'ဒါ ဖားက မတရားတာနော်'
'သဘာဝကိုးကွယ့်၊ အဲလိုပဲ ဖားက တါင်းရပြီဆိုရင် အပေါ်က အပေါက်ဝကို ရွှံ့ကို နဖူးနဲ့ တွန်းပိတ်ပြီး တစ်ဆောင်းနဲ့ တစ်နွေ မြေကြီးစားပြီး အထဲမှာနေတာပဲ အဲ မိုးဦးကျ မိုးရွာလို့ သူ့နဖူးနဲ့ တွန်းပိတ်ထားတဲ့ မြေကြီး ရွှံ့ပြန်ဖြစ်တော့မှ သူ့နဖူးနဲ့တွန်းပြီး ပြန်ဖွင့်တာ။ အဲ…မိုးသည်းသည်းရွာတဲ့ ညကျတော့ သူတို့ တွင်းကိုယ်စီထဲက ထွက်လာကြပြီး အနီးအနားက အိုင်ကလေးတွေထဲမှာ မင်္ဂလာဆောင်ကြတာပဲ၊ အုံး…အုံး၊ အောက်….အောက်ဆိုတဲ့ အတိးအမှုတွေနဲ့။
အဲဒီအတီးအမှုတ်သံကြားတော့ သူတို့ မင်္ဂလာပွဲကို ဘယ်သူတွေ လာသလဲ…သိလား၊ ကိုကြီးတို့လို တောသားတွေပေါ့ကွာ၊ မီးရှူးမီးတုတ်တွေနဲ့၊ လက်ဖွဲ့ဖို့ ပစ္စည်းကတော့ လက်ကောက်ဝတ်လောက်ရှိတဲ့ ၀ါးရင်းတုတ်ပဲ၊ အဲ… မင်္ဂလာတစ်ပွတြွေ့ရင် သတို့သားနဲ့ သတို့သမီး၊ နှစ်ဦးစလုံးပဲ ကောကုန်းဝါရင်းတုတ် တစ်ချက်စီ လက်ဖွဲ့ပြီး အိပ်ထဲ ကောက်ထည့်၊ အိတ်လဲဖောင်းရော အိမ်ပြန်ခဲ့ရော၊ အိမ်ရောက်တော့ သူတို့ကို ပေါင်ကိုလိမ် တင်ပျဉ်ခွေထိုင်ခိုင်းပြီး တညှပ်မှာတပ်၊ သူတို့မင်္ဂလာောဆင် ၄င်း အအေးမိ နေတာကို မီးနဲ့ ကင် နောက်တစ်နေ့ကျတော့ သူတို့အသားရေစစ်လို့ ခြောက်ခြောက် ကပ်ကပ်ြဖစ် သွားရော၊ အဲဒီတော့မှ ကိုကြီးတို့က ချက်စားရော၊ ဆီများလေ ကောင်းလေပဲ အရီရေ့… ချခါနီး ဇီယာရွက် ကလေး အုပ်လိုက်မှဖြင့် အို…မွှေးလိုက်တဲ့ဖြစ်ခြင်း၊ ကြက်သား ၀က်သားတွေနဲ့ ဘယ်လဲလိမ့်မတုံး'
'ဘာလဲ…ကြက်သား ၀က်သားက မလဲတာ မှုတ်လား'
'အောင်မာ… ဘယ်ဟုတ်မလဲ အရီ၊ ပြောမယုံ ကြုံဖူးမှ သိရယ်၊ မိုးဦးကျပေါ်ဦးစ ချဉ်ပေါင်ဟင်းရယ်၊ ပီးနှံသီး စပ်စပ် ငါးပိထောင်းလေးရယ်၊ အရီစားဖူးရင်ဖြင့် ဆွေးမကကိုယ့်နာမည်တောင် ကိုယ်မေ့သွားလို့ လူမျူား ကတော့ ခေါ်ကြတော့ မထူးမိတာနဲ့ 'ဟင်ဒီသူငယ်မ တယ်နားလေးပါလား အပြောခံရမယ်နော်"
'ကိုကြီး အပြောကလေးကဖြင့် သိပ်ပါတာ ဒါကြောင့် ရီ့ကိုကြီးကို ရီချစ်တာကွ'
ဟဲ…ဟဲ
ဘိုင်စကယ်ကြီးနဲ့ ဗိုလ်ကေစီးပြီး၊ အဲ…ဟုတ်ပါဘူး၊ ဗိုလ်ကေကြီးနဲ့ ဘိုင်စကယ်စီးပြီး ရွာထဲဝင်တော့ ကိုယ့်ကိုယ်ကို အင်္ဂလိပ်ကျောင်းသားများလား၊ ဟဲ…ဟဲ 'အင်္ဂလိပ်ကျောင်းသားရယ်၊ နေရှင်နယ်ကျောင်းသားရယ်၊ အေ-ဘီ-စီ-ဒီမတတ်ဘဲနဲ့ အရပ်ထဲကိုလည် မောင်ရယ် ကြော်ကတယ် လျှောက်လည်'လို့များ ကျွန်တော့်မိန်းမ မငွေမြိုင်ကြီး ဆီးဆိုလိုက်လေမလား ဟီး…ဟီး။
ဒါပေမယ့် အင်္ဂလိပ်ကျောင်းသားနဲ့ တူရအောင် ကျွန်တော့်မှာလေ စာအုပ်တွေ ဘာတွေပါတာမဟုတ်ဘူး။ ဘိုင်စကယ်နောက်ခုံမှာ အ၀တ်ကလေးတွေ စုထုတ်ထားတဲ့ ပုဆိုးထုတ်တော့ ပါရဲ့။ နို့ပြီး ဘိုင်စကယ်လည်း ရှေု့က တန်းမပါဘဲ မိန်းကလေးစီးဖြစ်နေလို့ မြိုကထဲမှာတုန်းက လူပုံပတ္တလားနဲ့ ဒီဘိုင်စကယ်ကြည့်ပြီး တချို့က ရယ်လိုက်ကြသေးတယ်။ စီးတတ်ခါစဆိုတော့ ခါးကလည်း ခပ်စောင်းစောင်းဗျ။ ရယ်ကြလေ… ရယ်ကြ။ ကျုပ်က ရှက်ပါဘူး။ သူတို့ တဒင်္ဂပတာန် ရွှင်မြူးအောင် လုပ်ပေးရလို့ ကုသိုလ်ရတယ်တောင် အောက်မေ့ ပါသေးတယ်။
ကလင်လင်…ကလင်လင်…
ရွာထဲအရောက်မှာ နှိပ်လိုက်ရတဲ့ ဂလိုင်ကလည်း ကိုယ့်အဖြစ် ထူးခြားလာတာကို ကိုယ့်ရွာသားတွေ ၀ိုင်းပြီး မြင်စေချင်တာကိုး။
ကလင်လင်…ကလင်လင်…
'ဟား….တက်ကလေး'
'ဟေး…ကိုတက်ပုကြီး'
'ဟ…ဖိုးတက်ပု၊ ဘယ်လိုလုပ်လာလိုက်ပါလားဟ… ဘိုကေနဲ့ ဘိုင်စကယ်နဲ့'
'ကုသိုလ်ကံထူးတဲ့လူပဲကွာ၊ မောက်နိုင်ပေမပေါ့၊ တော်ကြာ မော်တော်ကားတောင် ၀ယ်စီးဦးမှာ'
ကလင်လင်…ကလင်လင်…
ဝုတ်ဝုတ်…၀ုတ်…၀ုတ်…
ကလင်လင်…ကလင်လင်… 'ဟ…ခွေး၊ လူနင့်အမေ ထင်မှတ်လို့လားဟ၊ အယ်…ဟုတ်ပါဘူး'
'တက်ပု ၀မ်းသာလုံးဆို့လာတာနဲ့ စကားတွေ ဘာတွေတောင် မှားပြီဟေ့၊ သွား…မင့်မိန်းမဆီ အမြန်သွား လိုက်ပါကွာ'
'ဗျို့….ဦးကြီးဖြိုးနဲ့ ဘကြီးဖက်ထုပ်'
'ဟေး…ငါတို့ဆီ နောက်မှ လာပါကွာ၊ မင့်မိန်းမနဲ့ မင့်ယောက္ခမဆီ အရင်သွားလိုက်ပါ မျှော်လှပြီ'
ကျွန်တော်တို့လင်မယား ပြန်ပေါင်းထုပ်ကြသည်ကို တစ်ရွာလုံးကပဲ ၀မ်းသာဟန်တူသည်။ ဘယ့်နှယ်တုန်း… ကွာ်မယ်လုပ်ကြတုန်းကဖြင့် ဘယ်သူကမှ ၀င်ပြီး မဖျန်ဖြေကြဘဲနဲ့၊ လူများ နည်းနည်းတော့ ဆန်းသည်။ အခုဖြင့် မြင်တဲ့လူတိုင်းကပဲ ကျွန်တော့်ကို ၀မ်းသာအားရ ဆီးပြီး နှုတ်ဆက်ကြသည်။ အချို့အိမ်ထဲကများ ပြေးထွက်လာကြသည်။ ဘိုင်စကယ်နဲ့ ဗိုလ်ကေကြောင့်ပဲလား၊ ဒါမှမဟုတ် ကျွန်တော့်ဇာတာ ခေါင်မိုးရောက်နေတာပဲလား။
ကလင်လင်…ကလင်လင်…
ရွာတစ်ရိုးတွင် ကလိုင်သံ တညံညံနှင့် ကျွန်တော့်မိန်းမရှိရာ ကျွန်တော့်ယောက္ခမအိမ်သို့ တိုက်ရိုက် သွားသည်။ ကျွန်တော့်ယောက်ဖ ကြွယ်လေးသည် ကျွန်တော်လာတာ မြင်လျှင် ပင် အိမ်ထဲပြန်ဝင် ပြေးကာ…
'အစ်မလေး…အစ်မလေး၊ ကိုလေးတက်ပု ပြန်လာပြီ၊
ဤတွင် ကျွန်တော့် မယားက သနပ်ခါးဘဲကြား အဖွေးသားနှင့် ရင်သွေးအငယ် ပစ်မမုန်းကိုချီ၍ ထွက်လာသည်။ နောက်က ယောက္ခမနှင့် ဟစ်တစ်လုံးလာသည်။ အားလုံးပင် ရွှင်ရွှင်ပြုံးပြုံးရှိသြည်။ ဟစ်တစ်လုံး တစ်ယောက်သာ ယခုတိုင် စိတ်ပြေဟန်မတူသေးချေ။ အထူးသဖြင့်ကား ကျွန်တော့် ယောက္ခမကြီး ဟာ ကျွန်တော် တစ်ခါမှမမြင်ဖူးသေးသော မျက်နှာကြီးဖြစ်နေသည်။ ကျွန်တော့်ကိုယ်ကို ဖက်ယက် ခမန်း ချိုလှသည်။
ကျွန်တော် ဘိုင်စကယ်ကို ထောင်လိုက်ပြီး ပစ်မမုန်းလေးကို လှမ်းယူလိုက်သည်၌ ကျွန်တော့် မိန်းမက ပြုံးပြုံးကြီး ကို ပေးပြီး ဘိုင်စကယ်နောက်ခုံက အ၀တ်ထုပ်ကိုကြည့်လျက်…
'ကိုယ့်အ၀တ်တွေ အကုန်လုံးပါခဲ့ရဲ့လား'
ကျွန်တော် ကလေးကို ဘယ်ပြန်ညာပြန်နမ်းပြီး…
'ပါ ပါတယ်'
ဤတွင် ယောက္ခမကြီးက သူ့သားအား…
'ဟဲ့…ငကြွယ် နင့်အစ်ကို အ၀တ်ထုပ်ကို ဘိုင်စကယ်က ကြိုးဖြေပြီး အိမ်ပေါ်ယူသွားလေ'
အင်း…ယောက္ခမတော့ ထူးခြားလှသည် ပစ္စည်းလေး အနည်းအကျဉ်းရှိတဲ့ ကျွန်တော့် အဖေ အသည်းအသန်မမာနေတယ်များ သူတို့ ကြားရော့သလား။
နောက်အားလုံး အိမ်ထဲရောက်ကြသည်၌ ကျွန်တော့်မိန်းမက ကျွန်တော့်ကိုယ်နား ပွတ်သီး ပွတ်သပ် ကပ်ပြီး…
'ဘယ်မလဲ ဟိုသင်းကော'
'အဲ…အဲ…'ဟိုသင်း'ပြန်ပဟေ့' မြို့ကို သူ့မောင်လာတုန်းကလည်း 'ဟိုသင်း သတိထားနော်'လို့ မှာလိုက်သတဲ့။ ခက်တော့တာပဲ၊ ကျွနတော် ဘာမှန်းလည်း မသိဘူး။
'နေပါဦးကွ၊ ဘာ'ဟိုသင်း'လဲ'
ဤတွင် ကျွန်တော့်မိန်းမက မျက်စောင်းကလေး ထိုးကာ…
'ဟင်းနော်… အူကြောင်ကြောင်တော့ မလုပ်နဲ့ဆရာ'
'ဟ…ဘာများတုံး'
'အမယ်…ဟန်ကောင်းလိုက်တာ၊ လူများမသိတော့ဘူး အောက်မေ့နေလား၊ ဟင်း…ဒါပဲ'
'အိုး…ခက်ရချည် ဘာများတုံးဆိုတာလဲ ပွင့်ပွင့်လင်းလင်း ပြောပါဦး'
ကျွန်တော့် ကျောကို ထုကာ
'ကျွန်တော့်ကျောကို ထုကာ
'ကဲ…စိတ်ကို မရှည်နိုင်တော့ဘူး၊ ထီလက်မှတ်ရှင့်၊ ထီလက်မှတ်'
ဤမှ ကျွန်တော် ဟိုထီတစ်စောင်ထိုးခဲ့သည်ကို သတိရကာ…
'အေး..အဲဒါရှိသားပဲ၊ ဒါဘာဖြစ်သလဲ'
'ကြည့်လေနော်၊ သူခုထက်ထိပဲ၊ ဒီက မသိတော့ဘူး အောက်မေ့နေသလား၊ ဟောဒီမှာရှင့် လက်ဆုပ် လက်ကိုင်နဲ့…'
ပြောပြောဆိုဆိုနှင့် သူ့အိတ်ထဲမှ ထီပေါက်စဉ်ကို ထုတ်ပြီး ဖြန့်ပြပါသည်။
ကျွန်တော့်မှာ ရုတ်တရက်မြင်ရသော အရာကိုပင် မယုံနိုင်ဘဲ မျက်စိတွေ ထုံမှုန်ထိုင်းမှိုင်း၍ပင် သွားပါသည်။ ရင်ထဲ တဒိတ်ဒိတ်ဖြစ်ကာ မျက်စိကို တတ်နိုင်သလောက် မမှိတ်ဘဲ ကြည့်နေမိပါသည်။
နှစ်သောင်းဆု(ခ) ၇၅၇၅၇၅ မောင်တက်ပု၊ လှည်းဝင်ရိုးပင်ရွာ စုစပ်မြို့။
ကျွန်တော်နောက်ဆုံး၌ တစ်ခွန်းတည်းအော်လိုက်မိလေသည်။
'ဟား'
'ဟင်…ရှင်ပေါက်မှန်း တကယ်မသိခဲ့သေးဘူး'
'အို…ဘုရားစူးရစေရဲ့၊ ထီဖွင့်ပြီဆိုတာတော့ ကြားပါတယ်၊ ဒီလက်မှတ်တိုက်ဖို့ သတိတောင်မရသေးဘူး'
'ရွာကတော့ ဦးဖက်ထုပ် ထီပေါက်စဉ်တွေ ယူလာကတည်းက အားလုံး သိနေကြပြီရှင့်'
'အင်း..ဒါကြောင် တစ်ရွာလုံးက ငါ့ကို ဂရုစိုက်ကြတာကိုး'
'နို့…ထီလက်မှတ်ကော'
'ရှိပါတယ်၊ ဟိုပုဆိုးထုပ်ထဲမှာလက်ကိုင်ပ၀ါနဲ့ ချည်ထားတယ်'
ကျွန်တော့်မိန်းမသည် ကသောကမျောပင် အထုပ်ကိုဖြေကာ ထီလက်မှတ်ကို ယူ၍ ဖြန့်ကြည့်လေသည်။ သူ့လက် တဆတ်ဆတ်တုန်နေသည်။ ကျွန်တော့်မှာလည်း ရင်တဒုန်းဒုန်းနှင့်ဖြစ်နေသည်။ ပေါက်စဉ်နှင့် တစ်လုံးမလွဲ ကိုက်သည်။
အင်း…လူ့ကုသိုလ်ကံများ ဆန်းပါဘိခြင်း၊ ငတက်ပုတို့တော့ သူဌေးကလေးဖြစ်သွားချေပြီ တကား ဘုရား, တရား, ရတနာသုံးပါး ဂုဏ်ကျေးဇူးပါပေပဲ။ ဆရာမိဘဂုဏ်ကျေးဇူးလည်းပါ ပေမည်။ အနန္တော အနန္တ ငါးပါး ရှိခိုးပါသည်။ အင်း..ငွေလေး ကြေးလေး ရှိတယ်ဆိုရင်ပဲ ဘုရားသံ တရားသံတွေ ရွတ်မိပေပြီ။
'ဟော…ဟော..ဟိုမှာ ဧည့်သည်တွေလာကြတယ်ဟေ့ မနော်ခေါ်ပါ။
ဦးကြီးဖြိုး ခေါင်းဆောင်လာသည်။ ဦးဖက်ထုပ်လည်းပါသည်။ ဦးဂန်ဂျားလည်းပါသည်။ ဗိုလ်ခိုလည်း ပါသည်။ အင်ဖူးလည်း ပါသည်။ မှိုနီရိုးလည်း ပါသည်။ မိန်းမပိုင်းက အရီးချစ်စုနှင့် မဖွားသက်ကလည်း ပါလာသည်။
'လာကြဗျို့…လာကြ'
'အေးကွာ…သူဌေးအိမ်ဆိုတော့ တို့ခေါ်မှပဲ ၀င်ဝံ့တော့မှာ'
'ဒီလိုမပြောကြပါနဲ့ဗျာ'
'အေးကွာ… သူဌေးအိမ်ဆိုတော့ တို့ခေါ်မှာပဲ ၀င်ဝံ့တော့မှာ'
'ဒီလို မပြောကြပါနဲ့ဗျာ'
'တို့ဘာလို့လာတာလဲ သိလား၊ မင်းတို့ ပြန်ပေါင်းထုပ် မင်္ဂလာမှာ ခဲဖိုးတောင်းရအောင် လာတာကွ'
'ဟာ…အခု ငွေမထုတ်ရသေးတာပဲဗျ၊ နောက်တော့ သဘောရှိ ကလေဟိကြပါ'
'နောက်တော့လဲ နောက်ယောက်ရောပေါ့ကွာ၊ ခုလဲ ခုပေါ့၊ အေး…မရရင်တော့ မင်းတို့အိမ် တစ်ညလုံး တဒုန်းဒုန်းကျပြီမှတ်တော့ ဘယ့်နှယ်လဲ ကိုယ့်လူတို့'
'အို…ဆော်မယ်'
'တွယ်မယ်'
'နှိပ်မယ်'
'နှံမယ်'
အင်ဖုံး၊ မှိုနီရိုး၊ ဗိုလ်ခို၊ ကိုဆက်ကလေးတို့က တစ်ယောက် တစ်ပေါက်ပြောကြသည်၌ ကျွန်တော် ခေါင်းကုတ်ကာ…
'ခုမှ လက်ထဲ ငွေမရှိသေးတာ ဘယ်နှယ့်လုပ်မလဲဗျာ'
ဦးဖက်ထုပ်က
'မင့်ယောက္ခမဆီ ချေးပေါ့ကွာ၊ ဘယ့်နှယ် မအေကြီးက ကိုယ့်သမက် နှစ်သောင်းခင်း သေချာနေပြီဟာ၊ အနည်း အကျဉ်း မချေးနိုင်ဘူးလား'
ကျွန်တော့်ယောက္ခမကို လှမ်း၍ ပြောလိုက်သည်၌ ဆေးပေါ့လိပ်ကြီးကို ပြုံးပြုံးကြီး ဖွာနေရာမှ…
'လိုရင်လဲ ချေးရတာပေါ့တော်'
'အား…ဟုတ်ပဟေ့'
ကျွန်တော့် ယောက္ခမှာ ရွာတွင် ငွေကြေးချောင်လည်သူ ဖြစ်ပါသည်။
'ဘယ်လောက်လိုချင်သလဲ'
'တို့လူစုကြည့်လေ ငါဆယ်တော့လုပ်ဟာ'
'မများဘူးလားတော်…အစိတ်ဆို တော်ရောပေါ့'
'နင်အဖို့များပေမယ့် သူဌေးအဖို့တော့ မများပါဘူးဟ၊ နင့်ဟာ နှစ်ဆ သုံးဆတိုးနဲ့ ပြန်ရမှာပဲဟာ၊ ဆစ်ဆက် မနေစမ်းပါနဲ့'
ဤတွင် ကျွန်တော့် ယောက္ခမက ကျွန်တော်တို့ လင်မယား မျက်နှာကြည့်ရာ သမီးက….
'ပေးလိုက်ပါ အမေရယ်'
'အဲ…သူဌေးကတော်ဆို အဲလိုမှပေါ့ကွ'
မကြာမီ၌ သူတို့လက်ထဲတွင် ငွေငါးဆယ် ရောက်သွားလေသည်။ ဤတွင် အရီးချစ်စုနှင့် မဖွားသက်ကလေးက
'ဟေးဟေး…တို့တော့ ယောကျာ်းတွေ သောက်တာစားတာထဲ မပါဘူး၊ တို့အတွက် ခွဲပေး၇မယ်'
ယင်း၌ ငွေကိုင်သူ ဦးကြီးဖြိုးက…
'ဟုတ်တယ်၊ ရော့…ချစ်စု ငါးကျပ်၊ ဖွားသက်ကလေးသုံးကျပ်'
ဆက်ရန်
.

1 comment:
ဟေး ပျော်စရာကြီး ထီပေါက်တယ်ကွ ကိုတက်ပု နောက်ပိုင်းစိတ်ဝင်စားလို့ အမြန်သွားဖတ်လိုက်ဦးမယ်နော်
Post a Comment