Friday, April 15, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၉)

အခန်း ၅၈
အခြားသူများ၏ သွင်းအားစုများ

ကျွန်တော်၏ နောက်ဆုံးဟောပြောချက်သည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားသည်။ ထိုအချိန်မှစ ၍ ကျွန်တော့်ထံ အသိအကျွမ်းဟောင်းများစွာတို့ထံမှ စာတွေ အီးမေးလ်တွေ တဖွဲဖွဲရောက်လာ ကြသည်။ ကလေးဘ၀တုန်းက အိမ်နီးနားချင်းများမှသည် ရှေးယခင် သိကျွမ်းခဲ့ဖူးသူများအထိ လူ ပေါင်းစုံ ပါဝင်ပေရာ ကျွန်တော် သည် ထိုများလှစွာသော အသိမိတ်ဆွေများ၏ နွေးထွေးသော စကားများနှင့် အတွေးအမြင် များ အတွက် ကျေးဇူးတင်ရပါပေသည်။

ကျွန်တော့်တပည့်ဟောင်းများနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများထံမှ စာများကို ဖတ်ရသည်မှာ လည်း ကျေနပ် ၀မ်းမြောက်ဖွယ် ကောင်းလှပါပေသည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ အမြဲတမ်း ပါမောက္ခ မဖြစ်သေး ဘဲ ရှိနေချိန်က ကျွန်တော် သူ့အား ပေးခဲ့သော အကြံဥာဏ်အကြောင်းကို ပြန် ပြောင်းသတိရပါ၊ ကျွန်တော် က သူ့အား ဌာနအကြီးအကဲများက သူ့ကို ပြောဆိုသည့် စကားမှန်သ မျှကို အလေးထားပါဟု အကြံပေး ခဲ့ကြောင်း သူက ပြောပါသည်။ (ကျွန်တော် ပြောခဲ့သည့် စကား ကိုတောင် သူ မှတ်မိ နေသေး သည်။

'အကြီးအကဲက အမှတ်တမဲ့နဲ့ မင်းတစ်ခုခုလုပ်ဖို့ စဉ်းစားပါ လားဟု ပြောလိုက်တဲ့အခါ ခင်ဗျား မျက်စိထဲမှာ နွားကန် ကို လှမ်းမြင်လိုက်သင့်တယ်ဗျ' ဟု ကျွန်တော်က သူ့ကို အကြံပေးခဲ့ပါသတဲ့။) တပည့်ဟောင်း တစ်ဦး ကမူ အီးမေးလ်ပို့၍ ကျွန်တော် သူ့ကို နို့သက်ခံစို့မနေနဲ့ အလျှံပယ်ဘ၀မှာ နေထိုင်ပါဟူ၍ ခေါင်းစဉ် တပ်ထားသော တစ်ဦးချင်း တိုးတက် ဖွံ့ဖြိုးမှု ၀က်ဘ်ဆိုက်သစ်တစ်ခု တည်ဆောက်ရန် အားပေး အားမြှောက် ပြုခဲ့ကြောင်း ပြောပြသည်။ ထိုဝက်ဘ်ဆိုက်မှာ လုပ်နိုင်စွမ်းရည်တွေ ရှိပါလျက် ရှိသလောက်ကို အသုံးမချ ရသော ဘ၀မျိုးတွင် နေထိုင်နေရသူများကို အကူညီပေးနိုင်ရန် ရည်ရွယ်သည့် ၀က်ဘ်ဆိုက် ဖြစ်သည်။ ကျွန်တော်၏ စကားလုံးအတိအကျအတိုင်းနှင့်ပင် မဟုတ်သော်လည်း ကျွန်တော်၏ အတွေး အခေါ် နှင့် ဖြစ်လာသည့်သဘော ဆောင်နေပေသည်။

စာတွေကတော့ အစုံပင်။ အထက်တန်းကျောင်းသား ဘ၀တုန်းက ခဏပန်းချစ်ခဲ့ရသူတစ်ဦးက လည်း ကျမ်းမာ ချမ်းသာစေကြောင်း ဆိုတောင်းသည်။ ဟိုတုန်းကတော့ ကျွန်တော် သိပ်ကြောက် တာပဲ ဆိုတာကို ထောက်ပြ သတိပေး ခြင်းလည်း ပြုပါသည်။ (သူ ယခု တကယ့် ဒေါက်တာအစစ် နှင့် အိမ်ထောင်ကျ နေပြီ ဖြစ်ကြောင်း တော့ ပါလိုက်သေး။)
ထောင်နှင့်ချီသော ကျွန်တော်နှင့် မသိသူများကလည်း စာရေးကြပါသည်။ ကျွန်တော်သည် သူတို့ ၏ စိတ်ကောင်း စေတနာကောင်း များအတွက် ၀မ်းမြောက်ကြည်နူးဖြစ်ရပါသည်။ ထိုအထဲတွင် လူများစွာ တို့က သူတို့နှင့် သူတို့ သားသမီးများ သေခြင်းတရားကိစ္စကို မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းပုံ အကြောင်း များကို ရေးသားကြသည်။

အမျိုးသမီးတစ်ဦးကမူ သူ့အဖြစ်ကို ပြောပြထားသည်။ သူ၏ ခင်ပွန်းသည် အသက် ၄၈ နှစ်အရွယ် တွင် ကျွန်တော်ရောဂါမျိုးဖြစ်သည့် ပန်ကရိယကင်ဆာနှင့် ဆုံးသွားခဲ့သည်။ ကျွန်တော်လို 'နောက်ဆုံး ဟောပြောချက်' မဟုတ်ဘဲ သူ့ခင်ပွန်းက 'နောက်ပြောပြချက်' ပြုသွားသည်။ သူ မသေ မီ ပြောပြ သွားသည်ကို နာထောင်ကြရသည့် ပရိသတ်ကား စာရေးသူ၊ သူ့ဇနီး၊ သူ့သားသမီးများ၊ သူ့မိဘများနှင့် သူ၏ သွေးချင်းညီအစ်ကို မောင်နှမများတို့ ဖြစ်သည်။

သူက ဇနီး သမီး သား မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတို့အား သူတို့၏ လမ်းညွှန်ပြသမှု၊ သူတို့၏ မေတ္တာ တို့အတွက် ကျေးဇူးတင်ကြောင်းပြောကာ ဘယ်တုန်းက ဘယ်အခါက ဘ၀တွင် သူ့အဖို့ အရေး အကြီးဆုံး က တော့ ဘာပါပဲဟူ၍လည်း သူတို့အား ပြောပြခဲ့ကြောင်း ထိုအမျိုးသမီးက ရေးပါသည်။ သူ့ခင်ပွန်း ဆုံးသွားပြီး နောက်တွင် အကြံဥာဏ်ရယူခြင်းက သူတို့မိသားစုအား များစွာအထောက် အကူဖြစ်ခဲ့ ကြောင်း ထို အမျိုးသမီးက ပြောပါသည်။ 'အခု ကျွန်မ သိထားတာတွေကို မစ္စစ်ပေါက်ရှ်နဲ့ကလေး တွေဟာ သိထားပြီး စကား ပြောဖို့ ငိုကြွေးဖို့ သတိရဖို့ လိုလာလိမ့်မည်' ဟုလည်း ဆိုပါသည်။

နောက် အမျိုးသမီးတစ်ဦး ကတော့ သူ့ယောကျာင်္းသည် ဦးနှောက်အကျိတ်ဖြစ်ပြီး သေဆုံးသွားသူ ဖြစ်ပါသည်။ သူ့ခင်ပွန်းဆုံးချိန်၌ သူတို့ကလေးများမှာ တစ်ဦးက သုံးနှစ် နောက်တစ်ဦးက ရှစ်နှစ် မျှသာ ရှိသေး သည်။ ဂျေးကို လက်ဆင့်ကမ်းပေးရမည့် သူသိမြင်ထားတာများကို ရေးပြပါသည်။ သူက 'ရှင်ဟာ ကျွန်မ စဉ်းစားလို့ မရနိုင်လောက်အောင်ပဲ အသက်ရှင်နေနိုင်သေးပါတယ်၊ ရှင့်ရဲ့ ကလေးတွေဟာ စိတ်သက်သာမှု နဲ့ ချစ်မေတ္တာတို့ရဲ့ ဧရာမအရင်းအမြစ်ဖြစ်ပါလိမ့်မယ်၊ ဒီကလေး တွေကပဲ မနက်တိုင်းမှာ ရှင် ပြုံးရွှင်ရက် နဲ့ နိုးလာဖို့အကြောင်း ဖြစ်ပါလိမ့်မယ်' ဟု ပြောပါသည်။

ဆက်ရေးထာသေး၏။ 'ရန်ဒီ၊ အသက်ရှင်နေတုန်းမှာ ပေးလာတဲ့ အကူအညီကို ယူပါ၊ ဒါမှ ရှင့်အဖို့ သူနဲ့ နေရတဲ့ အချိန်ကလေးက ပျော်စရာဖြစ်နိုင်ပါမယ်၊ သူမရှိတော့တဲ့အခါမှာလည်း ပေးလာတဲ့ အကူအညီကို ယူပါ၊ ဒါမှသာလျှင် အရေးကြီးတဲ့ အရာအတွက် ရှင့်မှာ အားခွန်တွေရလာနိုင်ပါမယ်၊ ကိုယ့်လို ဆုံရှုံးမှု ကြုံရသူတွေ နဲ့ ရောနှောဆက်ဆံပါ၊ အဲဒီ ဘ၀တူတူမျာဟာ ရှင်နဲ့ ရှင့်သားသမီး ကလေးတွေအတွက် ဖြေသိမ့်မှု တစ်ခု ဖြစ်ပေလိမ့်မယ်' ဟူပါ၏။ ကလေးများ ကြီးလာကြမည်ဖြစ်ရာ ၄င်းကြီးလာလျှင် ပုံမှန်ဘ၀ ရောက်လာမှာပါဟူ၍ ဂျေး အနေဖြင့် စိတ်ချလက်ချ ရှိသင့်သည်ဟု လည်း ထိုအမျိုးသမီးက အကြံပေးပါသည်။ ကလေးတွေသည် အချိန်တန်လျှင် ဘွဲ့တွေရ အိမ်ထောင်တွေကျ၊ သားတွေ သမီးတွေရ ဖြစ်လာမည်။ 'မိဘတစ်ဦးဦး ကလေးတွေ ဒီလောက်ငယ် တဲ့အရွယ်မှာ သေဆုံးသွားတဲ့အခါ တချို့ကလေးတွေက တခြား ပုံမှန်ဘ၀ ဖြစ်စဉ်ဖြစ်ရပ်တွေ တို့မှာ ဖြစ်ကြမှာ မဟုတ်ကြပါဘူလို့ ထင်ကြ ပါတယ်' ဟူ၍လည်း ထိုအမျိုးသမီးက ရေးပါသည်။

ကျွန်တော့်ထံ ရေးကြသည့်သူများတွင် နှလုံးရောဂါဖြစ်နေသော အသက် ၄၀ ကျော်အရွယ် လူတစ် ဦးလည်း ပါဝင်သည်။ သူက ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်သွားသည့် ဘာသာရေးခေါင်းဆောင် ခရစ္စ ရှနားမူတီး၏ အကြောင်း ကို ရေးပြသည်။ ခရစ်ရှ်နာမူတီးကို တစ်ခါက သေတော့မည့် မိတ်ဆွေတစ် ဦးကို ပြောသင့်သော အသင့်လျော်ဆုံးစကားသည် ဘာဖြစ်ပါသလဲဟု မေးသည့်အခါ ခရစ်ရှနာမူ တီးက ဖြေသည်ဟု ဆိုပါသည်။ 'မင်းမိတ်ဆွေ သေတဲ့အခါ မင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း သေပြီးသူနဲ့အတူ ပါရကြောင်းကို မင့်မိတ်ဆွေကို ပြောပြပါ။ သူသွားလေရာ မင်းလဲ ပါနေသောဖြစ် လို့ သူတစ်ယောက်တည်း မဟုတ်ပါဘူး လို့ ပြောပြပါ' ထိုသူက သူ၏ အီးမေးလ်၌ ဤသို့ပြောပါ သည်။ 'ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ'

ကျွန်တော်၏ နောက်ဆုံး ဟောပြောချက်ကို တွေ့လိုက်ရကုန်သော အချို့သော ထင်ရှားသည့် ပုဂ္ဂိုလ်များထံမှလည်း ဝေဖန်အကြံပေးချက်များနှင့် ဆုမွန်ကောင်းတောင်း ဆန္ဒ ပြုမှုများကို ရရှိခဲ့သ ဖြင့် စိတ်မှာ အတော်ပင် ထိခိုက်လှုပ်ရှား ဖြစ်မိပါသည်။ ဥမမာအားဖြင့် ရုပ်မြင်သံကြား သတင်းဆ ရာမကြီး ဒီယန်နေဆောယားသည် ကျွန်တော့်အား အင်တာဗျူးသည်။ ကင်မရာများ ဖယ်ရှားလိုက် ချိန်၌ ကျွန်တော့် အား ကျွန်တော်သားသမီးများအတွက် ထားရစ်ခဲ့မည့် စံနှုန်းများနှင့် ပတ်သက်၍ ပို၍ ရှင်းလင်းစွာ စဉ်းစားစေသည်။ သူက ကျွန်တော်သည် ကျွန်တော့်ကလေးများအတွက် စာများ နှင့် ဗွီဒီယိုများ ထားရစ်သွားရမည်ကို ကျွန်တော်သိသည်။ သို့ရာတွင် သူက ကျွန်တော့်ကို ပြော သည်။ အရေးအကြီးဆုံးက သူတို့ နှင့် ဆက်စပ်နေသော ထူခြားသည့်အရာများကို သူတို့အား ပြော ပြခဲ့ဖို့ ဖြစ်ပါသတဲ့။ ထို့ကြောင့် ကျွန်တော့် သားသမီး တစ်ဦးစီကို ဤသို့သော စကားများကို ပြောထားရစ်ခဲ့မည်ဟု ဆုံးဖြတ်လိုက်သည်။ 'အဖေက မင်း ချစ်တာက မင်းရယ်မယ်လုပ်တဲ့အခါ မင့်ခေါင်းကို နောက်ကို စောင်းလိုက်သလိုမျိုး ချစ်တာ' သူတို့ ခေါင်းထဲမှာ စဉ်းစားလို့ ရနိုင်လောက် သော စကားမျိုးကိုသာ ကျွန်တော် ပြောခဲ့ပေတော့မည်။

ကျွန်တော်နှင့် ဂျေးတို့ မကြာမကြာ သွားတွေ့ လေ့ရှိသည့် ဒေါက်တာရီးစ်ကလည်း ကျွန်တော်၏ ကင်ဆာစကင်များကို ကြည့်ရပြီး စိတ်ဖိအားတွေများလာသဖြင့် ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်သွားမည့်အ ရေးကို ရှောင်ရှားနိုင်မည့် မဟာဗျူဟာများကို ရှာပေးပါသည်။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော်၏ မိသားစုအပေါ်မှာ စိတ်ရောကိုယ်ပါ အာရုံစိုက်လာနိုင်သည်။ အကောင်းဘက်က ကြည့်သည့်အမြင်မျိုးနှင့် ကျွန်တော် အာရုံစိုက်လာနိုင်သည့် အရာများကိုလည်း ဇောင်းပေးလာနိုင် ခဲ့သည်။ ကျွန်တော်သည် အကြံဥာဏ် တောင်းခံတိုင်ပင်ခြင်း၏ ထိရောက်မှုအပေါ်ကို သံသယရှိ ခြင်းဖြင့် ကျွန်တော့်ဘ၀ အချိန် အများအပြား ကို ကုန်ဆုံးစေလာခဲ့သူ ဖြစ်သည်။ ယခုသော် အခြေ အနေဆိုးမျိုးနှင့် ကြုံနေရသူ ကျွန်တော် သည် အကြံဥာဏ်တောင်းခံတိုင်ပင်ခြင်းက ဘယ်မျှကြီးမား စွာ အကူအပံ့ရနိုင်ကြောင်းကို သိမြင်လာရပေပြီ။ ကျွန်တော်သည် ကင်ဆာလူနာဆောင်များကို သွားကာ ရောဂါဒဏ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရန် ကြိုးပမ်း နေရရှာသည့် ကင်ဆာရောဂါသည် လူနာများအား ဤအကြောင်းကို ပြောပြချင်ပါဘိတော့သည်။

ကျွန်တော့်ထံ စာရေးကြသူများတွင် အများအပြားက ယုံကြည်မှုနှင့် စပ်ရာအကြောင်းများကို ရေး ကြသည်။ သူတို့ ပြောကြ ရေးကြတာများကိုရော သူတို့၏ ဆုတောင်းများကိုလည်း ကျွန်တော် အလွန်လေးစား အသိအမှတ် ပြု ထားပါ၏။

ကျွန်တော်သည် ယုံကြည်မှုဟူသည်မှာ ပုဂ္ဂိုလ်တစ်ဦးချင်း၏ တစ်ကိုယ်ရေကိစ္စသာ ဖြစ်သည်ဟု ယူဆသော မိဘ များ၏ ပြုစုစောင့်ရှောက်မှုကို ခံယူလာခဲ့ရသူ ဖြစ်ပါသည်။ ကျွန်တော်၏ ဟောပြော ချက်မှာလည်း ကျွန်တော် က ဘယ်ဘာသာရေးပါ စသည်ဖြင့် မဆွေးနွေးခဲ့ပါ။ အဘယ့်ကြောင့်ဆို သော် ကျွန်တော်သည် မည်သည့် ဘာသာရေးကို ယုံကြည်သူ မဆို လိုက်နာကျင့်သုံးနိုင်သော အားလုံးနှင့်ဆိုင်သည့် မူများ အကြောင်း ကိုသာ ပြောသွားလို၍ ဖြစ်ပါသည်။ ကျွန်တော်၏ ရည်ရွယ် ချက်မှာ ကျွန်တော်လူတွေနှင့် ထိတွေ့ ဆက်ဆံလာရာမှ ရရှိခဲ့သော အသိပညာများကို မျှဝေသွား ရန် ဖြစ်ပါသည်။

အချို့သော ထိတွေ့ဆက်ဆံမှုများကို ကျွန်တော် ဘုရားရှိခိုးကျောင်းတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ကျွန်တော် တို့၏ ဘုရားရှိခိုးကျောင်းမှ အမျိုးသမီးတစ်ဦးဖြစ်သူ အမ်အာရ်ကဲလ်ဆီးသည် ကျွန်တော် ခွဲစိတ်မှု ကိုခံယူပြီး ၁၁ ရက်လုံးလုံး ဆေးရုံသို့ နေ့တိုင်းလာ၍ ကျွန်တော်နှင့် အတူထိုင် သည်။ ကျွန်တော့်မှာ ကင်ဆာရောဂါ ရှိနေပြီဟု သိပြီးသည့် အချိန်မှစ၍ ကျွန်တော်၏ ဘုန်းတော် ကြီးသည် လွန်စွာ အကူအညီရသူ ဖြစ်သည်။ သူနှင့် ကျွန်တော်သည် ပစ္စဘတ်တွင် ရေကူးကန် တစ်ခုတည်းမှာ အတူတူ ရေးကူကြသူများဖြစ်ကြသည်။ ကျွန်တော့်ရောဂါသည် ကု၍မရနိုင်မှန်း သိလိုက်သည့်နောက်တစ်နေ့တွင် ကျွန်တော်တို့နှစ်ယောက်စလုံး ထိုရေကူးကန် ၌ ရှိကြသည်။ သူက ရေကူကန်ဘေး၌ ထိုင်နေ၏။ ကျွန်တော်က ရေကူကန်ထဲသို့ ဒိုင်ဗင်ထိုး ဆင်းသည့် သစ်သားပြားပေါ် သို့ တက်နေသည်။ ကျွန်တော်သည် သူ့ကို လှမ်းကြည့်လိုက်ပြီး သစ်သားပြား ပေါ်မှ ဒိုင်ဗင်ထိုးချလိုက်သည်။

ကျွန်တော် ရေကူကန်ဘေးသို့ ရောက်လာသည့်အခါ သူက ကျွန်တော့်ကို ပြောသည်။ 'ရန်ဒီ၊ မင်ကြည့်ရတာ ကျန်းမာ နေတဲ့ ပုံပါပဲကလား' ထိုအခါ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်သည်။ 'ဒါကတော့ သိမြင်သာတဲ့ သဘောထား ကွဲလွဲမှုပေါ့ခင်ဗျာ၊ အပြင်ပန်းအမြင်အရသာ ကျွန်တော့် ကျန်းမာရေးက ကောင်းနေတယ် ထင်ရပေ မဲ့ ကျွန်တော့် ကင်ဆာရောဂါဟာ ပြန်ပေါ်လာပြီး ဆရာဝန်တွေက နောက် သုံးလနဲ့ ခြောက်လ အထိပဲ နေရတော့မယ်လို့ မနေ့တုန်းက သိခဲ့ရ တယ်'
သူနှင့် ကျွန်တော်သည် ထိုအချိန်မှစ၍ သေခြင်း တရားကို ကျွန်တော်ဘယ်လို အကောင်းဆုံး ရင်ဆိုင်ဖို့ ပြင်ဆင် ထားရမည့်အကြောင်းကို ဆွေးနွေးပြောဆိုလာခဲ့ကြသည်။
'မင်း အသက်အာမခံတော့ ထားတယ်နော်' ဟု သူက မေးသည်။

'ဟုတ်ကဲ့၊ အသက်အာမခံထားပြီးသားပါ' ဟု ကျွန်တော်က ပြန်ဖြေသည်။
'ဒါဆိုရင် မင်းမှာ စိတ်ပိုင်းဆိုင်ရာ အာမခံအတွက် ပရီမီယံကြေးကို ပိုက်ဆံနှင့်ပေး၍မရဘဲ အချိန်နှင့် သာ ပေးရမည် ဖြစ်ကြောင်းကိုလည်း သူက ရှင်းပြပါသည်။
ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်မှာရသည့် အချိန်နာရီများကို ကျွန်တော်နှင့် ကျွန်တော့်က လေး များကို ဗွီဒီယိုရိုက်ခြင်းဖြင့် ကုန်လွန်စေဖို့ လိုအပ်မည်။ သို့မှသာ ကျွန်တော်တို့ သာအဖ တစ်တွေ ဘယ်လိုကစာခဲ့ကြ၊ ရယ်မောခဲ့ကြသည့် မှတ်တမ်းများ သူတို့အတွက် ကျန်ခဲ့မည်ဟု လည်း သူက အကြံပေး ပြောဆိုပါသည်။ ယနေ့မှ နောင်နှစ်ပေါင်းများစွာ ကြာလွန်သော် ကျွန်တော်တို့ချင်း မည်သို့မည်ပုံ ထိတွေ့ဆက်ဆံခဲ့ကြ၊ အချင်းချင်း အတုံ့အလှည့် ပြုခဲ့ကြသည် များကို သူတို့ကလေးတွေ အလွယ်တကူ တွေ့မြင်နိုင်ကြမည်ဟု ဆိုပါသည်။ သူက ကျွန်တော် ဂျေးကို ချစ်ရသည့် ချစ်မေတ္တာ၏ မှတ်တမ်းအဖြစ် ဂျေးအတွက် ထားရစ်ခဲ့နိုင်စေမည့် ကျွန်တော် လုပ်၍ ရနိုင်သော အလုပ်များနှင့် ပတ်သက်၍လည်း ကျွန်တော့် အား တွေးပြပေးခဲ့သည်။

'မင်းဟာ စိတ်ထဲမှာ စိတ်ပျက်ဝမ်းနည်း ဘာမှ မဖြစ်ဘဲ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အာမခံကြေးပရီမီယံ သွင်းနိုင်သွားပြီဆိုလျှင် မင်း ရှေ့မှာ နေသွားရမည့် လတွေအတွင်းမှာ မင်းအပေါ် ဖိစီးနေတဲ့ ၀န်တွေ လျော့ကျ သွားလိမ့်မယ်၊ ဒီအခါ မင်းမှာ ငြိမ်းချမ်းမှု ပိုရလာပါလိမ့်မယ်' ဟု သူက ပြောပါ သညါ။
ကျွန်တော်၏ မိတ်ဆွေများ၊ ကျွန်တော်၏ သားသမီးများ၊ ကျွန်တော်၏ ဘုန်းတော်ကြီး၊ ကျွန်တော် နှင့် အလျင်း သိကျွမ်းခဲ့ဖူးခြင်းမရှိသည့် သူစိမ်းသက်သက်များ၊ သူတို့အားလုံးသည် ကျွန်တော့်ထံ စာတွေ အီးမေးလ် တွေပို့ကြ၊ ဆုတောင်းပေးကြ၊ အကြံဥာဏ်တွေပေးခဲ့ကြပါကုန်၏။ နေစဉ် နေ့တိုင်း ကျွန်တော် သည် ကျွန်တော့်အား ကျန်းမာ ချမ်းသာစေလိုသော ကျွန်တော့်အား စိတ်ပိုင်း ဆိုင်ရာအရ အားပေး ကြကုန်သော ထိုထိုလူများထံမှ အင်အား တွေ ရရှိနေခဲ့ပါ၏။ တကယ်ပင် ရရှိနေခဲ့သလို ကျွန်တော် ကလည်း ထိုအတွက် ကျေးဇူးတင်ပါ၏။ သေမင်းနိုင်ငံသို့ မောင်းနှင်သွား နေရသော ကျွန်တော်၏ ခရီးတွင် ကျွန်တော် သည် အထီးကျန်စိတ် ဘယ်အခါမှ မဖြစ်တော့ပြီတ ကား။

ဆက်ရန်
.

No comments: