အခန်း (၄၄)
သူ့ကိုယ်သူ သန်းများ၊ ပိုးမွှားတရစ္ဆာန်များ ရှာဖွေရင်း ငုံ့နေခဲ့သူ ရှိနာစစ်သားသည် လျှပ်တစ်ပြက် လျင်မြန်စွာ ဖြစ်ပျက်သွားပုံကို နားမလည်လိုက်ဘဲ ပါးစပ်ဟောင်းသားနှင့် အကြီးအကျယ် အံ့အားသင့် နေတော့ သည်။
အံ့အားသင်ရုံမက သူ၏ မျက်နှာနားတွင် နီကပ်စွာ လာထောက်ထားသော စက်သေနတ်ပြောင်းဝ ကို ကြည့်ပြီး ပြင်းစွာ ထိတ်လန့်တုန်လှုပ်နေသည်။
စက်သေနတ်ကိုင်ထားသူ ခရိတ်၏မျက်လုံးများကလည်း အလွန်စူးရှတောက်ပြောင်လျက် ကြောက် စရာ ကောင်းလှ ပေသည်။
တွန်ဂါတာသည် စောစောက တပ်ကြပ်ကြီးကိုင်ထားသော စစ်တပ်သုံး မောင်းချဓားကို ကောက်ယူ ၍ မြေပြင် ပေါ် ပက်လက်ဖြစ်နေသူ ရှိနာစစ်သား၏ နားထင်သို့ ဓားဖျားနှင့် တေ့ထားလိုက်သည်။ ဒူးတစ်ဖက်ဖြင့် လည်း စစ်သား၏ကိုယ်ပေါ်မှ ထောက်၍ ဖိထားလိုက်သည်။
"မင်းတို့က အော်မယ်တော့ မကြံနဲ့။ အော်တာနဲ့ အသက်ပျော်ကပြီသာ မှတ်ပေတော့"
တွန်ဂါတာ က တကယ်ပင် သတ်ရန် ၀န်မလေးသည့်ဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။
ထို့နောက် တွန်ဂါတာသည် ခရိတ်က ကျောက်တုံးဖြင့် ထုလိုက်သော တပ်ကြပ်ကြီးအနီးသို့ သွား ၍ အသက်ရှိ သေးသလားဟု သိလိုသဖြင့် သွေးခုန်နှုန်းကို စမ်းကြည့်လေသည်။
သို့သော် ချက်ချင်းပင် ခေါင်းခါပြပြီးနောက် တပ်ကြပ်ကြီး၏ ယူနီဖောင်းဝတ်စုံကို ချွတ်ယူလိုက် သည်။ သို့ရာ တွင် သူကိုယ်တိုင် ၀တ်ကြည့်သောအခါ တပ်ကြပ်ကြီးက သူ့လောက်မထွားကျိုင်းသ ဖြင့် ၀တ်စုံ သည် တွန်ဂါတာနှင့်မတော်ဘဲ ငယ်နေလေသည်။
တွန်ဂါတာသည် ခရိတ်၏လက်မှ အူဇီစက်သေနတ်ကို ယူ၍ မသေဘဲကျန်သူစစ်သားနှစ်ဦးအား ချိန်ရွယ် ထားလိုက်ပြီး ခရိတ်အား
"စက်သေနတ်သမားရဲ့ ယူနီဖောင်းကို ချွတ်ယူလိုက်ပါ" ဟု ညွှန်ကြားလိုက်သည်။ စက်သေနတ်သ မားမှာ ဇက်ကျိုး၍ သေဆုံးနေပြီ ဖြစ်သည်။ တွန်ဂါတာက နောက်မှ အသာချဉ်းပြီး ထိုလူ၏ သံခ မောက်ကို ရုတ်တရက် နောက်သို့ လှန်ချိုးသလို ဆွဲလိုက်စဉ် သားရေမေသိုင်းကြိုးက စစ်သား၏ လည်းပင်းတွင် ချိတ်မိပြီး လည်းပင်းကို လှန်ချိုးသလို ဖြစ်သွားရာမှ ဇက်ကျိုးသေဆုံးသွားခြင်း ဖြစ် လေသည်။
စက်သေနတ်သမား၏ ယူနီဖောင်းဝတ်စုံကို ခရိတ်က ၀တ်ကြည့်ရာ ကံအားလျော်စွာ သူနှင့် တိုင်း ချုပ်ထား သလို တော်နေသည်ကို တွေ့ရလေသည်။
တွန်ဂါတာသည် ရှိုနာစစ်သားနှစ်ဦးအနားသို့ ကပ်၍-
"ဟေ့.. အလောင်းတွေကို မင်းတို့ကိုယ်တိုင် ဂူဝကို ဆွဲသွားစမ်း" ဟူ အမိန့်ပေးလိုက်သည်။
စစ်သား နှစ်ဦးလည်း အလွန်တုန်လှုပ်ချောက်ချားနေပြီဖြစ်ရာ ခိုင်းသည့်အတိုင်း အလောင်းနှစ် လောင်းကို ဂူပေါက်ဝ ဆီသို့ ဆွဲသွားလိုက်ကြလေသည်။
ခရိတ် နှင့် တွန်ဂါတာတို့က အလစ်မပေးဘဲ ထိုလူနှစ်ဦးအား တောက်လျှောက်ဆင်ခြေလျှောအ တိုင်း တွန်းချ ပစ်လိုက်ကြသည်။
"ကဲ...မင်းတို့ အ၀တ်အစားတွေ အားလုံး ချွတ်ပစ်လိုက်စမ်း"
တွန်ဂါတာက ရှိုနာစစ်သားနှစ်ဦးအား အမိန့်ပေးလိုက်ပြန်သည်။
စစ်သားများတွင် အတွင်းခံ ဘောင်းဘီကိုသာ ကျန်သောအခါ တွန်ဂါတာက ခရိတ်အား-
"သူတို့ကို ကြိုးနဲ့တုပ်လိုက်ပါ" ဟု ပြောလေသည်။
ခရိတ်သည် စစ်သားနှစ်ဦးအား မြေပြင်တွင် မှောက်အိပ်ခိုင်းပြီးနောက် လက်နှစဖက်ကို နောက်သို့ ပစ်၍ နိုင်လွန်ကြိုးဖြင့် လက်ပြန်ကြိုး ခိုင်မြဲစွာ တုပ်နှောင်လိုက်သည်.
တစ်ဖန် ခြေထောက်များကိုကွေး၍ ခြေချင်းဝတ်နှင့် လက်များကိုပါ ကြိုးနှင့်တုပ်လိုက်ပြန်သည်။ ဤကား ၀က်သတ် ရုံပို့ခါနီး ၀က်များအား တုပ်နှောင်နည်းဖြစ်၍ မည်သို့မှ ရုန်းကန်လှုပ်ရှား၍မရ သော နည်းမျိုး ဖြစ်လေသည်။
တစ်ဖန် ခရိတ်က သူတို့၏ ခြေအိတ်များကို ချွတ်၍ ပါးစပ်ပေါက်တွင် ပိတ်ဆို့ကာ ကြိုးဖြင့် စည်း ထားလိုက်ပြန်သည်။
ခရိတ်က အကျဉ်းသားနှစ်ဦးအား ကြိုးဖြင့် တုပ်နှောင်နေစဉ် တွန်ဂါတာသည် မိန်းကလေးနှစ်ဦးအား စစ်ဝတ်စုံ ယူနီဖောင်းများ ၀တ်ပေးနေလေသည်။
ယူနီဖောင်းတွေက အဆမတန်ကြီးနေသော်လည်း အင်္ကျီလက်နှင့် ဘောင်းဘီအောက်ပိုင်းတို့ကို ခေါက်၍ လည်းကောင်း၊ ခါးမှ ဘောင်းဘီကို အတင်းဆွဲ၍ ကျပ်နေအောင်ဝတ်၍ လည်းကောင်း ကြံဖန် ၀တ်ပေးလိုက်သည်။
"အိုကေ ပင်ဒူလာ၊ မင်းရဲ့မျက်နှာကို မည်းနေအောင် ရုပ်ဖျက်လိုက်ပါဦး"
တွန်တာက အမိန့်ပေးပြန်သဖြင့် ဆယ်လီသည် မျက်နှာကို မြေကြီးမှုန့်မျာဖြင့် လိမ်ကျံ ရုပ်ဖျက် လိုက်သည်။
"ဟုတ်ပြီ၊ လက်တွေကိုပါ ညိုမည်းနေအောင် လုပ်လိုက်ဦး။ ပြီးတော့ မင်းရဲ့ဆံပင်ကိုလည်း ပေါ်မနေအောင် ဖုံးအုပ် ထားဖို့ လိုလိမ့်မယ်"
ပြောပြော ဆိုဆို တွန်ဂါတာသည် ရှိုနာစစ်သားတစ်ဦး၏ သံပရာခွံဦးထုပ်ပျော့တစ်လုံးကို ဆယ်လီအား ပစ်ပေး လိုက်သည်။
"ကဲ...လာ သွားကြမယ်"
တွန်ဂါတာသည် စိတ်တွေပါလာသော ကင်းဗတ်အိတ်ကို ကောက်ယူပြီး သူကိုယ်တိုင် ရှေ့ဆောင်လျက် ရှိုနာစစ်သားများ ဆင်းထားသော စက်သေနတ်ရှိရာသို့ ခေါ်သွားသည်။
တွန်ဂါတာသည် စစ်တပ်သုံး ကျောပိုးအိတ်တစ်ခုကိုယူ၍ အတွင်းမှ ပစ္စည်းများကို သွန်ချပစ်လိုက် ပြီး စိန်တွေ ပါသော ကင်းဗတ်အိတ်ကို ကျောပိုးအိတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ကျောပိုးအိတ် ကို ပခုံးတွင် လွယ်ထားလိုက်သည်။
ထိုအတောအတွင်း ခရိတ်သည် ရှိုနာစစ်သားများ၏ ပစ္စည်းများကို မွှေးနှောက်ရှာဖွေကြည့်လေ သည်။ လက်ပစ်ဗုံးများ တွေ့ရသောအခါ တွန်ဂါတာအား လက်ပစ်ဗုံးနှစ်လုံးပေးလိုက်ပြီး သူကိုယ်တိုင်လည်း နှစ်လုံးကို အင်္ကျီအိတ်ထဲတွင် ထည့်ထားလိုက်သည်။
လက်နက်အနေဖြင့် အသင့်တွေ့ရသော တိုကာရက်ဗ် ပစ္စတိုလ်သေနတ်တစ်လက်ကို ဆာရာအား ပေးလိုက်သည်။
တစ်ဖန် အူဇီစက်သေနတ်တစ်လက် ထပ်တွေ့သဖြင့် ဆယ်လီအတွက်ပေးလိုက်သည်။ သူကိုယ် တိုင် အတွက် အေကေ ၄၇ မောင်းပြန် ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်ဆန်ကတ် အပိုငါးကတ် ကို ယူထား လိုက်သည်။
တွန်ဂါတာကတော့ အူဇီစက်သေနတ် နောက်ထပ် တစ်လက်ကိုင်ထားသည်။
ခရိတ်သည် အဆင်သင့် တွေ့ရသော ရေဘူတစ်ဘူးကိုပါ ယူလိုက်သည်။ ရှိုနာစစ်သားများ၏ ရိက္ခာများတွင် ချောကလက်များလည်းပါရှိရာ ခရိတ်သည် ချောကလက်တစ်ဘူးကို ဖွင့်စမ်းကြည့် ရာ အလွန်အရသာ ရှိသဖြင့် သူတို့အားလုံး နည်းနည်းစီ ယူစာလိုက်ကြသည်။
"ကျုပ် ရှေ့ဆုံးကသွားမယ်။ သစ်ပင်တွေရဲ့ အကာအကွယ်ကိုယူပြီး တောင်ကြားထဲ ရေက်ြအောင် သွားကြ မယ်"
တွန်ဂါတာ က ချောကလက်ကို ပလုတ်ပလောင်း စာရင်း သူ၏အစီအစဉ်ကို ပြောလေသည်။
သို့နှင့်ပင် သူတို့သည် တောင်ခါးပန်းတစ်လျှောက်တွင်ရှိသော သစ်ပင်ချုံကွယ်များ၏ အကာအ ကွယ်ကို ယူကာ ဆက်လျှောက်သွားကြလေသည်။
သွား၍ သိပ်ဝေးဝေးသို့ မရောက်သေးမီ ရဟတ်ယာဉ်၏အသံကို ကြားရလေသည်။ အင်ဂျင်စက် သံကို ခန့်မှန်းရခြင်းအားဖြင့် ရဟတ်ယာဉ်သည် တော်ကြားဒေသမှတစ်ဆင့် မိမိတို့ ရှိရာဘတ်သို့ လာနေသည် ဟု ခန့်မှန်းရလေသည်။
တောင်စောင်း နှင့်ကွယ်နေသဖြင့် ရဟတ်ယာဉ်ကို မမြင်ရသော်လည်း လျင်မြန်စွာ လာနေပြီဖြစ် ကြောင်း ထင်ရှား နေပေသည်။
"အားလုံး ၀ပ်နေလိုက်ကြ"
ခရိတ်က အော်ပြောရင်း အနီးရှိ ဆယ်လီအား ခပ်ကြမ်းကြမ်းပင် ပခုံးနှင့်တိုက်၍ တွန်းချလိုက်ရာ နှစ်ယောက်စလုံ လုံးထွေးလျက် လိမ့်ကျသွားလေသည်။
ထိုအချိန် ၌ ရဟတ်ယာဉ်၏ ပန်ကာဒလက်သံများက အလွန်ကျယ်လောင်လာပြီး ရဟတ်ယာဉ် သည် ရှေ့ဆက်က သွားဘဲ တစ်နေရာတည်းတွင် ရပ်နေသည်ဟု ထင်ရလေသည်။
"ရဟတ်ယာဉ် က မြေပြင်ကို ဆင်နေပြီရှင့်"
ဆယ်လီက ပြောလိုက်ပြီး မရှေါ်မနှောင်းမှာပင် အင်ဂျင်စက်သံ ရပ်သွားလေသည်။
"ဟုတ်တယ် ရှင့်၊ ရဟတ်ယာဉ်က မြေကြီးပေါ် ရောက်နေပြီ။ ဒါကြောင့် လေယာဉ်မှူးက စက်ကို ရပ်လိုက် တာ ဖြစ်မယ်"
ဆယ်လီ ကပင် ဆက်ပြောလိုက်သည်။
အင်ဂျင်စက်သံ ရပ်သွားသော်လည်း မလှမ်းမကမ်းမှ ရှိုနာဘာသာဖြင့် အမိန့်ပေးသံများကို သဲ့သဲ့ ကြားနေ ရလေသည်။
"ပူဖိုး ဒီဘတ်ကို လိာခဲ့စမ်းပါ။ မိန်းကလေးနှစ်ယောက်က ခဏစောင့်နေကြဦး"
တွန်ဂါတာ က လှမ်းအမိန့်ပေးလိုက်သဖြင့် ခရိတ်လည်း ချက်ချင်းပင် ချဉ်းကပ်သွားလေသည်။
တွန်ဂါတာသည် ခရိတ်နှင့်အတူ တောင်ကမူငယ်တစ်ခုရှိရာသို့ တွားသွားပြီးနောက် မသိမသာ ခေါင်းထောင် ကြည့်လေသည်။
ထိုနေရာမှ တောက်ကြားမြေပြန့်သို့ လှမ်းမြင်နေရလေရာ သစ်ပင်တောအုပ်များအကြား မြေကွက်လပ် ငယ် တစ်ခု ရှိသည်ကိုလည်း မြင်ရလေသည်။ ကွက်လပ်၏ တစ်ဖက်အစွန်း သစ်ပင်များအနီး၌ နေပူရှိန် ကာကွယ် ရန် ကင်ဗတ် (ရွက်ထည်ဖျင်) အမိုးဖြင့် တဲတစ်ခု မိုးထားသည့် နေရာကိုလည်း သတိပြု မိကြလေသည်။
ရဟတ်ယာဉ်သည် မြေကွက်လပ်အလယ်တွင် ရှိနေပြီး လေယာဉ်မောင်းသူ(ပိုင်းလော့)က ရဟတ်ယာဉ် ပေါ်မှ ဆင်းနေလေသည်။ ရွက်ထည်တဲအနီး သစ်ပင်အောက်တွင် တတိယတပ်မဟာ မှ ယူနီဖောင်း ၀တ် လက်နက်ကိုင် စစ်သားများလည်း ရှိနေကြလေသည်။
ရွက်ထည်တဲအတွင်း၌ကား လူသုံးလေးယောက်ခန့် စားပွဲတစ်လုံးနှင့် ထိုင်နေကြသည်။
"အဲဒါ ဗိုလ်ချုပ် ဖွန်ဂါဘီရာရဲ့ ရှေ့တန်းယာယီစစ်ဌာနချုပ်ပဲ ဖြစ်ရမယ်"
ခရိတ်က ခပ်တိုးတိုး မှတ်ချက်ချလိုက်ရာ တွန်ဂါတာကလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်လိမ့်မယ်၊ နောက်တစ်ခုက ဒီတောင်ကြားဒေသက ကျုပ်တို့စောစောက ၀င်ခဲ့တဲ့နေရာပဲဗျ။ လိုဏ်ဂူ ရဲ့ အဓိက ခန်းမကျယ်ကြီးဟာ အခု ကျုပ်တို့ရှိနေရာအောက် တည့်တည့်မှာ ရှိလိမ့်မယ် ထင်တယ်"
"ဟုတ်တယ် သူငယ်ချင်းပြောတာ မှန်တယ်"
ထိုအခိုက် စစ်သည်တပ်စုတစ်စုသည် တန်းစီ၍ တောင်ကြားဒေသမှ လျှောက်ထွက်သွားနေ သည်ကို မြင်ရလေ ရာ ခရိတ်က ညွှန်ပြရင်း-
"သူတို့ ဒီနေရာက ပြန်ထွက်သွားတော့မယ် ထင်တယ်" ဟု ပြောလိုက်သည်။
"ဒီလိုလည်း ဖြစ်နိုင်တယ်။ သူတို့က ဂူထဲကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲလိုက်ပြီးတော့ အချိန်လေးဆယ့် ရှစ်နာရီလောက် စောင့်ကြည့်ကြပြီး ကျုပ်တို့ထွက်မလာတော့ ကျုပ်တို့အားလုံး သေကုန်ပြီလို့ ယူဆတာနဲ့ ပြန်ထွက်ခွာသွားတာများလား မပြောတတ်ဘူး"
"အခုမြင်ရတာ လူအင်အား ဘယ်လောက်ရှိမလဲ"
တွန်ဂါတာ က မေးလိုက်ရာ ခရိတ်သည် သေချာစွာ ပြန်ကြည့်ပြီးမှ ပြောလေသည်။
"ကျုပ် အခုမြင်ရသလောက် လူနှစ်ဆယ်လောက် ရှိတယ်။ ဒါပေမဲ့ ကျုပ်မမြင်ရတဲ့လူတွေလည်း နောက်ထပ် ရှိနိုင်တယ်"
တွန်ဂါတာ သည် ဆယ်လီအား လက်ပြခေါ်လိုက်ပြီး အနီးသို့ ရောက်သောအခါ ရဟတ်ယာဉ်ကို ညွှန်ပြ လိုက်သည်။
"အဲဒီရဟတ်ယာဉ်ကို မင်း ဘယ်လိုသဘောရလဲ"
"အဲဒါက ဆူပါဖရီလွန်လို့ခေါ်တဲ့ ရဟတ်ယာဉ် အမျိုးအစားပဲရှင့်"
ဆယ်လီက သွက်လက်စွာ ပြန်ဖြေလိုက်သည်။
"မင်းအနေနဲ့ ဒီရဟတ်ယာဉ်ကို မောင်းလို့ဖြစ်မလား"
"ကျွန်မက ဘယ်လို ရဟတ်ယာဉ်မျိုးဖြစ်ဖြစ် မောင်းတတ်ပါတယ်"
ဤတွင် ခရိတ်က သဘောမကျဟန်ဖြင့် ဆယ်လီအား လှမ်းကြည့်လိုက်သည်။
"ဆယ်လီကလည်းကွာ စကားကို လွယ်လွယ်မပြောပါနဲ့။ မင်းက ဒီရဟတ်ယာဉ်မျိုး ဘယ်တုန်းက များ မောင်းခဲ့ ဖူးလို့လဲ"
"ဒီလို ဆူပါဖရီလွန် အမျိုးအစား မဟုတ်ပေမယ့် ကျွန်မက ရဟတ်ယာဉ်မျိုးစုံကို နာရီပေါင်းငါးရာ ကျော် ပျံသန်းမောင်းနှင်ခဲ့ဖူးတယ်ရှင့်"
ဆယ်လီ က ခပ်တည်တည် ပြန်ပြောလိုက်သည်။
ထိုအခါ တွန်ဂါတာက ဆယ်လီအား မေးခွန်းထုတ်ပြန်သည်။
"ဒီမယ် ဆယ်လီ၊ မင်းက ရဟတ်ယာဉ်ပေါ်ကို ရောက်ပြီးလို့ ဘယ်လော်ကကြာရင် စပြီး ထွက်နိုင် မှာလဲ"
ဆယ်လီ က ခေတ္တစဉ်းစားပြီးနောက်-
"နှစ်မိနစ် သုံးမိနစ်လောက်ပါပဲ" ဟု ဖြေလိုက်သည်။
"ဒါဆိုရင် မဖြစ်ဘူး၊ ကြာလွန်းတယ်"
ခရိတ်က ပြန်ပြောရင်း ခေါင်းခါလိုက်သည်။
ဤတွင် တွန်ဂါတာက စိတ်ကူးတစ်မျိုး ရလာဟန်ဖြင့်-
"ဒီလိုလုပ်ရင် ကော မဖြစ်ဘူးလား။ ရဟတ်ယာဉ်ကို စပြီး စက်နှိုးနေချိန်မှာ ကျုပ်တို့က ရှိုနာစစ်သား တွေကို တခြားဘက် ကို အာရုံစိုက်နေအောင် တစ်နည်းနည်းနဲ့ လိုပ်နိုင်ရင်ကော ဘယ်လိုလဲ" ဟု ပြောလိုက်သည်။
ခရိတ် သည် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
ဆက်ရန်
.
4 comments:
Thanks.
Ray
ဖတ်ပြီးပြီ။ ဇာတ်လမ်းကကိုယ့်ဘက်ပါလာပြီ :D
အမရေ ဖတ်သွားပြီ။ အဆက်ကို မျှော်နေပါတယ်။ ဖြန့်ဝေပေးတာကျေးဇူးပါ။
Please continue !
Post a Comment