(၁၆)
“ မောင်စိန်မောင်ရဲ့ စမ်းမြိုင်ခြံကြီးထဲမှာ မောင်စိန်းမောင် သိဟောင်းကျွမ်းဟောင်း မိတ်ဆွေ တစ်ယောက် အလည် ရောက်နေတာကို မောင်စိန်းမောင် လာပြောလို့ သိတော့ သိလိုက်ပါတယ်။ ဒီဧည့်သည်ခုထက်ထိ မပြန် သေးဘူး တဲ့ ဆရာမရဲ့”
ဘွားရွှေအိမ် က မခင်ရွှေကို ပြောသောအခါ မခင်ရွှေက …
” သူတို့ချင်း ခင်မင်ရင်းနှီးလို့ အေးအေးဆေးဆေးနေတာ ဖြစ်လိမ့်မယ် ”
ဟု မခင်ရွှေ ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သောအခါ ဘွားရွှေအိမ်က …
” ဒီကိစ္စက ပေါ့လို့မဖြစ်ဘူးထင်တယ် ဆရာမ။ ဘွားဘွား ကြားရတဲ့ သတင်းအတိုင်း ဆိုရင်တော့ ရွာသူရွာသားတွေအနေနဲ့ စိတ်မချမ်းသာစရာအကြောင်း တစ်ခုတော့ ဖြစ်လိမ့်မယ် ထင်တယ်”
ဟု ပြောသောအခါ …. မခင်ရွှေ စိတ်ဝင်စားလာသည်။
” ဘာဖြစ်လို့လဲ ဘွားဘွား၊ ကိုစိန်းမောင်နဲ့ ကျမတို့ အကြောင်းကို ဘွားဘွားတို့ အသိဆုံးပါ။ ကြင်ကြင်တို့ တစ်တွေကြောင့် ကိုစိန်းမောင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကျွန်မ မမေးမြန်းဘဲ တတ်နိုင်သလောက် ရှောင်လာခဲ့လို့။ စမ်းမြိုင်ခြံကြီးထဲ ရောက်နေတဲ့ ကိုစိန်းမောင် ဧည့်သည်အကြောင်းကို ဘာမှ မမေးမိပါဘူး ဘွားဘွား၊ ဘွားဘွား ဘာသတင်းတွေ ကြားလို့လဲ”
” ဒီဧည့်သည်က တို့လို မြန်မာတိုင်းရင်းသား မဟုတ်ဘူးတဲ့ ဆရာမရဲ့၊ လူမျိုးကွဲလို့ ပြောတယ်”
” ဟိုတစ်ခါ ကိုစိန်းမောင်က သူဧည့်သည် မိတ်ဆွေအကြောင်းကို ဘွားဘွားတို့ ရှေ့မှာပဲပြောတော့ လူမျိုးကွဲ လို့ ထည့်မပြောဘူး။ နောက်ပြီး နာမည်ကလည်း မျိုးနှစ်လို့ ပြောတာပဲ။ ကျွန်မ စိတ်ထဲက တောင် တစ်မျိုး တစ်ဆွေလုံး နစ်မွန်းအောင်နှစ်မယ့်လူ ဖြစ်နေလို့များ သူ့မိဘက မျိုးနှစ်လို့ မှည့်ခဲ့ သလား တွေးမိသေးတယ်။ ကိုစိန်းမောင် ကိုတော့ ရပ်ရွာအရေးကိစ္စကလွဲရင် အပိုစကား တစ်ခွန်းမှ မမေးမိလို့ ဒီဧည့်သည်အကြောင်း ကျွန်မ ဘာမှမသိခဲ့ဘူး ဘွားဘွား ” မခင်ရွှေက အမှန်အတိုင်းပင် ပြောသည်။
” အေး … အဲဒီမျိုးနှစ်ဆိုတဲ့ လူက ဒီစမ်းမြိုင်ခြံကြီးထဲ အလည်ရောက်နေတာ ကိစ္စမရှိဘူး။ ကိစ္စရှိတာက ကြင်ကြင်ပဲ”
ဘွားရွှေအိမ်စကားကို မခင်ရွှေ ရုတ်တရက် သဘောမပေါက်ချေ။
” ဘာကြောင့်များလဲ ဘွားဘွားရဲ့”
ဟု ပြန်မေးလိုက်သည်။
”ောသာ် … ဆရာမ ဘာမှ သတင်းမကြားသေးဘဲကိုး။ မောင်စိန်းမောင်ရဲ့ ခြံကြီးကို ကြင်ကြင် တံခါးမရှိ ဓားမရှိ ၀င်ထွက်နေတာကိုတော့ သိတယ်ဟုတ်လား ”
” သိပါတယ် ဘွားဘွားရယ် ”
” ဆရာမကို မနာလိုဝန်တိုစိတ်နဲ့ စမ်းမြိုင်ခြံကြီးကို အချိန်မရွေး တစ်ယောက်တည်း သွားနေရာက ဧည့်သည်နဲ့ မေတ္တာရှိနေကြပြီတဲ့။ မောင်စိန်းမောင်ကလည်း သူ့စီးပွားရေးက တစ်ဖက်၊ ရပ်ရွာရေးက တစ်ဖက် ဆိုတော့၊ ကြင်ကြင်လာတဲ့အခါ ခြံကြီးထဲကအိမ်မှာ ရှိတဲ့အခါမှ ရှိတယ်တဲ့။ မောင်စိန်းမောင်ရဲ့ ခြံအလုပ် ကို ၀ိုင်းကူ လုပ်ကိုင်ပေးနေကြတဲ့ မောင်စိန်းမောင်ရဲ့ အထိန်းတော်ကြီး မိသားစုကလည်း နဂို ကတည်းက ရွာမျက်နှာဖုံး ကြင်ကြင်တို့မိသားစုကို ကြောက်ရွံ့ ရိုသေလာရတော့ ကြင်ကြင် လာနေတာကို မကန့်ကွက် ရဲဘူးလေ။ ဟိုဧည့်သည်ရဲ့ တပည့်ကလည်း တကယ် သစ္စာရှိဆိုပဲ၊ မောင်စိန်းမောင် မရှိခိုက် ကြင်ကြင် ရောက်လာပြီး ဧည့်သည်နဲ့ ဧည့်ခန်းထဲမှာ ကြည်ကြည်နူးနူး စကားပြောနေရင် တပည့်က ဧည့်ခန်း တံခါးဝ စောင့် ကြည့်နေတာတဲ့ ”
ဘွားရွှေအိမ် စကားကြောင့် မခင်ရွှေသည် စိတ်မကောင်းဖြစ်လိုက်မိသည်။
” ဟုတ်နိုင်ပါ့မလား ” ဟူသော သံသယစိတ်ဖြင့် မခင်ရွှေက မေးလိုက်သည်။
” အို .. ဆရာမကသာ မသိတာ၊ မောင်စိန်းမောင်ရဲ့ အထိန်းတော်ကြီးက သေသေချာချာကို လာပြောတာ။ ဒါတင် ဘယ်ဟုတ်မလဲ၊ ဆရာမရဲ့ တပည့်တွေထဲကလည်း မပြောရဲကြလို့တဲ့၊ ဒီဧည့်သည်ကို ဆရာမ မမြင်ဖူး ဘူးလား ” မခင်ရွှေ သက်ပြင်း ရှိုက်လိုက်မိသည်။
” မမြင်ဖူးပါဘူး ဘွားဘွားရယ်။ ဒီဧည့်သည်ကလည်း ရွာထဲကို အသွားအလာ မရှိသလောက်ဘဲ။ နောက်ပြီး စမ်းမြိုင်ခြံကြီးကို ကျွန်မ အသွားအလာမရှိတော့တာ ဘွားဘွားတို့ အသိသားပဲ။ ရုပ်ရည် ကတော့ ကိုစိန်းမောင် ထက် အများကြီးသာတယ်၊ ချောတယ်လို့တော့ သူပြော ငါပြော ကြားဖူးတာ ပဲလေ။ ကျွန်မ ကိုယ်တိုင်တော့ မမြင်ဖူးပါဘူး ”
” အေး … တကယ်သာ ဟုတ်ရိုးမှန်ရင် ရင်နာစရာပေါ့ကွယ်။ ဆရာမကိုတော့ တစ်ရပ်တစ်ရွာက လေလွင့်ရောက်လာတာဖြစ်လို့ သဘောမတူနိုင်ပါဘူးဆိုတဲ့ ကြင်ကြင်ဘက်တော်သားတွေကို ဘွား ဘွားက ပြောချင်လိုက်တာ ဒီဧည့်သည်ကောင်လေးကတော့ မိုးပေါ်က ကျလာတဲ့ ရွှေမင်းသားလေး လားလို့ ” ဘွားရွှေအိမ်က ခံပြင်းစိတ်ဖြင့် ပြောလိုက်သည်။
မခင်ရွှေသည် ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားတော့ဘဲ သူကိုယ်တိုင် အတိအကျသိရ အောင် စုံစမ်းရန် စိတ်ပိုင်းဖြတ်လိုက်သည်။ စိတ်ပိုင်းဖြတ်လိုက်သည့်အတိုင်း ကိုစိန်းမောင် ခြံကြီးမှာ ရက်ရှည်စွာ အလည်ရောက်နေသော ကိုမျိုးနှစ်ဆိုသူကို မြင်ရတွေ့ရအောင် ကြံစည်ခဲ့သည်။
မခင်ရွှေသည် သူပကို မမှတ်မိစေရန် ရုပ်ဖျက်ပြီး ကိုစိန်းမောင် စမ်းမြိုင်ခြံကြီးမှာ မရှိဘဲ တခြားကို သွားနေသည့် အချိန် စမ်းမြိုင်ခြံကြီးကို ဈေးဝယ်မည့် ဟန်ဆောင်သွားခဲ့သည်။ ထိုအခါ သူနှင့် တစ်ပြိုင်တည်း လိုလိုပင် ကြင်ကြင်က ရောက်လာသည်။ သို့သော် ရုပ်ဖျက်ထားသော မခင်ရွှေကို မည်သူမှန်းမသိချေ။ မည်သူမှန်း သိရအောင်လည်း သေသေချာချာ မကြည့်နိုင်အား။ သူလာသည် ကိုဝမ်းသာအားရ ဆီးကြိုနေသည့် ကိုမျိုးနှစ်ကို ကြည့်နေရသည်။
လှပစွာ ၀တ်စားဆင်ယင်ထားသော ကြင်ကြင်က ကိန္နရာမလေးလို မြူးမြူးကြွကြွ ရောက်လာသည်။ အိမ်တံခါးဝက ကြီးစွာသော ချစ်မေတ္တာဖြင့် ဆီးကြိုနေသော ကိုမျိုးနှစ်ဆိုသူကို သေချာစွာ မြင်လိုက်ရသောအခါ မခင်ရွှေသည် သူ့မျက်လုံးကို သူမယုံနိုင်အောင် ဖြစ်သွားသည်။
” ငါ မျက်စိများ မှားနေသလား” ဟူသော အတွေးဖြင့် စိုက်ကြည့်နေမိသည်။ ထိုသည်ကို ကိုမျိုးနှစ်နှင့် ကြင်ကြင်က အထွေအထူးမထင်ဘဲမခင်ရွှေကို ဂရုမစိုက်ကြချေ။ မြင်ရသူစိတ်မှာ သာမန်မိတ်ဆွေ သဘောမျိုးထင်အောင် ဣနြေ္ဒရရ နှုတ်ဆက်ကြပြီး ဧည့်ခန်းထဲကို ၀င်သါားကြသည်။ ကိုမျိုးနှစ်၏ တပည့်ကျော် မောင်တင့်က အိမ်တံခါးဝကို ချက်ချင်းရောက်လာသည်။
မခင်ရွှေသည် သူ့မျက်လုံးဖြင့် တပ်အပ်မြင်လိုက်ပြီဖြစ်သောကြောင့် ခြံကြီးအတွင်းပိုင်းထိအောင် ဆက်မသွားတော့ဘဲ ပြန်ထွက်လာခဲ့သည်။
” ဘာကိစ္စရှိလို့လဲ။ ဈေးဝယ်ဖို့လား ကိုစိန်းမောင်ကို တွေ့ဖို့လား”
ဟု စိုက်ခင်းတွေကို ရေလောင်းနေသည့် ကိုစိန်းမောင်၏ အထိန်းတော်ကြီး အော်မေးလိုက်သည်ကိုပင် ပြန်မပြောတော့ဘဲ ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာခဲ့သည်။
မခင်ရွှေသည် စိတ်ထဲမှာ လေးလံ ထိုင်းမှိုင်းနေသည်။
” ငါပြောလို့ နာေးထာင်ပါမည်လား ငါ့အစီအစဉ် အောင်မြင်ပါမည်လား၊ ငါ့အစီအစဉ် မအောင်မြင်ရင်တော့ ရေပြာအိုင်ရွာရဲ့ ဖြစ်လာမယ့် ကံကြမ္မာဆိုးကို ဘယ်သူမှ တားဆီးလို့နိုင်မျာ မဟုတ်ဘူး ”
ဟူသော အတွေးကို စိတ်မကောင်းစွာ တွေးမိသည်။
သို့သော် မအောင်မြင်ကာမှ နေရော၊ သူတတ်နိုင်သလောက် ကြိုးစားမည်ဟု စိတ်ကို ခိုင်မာစွာ ဆုံးဖြတ် လိုက်သည်။
ထိုသိုပ ဆုံးဖြတ်လိုက်သည့်အတိုင်း ဘွားရွှေအိမ်တို့ သားအမိကို အသိပေး တိုင်ပင်သောအခါ ဘွားရွှေအိမ် တို့ သားအမိနှစ်ယောက်စလုံးသည် ရင်ဘတ်စည်တီး ဖြစ်ကုန်ကြတော့သည်။
” ဆရာမကြိုးစားမှုကိုသာ အောင်မြင်အောင် အကောင်အထည်ဖော်ပါ၊ တို့ ၀ိုင်းကူပြောမည် ”
ဟူသော ကတိကို သားအမိ နှစ်ယောက်စလုံး လှိုက်လှဲစွာ ကတိပေးကြလေသည်။
ဆက်ရန်
.
2 comments:
အမ..ကျေးဇူးးးး
ဇာတ်ရှိန်တက်နေပြီ မမ... လူမျိုးခြားဆိုတော့ ဟိုတခါ ဆရာမ အကြွေးဆပ်ပေးလိုက်တဲ့ အဖွားနဲ့ အဖိုးရဲ့ အကြွေးရှင်တွေများလား မသိဘူး... သူ့တပည့်တွေ သို့မဟုတ် ကြွေးရှင်ကိုယ်တိုင်လို့ ထင်မိတယ်... သူတို့က ကိုစိန်းမောင်နဲ့ ဘယ်လို သိရတာလဲ မသဘူးနော်...
စာတွေ အဆက်မပြတ်ရိုက်တင်ပေးတာ ကျေးဇူးပါနော်
ခင်မင်စွာဖြင့်
ချစ်ညီမ ပူးတေ
Post a Comment