Tuesday, December 28, 2010

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၅)

ဦးလေးပုကို ကျွန်တော်အလွန်စိုးရိမ်သွားသည်။ မရိုမသေ တံတွေးထွေးနေသည်ကို ဂျပန် စစ်ဗိုလ်ကြီးများ တွေ့ သွားလျှင် ဦးလေးပု၏ ပြန်ပေါက်စ ခြေသည်လက်သည်းများကို ပြန်အခွာခံနေရပေလိမ့်ဦးမည်။

ကျွန်တော်က စိုးရိမ်တကြီးဖြင့် ကြည့်နေမိစဉ် ကျွန်တော့်အား ဦးလေးပုက မြင်သွားသည်။ ထိုအခါ သူက မျက်စ ပစ်လိုက်၊ ခေါင်းညိတ်လိုက်၊ မျက်စိမှိတ်လိုက်၊ နှုတ်ခမ်းလှုပ်ပြလိုက်နှင့် အမျိုးမျိုးလုပ်ပြနေသည်။ မနေနိုင် တော့သော ကျွန်တော်က အရဲစွန့် ၍ ပရိသတ်ကြားမှ တိုးထွက်ခဲ့ရသည်။ အပြင်ရောက်သော် ဦးလေးပု ကို တက်တို့၍ ခပ်လှမ်းလှမ်းသို့ ခေါ်ခဲ့ရသည်။
''ဦးလေးပု....ခင်ဗျား ဘာလာလုပ်တာလဲ''
ဦးလေးပု သည် အလွန်အရေးကြီးသော စကားပြောလိုဟန် ကျွန်တော့်နားနားကပ်၍ ဆိုသည်။

''လူတစ်ယောက် က မင်းကိုတွေ့ချင်လို့တဲ့''
''ဘယ်သူလဲ''
''ဟ ...အဲဒါ...ငါဘယ်သိမလဲ၊ လူတစ်ယောက်က တွေ့ချင်တယ်ဆိုတာ ခွေးတစ်ကောင်က တွေ့ချင်တာ မဟုတ်ဘူးလို့ ငါဆိုလိုတာ မဟုတ်ဘူး၊ သူ့နာမည် ငါမသိလို့ လူတစ်ယောက် ကတွေ့ချင်တာလို့ ငါပြောတာ''
''အဲဒီလူ က ဘယ်လိုနေလဲ''
''ဗိုလ်ကေ နဲ့....ရှပ်အကျီင်္နဲ့.... ''
''ဟာ..ဗိုလ်ကေနဲ့ ရှပ်အကျီင်္က ဆန်းတာလိုက်လို့....သူ့ရုပ်က ဘယ်လိုနေလဲ''

''သူ့ရုပ် ကို ငါမဖမ်းနိုင်ဘူးကွ၊ သူ့မျက်နှာက သဖန်းသီးတွေလို အဖုအထစ်တွေနဲ့ ကိုယ်ပျက်နေသလား မသိဘူး''
ကျွန်တော်သည် ကြက်သီးထသွားသည်။ ဦးလေးပုသည် ဘာကြောင့် ကိုယ်ပျက်သောသူ က ခေါ်ခိုင်း သည်ကို လာခေါ်ရသနည်း.... ''
''အမှန်းကန်းမှန်း မသိဘဲနဲ့ ခင်ဗျားကြီးက ကျုပ်ကို ဘာလို့လာခေါ်ရတာလဲ''

ဦးလေးပုသည် ဘာမျှမဖြေဘဲ ချေးအထပ်ထပ်ရှိသော သူ့အကျီင်္အတ်ထဲမှ ကိုးဝါ စီးကရက် တစ်ဘူး ထုတ်ပြသည်။ စီးကရက်ဘူးကိုမြင်သည်နှင့် တစ်ပြိုင်နက် ကျွန်တော် သဘောပေါက်သွားသည်။ ဦးလေးပု သည် အလွန်စီးကရက်ကြိုက်တတ်သည်။ စီကရက် ရလျှင် ဘာမဆိုလုပ်မည်မှာ သေချာ၏။ ယခုလည်း သူအလွန်ကြောက် သမျှ မုန်းသော ဂျပန်များရှိလျက် ဤမဏ္ဍပ် ဆီလာခြင်း မှာ စီးကရက်တန်ခိုး ဖြစ်ရပေ လိမ့်မည်။

''အဲဒီလူက တကယ်ကိုယ်ပျက်နေလား''
''ငါ...ဘယ်လိုလုပ်သိမလဲ''
''သူ့ ကိုယ် က ညှီစော်မနံဘူးလား''
''ဟာ.... အဲဒါတော့ မနံဘူးကွ''

မနံဘူးသာဆိုသည် ဦးလေးပုသည် သွားကြာမှ တံတွေးကို 'ကျစ်'ခနဲ ထွေးလိုက်သည်။ ထို့နောက်မှ ဆင်ခြေ ဆက် ပေးသည်။
''ပြီးတော့လေ ကွာ မင်းနာမည်ကို သူကတိတိကျကျပြောတာ၊ မင်းကို သူ က(ငယ်လေး) လို့ခေါ်တယ်တဲ့၊ မင်းနာမည် သန့်ဇင် ဆိုတာ လည်းပြောတယ်၊ နောက်ပြီး ဘာတဲ့....မင်း သိချင်တဲ့ သူပုန်ထနည်းလည်း ပြောပြမယ် တဲ့၊ ဒါထက်ငါ့လူ...မင်း တကယ်သူပုန်ထ မလို့လား''
''တော်စမ်းပါဗျာ ...တောက်တီးတောက်တဲ့တွေ၊ အဲဒီလူ ဘယ်မလဲ၊ လာ....သွား ကြရအောင်''

ကျွန်တော်က ရှေ့မှထွက်ခဲ့သည်။ ဦးလေးပုသည် ငှက်ပျောပင်မှန်သမျှ တံတွေးနှင့် ထွေးလိုက်၊ ပြောလိုက် နှင့် ရွာအစွန်သချိုင်္င်းအနီး ဘုရားပျက်ကြီးဆီ ရောက်လာသည်။ ဂူပျက်အ၀၌ ဦးလေးပုက အသံပေးလိုက် သော အခါ ခေါင်းတစ်လုံး ပြူထွက်လာသည်။ ရုတ်တရက်သော် ကျွန်တော့်မှာ ကြောင်သွားသည်။ အကြောင်း မှာ ဦးလေးပုပြောသကဲ့  သို့သူ့မျက်နှာမှာ သဖန်းသီးကဲ့သို့ အဖုအထစ် တို့ ထွက်နေသည်။ ထိုသူ့ မျက်နှာ ကို အတန်ကြာ စိုက်ကြည့်သည်။ ခဏ ၌ ကျွန်တော်သည် ထိတ်လန့်တကြား အော်မိသည်။

''ကိုမြင့်ဦး...၊ ခင်ဗျား...ကိုမြင့်ဦးမဟုတ်လား...... ''
မှန်သည် ။ကိုမြင့်ဦးမှ...ကိုမြင့်ဦးအစစ်ဖြစ်သည်။
ကျွန်တော် နှင့် ဦးလေးပုသည် ဂူတွင်းဝင်၍ ကိုမြင့်ဦးနားထိုင်သည်။
ဂူတွင်း ရောက်လျှင် ရောက်ခြင်း ကျွန်တော်ပထမဆုံး သတိထားမိသည်မှာ ကြိုင်ချင်တိုင်း ကြိုင်၍ လှိုင်ချင်တိုင်း လှိုင်နေသော ဥသျှစ်သီးနံ့ များတည်း။ ကိုမြင့်ဦးဘေး၌ စားလက်စ ဥသျှစ်သီးတစ်လုံးရှိသည်။ အခြား ဥသျှစ်သီး နှစ်လုံး ကလည်း အဆင်သင့် စောင့်နေသည်။

''ကိုမြင့်ဦး ...ခင်ဗျား  ဘာဖြစ်လာတာလဲ.... ''
ကိုမြင့်ဦး သည် မေးရိုးများတင်းအောင် အံကြိတ်လျက် ခေတ္တငြိမ်နေပြီးနောက် ပြန်ဖြေသည်။
''ငါ....ဂျပန်ကင်ပေတိုင် အချုပ် က ထွက်ပြေးလာတာ..... ''
''ဗျာ....ဂျပန်ကင်ပေတိုင် အချုပ် က.... ''

ကိုမြင့်ဦးသည် သူဖြစ်ခဲ့သမျှ ကျွန်တော့်အား ပြောပြသည်မျာ ပေါင်းတလည်မြို့ပေါ်တွင်  ဂျပန် မော်တော်ကား တပ်ကြီး ရှိသည်။ ထိုမော်တော်ကားတပ်မှ ဗိုလ်တစ်ဦးဖြစ်သူ အီမူရာသည် မသန်းရှင်ကို မျက်စေ့ ကျ၍ အပိုင်သိမ်းရန် အမျိုးမျိုးရန်ရှာသည်။ တစ်နေ့တွင် အီမူရာသည် ခပ်တည်တည်ပင် မသန်းရှင် အား လက်ထပ်ရန် လာတောင်းသည်။ ကိုမြင့်ဦး တို့ကငြင်းပယ်လိုက်သည်။ နောက်တစ်နေ့နံနက်၌ ပေါင်းတလည်မြို့ မှ အတန်ဝေးသော ဘုရားကြီးကျောက်တိုက်၌ စခန်းချထားသည့် ပင်ပေတိုင်အဖွဲ့က ကိုမြင့်ဦး အား ဖမ်းသည်။ ကိုမြင့်ဦးအိမ်၌ မသင်္ကာဖွယ် စာအုပ်များတွေ့သည်ဆို၍ တစ်နေ့နှင့်တစ်ည ညှင်းဆဲ နှိပ်စက် ကြသည်။ ကိုမြင့်ဦးမျက်နှာမှ အဖုအထစ်တို့မှာ ဂျပန်လက်ရာများတည်း။

ဂျပန်ငရဲ၌ မရှုမလှခံရပြီးသော နံနက်ဝယ် အီမူရာသည် မျက်နှာချိုသွေး၍ ကယ်တင်ရှင် ဟန်ဖြင့် ကိုမြင့်ဦး ကို ကယ်ပေတိုင်အချုပ်မှ လာထုတ်သည်။ ကိုမြင့်ဦးကလည်း ပရိယာယ် ဆင်၍ ထွက်ပြေးလာခဲ့သည်။
''အဲဒါ ငါ...ရွာထဲ မ၀င်ရဲတော့ဘူးကွာ၊ မတော်တဆ ငါ့ကိုမြင်သွားရင် မင်းတို့ရွာ အမွှေခံ ရမှာစိုးလို့.... ''
ကိုမြင့်ဦး ၏ စကား တို့ကို စိတ်မချမ်းမြေ့ခြင်းကြီးစွာဖြင့် နားထောင်နေရာမှ ကျွန်တော်သည် စိုးရိမ်တကြီး မေးမိ၏။

''ဒါထက်...... မမရှင်တို့ကော..... ''
ကိုမြင့်ဦး သည် တွေတွေငိုင်ငိုင်ကြီး ဖြစ်သွားသည်။

''အဲဒါ ...ငါမသိဘူး၊ ဘဘကြီးဦးဘိုးခနဲ့ ကိုညီလေးတို့တော့ စောင့်ရှောက်ပေးလိမ့်မယ် ထင်တာပဲ''
ကိုမြင်ဦး ရော ကျွန်တော်ပါ ငိုင်နေကြသည်။ ဦးလေးပု ကမူ ဥသျှစ်သီးတစ်လုံးကိုခွာ၍ ဆိတ်စား သကဲ့သို့ တမြုံ့မြုံ့ စားရင်း မျက်တောင်ပု၏ ခတ်ပုတ်ခတ်နှင့် ကျွန်တော်တို့အား ကြည့်နေသည်။
''ဒါဖြင့်... ခင်ဗျားဘာလုပ်မလဲ''

''ငါ ရန်ကုန်ပြေးချင်တယ်...ပိုက်ဆံလည်းမရှိဘူး၊ ထမင်းလည်းမစားရသေးဘူး၊ ဟောဒီလူကြီးက ဥသျှစ်သီး ကျွေးထားလို့''
ဦးလေးပု သည် ပြုံး၍ ခေါင်းညိတ်ပြပြီး ကျန်နေသော ဥသျှစ်သီးတစ်လုံးကိုယူ၍ ''ရော့အင့် စားဦးး၊ အားမနဲ့၊ ဥသျှစ်သီး တော့ လိုချင်သလောက် ငါပေးနိုင်မယ်၊ ငါ့ကျောင်းမှာ တစ်အိတ်ကြီးကျန်သေးတယ်၊ ရော့ စားလေ'' ဟုတိုက်တွန်းရင်း ကိုမြင့်ဦးအားပေးသည်။

''ဦးလေးပုကလည်း အရးထဲ ဥသျှစ်သီးနှောက်နေပြန်ပြီ၊ နေစမ်းဗျာ''
ဦးလေးပု သည် မကျေမချမ်းဖြင့် တံထွေးကို 'ကျစ်'ခနဲ ထွေးလိုက်သည်။ နောက်ဥသျှစ်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ရင်း ပြောတော့၏။
''ငါက ဗြိတိသျှ အင်ပါယာကြီးအကြောင်းပြောတော့ လူတွေက ရယ်ကြတယ်၊ ဗြိတိသျှ က လက်သည်း ခြေသည်း ဘယ်တော့မှမခွာဘူး ဒီခွေးမသား ဂျပန်တွေ တစ်နေ့ ခွေးပြေးပြေးရမယ်၊ ဂျော့ဘုရင်မင်းမြတ်က မိန့်တော် မူတယ်၊ ကျေးတော်မျိုး ကျွန်တော်မျိုး ကို အမြန်ဆုံး ကယ်တင်တော့တဲ့... မင်းတို့မယုံဘူးလား''

''ခင်ဗျား ဂျော့ဘုရင်စကား ကို ဘယ်လိုလုပ်ကြားလဲ''
ဦးလေးပု သည် လေသံကိုတိုး၍ အရေးတကြီး ပြောသည်။
 ''င့ါကို(လေနတ်သား) ကပြောတယ်''
''ဗျာ...လေနတ်သား''

ဦးလေးပုသည် ကျေနပ်စွာရယ်၏။ ထို့နောက် သူ့ရင်ပတ်ကို ဂုဏ်ဝင့်စွာပုတ်ပြရင်း ဆိုသည်။
''မင်း လေနတ်သားမြင်ဖူးလား၊ င့ါအိမ်မှာ ရှိတယ်''
ကျွန်တော် သည် အရူးကြီးကိုပု ဖောက်လာပြီထင်သည်။

သို့ရာတွင် သူက အကျီင်္အိတ်ကို နှိုက်သောအခါတွင် စိတ်ဝင်စားစွာ ကြည့်မိသည်။ ဦးလေးပုသည် ဆွဲထုတ် လိုက်သည် မှာ ညိုဝါသော စက္ကူစုတ်တစ်စုတ်သာ ဖြစ်နေသည်။ ကျွန်တော်နှင့် ကိုမြင့်ဦးက သူ့စာရွက်ကို ကြည့်လိုက်သော အခါ ပြိုင်တူ မျက်လုံးပြူးသွား ကြသည်။
စာရွက်ပေါ်၌ လေးနတ်သားဟု ရိုက်ထားသည်။ မာတလိ လိုလို သကြုံလိုလို နတ်တစ်ပါးပုံ လည်းပါ၏။ စာများ ကို ဖတ်ကြည့်သောအခါ ဦးလေးပုပြောသည်မှာ မှန်သည်။ ဂျော့ဘုရင်သည် မြန်မာပြည်အား ပြန်လည် ကယ်တင်မည် ဟု ကတိ ပေးထားသည်။

''ဦးလေးပု ခင်ဗျားဒီစာရွက် ဘယ်ကရသလဲ''
''လေယာဉ်ပျံသံကြားရင် မင်းတို့က ထွက်ပြေးတယ်၊ ငါကထွက်ကြည့်တယ်၊ ဟိုတစ်နေ့က ထန်းတောထဲ လေယာဉ်ပျံ နိမ့်နိမ့်လေးပျံလာတုန်းက အဲဒီအထုပ်တွေ ချသွားတယ်မောင်၊ ငါခုကောက်ထားတာ တစ်ပိဿ လောက် ရှိတယ်၊ လူတွေကိုလျှောက်ပြောရင် ဂျပန်က ခြေသည်းလက်သည်း ခွာမှာကြောက်လို့ ငါက ငြိမ်နေတာ၊ ငါ့ကျောင်းမှာ ရှိတယ် မင်းကြည့် မလား''
ကျွန်တော် တို့က ဘာပြန်ပြောရမှန်းမသိ။ ဦးလေးပု ကသာ ဆက်မှုတ်နေသည်။

''ဗြိတိသျှအင်ပါယာကြီး ဆိုတာ ဘယ်တော့မှ နေမ၀င်ဘူး၊ မင်းကိုငါတစ်ခါက ပြောဖူးတယ် မဟုတ်လား၊ ဂျပန်အလံ က နေဆိုတာ ထွက်နေချွတ်ကရားလေးပါ။ ဗြိတသျှအင်ပါယာကြီး ကမှ တကယ့်နေကြီးကွ''
ထို့နောက် ဦးလေးပု သည် လေသံ ကို အထူးနှိမ့် ၍ ပြောသည်။
''ဗြိတိသျှ တွေ ပြန်လာလိမ့်မယ်၊ ပြန်လာရင် ဒီဂျပန်ကောင်တွေကို မုဒိမ်းမှုနဲ့ရော၊ လူသတ်မှု နဲ့ရော၊ ဓားပြ မှုနဲ့ရော၊ အရေးပိုင် ကို ငါကိုယ်တိုင် လျှောက်မယ်။ မင်းပုဒ်မ (၃၀၂) (၃၀၃) (၃၀၄) (၃၀၅)(၃၀၆) အဲဒါတွေ ကြားဖူးလား''
''အဲဒီပုဒ်မ တွေက ဘာလဲ''

''အဲ...ဒါကြောင့်ပြောတာပေါ့၊ မင်းတို့က ငါ့အရူးထင်နေတယ် ပုဒ်မဆိုတာ ဥပဒေကွ၊ ဥပဒေဆိုတာ ထောင်ချ လို့ရတယ်၊ ကြိုးစင်တင်လို့ရတယ်.... ''
ဦးလေးပု သည် ဆက်လက် မိန့်မြွက်တော်မမူတော့ဘဲ သူ့ဥသျှစ်သီးကိုသာ ဂျပန်အမှတ်ဖြင့် တဂွပ်ဂွပ်ထု၍ ၀ါးစား နေတော့သည်။
ဦးလေးပု ကို ပမာမပြုတော့ဘဲ ကိုမြင့်ဦးနှင့် ကျွန်တော်တို့ ဆက်တိုင်ပင်သည်။

''ဒါဖြင့် ကျွန်တော်ဘာလုပ်ပေးရမလဲ''
ကိုမြင့်ဦး သည် ခေတ္တစဉ်းစား၍ ဆိုသည်။
''မင်းဆရာ ကို ပြောကွာ၊ နေ၀င်ရင် ဒီမှာလာတွေ့ပါလို့၊ သူနဲ့ငါတိုင်ပင်ပြီး လုပ်မယ်၊ ရွာထဲတော့ ငါမ၀င် ချင်ဘူး''
ကျွန်တော်သည် ခေါင်းညိတ်၍ ပြန်ရန်ပြင်သည်။ ကိုမြင့်ဦးက သတိရဟန် မှာသည်။

''ငယ်လေး... ဆရာလာရင် ထမင်းနဲ့ဟင်းပါ ယူခဲ့လို့ ပြောလိုက်ကြားလား၊ အခက်အခဲရှိရင် တော့ မယူခဲ့ကြနဲ့၊ လူမြင် လို့ မသင်္ကာရင် ငါးပါး မှောက်ကုန်ကြမယ်''
ကျွန်တော် နှင့် ဦးလေးပုသည် ဘုရားဂူပျက်တွင်းမှ ထွက်ခဲ့သည်။ ခွဲရခါနီး၌ ဦးလေးပုသည် လေးလေး နက်နက် မှာသည်။
''ငယ်လေး.... မင်း ထမင်းချိုင့် အရမ်းမယူနဲ့ လူမြင်လို့မသင်္ကာရင် သူပြောသလို ငါးပါးမှောက်ကုန်ကြဦးမယ်၊ သူ မဆာအောင် ငါဥသျှစ်သီး တစ်အိတ် ပို့ပေးထားမယ်၊ စိတ်ချကွယ် သိလား၊ အေး... ဒါထက် ငါ့အိတ်ထဲမှာ လေနတ်သား ရှိ တဲ့ အကြောင်း သောက်ရမ်း လျှောက်ပြောမနေနဲ့''

ဆက်ရန်
.

2 comments:

မေဓာဝီ said...

ဒီမှာလဲ ကောင်းခန်းရောက်နေပါပကော ... ။
ခုမှ အားလို့ လာဖတ်ရတယ် ... အမရွှေစင်ရေ။
တနေ့လုံး ရုပ်ရှင်ထိုင်ကြည့်နေတာနဲ့ကို မအားရပါဘူး .. ဟီးးး :D

susu said...

အင်း...ဦး‌လေးပြုကီးကြည့်ရတာတကယ့်အရူး‌တော့
မဟုတ်‌လောက်ဘူးထင်တယ်..‌ကောင်းခန်း‌တော့‌ရောက်လာပြီ...။