Friday, April 1, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၉)

အခန်း ၂၇
သုခဘုံ

အခြားသူများ၏အိပ်မက်များ တကယ်ဖြစ်လာရေးကို အတိုင်းအတာ အမျိုးမျိုးဖြင့် လုပ်နိုင်သည်။ ကြယ် တာရာစစ် အိပ်မက်မက်နေသော တွမ်မီက လုပ်ပေးလိုက်သလိုမျိုး တစ်ဦးချင်းလည်း လုပ်ပေး၍ရနိုင် သည်။ တစ်ချိန်တည်းမှာပင် လူ ၅၀၊ ၁၀၀ ကို လုပ်ပေးလိုက်နိုင်၏။ အီးတီစီတွင် "ပကတိနီးပါးတူသည့် လောကများကို တည်ဆောင်ခြင်း" အတန်းမျိုးဖွင်လှစ်သင်ကြားပေးလိုက်သလိုမျိုး ဖြစ်ပါသည်။ အကယ်၍ သင်က လောဘတကြီးနှင့် လုပ်ချင်သည် ဆိုပါလျှင်လည်း လူသန်းပေါင်းများစွာတို့၏ အိပ် မက်များ တကယ်ြဖစ်လာအောင် ကြိုးစား၍ အကြီးအကျယ် လုပ်ပေး၍လည်း ရပါသည်။

ကံကောင်း ထောက်မစွာ ကျွန်တော်တီထွင်လုပ်ကိုင်နိုင်ခဲ့သည့် ကာနက်ဂီမယ်လွန်တက္ကသိုလ်၏သင် ထောက်ကူ ဆော့ဖ်ဝဲ အဲလစ္စအကြောင်းကို ကျွန်တော် ပြန်ပြောပြလိုသည်။ အဲလစ္စ သည် ကျောင်းသား သစ်ကြီးငယ် မဟူကို ဇာတ်လမ်းတစ်ခုပြောရန်အတွက် လှုပ်ရှားတက်ကြွနေသော လူ၊ တိရစ္ဆာန်များကို အလွယ် တကူ ဖန်တီးတတ်အောင်ပြုပေးသည်။ ဂိမ်းများကစားနေရင်း၊ ဗီဒီယိုတစ်ခုဖန်တီးနေရင်းဖြင့် ထိုသို့ ဖန်တီး တတ်အောင် ပြုပေးခြင်းဖြစ်သည်။

ထိုဆော့ဖ်ဝဲသည် ပထမဦးဆုံး ပရိုဂရမ်းမင်း အတွေ့အကြုံကြောင့် အသုံးပြုသူများ စိတ်အနှောင့်အ ယှက် မဖြစ်ရပါ။ ဆွဲဆောင်မှုရှိစေရန် သရီးဒီဂရမ်ဖစ်များနှင့် drag-and-drop နည်းများကို သုံးထား သည်။ အဲလစ္စကို အများသုံးအဖြစ် ကာနက်ဂီမယ်လွန်တက္ကသိုလ်က အခမဲ့သုံးခွင့်ပြုထားရာ လူ တစ် သန်းကျော် တို့သည် ယင်းကို ယူငင်သုံးစွဲကြသည်။
အဲလစ္စကို သုံးစွဲမှုသည် လာမည့်နှစ်များတွင် ပိုမိုများပြားလာလိမ့်မည်ဟု မျှော်မှန်းရသည်။

ကျွန်တော့် အဖို့မူ အဲလစ္စကို အကန့်သတ်မရှိ တိုင်းတာ၍ရနိုင်သည်။ အဘယ်မျှတိုင်းတာ၍ ရနိုင်ပါသ နည်း ဆိုသော် သန်းနှစ်ဆယ်၊ သုံးဆယ်ကျော်သော ကလေးငယ်များသည် မိမိတို့၏အိပ်မက်များနောက် ကို လိုက်နေကြသည်ကို ကျွန်တော်ကောင်းစွာ မြင်တွေ့နေသည်အထိ ဖြစ်ပေတော့သည်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ကျွန်တော်တို့ အဲလစ္စကို စတင်လိုက်ချိန်မှစ၍ ယင်းသည် ရောင်ပြ ခေါင်းကို သုံးသောအားဖြင့် ကွန်ပျူတာပရိုဂရမ် ရေးဆွဲခြင်းကို သင်ပြ၍ပေးနိုင်ခြင်းအတွက် ကျွန်တော် သဘောကျသည်။ ရောင်ပြခေါင်းဆိုတာကို စာဖတ်သူများ မှတ်မိပါသလော။ ရောင်ပြခေါင်းဆိုသည်မှာ ခေါင်း က ညာဘက်သို့ရွေ့လျားမည် ဟန်ပြပြီး တကယ်ရွေ့လျားတော့ ခန္ဓာကိုယ်က ဘယ်ဘက်သို့ ရွေ့လျားသော အားကစားသမားကဲ့သို့ သင်ပေးသည်ကတော့ တစ်ခုခုပင်။ သို့ရာတွင် ထိုတစ်ခုခုကို သင်ရင်း အခြားတစ်ခုခုကို တတ်သွားစေခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများသည် သူတို့ အဲလစ္စ ကို သုံးနေကြသည်မှာ ရုပ်ရှင်ရိုက်ဖို့ ဗီဒီယိုဂိမ်းဖန်တီးဖို့အတွက် သုံးနေကြသည်ဟု ထင်သွားကြ ၏။ တကယ်က သူတို့သည် ကွန်ပျူတာပရိုဂရမ် ဆွဲတတ်သူများဖြစ်နည်းကို သင်ယူနေကြခြင်း ဖြစ် သည်။ ရောင်ပြခေါင်း ကို သုံးသည်ဆိုသည်မှာ ထိုသဘောမျိုး ရည်ရွယ်၍ပြောခဲ့ခြင်းဖြစ်ပါသည်။

ဒစ္စနေ၀ါ့လ် အတွက် ဝေါ့လ်ဒစ္စနေး၏အိပ်မက်သည် ဘယ်အခါမှ ဆုံးမည်မဟုတ်။ ဒစ္စနေးသည် အမြဲ တမ်းတိုးတက်ပြောင်းလဲနေသည်ကိုသြာ တွေ့မြင်လိုသူဖြစ်သည်။ အလားတူစွာပင် ကျွန်တော်၏လုပ် ဖော်ကိုင်ဖက် များက တီထွင်လိုက်သော အဲလစ္စကို အနာဂတ်ကာလ၌ ကျွန်တော်တို့ အရင်ကလုပ်ခဲ့ကြ သည်ထက် အများကြီးပို၍သာလွန်သွားမည်ကို မြင်တွေ့နေရသဖြင့် ကျွန်တော် ရင်ခုန်လှုပ်ရှားသည်။ နောက်တစ်ခါ ထပ်လာမည့်အခါတွင် လူတွေက သူတို့သည် ရုပ်ရှင်ဇာတ်ညွန်းတစ်ခုကို ရေးနေကြ သည်ဟု ထင်ကြလိမ့်မည်။ သို့ရာတွင် သူတို့တကယ်လုပ်နေသည်က ဂျာဗား ပရိုဂရမ်းမင်း ဘာသာစ ကားကို လေ့လာနေခြင်း ဖြစ်ပေလိမ့်မည်။ အီလက်ထရောနစ်အတ်စ်က ကျွန်တော့်မိတ်ဆွေ စတိဗ်ဆီး ဘော့၏ ကျေးဇူးကြောင့် ပုဂ္ဂလိကသုံး ကွန်ပျူတာ ဗွီဒီယိုဂိမ်းသမိုင်းတွင် ရောင်းအကောင်းဆုံး ဗွီဒီယို ဂိမ်းမှ ဇာတ်ကောင် များကို သုံးလာနိုင်ခဲ့သည်။ ဆင်းမ်တဲ့။ ဘယ်မျှ သဘောကျစရာကောင်းလှပါသ နည်း။

ဤလုပ်ငန်းစီမံကိန်းသည် တကယ့်လူတွေ လက်ထဲမှာ ရှိနေကြောင်း ကျွန်တော်သိသည်။ အဲလစ္စ၏ ရှေ့ဆောင် ဒီဇိုင်းသမားသည် ဒဲနစ္စကော့စ်ဂရို့ဗ် ဖြစ်သည်။ ဗာဂျင်းနယား တက္ကသိုလ်တုန်းက ကျွန် တော့် တပည့်တစ်ဦးပင်။ လုပ်ဖော်ကိုင်ဖက်ဖြစ်လာသူ နောက်တစ်ဦးမှာလည်း တပည့်မဟောင်း တစ်ဦး ပင်။ ကေ့တ်လင်း ကယ်လဲဟာဆိုသူ ဖြစ်သည်။ အဲလစ္စကို စတင်လုပ်ကိုင်သည့်အချိန်မှာပင် သူက ကျွန်တော့် အား ပြောသည်။ "ဒီဟာက ပရိုဂရမ်မင်းကို လွယ်ကူစေမှန်းတော့ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဘာကြောင့် ပျော်စရာ ကောင်းတာတုန်း"တဲ့။ ကျွန်တော်က ပြန်ပြောရသည်။ "အေးလေ၊ ဆရာက အာ သာဆန္ဒပြင်းတဲ့ ယောက်ျားတစ်ယောက်ဆိုတော့ စစ်သားရုပ်ကလေးတွေဟာ ဆရာ့အမိန့်ညွှန်ကြား ချက်အတိုင်း ဆရာ့ ဘေးမှာ လှုပ်ရှားနေတာမျိုးကို လုပ်ကြည့်ချင်တာပေါ့"

ထို့ကြောင့် ကေ့တလင်းက အဲလစ္စကို မိန်းကလေးတွေအား ပျော်ရွှင်စရာပေးနိုင်အောင် မည်သို့လုပ်၍ ရနိုင်ပါလိမ့်ဟု စဉ်းစားသည်။ ပုံပြောခြင်းသည် လူတွေကို စိတ်ဝင်စားလာအောင် ပြုပေးရ၏ လျှို့ဝှက် ချက်ဖြစ်မည်ဟုလည်း စဉ်းစားကြည့်သည်။ သူ၏ပီအိပ်ခ်ျဒီ ကျမ်းပြုစာတမ်းအတွက် ကေ့တလင်းသည် ပုံပြောအဲလစ္စ စနစ်တစ်ခုကို တည်ဆောက်လိုက်လေသည်။

ယခုအခါ စိန့်လူးဝစ္စမြို့ရှိ ၀ါရှင်တန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိ သူ ကေ့တလင်း (မှားသွားလို့ပါ ခင်ဗျာ၊ ဒေါက်တာ ကယ်လဲဟာကို ပြောတာပါ။) သည်စနစ်သစ်များကို တည်ဆောက်လျက်ရှိပါသည်။ မိန်းကလေးငယ်များ သူတို့၏ပထမဦးဆုံး ပရိုဂရမ်မင်း အတွေ့အကြုံရ ရှိနည်းကို လုံးဝပြောင်းလဲပစ်လိုက်သော စနစ်သစ်များဖြစ်ကြပေသည်။ သူက ပုံပြောသည့်အသွင်မျိုး နှင့် တင်ပြမည်ဆိုလျှင် မိန်းကလေးများသည် ဆော့ဖ်ဝဲကို ဘယ်လိုရေးကြောင်း သိနားလည်လိုသည့် ဆန္ဒ အလွန်ဖြစ်လာကြောင်း လက်တွေ့ပြသခဲ့သည်။ တကယ်လည်း မိန်းကလေးများက ယင်းကို သ ဘောကျကြ၏။ ဤသို့ဆိုသဖြင့် ယောက်ျားကလေးများက သဘောမကျကြဟု ပြောခြင်းမဟုတ်ပါ။ ပုံ ပြောတာ ကိုတော့ လူတိုင်းက ၀ါသနာပါကြသည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ကေ့တလင်သည် တစ် သက်ပန် ရောင်ပြခေါင်း အကောင်းဆုံးဆု ရလိုက်ခြင်းဟုပင် ကျွန်တော် ထင်ပါ၏။

ကျွန်တော်၏ နောက်ဆုံးဟောပြောချက်တွင် အီဂျစ်တွင် ကျေးကျွန်အဖြစ်ရောက်နေကြသော ဣသ ရေလ လူမျိုးများအား သုခဘုံသို့ ခေါ်ဆောင်ခဲ့သူ မောရှေ(မိုးဇက်)အကြောင်းကို ကျွန်တော် ယခုအခါ ပို၍နားလည်လာခဲ့ကြောင်း ပြောပြခဲ့သည်။ မိုးဇက်သည် သုခဘုံကိုသာ မြင်ခဲ့ရပြီး သုခဘုံ၌ ခြေချခဲ့ရဖူး သူမဟုတ်ခဲ့ပါပေ။ အဲလစ္စ မတိုင်မီ ရရှိခဲ့သော အောင်မြင်မှုဟူသမျှသည်လည်း ထိုအတိုင်းပင် ဖြစ်သည် ဟု ကျွန်တော် ယူဆပေသည်။

ကျွန်တော်သည် ကျွန်တော်၏ ဟောပြောချက်ကို ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်တော်၏ တပည့်များအား ကျွန်တော်မရှိတော့ဘဲနှင့်လည်း ဆက်လက်လုပ်ကိုင်သွားစေမည့် တောင်းဆိုတိုက် တွန်းချက်မျိုးဖြစ်စေလိုသည်။ သူတိုတစ်တွေသည် ကြီးကျယ်သောအရာများကို လုပ်သွားကြမည်ဆို သည့်အချက်ကို ကျွန်တော့်မှာ ယုံကြည်ချက်ရှိကြောင်းလည်း သူတို့အား သိစေလို၏။ (သူတို့၏ တိုး တက်အောင်မြင်မှုများကို www.alice.org. တွင် စာဖတ်သူများ ရှာကြည့်နိုင်ပါသည်။)

သန်းပေါင်းများစွာသော ကလေးငယ်များသည် တစ်ခုခုကို ပြင်းထန်စွာ လေ့လာနေရင်းမှပင်လျှင် အဲလစ္စမှတစ်ဆင့် အလွန့် အလွန်ပျော်စရာကောင်းသည်များကို ရရှိနိုင်ပါသည်။ ကလေးငယ်များသည် မိမိ တို့၏ စိတ်ကူးအိပ်မက်များအတိုင်း ဖြစ်လာအောင် လုပ်နိုင်မည့်စွမ်းရည်များ တိုးတက်ဖြစ်ထွန်းလာ ပါလိမ့်မည်။ကျွန်တော်မနေရတော့၍ သေသွားပြီဆိုလျှင်လည်း အဲလစ္စကို ပညာရပ်ဆိုင်ရာ အမွေတစ်ခု အနေဖြင့် ထားရစ်ခဲ့ရ၍ သေသွားပြီဆိုလျှင်လည်း အဲလစ္စကို ပညာရပ်ဆိုင်ရာ အမွေတစ်ခုအနေဖြင့် ထားရစ် ခဲ့ရ၍ ကျေနပ်ပါသည်။
ကျွန်တော်ကိုယ်တိုင်ကား သုခဘုံသို့ ခြေချရမည်မဟုတ်ပါ။ သို့ရာတွင် သုခဘုံကို မြင်ရခြင်းကပင် ကျေ နပ်စရာ ကောင်းလှပါပေပြီ။

ဆက်ရန်
.

2 comments:

Anonymous said...

Thanks Sis.

Ray

Angelhlaing(May everybody be happy and healthy! said...

မမရေ စောင့်မျှော်နေပါတယ်...
ကောင်းသောနေ့လေးဖြစ်ပါစေ...မမ။