အခန်း ၄၅
သကြားလုံးများ ပို့ပေးပါ
သကြားလုံးများ ပို့ပေးပါ
ကျွန်တော်သည် ကျွန်တော့်တာဝန်များ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပညာရပ်ဆိုင်ရာများကို ပြန်လည် သုံးသပ်ပေး ရသူတစ်ဦးလည်း ဖြစ်နေ၏။ အဓိပ္ပာယ်မှာ ကျွန်တော်သည် အခြားပါမောက္ခများကဲ့သို့ အထူကြီး ရေးထားသော သုတေသနစာတမ်းများကို ပေးပို့ကာ ယင်းတို့အား သုံးသပ်ပေးရန် မေတ္တာရပ် ခံရသည့် အလုပ် ကို လုပ်ရခြင်းဖြစ်သည်။ ထိုစာတမ်းများကို ဖတ်ရသည်မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းနိုင် ၏။ ဖတ်ရင်း အိပ်ပျော် သွားနိုင်သည်။ ထို့ကြောင့် ကျွန်တော်က ဖတ်ပေးဖို့လိုသည့်စာတမ်းများနှင့်အတူ သကြားလုံး တစ်ပုံး ကိုလည်း ပို့ပေးလိုက်သည်။ "ဖတ်ပေးရန် သဘောတူသည့်အတွက် ကျေးဇူးတင်ပါ သည်။ ဤ စာတမ်းများနှင့် အတူ ပူးတွဲပေးပို့လိုက်သော သကြားလုံးများကား ဖတ်ပေးခြင်းအတွက် ဆု လဒ်ဖြစ်ပါသည်။ သို့ရာတွင် စာတမ်းကို ဖတ်မပြီးမချင်း သကြားလုံးများကို စားမည်ဆိုလျှင်ကား တော် မည်မဟုတ်ပါ" ဟူ၍လည်း စာရေးပေးလိုက်၏။
ဤသို့ပြုခြင်းဖြင့် သူတို့မျက်နှာများပေါ်မှာ အပြုံးပန်းများပွင့်လာစေသည်။ ကျွန်တော်လည်း ဖုန်းထပ် ဆက်ပြီး မပြီးသေးဘူးဘား၊ ဘာလား မည်တွန်တောက်တီးပြုစရာမလိုတော့ပေ၊ သူတို့စားပွဲပေါ်တွင် သကြားလုံး ပုံး ရောက်နေပြီဖြစ်ရာ သူတို့လုပ်ရမည့်အလုပ်ကို သိသွားကြပေသည်။
တစ်ခါတစ်ရံ သော်လည်း နှိုးဆော်သည့်အီးမေးလ်ပို့ရတာမျိုးတော့ ရှိပါ၏။ သို့ရာတွင် သူတို့ထံ ကျွန်တော် အီးမေးလ် ပို့သည့် အခါ ၀ါကျတစ်ကြောင်းသာ ရေးဖို့လိုတော့၏။ သကြားလုံးစားပြီးပြီလား ခင်ဗျား ဟူ၍ ဖြစ်ပါ၏။
သကြားလုံးပုံးသည် ဆက်သွယ်ရေးကိရိယာကောင်းတစ်ခုဖြစ်ကြောင်း တွေ့ရသည်။ သကြားလုံးများ သည် ကောင်းစွာ ပြီးစီး သွားသော အလုပ်အတွက် ချိုမြိန်သောဆုလဒ်တစ်ခုလည်း ဖြစ်ပါပေသည်။
အခန်း ၄၆
ကိုယ်အားကိုးစရာမှာ ကိုယ်ပူလာသည့်အရာသာဖြစ်သည်
ကိုယ်အားကိုးစရာမှာ ကိုယ်ပူလာသည့်အရာသာဖြစ်သည်
ကျွန်တော်သည် ငါ ဘယ်အခြေအနေနှင့် ကြုံရကြုံရ အသင့်ဖြစ်နေဖို့လိုသည်ဟု အမြဲတမ်းတွေးထား သည်။ အိမ်မှ ထွက်သွားလျှင် ငါ ဘာယူလာခဲ့ဖို့လိုမလဲ။ အတန်းတစ်တန်းမှာ စာသင်လျှင် ငါ့ကို ဘယ် လိုမေးခွန်း တွေ မေးလာနိုင်သည်ဟု မျှော်မှန်းထားရမလဲ။ ကိုယ်မရှိတော့ဘဲနေသွားရမည့် ကိုယ့်မိသား စု၏အနာဂတ် အတွက် ပြင်ဆင်နေသည့်အခါ ဘယ်လိုအထောက်အထား စာရွက်စာတမ်းတွေကို အသင့် ထားရှိခဲ့သင့်တာ ဘာလဲ။ သို့နှယ် တွေးခြင်းမျိုးဖြစ်သည်။
ကျွန်တော် ခုနစ်နှစ်သားအရွယ်လောက် ကျွန်တော့်အား ကျွန်တော့်မိခင်က ကုန်စုံဆိုင်တစ်ဆိုင် ခေါ် သွားခဲ့ ပုံကို ကျွန်တော့်မိခင် ပြန်ပြောင်းပြောပြသည်။ အမေနှင့်ကျွန်တော်သည် ပစ္စည်းပစ္စယတွေကို စစ် ဆေး သည့် ကောင်တာသို့ရောက်လာသည်။ ဤတွင်မှ အမေသည် သူဝယ်ရမည့်ဈေးစာရင်းထဲမှာ ပါသည့် ပစ္စည်း နှစ်ခု လောက် ၀ယ်ဖို့မေ့ခဲ့ကြောင်း သတိရသည်။ ကျွန်တော့်ကို ပစ္စည်းတင်သည့် လှည်းနှင့် ထားရစ် ခဲ့ပြီး အမေ သည် လိုသည့်ပစ္စည်းကို အပြေးအလွှား သွားယူသည်။
"အမေ ချက်ချင်းပြန်လာခဲ့မယ်နော်"ဟု အမေက ပြောသည်။
အမေထွက်သွားသည့်အချိန်မှာ နှစ်မိနစ်၊ သုံးမိနစ်သာကြာပါမည်။ သို့ရာတွင် ထိုအချိန်အတွင်း၌ ကျွန် တော် သည် လှည်းပေါ်မှ ပစ္စည်းတွေအားလုံးကို စက်ခါးပတ်ကြိုးပေါ် တင်လိုက်ရာ ပစ္စည်းအားလုံးကို တန်ဖိုး သင့်ပြီး ဖြစ်သွားသည်။ ကျွန်တော်သည် ငွေကိုင်အား စိုက်ကြည့်နေမိသည်။ သူကလည်း ကျွန် တော့်ကို စိုက်ကြည့် နေ၏။ ငွေကိုင်သည် ကျွန်တော့်ကို ကြည့်၍ ရယ်ရင်းပြောသည်။ "သား၊ မင်းမှာ ပေးဖို့ ပိုက်ဆံ ပါရဲ့လား၊ မင်း အန်တီ့ကို ပေးမှဖြစ်မယ်"
ကျွန်တော် က နောက်ပြောနေမှန်းမသိ၊ ထို့ကြောင့် ခပ်ရှက်ရှက်နှင့်ရပ်နေမိလေသည်။
ထိုအချိန် တွင် ကျွန်တော့်အမေ ရောက်လာလေရာ ကျွန်တော်က စိတ်ဆိုးဆိုးနှင့် "အမေကလည်း သား ကို ပိုက်ဆံ မပါဘဲနဲ့ ဒီမှာထားခဲ့တယ်၊ ဒီအန်တီကြီးက ပိုက်ဆံတောင်းနေတယ်ဗျာ၊ ကျွန်တော့်မှာ သူ့ကို ပေးစရာ မရှိဘူး"ဟု ပြောမိသည်။
ယခုသော်ကား ကျွန်တော်သည် ကလေးလည်း မဟုတ်တော့။ အရွယ်ရောက်သည့်လူကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည။် ကျွန်တော့် ခေါက်ပိုက်ဆံအိတ် ထဲမှာ အမြဲတမ်း ဒေါ်လာ ၂၀၀ ထက်မနည်း ပါသည်ဖြစ်ပါ၏။ မလိုလား၊ လိုလား သုံးစရာပေါ်လာလျှင် အသင့်ဖြစ်နေစေရန် ဖြစ်ပါသည်။ ပိုက်ဆံအိတ် ပျောက်သွား တာမျိုး၊ လူခိုးခံရတာမျိုးဖြစ်လျှင် ဘယ့်နှယ့်လုပ်မလဲ ဟု ပြောစရာကားရှိသည်။ သို့ရာတွင် ဤမျှ သင့်တင့် လျောက်ပတ်သော လူနေမှုအဆင့် နှင့် နေနေရသူတစ်ယောက်အနေဖြင့် ထိုသို့ဖြစ်လာလျှင်လည်း ဒေါ်လာ ၂၀၀ လောက်တော့ အဆုံးခံထိုက်သည် ဆိုရမည်သာ။ ထည့်သွားသော ပိုက်ဆံပျောက်သွား သည်ထက် သုံးဖို့ လိုသည့်အခါမျိုးတွင် လက်ထဲမှာ ပိုက်ဆံမပါလာသည်က ပို၍ပြဿနာကြီးတတ်ပါပေ သည်။
ကျွန်တော်သည် ကြိုတင်ပြင်ဆင်မှုကို ပိုပိုကြိုကြိုလုပ်တတ်သူများကို အားကျသည်။ ကောလိပ်ကျောင်း သား ဘ၀တွင် ကျွန်တော့်မှာ နော်မန်မေးရိုဝမ်ဟု အမည်ရှိသော သူငယ်ချင်းတစ်ယောက်ရှိသည်။ တစ် နေ့သ၌ သူသည် အိုဗာဟက် ပရိုဂျက်တာတစ်ခုအကြောင်းကို သင်ပြနေသည်။ သူသင်ပြ ပြောဆိုနေတုန်း တစ်ဝက် လောက်မှာပင် ပရိုဂျက်တာပေါ်က မီးသီးကလေးက မီးမှိတ်သွားသည်။ ပရိသတ်ထဲမှ ညည်းညူသံ များလည်း ကြားလာရ၏။ တစ်ဦးဦးက ပရိုဂျက်တာသစ်တစ်ခု ရှာတွေ့မလာမီ ၁၀ မိနစ် လောက် စောင့် နေရမည် ကဲ့သို့ ရှိနေသည်။
"ကိစ္စမရှိပါဘူး၊ ဘာမှမပူကြပါနဲ့" နော်မန် က ပရိသတ်အား ကြေငြာအသိပေးလိုက်သည်။
ကျွန်တော်တို့သည် သူ ဘာလုပ်မလဲဟု စောင့်ကြည့်နေရာ နော်မန်သည် ကျောပိုးအိတ်ထဲမှ တစ်ခုခုကို ဆွဲထုတ် လိုက်သည်။ သူသည် အိုဗာဟက် ပရိုဂျက်တာအတွက် လျှပ်စစ်မီးသီးအပိုတစ်လုံး ယူဆောင် လာခဲ့ခြင်း ဖြစ်ပေသည်တကား။ သူ ဤသို့မီးသီးအပို ဆောင်လာလိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ပါ လေ။
ထိုစဉ်က ကျွန်တော်တို့၏ပါမောက္ခ အင်ဒီဗန်ဒမ်းသည် ကျွန်တော့်ဘေး၌ကပ်ထိုင်နေရာ သူက ကျွန်တော့် ဘက်ကို ကိုယ်ကိုကိုင်းညွတ်၍ ပြော၏။ "ဒီမောင်ဟာ တိုးတက်သွားမယ့်လူကွ"တဲ့။ မှန်လည်း မှန် ပါပေသည်။ နော်မန်သည် မက္ကရို မီဒီယာကုမ္ပဏီတွင် ထိပ်တန်း အမှုဆောင်အရာရှိတစ်ဦးဖြစ်သွားလေ သည်။ ယနေ့ကာလ အင်တာနက်ကို အသုံးပြုနေသူတိုင်းနီးပါးသည် ထိုကုမ္ပဏီတွင် သူကြိုးပမ်းဆောင် ရွက် ခဲ့သည့် သူ၏ကြိုးပမ်းဆောင်ရွက်ချက်များ၏ အကျိုးဆက်နှင့် မကင်းကြပေ။
အမြဲတမ်း အသင့်ရှိနေရန်အတွက် နောက်တစ်နည်းမှာ မဟုတ်သည့်ဘက်က ပြောင်းပြန်လှန်တွေးခြင်း ဖြစ်သည်။
ကျွန်တော်သည် အကောင်းမြင်ဝါဒီတစ်ဦး စင်စစ်ဖြစ်သည် မှန်၏။ သို့ရာတွင် ဆုံးဖြတ်ချက်တစ်ခုကို ချ တော့မည် ဆိုလျှင် ကျွန်တော်သည် အဆိုးဆုံးအခြေအနေကို စဉ်းစားကြည့်လေ့ရှိသည်။ ကျွန်တော်က ထို အခြေအနေ ကို "၀ံပုလွေအစားခံရခြေ"ဟု အမည်ပေးသည်။ ကျွန်တော် တစ်ခုခုကို လုပ်မည်ဆိုလျှင် အဆိုးဆုံး ဘာတွေဖြစ်လာနိုင်သနည်း။ ကျွန်တော်သည် ၀ံပုလွေ အစားခံရမည်လော။ ထို့နှယ် စဉ်းစား ခြင်းဖြစ်သည်။
အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်စေနိုင်သောအချက်တစ်ချက်မှာ အဆိုးဆုံ အခြေအနေကြုံလာသောအခါ ဖြေရှင်းရန် အရေးပေါ်အစီအမံ ရှိထားစေခြင်းဖြစ်သည်။ ကျွန်တော် မပူသော အရာတွေများစွာ ရှိသည်။ အဘယ့်ကြောင့် ဆိုသော် တစ်ခုခုဖြစ်လာပါက ဖြေရှင်းရန် အစီအမံတစ်ခု အသင့်ရှိနေခြင်းကြောင့် ဖြစ် သည်။
ကျွန်တော်သည် ကျွန်တော့်တပည့်တွေကို မကြာခဏ ဤသို့ပြောလေ့ရှိသည်။ "မင်းတို့ တောနက်ထဲ ရောက်သွားပြီ ဆိုရင် မင်းတို့အားကိုးစရာဆိုလို့ မင်းတို့ယူဆောင်သွားတဲ့ အရာပဲရှိတယ်" တောနက်ဟူ သည်မှာ တကယ်တန်းအားဖြင့် နေရာတိုင်း၌ ရှိနိုင်သောအရာဖြစ်သည်။ အိမ်မှာနေရင်း၊ ရုံးမှာထိုင်ရင်း တောနက်ထဲ သို့ ရောက်နေနိုင်၏။ ထို့ကြောင့် ပိုက်ဆံထည့်သွားပါ။ ထို့ပြင် ပစ္စည်းကိရိယာ ထည့်ထား သော အိတ် ကို ယူသွားပါ။ ၀ံပုလွေတွေကို စိတ်ထဲမှာ မြင်လာအောင် စဉ်းစားကြည့်ပါ။ မီးသီးတစ်လုံး အပို ယူသွားပါ။ အစဉ် အသင့် ဖြစ်ပါစေ။
အခန်း ၄၇
မတောင်းပန်တတ်ခြင်းသည် မတောင်းပန်ခြင်းထက်ဆိုးသည်
မတောင်းပန်တတ်ခြင်းသည် မတောင်းပန်ခြင်းထက်ဆိုးသည်
တောင်းပန်ခြင်းသည် အောင် ရှုံး ကိစ္စမဟုတ်။ တောင်းပန်သည့်အခါ A အဆင့်ထက်နိမ့်သော တောင်းပန် မှုမျိုးသည် အရာမရောက်ဟူ၍ ကျွန်တော့်တပည့်များကို ကျွန်တော် ပြောလေ့ရှိသည်။
စိတ်မပါ့တပါနဲ့ဖြစ်စေ၊ မရိုးမသားဖြစ်စေ တောင်းပန်သော တောင်းပန်မှုများသည် တောင်းပန်ခြင်း ဟူ၍ လုံးဝ မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် တောင်းပန်ခံရသူက စော်ကားခံရသလို ဖြစ်သောကြောင့်ပင်။ အခြားသူ တစ်ဦးဦး နှင့် ပြောဆိုဆက်ဆံရာတွင် တစ်ခုခု အမှားပြုမိခဲ့ပါလျှင် ဆက်ဆံရေးတွင် ကူးစက်ပိုး အ၀င်ခံ လိုက်ရသလို ရှိသည်။ တောင်းပန်တတ်လျှင် ရောဂါပိုးကို သတ်ပေးနိုင်သည့် ပဠိဇီဝဆေး ထိုးပေး လိုက်သလို ရှိသည်။ မတောင်းပန်တတ် လျှင်ကားအနာကို ဆားနှင့်ပွတ်သည်နှင့် တူလေတော့သည်။
ကျွန်တော်သင်ပြရသည့် အတန်းများတွင် အစုလိုက် အလုပ်လုပ်ခြင်းသည် အလွန်အရေးပါသည်။ အများ နှင့် ဆက်ဆံလုပ်ကိုင်နေရသည်ဖြစ်၍ အစုအဖွဲ့တွင်း၌ သဘောကွဲမှုများကို ရှောင်လွှဲ၍ မရပေ။ အချို့ ကျောင်းသား များက ကိုယ့်ဝန်ကိုယ်မထမ်းကြ။ အချို့လူများကျတော့လည်း ကိုယ့်ကိုယ် ကိုယ် အထင်ကြီး လွန်းကာ သူတစ်ပါးကို အထင်သေးတတ်၏။ စာသင်နှစ်ဝက်တစ်ဝက်လောက် ရောက်ပြီဆိုလျှင် တောင်းပန်မှုတွေ လုပ်လာကြရတော့သည်။ ကျောင်းသားများသည် တောင်းပန်ရမည့် အမှုကို တောင်းပန်ခြင်း မပြုခဲ့သော် အရာရာသည် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပေမည်။ ထို့ကြောင့် ကျွန်တော်က တောင်းပန်မှု နှင့် ပက်သက်၍ ပြောနေကျစကားကို တပည့်များအားပြောရတော့သည်။
ကျွန်တော်က ဂန္ထ၀င်မြောက် ဆိုးဝါးသော တောင်းပန်မှုနှစ်မျိုး အကြောင်းက စ ရသည်။
၁။ ကျွန်တော်ပြုမိခဲ့တာအတွက် ခင်ဗျားမှာ စိတ်ထိခိုက် သွားတယ်ဆိုရင် ဆောရီးပဲဗျာ (ဤတောင်းပန် နည်းမျိုး မှာ ချွေးသိပ်သည့် သဘောသာဖြစ်သည်။ ဒဏ်ရာကို ဆေးထည့်ပေးလိုခြင်း မရှိ။)
၂။ ကျွန်တော်ပြုမိခဲ့တာအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် ခင်ဗျားကလည်း ခင်ဗျားပြုခဲ့တာ အတွက် ကျွန်တော့် ကို တောင်းပန်ဖို့လိုလိမ့်မယ် (ဤနည်းမှာ တောင်းပန်ခြင်းမဟုတ်ပဲ တောင်းပန်ခိုင်း နေခြင်း ဖြစ်သည်။) ကောင်းမွန်မှန်ကန်သည့် တောင်းပန်မှုမျိုးတွင် အောက်တွင်ဖော်ပြသကဲ့သို့ အင်္ဂါ သုံးရပ် ပါရသည်။
၁။ ကျွန်တော် ပြုလိုက်တာ မှားသွားသည်။
၂။ ခင်ဗျားကို ထိခိုက်အောင် ပြုမိခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်သည်။
၃။ ကျွန်တော် သည့်ထက်ကောင်းအောင် ဘယ်လိုလုပ်ပေးရဦးမလဲ။
အချို့သူများသည် နံပါတ် ၃ ကမေးခွန်းမျိုးကို ဖြေကြားသည့်အခါ အခွင့်အရေး ယူတတ်တာမျိုးလဲ ရှိသည်။ သို့ရာတွင် လူအများစုကမူ သင်၏ စေတနာကောင်း နှင့် တောင်းပန်ရန် ကြိုးပမ်းသည့် အားထုတ်မှုများကို တကယ်ပင် လေးစား အသိအမှတ်ပြုကြပါလိမ့်မည်။ သူတို့က ဘယ်လို လုပ်ရင်လည်း ရပါတယ်ဗျာ၊ သည်လောက် မလိုပါဘူးဟူ၍လည်း ဖြေကြားကောင်းဖြေကြားနိုင်သည်။ ထို့ပြင်သူတို့ ကိုယ်တိုင်လည်း ကောင်းသည် ထက် ကောင်းအောင် ကြိုးစား လုပ်ဆောင် သွားကြပေလိမ့်မည်။
ဤသို့ဆိုသည့်အခါ ကျွန်တော့်တပည့်များက ပြောတတ်ကြသည်။ ကျွန်တော်က တောင်းပန်ပါလျက် တစ်ဖက်လူ က ပြန်မတောင်းပန်ဘူးဆိုရင်ကောဟူ၍ ဖြစ်ပါသည်။ ထိုအခါ ကျွတော်က သူတို့အား ပြောပြ ရ၏။ ဒါကတော့မင်းတို့တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ၊ဒီတော့ အဲဒီအတွက်နဲ့တော့ မင်းမှာ တနုံ့နုံ့နဲ့ ခေါင်းစား မနေပါနဲ့တော့ သူတို့ကို တောင်းပန်သည်း ကိုယ့်စကားသည် သင့်လျော် ကောင်းမွန်ပြီး အူလှိုက် သည်းလှိုက် ရှိခဲ့ပါလျက် အခြားသူများက ကိုယ့်ကို တောင်းပန်ရန်ရှိသည့်အခါတွင် သူတို့ထံမှ ခေတ္တခဏအားဖြင့် ဘာသံမှ မကြားရဘဲ ရှိနေနိုင်သည်။
သင်က သူတို့ကို တောင်းပန်အချိန် အတိအကျ အတိုင်း သူတို့ကလည်း သင့်ကို တောင်းပန်လိုစိတ် ဖြစ်လာဖို့မှာ ဘာအခက်အခဲတွေ ရှိနေမှန်းမသိ ဖြစ်နိုင်သည်။ ထို့ကြောင့် စိတ်ရှည်သည်းခံပါ။ ကျွန်တော်၏ တက္ကသိုလ်ဆရာဘ၀တွင် အကြိမ်ပေါင်း များစွာပင် တပည့်ကျောင်းသားများ တောင်းပန် ကြသည် ကို မြင်ခဲ့ရ၏။ တောင်းပန်ပြီး လေးငါးခြေက်ရက် ကြာသော အခါ သူတို့၏ သူငယ်ချင်း အဖွဲ့သားများ ရောက်လာကြသည်။ စိတ်ရှည်သည်းခံမှုသည် နားလည် တန်ဖိုး ထားရမည့် အရာဖြစ်သလို ချီးကျူး အပ်သည့်အရာ လည်း ဖြစ်ပေသည်။
အခန်း ၄၈
မှန်တာကိုပြောပါ
မှန်တာကိုပြောပါ
အကယ်၍သာ ကျွန်တော်က စကားလုံးသုံးလုံးတည်းနှင့် အကြံပေးရမည် ဆိုပါသော် ထို စကားလုံးသုံးလုံး မှာ 'မှန်တာပြော' ဟူ၍ ဖြစ်ပေလိမ့်မည်။ နောက်ထပ်စကားလုံးသုံးလုံး ထပ်တိုး၍ အကြံပေးခွင့်ရမည် ဆိုပါလျှင် အမြဲတမ်း ဟူ၍ တပ်လောင်းပြောချင်ပါ၏။ ကျွန်တော့်မိဘများက သင်ပြ၏။ လူအများ ယုံကြည် စိတ်ချရသူ ဖြစ်ပါစေကွဲ့...တဲ့။ ထိုသို့ပြောခြင်းထက် ကောင်းသောနည်း ရှိတော့မည် မဟုတ်ပါ။
ရိုးဖြောင့်ခြင်းသည် ကိုယ်မျင့်စာရိတ္တအရ မှန်ကန်သည်သာမဟုတ်။ အကျိုးများ အရာ ရောက်ခြင်းလည်း ရှိပေသည်။ လူတိုင်းလူတိုင်းက အမှန်တွေချည်း ပြောနေသော ယဉ်ကျေးမှုတစ်ခုတွင် မယုံ၍ ပြန်လည် စစ်ဆေး ကြည့်နေရမည့် အချိန်တွေ အကုန်သက်သာသွားနိုင်ပေသည်။ ဗာဂျင်းနယား တက္ကသိုလ် တွင် စာသင်ပေးနေစဉ်က ကျွန်တော်သည် ကိုယ်ကျင့်သိက္ခာအရ စောင့်စည်း ရမည့် ကျင့်ဝတ်စည်းကမ်းကို အလွန် ချစ်မြတ်နိုးသည်။ ကျောင်းသားတစ်ယောက် နေမကောင်း၍ မဖြေလိုက်ရသည့်စာမေးပွဲအတွက် စာမေးပွဲ အသစ်တစ်ခု စစ်ဆေးပေးရမည်ဆိုလျှင် မေးခွန်းသစ် ထုတ်မနေတော့ပဲ မေးခွန်းဟောင်း အတိုင်း ပင် ဖြေခိုင်းလိုက်သည်။
လူတွေသည် အကြောင်းအမျိုးမျိုးကြောင့် လိမ်ပြောကြသည်။ ကိုယ်လိုချင်ရာကို အား မထုတ်ဘဲနှင့် ရနိုင် သည့် နည်းလမ်းတစ်ရပ်အနေဖြင့် လိမ်ကြခြင်းဖြစ်ပုံရသည်။ သို့ရာတွင် အတိုကိုသာကြည့်သော များစွာ သော အလွယ်နည်းများကဲ့သို့ပင် ရေရှည်တွင် အရာမရောက်ကြပါ။ သင် လိမ်ပြောခဲ့သူများနှင့် နောင်အခါ တွင် ပြန်တွေ့သည့်အခါ ထိုသူများက သူတို့ကို သင်လိမ် ပြောသွားခဲ့မှန်း မှတ်မိကြမည်သာ ဖြစ်သည်။ သူတို့သည် တွေ့ရာလူတိုင်းအား သင့်အကြောင်းကို ပြောပြကြမည်မှာ အံ့ဖို့ကောင်းသည်။ လိမ်ပြောသူ အများစု သည် သူတို့ လိမ်ပြောလိုက်တာ မည်သူမှ လိမ်ပြောမှန်း မသိဟုသာ အထင်ရောက်ကြသည်။ တကယ်တော့ သူတို့ထင်သလို မဟုတ်ပါပေ။
အခန်း ၄၉
ရောင်စုံခဲတံဘူးကလေးနှင့် ဆက်သွယ်ပါ
ရောင်စုံခဲတံဘူးကလေးနှင့် ဆက်သွယ်ပါ
ကျွန်တော့်အကြောင်းကို သိကြသူများက တစ်ခါတစ်ရံ ညည်းကြသည်။ ကျွန်တော်က အရာရာကို ကြည့်ရာ၌ အဖြူ အမည်း သာ ကြည့်တတ်သည်တဲ့။
တကယ်တော့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ဦး ပြောလေ့ရှိ၏။ 'ခင်ဗျားတို့ အဖြူအမည်း အကြံပေးချက် မျိုး လိုချင်ရင်တော့ ရန်ဒီ ဆီသွား၊ ညိုညစ်ညစ်အကြံမျိုးကိုတော့ သူ့ဆီ သွားမတောင်းနဲ့ ၊သူက အဲဒီအကြံမျိုး ပေးတတ်တဲ့လူ မဟုတ်ဘူး'
ကျွန်တော် အသက်အရွယ်လေး ရလာသောအခါ ရောင်စုံခဲတံဘူး တစ်ဘူးတွင် အဖြူနှင့် အမည်းသာမက အခြားအရောင်မျိုးစုံလည်း ပါကောင်းသည်ဟု နားလည်သဘောပေါက်လာသည်။ သို့ရာတွင် ယနေ့တိုင် ကျွန်တော် ထင်နေဆဲ အချက်မှာ ဘဝကို မှန်ကန်သောလမ်းအတိုင်း ပြေးမည်ဆိုလျှင် အခြား အရောင်ကွဲ တွေ ရမလာမီမှာပင် အဖြူနှင့်အမည်းတို့က ကုန်သွားပေမည်။
မည်သို့ပင် ဖြစ်စေ၊ မည်သည့်အရောင်တွေပဲပါပါ ကျွန်တော်က ရောင်စုံခဲတံဘူးကလေးများကို ချစ်ပါသည်။
ကျွန်တော်၏ နောက်ဆုံးဟောပြောချက်၌ ရောင်စုံခဲတံဘူးတွေ ရာပေါင်းအတော်များများ ယူဆောင် လာခဲ့သည်။ ကျွန်တော်၏ ဟောပြောခန်းမတွင်းသို့ ဝင်လာသည့်အခါ ဝင်လာသူတိုင်းအား ထိုရောင်စုံ ခဲတံဘူးကလေးတစ်ခုစီရသွား စေလိုသည်။ သို့ရာတွင် ဘာလုပ်၍ ဘာကိုင်ရမည်မသိ ဖြစ်သွားကာ တံခါးမှ ထွက်သွားချိန်၌ ထိုဘူးကလေးများ ကမ်းလိုက်ဖို့ မေ့သွားခဲ့ပေသည်။ ဆိုးလှပေစွ။
ကျွန်တော့်အစီအစဉ်မှာ ဤသို့ဖြစ်၏။ ကျွန်တော်၏ ကလေးဘဝအိပ်မက်များအကြောင်း ပြောနေရင်း ကျွန်တော်က တက်ရောက် သူများကို မျက်စိ မှိတ်ထားကြပါ။ ခဲတံရောင်စုံကလေးများကို လက်ချောင်း များတွင် ထားကာ ပွတ်နေပါဟု ပြောမည်။ ပွတ်ခိုင်းခြင်းမှာ ခဲတံကလေးများ၏ မျက်နှာပြင် အသား စက္ကူ ဖယောင်းတို့ကို ထိတွေ့မိအောင် ဖြစ်ပါသည်။ ထို့နောက် ရောင်စုံခဲတံ ကလေး များကို သူတို့၏ နှာခေါင်းဆီအထိ ဆွဲယူ၍ ရှူကြည့် လိုက်ခြင်းဖြင့် ကလေးဘဝသို့ ပြန်ရောက်သွားနိုင်သည် မဟုတ်ပါလော။
တစ်ခါက ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် လူတစ်စုနှင့် ဖော်ပြပါ ရောင်စုံခဲတံ ရှူသည့် လုပ်နေကျ အလုပ်ကို လုပ်နေသည်ကို မြင်တွေ့ဖူးသည်။ ထိုသို့မြင်ရသည့်အခါ ကျွန်တော့်စိတ်မှာ နိုးကြွ လာသည်။ အမှန်တော့ ထိုသို့ မြင်တွေ့ရသည့် အချိန်ကတည်းက ကျွန်တော်သည် ကျွန်တော်၏ ရှပ်အင်္ကျီ အိပ်ကပ်ထဲ ၌ ရောင်စုံခဲတံအလေးတစ်ချောင်းကို ထည့်ထည့်လာခဲ့ခြင်းဖြစ်သည်။ အချိန်မှီ ပြန်သွားဖို့ လိုအပ်သည့်အခါ ခဲတံကလေးကို နှာခေါင်းအောက်တွင်ထား၍ နောက်တစ်ချက် ရှူလိုက်သည်။
ကျွန်တော်ကတော့ အနက်ရောင် ရောင်စုံခဲတံကလေးနှင့် အဖြူရောင် ရောင်စုံခဲတံကလေးများကို တစ်ဘက်သတ် စွဲကောင်းစွဲနေပါမည်။ သို့ရာတွင် အဲဒါကကျွန်တော့် အဖို့သာပါ။ အဖြူနှင့်အမည်းမျှ မဟုတ်။ အခြား မည်သည့်အရောင်ပင်ဖြစ်စေ တူမျှသော သတ္တိရှိပါသည်။ ရှူကြည့်လိုက်ပါ။ ထိုအခါ သင် သိ လာလိမ့်မည်။
တစ်ခါက ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် လူတစ်စုနှင့် ဖော်ပြပါ ရောင်စုံခဲတံ ရှူသည့် လုပ်နေကျ အလုပ်ကို လုပ်နေသည်ကို မြင်တွေ့ဖူးသည်။ ထိုသို့မြင်ရသည့်အခါ ကျွန်တော့်စိတ်မှာ နိုးကြွ လာသည်။ အမှန်တော့ ထိုသို့ မြင်တွေ့ရသည့် အချိန်ကတည်းက ကျွန်တော်သည် ကျွန်တော်၏ ရှပ်အင်္ကျီ အိပ်ကပ်ထဲ ၌ ရောင်စုံခဲတံအလေးတစ်ချောင်းကို ထည့်ထည့်လာခဲ့ခြင်းဖြစ်သည်။ အချိန်မှီ ပြန်သွားဖို့ လိုအပ်သည့်အခါ ခဲတံကလေးကို နှာခေါင်းအောက်တွင်ထား၍ နောက်တစ်ချက် ရှူလိုက်သည်။
ကျွန်တော်ကတော့ အနက်ရောင် ရောင်စုံခဲတံကလေးနှင့် အဖြူရောင် ရောင်စုံခဲတံကလေးများကို တစ်ဘက်သတ် စွဲကောင်းစွဲနေပါမည်။ သို့ရာတွင် အဲဒါကကျွန်တော့် အဖို့သာပါ။ အဖြူနှင့်အမည်းမျှ မဟုတ်။ အခြား မည်သည့်အရောင်ပင်ဖြစ်စေ တူမျှသော သတ္တိရှိပါသည်။ ရှူကြည့်လိုက်ပါ။ ထိုအခါ သင် သိ လာလိမ့်မည်။
အခန်း ၅၀
ဒေါ်လာ ၁၀၀,၀၀၀ တန် ပစ္စည်းကလေး
ဒေါ်လာ ၁၀၀,၀၀၀ တန် ပစ္စည်းကလေး
ကျွန်တော်က ၁၂ နှစ်သား၊ ကျွန်တော့်အစ်မက ၁၄နှစ်သမီး အရွယ်က ကျွန်တော်တို့ မိသားစုသည် အော်လန်ဒိုမြို့ရှိ ဒစ္စနေးဝေါ့လ်သို့ သွားကြ၏။ ကျွန်တော်တို့ မိဘများက ကျွန်တော်တို့သည် လူကြီးတွေ ကြီးကြပ် စောင့်ရှောက်မှု မပါဘဲ ဥယျာဉ်ထဲ၌ ဟိုနားသည်နား လျှောက်သွား၍ ရနိုင်သည့်အရွယ်များ ရောက်ကြပြီ ဟု ယူဆကြသည်။ ထိုအချိန်က လက်ကိုင်ဖုန်းများ ပေါ်သေးသည် မဟုတ်၍ ဖေဖေနှင့် မေမေ တို့က ကျွန်တော်တို့အား ဂရုစိုက်သွားကြ၊ နောက် မိနစ် ၉၀ ဆိုလျှင် ဘယ်နေရာတွင် ဆုံကြမည်ဟု ပြောကာ ကျွန်တော်တို့မောင်နှမအား လွှတ်လိုက်သည်။
ပျော်လိုက်ပုံ မပြောပါနှင့်။ ကျွန်တော်တို့သည် သည်ထက် သာယာကောင်းမွန်သည့် နေရာမျိုး ကိုစိတ်ကူးနှင့် စဉ်းစား ကြည့်လျှင်တောင် စဉ်းစား၍မရနိုင်သည့် နေရာသို့ ရောက်နေကြသည့် အပြင် ထိုနေရာကိုလည်း ကိုယ့်ဘာသာ လွတ်လပ်စွာ သွားလာလျှောက်ကြည့်ခွင့် ရနေသည် မဟုတ်ပါလော။ ကျွန်တော်တို့အား ထိုနေရာ သို့ ခေါ်ဆောင်လာခဲ့ကြခြင်းအတွက် လည်းကောင်း၊ ကျွန်တော်တို့သည် ကိုယ့်ဖာသာ သွားလာ နိုင်သည့် အရွယ်ရောက်လာပြီဟု အသိအမှတ်ပြုခဲ့ခြင်းအတွက် လည်းကောင်း မိဘများအား အလွန်တရာ ကျေးဇူး တင်မိသည်။ ထို့ကြောင့် ကျွန်တော်တို့ မောင်နှမသည် ကျွန်တော်တို့အား ပေးထားသည့် မုန့်ဖိုးကို နှစ်ယောက် အတူ စုပေါင်းပြီး ကျေးဇူးတင်ကြောင်းပြသည့် အနေဖြင့် မိဘများအား လက်ဆောင်တစ်ခု ဝယ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
စတိုးဆိုင်တစ်ခုထဲသို့ ဝင်သွားကြရာ လက်ဆောင်ပေးဖို့ အကောင်းဆုံးဖြစ်မည်ဟု ထင်ရသော အရာ တစ်ခု ကို တွေ့ကြသည်။ ထိုအရာမှာ ဆားနှင့်ငရုပ်ကောင်းမှုန့် ထည့်ရသည့် ဘူးကလေးဖြစ်သည်။ ကြွေထည် မြေထည် ပစ္စည်းကလေးဖြစ်သည်။ ထိုဘူးကလေးမှာ သစ်ပင်ကို တွဲလျောင်းဆွဲထားကာ ဆား နှင့် ငရုပ်ကောင်းမှုန့် ဘူးကလေးတစ်ခုစီ ကိုင်ဆောင်ထားသည့် ဝက်ဝံနှစ်ကောင်၏ ပုံနှင့်ဖြစ်သည်။ လက်ဆောင် ပေးမည့် ထိုပစ္စည်းကလေးကို ကျွန်တော်တို့ ၁၀ ဒေါ်လာပေးရ၏။စတိုးဆိုင်ထဲမှထွက်လာပြီး နောက်ထပ် စိတ်ဝင်စားစရာတွေကို ရှာဖွေကြည့် ရှုရန် အတွက် လမ်းမကြီးပေါ်ကို ခုန်ကျော်ကူးခဲ့ကြသည်။
လက်ဆောင်ပစ္စည်းကို ကျွန်တော်ကိုင်လာခြင်း ဖြစ်သည်။ သိပ်မကြာလိုက်ခင် ချက်ချင်း ဆိုသလိုပင် ထိုပစ္စည်းကလေးသည် ကျွန်တော့်လက်ထဲမှ လွတ်ကျသွားသည်။ ဘူးကလေးသည် ဆောင့်ကျမိပြီး ကွဲသွား လေသည်။ ကျွန်တော့်အစ်မရော ကျွန်တော်ပါ ကျွန်တော်တို့ နှစ်ယောက်စလုံး ငိုကြသည်။
ဥယျာဉ်သို့ လာရောက်သည့် ဧည့်သည်လူကြီးတစ်ယောက်သည် ကျွန်တော်တို့၏ အဖြစ်ကိုမြင်တွေ့သွားပြီး ကျွန်တော် တို့ထံ ရောက်လာသည်။
'စတိုးဆိုင်ကို ပြန်ယူသွားကွ၊ သူတို့က မင်းတို့ကို နောက်ထပ်ဘူးသစ်တစ်ခု ပေးပါလိမ့်မယ်' ဟု ထိုလူကြီး က ပြောသည်။
'ကျွန်တော်မသွားနိုင်ဘူး ၊ ဒါဟာ ကျွန်တော့်အပြစ်ပဲ ၊ ကျွန်တော်လွတ်ကျသွားတာ ၊ ဘာဖြစ်လို့ စတိုးဆိုင်က နောက်ထပ် အသစ်တစ်ခု ပေးလိမ့်မလဲ'
'ဘာဖြစ်ဖြစ်ကွာ ၊ သွားကြည့်လိုက်ပါ' ဟု ထိုလူကြီးက တိုက်တွန်းသည်။ 'မင်းတို့ မသိပါဘူး' ဟုလည်း ပြောပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် စတိုးဆိုင်သို့ ပြန်သွားကြသည်။ လိမ်မပြောဘဲ ဖြစ်ပုံအမှန်အတိုင်း ရှင်းပြ ပါသည်။ စတိုးဆိုင်ထဲမှ ဆိုင်ဝန်ထမ်းများသည် ကျွန်တော်တို့ ပြောပြသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို နားထောင်ပြီး ကျွန်တော်တို့အား ပြုံးပြသည်။ ထို့နောက် ကျွန်တော်တို့သည် ဆားနှင့် ငရုပ်ကောင်းမှုန့်ဘူး သစ် တစ်ဘူး ရနိုင်ကြောင်းပြောပြသည်။ သူတို့က မူလပစ္စည်းကို ကောင်းကောင်းမွန်မွန် ထုပ်ပိုး မပေး လိုက်ခြင်း မှာ သူတို့အပြစ်သာ ဖြစ်သည်ဟုပင် ပြောကြသေးသည်။ သူတို့ပြောပြသည်ကား 'တို့ ထုပ်ပေး လိုက်တာဟာ စိတ်လှုပ်ရှားမှု လွန်နေတဲ့ ၁၂ နှစ်သားကလေး လွတ်ကျတာကို ခံနိုင်လောက်အောင် ဖြစ်သင့် တာပေါ့' ဟူပါ၏။
ကျွန်တော် အလွန်အံ့အားသင့်သွားသည်။ ကျေးဇူးတင်မိရုံမက မယုံကြည်နိုင်အောင်လည်း ဖြစ်ရသည်။ ကျွန်တော့် အစ်မ နှင့် ကျွန်တော်သည် စတိုးဆိုင်ထဲမှ ဝမ်းသာလုံးဆို့ပြီး ထွက်လာကြသည်။
ဤအဖြစ်အပျက်ကို မိဘများသိသွားသောအခါ သူတို့၏ဒစ္စနေးဝေါ့လ်ကို လေးစား အထင်ကြီး လေးစားမှု သည် တကယ်ပင် တိုးသွားလေ၏။ ၁၀ ဒေါ်လာတန် ဆားနှင့်ငရုပ်ကောင်းမှုန့် ဘူးကလေးနှင့် ပတ်သက်၍ ဝန်ဆောင်မှု ဖောက်သည်အပိုင်း မှ ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်တစ်ခုတည်းနှင့်ပင် ဒစ္စနေးဝေါ့လ်သည် ဒေါ်လာ ၁၀၀,၀၀၀ မက ဝင်ငွေရသွားလေသည်။ ရသွားပုံကို ရှင်းပြပါရစေ။
ဆက်ရန်
.
1 comment:
မမရေ... အရမ်း ဖတ်လို့ကောင်းတယ်။ အနော်။
Post a Comment