''ဟေး မလုပ်နဲ့ ဂီးလ်ဘတ်၊ ငါ့ကို ပိုက်ဆံ''
''ဘယ်လောက်ပေးရမလဲ''
လူရွယ် က ပထမ မရောင်းပါဘူးလို့ ငြင်းနေသေးတယ်။ နောက်မှ ရောင်းပါမယ်လို့ ဆိုလာတယ်။ လူတွေ ပိုက်ဆံ သိပ်လိုချင်နေတဲ့အချိန်လေ။
''မီးလုံး ရောဆို နှစ်ရာ''
''ဟေ့ ၀ီလျံ ၀ယ်လိုက်မယ်။ ငါ့မှာ အဖေ ပေးထားတဲ့ပိုက်ဆံ ရှိတယ်။ ဒါမှ အလုပ်ပြီးမှာ''
ကျွန်တော့်မှာ အားနာလို့မဆုံးဖြစ်နေပါတော့တယ်။ ဘုတ်ချောင်းတွေလည်း သူဝယ်ပေးပြီးပြီ။ သူကငွေ စက္ကူ အိတ်ထဲ က ထုတ်ပြီး ရေတွက်ပေးလိုက်ပါတယ်။ ဘာပစ္စည်းမှမရှိတော့ ဖြုတ်ရတာ ခဏတော့ အချိန်ကုန် သွားပါတယ်။ ပြီးတာနဲ့ ဒိုင်နမိုနဲ့ မီးလုံး ကျွန်တော့်လက်ထဲရောက်လာပါတော့တယ်။
ဂီးလ်ဘတ် ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါတယ်။
''ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ၊ မင်းဟာ ငါ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ပါ''
ဂီးလ်ဘတ်ပြန်သွားတာနဲ့ ကျွန်တော် အခန်းထဲပြေးဝင်ပြီး ပစ္စည်းတွေကို နေရာချလိုက်ပါတယ်။ လိုနေ တဲ့ ကျွန်တော့်ဘ၀အစိတ်အပိုင်းတစ်ခု ရောက်လာသလိုပါပဲ။
အဲဒီညမှာ မုန်တိုင်းတိုက်လာပါတယ်။ ကျွန်တော့်အိပ်ခန်း ပြတင်းပေါက်ပွင့်ထွက်သွားပြီး ဆင်ထားတဲ့ အခန်းထဲက ကျွန်တော့်လေရဟတ် ပန်ကာရွက်တွေ မွှတ်နေအောင် လည်နေပါတယ်။ အနီရောင်ဖုန် မှုန့် တွေ ထဲ မှာ ကျွန်တော် ၀ိုးတ၀ါးမြင်နေရတာ။
သြော် လက်စသတ်တော့ အိပ်မက်ကိုး။

အခန်း (၁၁)
နောက်တစ်နေ့ နေ့လယ်စာစားပြီးချိန်မှာ ကျွန်တော့်အလုပ် စပါတော့တယ်။ နောက်ဘေးကုန်းမြေ ပြောင်ပြောင် မှာ ပစ္စည်းတွေစီချလိုက်တယ်။
ညီညာပြန့်ပြူး တဲ့ တလင်းပြင်မို့ ကျွန်တော့်အတွက် အဆင်ပြေဆုံးနေရာပါပဲ။ ကျွန်တော့်အခန်းနဲ့လည်း သိပ်မဝေးဘူး။ အိမ်မီးဖိုချောင်နဲ့လည်း နီးနီးလေး။ ဒီနေရာလေးဟာ ကျွန်တော့်အတွက် ၀ပ်ရှော့စတို ၀င်း လည်း ဟုတ်၊ ပြီးတော့ ဓာတ်ခွဲခန်းလည်းဟုတ်တဲ့ မျိုးစုံအသုံးဝင်တဲ့နေရာကလေးဖြစ်လာပါတယ်။ အိမ်သာနဘေး မှာ ပေါက်နေတဲ့ ဧရာမထနောင်းပင်ကြီးရဲ့အရိပ်ကလည်း တစ်နေကုန် နေပြောက်မထိုး အောင် အုပ်မိုးပေးနေပါသေးတယ်။ အေးအေးဆေးဆေး အလုပ်လုပ်လို့ရတဲ့ နေရာမျိုးပါ။ တောင်တန်း တွေ ကို ဖြတ်ကျော်လာတဲ့ မာလာဝီ၊ မဟာကန်တော်ကြီးရဲ့ အရှေ့လေကလည်း တဖြူးဖြူး နဲ့ ဟိုအဝေး မှာ တိမ်ပြာပြာ အောက် က ဒိုဝါကုန်းမြင့်ကို လှမ်းမြင်နေရပါတယ်။ သိပ်လှတဲ့ ရှုခင်းပါ။
ပထမဆုံး ကျွန်တော် လုပ်ရမယ့်အလုပ်က ထရက်တာပန်ကာရွက်ကို ဆက်ဖို့ပါ။ ဒါကြောင့် မီးဖိုထဲဝင် ပြီး လွန်သွား တစ်ခုဖြစ်အောင် ဖန်တီးရပါတယ်။ ဘုတ်ချောင်းနဲ့ အနေတော်သံချောင်းရှည်ရှည် တစ် ချောင်းကို တစ်ဖက်ထိပ် မှာ လက်ကိုင်ဖြစ်အောင် ကွေးပြီး တစ်ဖက်ထိပ်ကို မီးဖုတ်ပါတယ်။ ရဲလာတာနဲ့ ပီဗွီစီပိုက်ကို ဖြန့်ထား တဲ့ ပန်ကာရွက်ရဲ့ထိပ်ပိုင်းမှာ အပေါက်တွေကို ဖောက်လိုက်ပါတယ်။ ပြီးတော့ အလယ် အောက်ပိုင်း မှာ နှစ်ပေါက် ထပ်ဖောက်ပါတယ်။
သံချောင်းကို မီးဖုတ်တာ၊ တိုင်းထွာပြီး ဖောက် တာက မီးဖိုးတလူလူ နဲ့ သုံးနာရီလောက် ကြာသွားပါတယ်။ ၀ါရှာ တွေကိုတော့ ကားလ်စ်ဘတ်ဘီယာ ဘူးခွံတွေ လိုက်ကောက်၊ ပြီးတော့ လှီးဟယ်၊ ဖြတ်ဟယ်၊ ဖောက်ဟယ် နဲ့ အလွယ်တူ လုပ်ယူလိုက်ပါ တယ်။ ကွက်တိပါပဲ။ ပြီးမှ စက်ဘီးမှာသုံးတဲ့ ခွကလေး တစ်ချောင်း နဲ့ ပီဗွီစီပန်ကာရွက်တွေကို ဆုံလည်ပါ ပြီးသား၊ လယ်ထွန်စက်ပန်ကာရွက်နဲ့ ဆက်ပါတယ်။ ဘုတ်ချောင်း နဲ့ နတ်တွေကို သေသေချာချာ စုပ်ပါ တယ်။
နောက်မှ မူလီစုပ်ပြီး ဆင်ထားတဲ့ ပန်ကာရွက်ကို ပိုသေချာအောင်၊ ပိုတောင့်သွားအောင် သုံးပေရှည်တဲ့ ၀ါးလုံးတစ်လုံး အောက်ဘက်မှာခံပြီး ၀ိုင်ယာကြိုးနဲ့ ပူးချည်ပါသေးတယ်။ အားလုံးပြီးတဲ့အခါ ပန်ကာ ရွက် ရဲ့ ကန့်လန့်ဖြတ် အချင်းအလျားဟာ ရှစ်ပေတိတိဖြစ်လာခဲ့ပါတယ်။
ရှော့ဘားတန်းလန်းနဲ့ စက်ဘီးကိုယ်ထည်ကို တက်ဖို့ကျတော့ အုတ်ခဲတွေကို ပထမစီလိုက်တယ်။ အုတ်ပုံပေါ် မှာ ပန်ကာရွက်ကြီးကို တင်လိုက်တယ်။ ဆုံလည်က ဗဟိုတည့်တည့်မှာပေါ့။ ဒီတော့မှ အောက်က ၀င်ပြီး အလုပ်လုပ်ဖို့ နေရာရသွားပါတယ်။ ပန်ကာရွက်တွေနဲ့ စက်ဘီးတွဲဖို့ကျတော့ တစ် ယောက် တည်း လုပ်ရတာ သိပ်မလွယ်ဘူး။ ရှော့ဘားကြီးက ခွေးသွားစက်ဘီး (စပရော့ကက်)ကနေ ငေါ ထွက်နေတော့ ဟန်ချက်ညီဖို့ခက်နေတယ်။ အလေးချိန်ကလည်း မနည်းပဲကိုး။
ကျွန်တော်က စက်ဘီးကို မပြီး ပြောင်းပြန်လှန်လိုက်တယ်။ အဲဒီအခါ ရှော့ဘားက မြေကြီးကို ချိန်ထား သလို ဖြစ်သွားတာပေါ့။ ပြီးတော့မှ ပန်ကာရွက် အလည်တည့်တည့်က ဆုံလည်အပေါက်ကို ချိန်ပြီး ထိုး ထည့်လိုက် တယ်။ ဒီတော့မှ ၀င်ရိုးပေါ် စက်ဘီးအထိုင်ကျသွားပြီး ငြိမ်သွားတယ်။ အဲဒီအခါမှာ ပန်ကာ ရွက်တွေ အောက်က နေ ပက်လက်လှန်ပြီး ရှော့ဘားရဲ့ထပ်မှာရှိတဲ့ အပေါက်ထဲကို နှစ်ခွပင် ထိုးသွင်း လိုက်တယ်။ ပြီးတော့ မှ တစ်ဖက်မှာ ပင်ကိုခွဲပြီး ငြိမ်အောင်ဖမ်းလိုက်တယ်။
ပြီးတာနဲ့ ဒိုင်နမိုကို စက်ဘီးတာယာနဲ့ ထိနေအောင် စက်ဘီး ''ဖောက်''တန်းမှာ မူလီစုတ်လိုက်တယ်။ ပြီးမှ ချိန်းကြိုးကို ရှေ့ခွေးသွားစိတ်အကြီးနဲ့ နောက် ခွေးသွားစိတ်ဘီးအငယ်မှာ ချိတ်လိုက်တယ်။
နောက်ဆုံး မှာ မြေကြီးပေါ်က ပစ္စည်ေးတွ တဖြည်းဖြည်းရှင်းသွားတယ်။ မိန်းကလေးတွေ အပြင်မှာ အလုပ်ရှုပ် နေ လို့ အိမ်မှာမရှိကြဘူး။ အဖေကလည်း ဟိုဘက်ရွာက အသုဘတစ်ခုကို သွားနေတယ်။ အမေ တစ်ယောက်တည်း သီချင်းလေး တညည်းညည်းနဲ့ ချက်ပြုတ်နေတယ်။ တစ်ခါတလေ အငယ် ဆုံးမကလေး တီယာမိုက် နဲ့ တွက်တီးတွတ်တာပြောနေတာကိုကြားရတယ်။ ကျွန်တော့်ကို အနှောင့်အ ယှက်ပေးမယ့်သူ တစ်ယောက် မှ မရှိဘူး။
ဒိုင်နမိုနဲ့ချိန်းကြိုး တပ်ပြီးချိန်မှာ မှောင်စပျိုးနေပြီ၊ ရေတစ်ပုံးဆွဲပြီး ရေချိုးဖို့ မီးဖိုပေါ်သွားတင်ထားလိုက် တယ်။ ကြက်သီးနွေးကလေး ပူလာမှ ရေချိုးပြီး ညစာစားဖို့ အိမ်ရှေ့ခန်းကို ထွက်ခဲ့တယ်။
မိန်းကလေး တွေ ပြန်ရောက်လာကြပြီး ကျွန်တော်မပြီးသေးတဲ့ ပစ္စည်းကိုကြည့်ပြီး တခစ်ခစ်ရယ်နေကြ တယ်။ ရို့စ်ကပြောတယ်။
''၀ီလျံတစ်ယောက် တစ်နေ့လုံးပေါ်မလာပါလားလို့ ဈေးပိုင်းက လူတွေမေးနေကြတယ်''
''နင်တို့အစ်ကိုက ကမ္ဘာပေါ်မှာ အလုပ်အများဆုံးလူ ဖြစ်နေပြီလေ''
''ရို့စ်ကပြန်ပြောလိုက်တယ်။ သူ သံတိုသံစတွေနဲ့ မီးရအောင် လုပ်နေတယ်လို့''
''ေ`အး၊ ဟုတ်တယ်။ မကြာခင် တခြားလူတွေနဲ့အတူ နင်တို့လည်း အံ့သြစေရမယ်''
ညစာ စားပြီးတာ နဲ့ အိပ်ရာပေါ် ပစ်လှဲလိုက်တော့ တစ်ချိုးတည်း အိပ်ပျော်သွားပါတော့တယ်။
နောက်တစ်နေ့ အာရုဏ်တက်တာနဲ့ ကျွန်တော်နိုးနေပါပြီ။ ကျွန်တော့် စက်အလေးကြီးကို ဘယ်လို မရမယ် ဆိုတာ စဉ်းစားရပါပြီ။ စက်ကိုယ်ထည်ကို ၀ါးလုံးနှစ်လုံးပေါ် ထိုးပြီး မတင်ဖို့ စိတ်ကူးလိုက်ပါတယ် သေသေ ချာချာ တော့ ချည်ရမှာပေါ့။
ကျွန်တော့် စီမံချက်က မျှော်စင်အမြင့်ကြီးဆောက်ပြီး စက်ကို အပေါ်တင်ဖို့ပါ။ ဒါပေမဲ့ ပထမအောက်မှာပဲ စက် ကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်အလုပ်လုပ်မလုပ် သေချာဖို့လိုပါတယ်။ယာယီစင် ခပ်နိမ့်နိမ့် ဆောက်ပြီး စမ်းသပ်ဖို့ စိတ်ကူးလိုက်ပါတယ်။
နောက်တစ်မျိုး စဉ်းစားမိပြန်ပါတယ်။ ကျွန်တော့မှာ အချင်းခြောက်လက်မရှိတဲ့ ၀ါးပိုးဝါးကြီး တစ်လုံး ရှိတယ်။ အခြားဘက်ထိပ်မှာ သံပူနဲ့ထုတ်ချင်းပေါက် ဖောက်လိုက်ပါတယ်။ ပြီးတော့မှ အရင်းဘက်ကို မြေကြီး ထဲ တူးမြှုပ်လိုက်တယ်။
အဲဒီအချိန်မှာ ဂက်ဖရီပေါက်ချလာတယ်။ စက်ဘီးတစ်စီးနဲ့ ချီပမ်ဘာက ပြန်လာတာတဲ့။ သူအား တဲ့ နေ့ ထင်ပါတယ်။
'အေးကွာ၊ မင်းရောက်လာတာအတော်ပဲ'
'မင်းဒါကြီးဆင်နေပြီလား'
အေး၊ အချိန်ကိုက်ပဲ မင်းရောက်လာတာ ငါမနိုင်မနင်းဖြစ်နေလို့ကွ ဒါကြီးကို ၀ိုင်းမပေးကွာ၊ ဟောဒီ တိုင်ပေါ် တင်ပြီး ချည်ချင်တယ်'
ဘီးမလည်အောင် စပုတ်တံတစ်ချောင်းနဲ့ ဖမ်းကွေးထားပြီး သွပ်နန်းကြိုးတွေ၊ လှည်းဘီးတာယာတွေနဲ့ တိုင် ကို ဂျက်ဖရီက ပူးချည်ပါတယ်။
သေသေချာချာတုတ်နှောင်ပြီးမှ
'ေဟ့…ၾကည့္ပါဦးကြ ၀ီလ့်'
ကျွန်တော်တို့နှစ်ယောက် ၀ါးပိုးတိုင်ကို ပတ်ပတ်လည် လှည့်ကြည့်ာကပါတယ်။
'ကြည့်စမ်း၊ ဘယ်လောက်လှတဲ့ လေရဟတ်ကလေးလဲ'
ကျွန်တော်အားရပါးရ ပြောလိုက်တယ်။
'ဂျက်ဖရီက
'ကဲတို့ စကြမလား'
'စမယ်လေ'
ဂျက်ဖရီက ဘီးကို ကလန့်ထားတဲ့ စပုတ်တိုင်ကို ဖြတ်လိုက်ပါတယ်။ ပန်ကာရွက်တွေ ချက်ချင်း လှုပ်လာတယ်။ ပြီါ်တော့ တဖြည်းဖြည်းနဲ့လည်လာတယ် တဖြည်းဖြည်းမြန်လာတယ်။ ချိန်းကြိုးလည်း ခွေးသွားစိတ်ပေါ်မှာ တအားပြေးနေတယ်။ အရှိန်များလာတော့ ၀ါးပိုးတိုင် ယိုမလိုဖြစ်လာတယ်။
'တော်ပြီ ရပ်မယ်'
ကျွန်တော်က အော်လိုက်တယ် ကျွန်တော်တို့ နှစ်ယေက် ၀ါးပိုးတိုင်လဲကျပြီး စက်ပစ္စည်းတွေ မြေကြီး ပေါ်မှာ တစ်စစီမဖြစ်ခင် ထိန်းလိုက်နိုင်တယ်။ တော်ပါသေးရဲ့၊ ကျွန်တော်တူးတဲ့တွင်းက အတန်ကျယ်တော့ တိုင်ကို စောင်းပြီး လေကြောင်းနဲ့ လွှဲပစ်လိုက်မှ ပန်ကာရွက်တွေ အလည်ရပ်သွားတယ်။ နောက်တစ်ဆင့် က ဒိုင်နမိုကနေပြီး ဓာတ်အား လုံလုံလောက်လောက် ထုတ်ရဲ့လားဆိုတာ စမ်းဖို့ပါပဲ။ အဖေ့ဓာတ်ခဲ လေးလုံး ကို ရေဒီယိုထဲက သွားယူပြီး ဒိုင်နမိုကထွက်လာတဲ့ ကြိုးနှစ်စကို ဆော့ကတ်ပေါက်ထဲ ထိုးသွင်းလိုက်တယ် တိုင်ကိုပြန်မတ်ပေးလိုက်တော့ ပန်ကာရွက်တွေ ပြန်လည်လာပြန်တယ်။ စက္ကန့်ပိုင်း အတွင်း သီချင်းသံထွက်လာတယ် ဟုတ်ပြီး ဒါပေမယ့် နောက်စက္ကန့်ပိုင်းအတွင်း စပီကာက မီးခိုးတွေ ထွက်လာ ပါတယ်။ မီးထတောက်တော့မလိုပဲ။
'ဟာသွားပြီ မင်းအဖေရေဒီယိုနော်'
ဂျက်ဖရီက အလန့်တကြားအော်ပါတယ် အဖေများ ထွက်လာမလားလိုကဆိုပြီး အိမ်ဘက်ကိုလည်း လှမ်းကြည့်နေပါတယ်
ရေဒီယိုကို ကျွန်တော်သတိမရတော့ပါဘူး အဖြေတစ်ခုရသွားလို့ ကျွန်တော် အရမ်းပျော်သွားပါတယ် ဒိုနမိုက ၁၂ဗို့ထွက်တာလေ။ ရေဒီယိုဗို့အားက သူ့တစ်ဝက်ပဲရှိတာ။ ပြီးတော့ ပန်ကာရွက်လည်တာက စက်ဘီး ခြေနင်းထက် ပိုမြန်တယ်လေ အဲဒါကြောင့် ဗို့အား တအားတက်လာတာပေါ့။ ဗို့အားကို ကျအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်တော် စဉ်းစားရပါဦးမယ်။
ရူပဗေဒစာအုပ်ကို ပြန်ဖတ်ရပြန်ပါတယ်။ စာအုပ်ကအခန်းထဲမှာ အဆင်သင့်ရှိနေတယ်လေ။
စာအုပ်ကိုဖွင့်ပြီး ပုံကြမ်းတွေ ရှာကြည့်ပါတယ်။ လိုချင်တဲ့ပုံ တန်းတွေ့တာပါပဲ။ မီးလုံးနှစ်လုံး။ ၁၂ဗို့ အေစီလိုင်း နဲ့ ချိတ်ပြီး လင်းနေတဲ့ပုံပါ ကြိုးအရှည်ကြီးနဲ့ မီးလုံးနှစ်လုံးကို သွယ်တန်းထားပါတယ်။ ပထမမီးလုံးက လင်းထိန်နေပြီး ဒုတိယမီးလုံးက မှိန်မှိန်ပဲ လင်းနေတယ်။ ဟုတ်ပြီ ထရန်စဖော်မာလို အေစီ လျှပ်စီးကြောင်းရဲ့ ဗို့အား ကျစေ တက်စေတဲ့သဘောပဲ။ ပထမမီးလုံးမှာ ထရန်စဖော်မာပါတယ်။ ဒုတိယမီးလုံးမှာ မပါဘူး။ ဒါကြောင့် စွမ်းအင်ဟာ လမ်းမှာ လျော့ကျသါားတယ် ၀ိုင်ယာကြိုးတစ်လျှောက် မှာ အပူငွေ့ ပုံသဏ္ဍာန် နဲ့ စီးထွက်သွားတာ။ ဒါကို ပျံ့လွင့်ခြင်းလို့ခေါ်တယ်တဲ့။
စွမ်းအင်ဟာ ခရီးဝေးသွားရင် လမ်းခုလတ်မှာ ဆုံးရှုံးတဲ့အတွက် ရေဒီယိုဒိုင်နမို သဘောတရားကို သုံးလို့ ရပါသလား ကျွန်ောတ် စဉ်းစားကြည့်ပါတယ်။ ကျွန်တော် ဖျက်ဆီးထားတဲ့ ရေဒီယို အပျက်ပုံကို သွားဖွတော့ မော်တော်ကား ဟောင်း တစ်လုံးထွက်လာတယ်။ ဒါကိုခွဲလိုက်တော့ ကွိုင်ထုတ်ကလေးတစ်ခု ထွက် လာတယ်။ အဲဒီက ကြေးကြိုးကလေးတွေဖြေပြီး တ်ုတချောင်းတစ်ချောင်းမှာ ပတ်တယ်။ ကြိုးက အတော်ကလေး ရှည်ပါတယ်။ ကြေးကြိုးတစ်စကို ဒိုင်နမိုမှာ ထည့်ပြီး တစ်စကို ရေဒီယိုမှာ ထည့်လိုက် ပါတယ်။ ရေဒီယိုဆီကို လျှပ်စစ်အပြည့် မရောက်တာကို တွေ့ရပါတယ်။
နှစ်ရက်တိတိ ကျွန်တော့် လေရဟတ်ဟာ ဒီအတိုင်း တိုင်ပေါ်မှာ တွဲလောင်းကြီးရှိနေပါတယ်။ တော်ပါသေးရဲ့၊ အိမ်နောက်မှာမို့ အပြင်လူတွေ မတွေ့ကြဘူး ဂျက်ဖရီပြန်ရောက်လာလို့ ဂီးလ်ဘတ် ကိုပါ ခေါ်ပြီး ကျွန်တော်တို့ သုံးယောက် လေရဟတ်ကို မျှော်စင်အမြင့်ဆောက်ဖို့ လုံးပမ်းနေကြပါတယ်။ မနက် မနက် ဆို သုံးယောက်သား ကျွန်တော်တို့အိမ်မှာ ဆုံပြီး ရဲတင်းတစ်လက်အပြင် ဓားကိုစီနဲ့ တောထဲကို သစ်ခုတ် ထွက်ကြပါတယ်။ အဲဒီမှော်အစွမ်းကြောင့် ကျွန်တော် သေကောင်ပေါင်းလဲခံခဲ့ရတယ်လေ။
ခုတော့သိပ္ပံပညာရပ်အတွက် ဒီတောထဲမှာ ကျွန်တော်တို့ သစ်လာခုတ်နေကြပါပြီ။ စုန်းကဝေ တစ္ဆေ၊ သရဲတွေ ကျွန်တော်တို့ ခေါင်းထဲမှာ မရှိတော့ပါဘူး။ အဲဒါတွေ ထက်ပိုပြီး လက်တွေ့ကျတဲ့ ပိုပြီး အသုံးဝင်တဲံ အလုပ်တွေကို ကျွန်တော်တို့ လုပ်နေကြပါပြီ။
တောထဲကို ခပ်ဖြည်းဖြည်းတိုးပြီး ခြောက်မီတာလောက်မြင့်တဲံ သစ်လုါံ်တွေ ရွေးခုတ်ပါတယ်။ သုံးယောက် သား တက်ညီလက်ညီ စီးချက်ညီညီ ခုတ်ကြတော့ သစ်ပင်တစ်ပင်လဲဖို့ ဆယ်မိနစ်ပဲကြာပါတယ်။ ပြီးမှ ဓားနဲ့ ကိုင်းတွေဖြတ်၊ အခေါက်ခွာ လုပ်ကြရပါတယ်။ အလားတူ သုံးပင်ရတာနဲ့ ကိုင်းဖျား ကိုင်းနားတွေပါ စုစည်း ပြီး တစ်ယောက်တစ်ပင် ထမ်းပြန်ခဲ့ကြပါတယ်။
ကျွန်တော့်အိပ်ခန်းနောက်ဘက်မှာပဲ တစ်မိတာနက်တဲ့ တွင်းသုံးကျင်းတူးလိုက်ပါတယ်။ တစ်တွင်းနဲ့တစ်တွင်း ကျင်းသုံးကျင်းတူးလိုက်ပါတယ် တစ်တွင်းနဲ့တစ်တွင်း အကွာအဝေး အတူတူဖြစ်အောင် တိုင်းပြီး တူးတာပါ။ ခြရန်က ကာကွယ်ဖို့ တိုင်အခြေကို ပလတ်စတစ်အိတ်တွေစွပ်ပြီးမှ တွင်းထဲချပါတယ်။
ဂျက်ဖရီက ဦးလေးဆီကရတဲ့ လုပ်ခထဲက လိုသမျှ အိမ်ရိုက်သံတွေ ၀ယ်ပေးပါတယ်။ တိုင်စိုက်ပြီးတာနဲ့ ဖြတ်ထား တဲ့ သစ်ကိုင်းတွေနဲ့ မျှော်စင်ကို ကြက်ခြေခတ်တွေ လိုက်ရိုက်ပါတယ်။ တောင့်သထက် တောင့်အောင် ချုပ်တန်းတွေလည်း လိုက်ရိုက်ပါသေးတယ်။ လှေကားထစ်တွေကိုတော့ ကလေးတွေ တက်မဆော့နိုင်အောင် လေးပေအမြင့် စစိုက်ပါတယ်။ ပထမ လှေကားထစ်ကို ရိုက်ပြီးတာနဲ့ အဲဒီလှေကားဆန်ပေါ်တက်ပြီး ဒုတိယအထစ်ကိုရိုက်ပါတယ်။ သံကို တူနဲ့ရိုက်မသွးပဲ ရဲဒင်းကို ပြောင်းပြန် လှန်ပြီး ရိုက်ပါတယ် ပိုရိုက်အား ရှိတာပေါ့။ အဲဒီအတိုင်း ဆက်ရိုက်သွားပါတယ်။
ဆက်ရန်
.

No comments:
Post a Comment