ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို တချို့ ကလည်း အသံထွက် ကန့်ကွက် ကြတယ်... တချို့ ကလည်း အသံတိတ် ကန့်ကွက် ကြတယ်... ဒါပေမဲ့ ဧရာဝတီ က မွေးဖွားသူ အားလုံး ဧရာဝတီ ကို ချစ်ကြမယ် လို့ ယူဆ တဲ့ အတွက် ဧရာဝတီ နာကြင် မှာကို အားလုံး ကြောက်ကြမယ် လို့ ကျနော် ယုံကြည် ပါတယ်.....
ရွှေစင်ဦး ဟာ ဧရာဝတီ နာကြင်မှာကို သက်သေ လိုက်ပေး နိုင် တဲ့ ပညာရှင် တယောက် မဟုတ် ခဲ့ဘူး ... အတွက်အချက် ကောင်းတဲ့ စီးပွားရေးပညာရှင် တယောက်လည်း မဟုတ်သလို.... ဧရာဝတီ လွမ်းချင်း တွေကို အနုပညာ မြောက်အောင် ရေးဖွဲ့ နိုင်သူလည်း မဟုတ်ပြန်ဘူး.... ဒါအပြင် အမိ ဧရာဝတီ ရဲ့ ရာဇဝင်လေး ကိုတောင် ပြည့်စုံအောင် မသိခဲ့ပါဘူး....
အခု ကျနော်တို့ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် ဘလော့ဂ် လေး များ ကနေ ပြီး ကျနော် တို့ သိချင်နေတာတွေ ကို.... အားလုံး.. အားလုံး သော ဘလောဂ့်ဂါ များ ဟာ တာဝန်ကျေပြွန်စွာ နဲ့ ဖြည့်ဆည်း ပေးလိုက်ကြ ပါပြီ.... အနုပညာမြောက် တဲ့ ကဗျာတွေ... စာတွေ.. ကို လည်း သီကြူးပေးလိုက်ကြပါပြီ......
အဲဒီအတွက် ... အမိဧရာဝတီ အတွက် တာဝန်ကျေပြွန်ခဲ့ ကြတဲ့ ချစ်သော ဘလော့ဂ်ဂါ မောင်နှမ များ ကို အထူးကျေးဇူးတင် ပါတယ် ....
ကျနော်တို့ မြန်မာနိုင်ငံ ကြီးဟာ အများကြီး ပြောင်းလဲလာပါပြီ.... ကျနော်တို့ နိုင်ငံ အတွက် ဧရာဝတီ တင် မကသေးဘဲ အမိမြန်မာပြည် တည်ဆောက်ရေး အတွက် အခြား ... အခြားသော တာဝန် ကိုယ်စီ လည်း ရှိကြပါသေးတယ် ဆိုတာ အားလုံး မမေ့ကြပါနဲ့....
ကျနော် တို့ တိုင်းပြည် ရဲ့ အတိတ် ကာလ က ဖြစ်ရပ် တခု ကို ပြန်လည် သတိရမိတယ်... အဲဒီမှာ ကျနော် မှတ်မိတဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားသံ လေး အချို့ ကိုပြန်လည်တင်ပြချင်ပါတယ်...
လမ်းဘေးမှာ ရပ်ပြီး ကြည့်ရဲ သူက ကြည့်ပါလိမ့်မယ်..
လက်ခုပ်တီးပြီး အားပေးသူက အားပေးလိမ့်မယ်...
အတူတွဲပြီး လိုက်ရဲသူက လိုက်ပါလိမ့်မယ်..
ပင်ပန်းနွမ်းနယ် နေတဲ့ တိုက်ပွဲဝင် သူတွေကို ရေတိုက်ရဲ သူက တိုက်လိမ့်မယ်..
ငွေကြေးအင်အား ရှိသူတွေက အစားအစာ တွေကို ကျွေးချင်ရင်ကျွေးလိမ့်မယ်....
အားလုံး အားလုံး ဟာ ကိုယ်နိုင်ရာကို ကိုယ်လုပ်ကြမှာပါဘဲ... အဲဒီအတွက် ငါလုပ်သလို သူမလုပ်ရ ကောင်းလား... ဒီလောက်တောင် သတ္တိမရှိဘူးလား... ဒါလေးတောင် မစွမ်းဆောင် နိုင်ဘူး လားဆိုပြီး .. အဲဒီ လူတွေ အပေါ်မှာ အညှိုး မထားကြပါနဲ့ မိတ်ဆွေ က နေ ရန်သူ ဖြစ်သွားနိုင်ပါတယ်...
လူမျိုးရေး ခွဲခြားမှု့ ဆိုတာလည်း အလွန် ကြောက်စရာကောင်းပါတယ်... တကယ်တော့ ဧရာဝတီ ရေတပေါက် သောက်ဘူးသူတိုင်း ဧရာဝတီ ကို ချစ်ကြမှာပါ.... ကျနော် တို့ အားလုံးဟာ ခေတ်တခတ် ရဲ့ သားကောင် တွေဘဲ မဟုတ်လား.....
အားလုံး.. အားလုံး ကိုယ် တတ်နိုင်တာ ကို ကိုယ်လုပ်ကြရင် တာဝန်ကျေပြွန် ပါပြီလို့ ကျနော် ပြောချင် ပါတယ်...
အခုလည်း ကျနော် တို့ အားလုံး အမိဧရာဝတီ အတွက် ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ ဘက်ကနေ တိုက်ပွဲဝင် နေကြပါတယ်...
မသိသေးသူ တွေ ကိုရှင်းပြကြ... လက်တွဲခေါ်ဆောင်ကြ ရင်း အစွမ်း ရှိသမျှ ဧရာဝတီ အတွက် တိုင်းပြည် အတွက် လုပ်ဆောင်ကြပါလို့ လည်း တိုက်တွန်း နှိုးဆော် ချင်ပါတယ်...
ရွှေစင်ဦး ဟာ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး နဲ့ အတူ အမိမြန်မာပြည် အတွက် ထိခိုက်စေမဲ့ စီမံကိန်း မှန် သမျှ ကို ထာဝရ ကန့်ကွက် နေပါကြောင်း နောက်ဆုံး ကြေငြာ မောင်းခတ်လိုက်ရပါတယ်...
(အခု ကျနော် သတိရတဲ့ ဆရာကျော်ရင်မြင့် (ထင်ပါတယ်) ရဲ့ စာပေဟောပြောပွဲ ထဲက ပုံပြင်လေး အကြောင်း နဲနဲ ပြောပြချင်ပါတယ်.... ရွာတရွာ မှာ ဇာတ်ပွဲ တပွဲ လာက ပါတယ်... မကြာခဏ ဇာတ်ကြော်ငြာ တဲ့ သူက ပရိတ်သတ်များ တောင့်တ နေတဲ့ မျှော်လင့် နေတဲ့ မင်းသား အောင်မင်းခေါင် မကြာခင် ဖျော်ဖြေပါမယ် .. လို့ ခဏခဏ ကြော်ငြာ ဝင်သတဲ့ ...
ပရိသတ် က လည်း မင်းသားအောင်မင်းခေါင် ဆိုတာ ဘယ်သူများ ပါလိမ့် .... ငါတို့ လည်း မမျှော်လင့် ပါဘူး.. မတောင့်တ ပါဘူး ဆိုပြီး စဉ်းစားရင်း စောင့်စားနေကြသတဲ့... နောက်ဆုံး မင်းသား အောင်မင်းခေါင် ကပြပါပြီ....
မင်းသား အောင်မင်းခေါင် ကို ကြည့်ပြီး.... ပရိတ်သတ် တဦး က ထအော် သတဲ့... အမယ် မင်းသား အောင်မင်းခေါင် ဆိုလို့ ဘယ်သူလည်း မှတ်ပါတယ်.. ဒို့ရွာတောင်ထိပ် က ငပွေး ပါလားဟဲ့ တဲ့.... အခုလည်း ရွှေစင်ဦး မှာ စာဖတ်သူ များအတွက် ထူးထူး ခြားခြား တင်ဆက်စရာ မပါဘဲ ဘလောဂ့်ရွာ ထိပ် က ငပွေး ဖြစ်သွားတဲ့ အတွက် လည်း တောင်းပန် ပရစေဗျာ....)
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
တခါတခါ တော့ မေမေ့ ကို မနက်စာဟင်းချက်ဖို့ ကူလုပ်ပေးရင်း မေမေ ရေ ဧရာဝတီ က ပေးတဲ့ ဟင်းတွေ ပြောပြပါအုန်း ဆိုရင်... တခါမှ မမြင်ဘူးတဲ့ ပုဇွန်ကင် ... ငါးသလောက်ကင်...ဒုံးခြောက် အကြီးကြီး တွေ နဲ့ ဧရာဝတီ ထဲက ရတဲ့ ငါးကြင်းရွှေဝါ အကွင်း အကွင်းကြော် ကြီး တွေ... ငါးရံအူချက် ..... တွေ ကို တမ်းတမိလောက်အောင် မေမေ ရယ် ပြောတတ်ပါပေတယ်...
ရွှေစင်ဦး တို့ ရဲ့ ထမင်းဝိုင်း မှာတော့ ဧရာဝတီ က ရတဲ့ ငါးလမြွေ တုတ်တုတ် ကြီးတွေ ကို ရေချိုချက်..... တခါတလေတော့ ဥနိုင်းချင်း နဲ့ ငါးပုဏ္ဏား အကောင်ကြီး တွေ ဆီပြန်ချက်... တခါတလေ တော့ လည်း ... ငါးပတ်မွှေဆီပြန်... ငါးသလောက်ကြော်... တို့တော့ စားနိုင်ခဲ့ပါတယ်.... သြ နှုတ်ခမ်းမွှေး သေးသေး လေး တွေ နဲ့ ပုဇွန်လေး တွေလည်း မကြာမကြာ စားပါတယ်.... ဒါတွေဟာ ရွှေစင်ဦး တို့ စားနိုင် တဲ့ ဧရာဝတီ ကပေးတဲ့ အကောင်း ဆုံး စားဖွယ်ရာ တွေဘဲပေါ့.....
ဘဘကြီး တို့ (မေမေ တို့) မိသားစု ဟာ ဧရာဝတီ နဲ့ ကပ်ရက် ဒေးဝန်းရပ်ကွက်ထဲမှာ လည်း မျိုးရိုး စဉ်ဆက် နေခဲ့ တဲ့ အိမ်မဲကြီး နဲ့ ခြံကျယ်ကြီး ရှိပါတယ်... အခြေအနေ အမျိုးမျိုးကြောင့် မေမေ တို့ ဧရာဝတီ နဲ့ ဝေးခဲ့ ရသလို.... အိမ်ကြီး နဲ့လည်း ခွဲခဲ့ရပါတယ်....
ကျနော်တို့ သားအမိ တတွေ ဟာ မေမေ .. ဧရာဝတီ ကို လွမ်းတိုင်း .... အိမ်ကြီး ကို လွမ်းတိုင်း ဧရာဝတီ ကြည့် ... အိမ် ကြည့်သွားခဲ့ကြပါတယ်..... အိမ်ကြီး ဟာ မေမေ တို့ နဲ့ ဘယ်လို မှ ပတ်သက်မှု့ မရှိတော့ ပေမဲ့ မေမေ ဟာ သားသမီး တွေ ကို .... ဟိုအခန်းလေး က မေမေ နေခဲ့တဲ့ အခန်းလေးပေါ့.... ဒီဘက် အခန်း မှာ မေမေကြီး နဲ့ ဘဘကြီး နဲ့ နေတယ်... ဟိုဘက် က အခန်း က မေမေတို့ ကြီးကြီး အပျိုကြီး အခန်း ပေါ့... ကြီးကြီး ပျင်းတဲ့ အခါ မေမေ တို့ မောင်နှမ တွေ ကို ပိုက်ဆံ ဝေပေးပြီး ကြီးကြီး နဲ့ ပိုကာဒေါင်း ကြတယ်လေ...
အဲဒီ ဆင်ဝင်ဘေးက.. ပိတောက်ပင်ကြီး အောက် မှာ ....ပက်လက် ကုလားထိုင် လေး နဲ့ မေမေ ထိုင်ပြီး စာဖတ် နေတုန်း.. ရပ်ကွက် က အလှူခံ တဲ့ လူတွေ ရောက်လာပြီး... ကလေးမ ရေ စိတ်ကူးယဉ် တာလေး တွေ ခဏရပ်ပြီး ဟောဒီက အလှူခံ လေး လာထဲ့ ပါအုန်း လို့ လာ လာအော်တယ်.. မေမေ ဖြင့် အရမ်း စိတ်ဆိုး တာဘဲ လို့ ပြောရင်... ကျနော် တို့ မှာ စကပ်ဖားဖား လေး နဲ့ ဆံပင် တိုတိုလေး ကို ကျစ်ဆံမြီး ကျစ် ထားတဲ့... အပျိုပေါက်စ ချောချောလေး မေမေ စိတ်ဆိုးနေ တဲ့ ပုံ ကို စဉ်းစားပြီး ပုံဖော် ကြတယ်....
နောက်ပြီး ကျနော် တို့ ဧရာဝတီ ကို သွားကြည့် ကြတယ်.... မြစ်ကမ်းနဘေး က အုပ်ဆိုင်း နေတဲ့ သစ်ပင်ကြီး တွေ ရဲ့ အောက်မှာ ဧရာဝတီ ရင်ငွေ့ကို ခိုလှုံရင်း မေမေပြောတဲ့ ဧရာဝတီ ပုံပြင်များ ကို နှလုံးသား နဲ့ ခံစား ကြပါတယ်....
ကျနော် ဟာ ငယ်ကထဲက ခုချိန်ထိ စိတ်ရှုတ်ထွေးတဲ့ အခါ.... နာကျင်ခံစား ရတဲ့ အခါ.. ဧရာဝတီ ရဲ့ ရင်ခွင် မှာ ဝင်ရောက် ခိုလှုံရ ပါတယ်...... ဧရာဝတီ ကပေးတဲ့ အင်အား တွေ နဲ့ ဘဝ အမောတွေ ဖြေရ ပါတယ်.......
လွန်ခဲ့တဲ့ သုံးနှစ်လောက် က အထိ မေမေ့ ရဲ့ ငယ်ဘဝ ပုံရိပ် ထဲက အိမ်ကြီးကတော့ ရှိ နေပါ သေးတယ်.. နှစ်ချို့ပင်များ နဲ့ အုပ်ဆိုင်း နေတဲ့ ခြံဝန်းတဝက် ကို ရောင်းလိုက်ကြပေမဲ့.. အိမ်ကြီး ကတော့ ပုံစံ မပျက် ကျန် နေပါတယ်...
ဒီအိမ်ကြီး ကို လည်း မေမေ နဲ့ ကျနော် တို့ နောက်ထပ် ဘယ်နှစ်နှစ် များ သွားကြည့် အလွမ်းဖြေနိုင် တော့မှာလည်း... တချိန်မှာ တော့ အိမ်ကြီး ကို ဖျက်ပြီး ရာဇဝင် အသစ် တွေ ဖန်တီးကြလိမ့်မယ်... ဒါတွေဟာ သဘာဝ တရားတွေပါဘဲ.... သူတို့ အတွက် ဒီအိမ်ကြီး မှာ ရာဇဝင် မရှိသလို သမိုင်း မရှိဘူး.... သာမန် အိမ်အို အိမ်ဟောင်း ကြီး တလုံး ပါဘဲ.......
အများနဲ့ မသက်ဆိုင် တဲ့ ပုဂ္ဂလိက ခံစားချက် တွေ ကို သာ ပေးစွမ်း နိုင်တဲ့ အတွက် အိမ်ကြီး ရဲ့ ဆုံးရှုံးမှု့ ဟာ မပြောပ လောက်ပါဘူး...
ဒါပေမဲ့ အားလုံး နဲ့ သက်ဆိုင်တဲ့ အားလုံး အတွက် ရာဇဝင်တွေ ရှိခဲ့ တဲ့ ... ဘယ်တော့ မှ မအိုဟောင်း နိုင်တဲ့ .... ကမ္ဘာတည်သ၍ ရှိနေရမဲ့ .. ဧရာဝတီ ကို တော့ ကျနော် တို့ အဆုံးရှုံး မခံနိုင်ပါဘူး.....
တကယ်တော့ ဧရာဝတီ ဆိုတာ ... နိုင်ငံသားတိုင်း ချစ်မြတ်နိုးရာ... တွယ်တာအားကိုးရာ... မိခင်ကြီး ပါဘဲ..... အမေ မရှိတဲ့ သားသမီးများ မရှိနိုင် သလို ဧရာဝတီ နဲ့ မပတ်သက် ခဲ့ဘူးတဲ့ မြန်မာပြည်သူ ပြည်သား များ လည်း မရှိနိုင်ပါဘူး.....
ကျနော် တို့ ကြားဖူးနေတာက အဖေ မပေါ်တဲ့ သား-သမီး တဲ့ အမေ မပေါ်တဲ့ သား-သမီး ဆိုတာတော့ မရှိပါဘူး .. အခုတော့ ကျနော်တို့ မြန်မာပြည်သူပြည်သား အားလုံး ဟာ မကြာခင်မှာ နှစ် အနည်းငယ် အတွင်း မှာ အမေ မပေါ်တဲ့ သားသမီး များဖြစ်ကြရတော့မယ်...
မကြာလှ တဲ့ အချိန် အတွင်း မှာ .... ဘယ်တော့ မှ မသေဆုံးမဲ့ ... အမြဲနုပျို နေတဲ့.. သားသမီး များကို ထာဝရ ကျွေးမွေးစောင့်ရှောက် နေတဲ့... ချစ်သော အမေ ကို ရထားတဲ့ ... သားသမီးများဟာ... အမိမဲ့ သား ရေနည်းငါး ဆိုသလို ..... ကမ္ဘာ့ အလည် မှာ မျက်နှာ ငယ်ကြရ တော့မယ်...
အို .... အမေ... ချစ်သော အမေ ... အမေ့ ကို ဘယ်လို ကျနော် တို့ကယ်တင်ကြရမလည်း...
အခု ကျနော်တို့ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် ဘလော့ဂ် လေး များ ကနေ ပြီး ကျနော် တို့ သိချင်နေတာတွေ ကို.... အားလုံး.. အားလုံး သော ဘလောဂ့်ဂါ များ ဟာ တာဝန်ကျေပြွန်စွာ နဲ့ ဖြည့်ဆည်း ပေးလိုက်ကြ ပါပြီ.... အနုပညာမြောက် တဲ့ ကဗျာတွေ... စာတွေ.. ကို လည်း သီကြူးပေးလိုက်ကြပါပြီ......
အဲဒီအတွက် ... အမိဧရာဝတီ အတွက် တာဝန်ကျေပြွန်ခဲ့ ကြတဲ့ ချစ်သော ဘလော့ဂ်ဂါ မောင်နှမ များ ကို အထူးကျေးဇူးတင် ပါတယ် ....
ကျနော်တို့ မြန်မာနိုင်ငံ ကြီးဟာ အများကြီး ပြောင်းလဲလာပါပြီ.... ကျနော်တို့ နိုင်ငံ အတွက် ဧရာဝတီ တင် မကသေးဘဲ အမိမြန်မာပြည် တည်ဆောက်ရေး အတွက် အခြား ... အခြားသော တာဝန် ကိုယ်စီ လည်း ရှိကြပါသေးတယ် ဆိုတာ အားလုံး မမေ့ကြပါနဲ့....
ကျနော် တို့ တိုင်းပြည် ရဲ့ အတိတ် ကာလ က ဖြစ်ရပ် တခု ကို ပြန်လည် သတိရမိတယ်... အဲဒီမှာ ကျနော် မှတ်မိတဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားသံ လေး အချို့ ကိုပြန်လည်တင်ပြချင်ပါတယ်...
လမ်းဘေးမှာ ရပ်ပြီး ကြည့်ရဲ သူက ကြည့်ပါလိမ့်မယ်..
လက်ခုပ်တီးပြီး အားပေးသူက အားပေးလိမ့်မယ်...
အတူတွဲပြီး လိုက်ရဲသူက လိုက်ပါလိမ့်မယ်..
ပင်ပန်းနွမ်းနယ် နေတဲ့ တိုက်ပွဲဝင် သူတွေကို ရေတိုက်ရဲ သူက တိုက်လိမ့်မယ်..
ငွေကြေးအင်အား ရှိသူတွေက အစားအစာ တွေကို ကျွေးချင်ရင်ကျွေးလိမ့်မယ်....
အားလုံး အားလုံး ဟာ ကိုယ်နိုင်ရာကို ကိုယ်လုပ်ကြမှာပါဘဲ... အဲဒီအတွက် ငါလုပ်သလို သူမလုပ်ရ ကောင်းလား... ဒီလောက်တောင် သတ္တိမရှိဘူးလား... ဒါလေးတောင် မစွမ်းဆောင် နိုင်ဘူး လားဆိုပြီး .. အဲဒီ လူတွေ အပေါ်မှာ အညှိုး မထားကြပါနဲ့ မိတ်ဆွေ က နေ ရန်သူ ဖြစ်သွားနိုင်ပါတယ်...
လူမျိုးရေး ခွဲခြားမှု့ ဆိုတာလည်း အလွန် ကြောက်စရာကောင်းပါတယ်... တကယ်တော့ ဧရာဝတီ ရေတပေါက် သောက်ဘူးသူတိုင်း ဧရာဝတီ ကို ချစ်ကြမှာပါ.... ကျနော် တို့ အားလုံးဟာ ခေတ်တခတ် ရဲ့ သားကောင် တွေဘဲ မဟုတ်လား.....
အားလုံး.. အားလုံး ကိုယ် တတ်နိုင်တာ ကို ကိုယ်လုပ်ကြရင် တာဝန်ကျေပြွန် ပါပြီလို့ ကျနော် ပြောချင် ပါတယ်...
အခုလည်း ကျနော် တို့ အားလုံး အမိဧရာဝတီ အတွက် ဝိုင်းဝန်းပြီး တတ်နိုင်တဲ့ ဘက်ကနေ တိုက်ပွဲဝင် နေကြပါတယ်...
မသိသေးသူ တွေ ကိုရှင်းပြကြ... လက်တွဲခေါ်ဆောင်ကြ ရင်း အစွမ်း ရှိသမျှ ဧရာဝတီ အတွက် တိုင်းပြည် အတွက် လုပ်ဆောင်ကြပါလို့ လည်း တိုက်တွန်း နှိုးဆော် ချင်ပါတယ်...
ရွှေစင်ဦး ဟာ ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး နဲ့ အတူ အမိမြန်မာပြည် အတွက် ထိခိုက်စေမဲ့ စီမံကိန်း မှန် သမျှ ကို ထာဝရ ကန့်ကွက် နေပါကြောင်း နောက်ဆုံး ကြေငြာ မောင်းခတ်လိုက်ရပါတယ်...
.........................................................
(အခု ကျနော် သတိရတဲ့ ဆရာကျော်ရင်မြင့် (ထင်ပါတယ်) ရဲ့ စာပေဟောပြောပွဲ ထဲက ပုံပြင်လေး အကြောင်း နဲနဲ ပြောပြချင်ပါတယ်.... ရွာတရွာ မှာ ဇာတ်ပွဲ တပွဲ လာက ပါတယ်... မကြာခဏ ဇာတ်ကြော်ငြာ တဲ့ သူက ပရိတ်သတ်များ တောင့်တ နေတဲ့ မျှော်လင့် နေတဲ့ မင်းသား အောင်မင်းခေါင် မကြာခင် ဖျော်ဖြေပါမယ် .. လို့ ခဏခဏ ကြော်ငြာ ဝင်သတဲ့ ...
ပရိသတ် က လည်း မင်းသားအောင်မင်းခေါင် ဆိုတာ ဘယ်သူများ ပါလိမ့် .... ငါတို့ လည်း မမျှော်လင့် ပါဘူး.. မတောင့်တ ပါဘူး ဆိုပြီး စဉ်းစားရင်း စောင့်စားနေကြသတဲ့... နောက်ဆုံး မင်းသား အောင်မင်းခေါင် ကပြပါပြီ....
မင်းသား အောင်မင်းခေါင် ကို ကြည့်ပြီး.... ပရိတ်သတ် တဦး က ထအော် သတဲ့... အမယ် မင်းသား အောင်မင်းခေါင် ဆိုလို့ ဘယ်သူလည်း မှတ်ပါတယ်.. ဒို့ရွာတောင်ထိပ် က ငပွေး ပါလားဟဲ့ တဲ့.... အခုလည်း ရွှေစင်ဦး မှာ စာဖတ်သူ များအတွက် ထူးထူး ခြားခြား တင်ဆက်စရာ မပါဘဲ ဘလောဂ့်ရွာ ထိပ် က ငပွေး ဖြစ်သွားတဲ့ အတွက် လည်း တောင်းပန် ပရစေဗျာ....)
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
ဧရာဝတီ နဲ့ ပတ်သက်လို့ ရေးခဲ့ ပြီးသားလေး ကို အမှတ်တရ အတူတူ ဖြစ်စေချင်လို့ပါ
ရွှေစင်ဦး လည်း ဧရာဝတီ ကို လွမ်းတတ်တယ်
မနက် မိုးလင်း တာ နဲ့ ကိုယ့် ဗိုက် ကို ကိုယ် ပွတ်ပြီး နိုးလာကြတဲ့ သားသမီး ခြောက်ယောက် ကို တနေ့ တမျိုး ဆိုပေမဲ့ အမျိုးမများ လှ တဲ့ ထမင်းကြော် .... ကောက်ညှင်းပေါင်း .... ပဲထမင်း .... ထမင်းဆီဆမ်း နဲ့ အကြော် .... မြုံပစ်သလက် .... ဆိုတာတွေ ကို တလှည့်စီချက်ပြုတ်ကျွေးရင်း....ဆိုင်က ပါဆယ် ဝယ်လာ တဲ့ လက်ဘက်ရည် လေး နဲ့ အီကြာကွေး လေး တခြမ်းတဖဲ့ ကို အမောပြေ စားရင်း.. မေမေ့ သားသမီး တွေ ကို သနား တယ် လို့ ချစ်သောမေမေ က အမြဲတမ်း ပြောလေ့ ရှိပါတယ်....
မေမေ ဘာလို့ သနားတာလည်း ဆိုတာ မရိုးနိုင်အောင် ကြားဘူးနေလို့..
ရွှေစင်ဦး ဟာ ငယ်ငယ်လေး ကထဲ က ဧရာဝတီ ကို ချစ်သလို ဧရာဝတီ လွမ်းတတ်ပါတယ်...
ရွှေစင်ဦး ဟာ ငယ်ငယ်လေး ကထဲ က ဧရာဝတီ ကို ချစ်သလို ဧရာဝတီ လွမ်းတတ်ပါတယ်...
အင်္ဂလိပ်မင်း များ လက်ထက်က ဘဘကြီး (မေမေ ရဲ့ ဖေဖေ) ဟာ ဧရာဝတီ သဘောင်္ ကိုယ်စားလှယ် ကြီး ဖြစ်တဲ့ အတွက် မေမေ တို့ မိသားစု ဟာ မြင်းခြံဆိပ်ကမ်း ...... ဆိပ်ကမ်း တွေ က ဆိပ်ခံ ဘောတံတားကြီး ပေါ်မှာ ဆောက်ထား တဲ့ ဧရာဝတီ ပေါ် က နှစ်ထပ် အိမ်ကြီးပေါ်မှာ နေခဲ့ရသလို... ဧရာဝတီ မြစ်ရိုး တလျှောက် သဘောင်္ နဲ့ အတူ မေမေ.. လျှောက်လိုက်သွားရင်း... တွေ့ရှိခဲ့တဲ့ မရိုးနိုင်တဲ့ ဧရာဝတီ ပုံရိပ်များ နဲ့ ဧရာဝတီ က ကျွေး တဲ့ အစားအစာ တွေ အကြောင်း ကို အမြဲတန်း နားထောင် နေရတဲ့ အတွက် ဖြစ်ပါတယ်...
ဧရာဝတီ ရေကိုသောက်.. ဧရာဝတီကြောင့် ရတဲ့ အလုပ်ကိုလုပ်... ဧရာဝတီ က ကျွေးတဲ့ ထမင်းစား.... ဧရာဝတီ ရေပြင် မှာ အိမ်ဆောက် ... ဧရာဝတီ ကို ဘဝလုပ် နေခဲ့ရတဲ့ အဖိုး .. အဖွား နဲ့ မေမေ တို့ရဲ့ သမီး ရွှေစင်ဦး ဟာ ငယ်ကထဲ က ဧရာဝတီ ကို ချစ်ခဲ့သလို.. ဧရာဝတီ ပုံပြင်များ နဲ့ ကြီးပြင်းခဲ့ ရပါတယ်..။
အစားအသောက် မက်မော တဲ့ အကောင်းကြိုက်တဲ့ ရွှေစင်ဦး ဟာ... မနက်မိုးလင်း စာ ဆိုရင် မေမေ တို့ ငယ်ငယ်က .. ဘာစားလည်း ဟင် လို့ မေးတတ်ပါတယ်...
မေမေတို့ မနက်ဆိုရင် ပေါင်မုံမီးကင်.. ဝက်ပေါင်ခြောက်.. ကြက်ဥပြုတ်.. ကြက်ဥကြော် တူတံဆိပ် ထောပတ်... လဘက်ရည်.. လဘက်ရည် ဆိုရင် လဘက်ခြောက်နှပ်ပြီးသား တခါးရား.. နွားနို့တခါးရား ... သကြားခဲ.. တဲ့... ကိုယ် ကြိုက် သလို ဖျော်သောက်တာပေါ့ တဲ့... ငါးသလောက်ဥ ပေါ်ချိန်ဆိုရင် ငါးသလောက်ဥ ကြော်ကြီးများတောင် ပါ ပါသေးတယ်တဲ့ ... အင်း မေမေ က ဒဂုန်တာရာ ရဲ့ ဇာတ်လိုက် ဘဲလို့ ပြောရင်း ကိုယ့်နှုတ်ခမ်းကိုယ်သိမ်း လို့ တိတ်တိတ်ကလေး လှည့် ထွက်ခဲ့ရတယ်...။

အင်္ဂလိပ်မင်း များ လက်ထက် က ဧရာဝတီ သဘောင်္ကိုယ်စားလှယ် ကြီး ရဲ့ သမီး မနက်စာ နဲ့ မဆလ ခေတ် က ကျောင်းဆရာ တယောက် ရဲ့ သမီး မနက်စာ က ကွာပါပေတယ်.....
မေမေ ဟာ သနားစရာကောင်းပါတယ်.. သားသမီး နဲ့ ယောက်ကျား ဗိုက်ဝအောင် အဟာရပြည့် ဝအောင် မနက်စာ ကို အဲလို စီမံ ကျွေးပေမဲ့ .. သူခမျာတော့ မနက် အစောစာ ကို ထမင်း တွေ ကောက်ညှင်း ပေါင်း တွေ မစားတတ်ပါဘူး.... မစားနိုင်ပါဘူး... အိမ်မှာ ရွှေစင်ဦး တို့ ငယ်ငယ်ကတော့ နို့ဆီဗူး နဲ့ လဘက်ခြောက် နှပ်ပြီး သောက်နိုင်သေး ပေမဲ့ ... တစ တစ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ နဲ့ တနှစ် ထက် တနှစ် များလာတဲ့ သားသမီး တွေ ကြောင့် အိမ်မှာ လည်း လဘက်ရည် ဖျော် မသောက်နိုင်တော့ ပါဘူး....။
မနက်မိုးလင်း ရင် ရွှေစင်ဦး တို့ အတွက် ရိက္ခာကို မေမေ က ချက်ပြုတ် ပေးသလို မေမေ အတွက် ရိက္ခာကို လည်း သားသမီး တယောက်ယောက် က သွားဝယ်ပေးရပါတယ်... လဘက်ရည် ဂျိုင့်ဆွဲလေး တခွက်.. အီကြာကွေး လေး တချောင်း.. နံပြားလေး တချပ်ပေါ့....
မှတ်မှတ်ရရ ရွှေစင်ဦး မောင်အလတ် (အလွန်အမင်း အစအနောက်သန်သူ) တယောက် ဟာ မေမေ အတွက် လဘက်ရည် ဂျိုင့်ဆွဲလေး ကို သမဝါယမ ဆိုင် က တခွက် ကို သုံးမတ် (ရ၅ပြား) နဲ့လား မသိဘူး အမြဲ ဝယ်ပေးရပါတယ်... ရွှေစင်ဦး တို့ အိမ် နဲ့ ကပ်ရက်မှာ လည်း အလွန် ကပ်စီးနဲပြီး အလွန် အပေါက်ဆိုး တဲ့ အဒေါ်တယောက် နေပါတယ်... သူကလည်း သူ့သားငယ် (မောင်လေး နဲ့ အသက် အတူတူ) ကို အမြဲ လက်ဘက်ရည် ဝယ်ခိုင်းပါတယ်....။
တနေ့ တော့ မောင်လေး ဟာ..ဂျိုင့်လေး ဆွဲပြီး လက်ဘက်ရည် ဝယ်လာရင်း ပါးစပ်ကလည်း အော် လာပါတယ်... မေမေ ရေ လက်ဘက်ရည် တွေ ဈေးကျသွားပြီ... ရော့ ပိုတဲ့ ပိုက်ဆံ ပြန်အမ်းတယ် နော် ဆိုပြီး ပြောပါတယ်... မေမေ ကလည်း ပိုတဲ့ ပိုက်ဆံ ဆိုပြီးယူလိုက်တော့ ဘာမှ မပိုပါဘူး... ပါးစပ် ကို လက်ညှိုးကပ် ပြီး နှုတ်ပိတ်ပါတယ်....။
မေမေ ကလည်း ထွေထွေထူးထူး မေးမနေပါဘူး... ခဏနေ တော့ မှ ကပ်ရက်အိမ် က ဆူညံ ဆူညံ သံတွေ ကြားပါတယ်.. လဘက်ရည် ဈေးကျရဲ့ သားနဲ့ ပိုက်ဆံ ပြန်မအမ်းလို့ ညာလို့ ဆိုပြီး သူ့သားကို ဆူနေသံ ပါ... အဲဒီကြမှ မောင်လေး ဟာ အဲဒီအဒေါ် ကို ကြံဖန်စ နေတာပါလား ဆိုတာသိပါတယ်..။
မောင်လေး ရဲ့ အစအနောက် တွေကတော့ ပြောရရင် ဇာတ်လမ်းတပုဒ် ဖြစ်မှာမို့ ဧရာဝတီကို ဘဲ ပြန်သွား လိုက် ကြရအောင်....
တခါတလေမှာ ... ရွှေစင်ဦး မကြိုက်တဲ့ မကောင်းတကောင်း ဟင်း များကိုစားရင်း... မေမေ့ ရဲ့ ဧရာဝတီ က ကျွေးတဲ့ ထမင်းဝိုင်း များကို သတိရမိပါတယ်...
မေမေ တို့ မေမေ (မေမေကြီး) ဟာ ရုပ်ရည်ချောမော သလို အင်မတန် ကျွေးချင်မွေးချင် တဲ့ စိတ်ကောင်း စေတနာ ရှိပါတယ်... မေမေ တို့ အိမ် မှာ ဟင်းချက်တယ် ဆိုရင်... တော်ရုံ အိမ်ထောင်စု ၃-၄ စု စာလောက် ချက်ရပါတယ်တဲ့... တပည့်တပန်း တွေ ဆွေမျိုးသားချင်းတွေ အတွက်ရောပေါ့....
ဧရာဝတီ မြစ်ဝကျွန်းပေါ်က ထွက်တဲ့ မွှေးကြိုင်နေတဲ့ ပုသိမ် ပေါ်ဆန်းမွှေး စစ်စစ် နဲ့ ချက်ထား တဲ့ .. ထမင်းမွှေးမွှေး နဲ့ ... ဧရာဝတီ က ရတဲ့ ငါးသလောက် လတ်လတ်ကြီးတွေ... နှုတ်ခမ်းမွှေး တန်းလန်း နဲ့.... ပုဇွန်ထုပ် တထွာလောက် ကြီးတွေ.. ဟာ ရွှေစင်ဦး ရဲ့ အိမ်မက် ထဲ ထိတောင် လာရောက် ကြည်စယ် ကြပါ တယ်...
ဧရာဝတီ က ပေးတဲ့(ငါးကျည်း..ငါးပြေမ..ငါးရံ့လုံး) အကောင်ကြီး တွေ နဲ့ လုပ်ထားတဲ့ သုံးဦးစပ် ငါးပိရေချို မွှေးမွှေးလေး နဲ့ အတို့အမြှုတ် အတွက် ဧရာဝတီ မြေနုကျွန်းပေါ် က ခရမ်းသီး မျက်မမြင်လေး တွေ... ဗူးသီးနုနု.. ဗူးညွှန့်နုနု လေးတွေ ဟာလည်း ကြားရုံ နဲ့ ပါးစပ်တပြင်ပြင် ဖြစ်စေပါတယ်...
အဲဒီအချိန် မှာ ရွှေစင်ဦး တို့ ဖေဖေ ဟာ ဒီမိုကရေစီ ကို ဆန့်ကျင်ပြီး သမဝါယမ က ပေးတဲ့ ငါးပိ ညိုညစ်ညစ် လေး တွေ ကိုတောင် စားသောက် ခွင့် ပါမစ်ပိတ်ထားတဲ့ အတွက်... ငါးပိ နံ့ ရရင် တောင် ထမင်းဆာ တဲ့ ရွှေစင်ဦး အတွက် ကတော့ ... အသံလေး ကြားရတာနဲ့... တော်တော်ချင်ခြင်း ပြေ သွားရ တဲ့ လွမ်းရတဲ့ ဧရာဝတီပါ.....
(ငါးပိ မစားရတဲ့ ဖေဖေ ရဲ့ မတရားတဲ့ ဥပဒေ နဲ့ ပတ်သက် လို့ စာလေး တပုဒ် ရေးဘူးပါသေးတယ် ဒီမှာ ဖတ်လို့ ရပါတယ် ...)
(ငါးပိ မစားရတဲ့ ဖေဖေ ရဲ့ မတရားတဲ့ ဥပဒေ နဲ့ ပတ်သက် လို့ စာလေး တပုဒ် ရေးဘူးပါသေးတယ် ဒီမှာ ဖတ်လို့ ရပါတယ် ...)
ရွှေစင်ဦး တို့ ရဲ့ ထမင်းဝိုင်း မှာတော့ ဧရာဝတီ က ရတဲ့ ငါးလမြွေ တုတ်တုတ် ကြီးတွေ ကို ရေချိုချက်..... တခါတလေတော့ ဥနိုင်းချင်း နဲ့ ငါးပုဏ္ဏား အကောင်ကြီး တွေ ဆီပြန်ချက်... တခါတလေ တော့ လည်း ... ငါးပတ်မွှေဆီပြန်... ငါးသလောက်ကြော်... တို့တော့ စားနိုင်ခဲ့ပါတယ်.... သြ နှုတ်ခမ်းမွှေး သေးသေး လေး တွေ နဲ့ ပုဇွန်လေး တွေလည်း မကြာမကြာ စားပါတယ်.... ဒါတွေဟာ ရွှေစင်ဦး တို့ စားနိုင် တဲ့ ဧရာဝတီ ကပေးတဲ့ အကောင်း ဆုံး စားဖွယ်ရာ တွေဘဲပေါ့.....
ဘဘကြီး တို့ (မေမေ တို့) မိသားစု ဟာ ဧရာဝတီ နဲ့ ကပ်ရက် ဒေးဝန်းရပ်ကွက်ထဲမှာ လည်း မျိုးရိုး စဉ်ဆက် နေခဲ့ တဲ့ အိမ်မဲကြီး နဲ့ ခြံကျယ်ကြီး ရှိပါတယ်... အခြေအနေ အမျိုးမျိုးကြောင့် မေမေ တို့ ဧရာဝတီ နဲ့ ဝေးခဲ့ ရသလို.... အိမ်ကြီး နဲ့လည်း ခွဲခဲ့ရပါတယ်....
ကျနော်တို့ သားအမိ တတွေ ဟာ မေမေ .. ဧရာဝတီ ကို လွမ်းတိုင်း .... အိမ်ကြီး ကို လွမ်းတိုင်း ဧရာဝတီ ကြည့် ... အိမ် ကြည့်သွားခဲ့ကြပါတယ်..... အိမ်ကြီး ဟာ မေမေ တို့ နဲ့ ဘယ်လို မှ ပတ်သက်မှု့ မရှိတော့ ပေမဲ့ မေမေ ဟာ သားသမီး တွေ ကို .... ဟိုအခန်းလေး က မေမေ နေခဲ့တဲ့ အခန်းလေးပေါ့.... ဒီဘက် အခန်း မှာ မေမေကြီး နဲ့ ဘဘကြီး နဲ့ နေတယ်... ဟိုဘက် က အခန်း က မေမေတို့ ကြီးကြီး အပျိုကြီး အခန်း ပေါ့... ကြီးကြီး ပျင်းတဲ့ အခါ မေမေ တို့ မောင်နှမ တွေ ကို ပိုက်ဆံ ဝေပေးပြီး ကြီးကြီး နဲ့ ပိုကာဒေါင်း ကြတယ်လေ...
အဲဒီ ဆင်ဝင်ဘေးက.. ပိတောက်ပင်ကြီး အောက် မှာ ....ပက်လက် ကုလားထိုင် လေး နဲ့ မေမေ ထိုင်ပြီး စာဖတ် နေတုန်း.. ရပ်ကွက် က အလှူခံ တဲ့ လူတွေ ရောက်လာပြီး... ကလေးမ ရေ စိတ်ကူးယဉ် တာလေး တွေ ခဏရပ်ပြီး ဟောဒီက အလှူခံ လေး လာထဲ့ ပါအုန်း လို့ လာ လာအော်တယ်.. မေမေ ဖြင့် အရမ်း စိတ်ဆိုး တာဘဲ လို့ ပြောရင်... ကျနော် တို့ မှာ စကပ်ဖားဖား လေး နဲ့ ဆံပင် တိုတိုလေး ကို ကျစ်ဆံမြီး ကျစ် ထားတဲ့... အပျိုပေါက်စ ချောချောလေး မေမေ စိတ်ဆိုးနေ တဲ့ ပုံ ကို စဉ်းစားပြီး ပုံဖော် ကြတယ်....
နောက်ပြီး ကျနော် တို့ ဧရာဝတီ ကို သွားကြည့် ကြတယ်.... မြစ်ကမ်းနဘေး က အုပ်ဆိုင်း နေတဲ့ သစ်ပင်ကြီး တွေ ရဲ့ အောက်မှာ ဧရာဝတီ ရင်ငွေ့ကို ခိုလှုံရင်း မေမေပြောတဲ့ ဧရာဝတီ ပုံပြင်များ ကို နှလုံးသား နဲ့ ခံစား ကြပါတယ်....
ကျနော် ဟာ ငယ်ကထဲက ခုချိန်ထိ စိတ်ရှုတ်ထွေးတဲ့ အခါ.... နာကျင်ခံစား ရတဲ့ အခါ.. ဧရာဝတီ ရဲ့ ရင်ခွင် မှာ ဝင်ရောက် ခိုလှုံရ ပါတယ်...... ဧရာဝတီ ကပေးတဲ့ အင်အား တွေ နဲ့ ဘဝ အမောတွေ ဖြေရ ပါတယ်.......
လွန်ခဲ့တဲ့ သုံးနှစ်လောက် က အထိ မေမေ့ ရဲ့ ငယ်ဘဝ ပုံရိပ် ထဲက အိမ်ကြီးကတော့ ရှိ နေပါ သေးတယ်.. နှစ်ချို့ပင်များ နဲ့ အုပ်ဆိုင်း နေတဲ့ ခြံဝန်းတဝက် ကို ရောင်းလိုက်ကြပေမဲ့.. အိမ်ကြီး ကတော့ ပုံစံ မပျက် ကျန် နေပါတယ်...
ဒီအိမ်ကြီး ကို လည်း မေမေ နဲ့ ကျနော် တို့ နောက်ထပ် ဘယ်နှစ်နှစ် များ သွားကြည့် အလွမ်းဖြေနိုင် တော့မှာလည်း... တချိန်မှာ တော့ အိမ်ကြီး ကို ဖျက်ပြီး ရာဇဝင် အသစ် တွေ ဖန်တီးကြလိမ့်မယ်... ဒါတွေဟာ သဘာဝ တရားတွေပါဘဲ.... သူတို့ အတွက် ဒီအိမ်ကြီး မှာ ရာဇဝင် မရှိသလို သမိုင်း မရှိဘူး.... သာမန် အိမ်အို အိမ်ဟောင်း ကြီး တလုံး ပါဘဲ.......
အများနဲ့ မသက်ဆိုင် တဲ့ ပုဂ္ဂလိက ခံစားချက် တွေ ကို သာ ပေးစွမ်း နိုင်တဲ့ အတွက် အိမ်ကြီး ရဲ့ ဆုံးရှုံးမှု့ ဟာ မပြောပ လောက်ပါဘူး...
ဒါပေမဲ့ အားလုံး နဲ့ သက်ဆိုင်တဲ့ အားလုံး အတွက် ရာဇဝင်တွေ ရှိခဲ့ တဲ့ ... ဘယ်တော့ မှ မအိုဟောင်း နိုင်တဲ့ .... ကမ္ဘာတည်သ၍ ရှိနေရမဲ့ .. ဧရာဝတီ ကို တော့ ကျနော် တို့ အဆုံးရှုံး မခံနိုင်ပါဘူး.....
တကယ်တော့ ဧရာဝတီ ဆိုတာ ... နိုင်ငံသားတိုင်း ချစ်မြတ်နိုးရာ... တွယ်တာအားကိုးရာ... မိခင်ကြီး ပါဘဲ..... အမေ မရှိတဲ့ သားသမီးများ မရှိနိုင် သလို ဧရာဝတီ နဲ့ မပတ်သက် ခဲ့ဘူးတဲ့ မြန်မာပြည်သူ ပြည်သား များ လည်း မရှိနိုင်ပါဘူး.....
ကျနော် တို့ ကြားဖူးနေတာက အဖေ မပေါ်တဲ့ သား-သမီး တဲ့ အမေ မပေါ်တဲ့ သား-သမီး ဆိုတာတော့ မရှိပါဘူး .. အခုတော့ ကျနော်တို့ မြန်မာပြည်သူပြည်သား အားလုံး ဟာ မကြာခင်မှာ နှစ် အနည်းငယ် အတွင်း မှာ အမေ မပေါ်တဲ့ သားသမီး များဖြစ်ကြရတော့မယ်...
မကြာလှ တဲ့ အချိန် အတွင်း မှာ .... ဘယ်တော့ မှ မသေဆုံးမဲ့ ... အမြဲနုပျို နေတဲ့.. သားသမီး များကို ထာဝရ ကျွေးမွေးစောင့်ရှောက် နေတဲ့... ချစ်သော အမေ ကို ရထားတဲ့ ... သားသမီးများဟာ... အမိမဲ့ သား ရေနည်းငါး ဆိုသလို ..... ကမ္ဘာ့ အလည် မှာ မျက်နှာ ငယ်ကြရ တော့မယ်...
အို .... အမေ... ချစ်သော အမေ ... အမေ့ ကို ဘယ်လို ကျနော် တို့ကယ်တင်ကြရမလည်း...
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး.
လေးစားစွာဖြင့်စာရေးသူ - ရွှေစင်ဦး
.
အားလုံးသော ဧရာဝတီချစ်သူများ သို့
ဧရာဝတီ ကို မြန်မာပြည်သူ များ အားလုံး ချစ်ကြမယ် ထင်ပါတယ်... ဧရာဝတီ ကို မချစ်သူ အသင်ဘယ်သူ လည်း ဆိုတာတော့ အားလုံး သိကြမှာပါ...
သားသမီး အားလုံး ဟာ မိခင် ကို ချစ်ကြတယ် .. မြတ်နိုးကြတယ်.. တွယ်တာကြတယ်.. မိခင် ကို အဘယ် လူသား မှ မသတ်သလို... သတ်ဖို့ ကြံသူ ငမိုက်သား ကိုလည်း ငရဲ က ခွင့်မလွှတ်ပါဘူး...
အမိဧရာဝတီ ကို လည်း အဘယ် လူသားက မှ ဖျက်စီး ဖို့ ကြံရွယ် မှာ မဟုတ်ပါဘူး... ကြံရွယ်သူများ ကို လောကပါလ တရား က ခွင့်လွှတ်မယ် မထင်ပါဘူး..
ကျနော့် တို့ ရဲ့ အမေ ဧရာဝတီ ဟာ နှိပ်စက် ညှင်းပန်းခြင်း ကို စတင် ခံစားနေရပါပြီ.... မကြာခင် မှာ ဘဲ ကျနော် တို့ သားသမီး များ ကယ်တင်လို့ မရနိုင်တော့ တဲ့ အခြေအနေ ကို ရောက်သွားပါတော့မယ် ...
ဒါကြောင့် မိခင်ဧရာဝတီ အသက်ဆက်လက် ရှင်သန် ဘို့ မြန်မာပြည်သူ ပြည်သား တိုင်း
ဧရာဝတီ ဆည် တည်ဆောက်ရေး စီမံကိန်း ကို
ကန့်ကွက်ကြပါ... ရှုံ့ချ ကြပါ.....
မိမိ ကျရာ နေရာ က နေပြီး ဧရာဝတီ ကို ကာကွယ်ကြပါ...
အခု ကျနော် မြန်မာနိုင်ငံ အတွင်း မှာ နေပါတယ်... ဧရာဝတီ ရဲ့ အဖြစ်မှန် ကိုမသိသူ တွေ ... အများကြီး ရှိပါတယ်... ကျနော် တို့မှာ ရှင်းပြ ရမဲ့ တာဝန်တွေ အများကြီးရှိပါတယ်... အမေ့ ရဲ့ သားသမီး တွေဟာ.... အမေ့ အရိပ် ကို ခိုနေပေမဲ့ ... အမေ ကို သတ်ဖြတ်နှိပ်စက် တော့ မှာ သူတို့ မသိကြပါဘူး.. အားလုံး ဟာ မိမိဘဝ စားဝတ်နေရေး အတွက် ပင်ပန်းတကြီး အားထုတ် နေကြတဲ့ အတွက်ဖြစ်ပါတယ်....
ဒါကြောင့် အင်တာနက် သုံးတဲ့ သူတွေ ဆိုရင် ဧရာဝတီ နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ... သတင်း တွေ အားလုံး ကို ဖောဝပ်မေးလ် ပို့ကြပါ...
အင်တာနက် မသုံး တဲ့ သူတွေ အတွက်လည်း.. မိမိသိသမျှ ကို လက်လှန်းမှီသလောက် တယောက် တတ် နိုင် ရင် တယောက် ရှင်းပြဖို့ အားထုတ် ကြပါ...ဧရာဝတီ ကို ကယ်တင်ကြပါ....
ဧရာဝတီ ဟာ အစိုးရ တခုထဲရဲ့အရေး မဟုတ်ပါဘူး... မြန်မာပြည်သူ တွေ နဲ့ ဆိုင်တဲ့
အမျိုးသားရေးပါ....
အားလုံး ဘဲ အမျိုးသားရေးတာဝန် ကို ကျရာနေရာ က ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်....
အားလုံး သော အသိပညာရှင်.. အတတ်ပညာရှင်... အနုပညာရှင် များနည်းတူ... ဘလောဂ့်ဂါ အားလုံး ဟာ လည်း ကိုယ်ပိုင် ဘလောဂ့် ပေါ်ကနေ ဧရာဝတီ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် တဲ့ အကြောင်း ဆောင်းပါးတွေ .. သတင်းတွေ ရေးကြ ဖော်ပြကြ ပါတယ်....
ဒါအပြင် ကျနော့် နဲ့ ဘလောဂ့်ဂါ မိတ်ဆွေ များဟာ အခုလာမဲ့ ၂၃ ရက်၊ သောက်ကြာနေ့၊ စက်တင်ဘာလ၊ နှစ်ထောင့်ဆယ့်တစ် မှာ မိမိတို့ ရဲ့ ကိုယ်ပိုင် ဘလောဂ့် လေးများက နေပြီး ဧရာဝတီ စီမံကိန်း ကို ကန့်ကွက်ကြောင်း ဆောင်းပါးများ သတင်းများ ကို ဖော်ပြပေးဘို့ .. ရေးပြီးသား သူများ ကလည်း အသစ် ရေးတင်နိုင်ရင် ရေးပေးကြဘို့ နဲ့ .. မရေးနိုင် ရင်လည်း အဟောင်းကို ဘဲ ပြန်လည် ဖော်ပြပေး ဘို့ ဆုံးဖြတ် ထား ကြပါတယ်...
ဘလောဂ့်ဂါ အားလုံး ရေးဖို့ အဆင့်သင့် မဖြစ်ရင်လည်း ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ် ဆိုတဲ့ တကြောင်းလေး ကိုဘဲ ဖြစ်ဖြစ် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်...
ကျနော် တို့ မြန်မာဘလောဂ့်ဂါ များ အားလုံး ဧရာဝတီ ကို ချစ်သူများဖြစ်ပါတယ်... ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် ပါတယ် ဆိုတာ အလေးအနက် ထားပြီး ..
ချစ်မိတ်ဆွေ မြန်မာဘလောဂ့်ဂါ များအားလုံး
၂၃ရက် (သောက်ကြာ) နေ့ မှာ
ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ်
ဆိုတဲ့ အကြောင်း ...
အနဲဆုံး တကြောင်းဘဲ ဖြစ်ဖြစ်.... ဘလောဂ့် ပေါ် မှာ တင်ကြဖို့..
ဘလောဂ့် မောင်းထု
လို့ ရွှေစင်ဦး က ကြော်ငြာလိုက်ပရစေ....
ချစ်သော ဘလောဂ့်ဂါ အားလုံး ညီစေနော်.....
ချစ်သော စာဖတ်သူ အားလုံး ညီစေနော်.... အလှည့်ကျ မနွဲ့ ကျစတမ်း..
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
လေးစားစွာဖြင့်စာရေးသူ - ရွှေစင်ဦး
.
34 comments:
အစ်မပွေးပွေး မှောက်မှောက်။
ငပွေးလို့ရေးထားတာရယ် သပိတ်မှောက်တာရယ်တွဲပြီး အဲလိုဖြစ်သွားတာ။
အဟဲနောက်တာနော်။
အစ်မရွှေစင်
ခင်မင်လေးစားလျှက်
ဧရာဝတီကိုကာကွယ်သူများအတွက်ဂုဏ်ယူပါတယ်
ဆရာမရေ.. ဧရာဝတီကို ကာကွယ်ဖို့ရာ တစ်မျိုးသားလုံးမှာ တာဝန်ရှိပါတယ်။ တစ်မျိုးသားလုံးရဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရေးကို ထိခိုက်မယ့် မြစ်ဆုံ စီမံကိန်းကြီးကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်ဆရာမ...
အမိမြန်မာပြည်အတွက် ထိခိုက်ပျက်စီးစေမယ့် အရာအားလုံးကို ကန့်ကွက်ပါတယ်ခင်ဗျာ..
ခင်မင်စွာဖြင့်..
ဇော်သိင်္ခ
မကြီးရွှေစင်ရဲ့ ဧရာဝတီဟင်းကို လာမြည်းသွားပါတယ်...။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခြင်းမှ ထပ်ဆင့်ထောက်ခံပါသည်...။
ဧရာဝတီကိုချစ်တဲ့
မိုးငွေ့
ဘလောဂ့်ရွာ ထိပ် က ငပွေး မဖြစ်ပါ ... ရေးထားတဲ့ ပို့စ်ဟာ ... အမိမဲ့ သား ရေနည်းငါး ဆိုသလို ... ကမ္ဘာ့ အလည် မှာ မျက်နှာ ငယ်ကြရ တော့မယ်...ဆိုတာကို သေချာစွာ မြင်နိုင်စေခဲ့ပါတယ် ...
စိန်မင်းသမီးကို ပြီးမှလာဖတ်မယ်
ခုတော့ ဧရာဝတီအရေးဘဲ လှုပ်ရှားလိုက်ဦးမယ်
အစ်မရွှေစင်ရဲ့ နှိုးဆော်မှုနဲ့ ဘလော်ဂါတွေ အများစု ပါဝင်လာကြတာ အားရစရာပါဘဲ
တိုင်းပြည်အရေးဟာ လူတစ်စုအရေးမဟုတ်ပါဘူး
လူတိုင်းနဲ့ သက်ဆိုင်ပါတယ်
ကျွန်မတို့တွေလည်းတစ်တပ်တစ်အား ပါဝင်သင့်ပါတယ်နော်
မြစ်ဆုံစီမံကိန်းကြီးကို တခဲနက်ကန့်ကွက်ပါတယ်
အနိဌာရုံတွေချည်းဖန်တီး မယ့်... စီမံကိန်း ဖြစ်နေသဖြင့်
ရဲရဲတောက် ၀ံ့ဝံ့စားစား ပြင်းပြင်းထန်ထန် နာနာကျည်းကျည်း ခွက်ခွက်လန်အောင် ပိုးစိုးပက်စက် ကန့်ကွက်တယ်ဗျာ....အေးရော။
ဧရာဝတီကို မနာကြင်စေချင်သလို ဧရာဝတီငိုမှာကိုလည်း စိုးကြောက်လှပါတယ်။
စကားမစပ် မရွှေစင်က ငပွေးမဟုတ်ပါဘူး ရွာဆော်ကြီးပါ။း)))
ညီအစ်မနှစ်ယောက်စလုံးကတော့ ကလောင်သွားတွေ ထက်မြက်ပါပေတယ်။ မနက်ထဲက လှည့်လည် မျက်စိအစာကျွေးပြီး အားဖြည့်နေတား)။
အားလုံးချစ်တဲ့ ခင်တဲ့ မြတ်နိုးတွယ်တာတဲ့ မြစ်ဧရာ အခက်အခဲများကျော်လွှားပြီး ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိခင်ဧရာဝတီ အသက်သွေးကို ကာကွယ်ကြပါစို့
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်
ငပွေးမဟုတ်ပါဘူး အစ်မရွှေစင်ရေ...။
အစ်မရဲ့ ဧရာဝတီပေါ် ချစ်မြတ်နိုးမှုကို လေးစားပါတယ်။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။
ဧရာဝတီ မြစ်ကမ်း နဘေးမှာ နေလာခဲ့ တဲ့ မြေလတ်သား ပါဗျ။ ဧရာဝတီကို ချစ်တာ မန်းလေးသူ တွေထက် တော့ မလျော့ပါဘူး :)
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
ဟုတ်တယ်အစ်မ
အကြွင်းမဲ့ကန့်ကွက်ပါတယ်။
ဒီနေ့တောင်လမ်းမှာတွေ့လာသေးတယ်။
မိန်းကလေးနှစ်ယောက်
save the ayeyarwaddy ဆိုပြီး
တံဆိပ်နှိပ်ထားတဲ့အင်္ကျင်္ီလေးတွေဆင်တူဝတ်လို့
ညီမလည်းအဲလိုလုပ်ပြီးဝတ်ချင်လိုက်တာ။
ချစ်ခင်စွာဖြင့်...
မမရွှေစင်က ငပွေးဆိုရင် ညီမလေးကတော့ ငပွဖြစ်လိမ့်မယ်ထင်တယ်.... :)
ဧရာဝတီနဲ့ပတ်သက်ရင် မသိသေးတဲ့သူ၊ စိတ်မ၀င်စားတဲ့သူ၊ သိရဲ့သားနဲ့လက်ရှောင်နေတဲ့သူတွေ ရှိနေတာကို တွေ့နေရတော့လည်း မချင့်မရဲတွေဖြစ်မိပြီး ဆော်သြတာတွေများနေလို့ ကိုယ့်ကိုကိုယ် ငပွကြီးဖြစ်နေပြီထင်လို့ပါ။
ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကို ကန့်လည်းကန့်ကွက်တယ်၊ သူများတွေကန့်ကွက်တာကိုလည်း အပြည့်အ၀ထောက်ခံတယ်။
ချစ်ညီမလေး
ငပွေးပဲ ဖြစ်ဖြစ် ငပွပဲဖြစ်ဖြစ်..ဧရာဝတီ ရှင်သန်ရေးအတွက် သူ့ ကျရာနေရာကနေ အကောင်းဆုံး လုပ်နေကြသူတွေ အားလုံးကို လေးစားတယ် ထောက်ခံတယ်ဗျိုး..။
အပွေးမြင် အပင် သိ
ဖွကိ ။
မမရွှေစင်ရေ..နည်းနည်းတော့ နောက်ကျမယ်နော် ခွင့်လွတ်ပါရှင်..။
ဧရာဝတီ မြစ်ဆုံ စီးမံကိန်းကို ကန့်ကွက်ပါတယ်ရှင်။
ချစ်ခင်စွာဖြင့်။
ငပွေးဆိုလဲ ဒီလို ငပွေးမျိုးက တကယ်လိုအပ်ပါတယ် အစ်မရယ်...
ကျွန်တော်တို့ အတွက်က ဒီလိုခေါင်းဆောင်ပေးမယ့်လူ လိုအပ်နေတာပါ...
ကျွန်တော်တို့ အတူတူဆက်တိုက်ကြတာပေါ့ အစ်မ...
အသံတိတ်နဲ့လဲ ကန့်ကွက်ပါတယ်
အသံထွက်ပြီးလဲ ကန့်ကွက်ပါတယ်
ကဗျာစပ်ပြီးလဲ ကန့်ကွက်ပါတယ်
ဓါတ်ပုံပြပြီးလဲ ကန့်ကွက်ပါတယ်
စာရေးပြီးလဲ ကန့်ကွက်ပါတယ်
သီချင်းနားဆင်ပြီးလဲ ကန့်ကွက်ပါတယ်
ဧရာရေချို တပေါက်သောက်ပြီးလဲ ကန့်ကွက်ပါတယ်
စာတကြောင်း ရေးပြီးလဲ ကန့်ကွက်ပါတယ်
..........................
..........................
..........................
..........................
..........................
..........................
အမတော်ရေ ကန့်ကွက်သံတွေ ဘ၀ဂ်ညံစေ
ရွာဆော် ငပွေး မောင်းထုသံကြောင့်
အိပ်ပျော်နေတဲ့ ဘလော့ရွာသူ ရွာသားအပေါင်းနဲ့
မြန်ပြည်သူ မြန်ပြည်သားအပေါင်းတို့
ဧရာ ရှည်ကြာ စီးဆင်းစေဖို့
ဧရာဝတီ ထာဝရ တည်ရှိစေဖို့
ထာဝရ ကန့်ကွက်တဲ့ ရွာဆော်အမတော်ကို
ကျေးဇူးးးးးးးးးအထူးးးးးးးးတင်ပါတယ်
ချစ်ညီမ
.
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
ဧရာဝတီပျက်ဆီးရာပျက်ဆီးကြောင်းမှန်သမျှ အကြွင်းမဲ့
ကန့်ကွက်ပါတယ်....။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ဒီထက်မက
ကျယ်ကျယ်ပြန့် ပြန့်  လုပ်ဆောင်ကြတာပေါ့ 
ပြည်တွင်းလူငယ်တွေဆီ ဖော်ဝပ်မေးတွေ
များများစားစား ဖြန့် ဝေကြရင် ဧရာဝတီ
အတွက် တတပ်တအားပါဝင်လာနိင်ပါတယ်...
အင်း...
မမရွှေစင်ရေ..၊
ဧရာဝတီနဲ့ ကင်းခဲ့ ဘူးတဲ့ သူ မရှိခဲ့ သလို
မကင်းခဲ့ ဘူးတဲ့ သူတိုင်းလည်းဧရာဝတီကို
စောင့် ရှောက်ရမဲ့  တာဝန်တွေ ရှိပါတယ်။
ဧရာဝတီကို စောင့် ရှောက်ခြင်းဟာ အမျိုးသား
ရေးကို ကာကွယ်ခြင်း၊ သမိုင်းကို ကာကွယ်ခြင်း
အမိမြေကို ကာကွယ်ခြင်း၊ တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းပဲ
ဖြစ်ပါတယ်လို့ ။
ခွဲလို့  ရစတမ်းလားဗျာ ...။
အခု ဧရာဝတီကို ထိလာတော့  မချိအောင်နာတတ်သူတွေ အားလုံး
ထ,ပြီး ကန့် ကွက်ကုန်ကြပြီလေ..။
သူတို့ ကရော... ဧရာဝတီနဲ့  ကင်းခဲ့ လို့ 
လား၊ ဒါမှ မဟုတ် မြန်မာစစ်စစ်တွေမှ
ဟုတ်ရဲ့ လား...။
ခင်တဲ့ 
အဖြေးလူ..။
မောင်းထုတယ် တိတ်တိတ်နေပါ
ဒူ.....၀ူ...၀ူ....၀ူ...၀ူ.......................
မြန်မာပြည်သူပြည်သား အပေါင်းတို့ရေ........
တို့ရွာကို ကျော်လာပါသော ပေါက်ဖော်များအား
ခွေးနဲ့ ရှူးတိုက်ပြီးသကာလ ကျန် ငမိုက်းသားတို့အား
မီးမြိုက်စားကြပါဆို့ လေး.................................။
ပုံ/
သူကြီးမင်း ၏ တပည့်ကျော်
ရွာဆော်။
ဧရာဝတီထာဝစဉ်တည်ဖို့ ကယ်တင်ကြပါစို့။ ဧရာဝတီကို ချစ်တယ်။ ဧရာဝတီကိုအပျက်ဆီး အဆုံးရှုံးမခံနိုင်ဘူး။
ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
မရွှေစင်ဦးရေ.. ကန့်ကွက်သံတွေကတော့ တကယ်ကို ဘ၀ဂ်ညံသွားတာပဲ...အားရစရာကောင်းလိုက်တာ..
မြစ်ဆုံရေကာတာစီမံကိန်းအား အပြတ်အသတ်ကို ကန့်ကွက်ပါတယ်..
ဧရာဝတီမြစ်ရေ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ငပွေးတော့ မဟုတ်ပါဘူး မရွှေစင်ဦးရေ..၊း) ဒါပေမယ့် အပွေးမြင် အပင်သိ ဆိုသလို ဒီပို့စ်လေးတွေကို မြင်တာနဲ့ ဧရာဝတီအပေါ် ထားတဲ့ ချစ်ခင်တွယ်တာ စိတ်ကို သိနိုင်တာတော့ သေချာပါတယ်၊ ကျနော်လည်း တစ်သံ ထပ်တိုးခဲ့ပါတယ်၊ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ဆန့်ကျင်ကန့်ကွက်ပါတယ်...။
ကျွန်တော်တို့ ဆန္ဒတွေ ဖြစ်မြောက် အောင်မြင်ပါစေလို့ ဆုတောင်းမိရင်း . . .
နိင်ငံသားတိုင်း ကျရာနေရာက ကိုယ်စီတာဝန်ယူပြီး ဧရာဝတီကို ကာကွယ်ကြပါ။
နိင်ငံသမိုင်းကို ရိုင်းစေမယ့် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။
Post a Comment