ထရေစီအဖို့ ထိုသတင်းကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း တကယ်တမ်း နားနှင့်ဆတ်ဆတ် ကြားလိုက် ရချိန်တွင်မူ တုန်လှုပ်ချောက်ချားသွားသေးသည်။
" နောက်တစ်ပတ် စနေနေ့ဆိုရင် ငါထောင်က လွတ်တော့မယ်" ကပ္ပလီမကြီး အာနက်စတိုင်းက ထရေစီကို ပြောလာသည်။
ထိုစကားလုံးများသည် ထရေစီကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဆွီဒင် ယောက်ျား-မိန်းမကြီး ဘာသာ က မိမိအား ရိသဲ့သဲ့လာပြောသည့် စကားများကိုပင် အာနက်စတိုင်းအား ထရေစီ ပြောမပြ တော့ပေ။ ပြောပြ ၍လည်း အကြောင်းမထူးနိုင်တော့။ မိမိအား အကာအကွယ်ပေး ကူညီရန် အာနက်စတိုင်း ရှိတော့မည် မဟုတ်ပါချေ။
ထရေစီအား သူ့အခန်းတွင် ပြောင်းထားပေးရန် ဆွီဒင်မကြီး၌ ထိုမျှလောက် သြဇာအာဥာရှိမည်မှာ သေချာ သည်။ ထရေစီ အဖို့ ထိုကိစ္စကို ရှောင်ရှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ထောင်မှူးအား အကျိုး အကြောင်း တင်ပြ ပြောကြားရမည့် နည်းလမ်းပင်ဖြစ်သည်။ ထိုနည်းလမ်းကို လိုက်ပါက မိမိပင် ထောင်သား များ၏ ၀ိုင်းဝန်း အမှည့်ခြွေခြင်းကို ခံရပြီး လုံးပါးပါးကာ အသက်ပင် ပျောက်သွားနိုင်သည်။
ထရေစီအဖို့ ဤထောင်မှ လွတ်မြောက်အောင် လုပ်ရေးသည်သာ ထွက်ရပ်လမ်းဖြစ်ပေမည်။ ထရေစီနှင့် အာနစ်စတိုင်း တို့သည် ထရေစီ ထောင်ဖောက်ပြေးရေးအတွက် ဖြစ်နိုင်မည့် နည်းလမ်းများကို စဉ်းစား ကြပြန် သည်။ သို့သော် စိတ်ကျေနပ်ဖွယ် နည်းလမ်းဟူ၍ ရှာမတွေ့ဘဲ ဖြစ်နေသည်။
" အပြင် က စောင့်ကြိုမယ့်ကားလဲ မင်းအတွက် မရနိုင်ဘူး၊ အပြင်က အကူအညီပေးမယ့်သူလဲ မင်းမှာ တစ် ယောက်မှ မရှိနိုင်ဘူး၊ ဒီတော့ ထွက်ပြေးရင် ပြန်မိသွားမှာပဲ၊ ဒါဆိုရင် အဆိုးဆုံး အခြေအနေကို မင်း ရောက် သွားမယ်" အာနက်စတိုင်းက တွက်ပြသည်။
အာနက်စတိုင်း ထောင်မှမလွတ်မီ ခုနစ်ရက်အလို စနေနေ့ နံနက်ခင်းအချိန် ဖြစ်သည်။ ထောင်မှူးကြီးကတော်က သမီးဖြစ်သူ အေမီကို နယူးအော်လင်းမြို့သို့ စနေ၊ တနင်္ဂနွေရက်အား အပန်းဖြေ ခရီး ခေါ်သွားသဖြင့် ထရေစီသည် ထိုနေ့က ထောင် မီးဖိုချောင်၌ အလုပ်ပြန်ဆင်းနေရသည်။
" မင်း ကလေးထိန်းအလုပ်က ဘယ့်နှယ် နေသလဲ " အာနစ်စတိုင်းက မေးသည်။
" ကောင်းပါတယ်" ထရေစီက ဖြေသည်။
" အဲဒီ ကလေးမကလေးကို ငါ မြင်ဖူးတယ်၊ သွက်သွက်လက်လက်နဲ့ ချစ်စရာကလေးပဲ "
" ဟတ်ပါတယ် "
" ငါလဲ ထောင်က လွတ်တော့မှာမို့ ၀မ်းသာနေတယ်၊ ငါမင်းကို တစ်ခု ပြောခဲ့ရဦးမယ်၊ ငါ ဒီထောင်ထဲကို ဘယ်တော့မှ ပြန် မလာတော့ဘူး၊ တကယ်လို့ ငါနဲ့ ငါ့ယောက်ျား အယ်လ်တို့က မင်းအတွက် အပြင်က နေပြီး ကူညီပေးနိုင်တာရှိရင် ... "
" လာ ... အဲဒီကနေ တွန်းလာ "
အာနက်စတိုင်း၏ စကားမဆုံးမီမှာပင် ယောက်ျား အသံတစ်သံပေါ်လာ၍ ထရေစီ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ လျှော်ဖွပ်ရမည့် အ၀တ်အစားဟောင်းများအား အပုံလိုက်ကြီး တင်လာသည့် လက်တွန်းလှည်း တစ်စီးကို တွန်းလာသော လူတစ်ယောက်ကို ထရေစီ မြင်လိုက်ရသည်။ ထိုသူက လက် တွန်းလှည်း အား ထွက်ပေါက်အ၀ဘက်သို့ တွန်းသွားနေသည်ကို စောင့်ကြည့်ရင်းမှ ထရေစီ စိတ်ထဲ၌ ဇဝေဇ၀ါ ဖြစ်လာသည်။
" အခု ငါပြောချင်တာက တို့လင်မယားနှစ်ယောက် မင်းကို အပြင်က ကူညီနိုင်တာရှိရင် ... "
" အာနီ ... ဟိုမှာ လျှော်ရမယ့် အ၀တ်တွေ လက်တွန်းလှည်းနဲ့ တင်သွားတာက ဘာလုပ်ဖို့လဲဟင် ...၊ ဒီ ထောင်မှာ ကိုယ်ပိုင် အ၀တ်လျှော်စက်လဲ ရှိလျက်သားနဲ့ ... တစ်မျိုးပဲနော် "
အာနက်စတိုင်း စကားမဆုံးမီမှာပင် ထရေစီက ဒုတိယအကြိမ် စကားဖြတ်ပြီး မေးလိုက်ပြန်သည်။
" အဲဒီ အ၀တ်အစားတွေက ထောင်အရာရှိတွေနဲ့ အစောင့်တွေရဲ့ အ၀တ်အစားတွေလေ၊ သူတို့ အ၀တ် အစားတွေကို ထောင်အပြင်မှာ ဒိုဘီပေးတယ်၊ ထောင်ကျတွေရဲ့ အ၀တ်အစားတွေကိုပဲ ထောင်ထဲမှာ လျှော်တာ အစောင့်တွေရဲ့ အ၀တ်အစားတွေကို ထောင်ထဲမှာ လျှော်ရင် ဒိုဘီတာဝန်ကျတဲ့ ထောင်ကျ တွေက ကြယ်သိးတွေ ဖြုတ်ပစ်တယ်၊ အင်္ကျီလက်တွေ ဖြတ်ပစ်တယ်၊ေ့ရေစုတ်ပြဲ တွန့်လိမ်ကုန် အောင် လုပ်ပစ်ကြတယ်လေ၊ ဒါကြောင့် ထောင်ထဲက ဒိုဘီမှာ မပေးရဲတော့လို့ အပြင်ပို့ပြီး ပေးရတာ " အာနက်စတိုင်း က ရှင်းပြသည်။
သူ့စကား ကို ထရေစီ ဆက်မကြားတော့။
မိမိအတွက် လွတ်လမ်းကို စိတ်ကူး သိမြင်လာချေပါပြီ တကား။
----------------
" နောက်တစ်ပတ် စနေနေ့ဆိုရင် ငါထောင်က လွတ်တော့မယ်" ကပ္ပလီမကြီး အာနက်စတိုင်းက ထရေစီကို ပြောလာသည်။
ထိုစကားလုံးများသည် ထရေစီကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဆွီဒင် ယောက်ျား-မိန်းမကြီး ဘာသာ က မိမိအား ရိသဲ့သဲ့လာပြောသည့် စကားများကိုပင် အာနက်စတိုင်းအား ထရေစီ ပြောမပြ တော့ပေ။ ပြောပြ ၍လည်း အကြောင်းမထူးနိုင်တော့။ မိမိအား အကာအကွယ်ပေး ကူညီရန် အာနက်စတိုင်း ရှိတော့မည် မဟုတ်ပါချေ။
ထရေစီအား သူ့အခန်းတွင် ပြောင်းထားပေးရန် ဆွီဒင်မကြီး၌ ထိုမျှလောက် သြဇာအာဥာရှိမည်မှာ သေချာ သည်။ ထရေစီ အဖို့ ထိုကိစ္စကို ရှောင်ရှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ထောင်မှူးအား အကျိုး အကြောင်း တင်ပြ ပြောကြားရမည့် နည်းလမ်းပင်ဖြစ်သည်။ ထိုနည်းလမ်းကို လိုက်ပါက မိမိပင် ထောင်သား များ၏ ၀ိုင်းဝန်း အမှည့်ခြွေခြင်းကို ခံရပြီး လုံးပါးပါးကာ အသက်ပင် ပျောက်သွားနိုင်သည်။
ထရေစီအဖို့ ဤထောင်မှ လွတ်မြောက်အောင် လုပ်ရေးသည်သာ ထွက်ရပ်လမ်းဖြစ်ပေမည်။ ထရေစီနှင့် အာနစ်စတိုင်း တို့သည် ထရေစီ ထောင်ဖောက်ပြေးရေးအတွက် ဖြစ်နိုင်မည့် နည်းလမ်းများကို စဉ်းစား ကြပြန် သည်။ သို့သော် စိတ်ကျေနပ်ဖွယ် နည်းလမ်းဟူ၍ ရှာမတွေ့ဘဲ ဖြစ်နေသည်။
" အပြင် က စောင့်ကြိုမယ့်ကားလဲ မင်းအတွက် မရနိုင်ဘူး၊ အပြင်က အကူအညီပေးမယ့်သူလဲ မင်းမှာ တစ် ယောက်မှ မရှိနိုင်ဘူး၊ ဒီတော့ ထွက်ပြေးရင် ပြန်မိသွားမှာပဲ၊ ဒါဆိုရင် အဆိုးဆုံး အခြေအနေကို မင်း ရောက် သွားမယ်" အာနက်စတိုင်းက တွက်ပြသည်။
အာနက်စတိုင်း ထောင်မှမလွတ်မီ ခုနစ်ရက်အလို စနေနေ့ နံနက်ခင်းအချိန် ဖြစ်သည်။ ထောင်မှူးကြီးကတော်က သမီးဖြစ်သူ အေမီကို နယူးအော်လင်းမြို့သို့ စနေ၊ တနင်္ဂနွေရက်အား အပန်းဖြေ ခရီး ခေါ်သွားသဖြင့် ထရေစီသည် ထိုနေ့က ထောင် မီးဖိုချောင်၌ အလုပ်ပြန်ဆင်းနေရသည်။
" မင်း ကလေးထိန်းအလုပ်က ဘယ့်နှယ် နေသလဲ " အာနစ်စတိုင်းက မေးသည်။
" ကောင်းပါတယ်" ထရေစီက ဖြေသည်။
" အဲဒီ ကလေးမကလေးကို ငါ မြင်ဖူးတယ်၊ သွက်သွက်လက်လက်နဲ့ ချစ်စရာကလေးပဲ "
" ဟတ်ပါတယ် "
" ငါလဲ ထောင်က လွတ်တော့မှာမို့ ၀မ်းသာနေတယ်၊ ငါမင်းကို တစ်ခု ပြောခဲ့ရဦးမယ်၊ ငါ ဒီထောင်ထဲကို ဘယ်တော့မှ ပြန် မလာတော့ဘူး၊ တကယ်လို့ ငါနဲ့ ငါ့ယောက်ျား အယ်လ်တို့က မင်းအတွက် အပြင်က နေပြီး ကူညီပေးနိုင်တာရှိရင် ... "
" လာ ... အဲဒီကနေ တွန်းလာ "
အာနက်စတိုင်း၏ စကားမဆုံးမီမှာပင် ယောက်ျား အသံတစ်သံပေါ်လာ၍ ထရေစီ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ လျှော်ဖွပ်ရမည့် အ၀တ်အစားဟောင်းများအား အပုံလိုက်ကြီး တင်လာသည့် လက်တွန်းလှည်း တစ်စီးကို တွန်းလာသော လူတစ်ယောက်ကို ထရေစီ မြင်လိုက်ရသည်။ ထိုသူက လက် တွန်းလှည်း အား ထွက်ပေါက်အ၀ဘက်သို့ တွန်းသွားနေသည်ကို စောင့်ကြည့်ရင်းမှ ထရေစီ စိတ်ထဲ၌ ဇဝေဇ၀ါ ဖြစ်လာသည်။
" အခု ငါပြောချင်တာက တို့လင်မယားနှစ်ယောက် မင်းကို အပြင်က ကူညီနိုင်တာရှိရင် ... "
" အာနီ ... ဟိုမှာ လျှော်ရမယ့် အ၀တ်တွေ လက်တွန်းလှည်းနဲ့ တင်သွားတာက ဘာလုပ်ဖို့လဲဟင် ...၊ ဒီ ထောင်မှာ ကိုယ်ပိုင် အ၀တ်လျှော်စက်လဲ ရှိလျက်သားနဲ့ ... တစ်မျိုးပဲနော် "
အာနက်စတိုင်း စကားမဆုံးမီမှာပင် ထရေစီက ဒုတိယအကြိမ် စကားဖြတ်ပြီး မေးလိုက်ပြန်သည်။
" အဲဒီ အ၀တ်အစားတွေက ထောင်အရာရှိတွေနဲ့ အစောင့်တွေရဲ့ အ၀တ်အစားတွေလေ၊ သူတို့ အ၀တ် အစားတွေကို ထောင်အပြင်မှာ ဒိုဘီပေးတယ်၊ ထောင်ကျတွေရဲ့ အ၀တ်အစားတွေကိုပဲ ထောင်ထဲမှာ လျှော်တာ အစောင့်တွေရဲ့ အ၀တ်အစားတွေကို ထောင်ထဲမှာ လျှော်ရင် ဒိုဘီတာဝန်ကျတဲ့ ထောင်ကျ တွေက ကြယ်သိးတွေ ဖြုတ်ပစ်တယ်၊ အင်္ကျီလက်တွေ ဖြတ်ပစ်တယ်၊ေ့ရေစုတ်ပြဲ တွန့်လိမ်ကုန် အောင် လုပ်ပစ်ကြတယ်လေ၊ ဒါကြောင့် ထောင်ထဲက ဒိုဘီမှာ မပေးရဲတော့လို့ အပြင်ပို့ပြီး ပေးရတာ " အာနက်စတိုင်း က ရှင်းပြသည်။
သူ့စကား ကို ထရေစီ ဆက်မကြားတော့။
မိမိအတွက် လွတ်လမ်းကို စိတ်ကူး သိမြင်လာချေပါပြီ တကား။
----------------
(၁၁)
" ဂျော့ ... ထရေစီကို ကျွန်မတို့ ကလေးထိန်းအဖြစ် ဆက်မထားသင့်တော့ဘူးလို့ ထင်တယ်"
ထောင်မှူးကြီး ဘရန်နင်ဂန်သည် ဇနီးသည်၏ စကားသံကို ကြားလိုက်ရသဖြင့် သတင်းစာ ဖတ်နေရာမှ မော်ကြည့်လိုက်ပြီး မေးလိုက်သည်။
" ဘာများ ပြဿနာဖြစ်လို့လဲ "
" ပြဿနာရယ်လို့တော့ တိတိကျကျ မပေါ်ပါဘူး၊ ဒါပေမယ့် ထရေစီဟာ သမီးလေး အေမီကို သဘောကျနှစ် သက်ပုံ မရဘူးလို့ ကျွန်မ ထင်တယ်၊ ထရေစီဟာ ကလေး မချစ်တတ်တဲ့ ပုံမျိုးပဲ "
" သူ အေမီ ကို ရိုက်တာတို့၊ အော်တာ ငေါက်တာတို့များ လုပ်သလား "
" ဒါမျိုးတော့ မလုပ်ပါဘူး "
" ဒါဖြင့် ဘာဖြစ်လို့လဲ "
" မနေ့ကလေ ... အေမီက ထရေစီဆီ ပြေးသွားပြီး ထရေစီခါးကို သူ့လက်နဲ့ လှမ်းဖက်တယ်၊ ထရေစီက အဖက်မခံဘဲ အေမီ့လက်ကို တွန်းဖယ်ပစ်လိုက်တယ်၊ အေမီက ထရေစီကို တော်တော်လေးသံယောဇဉ် ဖြစ်နေပုံ တွယ်တာပုံ ရတယ်၊ အဲ့ဒါကို ကျွန်မတော့ သိပ်ဘ၀င် မကျဘူး၊ အမှန်အတိုင်း ပြောရရင် နည်းနည်း တောင် မနာလိုချင်သလိုလိုပင် မောင်ရယ် "
ထောင်မှူးကြီး က ရယ်လိုက်သည်။
" ဟား ... ဟား ... မိန်းမရယ်၊ ဒါကတော့ အနေနီးရင် သံယောဇဉ်တွယ်ကြတာ ဓမ္မတာပါပဲ၊ စိုးရိမ်စရာ သိပ် မရှိပါဘူး၊ အေမီအတွက် ကလေးထိန်း နေရာမှာတော့ ထရေစီဟာ အသင့်တော်ဆုံးပဲလို့ ငါထင်တယ်၊ အေး တကယ် လို့ ထရေစီက မင်းအပေါ် ပြဿနာ လုပ်လာတယ်ဆိုရင် ငါ့ကိုပြော၊ ငါတစ်ခုခု ကြည့်စီစဉ် ပေးမယ်"
" အင်း ... ကောင်းပြီလေ "
ထောင်မှူးကြီးကတော် ဆူးအယ်လင်သည် ပြောသာ ပြောလိုက်ရသော်လည်း စိတ်ထဲကတော့ ဘ၀င် မကျလှ ပေ။ ထိုကိစ္စမှာ ထိုမျှနှင့် ပြီးမသွားပါချေ။
(စာမျက်နှာ တမျက်နှာ ပျောက်နေပါသည်)
ခြင်းထဲဝင်နေ၊ အပေါ်ကနေပြီး ဒိုဘီပေးမယ့် အ၀တ်ဟောင်းတွေနဲ့ ဖုံးအုပ်လိုက်ရင် အား ... သိပ်ဖြစ်နိုင် တာပေါ့၊ မင်းအကြံမဆိုးဘူး"
ထရေစီက ခေါင်းညိတ်ပြလိုက်သည်။
" ဒါဖြင့် ... ကျွန်မကို ကူညီမလား အာနီ"
ကပ္ပလီမကြီးက တစ်ခဏ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေသည်။
" အေး ... ငါမင်းကို ကူညီမယ် မင်းကို ငါ ဒီလိုကူညီတာဟာ ငါ့ရဲ့ပြိုင်ဘက် ဆွီဒင်မကြီး ဘာသာကို နောက်ဆုံး ထိုးနှက်နိုင်မယ့် အကွက်ဖြစ်လို့ပဲ "
ထရေစီက ခေါင်းညိတ်ပြလိုက်သည်။
" ဒါဖြင့် ... ကျွန်မကို ကူညီမလား အာနီ"
ကပ္ပလီမကြီးက တစ်ခဏ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေသည်။
" အေး ... ငါမင်းကို ကူညီမယ် မင်းကို ငါ ဒီလိုကူညီတာဟာ ငါ့ရဲ့ပြိုင်ဘက် ဆွီဒင်မကြီး ဘာသာကို နောက်ဆုံး ထိုးနှက်နိုင်မယ့် အကွက်ဖြစ်လို့ပဲ "
ထရေစီ ၏ ထောင်ဖောက် ပြေးရေး အကြံအစည်ကို အတွင်းလူများ သိရှိသွားကြသည်မှာ မဆန်းပါချေ။
အာနက်စတိုင်း ၏ ကူညီမှုကြောင့် ထရေစီ၏ ထွက်ပြေး လွတ်မြောက်ရေး အကြံအစည်မှာ စတင်ပုံပေါ်လာ သည်။ အာနက်စတိုင်းက ထရေစီအတွက် အ၀တ်အစားချုပ်ရန် ကိုယ်အတိုင်းယူသည်။ လိုလာက စက်ချုပ် ရုံမှနေ၍ အ၀တ်အထည်စများ မသိမသာ ယူလာသည်။ ထောင်ကျနေသော စက်ချုပ်သမတစ်ယောက်ကို ပေါ်လီတာ က စည်းရုံးပြီး ထရေစအတွက် အ၀တ်တစ်စုံချုပ်ခိုင်းသည်။ ထောင်သုံး ရှူးဖိနပ်တစ်ရန် ကိုလည်း စတိုမှ ခိုးယူလာခဲ့ပြီး ၀တ်စုံနှင့် အရောင် ဆင်တူဖြစ်အောင် ဆေးဆိုးလိုက်သည်။ ဦးထုပ်၊ လက်အိတ် နှင့် လက်ကိုင်အိတ်တို့လည်း တစ်မုဟုတ်ချင်း မျက်လှည့်ပြလိုက်သလို ပေါ်လာသည်။
" မင်းအတွက် မှတ်ပုံတင်ကတ်ပြားရဖို့လဲ ငါ စီစဉ်ထားတယ်၊ နောက်ထပ် မင်းအတွက် လိုနေသေးတာက အကြွေဝယ်ခွင့် ကတ်ပြားတွေရယ်နဲ့ ယာဉ်မောင်းလိုင်စင်ပဲ၊ အာနက်စတိုင်းကပြောသည်။
" ဒါတွေ ကျွန်မ ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ "
" ဒီကိစ္စတွေကို ငါ့တာဝန် ထားလိုက်စမ်းပါကလေးရယ် " အာနက်စတိုင်းက ပြုံးပြုံးကြီး ပြောလိုက်သည်။
ထိုနေ့ ညနေ တွင် အာနက်စတိုင်းက ထရေစီအား အကြွေးဝယ်ခွင့် ကတ်ပြားသုံးခု ပေးလိုက်သည်။ ထိုကတ်ပြားပေါ် မှ ပိုင်ရှင်နာမည်မှာ "ဂျိမ်းစမစ်" ဖြစ်သည်။
" မင်းအတွက် နောက်ထပ် ယာဉ်မောင်းလိုင်စင်ပဲ လိုတော့တယ် "
ထိုနေ့ည သန်းခေါင်ယံကျော်ကျော် အချိန်ခန့်တွင် သူတို့၏ အိပ်ဆောင်အခန်း တံခါးကို ဖွင့်နေသည့်အသံ ထရေစီ ကြားရသည်။ ထို့နောက် အခန်းထဲသို့ တစ်စုံတစ်ယောက် ခြေဖော့နင်းပြီး ၀င်လာသည်။ ထရေစီ အိပ်စင်ပေါ်၌ ထထိုင်လိုက်သည်။ ကာကွယ်ရန်လည်း အသင့် ပြင်ထားလိုက်သည်။
ကြားရသည် ဆိုရုံ ခပ်တိုးတိုးလေသံလေးဖြင့် အသံတစ်သံပေါ်လာသည်။
" ၀ှစ်တနေ ... လာသွားမယ် "
သူတို့အတွက် ယုံကြည် စိတ်ချရသူတစ်ဦး ဖြစ်သော လီလီယန်၏အသံဖြစ်မှန်း ထရေစီ မှတ်မိသည်။
" ရှင် ဘာလုပ်မလို့လဲဟင် ... ဘာလုပ်မလို့လဲ " ထရေစီက စိုးရိမ်သံဖြင့် မေးလိုက်သည်။
" စကား ရှည်မနေနဲ့၊ ပါးစပ်ပိတ်ပြီး လိုက်သွားစမ်း "
အာနက်စတိုင်း၏ အသံက အမှောင်ထုထဲမှ ပေါ်လာသည်။
" မြန်မြန်လုပ်မှ ဖြစ်မယ်၊ မိသွားရင် ... တို့နှစ်ယောက်စလုံး မလွယ်ဘူး၊ လာ ... သွားမယ်" လိလိယန်က ခပ်တိုးတိုးပင်ပြောလာပြန်သည်။
" ကျွန်မတို့ ဘယ်သွားမှာလဲဟင် "
အမှောင်ထဲထဲတွင် လီလီယန်နောက်မှ လိုက်လာရင်း ထရေစီက မေးလိုက်သည်။ သူတို့သည် အိပ်ဆောင် စင်္ကြံအတိုင်း လျှောက်လာပြီး လှေကားထစ်များမျနေ၍ အပေါ်ထပ်သို့တက်လာသည်။ အပေါ်ထပ်တွင် အစောင့် များ မရှိမှန်း သေချာမှ အခန်းတစ်ခန်းဆီသို့ ခပ်သုတ်သုတ် လျှောက်သွားသည်။ ထိုအခန်းသည် ထရေစီ ထောင်ထဲစရောက်သည့်နေ့က လက်ဗွေရာယူပြီး ဓာတ်ပုံ ရိုက်ခံခဲ့ရသော အခန်းပင်ဖြစ်သည်။
လီလီယန် က အခန်းတံခါးကို အသာ တွန်းဖွင့်ပြီး ပြောသည်။
" လာ ... အထဲဝင် "
ထရေစီသည် လီလီယန်နောက်မှနေပြီး အခန်းထဲသို့ ၀င်လိုက်သွားသည်။ အခန်းထဲတွင် အခြားထောင်ကျ တစ်ဦးက အသင့်စောင့်နေသည်။
" နံရံမျာ ကျောမှီပြီးရပ်လိုက် "
အခန်းထဲတွင် စောင့်နေသော ထောင်ကျ အမျိုးသမီးက ပြောလာသည်။ သူလည်း အနည်းငယ် စိုးရိမ်တုန် လှုပ်နေပုံ ရသည်။ ထရေစီက နံရံတွင် သွားပြီး ကျောမှီရပ်လိုက်သည်။
" ကင်မရာကို ကြည့်ပါ၊ စိတ်ကိုလျှော့ပြီး နည်းနည်းကလေး ပြုံးလိုက် "
ထရေစီက သူပြောသည့်အတိုင်း ကြိုးစားပြီး လိုက်လုပ်ပေးသည်။ တကယ်တော့ ရင်ခုန်စရာလည်းကောင်း သည်။ ရယ်စရာလည်းကောင်းသည်။
ဓာတ်ပုံ ရိုက်လိုက်သည့်အသံ ကလစ် ခနဲ ပေါ်လာသည်။
" ရှင့်ဓာတ်ပုံ မနက်ကျရင်ရမယ်၊ အဲဒါ ... ရှင့်အတွက် ကားမောင်းလိုင်စင် လုပ်ဖို့ပဲ၊ ကဲ ပြန်ပေတော့၊ မြန်မြန် သွား"
ဓာတ်ပုံရိုက်ပေးသူက ပြောသည်၊ လီလီယန်နှင့် ထရေစီတို့ ထိုအခန်းထဲမှ ခပ်သုတ်သုတ် ထွက်လာသည်။ လမ်း တွင် လီလီယန်က ထရေစီကို ခပ်တိုးတိုးမေးသည်။
" ရှင့်ကို အိပ်ဆောင်အခန်း ပြောင်းထားတော့မယ်လို့ ကျွန်မ ကြားတယ် "
" ဘာ ... ဘယ်လို "
" ရှင် မသိသေးဘူးလား၊ ရှင့်ကို ဆွီဒင်မကြီးဘာသာ ရဲ့ အိပ်ဆောင်အခန်းကို ပြောင်းပေးလိမ့်မယ်"
ထရေစီ သူမအိပ်ဆောင်အခန်းသို့ ပြန်ရောက်သောအခါ အာနက်စတိုင်း၊ လိုလာနှင့် ပေါ်လီတာတို့က စောင့်မျှော်နေသည်။
" ဘယ့်နှယ်လဲ အဆင်ပြေရဲ့လား " အာနက်စတိုင်းကမေးသည်။
" ပြေပါတယ်" ထရေစီက ဖြေသည်။
သို့သော် ထရေစိ၏ စိတ်ထဲကမူ အခန်းပြောင်းရမည့် ကိစ္စကိုသာ စိတ်ပူနေသည်။
"မင်းအတွက် ၀တ်စုံလဲ စနေနေ့ကျရင် အသင့်ဖြစ်နေလိမ့်မယ်" ပေါ်လီတာက ပြောသည်။
စနေနေ့ ကပ္ပလီမကြီး အာနက်စတိုင်း ထောင်မှ လွတ်မည့်နေ့။ မိမိအတွက် နောက်ဆုံးနေ့ဟု ထရေစီ စိတ်ထဲ မှ ပြောလိုက်သည်။
အာနက်စတိုင်း က ထရေစီကို ခပ်တိုးတိုးပြောလာသည်။
" အားလုံး အဆင်ချောနေတယ်၊ ဒိုဘီအ၀တ်တွေကို လာယူမည့် ကားဟာ စနေနေ့ မွန်းလဲ ၂-နာရီမှာ ရောက်လာလိမ့်မယ်၊ အ၀တ်ဟောင်းတွေ ထည့်မယ့် သိုမယ့် အခန်းကို မင်းတစ်နာရီခွဲအရောက် လာရလိမ့်မယ်၊ အစောင့်အတွက် မင်းပူစရာမလိုဘူး၊ လိုလာက အဲဒီအစောင့်ကို ဟိုဘက်အခန်းမှာ အလုပ် များနေအောင် လုပ်ထားလိမ့်မယ်၊ ပေါ်လီတာက မင်းကို အ၀တ်ဟောင်းတွေထားတဲ့ အခန်းကနေပြီး စောင့်နေလိမ့်မယ်၊ မင်းဝတ်သွားရမယ့် ၀တ်စုံလဲ သူ့ဆီမှာ အသင့်ရှိလိမ့်မယ်၊ မင်းယူသွားမည့် လက်ကိုင် အိတ်ထဲမှာ မှတ်ပုံတင် ကတ်ပြားကို အသင့် ထည့်ထားပေးမယ်၊ မွန်းလွဲ ၂-နာရီ ၁၅-မိနစ်မှာ ဒိုဘီကားနဲ့ မင်း ဒီထောင်ထဲက ထွက်သွားရမယ် မှတ်မိရဲ့လား"
ထရေစီ ခေါင်းညိတ်ပြလိုက်သည်။ သူမအဖို့ အသက်ရှူရပ်သွားမလောက်ပင် ဖြစ်ရသည်။ လွတ်မြောက်ရေး လမ်းကို ကြားသိရရုံဖြင့်ပင် သူမ တုန်လှုပ်လာသည်။ သို့သော် အခက်အခဲများနှင့် ရင်ဆိုင်ရပေမည်။ အဆင် မပြေလျှင် အသက်ပင် စွန့်ရလိမ့်မည်။ ဘာပဲဖြစ်ဖြစ် စွန့်စားတော့မည်။
ထရေစီနှင့် ပတ်သက်ပြီး ကပ္ပလီမကြီးအာနက်စတိုင်းနှင့် ဆွီဒင်မကြီးဘာသာတို့ အပြိုင်ဖြစ်နေကာ ရန် စောင်နေကြသည်ကို ထောင်ထဲမှ လူ အတော်များများက သိသည်။ ထရေစီအား ဘာသာအခန်းသို့ ပြောင်း ထားတော့မည်ကိုလည်း သိလာကြသည်။ သို့သော် ထရေစီ ထွက်ပြေးမည့်အကြံကို ဘာသာအား မည်သူက မျှ တကူးတက မပြောပါချေ။ ထိုသတင်းမျိုးကို ဘာသာ ကြားလိုမည်မဟုတ်။ မကြားလိုသော သတင်းကို ကြားလိုက်ရပါက ပြောသူပင် သူ၏ ဒေါသဒဏ် သင့်သွားနိုင်သည်။ ထို့ကြောင့် မည်သူကမျှ ကြိုကြို တင်တင် တကူးတက သတင်းမပေးဝံ့ပါချေ။
ထရေစီ ထွက်ပြေးမည့် နံနက်ကျမှ ထိုအစီအစဉ်ကို ဘာသာသိရသည်။ ထရေစီအား ကားလိုင်စင် လုပ်ရန် ဓာတ်ပုံရိုက်ပေး လိုက်သည့် ထောင်ကျ အမျိုးသမီး က ဘာသာအား ပြောပြခြင်းဖြစ်သည်။ ဘာသာက ငြိမ် နားထောင်နေပြီး တစ်ခုတည်းသာ ပြန်မေးသည်။
" ဘယ်အချိန်လဲ ... "
" ဒီနေ့ မွန်းလွဲ ၂-နာရီမှာ ... အ၀တ်ဟောင်းတွေထည့်တဲ့ ဒိုဘီခြင်းအောက်မှာ ပုန်းပြီး လိုက်သွားမှာ "
ဆွီဒင်မကြီး ဘာသာသည် အတော်ကြာအောင် ငြိမ်ပြီး စဉ်းစားနေသည်။ နောက် လုံခြုံရေးတာဝန်ခံထံသွား ပြီး ပြောသည်။
" ငါထောင်မှူးကြီး နဲ့ အခုချက်ချင်း တွေ့ချင်တယ် "
ထိုညက ထရေစီ တစ်မှေးမှအိပ်မပျော်၊ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်စိကြောင်နေသည်။ ထရေစီသည် အိပ်စင်ပေါ် ၌ ဘယ်လူးညာလိမ့် ဖြစ်နေသည်။ အိပ်၍ မပျော်သော မျက်လုံးအစုံသည် အမှောင်ထုကို ထိုးဖောက်ပြီး မိမိ ၏ အတိတ်မှ အရိပ်များကို တရေးရေး ပြန်လည် မြင်ယောင်လာသည်။
ငယ်စဉ် ကလေးဘ၀မှနေ၍ ထောင်ထဲ ရောက်လာသည်အထိ တရေးရေး ပြန်လည် မြင်ယောင်လာ သည်။
နံနက်အိပ်ရာထ ခေါင်းလောင်းသံ မြည်လာသည်။ ထရေစီ အိပ်စင်ပေါ်၌ ခြေတွဲလဲချပြီး ထိုင်လိုက်သည်။ ကပ္ပလီမကြီး အာနက်စတိုင်း က ထရေစီကို လှမ်းမေးလိုက်သည်။
" မင်း စိတ်လှုပ်ရှားနေသလား ... ကလေး "
" ဟင့်အင်း ... မလှုပ်ရှားပါဘူး "
ထရေစီ လိမ်ပြောလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းတွေက ခြောက်ပြီး နှလုံးခုန်မြန်နေသည်။
" အေး ... ဒီနေ့ဒီနေရာကနေပြီး တို့ နှစ်ယောက်စလုံးခွာကြမယ် "
" အင်း ... " ထရေစီကမနည်းအားယူပြီး အင်း လုက်ရသည်။
" မင်းထောင်မှူး အိမ်ကနေပြီး တစ်နာရီအမီ ထွက်လာနိုင်မှာ သေချာရဲ့လား "
" သေချာပါတယ်၊ အေမီဟာ နေ့လယ်စာ စားပြီးရင် အိပ်နေကျပဲ "
" ရှင် နောက်ကျနေလို့ မဖြစ်ဘူးနော်၊ နောက်ကျရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး" ပေါ်လီတာက ၀င် ပြောသည်။
" နောက်မကျစေရပါဘူး "
ကပ္ပလီမကြီးက သူ့မွေ့ရာအောက်ကို လက်နှိုက်ပြီး ဆွဲထုတ်လိုက်ရာ ပိုက်ဆံများကို လိပ်ထားသော အလိပ်ကလေး တစ်လိပ် လက်ထဲ၌ ပါလာသည်။
" အပြင်ရောက်ရင် မင်းအတွက် လတ်တလော သုံးဖို့ ငွေလိုလိမ့်မယ်၊ ရော့-ဒီမှာ ဒေါ်လာ ၂၀၀ ရှိတယ်၊ နည်း တော့ နည်းပေမယ့် လောလောဆယ် သုံးဖို့ ရတာပေါ့ "
" အာနီ ကျွန် ... ကျွန်မ ဘယ်လိုပြောရမှန်း ... "
" တော်တော့ ... ပါးစပ်ပိတ်ထား၊ လုပ်စရာရှိတာသာ မမှားမယွင်းအောင် ဆက်လုပ်ပေတော့ "
ထရေစီသည် နံနက်စာ ဂျုံပြုတ်ကို မနည်းမျိုချနေရသည်။ တစ်ကိုယ်လုံး တောင့်တင်း နေသလို ခံစားနေရ သည်။ ဒီတစ်နေ့ ... ဒီနေ့ကိုဖြင့် မဖြစ်ဖြစ်အောင် ကျော်လွှားရပေမည်။ မီးဖိုထဲတွင် တိတ်ဆိတ်နေသည်။ အတွင်းသိ များက သူမ၏ အခြေအနေကို မသိမသာ အကဲခတ်နေသည်။
မကြာမီ ထူးခြားသည့် ဖြစ်ရပ်ကြီးဖြစ်လာပေတော့မည်။ ဤဇာတ်လမ်းတွင် မိမိကဇာတ်လိုက်။ နောက်ထပ် လေးငါးခြောက်နာရီအကြာတွင် ဇာတ်သိမ်းသည့်အခါ မိမိသည် လွတ်မြောက်ကောင်း လွတ်မြောက်နေမပ လိမ့်မည်။ သို့မဟုတ် အသက်ပျောက်ကောင်း ပျောက်နေပေလိမ့်မည်။
ထရေစီအဖို့ ဂျုံပြုတ်ကို ဆက်၍စားမရတော့။ ထို့ကြောင့် ထိုင်ရာမှထပြီး မီးဖိုထဲမှထွက်လာသည်။ ကလေးထိန်း အလုပ်ဝင်ရန် ထောင်မှူးကြီး အိမ်ဘက်သို့ ထွက်သွားသည်။ စင်္ကြံအ၀င်ဝ တံခါးကို အစောင့် တစ်ဦးက ဖွင့်နေခိုက် ထရေစီရပ်စောင့်နေသည်။ ထိုစဉ်မှာပင် ဆွီဒင် ယောက်ျား-မိန်းမကြီး ဘာသာနှင့် ထရေစီ မျက်နှာချင်းဆိုင် သွားဆုံသည်။ ဆွီဒင်မကြီးက အံကြိတ်ပြီး ပြုံးပြသည်။
" အင်း ... ငါလွတ်သွားရင်တော့ သူ သိပ်အံ့သြသွားမှာပဲ "
ထရေစီ က စိတ်ထဲမှ ပြောလိုက်သည်။
" မင်း ဘယ်လိုကြံကြံ ငါ့လက်က မလွတ်ပါဘူးကွာ "
ဆွီဒင်မကြီး ကလည်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
နံနက်ခင်း အချိန်များမှာ ကုန်ခဲ လွန်းလှသည်ဟု ထရေစီစိတ်ထဲမှ ထင်နေသည်။ လုပ်နေကျ အလုပ်များကို စက်ရုပ်တစ်ရုပ်လိုပင် လုပ်နေသည်။ အေမီကို နံနက်စာကျွေးသည်။ ထို့နောက် စာဖတ်ကြသည်။ မိမိ ဖတ်နေသော စာပါ အကြောင်းအရာများသည် မည်သည့် အကြောင်းဖြစ်မှန်းပင် ထရေစီ မသိပါချေ။
ထောင်မှူးကြီးကတော်က ပြတင်းပေါက်မှနေ၍ မိမိအား စောင့်ကြည့်နေမှန်း ထရေစီ ရိပ်မိနေသည်။
" ထရေစီ တူတူပုန်းတမ်း ကစားရအောင်နော် " အေမီကပြောလာသည်။
ထရေစီ မကစားလိုပါ။ သို့သော် မိမိ မကစားပါက ထောင်မှူးကြီးကတော် သံသယ ဖြစ်သွားမည်ကို စိုးရိမ် လာသည်။ ထို့ကြောင့် မနည်းကြိုးစားပြုံးပြီး ပြောလိုက်သည်။
" ကစားမယ်လေ၊ ကဲ အေမီက အရင်ပုန်း၊ ထရေစီလိုက်မယ် "
ထောင်မှူးကြီး အိမ်ရှေ့ဝင်းထဲရှိ ကွက်လပ်တွင် သူတို့ တူတူပုန်းတမ်းကစားကြသည်။ သူတို့နှင့် ခပ်လှမ်း လှမ်း၌ အဆောက်အအုံတစ်ခုကို ထရေစီ လှမ်းမြင်ရသည်။ ထို အဆောက်အအုံထဲတွင် ဒိုဘီပေးမည့် အ၀တ် ဟောင်းများထားသော အခန်း`ရှိသည်။ ထိုအခန်းသို့ မိမိမွှန်းလွဲ ၁-နာရီခွဲအရောက် သွားရမည်။ အသင့် စောင့်နေမည့် ပေါ်လီတာထံမျ သူ့အတွက် ချုပ်ထားမည့် အပြင်ဝတ်စုံကို ပြောင်းဝတ်ရမည်။ ထို့ နောက် ခြင်းတောင်းကြီးထဲသို့ ၁-နာရီ ၄၅မိနစ်တွင်ဝင်ပြီး ၀ပ်နေရမည်။ မိမိအပေါ်မှနေ၍ ဒိုဘီပေးမည့် အ၀တ်များ ကို တောင်ပုံရာပုံ ပုံပြီး ဖုံးအုပ်ပေးကြလိမ့်မည်။
မွန်းလွဲ ၂-နာရီတိတိတွင် အ၀တ်ဟောင်းခြင်းများကို လက်တွန်းလှည်းဖြင့် လာသယ်ကြပေလိမ့်မည်။ ၂-နာရီ ၁၅ တွင် ဒိုဘီကားကြီး ထောင်ဂိတ်မှ ထွက်သွားပေလိမ့်မည်။ အနီးအနား မြို့တစ်မြို့ရှိ အ၀တ်လျှော် စက်ရုံ သို့ ဦးတည်မောင်းပေလိမ့်မည်။
ထရပ်ကားကြီး၏ နောက်ပိုင်းမှ မိမိ ပုန်းအောင်းလိုက်ပါသွားသည်ကို ရှေ့ခန်းမှ ယာဉ်မောင်းက မြင်နိုင်မည် မဟုတ်ပါချေ။ ထိုကား မြို့ထဲရောက်သွားပြီး မီးပွိုင့်တစ်ခုခု၌ မီးနီမိပြီး ရပ်သည့်အချိန်တွင် နောက်ပေါက် တံခါး ကို အသာဖွင့်ပြီး ဆင်းလိုက်မည်။ ထို့နောက် ဟန်မပျက်ထွက်သွားမည်။ အနီးဆုံး မှတ်တိုင်မှ ဘတ်စ် ကားစီးလိုက်မည်။
" ထရေစီရေ ... တူပြီ "
အေမီ၏ အော်ပြောသံကြားလိုက်မှ ထရေစီ အတွေးပြတ်သွားသည်။ သစ်ပင်တစ်ပင်၏ နောက်တွင် အေမီ ပုန်းနေသည်ကို လှမ်းမြင်ရသည်။ အေမီသည် ပါးစပ်ဝတွင် လက်ဖ၀ါးကလေး အုပ်ပြီး ရယ်သံမထွက်အောင် လုပ် နေသည်။ အေမီ ပျော်နေပုံရသည်။ သို့သော် ထရေစီ မပျော်နိုင်။
မိမိ ဤနေရာမှ ထွက်သွားလျှင် လူနှစ်ယောက်ကိုတော့ သတိရ တမ်းတမိမည်မှာ အမှန်ပင်။
တစ်ယောက် ကတော့ အသားမည်းမကြီး အာနက်စတိုင်း။
နောက် တစ်ယောက်ကတော့ အသားဖြူ ကလေးမလေး အေမီ။
" တူပြီဆိုရင် ... တို့လာပြီဟေ့ "
ထရေစီက စိတ်မပါဘဲနှင့် လှမ်းအော်ကာ အေမီနှင့် တူတူပုန်းတမ်း ဆက်ကစားသည်။
သူတို့ ကစားနေသည်ကို ထောင်မှူးကြီးကတော်က အိမ်ထဲမျ မသိမသာ ချောင်းကြည့်နေသည်။ ယနေ့ ထရေစီ အမူအရာများ ထူးခြားနေပုံရသည်။ ထရေစီသည် တစ်မနက်လုံး နာရီကို မကြာခဏ ကြည့်နေသည်။ တစ်စုံတစ်ရာကို စောင့်မျှော်နေပုံရသည်။ ထရေစီ၏ စိတ်သည် အေမီထံတွင်မရှိဘဲ တခြား သို့ ရောက်နေသည်ဟု ထောင်မှူးကြီးကတော် ကောက်ချက်ချလိုက်သည်။
ထောင်မှူးကြီး နေ့လယ်ဘက် ထမင်းစား ပြန်လာလျှင် ဤကိစ္စကို ပြောပြရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထရေစီ နေရာ တွင် ကလေးထိန်း အသစ် တစ်ယောက် အစားထိုးခိုင်းရမည်။
အေမီ ထမင်းစားချိန် မွန်းတည့် ၁၂နာရီခွဲသို့ ရောက်လာသည်။ ထရေစီအတွက်လည်း စတင်လှုပ်ရှားရမည့် အချိန်ပင် ဖြစ်သည်။ ထရေစီသည် အေမီအား ကစားနေရာမှ အိမ်ထဲသို့ ခေါ်လာသည်။
" ကျွန်မ သွားတော့မယ် မစ္စက်ဘရန်နင်ဂန် "
" အို ... ရှင့်ကို ဘယ်သူမှ ဘာမှမပြောဘူးလား ထရေစီ၊ ဒီနေ့ အရေးကြီး ပုဂ္ဂိုလ်များပါတဲ့ ဧည့်သည် အဖွဲ့ တစ်ဖွဲ့ ဒီကို လာမယ်၊ သူတို့အဖွဲ့ ကျွန်မတို့အိမ်မှာ နေ့လယ်စာ စားကြလိမ့်မယ်၊ ဒါကြောင့် အေမီ ဒီနေ့ နေ့ခင်းပိုင်း အိပ်လို့ရမှာ မဟုတ်ဘူး၊ ရှင်သူ့ကိုခေါ်ပြီး ... တခြားတစ်နေရာမှာ သွားထိန်းထားရလိမ့်မယ် "
ထရေစီ ကျောက်ရုပ်လိုရပ်နေမိသည်။ လန့်ပြီး မအော်မိအောင် မနည်းထိန်းထားရသည်။ ကြိုးစား အားယူပြီး တစ်လုံးချင်း ပြောလိုက်သည်။
" ကျွန် ... ကျွန်မ ဒါတော့ မလုပ်နိုင်ဘူး "
" ဘာ ... ရှင်မလုပ်နိုင်ဘူး ဟုတ်လား၊ ရှင် ဘာကို ဆိုလိုတာလဲ "
ထောင်မှူးကြီး ကတော် ဒေါသ ဖြစ်သွားသည်ကို ထရေစီ သိလိုက်သည်။ ထိုအဖြစ်မျိုး သူ အရောက်မခံလို ပါ။ ထောင်မှူးကြီး အား လှမ်းအကြောင်းကြားလိုက်လျှင် မိမိ ထောင်ထဲမှ အခန်းကျဉ်းထဲ ချက်ချင်းပြန် ရောက်သွားမည်။ သို့ဆိုလျှင် မိမိအကြံ ပျက်ချေမည်။ ထရေစီ မနည်းအားယူပြုံးပြီး ရှင်းပြလိုက်သည်။
" ကျွန်မ ဆိုလိုတာ အေမီ နေ့လယ်စာ မစားရသေးဘူး၊ သိပ်စာနေလိမ့်မယ်၊ နေ့လယ်စာ မကျွေးဘဲနဲ့ တခြား ခေါ်သွားပြီး ထိန်းလို့တော့ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးလို့ ပြောတာပါ "
" သြော် ... ဒါလား၊ ဒီအတွက်တော့မပူနဲ့၊ ကျွန်မ ထမင်းချက်ကို ပြောထားပြီးပြီ၊ ရှင်နဲ့ အေမီ နှစ်ယောက် စလုံး နေ့လယ်စာ စားတဲ့ ပျော်ပွဲစားထွက်ဖို့အတွက် စီစဉ်ထားလိမ့်မယ်၊ အဲဒီ အစားအသောက်တွေယူပြီး ဟို ... မြက်ခင်းတွေဘက် ကို လမ်းလျှောက်ပျော်ပွဲစား ထွက်ကြပေါ့၊ အေမီက ပျော်ပွဲစားထွက်ရတာ သဘော ကျပါတယ်၊ ဟုတ်တယ် မဟုတ်လား သမီး "
" ဟုတ်ပါတယ် မေမေ ဟုတ်ပါတယ်၊ ထရေစီရယ် ပျော်ပွဲစား ထွက်ရအောင်နော်၊ ထွက်မယ်မဟုတ်လား "
အေမီသ ည် သူ့မိခင်ကို ဖြေရင်းမှ တစ်ဆက်တည်းပင် ထရေစီကို လှမ်းကြည့်လိုက်ပြီး အသနားခံသည့် မျက်နှာ ကလေးဖြင့် ပြောလိုက်သည်။
ထရေစီ စဉ်းစားလိုက်သည်။ အင်း ... အခြေအနေမဆိုးလှသေး၊ အလုပ်ဖြစ်နိုင်သေးသည်။ တစ်နာရီခွဲ အရောက် သွားနိုင်သေးသည်။
" ဘယ် ... ဘယ်အချိန် အေမီကို ပြန်ခေါ်လာရမလဲဟင် "
" ညနေ ၃-နာရီလောက် ပြန်လာကြပေါ့၊ အဲဒီ အချိန်ဆိုရင် ဧည့်သည်တွေ ရှိတော့မှာမဟုတ်ပါဘူး"
ထရေစီ ခေါင်းပေါ် သို့ မိုးကြီးပြိုကျသွားသလို ဖြစ်သွားရသည်။
" ကျွန် ... ကျွန်မ ... "
" ရှင် နေကောင်းပါတယ်နော် ထရေစီ၊ ရှင့် ကြည့်ရတာ ကယောင်ချောက်ချားနဲ့ "
" ကောင်း ... ကောင်းပါတယ် "
ဟုတ်ပါသည်။ နေကောင်းသည်ဟုပင် ဖြေရပါလိမ့်မည်။ နေမကောင်းဟုဆိုလျှင် ဆေးရုံကို ပို့လိမ့်မည်။ စစ်ဆေးပြီး ဆေးကုရန် ဆေးရုံ၌ပင် ထားပေလိမ့်မည်။ သို့ဆိုလျှင် အချိန်မီ ပြန်မထွက်နိုင်ဘဲ အကြံ ပျက်လိမ့် မည်။ ယခုအတိုင်းကမှ တစ်နည်းနည်း ကြံနိုင်ဦးမည်။
ထောင်မှူးကြီးကတော်သည် ထရေစီကို စိုက်ကြည့်နေသည်။ သူ တစ်ခုခုတော့ ဖြစ်နေပြီ၊ အင်းလေ နက်ဖြန်ကျရင် ကလေးထိန်း အသစ်တစ်ယောက် လဲခိုင်းတာပဲကောင်းပါတယ်ဟု စိတ်ထဲမှ ယတိပြတ် ဆုံး ဖြတ် လိုက်သည်။
ထရေစီက နေကောင်းပါတယ် ဟု ဖြေလိုက်သဖြင့် အေမီပျော်သွားသည်။
" အကြီးဆုံး အသားညှပ်ပေါင်မုန့်ကြီးကို ထရေစီကို ပေးမယ်နော်၊ လာ ပျော်ပွဲစားထွက်ကြရအောင် "
အေမီ က ပြောလိုက်သည်။ ထရေစီအတွက် ပေးစရာ နောက်ထပ် အဖြေ မရှိတော့ပါချေ။
*
မမျှော်လင့်ဘဲ အရေးကြီးပုဂ္ဂိုလ်များ ထောင်သို့ လာရောက်ကြခြင်းဖြစ်သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ၀ီလျံ ဟာဘာသာည် အမျိုးသမီး စာရိတ္တပြုပြင်ရေး၊ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး ကော်မတီအဖွဲ့ကို သူ ကိုယ်တိုင် ဦးဆောင်လာရောက် ပြသခြင်းဖြစ်သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူးက ထောင်မှူးကြီးကို ကြိုတင် အကြောင်းကြားထားသည်။
" ခင်ဗျား ထောင်ကို သန့်ရှင်းထားဗျာ၊ အမျိုးသမီးတွေကိုလဲ ပြုံးပြုံးရွှင်ရွှင် ရှိနေပါစေ၊ ဒါဆိုရင် ကျွန်တော် တို့ ထောင်အသုံးစရိတ် ဘတ်ဂျက်ပိုပြီး ရမှာပဲ "
ထို့ကြောင့် အသင့်ပြင်ထားရသည်။
အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် နံနက် ၁၀ နာရီတွင် ရောက်လာပေလိမ့်မည်။ ထောင်အတွင်းပိုင်းကို ဦးစွာ စစ်ဆေးမည်။ ပြီးလျှင် အပြင်ဘက် စိုက်ခင်းများကိုကြည့်ရှုမည်။ ထို့နောက် မှ ထောင်မှူးကြီးအိမ်တွင် နေ့ လယ်စာ စားကြမည်ဖြစ်သည်။
*
ဆွီဒင်မကြီး ဘာသာသည် စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။ ထောင်မှူးကြီးနှင့် တွေ့လိုကြောင်း သူက တင်ပြသောအခါ ထောင်မှူးကြီးက သူ၏ အတွင်းရေးမှူး အရာရှိမှတစ်ဆင့် အကြောင်းပြန်သည်။
" ထောင်မှူးကြီး ဒီမနက် သိပ်အလုပ်များနေပါတယ်တဲ့၊ နက်ဖြန်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်တဲ့ ... "
" သောက် နက်ဖြန်ခါလား၊ ဘာလုပ်ရမှာလဲ၊ အခု ချက်ချင်း တွေ့ချင်တာ၊ သိပ်အရေးကြီးတယ် "
အတွင်းရေးမှူး စကားမဆုံးမီမှာပင် ဆွီဒင်မကြီးက ဆဲရေး တိုင်းထွာပြီး ပြောလိုက်သည်။
ထောင်ထဲတွင် တော်ရုံတန်ရုံ အရာရှိများရှေ့၌ ဆဲရေးပြီး ရိုင်းရိုင်းပျပျပြောနိုင်သော ထောင်ကျ အနည်း ငယ်သာရှိသည်။ သူတို့အထဲတွင် ဆွီဒင်မကြီးဘာသာလည်းပါသည်။ ထောင်သားများအပေါ်တွင် ဘာသာ ၏ သြဇာအာဏာကြီးမားမှန်း ထောင်အာဏာပိုင်များသိသည်။ ထောင်ဆူအောင် သူ စလုပ်ခဲ့ပြီး ပြန်ငြိမ် အောင် သူပင် ထိန်းပြခဲ့သည်။
ထောင်ကျ ခေါင်းဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ငြိမ်အောင် ထိန်းထားနိုင်သော ထောင်ဟူ၍ ကမ္ဘာပေါ်တွင် မရှိသေးပါချေ။ ဆွီဒင်မကြီး ဘာသာသည် ဤအမျိုးသမီးထောင်၏ ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။
ဘာသာသည် ထောင်မှူးကြီး၏ ရုံးခန်းအပြင်ဘက် ကုလားထိုင်၌ ထိုင်နေသည်မှာ တစ်နာရီခန့် ရှိချေပြီ။ သူမ၏ ကြီးမားသော ကိုယ်ခန္ဓာကြီးမှ အိပဲ့သော တင်သားကြီးများက ကုလားထိုင်အပြင်ဘက်သို့ လျှံထွက် နေသည် မှာ အလွန်ပင် အကြည့်ရဆိုးလှသည်။
" ဘယ်လောက် ကြာကြာ စောင့်ရဦးမှာလဲ " ဘာသာက မေးသည်။
" ကြာလိမ့်မယ်၊ အရေးကြီးပုဂ္ဂိလ်အဖွဲ့ တစ်ဖွဲ့ကို ဧည့်ခံနေရတယ်၊ ဒီမနက် သူ သိပ်အလုပ်များနေတယ်" ထောင်မှူးကြီး၏ အတွင်းရေးမှူးက ပြန်ဖြေသည်။
" အေး နက်ဖြန်ဆိုရင် ဒီထက်တောင် အလုပ်များလာလိမ့်ဦးမယ်၊ အင်း အခု ၁၂နာရီ ၄၅ မိနစ်ရှိပြီ၊ အချိန် တော့ ကျန်ပါသေးတယ်လေ "
*
သာယာ ကြည်လင်သော နေ့တစ်နေ့ဖြစ်သည်။ ကောင်းကင်၌ မိုးသားတိမ်လိပ်တို့ ကင်းစင်နေသည်။ ငှက် ကလေးများ တေးဆို၍ ပန်းရနံ့များ သင်းပျံ့နေသည်။
ရေကန်နားရှိ မျက်ခင်းပြန့်ပြန့်ပေါ်တွင် ထရေစီက စားပွဲခင်းကို ဖြန့်ခင်းလိုက်သည်။ ထို့နောက် လက်ပတ် နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မွန်းလွဲ ၁နာရီရှိပြီ။ အချိန်များ ကုန်လွယ်လွန်းလှသည်။ ထရေစီ အဖို့ တစ်စုံတစ်ခု ကို လျင်မြန်စွာ တွေးတော ဆုံးဖြတ်ရပေတော့မည်။ သို့မဟုတ်လဆင် မိမိအတွက် နောက် ဆုံးအခွင့်အရေးဖြစ်သော အချိန်မှာ ကုန်လွန်သွားပေလိမ့်မည်။
မွန်းလွဲ ၁း၀၀ နာရီ
ထောင်မှူး ၏ ဧည့်ခန်းထဲတွင် အတွင်းရေးမှူး တယ်လီဖုန်းခွက်ကို ချထားလိုက်ပြီး ဘာသာအား ပြောလိုက် သည်။
" ၀မ်းနည်းပါတယ်ဗျာ၊ ထောင်မှူးကြီးက ပြောတယ်၊ ဒီနေ့ ခင်ဗျားနဲ့ ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ် ပါဘူး တဲ့၊ ခင်ဗျားနဲ့ တွေ့ဖို့ ထပ်ပြီး ချိန်းပါမယ်တဲ့ "
" အခုတွေ့မှ ဖြစ်မယ် "
ဘာသာက ဆိုင်ရာမှ ၀ုန်းခနဲထလိုက်ရင်း ပြောသည်။
" နက်ဖြန်ခါကျရင် တွေ့ဖို့စီစဉ်ပေးပါမယ် "
ဘာသာသည် "မနက်ဖြန်ဆိုရင် သိပ်နောက်ကျသွားလိမ့်မယ်" ဟု ပြောရန်ဟန်ပြင်လိုက်ပြီးမှ မပြော တော့ပါ။ အချိန်မီ ပါးစပ်ကို ဘရိတ်အုပ်ထားလိုက်သည်။ မိမိ ယခုလုပ်မည့် အလုပ်ကို ထောင်မှူးကြီး မှ လွဲ၍ အခြားသူ သိ၍မဖြစ်ပေ။ ဖော်ကောင်လုပ်ရခြင်းသည် အခန့်မသင့်လျှင် အသက်ပါ ဆုံးတတ်သည် မဟုတ် ပါလား။ သို့သော် ယခုကိစ္စတွင် လက်လျှော့ရန် ဘာသာ မရည်ရွယ်ထားပါချေ။ ထရေစီဝှစ်တနေ ကို မိမိ မည်သည့် နည်းနှင့် မှ လက်လွတ်မခံနိုင်။
ဆွီဒင်မကြီး ဘာသာ သည် ထောင်စာကြည့်တိုက်သို့ ထွက်သွားသည်။ စာကြည့်တိုက်ထဲရှိ စားပွဲရှည်ကြီး တစ်လုံး ၏ တစ်ဘက်စွန်းတွင် ၀င်ထိုင်လိုက်သည်။ ထို့နောက် စာရွက်တစ်ရွက်ပေါ်တွင် စာတစ်ကြောင်း ကောက်ခြစ် လိုက်သည်။ စာကြည့်ခန်း တာဝန်ကျ ထောင်အစောင့်တစ်ဦးသည် သူ့နေရာမှ ထပြီး စာဖတ် နေသော ထောင်ကျတစ်ဦးထံ စကားသွားပြောနေချိန်တွင် ဘာသာသည် သူရေးထားသော စာရွက်ကို အစောင့် ၏ စားပွဲပေါ်၌ မသိမသာသွားတင်ထားပြီး အခန်းထဲမှ ထွက်သွားသည်။
အစောင့် သည် သူ့စားပွဲ သို့ ပြန်ရောက်သောအခါ စာရွက်ခေါက်တစ်ခုကို တွေ့ရသည်။ ဖွင့်ဖတ်လိုက်ရာ အောက်ပါ စာတမ်း ကို မြင်ရသည်။
" ဒိုဘီအ၀တ်များ လာယူသည့် ထရပ်ကားကို ယနေ့ပိုပြီး စစ်စစ်ဆေးဆေးလုပ်ပါ "
စာတွင် လက်မှတ်မပါ။ နောက်ပြောင်ခြင်းလား။ သို့သော် အစောင့်အဖို့ ဤကိစ္စကို အလေးမထား၍လည်း မဖြစ်။ ထို့ကြောင့် တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး အော်ပရေတာကို ပြောလိုက်သည်။
" အစောင့်တာဝန်ခံရုံး ကို ဆက်သွယ်ပေးပါ "
မွန်းလွဲ ၁ နာရီ၊ ၁၅ မိနစ်
" မစားဘူးလား ထရေစီ၊ ကျွန်မဆီက အသားညှပ်ပေါင်မုန့် နည်းနည်း ထပ်လိုချင်လို့လားဟင် " အေမီက မေး လိုက်သည်။
" အေမီရယ် ... ထရေစီတစ်ယောက်တည်း ခဏလောက် အေးအေးဆေးဆေး နေစမ်းပါရစေနော်" ထရေစီ က အေမီ ကို ညင်ညင်သာသာ ပြောလိုက်သည်။
အေမီက စားလက်စမုန့်ကို မစားတော့ဘဲ ရပ်လိုက်ပြီး ပြောလာပြန်သည်။
" အေမီ ကို စိတ်ဆိုးနေသလား ထရေစီ၊ စိတ်မဆိုးပါနဲ့နော်၊ အေမီလေ ထရေစီကို သိပ်ချစ်ပါတယ်၊ ထရေစီ ကို အေမီ ဘယ်တော့မှ စိတ်မဆိုးဘူး သိလား "
အေမီ မျက်လုံးအစုံ တွင် ၀မ်းနည်းသော အရိပ် အယောင်များ သမ်းနေသည်။
" ထရေစီ စိတ်မဆိုးပါဘူး အေမီရယ် ... "
ထရေစီ က အေမီကို ဖြေသိမ့်လိုက်ရသည်။
" ထရေစီ မဆာရင် အေမီလဲ မဆာပါဘူး၊ ကဲ ဒါဖြင့် ဘောလုံးနဲ့ ကစားရအောင် "
အေမီသည် လက်ဆွဲအိတ်ထဲ မှ ဘောလုံးကို ထုတ်ယူလိုက်သည်။
မွန်းလွဲ ၁ နာရီ ၁၆ မိနစ်။
အ၀တ်ဟောင်းများထားသည့် အခန်းသို့ မိမိသွားနေသင့်ပြီဟု ထရေစီ တွေးမိသည်။ ထိုအခန်းသို့ ဤနေရှာ သွားလျှင် အနည်းဆုံး ၁၅ မိနစ်ကြာမည်။ အပြေးအလွှားသွားမှဖြစ်မည်။ သို့သော် အေမီတစ်ယောက်တည်း ထားခဲ့ ၍ မဖြစ်နိုင်။
ထရေစီ ဘေးပတ်ဝန်းကျင် ကို လှမ်းကြည့်လိုက်သည်။ ခပ်လှမ်းလှမ်း တစ်နေရာတွင် စိုက်ခင်းတာဝန်ကျ ထောင်သား တချို့ ဟင်းသီးဟင်းရွက် ခူးနေသည်ကို မြင်ရသည်။ ခေါင်းထဲ၌အကြံတစ်ခု ပေါ်လာသည်။ မိမိ ဘာလုပ်ရမည် ကို တစ်မုဟုတ်ချင်း သိမြင်သွားသည်။
" ဘောလုံးနဲ့ မကစားချင်ဘူးလား ထရေစီ "
အေမီက မေးသည်။ ထရေစီသည် ထိုင်ရာမှ ထပြီး အေမီအား ပြန်ပြောသည်။
" ကစားချင်ပါတယ်၊ ကဲ ဘောလုံးနဲ့ ကစားတဲ့ နည်းသစ်တစ်ခု ကစားရအောင်၊ ဘောလုံးကို ဘယ်သူက အဝေးဆုံး ပစ်နိုင်မယ်ဆိုတာ ကြည့်ကြရအောင် ထရေစီက ဘောလုံးကို အလျင်ပစ်မယ်၊ ထရေစီ အလှည့် ပြီးရင် အေမီ အလှည့်ပေါ့ ဟုတ်လား "
ထရေစီသည် ပြောပြောဆိုဆို နှင့်ပင် ရော်ဘာဘောလုံးအမာ ကို ကောက်ယူလိုက်ပြီး ဟင်းသီးဟင်းရွက် ခူးနေသော အလုပ်သမားများဘက်သို့ ရောက်နိုင်သမျှရောက်အောင် တအားကုန် လွှဲပစ်လိုက်သည်။
" အို .. အဝေးကြီး ရောက်တယ်နော်၊ သိပ်တော်တာပဲ "
အေမီ က လက်ခုပ်လက်ဝါးတီးပြီး ထရေစီကို ၀မ်းသာအယ်လဲ ချီးကျူးလိုက်သည်။
" ထရေစီ ဘောလုံးသွားကောက်လိုက်ဦးမယ်၊ အေမီ ဒီနေရာကနေပြီး စောင့်နေနော် " ထရေစီက ပြော လိုက်သည်။
ထရေစီ အားသွန်ပြေးတော့သည်။ သူ့ဘ၀ သေရေးရှင်ရေးအတွက် ပြေးရသည်။ သူ့ခြေထောက် အစုံသည် မြက်ခင်းပေါ်၌ ပျံဝဲနေသည်။ မွန်းလွဲ ၁ နာရီ ၁၈ မိနစ်ရှိပြီ။ အကယ်၍ မိမိ အနည်းငယ် နောက်ကျလျှင် သူ တို့ စောင့်နေပေလိမ့်မည်။ တကယ်ကော စောင့်ပါမည်လား။
ပို၍ မြန်သည်ထက်မြန်အောင် ထရေစီ ကြိုးစားပြေးသည်။ သူ့နောက်မှနေ၍ အေမီ၏ တကြော်ကြော် အော်ခေါ်နေသံကို ကြားရသည်။ သို့သော် လှည့်မကြည့်နိုင် ဟင်းရွက်ခူးနေသော အလုပ်သမားများသည် ယခုအခါ တခြားဘက်သို့ ဦးတည်သွားနေကြသည်။ ထရေစီက သူတို့ကို တအားကုန် အော်ခေါ်ရာ အလုပ် သမားများ ရပ်လိုက်သည်။ သူတို့အနားသို့ ထရေစီ ရောက်သွားသောအခါ အသက်ရှူရပ်သွားတော့ မလောက် ပင် မောပန်းနေသည်။
" ဘာဖြစ်လို့လဲဟင်" တစ်ဦးက လှမ်းမေးသည်။
ထရေစီသည် မောလွန်းသဖြင့် ဟောဟဲ ... ဟောဟဲ ဖြစ်နေသည်။ မနည်း ကြိုးစားပြီး အသက်ရှူကာ ပြန် ပြောရ သည်။
" ဘာ ..... ဘာမှ မဖြစ်ပါဘူး၊ ကျွန်မ နောက်ဘက်မှာ ကလေးမကလေးတစ်ယောက် ထားခဲ့တယ်၊ ရှင်တို့ အထဲက တစ်ယောက်ယောက် သူ့ကို ကြည့်ထားလိုက်စမ်းပါ၊ ကျွန်မ အရေးတကြီး ကိစ္စလေးတစ်ခုရှိလို့ ဟိုဘက် ခဏသွားလိုက်ဦးမယ်၊ ကျွန်မ ... "
ထိုစဉ်တွင် နောက်ဘက်မှနေ၍ သူမ နာမည်ကို လှမ်းခေါ်သံ ထရေစီ ကြားလိုက်ရသဖြင့် နောက်သို့ ချာခနဲ လှည့်ကြည့် လိုက်သည်။
အေမီသည် ရေကန်၏ အုတ်ရိုးဘောင်ပေါ်၌ တက်ပြီး ရပ်နေသည်ကို ထရေစီ တွေ့လိုက်ရသည်။ အေမီ လက်ကလေး ဝှေ့ယမ်းပြီး ထရေစီ ကို အော်ပြောနေသည်။
" ထရေစီရေ ... ဒီမှာ အေမီ ကို ကြည့်စမ်းပါဦး "
" ဟေး ... အေမီ၊ အောက်ကို ပြန်ဆင်း "
ထရေစီ က တအား ကျုံးအော်လိုက်သည်။
အေမီသည် ရေကန် အုတ်ရိုးဘောင်ပေါ်၌ ခုန်ဆွ ခုန်ဆွဖြင့် ပျော်မြူးနေရာမှ ဟန်ချက်ပျက်ပြီး မိမိကိုယ်ကို မိမိ မထိန်းနိုင်တော့ဘဲ ရေကန်ထဲ သို့ လိမ့်ကျသွားသည်ကို ထရေစီ မြင်လိုက်ရတော့သည်။
" အလို ... အမလေး ဘုရားကယ်တော်မူပါ "
ထရေစီ ပါးစပ်မှ ထွက်သွားသည်။ သူမ မျက်နှာတွင်လည်း သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ မိမိ အတွက် တစ်ခုခုကို ဆုံးဖြတ် ရွေးချယ်ရတော့မည်။ သို့သော် ရွေးစရာလမ်းတစ်ခုသာရှိသည်။ မိမိ အေမီကို မကယ်နိုင်။ ယခု လောလောဆယ်တော့ ကယ်ဖို့ အချိန်မရ။ အလုပ်သမား တစ်ယောက်ယောက်က အေမီ ကို ကယ်ပေလိမ့်မည်။ ယခုအချိန်သည် မိမိဘ၀ကို မိမိ ကယ်တင်ရမည့် အချိန်။
မိမိ ဤထောင်ထဲမှ မဖြစ် ဖြစ်သည့်နည်းဖြင့် ထွက်ပြေးရလိမ့်မည်။ သို့မဟုတ်ပါက သေလိမ့်မည်။
အချိန် မှာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ရှိပြီ။
ထရေစီသည် တစ်ဘက်သို့ ချာခနဲလှည့်ပြိး တအားသွန်ပြေးတော့သည်။ သူ့တစ်သက်တွင် မပြေးစဖူး အမြန် ဆုံးနှုန်းဖြင့် သေပြေး ရှင်ပြေး ပြေးသည်။ သူ့နောက်မှ လူများက လှမ်းခေါ်နေကြသည်။ လှည့်မကြည့်၊ ခြေထောက်နှင့်မြေကြီး ထိမှထိပါလေစဟု ထင်ရလောက်အောင် လေထဲ၌ လွင့်ပျံ ပြေးလွှား နေရာ ဖိနပ်ကျွတ်ကျန်အောင် လေထဲ၌ လွင့်ပျံပြေးလွှားနေရာ ဖိနပ်ကျွတ်ကျန်နေသည်ကို ပင် ထရေစီ သတိ မထားမိ။ ဖိနပ် ကျွတ်သွားသဖြင့် လမ်းကြမ်းကြောင့် ခြေဖ၀ါးများ ပွန်းပဲ့ စူးရှသည်ကို လည်း လုံးဝ ဂရု မစိုက်။ ပြေးမြဲဆက်ပြေးဆဲ။
တအားသွန်ပြေးနေသဖြင့် ထရေစီနှလုံး က တဆတ်ဆတ် ခုန်နေသည်။ အဆုတ်က ပေါက်ကွဲထွက်သွားလု နီးပါး ဖြစ်နေသည်။ သို့သော် ထရေစီသည် ပိုပြီး မြန်သည်ထက် မြန်အောင်သာ ကြိုးစားပြေးနေသည်။
ကန်ဘောင်ဘေး မှ အုတ်ဘောင်ရိုးသို့ ရောက်သွားသောအခါ အုတ်ဘောင်ပေါ်သို့ အပြေးဆက်တက်သွား သည်။
ကြည်လင်ပြာလဲ့ သော ကန်ရေထဲ တွင် အေမီကလေးရုန်းကန်လှုပ်ရှားရင်း မြုပ်ချည် ပေါ်ချည် ဖြစ်နေသည် ကို ထရေစီ တွေ့လိုက်ရသည်။
ထရေစီသည် တစ်စက္ကန့်ပင် မဆိုင်းတော့ဘဲ ကန်ရေထဲသို့ ခုန်ချလိုက်သည်။ ကန်ရေပြင်နှင့် သူ့ခန္ဓာကိုယ် သွားထိပြီး အေးခနဲ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူ့ခေါင်းထဲသို့ အသိတစ်ခု ၀င်လာသည်။
" အလို ... ဘုရားရေ၊ ငါမှ ရေမကူးတတ်ဘဲ "
------------
ဆက်ရန်
.
No comments:
Post a Comment