ရက်ပိုင်းအတွင်းမှာ ပင် သူ့ သတင်းကြားရသည်။ သူ့နာမည်က ထွန်းသောင်။ မြိတ်ကလာသည်။ စက်လှေ ပျက်သော နေရာကို လူကြီးတွေအား သူကမေးသည်။ လူကြီးတွေက ကြောက်သဖြင့် အစ မပြောရဲကြ။ အစိုးရဘက် က စုံထောက်ပုလိပ်ဟုလည်း ကောလာဟလ ထွက်နေသည်။ လူကြီးတွေ ကို မေးမရသဖြင့် ကလေး တွေကို အချိုကျွေး၍ မေးသည်ဟုဆိုသဖြင့် ကလေးတွေကပါ သူပေးသော အချိုခဲတွေကို မစားရဲ ကြတော့။ အောင်တိုင်ကိုပင် သူ့အဖေက စက်လှေပျက်ထဲက ညီလေးတို့ ဘာရလဲ၊ အဲဒီစက်လှေ ဘယ်နား ပျက် လဲ မေးရင်မသိဘူးပြောနော်သား၊ မရမက မေးရင် မလိကျွန်းဘက်ကို လက်ညှိုးထိုးပြ၊ အဲဒီဘက်မှာပါ၊ ဒီမှာ မဟုတ်ပါဘူး၊ လူကြီးတွေ ပြောလို့သိရတယ်လို့ ဆလုံ စကားတစ်ခွန်း ပသျှူးစကား တစ်ခွန်းစီ ရောပြော ဟု အဖေကသင်၏။
ထုံးစံအတိုင်း အောင်တိုင်ကလည်း အတွန့်တက်၏။ ''သူကယိုးဒယားပသျှူးလည်း တတ်တယ်နော် အဖေ၊ တစ်နေ့ ကတောင် ကျွန်တော်ကို ပသျှူးလေးထင်လို့ ညီလေးက ဘယ်ကလဲတဲ့၊ ကျွန်တော် က ဆလုံလို့၊ ပင်လယ်နား ကလို့ ပြောလိုက်ရတယ်၊ သူက အဖေ့နာမည်၊ ဦးအောင်စိန် နာမည်ကို မေးတယ်၊ ဆွေမျိုး တော်တယ်လို့လည်း ပြောတယ်ဗျ''
''မင်းကို မေးရမယ်ထင်လို့ အလကားပြောတာ၊ ဘယ်ကလာဆွေမျိုးတော်ရမှာလဲ''
''သူက မြိတ်ကလာတာ၊ မြိတ်ထားဝယ် စကားပြောမှာပေါ့ကွ၊ စကားတူတိုင်း ဆွေမျိုးမှ မဟုတ်တာ''
''မသိဘူးလေ၊ အဖေတို့ ထားဝယ်တွေ၊ မြိတ်တွေက ရှုပ်နေတာပဲ''
''အမယ်...မင်းက ''ဟု သူ့အဖေကဆို၏။ ''ကျွန်တော်က အမေတို့စကားပဲ ကြိုက်တယ်ဗျာ၊ ရှင်းတယ်'' ဟု အောင်တိုက် က ပြော၏။
''အေး... အဲဒါဆို သူမေးတိုင်း ဆလုံလို့ပဲပြော၊ တခြားစကား နားမလည်သလိုလုပ်နေ၊ စက်လှေ ပျက်တုန်း က မင်းတို့ဘာပစ္စည်းရလဲ မေးရင်မရဘူး၊ မသိဘူးပြော ကြားလား၊ မင်းက တခြားကလေး တွေနဲ့ကို မတူ ဘူး။ အားကြီးစကားရှည်တတ်လို့ ပြောထားရတာ''
အဖေက မည်သို့ပြောပြော နောက်တစ်နေ့မှာ ထိုဧည်သည် အောင်တိုင်တို့အိမ်သို့ တန်းတန်းမတ် မတ် ရောက် လာ၏။ ဦးအောင်စိန်နှင့် ဦးကြီးရှိန်တို့ပါ ပါလာသဖြင့် အောင်တိုင်အဖေက တုန်လှုပ် သွားသည်။ ပစ္စည်း အကြောင်း စက်လှေအကြောင်း ဆလုံပသျှူးတွေကို မေးမရ စမ်းမရသဖြင့် ထိုအကြောင်းမေးရန် မိတ်ဖွဲ့ဖို့ လာလေပြီ၊ အမေကလည်း မျက်နှာပျက်ချင်နေ၏။
သူလည်း ထားဝယ်ကပဲ မောင်ထွန်းသောင်၊ တို့မြိတ်သား ထားဝယ်သား ဆိုလို့ ဒီရွာမှာ ဒါပဲရှိတာ'' ဟု ဦးကြီးရှိန် က မိတ်ဆက်ပေး၏။ ''တွေ့ရတာ ၀မ်းသာပါတယ် အစ်ကိုကြီး''ဟု သူကဆို၏။ အဖေ ကမူ အပြုံး မလှမပ နှင့် ဦးကြီးရှိန် နှင့် ဦးအောင်စိန်တို့ မျက်နှာကိုသာ တစ်လှည့်စီ ကြည့်နေ၏။
''ဒီလိုကွ အောင်သိုက်ရာ၊ ဒီ မောင်ထွန်းသောင် ဟာ မြိတ်မြို့ကကွ၊ ထွန်းဆောင် ထွန်းသောင် ညီအစ်ကို နှစ်ယောက် ပဲရှိတာ၊ ခုဒီမောင်ထွန်းသောင်က ခေတ်ပညာတတ်၊ မော်လမြိုင် ကောလိပ်က ဘာဘွဲ့ ကွ''
''အဏ္ဏ၀ါဇီဝဗေဒ ပါ ဦးကြီး''
''အေး... အဲဒီဘွဲ့ ရလာတာတဲ့ သူကောလိပ်တက်နေတုန်း သူ့အစ်ကိုကြီး မောင်ထွန်းဆောင်က မှောင်ခို လုပ်တယ် ပေါ့ကွာ၊ သူတို့မှာ ဒီညီအစ်ကိုနှစ်ယောက်ပဲ ရှိတာတဲ့၊ အမေ အဖေတွေ မရှိကြ တော့ဘူး၊ တို့သဲချောင်ဝ မှာ မုန်းတိုင်းမိလို့ ပျက်စီးသွားတဲ့ စက်လှေဟာ သူတို့စက်လှေပဲ ၊ အဲဒါ ကြားလို့ သူ့အစ်ကိုကြီး အသက်ရှင်မရှင် လာစုံစမ်းတာတဲ့၊ မင်းတို့ ငါတို့ ရွာကလူတွေပြောသလို အစိုးရသူလျှို မဟုတ်ပါဘူး၊ မင်းတို့ငါတို့ ရှာဖွေရတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘာဥပါယ်တံမျဉ်မှ မဖွဲ့ပါဘူးတဲ့၊ ဒီရွာ မှာက ကိုယ့်အမျိုးသားဆိုလို့ မင်းတို့ ငါတို့ပဲ ရှိတာ ခုမိတ်လာဖွဲ့တာ၊ မင်းအစ်ကို အလောင်းရယ်လို့တော့ ဘယ်တို့လည်း ခွဲခြားတတ်မလဲကွယ်၊ စက်လှေပျက်နားမှာ အလောင်း နှစ်လောင်း တွေ့တာတော့ အမှန်ပဲ၊ တို့ရွာသား တွေလည်း သေကျေကြတော့ ခွဲမသိကြဘူးပေါ့''
ဦးအောင်စိန် ပြောမှ သူ့အကြောင်းက ရှင်းသွား၏။
''ကျေးဇူးတင်ပါတယ်၊ ဘကြီး၊ အစ်ကိုကြီးလည်း ဘကြီးတို့ခင်သလို ကျွန်တော့်ကို ခင်ပါဗျာ''ဟု ဆို၏။
အဖေအမေတို့မှာ သူတို့ပြန်သွားမှ သက်မချနိုင်ကြ၏။
''အဖေကို ကျွန်တော်မပြောဘူးလား၊ ဒီအစ်ကိုကြီးက လူကောင်းပါဗျ'' ဟု အောင်တုင်က ပြော သည်။ သို့သော် အဖေက စိတ်မချသေး။
''လူကောင်းကောင်း လူဆိုးဆိုးကွာ၊ စက်လှေနဲ့ပတ်သက်လို့ သူမေးလာရင် လူကြီးတွေကို မေးပါ။ လူကြီး တွေက ပိုသိပါတယ်ပြော၊ ကြားလား... စကားရှည်ပြီး တောရမ်းမယ်ဘွဲ့တွေ မပြောနဲ့''
ထုံးစံအတိုင်း အောင်တိုင်ကလည်း အတွန့်တက်၏။ ''သူကယိုးဒယားပသျှူးလည်း တတ်တယ်နော် အဖေ၊ တစ်နေ့ ကတောင် ကျွန်တော်ကို ပသျှူးလေးထင်လို့ ညီလေးက ဘယ်ကလဲတဲ့၊ ကျွန်တော် က ဆလုံလို့၊ ပင်လယ်နား ကလို့ ပြောလိုက်ရတယ်၊ သူက အဖေ့နာမည်၊ ဦးအောင်စိန် နာမည်ကို မေးတယ်၊ ဆွေမျိုး တော်တယ်လို့လည်း ပြောတယ်ဗျ''
''မင်းကို မေးရမယ်ထင်လို့ အလကားပြောတာ၊ ဘယ်ကလာဆွေမျိုးတော်ရမှာလဲ''
''သူက မြိတ်ကလာတာ၊ မြိတ်ထားဝယ် စကားပြောမှာပေါ့ကွ၊ စကားတူတိုင်း ဆွေမျိုးမှ မဟုတ်တာ''
''မသိဘူးလေ၊ အဖေတို့ ထားဝယ်တွေ၊ မြိတ်တွေက ရှုပ်နေတာပဲ''
''အမယ်...မင်းက ''ဟု သူ့အဖေကဆို၏။ ''ကျွန်တော်က အမေတို့စကားပဲ ကြိုက်တယ်ဗျာ၊ ရှင်းတယ်'' ဟု အောင်တိုက် က ပြော၏။
''အေး... အဲဒါဆို သူမေးတိုင်း ဆလုံလို့ပဲပြော၊ တခြားစကား နားမလည်သလိုလုပ်နေ၊ စက်လှေ ပျက်တုန်း က မင်းတို့ဘာပစ္စည်းရလဲ မေးရင်မရဘူး၊ မသိဘူးပြော ကြားလား၊ မင်းက တခြားကလေး တွေနဲ့ကို မတူ ဘူး။ အားကြီးစကားရှည်တတ်လို့ ပြောထားရတာ''
အဖေက မည်သို့ပြောပြော နောက်တစ်နေ့မှာ ထိုဧည်သည် အောင်တိုင်တို့အိမ်သို့ တန်းတန်းမတ် မတ် ရောက် လာ၏။ ဦးအောင်စိန်နှင့် ဦးကြီးရှိန်တို့ပါ ပါလာသဖြင့် အောင်တိုင်အဖေက တုန်လှုပ် သွားသည်။ ပစ္စည်း အကြောင်း စက်လှေအကြောင်း ဆလုံပသျှူးတွေကို မေးမရ စမ်းမရသဖြင့် ထိုအကြောင်းမေးရန် မိတ်ဖွဲ့ဖို့ လာလေပြီ၊ အမေကလည်း မျက်နှာပျက်ချင်နေ၏။
သူလည်း ထားဝယ်ကပဲ မောင်ထွန်းသောင်၊ တို့မြိတ်သား ထားဝယ်သား ဆိုလို့ ဒီရွာမှာ ဒါပဲရှိတာ'' ဟု ဦးကြီးရှိန် က မိတ်ဆက်ပေး၏။ ''တွေ့ရတာ ၀မ်းသာပါတယ် အစ်ကိုကြီး''ဟု သူကဆို၏။ အဖေ ကမူ အပြုံး မလှမပ နှင့် ဦးကြီးရှိန် နှင့် ဦးအောင်စိန်တို့ မျက်နှာကိုသာ တစ်လှည့်စီ ကြည့်နေ၏။
''ဒီလိုကွ အောင်သိုက်ရာ၊ ဒီ မောင်ထွန်းသောင် ဟာ မြိတ်မြို့ကကွ၊ ထွန်းဆောင် ထွန်းသောင် ညီအစ်ကို နှစ်ယောက် ပဲရှိတာ၊ ခုဒီမောင်ထွန်းသောင်က ခေတ်ပညာတတ်၊ မော်လမြိုင် ကောလိပ်က ဘာဘွဲ့ ကွ''
''အဏ္ဏ၀ါဇီဝဗေဒ ပါ ဦးကြီး''
''အေး... အဲဒီဘွဲ့ ရလာတာတဲ့ သူကောလိပ်တက်နေတုန်း သူ့အစ်ကိုကြီး မောင်ထွန်းဆောင်က မှောင်ခို လုပ်တယ် ပေါ့ကွာ၊ သူတို့မှာ ဒီညီအစ်ကိုနှစ်ယောက်ပဲ ရှိတာတဲ့၊ အမေ အဖေတွေ မရှိကြ တော့ဘူး၊ တို့သဲချောင်ဝ မှာ မုန်းတိုင်းမိလို့ ပျက်စီးသွားတဲ့ စက်လှေဟာ သူတို့စက်လှေပဲ ၊ အဲဒါ ကြားလို့ သူ့အစ်ကိုကြီး အသက်ရှင်မရှင် လာစုံစမ်းတာတဲ့၊ မင်းတို့ ငါတို့ ရွာကလူတွေပြောသလို အစိုးရသူလျှို မဟုတ်ပါဘူး၊ မင်းတို့ငါတို့ ရှာဖွေရတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘာဥပါယ်တံမျဉ်မှ မဖွဲ့ပါဘူးတဲ့၊ ဒီရွာ မှာက ကိုယ့်အမျိုးသားဆိုလို့ မင်းတို့ ငါတို့ပဲ ရှိတာ ခုမိတ်လာဖွဲ့တာ၊ မင်းအစ်ကို အလောင်းရယ်လို့တော့ ဘယ်တို့လည်း ခွဲခြားတတ်မလဲကွယ်၊ စက်လှေပျက်နားမှာ အလောင်း နှစ်လောင်း တွေ့တာတော့ အမှန်ပဲ၊ တို့ရွာသား တွေလည်း သေကျေကြတော့ ခွဲမသိကြဘူးပေါ့''
ဦးအောင်စိန် ပြောမှ သူ့အကြောင်းက ရှင်းသွား၏။
''ကျေးဇူးတင်ပါတယ်၊ ဘကြီး၊ အစ်ကိုကြီးလည်း ဘကြီးတို့ခင်သလို ကျွန်တော့်ကို ခင်ပါဗျာ''ဟု ဆို၏။
အဖေအမေတို့မှာ သူတို့ပြန်သွားမှ သက်မချနိုင်ကြ၏။
''အဖေကို ကျွန်တော်မပြောဘူးလား၊ ဒီအစ်ကိုကြီးက လူကောင်းပါဗျ'' ဟု အောင်တုင်က ပြော သည်။ သို့သော် အဖေက စိတ်မချသေး။
''လူကောင်းကောင်း လူဆိုးဆိုးကွာ၊ စက်လှေနဲ့ပတ်သက်လို့ သူမေးလာရင် လူကြီးတွေကို မေးပါ။ လူကြီး တွေက ပိုသိပါတယ်ပြော၊ ကြားလား... စကားရှည်ပြီး တောရမ်းမယ်ဘွဲ့တွေ မပြောနဲ့''
၂။
ဧည့်သည် ကိုထွန်းသောင်က အောင်တိုင်တို့အိမ်သို့ ခဏခဏလာ၏။ အဖေနှင့်အကြာကြီး စကား ပြောသည်။ အောင်တိုင်ကိုလည်း ချစ်၏။''အစ်ကိုကြီးသားက သိပ်ချက်ချက်ချာချာရှိတယ်'' ဟု ချီးမွမ်း တတ် သည်။
တကယ်လည်း အောင်တိုင်က်ု ချစ်ပုံရသည်။ ဘယ်သွားသွား အောင်တိုင်ကို လက်ကသုံး တောင်ဝှေး ခေါ် သွားတတ်၏။ တစ်နေ့ အောင်တိုင်နှင့် ကိုထွန်းသောင်တို့သည် သဲချောင်ဝက စက် လှေပျက်ဖူးသော ကျောက်တန်း တွင် လမ်းလျှောက်နေကြသည်။
''ဒီနေရာ ထင်တာပဲ ဦလေး၊ ကျွန်တော်သေတ္တာကြီး ရတာလေ''
''ဟုတ်လား...အဲဒီသေတ္တာကြီးထဲ ဘာပါသလဲညီလေး''
''ခု အစ်ကိုကြီးဝတ်ထားတဲ့ ဘောင်းဘီမျိုးပေါ့ဗျ၊ တစ်နေ့ကတောင် ဂေါလာက ပြောတယ်၊ အဲဒီ တုန်းက နင့် အစ်ကိုကြီး ဘောင်းဘီမျိုး ယူထားလိုက်ရင် ခုဝတ်ရမယ်တဲ့၊ အစ်ကိုကြီးမြင်တဲ့အတိုင်းပဲ ဗျ၊ ပသျှူး ဘောင်းဘီ တွေက ပွပွကြီးတွေ၊ လှမှမလှတာ၊ အစ်ကိုကြီး ဘောင်းဘီက လျတယ်၊ အိတ်တွေလည်း အများကြီး ပါတယ်''
''မင်း အစ်ကိုကြီးဘောင်းဘီမျိုး ၀တ်ချင်သလား''
''၀တ်ချင်တာ ပေါ့ အစ်ကိုကြီးရာ'
အောင်တိုင်က ဦးလေး ဦးလေးသာ ခေါ်ခေါ်ပြောပြော လုပ်သော်လည်း သူကမူ အစ်ကိုကြီး ညီးလေး ဟုသာ သုံနှုန်းခေါ်ပြောတတ်၏။ ဤသည်ကိုချက်ချင်း ရိပ်မိသော အောင်တိုင်က သူ့အ ကြိုက် အစ်ကိုကြီး ဟု စ၍ခေါ်ပြောကြည့်၏။ သူ သဘောကျမကျလည်း အကဲခတ်ကြည့်သည်။
''မင်းဟာ ငါ့ညီလေးဆိုရင် သိပ်ကောင်းမှာပဲ၊ ငါ့မှာ ညီအစ်ကိုမရှိတော့ဘူး။ ငါ့အစ်ကိုက စက်လှေ ပျက်လို့ သေပြီ၊ ဒီနားတစ်နေရာရာမှာ ငါ့အစ်ကိုကြီးအလောင်းရှိမှာပဲ။ ဒိပင်လယ်နား ကျွန်းတစ် ကျွန်းမှာ ငါ့ အစ်ကိုကြီး ၀ိညာဉ် ခိုနားနေမှာပဲ''
သူစကားအောင်တိုင်နားမလည်။ သူကိုကြည့်ရသည်မှာ တော်တော်ထိထိခိုက်ခိုက် ဖြစ်နေပုံရ၏။ ထို့ကြောင့် လည်းသူသည် နေ့တိုင်းလိုလို သဲချောင်း ၀ဘက်မှာ လမ်းလျှောက်ဖို့ အောင်တိုက်ကို ညနေ တိုင်း လာခေါ်တတ်၏။ လမ်းလျှောက်ရင်း တစ်ယောက်တည်းလည်း စကားပြောနေတတ်၏။ ကြာသော် အောင်တိုင် စိတ်မရှည်တော့ပေ။
''အစ်ကိုကြီးကလည်းဗျာ၊ ဒီသဲချောင်းဝမှာ နေ့တိုင်းလာလာပြီး လမ်းလျှောက်နေလို့ ဘာရမှာလဲ၊ ပစ္စည်း တွေက ကုန်ပြီဗျ၊ ပင်လယ်နားသွားပြီး ငါးထိုးရင်တောင် ဟင်းစားရဦးမယ်၊ ဒီသောင်ပြင်မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေမယ့်အစား ဇီးချိုင်ဘက်သွားရအောင်၊ အသူတစ်ရာချိုင်ဘက် လျှောက်ရအောင်'' ဟု အောင်တိုင် က ခေါ်မိ၏။
''အသူတစ်ရာ ချိုင်ဘက်မှာ ဘာရှိလဲ ညီလေးရယ်၊ ဘာရလဲ'' ဟု ၀မ်းမည်းပက်လက် မေး၏။
''အဲဒီဘက်ဆို လိပ်ဥရတယ်ဗျ၊ အစ်ကိုကြီးက မနက်ပိုင်းလည်း ဒီကိုလာတယ်ဆို၊ ညလည်း ဒီသောင်ပြင်မှာ လမ်းလျှောက် တတ်တယ်ဆို အသူတရာချိုင်ဘက်သာ ညသွားလျှောက်ရင်းလိပ် ဥတွေသိပ်ရပေါ့ဗျာ''
ရင်းနှီး နေကြပြီးဖြစ်သဖြင့် အောင်တိုင်က သူနှင့်ပတ်သက်သမျှ ကြားထားမြင်ထားရသမျှ ပြောမိ၏။ သူက ''ညီလေးပြောတဲ့ဘက် နောက်တော့ အစ်ကိုတို့ သွားကြတာပေါ့'' ဟုဆိုသည်။
အောင်တိုင် သူ့နောက် မလိုက်ချင်မှန်း သိသွား၍ ထင်၏။ နောက်တော့ အောင်တိုင်ကို မခေါ်တော့ ပေ။ သဲသောင်ဝ ဘက်ကို တစ်ယောက်တည်း သွား၏။ သူ့စိတ်ကို သိလို၍ အောင်တိုင် က '' ကျွန် တော်လိုက်မယ် အစ်ကိုကြီး'' ဟု စမ်းပြောကြည့်၏။ ''မိုးချုပ်မယ် ညီလေးရာ မလိုက်ပါနဲ့'' ဟု ပြော သွား၏။
တစ်လလောက်အကြာမှာ ရုတ်တရက်ပျောက်သွား၏။ အဖေတို့ကိုမေးကြည့်သောအခါ မြို့ပြန်သွား ပြီးဟု ပြော၏။ သူမြို့ပြန်သွားပြီဆိုမှ အောင်တိုင်ရင်ထဲမှာ သူ့ကိုလွမ်းမိ၏။ ငါ့တောင် မပြောခဲ့ဘူး ဟုလည်း စိတ်ဆိုး ရသည်။ သူနှင့်အတူလျှောက်ဖူးသော သဲချောင်ဝက ကျောက်တန်းတွေပေါ် တစ်နေ့တစ်နေ့ အောင်တိုင် တစ်ယောက်တည်း သွားလျှောက်နေမိ၏။သူကို သတိရသောအခါ သူပြာနေကျ စကားတွေကို အောင်တိုင် တစ်လှမ်းချင်း တရွေ့ရွေ့ လျှောက်၍ မှတ်မိသမျှ ရွတ်ကြည့်၏။
''ငါ့အစ်ကိုကြီး အလောင်းဟာ ဒီနားတစ်နေရာရာမှာ ရှိနေမှာ ။ငါ့အစ်ကိုကြီး ၀ိညာဉ်ဟာ ဒီနား တစ် ကျွန်း ကျွန်း မှာ ခိုနေမှာပဲ၊ ညီလေးလာပါပြီ အစ်ကိုကြီးရယ်၊ ညီလေးလာပါပြီ၊ သြော်... အစ်ကိုကြီး အစ်ကိုကြီး ၊ ငါ့ကို ပညာသင်ပေးသွားတဲ့ အစ်ကိုကြီး၊ အစားမရတော့ဘူး၊ အစားမရတော့ဘူး၊ ကျွန်တော် ပြောတာ အစ်ကိုကြီး ကြားလားဟင်၊ အစ်ကိုကြီးဝိညာဉ် ဒီနားမှာ တကယ်ရှိနေရင် ဟို သဲပြင်ပေါ်က ပေါ်လာပြပါ။ ဟိုကျောက်တန်း နားက ပြန်ထူးသံပေးပါ။ သြော်.. အစ်ကိုကြီး ကျေးဇူး ရှင်အစ်ကိုကြီးရယ်''
၃။
''ဟာ အစ်ကိုကြီး၊ ဖေဖေ အစ်ကိုကြီး ပြန်လာတယ်ဗျ''
အောင်တိုင်က ၀မ်းသာအားရ ပြေးဖက်၍ အော်ပြော၏။ '' ဟာ မောင်ထွန်းသောင် မင်းပြန်လာသေး တယ်နော်'' ဟု အဖေက ၀မ်းသာအားရ ဆီးကြိုသည်။ ရုတ်တရက်မူသူက ကြောင်နေ၏။ အောင်တိုင်နှင့် သူ့အဖေ ကို သူ့အပေါ် ဤမျှ လှိုက်လှိုက်လှဲလှဲ ရှိသည်ကို အံ့အားသင့် သွားပုံရ သည်။
''အစ်ကိုကြီး က မြို့ပြန်မယ်ဆိုတာ ကျွန်တော်တောင် မပြောခဲ့ဘူး''
အောင်တိုင် က ၀မ်းနည်းသံနှင့် ဆို၏။
''ဟုတ်တယ် မောင်ထွန်းသောင်ရယ်၊ မင်းပြန်သွားကတည်းက ဒီကောင် မင်းပဲနေ့တိုင်းမေးနေတာ ကွ၊ မင်းနဲ့ အတူ လမ်းလျှေက်ဖူးတဲ့ သဲချောင်ဝကို လမ်းလျှောက်သွားလားသွားရဲ့၊ မင်းပြောတယ်ဆို တဲ့ စကားပြောတယ် ထင်ပါရဲ့ ၊ အဲဒါကို ငါက မင်းမကြာခင်ပြန်လာမှာပါ သားရယ်လို့ ချော့ပြောထား ရတာ၊ တို့ ပင်လယ်သား တွေ ပါးစပ် နတ်စောင့်လား မသိဘူးကွ၊ မင်းတကယ်ပြန်လာတာဗျ''
''ဟုတ်တယ် အစ်ကိုကြီး၊ ကျွန်တော်ဒီမှာ နေတော့မလို့ ပြန်လာတာဗျ''
''ဟေး...''
အဖေ ပါးစပ်ပြဲသွား၏။ အမေကလည်း ပါးစပ်ဟ၍ ကိုထွန်းသောင်မျက်နှာကို မယုံသလို ငေးကြည့် နေသည်။
''တကယ်လားဟင် အစ်ကိုကြီး''
''တကယ်ပေါ့ ညီလေးရာ၊ အစ်ကိုကြီး ညီလေးတို့ရွာမှာ နေတော့မယ်၊ ဒီမှာ ညီလေးအတွက် အစ်ကိုကြီး ဟိုဘက်ကမ်း က လက်ဆောင်တွေ ၀ယ်လာတယ်၊ ငါ့ညီလေးကို အစ်ကိုကြီး သိပ်သတိ ရတာပေါ့၊ ညီလေး မှတ်မိသေးလား အစ်ကိုကြီးဝတ်တဲ့ ဒီလိုအိတ်အများကြီးနဲ့ ဘောင်းဘီမျိုး ငါ့ညီ လေးဝတ်ချင်တယ်ဆို၊ ပသျှူးဘောင်းဘီထက် အများကြီးလျတယ် ဆိုတဲ့ ဘောင်ဘီလေ၊ ဒီမှာ ငါ့ ညီလေးအတွက် အစ်ကို ၀ယ် လာတယ်''
ကိုထွန်းသောင်သည် သူ့လွယ်အိတ်ကြီးထဲက ဘောင်းဘီအင်္ကျီနှင့် အချိုထုပ်တွေကို တစ်ခုပြီးတစ် ခု ဆွဲထုတ်၍ အောင်တိုင်ကို ပေး၏။
''ဒါက ဂျင်းဘောင်းဘီ ခေါ်တယ်ညီလေးရယ်၊ ဒါက ဂျင်းရှပ်ပေါ့ ငါ့ညီနဲ့သိပ်လိုက်တာ၊ အစ်ကိုကြီး စိတ်မှန်း မဆိုးဘူး၊ ကြည့်စမ်း ဖစ်ဆိုက်ပဲ''
''ဒီလောက်ကောင်းတဲ့ အ၀တ်အဆင်တွေများ မောင်ထွန်းသောင်ရယ်၊ တို့ကျွန်းနေ ကျွန်းသား ကလေးများ နဲ့ မတန်ပါဘူးကွာ'' ဟု အဖေကအားနာစွာ ဆိုလေသည်။
''အဖေကလည်းဗျာ၊ မတော်ဘဲ နေမလား၊ ဒီမှာ ကြည့်ပါဦး၊ အမေတို့ ပသျှူးဘောင်းဘီကမှ ပုံပန်း မကျတာဗျ၊ ပွပွရွရွကြီး၊ ပင်လယ်ထွက်ရင် ၀င်ကစွတ် တောင် ဖင်ခေါင်းထဲဝင်မယ်''
အောင်တိုင်စကားကို ကိုထွန်းသောင်နှင့် အဖေအမေတို့က တဟားဟား ရယ်ကြ၏။ ''အဲဒါသာ ကြည့်တော့'' ဟု အမေက ဆို၏။
''မင်းကိုယ်လုံးနဲ့တော်တ်ာကို ပြောတာမဟုဘူး၊ တန်ဖိုးကြီးတာ ဈေးကြီးတာ ပြောတာ၊ အသက် ကိုးနှစ်ဆယ်နှစ် ရှိပေမယ့် စာမတတ် ပေမတတ်ဆိုတော့ လူကြီးစကား မလေးစကားမခွဲ ပြောတတ် ဘူး မောင်ထွန်းသောင် ရယ်၊ ဒီကောင့်ကို ဒီနှစ်တော့ ဘုန်းကြီးကျောင်းထားရလိမ့်မယ်၊'' ဟု အဖေက ၀မ်းနည်းသံလိုလို ၀မ်းသာသံလိုလိုနှင့် ဆို၏။
''အေးဗျာ၊ မြို့မှာ ဆိုဒိအရွယ် တကောင်းကောင်း ဖတ်တတ်နေပြီပေါ့ အစ်ကိုကြီးရာ'' ဟု ကိုထွန်း သောင်က ၀မ်းနည်းစွာ ဆိုသည်။
သို့သော်အောင်တိုက် က ဘုန်းကြီးကျောင်းတို့ စာတို့ စိတ်မ၀င်စား လောလောဆယ် ဘောင်းဘီ အင်္ကျီရ၍ ပျော် နေ၏။
ထိုနေ့က အစ်ကိုကြီး ကိုထွန်းသောင်သည် အောင်တိုင်တို့ အိမ်၌ ကနုကမာဟင်းနှင့် ထမင်းဝင် စားသွားလေသည်။
''မင်း အစ်ကိုကြီးတော့ တို့ကျွန်းမှာ တကယ်နေတော့မယ်တဲ့ ၊ ခုငါတို့ သူအိမ် သွားတောက်ပေး ကြတယ်၊ သူက ခေတ်ပညာတတ် သူဌေးသား ကျွန်တော်တို့ရွာမှာ မောင်ထွန်းသောင်လို ပုဂ္ဂိုလ် တစ်ယောက်ရှိတော့ အားကိုး ရတာပေါ့ ခုဆို ဘုန်းကြီးကျောင်းလည်းရှိ မောင်ထွန်းသောင် လို လူလည်း ရှိတော့ သိပ်ဟန်ကျ သွားပြီ"
''အစ်ကိုကြီး အိမ် ကျွန်တော် တစ်နေ့ သွားကြည့်ဦးမယ်နော်အဖေ''
''သွားပေါ့ကွ၊ မင်းယောက္ခမ အလျောင်တို့အိမ်နားမှာပဲ၊ ထွန်းသောင် ဆီကို သွားတယ်သွားတယ်နဲ့ နောက်တော့ သာ မေသူ ကို သွားမရစ်နဲ့ မင်းကဘိန်းဖိုး တက်နိုင်မှာ မဟုတ်ဘူး၊ မင်းအမေက တော့ မင်းကို သူတို့အမျိုး ဦးဂျလားသမီး ဆလုံမလေး နဲ့ ပေးစားမလို့တဲ့''
''အဖေ ကလည်းဗျာ'' ဟု အောင်တိုင်က ရှက်ရှက်နှင့်ဆို၏။
''ဘာ အဖေကလည်းလဲ ငါတကယ်ပြောတာ၊ မယုံရင် မင်းအမေမေးကြည့်''
အဖေ့စကားကြောင့် ကိုထွန်းသောင်အိမ်သွားကြည့် ရမှာပင် အောင်တိုင်မရဲဖြစ်နေ၏။ သူရေနီပိုင်း ကို သွားလျှင် မေသူကို သွားပိုသည်ဟု အဖေတို့ ထင်လေမလား၊ ရွယ်တူဖြစ်သော မေသူ၏ ရုပ်ကို သူ့စိတ်ထဲ မြင်မိနေ၏။ မုန်တိုင်းကျသောညနှင့် ပစ္စည်းရှာသောညက မေသူ မုန့်ကျွေးလိုက်သည် တို့ကို လည်း သတိရနေမိသည်။ ခုနစ်နှစ် ရှစ်နှစ်အရွယ် ဆလုံမလေး မိဇံကိုတော့ သူလုံးလုံး အမှတ်မထားမိ။ သူထက်လည်း ငယ်သဖြင့် စိတ်မ၀င်စား။
အစ်ကိုကြီး ထွန်းသောင်အိမ် ပြီးသွားပလားအဖေဟု အောင်တိုင်က မေး၏။
''နက်ဖြန်ဆို ပြီးမယ်ကွ၊ အခင်းမခင်းရသေးဘူး၊ လောလောဆယ် အုန်းသားခြမ်း တွေနဲ့ခင်းပေးရ မယ်''
''သူ ဒီမှာ ဘာအလုပ်လုပ်မှာ လဲအဖေ၊ ငှက်သိုက်ရှာမှာလား၊ ငါးဖမ်းမှာလား၊ တောင်ယာခုတ်မှာ ပေါ့ နော်''
''ဒါတော့ ငါမမေးမိဘူး၊ မင်းအစ်ကိုကြီး မင်းတွေ့မှ မေးကြည့် သူကသူဌေးသားပဲကွ၊ ဘာလုပ်ဖို့ လိုမှာလဲ''
သူကသာ များစွာစိတ်ဝင်စားသော်လည်း အဖေကမူများစွာ စိတ်ဝင်စားပုံမရ၊ ခပ်ပေါ့ပေါ့သာ ပြော
၏။အဖေ့စကားကို အားမရသဖြင့် သူလည်းဆက်မမေးတော့။
''ဟာ... ညီလေးလာကွာ'' သူ့ကိုမြင်သည်နှင့် ကိုထွန်းသောင်က ဆီးကြို၏။ သူအိမ်ရှေ့ ကျောက်စ ရစ်လုံး တွေကို တစ်လုံးစီ ကောက်စုနေရင်း မတ်တတ်ထရပ်သည်။
''မင်း ဘယ်ကလာလဲ''
လက်ကို လှမ်းကိုင်၍မေး၏။
''ဖေဖေက အစ်ကိုကြီး အိမ်ဆောက်နေတယ်လို့ ပြောလို့လာကြည့်တာ''
''ကျေးဇူးတင်တယ်ကွာ၊ လာထိုင်ဦး''
ကိုထွန်းသောင်က သူ့ကို လူကြီးတစ်ယောက်လို တလေးတစား ဆက်ဆံ ပြောဆိုနေသဖြင့် သူ အနေကျုံ့သွားသည်။
''အစ်ကိုကြီး၊ ဒီလိုကျောက်ခဲလေးတွေလိုရင် ကျွန်တော်ကောက်ပေးမယ်ဗျ၊ သဲချောင်းထဲမှာ အားကြီးပေါ့''
''အေးကွ၊ နောက်တော့ ကောက်ကြတာပေါ့၊ ခုနေတော့ အိမ်နားမှာရှိတဲ့ ကျောက်စရစ်တွေနဲ့တင် လုံလောက် ပါပြီ''
''အစ်ကိုကြီး ဒီမှာ တကယ်နေတော့မယ်ပေါ့နော်''
သူက အောင်တိုင်ကို ကြည့်၍ ပြုံး၏။
''ငါ့ညီက မယုံလို့လား''
''ကျွန်တော် မပြောတတ်ဘူး အစ်ကိုကြီး''
သူ ကိုထွန်းသောင် မျက်နှာကို စေ့စေ့ ကြည့်နေမိ၏။ ကိုထွန်းသောင်ကလည်း သူ့မျက်နှာကို ငေးကြည့် နေသည်။
''ပျင်းရင် ကျွန်တော်တို့ဘက် လာလည်နော် အစ်ကိုကြီး''
''အေးကွ၊ မင်းလည်း အစ်ကိုကြီးဆီ ခဏခဏလာနော်''
''ဟုတ်ကဲ့'' ဟု ပြောကာ အောင်တိုင်အိမ်နော်ကဘက် ထွက်လာ၏။
သူတို့ဆီက အိမ်တွေလိုပင် လေကာကျောက်တုံးကြားထဲ ကိုထွန်းသောင်အိမ်က ညပ်နေ၏ အနောက်က ကျောက်တုံးကြီးသည် အိမ်ထက်နိမ့်၏။ အမိုးစွန်းခန့်သာ မြင့်သည်။ အောင်တိုင် ကျောက်တုံးပေါ် တက်ကြည့်၏။
''အစ်ကိုကြီး အနောက်ဘက်က ကျောက်တုံးနိမ်ံတယ်ဗျ။ ဘယ်လေခံမလဲ၊ လေက အနောက် ဘက်က ပိုတိုက်တာဗျ၊ ဘယ့်နှယ် ဒီနေရာရွေးကြပါလိမ့်၊ အိမ်နေရာဘယ်သူ ရွေးပေးတာလဲ အစ် ကိုကြီး"
အိမ်ရှေ့ဘက် က ကိုထွန်းသောင်ရယ်သံကို ကြားလိုက်ရ၏။
''အေးကွာ.... ငါ့ညီကို စောစောက လာခေါ်မပြမိတာ မှားတာပဲ၊ လူကြီးတွေက ဒီနေရာ သင့်တော် တယ်ပြောပြီး ဆောက်ပေးထားခဲ့ကြတာပဲ ညီရယ်''
''ဘယ်ဟုတ်မလဲဗျ'' ဟု သူက ဆက်ပြောသေး၏။
''တောင်ပင်လယ်ဘက်က လာတဲ့လေ ပိုကြမ်းတယ်လို့ သူတို့က ပြောတယ်ကွ၊ တောင်ပင်လယ် ဘက်က လေကာ ကျောက်တုံး တော့ မြင့်သားပဲ''
ကိုထွန်းသောင် စကားမဆုံးခင်ပင် အောင်တိုင်သည အိမ်တောင်ဘက်က လေကာကျောက်ပေါ် လှမ်း ခုန်လိုက်၏။
မှန်သည်။ အိမ်ထက် သူ့ခါးတစ်စောင်း သာသာမြင့်၏။ ကျောက်တုံးကြီးပေါ်က အောင်တိုင် အောက်သို့ ငုံ့ကြည့်နေ၏။ ခေါင်မိုးမှ ဓနိပျစ်တွေိကု အုန်းပင်ခွသားခြမ်းတွေနှင့် အခိုင်အခန့် ဖိထားကြသည်။ အုန်းဆံလျှော်တွေနှင့်လည်း တုပ်နှောင်ထား၏။ အစတွင် ကျားစီး၍ ခေါင်ကိုလည်း သေသေသပ်သပ် အုပ်ပေးထားကြသည်။
''အမိုးကတော့ စိတ်ချရတယ်အစ်ကိုကြီး''
''အေး... ဟုတ်လားကွ'' ဟု ကိုထွန်းသောင်က ရယ်ချင်သံတစ်ဝက်နှင့် ပြော၏။
''ကျွန်တော်ပြန်ဦးမယ် အစ်ကိုကြီး''
''အေး... အေးကွ၊ နောက်လည်းလာလည်ဦး'' ဟု ကိုထွန်းသောင်က လှမ်းပြော၏။ ''ဟုတ်ကဲ့'' ဟု ပြန်အော် ပြောကာ သူကျောက်တုံးပေါ်က ဆင်းလာသည်။
၎။
ကိုထွန်းသောင် အိမ်နားမှာဟု အဖေကဆို၏။ အရှေ့ဘက်က အိမ်လား၊ အနောက်ဘက်က အိမ်လား၊ တောင်ဘက်ကအိမ်လား၊ မြောက်ဘက်က အိမ်လား၊ ဘယ်အိမ်ကို မေသူတို့ အိမ်ဟု ယူဆရမည်မသိ၊ တစ်အိမ် နှင့် တစ်အိမ်ကလည်း အဝေးကြီး၊ ရေနီပိုင်းမှာ နောက်ရောက်သူများ ချည်းဖြစ်သဖြင့် တစ်အိမ်နှင့် တစ်အိမ် က အလှမ်းကွာသည်။ မညီမညာနှင့် လေကာကျောက်တုံး အဆင်ပြေရာဘက် မျက်နှာလှည့် ထားကြ သဖြင့် အိမ်တွေက အရပ်ရှစ်မျက်နှာကို မျက်နှာများနေ ကြသည်။
ကိုထွန်းသောင်အိမ်ကအပြန်မှာ အောင်တိုင်သည် သူ့အဖေ စကားကို သတိရ၍ မေသူတို့အိမ်ကို စောင်းကြည့် ၊စောင်းကြည့် ရှာလာ၏ မေသူနှင့် မေသူ့အဖေ တစ်ယောက်ယောက်ကို လှမ်းမြင် သည်နှင့် သူ သိရမည်။ ဘယ်အိမ်မှာမှ မေသူတို့ သမီးအဖကို မတွေ့ခဲ့ရ။ သို့သော် စိတ်မလျှော့ သေး၊ အိမ်မြင်တိုင်း လှည့်ကြည့် လာ၏။
''ဟင်''
''အင့်''
လေကာကျောက်တုံးတစ်တုံးကို လှည့်အကွေ့မှာ သူတစ်စုံတစ်ယောက်နှင့် တိုက်မိလိုက်၏။
''မိဇံ''
သူစိတ်ထဲက ရေရွတ်လိုက်သည်။
ကျောက်တုံးခြေရင်တွင် မိဇံလဲကျနေ၏။ ကမန်းကတန်း ပြန်ထိုင်ပြီး သူကိုမော့ကြည့်နေ၏။ အပေါ်ပိုင်းတွင် ဘာမှမပါ။ ဂါဝန်မဟုတ် ထဘီမဟုတ်သော မည်းပြာပြာ နံငယ်ပိုင်းတစ်ခုကို ခါးတွင် ပတ်ထား၏။ ကိုယ်ဝတ် က ရေစိုနေသည်။ သူလည်း မိဇံကို ငေးကြည့်နေ၏။
ပင်လယ်က တက်လာမှန်း သိသာသည်။ သူ့အနားတွင် ပလိုင်းတစ်လုံးလဲနေ၏။ ပလိုင်းထဲက ခုံးနှင့် ပေါင်းကောင်များ ဖိတ်ကျနေသည်။ မိဇံသည် သူနှင့် မျက်လုံးချင်း မဆိုင်ရဲ သဖြင့် ခေါင်းငုံ့ပစ်လိုက်၏။ ဖိတ်ကျ နေသော ပေါင်းကောင်းတွေကို ပလိုင်းထဲ တစ်ကောင်ချင်း ကောက်ထည့်နေသည်။ သူ့ကို ဘာမှမပြော၊ သူကလည်း ဘာပြန်ပြောရမှန်းမသိ။
အောင်တိုင် ချက်ချင်း ခြေလှမ်းရွှေ့၏။ ဆယ်လှမ်းမပြည့်ခင် မိဇံက လှမ်းမေးသည်။
''အစ်ကို အောင်တိုင်''
ခြေလှမ်းတုံ့၍ သူလှည့်ကြည့်၏။ မိဇံကလည်း သူ့ကို ငေးကြည့်နေသည်။
''မေ...မေသူတို့အိမ်က ပြန်လာတာလား''
''
အေး..၊ဟင်...မဟုတ်ဘူး...မဟုတ်ဘူး၊ အစ်...အစ်ကိုကြီး ထွန်သောင်အိမ်းက... ''
ထစ်ထစ်အအဖြစ်သွားသော သူ့စကားကို မိဇံက ရယ်သည်။ ပေါင်းကောင်းတွေ ပြန်ကောက်ပြီး ဖြစ်သဖြင့် မတ်တတ် ထရပ်၏။
''အစ်ကို အောင်တိုင်တို့များ လူတောင်မမြင်ဘူး''
လူကြီးလေသံနှင့် မိဇံပြောသည်ကို သူခံပြင်းသွား၏။
''နင်ကသာ မမြင်သာ''
''အမယ်... အစ်ကိုအောင်တိုင်က ၀င်တိုက်တာပါနော်''
အမှန်လည်း ဟုတ်နေသဖြင့် သူနှုတ်တုံ့မပြန်တော့၊ ခြေလှမ်းသာ ရွှေ့သည်။
''တွေ့ခဲ့လား''
မိဇံက စကားလှမ်းနေသေး၏။
''ဘာတွေ့ရမှာလဲ''
''မေသူ ကို''
''ငါမသိဘူး၊ ငါအစ်ကိုကြီးဆီက ပြန်လာတာပါဆို''
မိဇံ ၏ ရယ်သံကို ကြားရပြန်သည်။
''မေသူလေ၊ အစ်ကိုအောင်တိုင်'' ဟု မိဇံ စကားဆက်နေသဖြင့် ပြန်လှည့် ကြည့်ရပြန်သည်။ သူနှင့် မိဇံသည် ခြေလှမ်းဆယ်လှမ်းခန့် ဝေးနေပြီဖြစ်သော်လည်း မိဇံက စကားမဖြတ်သေး။
''မေသူ သူ့အဖေနဲ့ ဟိုဘက်ကမ်းလိုက်သွားတယ်၊ မနက်က ကျွန်မကမ်းကြီးဘက်က လာတော့ လမ်းမှာတွေ့လိုက်တယ်။ အထုပ်အပိုးတွေနဲ့ ''
''ငါသွားမယ်ဟာ'' ဟု စကားကို အတင်းဖြတ်၍ အောင်တိုင်က ခြေလှမ်းစ၏။
''အစ်ကိုအောင်တိုင် က သိပ်လှတာပဲ'' ဟု မိဇံက လှမ်းပြောသေး၏။ စိတ်ပေါက်ပေါက်နှင့် သူမျက် မှောင်ကြုတ် ပြန်ကြည့် သောအခါ မိဇံသည် သူ့ကို ငေးကြည့်၍ ကျန်နေခဲ့၏။ အောင်တိုင်သည် အမြန်ဆုံး ခြေလှမ်းနှင့် လျှောက်လာ၏။
ရွာတွင် ယောက်ျားလေးများထဲတွင် အစွာဆုံး အထက်ဆုံးဟု သမုတ်ခံထားရသော အောင်တိုင် သည် ယခုမိဇံနှင့် ပက်ပင်းတွေ့လာသောအခါ အလိုလို ရွံ့လာသည်။ သူ့အဖေ တစ်နေ့က ပြောသော စကားကို အမှတ်ရမိသောအခါ ပခုံးတွန့်သွား၏။ သူ့စိတ်ထဲ မိဇံကို ရှက်သလို ကြောက် သလို ဖြစ်နေမိသည်။ သည် ကောင်မလေး ကတော့ ဂျမ်းတောတိုက်နေမှာ ဟု သူမှတ်ချက်ချ၏။ ငယ်ငယ်နှင့် လူကြီးသူကြီးစကားမျိုး ပြောသည် ကို သူမနှစ်မြို့။ မိဇံစကားကို မနှစ်မြို့သော်လည်း မိမိလည်း လူကြီးသူကြီး စကားပြောလေ့ ရှိသည်ကိုမူ သူအမှတ်မထားမိပေ။
''အောင်မယ်.... နင်ဒီဘောင်းဘီ ဒီအင်္ကျီတွေကို မချွတ်တော့ဘူးပေါ့''
ကိုထွန်းသောင်က ဂျင်းရှပ်ကွ ဟု ပြောပေးထားသော ဘောင်ဘီအင်္ကျီနှင့် ပြန်လာသူ အောင်တိုင် ကို သူ့အမေက ဆီဆို၏။ မိဇံနှင့် မမျှော်လင့်ဘဲ တွေ့လာသော အောင်တိုင်သည် သူ့အမေစကား ကြောင့် မိဇံကို ချက်ချင်းသတိရမိပြန်၏။ မိဇံက သူ့ကို လှသည်ဟု ပြောခြင်းမှာ ဒီဂျင်းရှပ်ကြောင့် ပင်ဟု သူသိလိုက်သည်။
''ဟဲ့... ငါမေးနေတယ်... နင် ဒီဘောင်းဘီ''
''အမေကလဲဗျာ.... ကိုကြီးထွန်းသောင်အိမ်သွားလို့ ၀တ်သွားတာပါဗျ''
''ဘာ ကိုကြီးထွန်းသောင်လဲ၊ ဟိုတရုတ်မ ကို ဘောရီးသွားပြတာ မဟုတ်လား''
''မဟုတ်ပါဘူးဗျ၊ မေသူ တို့ ဟိုဘက်ကမ်းသွားတာ ဘောရီးပြလို့ရမလား''
''တယ်ဟုတ်ပါလား၊ နင် အဲဒီအိမ် တကယ်သွားတယ်ပေါ့''
''မဟုတ်ပါဘူးဆို၊ အမေကလဲဗျာ''
အောင်တငိက ခေါင်းကုတ်၍ ၀င်အော်ပစ်လိုက်၏။
''သားအမိတွေ ဘာဖြစ်နေကြတာလဲ''ဟု အဖေက အသံပြု၏။ အမေက အရေးမထား၊ အောင်တိုင် ကိုသာ ဆက်စစ်မေးနေ၏။
''မဟုတ်ပါဘူးတဲ့၊ နင်အဲဒီအိမ် မရောက်ခဲ့ဘဲနဲ့ မေသူတို့ ဟိုဘက်ကမ်းသွားတယ်ဆိုတာ ဘယ်လို လုပ် သိလဲ''
''မိဇံက ပြောလို့''
''ဘာ မိဇံက ပြောလို့ ဟုတ်လား''
''ဟုတ်တယ်... ''
သူ့အမေ၏ သက်ပြင်းရှိုက်သံကို ကြားလိုက်ရ၏။
''ရေနီက မေသူကို မတွေ့တော့ ကမ်းကြီးသတ်က မိဇံကို ဘောရီးသွားပြတယ် ဆိုပါတော့''
''ဟာဗျာ အမေကလည်း''
အောင်တိုင် အမေ့ကိုပါ စိတ်တိုလာ၏။ မိဇံနာမည်ကို ပြောစဉ်က မိဇံနှင့် သူ့ကို သူ့အမေက ပေးစား မည်ဟု အဖေပြောဖူးသဖြင့် သက်သာလိုသက်သာငြား ပြောမိလိုက်ခြင်းသာ။ သို့သော် သူ့အမေဆီ မှာယခု ထိ မသက်သာ နိုင်သေး။ အမေးအမြန်းကဆက်ဆဲ။
''မဟုတ်ဘဲနဲ့ မိဇံနဲ့ နင် ဘယ်မှာ တွေ့လဲ''
''ဟိုဘက်အပိုင်းမှာ တွေ့တယ်၊ သူက ပင်လယ်ကတက်လာတာ၊ ပေါင်းကောင်သွားကောက်တယ်၊ နေမှာ ပေါ့''
''နင့်ကို မိဇံက အလျင်နှုတ်ဆက်တာလား၊ နင် မိဇံကို အလျင် နှုတ်ဆက်တာလား''
ဒီ အမေကိုပင် ဒီဆလံမကြီး ဘာတွေမေးနေမှန်း မသိဘူးဟု စိတ်ပေါက်လာ၏။
''မိဇံ က အလျင်နှုတ်ဆက်တာဗျ၊ မိဇံက အလျင်နှုတ်ဆက်တာ အစ်ကိုအောင်တိုင်က သိပ်လှတာပဲ တောင် ပြောလိုက် သေးတယ်၊ ကဲ... ဆလုံမက''
''ဟား..ဟား ခွေးကောင်းလေး၊ နို့နံ့တောင် မပျောက်သေးဘူး။ မယားလိုချင်နေပြီ၊ ကြားတယ်မ ဟုတ်လား အဖေကြီး၊ ရှင့်သားပြောတာ၊ ဟဲ...ဟဲ မိဇံက လှတယ်ပြောတာနဲ့ နင့်ခြေထောက် မြေမ ထိဖြစ်လာတယ် ဆိုပါတော့''
''အမေတို့ ဆလုံမ ကျုပ်မကြိုက်ဘူးဗျ'' ဟု ဆောင့်ကြီးအောင့်ကြီး ပြောကာ အိမ်နောက်ဘက်ရှိ လေကာ ကျောက်တုံး နား ထွက်လာ၏။
''ရှင့်ကပါ ဘိန်းစားသမီးချွေးမတော်ချင်နေလို့လား၊ ဆလုံမကြိုက်ရင် ပသျှူးနဲ့ ကျုပ်ပေးစားမယ်၊ တရုတ်မ ယူရင်ကျုပ်သားပါ ဘိန်းစားဖြစ်သွား ဘယ့်နှယ့်လုပ်မလဲ''
''ပိုကောင်းတာပေါ့ကွ၊ ယောက္ခမနဲ့ သမက် တစ်ယောက်တစ်လှည့် ဘိန်းတံညှိပေးတမ်းပေါ့''
''တော်စမ်းပါ''ဟု အမေကဆို၏။
''ဟဲ့ကောင် ဘယ်သဝေထိုးသွားပြန်လဲ၊ အဲဒီ ဘောင်းဘီအင်္ကျီ ချွတ်ထားလိုက်စမ်း၊ ဘုန်းကြီး ကျောင်းအပ် တဲ့ နေ့ ၀တ်ဖို့'' ဟု အမေကလှမ်းအော်ပြောလေ၏။
ပထမ တစ်လနှစ်လတွင် ဘုန်းကြီးကျောင်း၌ ယောက်ျားလေးများချည်းဖြစ်၏၊ မိန်းကလေးကို ဘုန်းကြီးနှင့် မသင့်တော်ထင်၍ မအပ်ကြ၊ နောက်ဘုန်းကြီးက ပြောသောအခါ မိန်းကလေးတွေပါ ရောက်လာကြ၏။ ကျောင်း လာအပ်သော မိန်းကလေးတွေထဲ မေသူပါမလာ၍ အောင်တိုင်စိတ်မ ကောင်း တရုတ်ကြီးက မေသူ ကို ဘာလို့ ကျောင်းလာမထားပါလိမ့် ဟုတွေးနေ၏။
သူဘယ်လိုမှ ညြ့်မရသော မိဇံကတော့ သူ့အစ်ကိုတွေလည်း ပါသဖြင့် တစ်ကျောင်းလုံးမှာ အစွာ ဆုံး။ ဂေါလာနှင့် ကောင်းကျော်တို့ ရှိသဖြင့် အောင်တိုင်ကလွဲလျှင် မိဇံကို မည်သူမှ မာမာမပြောရဲ။ အလှည့်ကျ တံမြက်စည်း လှည်းရမည်ကိုပင် မသိယောင်ပြုနေ၏။ တစ်ယောက်ယောက်က အစားဝင်လှည်းပစ်ပြီးမှ သြော်... ငါ့အလှည့်ကိုး၊ စာကျက်နေလို့ စာရေးနေလို့ဟု ခပ်တည်တည် ပြောတတ်၏။ တော်တော်လည်တဲ့ ဆလံမဟု သူ့ကွယ်ရာတွင် ပသျှူးကလေးတွေ၊ မြိတ် ထားဝယ် သားကလေးတွေက အတင်းပြောကြ၏။
မိဇံစာတော်သည်မှာတော့ အမှန်ပင်၊ ယောက်ျားလေးများပင် မိဇံကို လိုက်မမီကြ။ အောင်တိုင်က တော့ မခံချင်စိတ်နှင့် မိဇံကို မီအောင်လိုက်ကြိုးစားရ၏။ သို့သော် စာပေါ်များစွာ စိတ်မ၀င်းစား သော အောင်တိုက်က မိဇံကို မကျော်နိုင်။ ဘုန်းကြီးကလည်း စာတော်သူမိဇံကို အရေးပေး၏။ ဘုန်းကြီး အရေးပေးမှန်းသိသောအခါ မိဇံသည် ကျောက်သင်ပုန်းနှင့် မျက်နှာမခွာတော့။
''နင်မျက်စိကန်းလိမ့်မယ်။ ငါတို့အဖေက ပြောတယ်၊ စာဖတ်များ ရင် ငယ်ငယ်နဲ့ မျက်လုံးကန်းသွား တယ် တဲ့၊ မြိတ်က သူတို့အမျိုးထဲမှာ်ငယ်ငယ်နဲ့ မျက်စိကန်း နေလို့ မျက်မှန်တပ်ထားတဲ့ လူတစ် ယောက် ရှိတယ် တဲ့''
သူ့ထက်စာတော်နေသဖြင့် မနာလို မရှုစိတ်နှင့် အောင်တိုင်ကပြော၏။
'' အစ်ကို အောင်တိုင်က သ့တရုတ်မထက် မိဇံစာတတ်သွားမှာ စိုးလို့ပြောတာမဟုတ်လား''
''နင့်ပြောလိုက်ရင် ဒါပဲ၊ မေသူက ကျောင်းတောင် လာမနေဘူး၊ တွေ့တယ်မဟုတ်လား။''
''
အမယ်သိပါတယ်နော်၊ မေသူကို သူ့အဖေက ဟိုဘက်ကမ်းမှာ ကျောင်းသွားထားတာ၊ ကျွန်မတို့လို ဘုန်းကြီး ကျောင်းတောင် မဟုတ်ဘူး၊ အစိုးရကျောင်းတဲ့''
မိဇံပြောမှ မေသူကို ဒါကြောင့်မတွေ့ မိတာကိုးဟု အောင်တိုင် အတွေးပေါက်သွား၏။ သို့သော် မိဇံကို အလျှော့ မပေးချင်သော သူကနင့်ကို ဘယ်သူပြောသလဲ ဟု ထပ်မေးလိုက်သေး၏။
''အစ်ကိုအောင်တိုင်က တမင်မသိယောင်ဆောင်နေတာပါ။ အိပ်ချင်ယောင်ဆောင် နေတဲ့လူကို နှိုးမရဘူး တဲ့''
''တော်စမ်းပါ'' ဟု အောင်တိုင်က ပြော၏။
မိဇံသာမဟုတ်၊ မေသူနှင့်သူ့ကို ဘယ်သူက ယိုးစွပ်ပြောပြော အောင်တိုင်က ကျေနပ်၏။ ကြီးလာရင်မေသူကို ယူမည်ဟုလည်း မှန်းထားသည်။ မုန်တိုင်းညတွင် မေသူနှင့် တွေ့ခဲ့ကြရသည် ကို သူတစ်နေ့တစ်ခါလောက် သတိရနေတတ်သည် ။ အားကုန်၍ သူတို့ အိမ်ရှေ့လဲကျနေသော မေသူ၏ ရုပ် ကိုလည်း သူယခုထိ သနားစရာလို မြင်နေမိ၏။ အမေက နနွင်းဆိုးဆန် ကျွေးသော အခါ မပြောရဲ၍ မျက်နှာမဲ့ပြီး ဆန်ဝါးနေသော မေသူ၏ ညှိုးညှိုးငယ်ငယ်မျက်နှာကိုမူ အောင်တိုင် တစ်သက် မေ့မည် မဟုတ်ဟု ထင်၏။
ဟိုဘက်ကမ်းမှာ ကျောင်းသွားနေတယ်ဟု ဆိုတော့ စာအများကြီးတတ်မှာပဲ။ စာအများကြီးတတ် သွားရင် မေသူငါ့ကို ပစ်သွားလေမလားဟု တွေးမိသော အခါ သူစိတ်မကောင်း၊ မေသူနှင့် တွေ့၍ သိပ်မေးချင်းနေသည်။ မေသူ ဟိုဘက်ကမ်းက မပြန်လာရင်တော့ ဒုက္ခပဲ။ သူ့အဖေ တရုတ်ကြီးက လည်မှလည်ပါဘိနဲ့။ သူ့အဖေတရုတ်ကြီးလောက် လည်သူ သူတို့ရွာတွင်မရှိ။ မြိတ်သားကြီး ဦးအောင်စိန်ပင် သူ့လောက်မလည်ဟု ပြောကြ၏။ စက်လှေပျက်ပစ္စည်း နမူနာ ယူ၍ ဟိုဘက် ကမ်းမှာ သွားစုံစမ်းကြတုန်းက မေသူ့အဖေ တရုတ်ကြီးက အရှေ့ဆောင်ဟု ဆို၏။ ဦးအောင်စိန်မှာ တရုတ်ကြီး ပြောတိုင်း ခေါင်းညိတ်ရသည်ဟု ပြောကြသည်။
''ဟင်.... အစ်ကိုအောင်တိုင် ဟုတ်တယ်မဟုတ်လား''
ချက်ချင်းငိုင်သွားသော အောင်တိုက်ကို မိဇံက စေ့စေ့ကြည့်၍ မေး၏။
''ငါမသိဘူး၊ မေသူ ဟိုဘက်ကမ်းမှာ ကျောင်းနေတော့ကော ဘာဖြစ်လဲ၊ နင်တို့ငါတို့လည်း ဒီမှာ နေတာပဲ မဟုတ်လား''ဟု ဘုတော၏။
''မတူပါဘူး၊ ဟိုဘက်ကမ်းမှာ သွားနေတဲ့ မေသူက စာပိုတတ်မှာပါ''ဟု မိဇံက အငေါ်တူးသေ၏။
''နင်လည်းစာ ဒီလောက်တတ်ချင်ရင် ဟိုဘက်ကမ်းသွား နေပေါ့ ဟ'' စိတ်ပေါက်ပေါက်နှင့် အောင်တိုင်က အော်၏။
''တကယ်တည်းမေးမိတာနဲ့ ဖြစ်နေလိုက်တာ၊ မေသူနဲ့မိဇံ ကျောင်းအတူသွားနေမယ်လေ၊ အစ်ကို အောင်တိုင် ထားပေးမှာလား''
ဘာမှ သူပြန်မပြောတတ်သောအခါ တော်စမ်းဟာဟု အော်မိပြန်၏။ အောင်တိုင်၏ ရင်ထဲမှာတော့ မေသူ ကိုသာ လွမ်းနေ၏။ မေသူနှင့် သူကျောင်းအတူနေရရင် နေ့စဉ်မြင်နေရမယ်၊ သိပ်ကောင်းမှာ ပဲဟု စိတ်ထဲ က တောင့်တ နေမိသည်။
ဆက်ရန်
.
1 comment:
မြန်မြန်ဆက်ရန်.........p;
Post a Comment