မင်္ဂလာမဆောင်မီ သိသင့်သောအချက်များ (၁)
အသားမည်းစုံတွဲ ဇနီးမောင်နှံ တို့တွင် ဖြူသော ဗီဇ တဝက် စီပါရှိ၍ ဆွတ်ဆွတ်ဖြူသော ကလေး တယောက် အသားမည်း ကလေးများကြားတွင် ထွက်ပေါ်လာပုံ
(ရောဂါများ မိခင် ဖခင် တို့မှ သားသမီး များသို့ ဆင်းသက်သွားပုံကို ပမာပြုနိုင်ပါသည်)
မင်္ဂလာဆောင်ကြတော့မည် ဆိုပါက ရက်ကောင်းရက်မြတ် သိဖို့ အတွက် ဗေဒင်မေးခြင်း၊ နတ်မေးခြင်း၊ ရက်ကောင်း ရက်မြတ် ရွေးခြင်း တို့ကို ပြုလုပ်ကြပါသည်။
အမှန်မှာ ရက်ရွေးသည်ထက် လူမြတ်ဖို့၊ လူကျန်းမာဖို့၊ ကျန်းမာသောအိမ်ထောင်တစ်ခု ဖြစ်လာဖို့ ကြိုးစား ရန် မှာ အဓိက ဖြစ်သည်။
''အိမ်ထောင်ဦးဘုရားတည် ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုး'' ဟု စာဆို ရှိခဲ့သည်တွင် ကိုယ်ကြိုက်သော အဓိပ္ပာယ်များ ကြိုက်နှစ်သက်သလို အဓိပ္ပာယ် ကောက်ယူ နိုင်ပါသည်။ ကျွန်တော့်အနေ နှင့် ဆေးဘက်ဆိုင်ရာ အဓိပ္ပာယ်ကောက်ယူလိုက် မည်ဆိုပါလျှင် အထက်ပါ စာပိုဒ်ကလေးမှ ပထမစာလုံးဖြစ်သည့် အိမ်ထောင်ဦးတည်ခြင်း ကိစ္စ ၌ ယောက်ျားလေးရော၊ မိန်းကလေးပါ ကျန်းမာနေ မှ ကျန်းမာသော အိမ်ထောင်တစ်ခုဖြစ်ပြီး ကျန်းမာ သော မိသားစု၊ ကျန်းမာသော သားလေး၊ သမီးလေး များ ပေါက်ဖွားလာကာ ကျန်းမာသော မျိုးစဉ်မျိုး ဆက် ဆက်လက် ဖြစ်ပွားလာမည်သာဖြစ်သည်။ ရောဂါ လက်ခံပါရှိလာသော မိသားစုဖြစ်နေပါက မည်သို့မျှ နောက်မှ ပြန် ပြင်၍ ရတော့မည် မဟုတ်ပါ။
အထက်ပါ အဓိပ္ပာယ် မှာ အိမ်ထောင်ဦး တည်ဆောက်သည့်အခါတွင် ယောက်ျားလေးဘက်က ရောဂါ တစ်မျိုးမျိုး၊ မိန်းကလေး ဘက်က ရောဂါတစ်မျိုးမျိုး၊ သို့တည်းမဟုတ် မိန်းကလေး ယောက်ျား လေး တစ်ဦးဦးမှာ ပါရှိသော ရောဂါတစ်မျိုးမျိုးတို့ ဤအိမ်ထောင်ဦးတွင် ပါရှိခဲ့ပြီဆိုပါလျှင် သားလေး၊ သမီးလေး များမှ စ၍ မျိုးစဉ်မျိုးဆက် ဆက်လက်ပြီး ဤမွေးရာပါ ကူးစက်ရောဂါများဆက်၍ ပြန့်ပွားမည် သာ ဖြစ်သည်။
မွေးရာပါ ကူးစက်ရောဂါ ဟု ဆိုလိုက်ရခြင်း မှာ အိမ်ထောင်ပြုပြီးခဲ့သော မိနှင့်ဖ တို့မှ ဘိုးဘွား များ၊ မိခင် ဖခင်များထံမှ ရရှိခဲ့သော မွေးရာပါ ကူးစက်ရောဂါများက သားလေး၊ သမီးလေးများသို့ ကူးစက်အပြီး ဤသားလေး၊ သမီးလေးများမှတစ်ဆင့် ဆက်လက်ကူးဆက်ပျံ့နှံ့သွားတော့မည်ကို ပိုမို သဘောပေါက် စေရန် မွေးရာပါ ကူးစက်ရောဂါဟု ပြောလိုက်ရခြင်းဖြစ်ပါသည်။
မင်္ဂလာမဆောင်မီ ဆေးစစ်ဆေးခြင်း၊ ရောဂါအကြောင်း စုံစမ်းစစ်ဆေးခြင်း၊ ရောဂါအကြောင်း ဆွေးနွေး တိုင်ပင်ခြင်းတို့မှာ မင်္ဂလာရက် ရွေးခြင်းထက်ပို၍ တန်ဖိုးရှိမည်ဟု ထင်မြင်ယူဆအပ်ပါသည်။ အကြင် လင်မယား ချစ်ခင်ကြပါသည်ဟူ၍ ရက်ကောင်းရက်မြတ်အချိန်တွင် မင်္ဂလာဆောင်ခဲ့စေကာမူ မသင့်မမြတ် ဖြစ်ခဲ့သော် ကွဲကြပြဲကြမည်သာဖြစ်သည်။ ကွဲပြဲခဲ့ကြ၍ ဒုက္ခရောက်ခဲ့သော် နှစ်ဦးနှစ်ယောက် သော ယောက်ျား၊ မိန်းမ လင်မယား သာ ဒုက္ခရောက်ရပေမည်။
လင်မယား ပေါင်းခြင်းဖြင့် လူဦး ရေနှစ်ဦးသာ ပထမဒုက္ခဖြစ်လာမည်ဟု ဒုက္ခ ကို တွက်ပြခြင်းဖြစ်သည်။ ရောဂါနှင့်ကြုံပါက ပို၍ဒုက္ခကြီး ကြောင်း ဆက်လက်တင်ပြလိုပါသည်။ အကယ်၍သာ လင်မယားနှစ်ဦး ချစ်ခင်ပေါင်းသင်းနေထိုင်ခြင်း ဖြင့် ကြိုတင်မသိသော ရောဂါဝေဒနာ မိမိ၏သားလေး၊ သမီးလေးများထံမှ မွေးရာပါ ရောဂါကြီး အသွင် ဖြစ်ခဲ့ပါပြီဆိုလျှင် အကြင်လင်မယားသာမက ဆေးရုံဆေးပေးခန်းများကိုလည်း ဒုက္ခပေး၊ မိသားစု ကို လည်း ဒုက္ခများစေ၊ ဆွေမျိုးမိဘများလည်း ဒုက္ခရောက်စေပါသည်။ ဤသို့သော မွေးရာပါ ရောဂါသည် ကလေးများ ပေါများသည်ဆိုပါလျှင်ဖြင့် တိုင်းပြည်ကိုပါ ဒုက္ခပေးနိုင်ပါသည်ဟု ကျွန်တော် ယူဆ သကဲ့သို့ သိပ္ပံပညာရှင် ကလည်း ယူဆပါသည်။
ဤရောဂါတွင် စတင်ရှင်းလင်းတင်ပြရမည့်အကြောင်းအရာမှာ မွေးရာပါကူးစက်ရောဂါဟူသော ရောဂါမှာ ဘာတွေ ပါလဲ၊ ဘယ်လိုဟာမျိုးတွေပါလဲ။ လူအများသိနေကြသော ကာလသားရောဂါပဲလား ဆိုတာကို သိလိုကြမည်။ ရှင်းပြရန် လိုအပ်ပေမည်။
ဆစ်ဖလစ်ရောဂါ၊ ကာလသားရောဂါသည်သာ မင်္ဂလာမဆောင်မီ စုံစမ်းစစ်ဆေးသင့်သော ရောဂါမဟုတ်။ အခြားအခြားသော ရောဂါများလည်း ရှိပါသေးသည်။ ဆီးချိုရောဂါ၊ သွေးမတိတ်သည့် ဟီမိုဖေးလီးယား ရောဂါ Haemophilia တက်တတ်သည့်ရောဂါ Epilepsy၊ သွေးကင်ဆာရောဂါ Leukemia၊ မျောက်သွေးရောဂါ Rh factor စိတ်ရောဂါ Mental diseases စသည့် ရောဂါများကို မင်္ဂလာမဆောင်မီ စစ်ဆေးကြည့်ရူ့ သင့်လှပေသည်။
အထက်ပါ ရောဂါများနှင့်တကွ အခြားအခြားသောရောဂါတို့မှာ မင်္ဂလာမဆောင်မီ ဆေးစစ် ဆေးကြည့်ရုံဖြင့် သိသာနိုင်ပါသလားဆိုသော အမေးများကို မေးမြန်းခဲ့မည်ဆိုပါက အဖြေမှာ အလွန် မလွယ်ကူလှပေ။ ဆေးစစ်ဆေးရာ တွေ့ရှိနိုင်သော ရောဂါများရှိသကဲ့သို့ သွေးစစ်ဆေး၍ မတွေ့နိုင် သော ရောဂါများလည်း ရှိကြပါသည်။
မင်္ဂလာမဆောင်မီ သိသင့်တာတွေ ကျွန်တော်ရေးသားတင်ပြနေရာမှာ အသားမည်းသော ဇနီး မောင်နှံ သို့မဟုတ် တစ်မျိုးရေးရမည်ဆိုပါက လင်အသားမည်း၊ မယားအသားမည်း တဲ့သူ နှစ်ယောက် တွေ့ရတတ် တဲ့ တစ်သက်တာ ဒုက္ခလေးလည်း ပြောပြပါရစေ။ စိတ်ဝင်စားစရာဖြစ်သကဲ့သို့ တကယ့် အဖြစ်အပျက် လည်း သိစေလိုပါတယ်။
မည်းသူနှစ်ယောက်၊ အမည်းစုံတွဲ လင်နှင့်မယားအကြောင်း ပြောရာမှာ အသားမည်းသူနှစ် ယောက် ဖြစ်နေပါ၍ တစ်ချိန်ချိန်တွင် အသားဖြူလေးတစ်ယောက်မွေးလာခဲ့ပြီဆိုပါက ''ဘယ်သူနဲ့စပ် ယှက် လိုက်လို့များ မသိပါဘူး၊ သူ မွေးလာတာလေးက ဆွတ်ဆွတ်ဖြူလေးတော့''ဟု မကြားနိုးနား အပြော ခံခဲ့ရပါသည့် အမည်းစုံတွဲရှိခဲ့ဖူးပါသည်။ အမှန်တော့ သိပ္ပံနည်းကျကျ မသိကြလို့ အထင်လွဲကြ တာပါ။ ဘယ်သူ နဲ့ မှ မစပ်ယှက်ကြပါဘူး။ သဘာဝကိုက သိစရာဖြစ်နေတာကို ကျွန်တော် ရှင်းပြလိုပါ တယ်။
အသားမည်းစုံတွဲ ဇနီးမောင်နှံတို့တွင် ''ဖြူသောဗီဇတစ်ဝက်ပါရှိနေပါ၍'' ဆွတ်ဆွတ်ဖြူတဲ့ ကလေး တစ်ယောက် အသားမည်း ကလေးများကြားတွင် အမည်းများကြားမှာ တစ်ယောက် အဖြူထွန်း ခဲ့သည့် သာဓက ကို ကျွန်တော်တင်ပြလိုက်ရပါတယ်။
နောက်တစ်ရက်ရက် ကြုံကြိုက်ပါက မင်္ဂလာမဆောင်မီ သိသင့်တဲ့အကြောင်း အမှတ်(၂)ကို ဖတ်ရပါဦးမည်။
စာရေးသူ - ဒေါက်တာအောင်ခင်ဆင့်
ရုပ်ရှင်တေးကဗျာ (ဖေဖော်ဝါရီ ၂၀၁၁)
.
3 comments:
အင်း..
ဆက်ပါဗျာ။
ဒါလဲ သိ ထားသင့် တာပါပဲ။
စောင့်နေမယ်..။
စိတ်ဝင်စားစရာပဲဗျာ။
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ဆက်လက်ဖတ်သွားပါမည်။
ကျနော်ကတော့မင်္ဂလာမဆောင်ခင်နှစ်ယောက်စလုံးဆေး
စစ်စေချင်တာကတော့အဖြစ်ချင်ဆုံးဆန္ဓတစ်ခုပါခင်ဗျာ-
စေတနာနဲ့ ရေးပေးတဲ့စာတွေဖတ်တဲ့အပြင်သိမ်းတောင်
ထားသင့်ပါတယ်။ ကျနော်ကတော့သိမ်းထားမယ်။
ကျေးဇူးအတူးတင်ပါတယ်ဆိုတာပြောဖို့ လိုမယ်မထင်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
Post a Comment