Thursday, December 9, 2010

တောင်တန်းများပေါ်၌ အပိုင်း (၄)

ပန်းပွင့်များ၏ အနာဂတ်

၁၉၈၀ ပြည့်လွန်နှစ်များသည် ကျွန်မအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ကာလအပိုင်းအခြား ဖြစ်၏။ ကျွန်မ ၏ ဘ၀အတွက်ရော၊ လုပ်ငန်းအတွက်ပါ အပြောင်းလဲကြီးပြောင်းလဲခဲ့သောကြောင့် ဖြစ်ပါ၏။
ဈေးကွက်ပျက် လာသဖြင့် ဆေးဂန္ဓမာစိုက်ပျိုးရေးလုပ်ငန်းသည် အားထားရသည့်အဆင့်မှ လျှောကျသွားခဲ့ လေသည်။ အခြားအရောင်းတွင်သည့် ပန်းဈေးကွက်ကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့၏။ ဤသို့ဖြင့် မူဂွန်ဂိုသည် ဆေးဂန္ဓမာ ခင်းကြီး ဘ၀မှ အလှစိုက်ပန်းခင်းကြီးဖြစ်သွားတော့၏။

နှင်းပန်းတွေ၊ သစ္စာပန်းတွေ၊ ဇော်မွှားတွေ၊ အိုင်းရစ်တွေ ဖူးပွင့်ကာ ရောင်စုံ ဖြာနေတော့သည်။ ဤတောင် တန်းသည် ပန်းနုရောင်၊ အပြာရောင်နှင့် အ၀ါရောင်များ ပက်ဖျန်းထားသော ပန်းချီကားချပ်ကြီးဖြစ်နေပြီ။
သောကြာနေ့တိုင်း ပန်းတွေကို မြို့တက်ပို့ရ၏။ ကျွန်မနှင့် ဆင်ဘာဂါ သေသေသပ်သပ်ဖြတ်ညှပ်ထုပ်ပိုးထား သောပန်းခြင်းတွေကို ကားတစ်စီးအပြည့်တင်ကာ ဂျိုစင်ယီနှင့် ဂျီမာကိုပို့ရ၏။

ကျွန်မတွင် ပန်းဆိုင်တွေပို့လို့ မနိုင်အောင် ဖြစ်လာသည်။ ၁၉၈၀ ပြည့်လွန်နှစ်များသည် ဘယ်တုန်းကမျှ မရရှိ ခဲ့ဖူးသည့် စိတ်၏ ငြိမ်းချမ်းမှုနှင့် စီးပွားရေးအကျိုးအမြတ်များရရှိခဲ့သည့် ကာလဖြစ်ပါ၏။
ရ၀မ်ဒါ သည် လမ်းပန်းဆက်သွယ်ရေးရော၊ တယ်လီဖုန်းဆက်သွယ်ရေးပါ တစ်ဟုန်ထိုး တိုးတက်သည့် နိုင်ငံ ဖြစ်လာ၏။ ကီဂါလီတွင် နိုင်င့တကာ အဆင့်မီ လေဆိပ်ကြီးတည်ဆောက်ပြီးစီးသွား၏။
ထို နှစ်များတွင်ပင် စိတ်ထိခိုက်စရာတွေလည်း ကျွန်မ ကြုံခဲ့ရ၏။၁၉၈၁ ခုနှစ်တွင် ကက်နက် ဆုံးသွားပြီဟူ သည့် အမင်္ဂလာ သတင်းကို ကျွန်မရခဲ့သည်။

အာဖရိကမှ သူပြန်သွားပြီး အင်္ဂလန်နိုင်ငံ ချင်နယ်ကျွန်းပေါ်တွင် အခြေချနေထိုင်ခဲ့သည်။ အနေဝေးသော် လည်း သူနှင့် ကျွန်မ အလွန်အမင်းအဆက်အသွယ်မပြတ်ကြပါ။ စာမှန်မှန်ရေးဖြစ်ကြပါသည်။
သူငှားနေသည့် မြေပိုင်ရှင်အဒေါ်ကြီးက ကျွန်မဆီ စာရေးလာသည်။ ကျွန်မဓာတ်ပုံကို သူ့အိပ်ရာနံဘေးတွင် အမြဲထောင်ထားသည်တဲ့။ ကျွန်မကို အာဖရိကတိုက်ရောက်အောင် ခေါ်လာခဲ့သူများ ဖြစ်သည့် အလျှောက် ကျွန်မနှလုံးသားထဲတွင် သူအမြဲရှိနေမည်ဖြစ်ပါသည်။

၁၉၈၃ ခုနှစ်တွင် ဒီယန်က " နှင်းမှုန်ထဲမှ လူဝံများ" စာအုပ်ထုတ်ဝေသည်။ တောင်ပေါ်လူဝံများအကြောင်း အသေးစိတ် လေ့လာထားသည့် အဆင့်မြင့် သုတေသနစာအုပ်အဖြစ် အသိအမှတ်ပြုခံရသည်။
စာအုပ်အောင်မြင်သည့်အတွက် ရုပ်ရှင်ရိုက်ဖို့ပါ စီစသ် ဖြစ်သွားသည်။ ထုတ်လုပ်သူ အာနီဂလင်ချာနှင့် မိသားစု၊ ၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကီဂါလီသို့ ရောက်လာကြ၏။
နောက်တစ်နေ့ မနက်တွင် ဒီယန်၏ စခန်းရှိရာ သူတို့ ခရီးဆက်ကြသည်။ သူတို့၏ တကူးတကခရီး အဟောသိကံ ဖြစ်သွားလေပြီ။ စခန်းကို ရောက်တော့ ဒီယန် ၏ အလောင်းကိုသာ သူတို့တွေ့ကြရတော့ သည်။

၂၆ ရက်နေ့ည သူ့ကေဘင်ထဲတွင် ဒီယန်အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ခေါင်းတွင် ဓားဒစ်ရာပေါင်း များစွာဖြင့်။ သူ့လက်နှိပ် စက်ထဲမှ ရိုက်လက်စစာမှာ ကျွန်မဆီရေးသည့် စာဖြစ်ကြောင်း နောက်မှ ကျွန်မ ကြားရသည်။
ဒီယန် ကိုသတ်သည့် လူသတ်သမားများ အပြစ်ပေးခံရသည်ဟု မကြားရပေ။ သူ့လုပ်ငန်းကို မထောက်ခံ သည့် သူ့ကို မလိုလားသူတွေ အများအပြားရှိောကာင်းလည်း ကြားရ၏။ သည်အတွက် သူတို့က သူ့ကို သတ်သည် ဆိုလျှင်တော့ ထိုလူသတ်သမားတွေ အမှားကြီး မှားလေပြီ။

သူ သေသွားပြီးမှ တောင်ပေါ်လူဝံတွေ မျိုးဆက်မပြတ်ရေး ကိစ္စကို ကမ္ဘာက ပိုပြီး စိတ်ဝင်စား လာသော ကြောင့် ဖြစ်ပါသည်။
သူ့ အသုဘနေ့ကို ကျွန်မ ကောင်းကောင်းကြီး မှတ်မိနေပါသည်။ ၇၃ နှစ်အရွယ်ရှိနေပြီဖြစ်သော ကျွန်မ သည် ပူဆွေး လို့ မဆုံးနိုင်အောင် နှမြောလို့ မပြီးနိုင်အောင် ဖြစ်နေပါသည်။
သူ့စခန်း ရှိရာ တောင်ပေးလမ်းကို ကျွန်မ ဖြည်းဖြည်းချင်း တက်လာခဲ့ပါသည်။ လမ်းတွေက ချော်ပြီး မတ်စောက် သဖြင့် ခရီးမတွင်လှပါ။ လမ်းဘေးဝဲယာ မှ တွေ့ရာအပင်များကို အားပြုဆွဲငင်ပြီး လာခဲ့ရသည်။

အသုဘပို့ သူတွေ အတော်များပါသည်။ သို့သော် သူ့ကို နားလည်သူ၊ ချစ်ခင်သူကတော့ ကျွန်မ တစ်ယောက် တည်း သာရှိမည် ထင်ပါ၏။
ကျွန်မ ရင်ကွဲနာကျရသည့်နေ့။

အခေါင်းမြေကျပြီးတော့ သူ့အိမ်နံဘေးမှ မြက်ခင်းကလေးဆီကို ကျွန်မ ဒယီးဒယိုင်လျှောက်သွားပါသည်။ သူ့ ပြတင်းပေါက် မှ ဒီယန်အမြဲစောင့်ကြည့်လေ့ရှိသည့် ဧရာမ သမင်ဖိုကြီးကို ကျွန်မ မြင်လိုက်ရသည်။ တစ်ခါမှ ဒီလောက် နီးနီးအထိ သူရောက်မလာခဲ့ဖူးပါ။
သူသည် လူသံသူသံ များနှင့် ကင်းဝေးရာမှာ ကျက်စားသည့် ကောင်ကြီးဖြစ်သည်။ သည်နေ့တော့ အနီးဆုံး နေရာ အထိ ရောက်လာပြီး ဒီယန်၏အိမ်ကို ငေးကြည့်နေသည်။ ထူးဆန်းသည့် အမျိုးသမီးကိုလာပြီး နှုတ်ဆက် နေသည့် အလား။
--------------------
စစ်နှင့်စစ်ပြေး

နှစ်တြွေ ကာလာသည်နှင့်အမျှ ရ၀မ်ဒါသည် တိုးတက်စည်ပင်လာခဲ့၏။ အလားတူ ကျွန်မ၏ ပန်းစိုက်ခင်း ကလည်း အောင်မြင်လျက်ရှိပါသည်။ ငွေတွေ သဲ့ယူသလိုရသည်။
အလုပ်သမား များသည် ကျွန်မအိမ်သို့ အမြဲတမ်း ၀င်ထွက်ကာ သူတို့ ပြဿနာများကို တင်ပြကြ၏။ သူတို့ ပျော်ရွှင်မှု များကို ပြောပြကြ၏။ တနင်္ဂနွေနေ့များတွင် ပို၍ လူစည်ကားသည်။
ဘယ်လို စဖြစ်သည်။ ဘယ်တုန်းက စဖြစ်သည်ကို ကျွန်မ သတိမထားမိပါ။ ကျွန်မသည် ရုတ်တရက် အဘွားကြီး အိုကြီးဖြစ်သွားသလို ခံစားရ၏။ တစ်နေ့တခြား ဆင်ဘာဂါ ကို အားကိုးလာရသည်။ အစစ အရာရာ သူမပါလျှင် မပြီးသလို ဖြစ်လာသည်။

ဤသို့ဖြင့် သူ့ ကို ကျွန်မ၏ လုပ်ငန်းအစုစပ်ပိုင်ရှင်အဖြစ် ကျွန်မ အသိအမှတ်ပြုလိုက်သည်။ သူသည် ကျွန်မ အား အကိုးရဆုံး ကျွန်မအပေါ်သစ္စာအရှိဆုံး လူငယ်တစ်ယောက်ဖြစ်သည်။ သူ ကျွန်မဆီရောက်လာ သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

ငွေရေး ကြေးရေး ကျပ်တည်းမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့၏။ ကြောက်စရာ လန့်စရာနိုင်ငံရေးမတည်ငြိမ်မှုတွေ မကြာမကြာ ကြုံခဲ့၏။ သည်လိုအခက်အခဲများကြားမှ ကျွန်မကို ဤနြေ္ဒမပျက်အောင် အေးဆေးသော။ တည်ငြိမ်သော သတ္တိခွန်အားဖြင့် ကယ်တင်ခဲ့သူမှာ သူပင်ဖြစ်၏။ သူနှင့်တွဲလုပ်ခဲ့သည့် တစ်ချိန်လုံး သူနှင့် ကျွန်မ တစ်ကြိမ် တစ်ခါမျှပင် သဘောမလွဲခဲ့ဖူးပေ။
ကျွန်မဘ၀ ကို ပျော်ရွှင်မှုပေးခြင်းနှင့် မူဂွန်ဂိုကို အကြင်နာတရားဖြင့် စောင့်ရှောက်တော်မူခြင်းအတွက် ဘုရားသခင် အား အမြဲအစဉ် ကျွန်မကျေးဇူးတင်လျက်ရှိပါ၏။ သိုးသိုးသန့်သန့် ကြားနေရသည့် နိမိတ်ဆိုး များ မှလည်း ကင်းဝေးအောင် ဆုတောင်းပါ၏။

၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ယူဂန်ဒါ အခြေစိုက်တွတ်စီသူပုန်တို့သည် မြောက်ပိုင်းမှ ၀င်လာပြီး ရ၀မ်ဒါ ကို တိုက်ခိုက်ကြတော့သည်။
" ရ၀မ်ဒါ မျိုးချစ် တပ်ဦး " ဟု သူတို့ ကိုယ်သူတို့ အမည်တပ်ထားသော စစ်သားများသည် စင်စစ် ယူဂန်ဒါ တပ်ပြေး များနှင့် တွတ်စီပြည်ပြေးများ ဖွဲ့စည်းထားသော စစ်တပ်ဖြစ်သည်။ သူတို့တွင် လက်နက်ခဲယမ်းမီး ကျောက် အင်အား အပြည့်အစုံရှိသည်။

စစ်ပွဲစပြီ ဆိုကတည်းက လူမျိုးစုအချင်းချင်း မုန်းတီးရေးရာဇ၀တ်ကြွေးသည် အဓိကနေရာ ရောက်လာ သည်။ တွတ်စီ တို့ လက်အောက်ကို ပြန်ရောက်ရမည်ဆိုလျှင် ဟူတူ များအတွက် သေသော်မှ တည့် သြော် ကောင်း၏ ဟူသည့်အဖြစ်မျိုး။

ဟူတူအစိုးရသည် တွတ်စီ တို့နှင့် ဆက်နွယ်သည်ဟု မသင်္ကာသူ မှန်သမျှ ထောင်နှင့်ချီပြီး ဖမ်းတော့၏။ အမှု့ မဖွင့်ဘဲ ထောင်ချ၏။ တစ်နိုင်ငံလုံး ညမထွက်ရ အမိန့်ထုတ်လိုက်၏။
စစ်ပွဲသည် ကျွန်မတို့ဘက်သို့ တဖြည်းဖြည်းနီးလာနေပြီ။ ညညတွင် ကျွန်မ၏ သိုးကျောင်းသားနှင့် ညစောင့် ကိုခေါ်ပြီး အခြေအနေလျှောက်ကြည့်သည်။ သူတို့နှစ်ယောက်က လှံကိုယ်စီထမ်းလျက်။ မလှမ်းမကမ်းရှိ စစ်တပ်ဘက် မှ သေနတ်သံတွေ ကြားနေရသည်။

၁၉၉၄ ခုနှစ်တွင် သမ္မတဟာဗျာရီမာနာ၏ လေယာသ် ပစ်ချခံရပြီးနောက် ရ၀မ်ဒါသည် မင်းမဲ့ တိုင်းပြည် ဖြစ်ကာ အခြေအနေတွေ ထိန်းမနိုင် သိမ်းမရဖြစ်လာတော့၏။
အမေရိကန်ကို ပြန်ပြေးလာခဲ့ရပြီးနောက်ပိုင်း ကျွန်မ ချစ်သော တိုင်းပြည်ကလေးတွင် သွေးချောင်းစီး လူသတ်ပွဲကြီး ဖြစ်ကာ တစ်စစီ ဖြစ်နေခြင်းအတွက် ကျွန်မ ရင်ထုမနာဖြင့် ကြည့်နေခဲ့ရပါသည်။
မိတ်ဆွေ အချို့ ရ၀မ်ဒါတွင် ရှိနေသေးသဖြင့် မူဂွန်၈ိုသတင်းကိုတော့ မကြာခဏ ကျွန်မ ကြားနေရပါသည်။ အားလုံးထဲ မှ မင်္ဂလာသတင်းမှာ ဆင်ဘာဂါ တစ်ယောက် မသေမပျောက် ရှိနေသေးကြောင်း သတင်း ဖြစ်ပါ၏။

နောက်မကြာခင် အတွင်း ကျွန်မရင်ထဲတွင် ဆန္ဒတစ်ခု လူးလွန့်လာသည်။ ရ၀မ်ဒါ မှ မိဘမဲ့ ကလေးတွေ အတွက် ကျွန်မ တစ်ခုခုလုပ်ချင်သည်။ သို့သော် ဘာလုပ်ရမှန်းမသိ။ သည်တော့ ကျွန်မ အိမ်ပြန်မှဖြစ်မည်။
---------------------------
ဆက်ရန်
.

No comments: