နေလို့ မလာတာပါ၊ အန်နားမလည်ပါဘူး၊ ကျွန်မ နမိုးနီးယား ဖြစ်တုန်းကလဲ လကျော် တယ်" ဆိုတာ အန်သိပါတယ်"
"သဲကန္တာရထဲကတုန်းကတည်းက မလာတော့တာ မဟုတ်လား၊ သဲကန္တာရထဲမှာ ဟိုဂျာမန်မျိုးမစစ်နဲ့ တွေ့ပြီး ကတည်းက မလာတော့တာ မဟုတ်လား၊ ငါ့ကို မှန်မှန်ဖြေစမ်း"
စင်တိန့် ဗိုက် က အန်က သူမလက်ဖြင့် မရမက ကိုင်တွယ် စမ်းသပ်ကြည့်ပြီးနောက် ဆက်ပြောသည်။
"ကြောင်မျက်လုံး နဲ့ ဆံပင် အ၀ါရောင်နဲ့ အဲဒီဂျာမန်အကောင် ကို ငါနည်းနည်းမှ မယုံဘူး၊ တို့ သူတို့နဲ့ ခွဲခွာ လာကြ တုန်းက ညည်း သူ့ကို စကားတစ်လုံးမှ မပြောခဲ့တာ၊ မနှုတ်ဆက်ခဲ့တာ ငါသဘောပေါက်ပြီ၊ ညည်း သူ့ကို ကယ်တင်ရှင် လို မဆက်ဆံဘဲ ရန်သူလိုပြုမူခဲ့တာ ငါနားလည်ပြီ"
"အန် အလျင်ကလဲ ကျွန်မ လကျော်ဖူးပါတယ်"
"သူ ညည်းကို ဘလက္ကာယပြုကျင့်တယ် မဟုတ်လား၊ သူ ညည်းကို စော်ကားတယ်ပေါ့လေ၊ ဘယ်လို ဖြစ်တယ် ဆိုတာ ပြောစမ်း"
စင်တိန် အဖို့ အကျဉ်းအကျပ် ပိတ်မိနေပြီ။ သို့သော် အမှန်အတိုင်း ဖွင့်ပြောလျင်မူ အန်၏ အကူအညီ အစောင့် အရှောက် ရနိုင်မည်ကို တွေးမိလာသည်။
"သူ ညည်း ကို အကျပ်ကိုင်ခဲ့တယ်လား၊ ပြောစမ်းပါအေ"
"မဟုတ်ပါဘူး အန်၊ သူ ကျွန်မကို လုံးဝ အကျပ်မကိုင်ပါဘူး"
"ဒါဖြင့် ညည်းက အလိုတူ အလိုပါ ခွင့်ပြုခဲ့တာပေါ့ ဟုတ်လား"
အန် အမူအရာမှာ ကြောက်စရာ ကောင်းလာသည်။
"ကျွန်မအဖြစ်က တစ်ယောက်တည်း အထီးကျန် ဖြစ်ခဲ့ရတယ် မဟုတ်လား၊ ကျွန်မအဖို့ နှစ်နှစ်လောက် အတွင်း မှာ သူဟာ ပထမဆုံး တစ်ဦးတည်း တွေ့ရတဲ့ လူဖြူတစ်ယောက်ပါ၊ ပြီးတော့ သူက ချောတယ် လှတယ်၊ ကြင်နာတယ်၊ ကျွန်မအသက်ကို ကယ်ခဲ့တဲ့လူလဲ ဖြစ်တယ်၊ ဒီတော့ ကျွန်မ အတွေ့ကို မရှောင် နိုင်တော့ဘဲ မှားခဲ့မိပါတယ်၊ ကျွန်မကို နားလည်တယ် မဟုတ်လား အန်၊ နားလည်တယ်လို့ ပြောစမ်းပါ"
စင်တိန်သည် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး မှန်တင်ခုံရှေ့မှ ခွေခြေပေါ်တွင် ထိုင်ချလိုက်သည်။ စင်တိန် အား အန်က ဖက်ထားလိုက်သည်။ အန်၏ ရင်ခွင်တွင် စင်တိန်က မျက်နှာအပ်ထားလိုက်သည်။ နှစ်ယောက် စလုံး စကားမပြောနိုင်ကြဘဲ တုန်လှုပ်ချောက်ချားနေသည်။
"ဒါကိုတော့ ဒီအတိုင်းဆက်ထားလို့ မဖြစ်ဘူး၊ ဒါကို တို့ရှင်းပစ်မှ ဖြစ်မယ်" အန်က နောက်ဆုံး ပြောလိုက် သည်။
သူ့စကားကြောင့် စင်တိန်ပိုပြီး တုန်လှုပ်သွားသည်။
"ဒီအိမ်ကြီးမှာ နောက်ထပ်မျိုးစေ့ တစ်ယောက်ကို ဘယ်လိုမှ တင်ထားလို့ မဖြစ်နိုင်ဘူး၊ သူတို့ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး၊ သိပ်ကို ရှက်စရာ ကောင်းလာလိမ့်မယ်၊ နောက်ထပ် ကလေးတစ်ယောက်ကိုတော့ ဂါရီ နဲ့ ရှောင်တို့က လက်ခံကြမှာ မဟုတ်ဘး၊ တို့အားလုံးအတွက် မိုက်ကယ်မိသားစုနဲ့ ရှာဆာအတွက်၊ ညည်း အတွက်၊ ငါချစ်တဲ့သူတွေ အားလုံးအတွက် ရွေးစရာလမ်း မရှိတော့ဘူး၊ ဒီတော့ ညည်း အားလုံးရဲ့ အရှက် ကို ငဲ့ပြီး ညည်းဗိုက်ထဲကဟာကို ရှင်းပစ်ရလိမ့်မယ်"
"အန် ကျွန်မ အဲ့ဒီလိုတော့ မလုပ်နိုင်ဘူး"
"ညည်း ကို အကုသိုလ်ကောင်လေးပေးခဲ့တဲ့ ဂျာမန်ကောင်ကို ညည်း ချစ်တာလား"
"အခု မချစ်တော့ဘူး နည်းနည်းမှ မချစ်တော့ဘူး၊ ကျွန်မ သူ့ကို မုန်းတယ်"
"ဒါဆိုယင် အကုသိုလ်ကောင်လေးကို ညည်းရယ် ရှာဆာရယ် တို့အားလုံးရယ်ကို ဒုက္ခမပေးခင် ညည်း သူ့ ကို ရှင်းပစ်လိုက်ပေတော့"
စင်တိန်သည် ညစာစားပွဲတွင် ထိုင်ပြီး ဟန်မပျက်နေရသော်လည်း အတွေးက တခြားသို့ ရောက်နေသည်။
အန်ပြောသော စကားများ မှန်ကြောင်း သဘောပေါက်သည်။ ဂါရီနှင့် ရှောင်တို့က မိမိမိုက်မှားခဲ့မှုကို သဘောပေါက်ပြီး ခွင့်လွတ်ကောင်းခွင့်လွှတ်နိုင်မည်ဖြစ်သော်လည်း အားလုံး အရှက်ကွဲစေမည့် ဗိုက်ထဲက ကလေး ကိုတော့ ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်။
စင်တိန် ထမင်းစားပွဲမှ တခြားသို့ စိတ်ရောက်နေရာမှ အာရုံကို ပြန်လည် စုစည်းလိုက်သည်။ ထမင်းစားပွဲ စကားဝိုင်း ကို နားစိုက်ထောင်လိုက်သည။
စိန်သူဌေးတစ်ဦးဖြစ်သူ ဆာဂျိုးဇက်အား ဘဏ်သူဌေးတစ်ဦးက မေးလိုက်သည်။
"စိန်အစစ် နဲ့ စိန်မဟုတ်တာ ဘယ်လိုလုပ်ခွဲမလဲ"
"အလွယ်ဆုံး နဲ့ အမြန်ဆုံးနည်း ရှိပါတယ်၊ ရေတစ်ခွက်ထဲကို အဲဒါတွေ ထည့်လိုက်ပြီးတော့ ထုတ်ကြည့်လိုက်၊ စိန် အစစ်က ချက်ချင်းရေခြောက်သွားတယ်၊ စိန်မဟုတ်တာက ရေမခြောက်ဘဲ ဆက် စို နေလိ့မ်မယ်၊ အဲဒါပဲ"
စင်တိန့်နားထဲ၌ ထိုစကားကစွဲနေသည်။
နောက်တစ်နေ့နေ့ခင်း စာရေးစားပွဲ၌ စင်တိန် ထိုင်လိုက်သောအခါ ထိုစကားများကို စင်တိန် ပြန်ကြားနေမိ သည်။ စင်တိန်သည် ချက်ချင်းပင် ခွက်တစ်ခွက်နှင့် ရေသွားခပ်လာသည်။ ထိုရေခွက်ထဲသို့ ဟာနီ၏ လည်ဆွဲ ကို နှစ်လိုက်ပြီး ပြန်ဖော်ကာ ကြည့်လိုက်သည်။
အရောင်မျိုးစုံရှိသော ကျောက်တုံးများသည် ရေခြောက်မသွားဘဲ ရှိနေသည်။ လည်ဆွဲအလယ်ဗဟိုရှိ အဖြူရောင် ကျောက်တုံးကြီးကမူ ရေများချက်ချင်း ခြောက်သွားသည်။ စင်တိန် ဒိန်းခနဲ ရင်ခုန်သွားသည်။ လည်ဆွဲကို ရေခွက်ထဲသို့ အကြိမ်ကြိမ်ထည့်ကြည့်လိုက် ပြန်ထုတ်ကြည့်လိုက်လုပ်သည်။ အကြိမ်တိုင်း မှာပင် အခြားကျောက်တုံးများ ရေမခြောက်ဘဲ အဖြူရောင် ကျောက်တုံးကြီးသာ ချက်ချင်း ရေခြောက် သွားသည်။
စင်တိန်အဖို့ သေချာသွားပြီ။
"ဟာနီ ... ကျွန်မ ချစ်တဲ့ အမေကြီးရယ်၊ ကျွန်မ ကို အမေက ကယ်တင်ဦးမယ်ပေါ့၊ ကျွန်မကို ကယ်တင် စောင်မ ဖို့ အမေက စောင့်ကြည့်နေတယ် မဟုတ်လားဟင်"
စင်တိန် က တိုးတိုးကလေး ရေရွတ်လိုက်သည်။
စင်တိန်သည် သူတို့နေသော လေဒီဘတ်မြို့မှ ကုတ်နေ မိသားစု ဆရာဝန်ဖြင့် သူမဗိုက်ကို စမ်းသပ်ခိုင်း၍ မဖြစ်ပေ။ ထို့ကြောင့် သူနှင့်အန်တို့ ဒါဘန်း ပင်လယ်ဆိပ်ကမ်းရှိ နာတယ်မြို့သို့ အ၀တ်အစားများ သွား ၀ယ်ပါရ စေဟု ဂါရီထံ ခွင့်ပန်သည်။
"မင်းတို့နှစ်ယောက်တည်းသွားလို့ ဘယ်ဖြစ်မလဲ၊ ငါလဲလိုက်မယ်၊ ငါလဲ ငါ့ဝတ်စုံဆရာနဲ့တွေ့ပြီး ၀တ်စုံ အသစ် ထပ်ချုပ်ချင်သေးတယ်"
သို့ဖြင့် မိသားစုလိုက် ခရီးထွက်ရတော့သည်။ ရှာဆာနှင့်အတူ ကလေးထိန်း ဇူလူး အမျိုးသမီး နှစ်ယောက် ပါ ပါလာသည်။ ဖီးယက်ကားတစ်စီး၊ ဖို့ကားတစ်စီး၊ ကားနှစ်စီးဖြင့် ထွက်လာကြသည်။ အိန္ဒိယ သမုဒ္ဒရာ ကို မျက်နှာမူထားသော ပင်လယ်ကမ်းခြေမှ မက်ဂျက်စတစ် ဇီမ်ခံဟိုတယ်ကြီး၌ အခန်းကျယ်ကြီး နှစ်ခန်း ငှားပြီး တည်းခိုကြသည်။
အန်နှင့်စင်တိန်သည် ဂါရီအား အ၀တ်အစား သွားချုပ်ဦးမယ်ဟု အကြောင်းပြပြီး ဟိုတယ်၌ ထားခဲ့ပြီး ထွက်လာ ခဲ့သည်။ ပွိုင့်လမ်းရှိ ဆရာဝန်တစ်ယောက်၏ ဆေးခန်းကို အန်က ကြိုတင်ပြီး လျှို့ဝှက် စုံစမ်းထား သည်။ ထိုဆေးခန်းသို့ သူတို့ သွားကြသည်။ နာမည်ရင်းများကို ထိန်ဝှက်ပြီး တခြား နာမည်ဖြင့် ပြောကာ စင်တိန်ဗိုက်ကို စမ်းသပ်စေသည်။
သူတို့ထင်သည့်အတိုင်း စင်တိန်၌ ကိုယ်ဝန်ရှိနေသည်မှာတော့ သေချာသည်။
"ကျွန်မ တူမလေးက မုဆိုးမဖြစ်နေသော နှစ်နှစ်ရှိပါပြီ၊ ဒီတော့ အရှက်တကွဲ အကျိုးနည်းမဖြစ်ရအောင် ကူညီပါ ဆရာရယ်"
အန်က ဆရာဝန်အား တောင်းပန်သည်။
"ကျွန်တော် ၀မ်းနည်းပါတယ် မဒမ်၊ ကျွန်တော် ဘယ်လိုမှာ ကူညီလို့ မဖြစ်နိုင်ပါဘူး"
သို့သော် စင်တိန်က စမ်းသပ်ခ ရွှေဒင်္ဂါးတစ်ပြား ထုတ်ပေးလိုက်သောအခါ တစ်မျိုး လိုက်လျောလာသည်။
"ကျွန်တော်နာမည်တစ်ခုနဲ့ လိပ်စာတစ်ခု ရေးပေးလိုက်မယ်။ အဲဒီမှာ သွားစုံစမ်းကြည့်ပါ"
ထိုဆေးတိုက် မှ ထွက်လာပြီး လမ်းပေါ် ရောက်လာသောအခါ အန်က ပြောလိုက်သည်။
"တို့ ဂါရီ ဆီက ခွင့်တောင်းလာတဲ့ အချိန်ပြည့်ဖို့ တစ်နာရီလောက် လိုသေးတယ်၊ အဲဒီလိပ်စာအတိုင်း သွားပြီး အစီအစဉ် လုပ်ကြရအောင်"
"ဟင့်အင်း ... မသွားဘူး အန်၊ အဲဒီကိစ္စကို ကျွန်မ စဉ်းစားပါရစေဦး၊ တစ်ခဏလောက် ကျွန်မ တစ်ယောက် တည်း နေပါရစေဦး"
"ဘာမှ ထပ်စဉ်းစားစရာ မလိုတော့ပါဘူးအေ"
"ကျွန်မကို ဒီမှာထားခဲ့ပြီး အန် ပြန်စမ်းပါ၊ ညစာစားချိန် မတိုင်ခင် ကျွန်မ အရောက်ပြန်လာပါမယ်၊ နက်ဖြန် ကျမှ ဟိုသွားတာပေါ့"
စင်တိန် အား ပြော၍ ရတော့မည် မဟုတ်မှန်းသိသဖြင့် အန်သည် လန်ချားတစ်စီးကို လှမ်းခေါ်ကာ ဟိုတယ် သို့ ပြန်သွားတော့သည်။ စင်တိန်က ဆိပ်ကမ်းဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားသည်။
စောစောက ဆိပ်ကမ်းဘက်မှ ဖြတ်လာခဲ့စဉ်တွင် "အမ်နှိုက်ဒူးကျောက်မျက်ရတနာဆိုင်" ဆိုသည့် ဆိုင်းဘုတ် လေးကို စင်တိန် သတိထားခဲ့မိသည်။
ယခု ထိုဆိုင်သို့ စင်တိန်တစ်ယောက်တည်း သွားသည်။ ဆိုင်အတွင်းပိုင်းမှာ ကျဉ်းသော်လည်း သန့်ရှင်း သပ်ရပ် သည်။ မှန်ဗီရိုထဲတွင် အဖိုးတန် ကျောက်မျက်ရတနာနှင့် လက်ဝတ်လက်စားများ တွေ့ရသည်။ စင်တိန် ဆိုင်ထဲဝင်သွားသောအခါ ဟင်ဒူအမျိုးသားတစ်ယောက်က မှန်ဗီရိုနောက်မှ လှမ်းကြို နှုတ်ဆက် သည်။
"ကောင်းသောနေ့ပါ ဂုဏ်သရေရှိ မဒမ်၊ ကျွန်တော်ကတော့ မစ္စတာမွန်းဆာမိနှိုက်ဒူးပါ၊ မဒမ် လိုအပ်တာ ကို ဆောင်ရွက်ပေးဖို့ အသင့်ပါ ခင်ဗျာ"
"ရှင့်ဆိုင် က ပစ္စည်းတွေ ကြည့်ချင်လို့ပါ"
စင်တိန်က မှန်ဗီရိုအပေါ်မှနေ၍ အထဲရှိ ပစ္စည်းများကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"လက်ဆောင်ပေးဖို့ ၀တ်ဆင်ဖို့ ပစ္စည်းကောင်း လက်ရာကောင်းတွေ ရှိပါတယ်၊ ကြည့်ပါ မဒမ်း"
စင်တိန် ဘာမှ ပြန်မပြော၊ အခြေအနေ ကို အကဲတ်ကာ ဆိုင်ရှင်အား တွက်ဆခန့်မှန်းကြည့်နေသည်။ ဆိုင်ရှင် နှိုက်ဒူး ကလည်း စင်တိန်အပေါ် ပြန်လည် အကဲခတ်နေသည်။ စင်တိန့် လက်အိတ်နှင့် ဖိနပ်တို့ကို ကြည့်ခြင်းဖြင့် အထက်လွှာကမှန်း သိသာသည်။
"ဒီဗီရိုထဲမှာရှိတာတွေထက် ပိုပြီး ကောင်းသော အဖိုးထိုက်တာတွေလဲ ရှိပါသေးတယ်" ဆိုင်ရှင်က ပြော သည်။
"ရှင် ... စိန် ကော အရောင်းအ၀ယ် လုပ်သလား"
"စိန်လား မဒမ်၊ ဘုရင် တို့ ဘုရင်မ တို့နဲ့ ထိုက်တန်တဲ့ စိန်မျိုးတောင် ကျွန်တော် ပြနိုင်ပါတယ်"
"ကျွန်မ ကလဲ ရှင့်လိုပဲ ပြနိုင်တယ်"
စင်တိန် က တည်ငြိမ်အေးဆေးစွာ ပြောလိုက်ပြီး အဖြူရောင်စိန်တုံးကြီးကို မှန်ဗီရိုပေါ်တင်ပြီး ပြ လိုက်သည်။
ဆိုင်ရှင် နှိုက်ဒူး က အံ့အားသင့်သွားသည်။
"အို ... တယ်ကောင်းပါလား မဒမ်၊ ဖုံးထားပါ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ငေးမကြည့်မိ အောင် သိမ်းထားပါ"
စင်တိန်က သူမစိန်တုံးကို လက်ပွေ့အိတ်ထဲ ပြန်ထည့်လိုက်ပြီး ဆိုင် အ၀င်အ၀ တံခါးပေါက်ဘက်သို့ ခြေဦး လှည့် လိုက်သည်။ ဆိုင်ရှင်က သူမထက်အလျင် တံခါးဝသို့ ဦးအောင်သွားပြီး ကာထားသည်။
"အချိန် နည်းနည်း မပေးနိုင်တော့ဘူးလား မဒမ်"
ဆိုင်ရှင် က ပြတင်းပေါက်များမှ လိုက်ကာများကို ဆွဲပိတ်လိုက်သည်။ အ၀င်အထွက် မှန်တံခါးကိုလည်း သော့ခတ်ပိတ်ပြီး လိုက်ကာ ဆွဲကာလိုက်သည်။
"အပြစ်ဒဏ် က ပြင်းထန်တယ် မဒမ်၊ ထောင်ဒဏ် ဆယ်နှစ်တောင် ကျခံရမှာ၊ အန္တရာယ်က ကြီး လွန်းတယ်"
"ကျွန်မ ရှင့်ကို ဒုက္ခမပေးပါဘူး၊ တံခါးသော့ဖွင့်လိုက်ပါ"
"ကျွန်တော့် ရုံးခန်းထဲလိုက်ပြီး အေးအေးဆေးဆေး ဆွေးနွေးပါ၊ မဒမ်အတွက် ဘာမှ မဖြစ်စေရပါဘူး"
စင်တိန် က အရဲစွန့်ပြီး လိုက်သွားသည်။ ရုံးခန်းမှာ ခပ်ကျဉ်းကျဉ်းပင် ဖြစ်သည်။ ဆိုင်ရှင်က မှန်စားပွဲ နောက် တွင် ၀င်ထိုင်ပြီး စင်တိန်က စားပွဲရှေ့မျက်နှာချင်း ကုလားထိုင်၌ ထိုင်သည်။
"ပစ္စည်း ကို ကျွန်တော် ထပ်ကြည့်ပါရစေဦး"
စင်တိန်က စားပွဲအလယ်ကောင်တည့်တည့်တွင် စိန်တုံးကို တင်ပေးလိုက်သည်။ ဆိုင်ရှင်က မျက်စိတွင် ရတနာ ကြည့်သော မှန်ဘီလူးခွက်ကို တပ်ပြီးမှ စိန်တုံးကို ကောက်ယူကာ ပြတင်းပေါက်မှ ၀င်လာသော အလင်းရောင် ဖြင့် ထောင်ကြည့်လိုက်သည်။
"ဒါကို ဘယ်က ရတယ်ဆိုတာ ကျွန်တော် သိခွင့်ရှိပါသလား"
"ဟင့်အင်း"
ဆိုင်ရှင်က မှန်ဘီလူးဖြင့် အသေအချာ လှည့်ပတ်ကြည့်ရှုပြီးနောက် လက်ထဲတွင်ထည့်ကာ အလေးချိန်ကို ချိန်ဆ ကြည့်ရင်း ပြောလိုက်ပြန်သည်။
"မှောင်ခိုစိန် ရောင်းဝယ်ယင် အပြစ်ဒဏ် ကြီးလေးလှပါတယ်၊ ရဲကလဲ မညှာဘူး မဒမ်"
ဆိုင်ရှင် လည်း စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်ပြီး အထဲမှ မှန်ဖြတ်သော အတံကလေးကို ထုတ်ယူလိုက်သည်။ ဖောင်တိန် ပုံသဏ္ဍာန် ရှိပြီး တစ်ဘက်ဖျားတွင် စက်မှုလုပ်ငန်းသုံးအဆင့် စိန်အမည် ထိပ်ဖူး တပ်ထားသည်။
"ရှင် ဘာလုပ်မလို့လဲ"
စင်တိန်က သံသယဖြင့် မေးလိုက်သည်။
"စိန်စစ်မစစ် တကယ်စမ်းသပ်မလို့ပါ၊ စိန်ကို စိန်ချင်း ဖြတ်လို့ မရဘူး၊ စိန်က တခြား ဘယ်အရာကိုမဆို အစင်းထင်အောင် ခြစ်လို့ရတယ်၊ ဖြတ်ရတယ်၊ စိန်ကို စိန်နဲ့ ပြန်ခြစ်လို့တော့ ဘာအစင်းမှ မထင်ဘူး မဒမ်"
ဆိုင်ရှင်က စားပွဲမှန်သားအား စိန်ထိပ်ဖူးတပ်အတံဖြင့် ခြစ်ပြလိုက်ရာ တဂျစ်ဂျစ်မြည်ပြီး အစင်းထင်သွား သည်။ တဂျစ်ဂျစ်မြည်သံကြောင့် စင်တိန်ပင် သွားကျိန်းသွားသည်။ ဆိုင်ရှင်က စင်တိန်အား မော့ကြည့်ပြီး ခွင့်တောင်း လိုက်သည်။ စင်တိန်က ခေါင်းညိတ်ပြပြီး စမ်းသပ်ခွင့်ပြုလိုက်သည်။
ထိုအခါ ဆိုင်ရှင်က စင်တိန့်စိန်တုံးကို မိမိရရဆုပ်ကိုင်ပြီး စိန်သွားအတံဖြင့် ဆွဲကာဆွဲကာ ခြစ်တော့သည်။ သို့သော် ဘာအစင်းကြောင်းမှ မထင်ပါချေ။ ပကတိအတိုင်း ကျန်ရှိခဲ့ပြီး စိန်သွားအတံသာ ချော်၍ ချော်၍ ထွက်သွားသည်။
ဆိုင်ရှင်မေးစေ့ မှ ချွေးတစ်စက်က စားပွဲမှန်အခင်းပေါ်သို့ ပေါက်ခနဲ ကျသွားသည်။ သို့သော် ချွေး မသုတ်နိုင် ဘဲ ထပ်မံခြစ်ပြီး စမ်းပြန်သည်။ ပိုပြီး အားစိုက် ခြစ်သော်လည်း ဘာအသံမှ မမြည်၊ ဘာအစင်းမှ မထင်၊ နဂိုအတိုင်း ကျန်ရှိနေသည်။ နောက်တစ်ကြိမ် ထပ်စမ်းပြန်သည်၊ ဘာမှ မထူးခြား။
"အန္တရာယ်တော့ ကြီးတယ် မဒမ်၊ ဒါပေမယ့် ကျွန်တော်က လူကောင်းတစ်ယောက်ပါ"
"ရှင်ဘယ်လောက်ပေးမလဲ"
"ပေါင်စတာလင် တစ်ထောင်" ဆိုင်ရှင်က ခပ်တိုးတိုးပြောသည်။
"ငါးထောင်" စင်တိန်က ဈေးခေါ်လိုက်သည်။
"ကျွန်တော်က ဂုဏ်သရေရှိ နာမည်ကျော်လူတစ်ယောက်ပါ မဒမ်၊ စိန်မှောင်ခိုရောင်းဝယ်မှုနဲ့ ကျွန်တော့်ကို မိသွားယင် ..."
"ငါးထောင်"
စင်တိန် ဈေးထပ်ခေါ်လိုက်ပြန်သည်။
"နှစ်ထောင်ပေးမယ်ဗျာ"
စင်တိန့်လက် စိန်တုံးဆီသို့ ရောက်သွားသည်။
"သုံးထောင်ပေးမယ်ဗျာ"
ဆိုင်ရှင်က ကပျာကယာ ပြောလိုက်ရာ စင်တိန် လက်ပြန် ရုပ်လိုက်သည်။
"လေးထောင်ရမှ ရောင်းမယ်"
စင်တိန်က ယတိပြတ်ပြောသည်။
"သုံးထောင့်ငါးရာ ပေးပါ့မယ်၊ အဲဒါ ကျွန်တော့်ဘက်က နောက်ဆုံးနဲ့ အလိုက်လျောဆုံး ဈေးပါပဲ"
"ကောင်းပြီလေ ဘယ်မှာလဲငွေ"
"ကျွန်တော် ဒီလောက်ငွေများများ ဆိုင်မှာ မထားပါဘူး"
"ဒါဖြင့် ကျွန်မ နက်ဖြန် ပြန်လာခဲ့မယ်၊ စိန်လဲ ယူလာခဲ့မယ်၊ ရှင် ငွေအဆင်သင့် လုပ်ထား"
ဆက်ရန်
.
1 comment:
စင်တိန်ရဲ့ ဗိုက်သားလှလှလေးတို့ အန်ရဲ့ ပေါင်သားအိအိကြီးတို့ ဆိုတဲ့အရေးအသားတွေက
ဖတ်ရတာ နည်းနည်းထောက်သလိုပဲ
မလိုတဲ့ အဖွဲ့အနွဲ့တွေကြောင့်
တန်ဖိုးလျော့သွားသလိုပဲ
ကျနော့်စိတ်က အထောက်တော်လှအောင်တို့ မြသန်းတင့်တို့ မောင်ထွန်းသူတို့နဲ့ နှိုင်းယှဉ်ကြည့်မိနေလို့လားတော့မသိဘူး
အရသာပေါ့နေတယ်
ဒါပေမယ် ကြိုက်ပါတယ်
အမရွှေဇင်ကို လည်းကျေးဇူးတင်ပါတယ်
Post a Comment