Tuesday, January 18, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၂)

အခန်း ၁

သိပ္ပံပညာရဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေကို မမြင်ဖူးခင် ကမ္ဘာကြီးကို မှော်အတတ်နဲ့ စုန်းတစ္ဆေတို့က လွှမ်းမိုး ထားတယ် လို့ ကျွန်တော် ထင်ခဲ့တယ်။
ကျွန်တော် ငယ်ငယ်က နတ်မိစ္ဆာတွေ၊ စုန်းတစ္ဆေတွေ တကယ်ရှိနေတယ်လို့ ယုံကြည်ခဲ့တယ်။ ငယ်ငယ်က နတ်ကိုင် လို့ သေမလို ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော်အသက်ကို ကယ်ခဲ့သူကတော့ ကျွန်တော်အဖေပါပဲ။ အဲဒီ အတွက် ကျွန်တော်အဖေဟာ သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့တာပါပဲ။

ကျွန်တော် ခြောက်နှစ်သား အရွယ်ကပေါ့။ ရွာလယ်လမ်းမှာ သူငယ်ချင်းတွေနဲ့ ဆော့နေချိန်၊  သီချင်းတွေ ဆိုကြ ကကြ ခုန်ကြနဲ့ပေါ့။ ကျွန်တော်တို့ မိသားစုက ယာတောတစ်ခုမှာ နေပါတယ်။ နွားမတွေ အများကြီး ပိုင် တဲ့ လူတွေက နွားကျောင်းသားကလေးတွေ ငှားကြရပါတယ်။

တစ်နေ့မှာ သူတို့ ဆီက သတင်းထူး ကြားရပါတယ်။ မနက်စောစောနွားကျောင်းနေတုန်း ဧရာမ အိတ်ကြီး တစ်လုံး လမ်းပေါ်မှာ သူတို့ တွေကြသတဲ့။ သူတို့ဖွင့်ကြည့်တော့ လား လား တစ်အိတ်လုံး ချိုချဉ်တွေ သကြားလုံး တွေ အပြည့်တဲ့ဗျား။ စဉ်းစားကြည့်ပါဗျာ။ သူတို့တတွေ ဘယ်လောက် ပျော်လိုက်မလဲ ဆိုတာ လေ။ ကျွန်တော်က ချိုချဉ်ဆို အရမ်းကြိုက်တဲ့ကောင်။
''ဒီချာတိတ် ကို နည်းနည်း ပေးလိုက်ကြရအောင်''
တစ်ယောက်က အကြံပြုတယ်။

ကျွန်တော် က အသက်မရှူအားဘဲ ရင်တမမနဲ့ပေါ့။ ကျွန်တော် ဆံပင်ထဲမှာ သစ်ရွက်ခြောက်တွေ ကပ်လို့။
''ပေးလေကွာ၊ ပေးလိုက်ပါ''
တစ်ယောက် က ထောက်ခံပြီး ''ဒီကောင်လေးပုံလည်း ကြည့်ပါဦးကွာ''
နောက်တစ်ယောက် က အိတ်ထဲနှိုက်ပြီး သကြားလုံး လက်တစ်ဆုပ်  ကျွန်တော်လက်ထဲက ထည့်ပေးတယ်။ ရောင်စုံ အလုံးကလေးတွေ။
သူတို့ ထွက်သွားသွားချင်း ကျွန်တော် ပလုတ်ပလောင်း လွေးတယ်။ အချိုရည်တွေ ကျွန်တော် မေးစေ့ပေါ် အကျီပေါ် သို့ စီးကျကုန်တယ်။

နောက်တစ်နေ့ သရက်ပင်အောက်မှာ ကျွန်တော် ကစားနေတုန်းဈေးသည်တစ်ယောက် စက်ဘီး နဲ့ ရောက်လာပြီး ကျွန်တော်အဖေနဲ့ စကားပြောနေတာကို တွေ့ရတယ် ။ သူ မနေ့က ဈေးအပြန်မှာ အိတ်တစ်လုံး ကျကျန်ခဲ့လို့ပြန်ရှာတဲ့အခါ လမ်းပေါ်မှာ မတွေ့တော့ဘူးတဲ့။ အိတ်က ပီကေအိတ်ဖြစ်ကြောင်း၊ နွားကျောင်းသား တွေ ရသွားတယ်လို့ အခြား ဈေးသည် တွေ ဆ်ီက သိရတဲ့အကြောင်း ပြောရင်း ဈေးသည် ဒေါသူပုန် ထနေတယ်။ နောက်နှစ်ရက်ဆက်တိုက်လာပြီး အိတ်ကောက်ရ သွား တဲ့ နွားကျောင်းသားတွေကို စုံစမ်း တယ်။ ပြီးတော့ ကြောက်မက်ဖွယ် ကြိမ်ဝါးပါလေရော။
''ကျုပ် ဆင်ဂန်ဂါ'' င်္ဆီသွားမယ်။ ကျုပ်ပစ္စည်း ကို စား တဲ့ ကောင်တွေအားလုံး ကာလနာ တိုက်စေရမယ်။

ဆင်ဂန်ဂါဆိုတာ နတ်ဆရာကို ပြောတာပါ။
ပီကေ တွေ ကျွန်တော် အများကြီး စားပြီဲးပြီ။ စားပြီးတာကြာပြီ။ သိပ်အရသာရှိတဲ့ နတ်သုဒ္ဓါတွေ၊ အခုတော့ အဆိပ် တွေ ဖြစ်ကုန်ပြီကော။ ပါးစပ်ထဲ အော့ချင်အန်ချင်ဖြစ်လာတယ်။ ကျွန်တော် ချက်ချင်း ချွေးတွေ ပြန်လာပြီး ရင်တွေတအားခုန်လာတယ်။ ဘယ်သူမှ မသိအောင် အိမ်နောက်ဖေး ပြေးပြီး ပါးစပ်ထဲ လက်ညှိုးထိုး အန်တယ်။ ခြေထောက်နား ကျလာတဲ့ ၀ါဝါ အရည်တွေကို ဘယ်သူမှ မမြင်အောင် သဲနဲ့ ဖုံးထား ခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် ဝေဒနာ မသက်သာပါဘူး။ နေလုံးကြီဲးကို တိမ်မည်းညိုတွေ ဖုံးအုပ်သွားသလို စိတ်ထဲ ခံစား နေရတယ်။ သစ်ပင်တွေထဲက နေပြီးနတ်ဆရာရဲ့ မျက်လုံးကြီးတွေက ကျွန်တော်ကို စောင့်ကြည့် နေတယ် လို့ ထင်လာတယ်။ ကျွန်တော် စားခဲ့တဲ့ ပစ္စည်းကို အဆိပ်သင့်အောင် သူ ကျိန်စာတိုက်တော့မယ်။ ကျွန်တော်အိပ်ရာထဲကို  ဒီညသူရောက်လာတော့မယ်။ ကျွန်တော်ဝိညာဉ်ကို နုတ်ယူသွားလိမ့်မယ်၊ မိုးလင်းတော့ ကျွန်တော် ခန္ဓာကိုယ် အေးစက်ပြီးအသက်မဲ့နေလိမ့်မယ်။ ကြောက်လွန်လို့ အဖျားတက်ချင် သလိုလို ဖြစ်လာတယ်။

ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်တယ်။ ခြေထောက်တွေလည်း အကြောသေသွားသလို လှုပ်လို့ မရတော့ ပါဘူး။ မျက်ရည်ပူတွေ ပါးပြင်ပေါ်ကိုတလိမ့်လိမ့် စီးကျနေချိန်မှာပဲ နှာခေါင်းထဲကို စိမ်းရွှေရွှေ အဆိပ်နံ့ တွေဝင်လာ ပါတော့တယ်။ ဘုရား  ဘုရား ၊ကျွန်တော်တစ်ကိုယ်လုံး အဆိပ်တွေ ဖြစ်နေပါပေါ့လား။ အမြန်ဆုံး ခြေလှမ်းတွေနဲ့ အမြန်ဆုံး ခြေလှမ်းတွေနဲ့ ကျွန်တော် ပြေးလာခဲ့ပါတယ်။ သစ်တောထဲကနေ အိမ်ဘက် ကို ပြန်ပြေးချလာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့အဖေ ပြောင်းဖူးတွေ ချိုးနေတာ တွေ့ရပါတယ်။့  အဖေ ရင်ခွင် ထဲ ပြေးဝင်လိုက်ချင်တယ်။ မကောင်းဆိုးဝါးရန်က အကာအကွယ်ပေးနိုင် အဖေပဲရှိမယ် ထင်ပါတယ်။

ငိုရင်း ရှိုက်ရင်း အပြစ်ကို  ကျွန်တော်ဝန်ခံလိုက်ပါတယ်။
''ခိုးရာပါ ပီကေတွေ စားတဲ့အထဲံမှာ ကျွန်တော်ပ်ါတယ်အဖေ၊ သူတို့ ကျွန်တော်ကို ခေါ်မသွားပါစေနဲ့ အဖေ။
အဖေ က ကျွန်တော်ကို ခဏကြည့်ပြီး ခဏကြည့်ပြီဲး ခေါင်းရမ်းရှာတယ်။
''သြော် မင်းပါ ပါတာကိုး ''ဟု ပြောပြီး ပြုံးနေတယ်။ ကျွန်တော်အဖြစ်ကို သူ သဘောကျနေတာလား။

''အင်း'' ဆိုပြီးသူ ထိုင်ရာက ထတယ်။ အဲဒီလို ထ လိုက်တိုင်း သူ့ဒူးခေါင်းထဲက ကျိုးကျိုးကျွတ်ကျွတ် မြည် သွားတာ ချည်းပဲ။ ကျွန်တော် အဖေဟာ ဧရာမ လူထွားကြီးတစ်ယောက် ဖြစ်ပါတယ်။
"မင်းဘာမှ မပူနဲ့ ၊ အဖေ အဲဒီဈေးသည်နဲ့ သွားတွေ့ပြီး ရှင်းပြမယ်၊ သူ ကျေနပ်မှာာပါ"
ရှစ်ကီလိုမီတာ ဝေးတဲ့ မာဆာကာရွာကို အဖေ ခြေကျင်လျှောက်သွားပြီး ပြဿနာ ရှင်းခဲ့တယ်တဲ့။ အဖေ ဘယ်လို ရှင်းခဲ့ သလဲ ဆိုတာ နောက်မှ ကျွန်တော် သိရတာပါ။  အဲဒီပုဂ္ဂိုလ်ကို အဖေ က ပီကေ အိတ်ကြီး တစ်လုံး အပြည့် ၀ယ်ပေးပြီး လျော်ပေးခဲ့ပါသတဲ့။

ကျွန်တော် အသက်မသေတော့ဘူးပေါ့။ အဖေက ကယ်လိုက်တယ်ပေါ့။ ကျွန်တော်က အဖေ့ ကို အဲဒီညမှာ မေးပါတယ်။ ကျိန်စာဆိုတာ ဘာလဲပေါ့။ အဖေက  အလေးအနက် တွေးနေပုံမျိုးနဲ့ ဖြေပါ တယ်။
"အေးကွာ၊ အချိန်မီ ရောက်သွား လို့ တော်သေးတာပေါ့" တဲ့။ ပြီးတော့ သူ အားရပါးရ ရယ်ပါတယ်။ သူ ထိုင်နေ တဲ့ ကုလားထိုင်ကြီး သိမ့်သိမ့်တုန်အောင် သူ ရယ်နေတာပါ။ ပြီးမှ -
"ဒီမယ် ၀ီလျံ၊ မင်းဘ၀ မှာ ဘာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒါ မြဲမြဲ မှတ်ထား"

ကျွန်တော့်အဖေက ဗလကောင်းတယ်၊ သန်မာထွားကျိုင်းတယ်။ မှော်ဆရာတွေ၊ နတ်ဆရာတွေကို မကြောက်ဘူး၊ သူက အဲဒီ စုန်းတို့လို၊ နတ်တို့လို ဇာတ်လမ်းတွေကို သူ အကုန်သိတယ်။
လမိုက်ည တစ်ည မှာ မီးခွက်ထွန်းပြီး ကျွန်တော်တို့ မိသားစုအားလုံး ဧည့်ခန်းမှာ စုထိုင်ကြရတယ်။ အဖေက ကမ္ဘာကြီး အကြောင်း ပြောပြတယ်။  ကျွန်တော်တို့ရဲ့ ဘ၀ အစကတည်းက စုန်းကဝေ တွေ ဘယ်လို ဘယ်လို ကြီးစိုးခဲ့ကြောင်း ပြောပြတယ်။

အာဖရိက ဆင်းရဲသားများအတွက် ဒုက္ခတွေက များလှကြောင်း၊ ဘုရားသခင်အတွက်ရော၊ တို့ကိုယ်တိုင် အတွက် ပါ ဒုက္ခခံရကြောင်းတွေ ရှင်းပြတယ်၊ အဲဒီမှာ တတိယအင်အားစု အဖြစ်နဲ့စုန်းကဝေတွေ၊ နတ်ဆရာ မှော်ဆရာ တွေ ပေါ်လာတဲ့အကြောင်းပြောပြတယ်၊ နတ်တွေစုန်းတွေဟာ သစ်ပင်တစ်ပင်ကို မြင်ရသလို မိန်းမတစ်ယောက် ရေအိုးရွက်လာတာ မြင်ရသလို မမြင်နိုင်ဘူး။ မမြင်ရတဲ့အင်အားတစ်မျိုးဖြစ်တယ်။ လေတိုက်သလို လမ်းဖြတ်ကူးထားတဲ့ ပင့်ကူအိမ်တစ်ခုနဲ့တူတယ်။ ဒါတွေဟာ စာအုပ်တွေ တည်းမှာရှိပြီး ဘယ်သူမှ လက်တွေ့ မမြင်ဘူးကြဘူး။ အဲဒီလို လိပ်ပတ်လည်အောင် ရှင်းပြတယ်၊ ကျွန်တော်တို့အားလုံး သဘောကျ တဲ့ သာဓက တစ်ခုရှိပါတယ်။ မွာစီလူမျိုးစု အကြီးအကဲ နဲ့ ကာစန်ဂူ အားပြိုင်ပွဲပါ။

ဆယ့်ကိုးရာစု အစောပိုင်းကစပြီး ဒီနေ့အထိ အာဖရိက အလယ်ပိုင်း မြေပြန့်လွင်ပြင်ကို စိုးမိုးအုပ်ချုပ်ခဲ့တဲ့ လူမျိုးစု ဟာ ချီဝါလူမျိုးစုဖြစ်ပါတယ်။ ကျွန်တော်တို့တတွေဟာ ကွန်ဂိုတောင်ပေါ် ဒေသကနေပြီး ရာစုနှစ်ပေါင်း များစွာ က ဒီအရပ်ကို ထွက်ပြေးလာကြသူ တွေဖြစ်ပါတယ်။ ရောဂန္တရကပ်ဘေးကြောင့် မြေပြန့် ကို ဆင်းလာကြပြီး ရေကြည်ရာ မြက်နုရာဈ မြေသြဇာကောင်းရာ ဒေသမှာ အတည်တကျ နေထိုင်ခဲ့ကြ သူတွေ ဖြစ်ပါတယ်။ နှစ်တွေရာပေါင်းများစွာ ကြာတောင်ကြာရှည် ရှိခဲ့ပါပြီ။

အဲဒီအချိန်ကုန်းက ကျွန်တော်တို့ရွာရဲ့ အနောက်မြောက်ဘက်မှာ ဧရာမကြံ့မည်းကြီး တစ်ကောင် သောင်းကျန်း ခဲ့ဖူးပါသကဲ့။ အကောင်ကြီးက သုံးတန်လော်ရီကားထက် ကြီးပြီး သူချိုကြီးမှာ ကျွန်တော့်အဖေ လက်မောင်း လောက်ကြီးတယ်ဆိုပဲ၊ ချိုထိပ်ဖျားက ဓားမြှောင်လို ချွန်နေတာပဲ။  အဲဒီခေတ်တုန်းက ရွာသား တွေရော၊ တိရစ္ဆာန်တွေပါ  သောကရေ သုံးရေအတွက် ရေကန်တစ်ခုတည်းကို အားထားခဲ့ကြရတယ်။ ကြံ့ကြီးက ရေထဲမှာ စိမ်နေရင်း လူတွေကိုစောင့်နေတတ်တယ်။ ရေကန်ကို အများဆုံးသွားရတဲ့ လူတွေ ကတော့ ကျွန်တော်အမေ လို ၊ ရေခပ်ဆင်းတဲ့ အမျိုးတွေပေါ့။ ရေခပ်ဖို့ ရေခပ်ဖို့ ရေကို ရေထဲကို နှစ်လိုက်တာ နဲ့ အကောင်ကြဲီး က ၀ုန်းခနဲ ထပြီး တိုက်ခိုက်တော့ပဲ။ အမျိုးသမီးတွေကို ဦဲးချိုကလော်၊ ခွာနဲ့နင်းချေပြီး တစ်စမကျန် ဖျက်ဆီးပစ်တယ်။  တစ်လ နှစ်လအတွင်း ဒီကောင်ကြီးသတ်တာ လူတစ်ရာ ကျော် ရှိသွားတယ်တဲ့။ 

အဲဒီအထဲမှာ ချီဝါလူမျိုးစု အကြီးအကဲရဲ့သမီးကလေး ပါသွားတယ်။ အဲဒီမှာ ချီဝါခေါင်းဆောင်ဟာ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး သူ့ ရွာသားတွေ၊ စစ်သည်တွေနဲ့ တိုင်ပင်တယ်။
ဒီကိစ္စ ဟာ တကယ့်အန္တရာယ်ပဲ။ ဘယ်လို ဖြေရှင်းကြမလဲ
အမျိုးမျိုး တင်ပြကြတယ်။ ဒါပေမဲ့ အကြီးအကဲ တစ်ခုမှ သဘောမတူဘူး။ အဲဒီမှာတင် သူ့လက်ထောက် တစ်ယောက် က ထပြီး
လီလွန်ဂွေ မှာ ကျွန်တော်အသိတစ်ယောက်ရှိတယ်။ သူက အကြီးအကဲ တစ်ယောက်မဟုတ်ပါဘူး။ သူ့မှာ သေနတ်ရှိတယ်။ မှော်ပညာလည်းတတ်တယ်။ သူက တစ်နည်းနည်းနဲ့ ဒီကောင်ကြီးကို ကောင်းကောင်းနှိမ်နင်းမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အဲဒီလူရဲ့ နာမည်က မွာစီချီဖော်ဇရ။ သူတို့ ပြည်နယ်မှာ နာမည်အကြီးဆုံးမှော်ဆရာပါ။ သူနာမည် ရဲ့ အဓိပ္ပာယ် က မြက်ပင်မုဆိုးတဲ့။ ဘာလို့လဲဆိုတော့ သူဟာ ကွင်းထဲမှာ့ မြက်ပင်ယောင်ဆောင်ပြီး ကိုယ်ယောင် ဖျောက်ထား နိုင်တယ်။ အကြီူးအကဲရဲ့ လူတွေဟာ ကီလိုမီတာ တစ်ရာဝေးတဲ့ လီလွန်းဂွေကို အရောက် သွားပြီး မွာစီကို အကူအညီ တောင်းတော့ သူက လက်ခံတယ်။ ကာစန်ဂူက ညီအစ်ကို တော်တွေ ကို သူကူညီပါမယ့်တဲ့။

တစ်နေ့မနက် နေမထွက်ခင် ရေကန်ကို မွာစီရောက်သွားတယ်။ ကမ်းနဖူးက မြက်တောထဲမှာ ရပ်ပြီး သူ့ကို ရေမန်း တွေ ဖျန်းတယ်။ သူ့သေနတ်ကိုလည်း ဖျန်းတယ်။ ပြီးတာနဲ့ သူပျောက်ကွယ်သွားတယ်။ ကြံ့ကြီး ဟာ ၀ုန်းဒိုင်းကျဲ ပြေးလာပြီး ရေထဲဆင်းတယ်။ မွာစီက သတ္တ၀ါကြီးရဲ့ ဦးခေါင်းထဲကို ကျည်ဆန် တစ်တောင့် ပစ်သွင်း လိုက်တော့ ကြံ့ကြီး ဟာ ကျွမ်းပြန်ပြီး ချက်ချင်း သေသွားတယ်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ဖတ်ပြီးသွားပြီနော်
ဆက်၇န်.. မျှော် နေ သည်...........