" အိုကေ ဆာရာကတော့ ရောက်လာပြီဗျို့။ ကိုင်း ... သူငယ်ချင်း ကျုပ်တို့က သူငယ်ချင်းကို ဆွဲတင်ဖို့ အဆင် သင့် ပဲ "
ခရိတ်က အောက်သို့ လှမ်းအော်ပြောလိုက်သည်။
ထို့နောက် ခရိတ်အပြင် ဆယ်လီနှင့် ဆာရာ မိန်းကလေးနှစ်ယောက်ပါ ပေါင်းလျက် သုံးယောက်ပေါင်း ခွန်အား ဖြင့် ကြိုးကို ဆွဲတင်ကြပြန်သည်။
တွန်ဂါတာ သည် ဆာရာကဲ့သို့ ခန္ဓာကိုယ် သေးကွေးသူမဟုတ်ဘဲအလွန်ထွားကျိုင်း ဗလ ကောင်းသူ ဖြစ်လေရာ ခရိတ်တို့က သုံးယောက်ပေါင်း အင်အားဖြင့် ဆွဲတင်သည့်တိုင်အောင် အလွန် ခဲယဉ်းပင်ပန်းစွာ ဆွဲကြ ရ လေသည်။
အပေါ်သို့ ရောက်ကာနီးလေ တွန်ဂါတာ၏ ကိုယ်ထည်ပို၍ပင် လေးလာသည်ဟု ထင်ရလေသည်။
သို့သော် သုံးယောက်သား ဇွဲကောင်းကောင်းနှင့် ဆွဲတင်ကြလေရာ နောက်ဆုံးတွင် တွန်ဂါတာသည် အပေါ် သို့ ရောက်ရှိလာတော့သည်။
လေးယောက်စလုံး အလွန်မောပန်းလျက် စကားမပြောနိုင်ကြဘဲ ဆိတ်ဆိတ်နေရင်း အပန်းဖြေနေခိုက် ခရိတ် သည် တစ်စုံတစ်ရာ သတိရမိဟန်ဖြင့် ရုတ်တရက်ထပြီး -
" ဒုက္ခပါပဲ၊ ကျုပ်တို့က စိန်တွေ ယူလာဖို့ မေ့သွားတယ်။ စိန်တွေက အောက်မှာ ကျန်ရစ်ခဲ့ပြီဗျ" ဟု ပြောလိုက် သည်။
ဤတွင် တွန်ဂါတာ ဘက်ထရီဓာတ်မီးခလုတ်ကို ဖွင့်လိုက်ညပီး ပြုံးပြလေသည်။
" ကျုပ်ရဲ့ ခန္ဓာကိုယ်က ဘာကြောင့် ပိုလေးတယ်လို့ ထင်ရသလဲ သိလား "
ပြောပြော ဆိုဆို တွန်ဂါတာသည် သူလွယ်ယူလာသော ကင်းဗတ်အိတ်ကို ပုတ်ပြလိုက်သည်။
အိတ်အတွင်း၌ စိန်တုံးများ အချင်းချင်း ပွတ်တိုက်ထိသံကို ကောင်းစွာ ကြားရတော့မှ ခရိတ်လည်း သဘောကျ ကျေနပ်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
" သူငယ်ချင်း တွန်ဂါတာက တယ်ပြီး စိတ်ကူးကောင်းတာကိုး။ ဒီနေရာမှာ သူငယ်ချင်းက တကယ့်သူရဲ ကောင်းတစ်ယောက်ပဲဗျ။ ဒါပေမဲ့ ဘက်ထရီမိးကို မြန်မြန် ပိတ်လိုက်စမ်းပါ၊ ဘက်ထရီက ကုန်တော့မယ်"
သူတို့သည် ဘက်ထရီမီးအိမ်ကို ရံဖန်ရံခါမှသာဖွင့်၍ ပတ်ဝန်းကျင်ကိုလေ့လာကြည့်ကြလေသည်။
ကျောက်တုံးဖြင့်ပြီးသော ပြတင်းပေါက်လိုအပေါက်၏ အပြင်ဘက်တွင် အမိုးနိမ့်နိမ့်နှင့် ဂူငယ်တစ်ခု ရှိနေကြောင်း တွေ့ရလေသည်။ ဂူက အလွန်ကျယ်နေသဖြင့် ဘေးနံရံများကိုပင် မမြင်ရချေ။ အပေါ် မျက်နှာကျက် တွင်ကား လင်းဆွဲငှက်တွေ အမြောက်အများရှိပြီး ယင်းတိုပစွန့်သော အညစ်အကြေး များက ကြမ်းပြင်တွင် ပြည့်နှက်နေတော့သည်။
တွန်ဂါတာ က ခေါင်းဆောင်လျက် သူတို့လေးဦးသည် ရှေ့သို့ တိုးသွားကြရာ ခရိတ်က နောက်ဆုံးမှ လိုက်လေသည်။ သူ၏ ပခုံးတွင် ကြိုးခွေကို လွယ်ထားလေသည်။
ယင်းသို့ သွားကြရင်း ကြမ်းပြင်သည် တဖြည်းဖြည်း မြင့်တက်လာလေသည်။ တောင်တက်လမ်း လိုဖြစ်လာကာ မျက်နှာကျက် အမိုးက ပို၍ နိမ့်လာသည်ဟု ထင်ရလေသည်။
ထိုအခိုက် ဆယ်လီက ရုတ်တရက် ဟန့်တားလိုက်သည်။
" နေကြဦး ရှင့်၊ ဘက်ထရီမီးကိုလည်း မဖွင့်နဲ့ဦး "
" ဘာဖြစ်လို့လဲကွ "
ခရိတ်က ဆယ်လီအား မေးလိုက်သည်။
" ဟိုရှေ့မှာ ဆင်ခြေလျှောရဲ့ အပေါ်နားမှာလေ။ ဒါမှမဟုတ် ကျွန်မကပဲ စိတ်ကူးယဉ်ပြီး မြင်ယောင်မိ တာများလား "
သူမက ပြောလိုက်ချိန်တွင် ရှေ့သို့ ကြည့်ပါက ဘာမှမမြင်ရဘဲ မှောင်မည်းနေသော်လည်း ကြာရှည် ဆက် ကြည့်သော အခါ မျက်လုံး ကျင့်သားရပြီး တစ်စုံတစ်ခုကို မသဲမကွဲ မြင်ရလေသည်။
" ရှေ့မှာ အလင်းရောင် ... အလင်းရောင်ရှိနေတယ်ဗျို့ "
ခရိတ်က ပြောလိုက်ပြီးနောက် သူတို့အားလုံး ၀မ်းသာအားရဖြင့် ရှေ့သို့ တိုးသွားကြလေသည်။ အလင်း ရောင် ကလည်း တဖြည်းဖြည်း များလာလေသည်။
အလင်းရောင်ကို မြင်ရခြင်းအားဖြင့် သူတို့သည် ဂူဝကြီးတွင်းမှ အပြင်ဘက်သို့ ထွက်ပေါက်ရှိရာသို့ နီးကပ်လာပြီ ဖြစ်ကြောင်း သိသာထင်ရှားသဖြင့် အလွန်ဝမ်းမြောက်အားတက်မိကြလေသည်။
သို့သော် ထွက်ပေါက်နှင့် နီးလာ၍ပဲလား မပြောတတ်။ ဂူ၏ ခေါင်မိုးသည် နိမ့်သထက် နိမ့်လာလေရာ ကြာသော် သူတို့သည် လေးဘက်တွား၍ သွားကြရလေသည်။
အလင်းရောင်ကလည်း တဖြည်းဖြည်း ပိုများလာသည်ထက်များလာလေသည်။
ဆရာမကလေး ဆာရာသည် ၀မ်းသာလွန်အားကြီး၍ မျက်ရည်များပင် ကျနေသည်ကို ခရိတ်က သတိပြုမိ လေသည်။
တွန်ဂါတာကတော့ လွတ်မြောက်တော့မည်ဟု ၀မ်းသာအားရဖြစ်ကာ ရယ်မောနေသည်။
မကြာမီ ပြင်ပသို့ထွက်နိုင်သည့် ထွက်ပေါက်သို့ ရောက်သွားကြရာ တွန်ဂါတာသည် စိတ်အားထက်သန်စွာ ဖြင့် ၀မ်းလျားထိုးလျက် အပြင်ဘက်သို့ ထွက်တော့မည်ပြုစဉ် ခရိတ်က သူ၏ ခြေနှစ်ဖက်ကို ဖမ်းဆွဲထား လိုက်လေသည်။
" သူငယ်ချင်း နေပါဦး၊ ရှေ့လောမကြီးပါနဲ့ "
တွန်ဂါတာသည် အပြင်ဘက်ထွက်ရန် အလွန်ဆန္ဒပြင်းပြနေသဖြင့် ခရိတ်၏ လက်များကို ကန်ထုတ်ဖယ်ရှား ပစ်ရန် ကြိုးစားနေသော်လည်း ခရိတ်က မလွှတ်ဘဲ အတင်းပင် ဆွဲထားလိုက်သည်။
" ဒီမယ် သူငယ်ချင်း အပြင်ဘက်မှာ ရှိုနာစစ်သားတွေက အဆင်သင့် စောင့်နေလိမ့်မယ်ဆိုတာ ထည့်စဉ်း စားမိ ရဲ့လား "
ခရိတ်က ပြောလိုက်တော့မှ တွန်ဂါတာလည်း ငြိမ်သွားတော့သည်။ ရှိုနာဟူသော အမည်ကို ကြားလိုက်ရုံနှင့် သူတို့ အားလုံး စကားမပြောနိုင်တော့ဘဲ ဆိတ်ဆိတ်နေရင်း အခြေအနေကို စဉ်းစားသုံးသပ် နေကြ လေသည်။
ခဏမျှ အကြာတွင် တွန်ဂါတာက စတင်၍ စကားပြောလေသည်။
" ကျုပ်နဲ့ ခရိတ်တို့က အရင်ဆုံး ထွက်ပြီး အခြေအနေကို ကင်းထောက်ကြည့်ရင်း လေ့လာကြမယ် "
တွန်ဂါတာ က လက်တစ်ဖက်ဖြင့် ကျောက်တုံး ခပ်ကြီးကြီး တစ်တုံး ကောက်ယူ၍ ခရိတ်အား လှမ်းပေးရင်း -
" လောလောဆယ် တော့ လက်နက်ဆိုလို့ ဒါပဲရှိမယ်။ မိန်းကလေးနှစ်ယောက်က ဒီမှာပဲ စောင့်နေကြရမယ်။ ငါတို့ က လှမ်းခေါ်လိုက်မှ ထွက်လာကြရမယ်" ဟု ဆက်ပြောလိုက်သည်။
ခရိတ် လည်း ဘာမှမပြောဘဲ သူ၏ မျက်နှာနှင့် ခြေလက်များကို ရုပ်ဖျက်သည့် အနေဖြင့် မြေမှုန့်များ၊ သဲများ ပွတ်လိမ်း လိုက်သည်။
ထို့နောက် သူ၏ ပခုံးမှ ကြိုးခွေကို ဖြုတ်လိုက်ပြီး တွန်ဂါတာ၏ ဘေးနားသို့ ချဉ်းကပ်ကာ လေးဘက်တွား၍ အပြင်ဘက် သို့ ထွက်ရန် ပြင်ဆင်ထားလိုက်သည်။
တစ်နည်း အားဖြင့် ခရိတ်သည် ရှေ့လျှောက် တွန်ဂါတာအား ခေါင်းဆောင်အဖြစ် သတ်မှတ်ချက် သူက နောက်လိုက် လုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
ဂူကြီးအတွင်းမှာ ရှိစဉ်က ခရိတ်က တပ်မှူးသဖွယ် အရာရာကို ခေါင်းဆောင်ခဲ့သော်လည်း ယခု အပြင်ဘက် သို့ ထွက်ခါနီးတွင်မူ တွန်ဂါတာအား ခေါင်းဆောင်တင်မြှောက်လိုက်ခြင်းပင်ဖြစ်သည်။
အကြောင်း မူကား အာဖရိကတိုက်၏ တောတွင်းဒေသတွင် တွန်ဂါတာသည်သာလျှင် အလွန်ကျွမ်းကျင်ပြီး ကျားသစ် ကဲ့သို့ လျင်မြန်ဖျတ်လတ်ကာ ရန်သူအား တိုက်ခိုက်ရာ၌ သူမတူအောင် အစွမ်းရှိသောကြောင့်ပင် တည်း။
သူတို့သည် အထူးသတိထားလျက် ဖြည်းဖြည်းချင်း ရှေ့သို့ တွားသွားကြလေသည်။
အပြင်ဘက် တွင်ကား နံနက်ခင်း၏ နေရောင်သည် အလွန်ထွန်းလင်းတောက်ပနေပြီဖြစ်သည်။ သူတို့သည် မြက်ပင် ရှည်ကြီးများ၏ အကာအကွယ်ကိုယူလျက် (အကယ်၍ ပတ်ဝန်းကျင်တွင် ရန်သူရှိနေလျှင်) ရုတ်တ ရက်မမြင် နိုင်အောင် အနည်းငယ် တိုးသွားလိုက် ခေတ္တရပ်နေလိုက်နှင့် အခြေအနေကို အကဲခတ်ာကည့်နေ ကြလေသည်။
အတန်ကြာကြာ ငြိမ်သက်စွာ စောင့်ကြည့်နေပြီးနောက် တွန်ဂါတာသည် ညဘက် ကျက်စားသော တောရိုင်း သတ္တ၀ါ တစ်ကောင်ကဲ့သို့ လုံးဝ အသံမကြားအောင် ရှေ့သို့ တိုးသွားလေသည်။
ခရိတ်လည်း တွန်ဂါတာသွား၍ ခြေလှမ်းငါးဆယ်ခန့် အကွာသို့ ရောက်မှ နောက်မှ အသာလိုက်သွားလေ သည်။
သူတို့တွေ့ရသော အပြင်ဘက်ရှုခင်းမှာ တောင်ခါးပန်းတစ်ခုဖြစ်ပြီး ထုံးကျောက်အမျိုးအစား ကျောက်တုံးကြီး များ ရှိနေလေသည်။
ခရိတ်နှင့် တွန်တာ၈ါတိုပသည် တတ်နိုင်သလောက် ချုံပုတ်ငယ်များ၏ အကာအကွယ်ကို ယူလျက် ဖြည်းဖြည်း ချင်း ဆက်သွားကြလေသည်။
ယခု သူတို့ရောက်ရှိနေသော နေရာမှာ တောင်စောင်းဖြစ်သော်လည်း တောင်ထိပ်ဘက်နှင့် နီးကပ်သဖြင့် အကယ် ၍ ရန်သူနှင့် ပက်ပင်းတိုးလျှင် မိမိတို့က အပေါ်စီးနေရာတွင် ရှိနေမည်ဖြစ်သည်ဟု တွက်မိကာ အား တက်မိကြ လေသည်။
နံနက်ခင်း နေရှိန်သည် ပူပြင်းစပြုလာပြီဖြစ်ရာ ခရိတ်သည် နေရောင်၏ အပူဒာတ် ခံစားရသည်ကိုပင် သဘောကျ နေမိလေသည်။
တွန်ဂါတာ သည် ခရိတ်၏ အောက်ဘက်နားတွင် နေရာယူထားရာမှ သူတို့ချင်း နားလည်သော လက်ပြနည်း ဖြင့် အချက်ပေး လိုက်သည်။
" ကျုပ်ရဲ့ လက်ဝဲဘက်ကို အကာအကွယ် ပေးထားပါ "
ယင်းသို့ လက်ပြညွှန်ကြားလိုက်သဖြင့် ခရိတ်လည်း ဒူးဆစ်နှင့် တံတောင်ဆစ်တို့ကိုသာ အားပြုလျက် တွား သွားပြီး နေရာယူထားလိုက်သည်။
" ရန်သူ ရှိမရှိ ပတ်ဝန်းကျင်ကို ရှာကြည့်ပါ "
တွန်ဂါတာက လက်ပြညွှန်ကြားလိုက်ပြန်သဖြင့် ခရိတ်သည် ပတ်ဝန်းကျင်တွင် ရန်သူ ရှိမရှိ သေချာစွာ လှည့်ပတ်အကဲခတ်ကြည့်လိုက်သည်။
ထို့နောက် သူတို့သည် ဆယ်မိနစ်ခန့် လုံးဝမလှုပ်ရှားဘဲ ငြိမ်၍ နေလိုက်ကြသည်။ ထိုအတောအတွင်း နှစ် ယောက်စလုံး က ပတ်ဝန်းကျင်တွင် ရန်သူစစ်သားများချုံခို ပုန်းအောင်းနေခြင်း ရှိမရှိ သေချာစေ့စပ်စွာ လိုက် ကြည့်ကြ လေသည်။
" ရန်သူ မရှိ၊ လုံးဝ ရှင်းနေသည် "
ခရိတ်က လက်ပြနည်းဖြင့် တွန်ဂါတာအား အချက်ပေးလိုက်ပြီးနောက် ရှေ့သို့ စထွက်လေသည်။ တွန်ဂါတာ က ကုန်းမြင့်တစ်နေရာမှနေ၍ ခရိတ်အား အကာအကွယ်ပေးနေလိုက်သည်။
အဖြူ နှင့် အနက်ရောင် အဆင်းရှိပြီး အ၀ါရောင် နှုတ်သီးကြီးကြီးနှင့် ငှက်တစ်ကောင် သူတို့ရှိရာသို့ ပျံသန်း လာလေ သည်။ ထိုငှက်မှာ ကနေရီ အမျိုးအစားငှက်ဖြစ်ပြီး တိုင်းရင်းသားများက ငှက်၏ နှုတ်သီးအရွယ်ပမာ ဏ ကြီးနေ၍ ဟီဒစ်ဟု နာမည်ပေးထားကြသည်။
ငှက်သည် တွန်ဂါတာရှိရာနှင့် မလှမ်းမကမ်း မြေပြင်သို့ ဆင်းသက်လိုက်သည်။ သို့သော် ချက်ချင်းလိုပင် ကျယ်လောင်စွာ ထိတ်လန့်တကြား အော်မြည်လျက် ကောင်းကင်သို့ ပျ့တက်သွားလေသည်။ ထို့နောက် ငှက်သည် တောင်စောင်း တစ်နေရာဘက်သို့ ပျံသန်းသွားလေသည်။
" အန္တရာယ် ရှိနေပြီ "
တွန်ဂါတာက လက်ပြနည်းဖြင့် အချက်ပေးလိုက်ပြီး နှစ်ယောက်သား လုံးဝ မလှုပ်ဘဲ အသာ ငြိမ်နေ လိုက်ကြသည်။
ထိုအခိုက် ချုံပုတ်ကြားတစ်နေရာ၌ မသိမသာ လှုပ်ရှားမှုတစ်ခုလိုလို မြင်လိုက်ရလေသည်။ မရှေးမနှောင်း မှာပင် ခရိတ်သည် တစ်စုံတစ်ယောက် သစ်သားမီးခြစ်ခြစ်လိုက်သံကို ကြားလိုက်ရပြန်သည်။
သေချာစွာ ကြည့်လိုက်သောအခါ ချုံပုတ်တစ်ခုအတွင်း မသိမသာ ပေါ်ထွက်နေသော စစ်တပ်သုံး သံခမောက် တစ်လုံး၏ အပေါ်ပိုင်းကို သတိပြုမိလေသည်။ သံခမောက်ဆောင်းထားသူသည် စီးကရက်ကို ဖွာသောက် နေသဖြင့် အနည်းငယ် လှုပ်ရှားသွားပြန်သည်။ ထိုနေရာအနီးတွင် မီးခိုးများလည်း ရှိနေလေ သည်။
ခရိတ်သည် အခြေအနေမှန်ကို ရိပ်မိလိုက်ပြီဖြစ်သည်။ သံခမောက်ဆောင်း စစ်သားသည် မီးခိုးများ ဖန်တီး ထားသည့် အကာအကွယ်နောက်မှနေ၍ စက်သေနတ် ငယ်တစ်လက် ဆင်ထားသော နေရာတွင် ၀ပ်နေ ခြင်း ဖြစ်လေသည်။
စက်သေနတ်ငယ်ကို သုံးချောင်းထောက်ကိရိယာဖြင့် ထောက်ထားပြီး အဝေးမှမမြင်နိုင်အောင် လုံခြုံစွာ သစ်ခက် သစ်ရွက် များဖြင့် ဖုံးကွယ်ထားလေသည်။
" ရန်သူ ဘယ်လောက်များသလဲ "
တွန်ဂါတာက လက်ပြအချက်ပေး၍ မေးလိုက်သဖြင့် ခရိတ်လည်း ဂရုတစိုက် ကြည့်လိုက်သောအခါ ဒုတိယ မြောက် လူတစ်ယောက်ကို တွေ့ရပြန်လေသည်။
ထိုလူ သည် သစ်ပင်တစ်ပင်ကိုမှီ၍ ထိုင်နေညပီး သူ၏ဘေးနားတွင် အူဇီစက်သေနတ်တစ်လက် အသင့်ချ ထားသည်။ လူက ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင် ဗလကောင်းပြီး ၀တ်ထားသော ယူနီဖောင်းဝတ်စုံမှ တံဆိပ် အရ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်းလည်း သတိပြုမိသည်။
ခရိတ်က တွန်ဂါတာဘက်သို့ ရန်သူ နှစ်ယောက်ဟု လက်ပြ၍ ဆက်သွယ်အကြောင်းကြားမည် ပြုစဉ်မျာပင် ရန်သူ တပ်ကြပ်ကြီးသည် စီးကရက်ဘူးတစ်ဘူးထုတ်ယူ၍ တစ်စုံတစ်ယောက်အား လှမ်းပေးလိုက်သည်။
သည်တော့ မှပင် ခရိတ်သည်လည်း တတိယမြောက် လူတစ်ယောက်ကို တွေ့မြင်မိလေတော့သည်။ စောစော က ထိုလူသည် သစ်ပင်ရိပ်တွင် ပက်လက်လှဲအိပ်နေသဖြင့် ခရိတ်က ရုတ်တရက် မမြင်မိခြင်းဖြစ် လေသည်။
ထိုတတိယလူသည် ထထိုင်၍ စီးကရက်တစ်လိပ် ထုတ်ယူပြီး စီးကရက်ဘူးကို နောက်လူတစ်ယောက်ကို လှမ်းပေး လိုက်ပြန်သည်။ စတုတ္တမြောက် လူတစ်ယောက် ပေါ်လာပြန်ပေပြီ။
ဤတွင် ခရိတ်သည် တွန်ဂါတာအား -
" ရန်သူ လေးယောက် " ဟု လက်ပြအချက်ပေးလိုက်သည်။
ရန်သူလေးဦး ၏ အနေအထားကို ဂရုစိုက်၍ လေ့လာကြည့်လိုက်သောအခါ စက်သေနတ်တပ်ဖွဲ့ငယ်တစ်ခု အဖြစ် ဖန်တီးထားပြီးအလွယ်တကူ တိုက်ခိုက်ပစ်ခတ်နိုင်အောင် တောင်စောင်း ဆင်ခြေလျှောတွင် စနစ် တကျ နေရာယူထားကြောင်း သတိပြုမိလေသည်။
ဤကား ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ စိတ်ကူးဥာဏ်ပင် ဖြစ်တန်ရာသည်ဟုလည်း ခရိတ် တွက်မိလေသည်။
မိမိတို့ လေးဦး တောင်အောက် ဂူကြီးထဲတွင် ခိုအောင်းနေသည်ကို အတတ်သိသဖြင့် ဂူတွင်းမှ ထွက်ပေါက်များတွင် ယခုကဲ့သို့ စက်သေနတ်တပ်ဖွဲ့နေရာယူစေကာအသင့် စောင့်နေခြင်းဖြစ်ပေသည်။
စက်သေနတ်သမားသည် သေနတ်ပြောင်းကို တောင်အောက်ဘက်သို့ ချိန်ထားသည်ကိုလည်း ခရိတ်က သတိပြုမိ လေသည်။
ထိုအခိုက် တွန်ဂါတာသည်လည်း အခြေအနေကို လေ့လာသုံးသပ်ပြီးနောက် -
" ထိုးစစ်ဆင်တိုက်ရန် အသင့်ပြင် " ဟု လက်ပြ၍ ညွှန်ကြားလိုက်သည်။
ခရိတ်လည်း အသင့်ပြင်ဆင်လိုက်စဉ် တွန်ဂါတာကပင် ဆက်လက်၍ -
" လက်ယာဘက် ပန်းပြီးတက် " ဟု အချက်ပြရင်း ယင်းညွှန်ကြားချက် အရေးကြီးကြောင်း ထပ်ပြောလို သဖြင့် လက်သီးဆုပ် ပြလိုက်သည်။
ခရိတ် သည် သူ၏ လက်ထဲမှ ကျောက်တုံးကို အသင့်ဆုပ်ကိုင်ထားလိုက်သည်။
ထိုအချိန်၌ သူတို့သည် ရန်သူလေးဦးနှင့် အလွန်နီးကပ်နေပြီဖြစ်လေသည်။ စက်သေနတ်သမား သောက် နေသော စီးကရက် ထိပ်ဖျားကိုပင် ထင်ရှားစွာ မြင်နေရလေသည်။ ရန်သူလေးဦး၏ ဘေးနားတွင်လည်း စီးကရက် တိုများ၊ စည်သွတ် စားသောက်ဖွယ် ဘူးခွံများ ပြန့်ကျဲလျက်ရှိလေသည်။
ခရိတ် သည် ရန်သူလေးဦးစလုံးအား သေချာစွာ ကြည့်လိုက်ရာ တပ်ကြပ်ကြီးက သစ်ကိုင်းတိုတစ်ခုကို မောင်းချဓား ဖြင့် လှီးဖြတ်နေသည်ကို လည်းကောင်း၊ နောက်တစ်ဦးက အင်္ကျီချွတ်၍ သူ၏ကိုယ်တွင် သန်းရှာ သလို ငုံ့ကြည့်နေသည်ကိုလည်းကောင်း၊ မြင်ရလေသည်။ စက်သေနတ်သမား တစ်ဦးသာလျှင် အသင့် ရှိနေပုံရလေသည်။
တွန်ဂါတာသည် တိုက်ခိုက်ရန် အသင့်ပြင်လျက် ချသ်းကပ်လာလေသည်။
" အသင့်ဖြစ်ပြီလား "
တွန်ဂါတာက လက်ပြ၍ မေးရာ၊ ခရိတ်ကလည်း -
" အသင့်ဖြစ်ပြီ"ဟု ပြန်အချက်ပေးလိုက်သည်။
တွန်ဂါတာ သည် လက်တစ်ဖက်ကို မြှောက်ထားရာမှ အောက်သို့ လျင်မြန်စွာ ချလိုက်သည်။
ဤကား စတင်တိုက်ခိုက်ရန် အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ခရိတ်သည် လျင်မြန်စွာ လှုပ်ရှားလျက် သူ့ကိုယ်သူ လှိမ့်ပြီး မောင်းချဓားနှင့် လူဆီသို့ အတင်းဝင်ကာ ထိုလူ ၏ နားထင်သို့ ကျောက်တုံးဖြင့် တအားပစ်ထုလိုက်သည်။ အလစ်တွင် ခံလိုက်ရသဖြင့် ထိုလူသည် အရုပ်ကြိုးပြတ် လဲကျသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် တွန်၈ါတာက စက်သေနတ်သမားအား နောက်မှ ၀င်လုံးတိုက်ခိုက်လေသည်။
ခရိတ် လည်း အူဇီစက်သေနတ်ကို လျင်မြန်စွာ ကောက်ကိုင်၍ ချိန်ထားလိုက်သည်။
----------------------------------------
ဆက်ရန်
.

3 comments:
Thanks.
Ray
ဖတ်သွားပြီအမရေ။ အဆက်လေး မျှော်နေတယ်
ကျေးဇူးပါနော်။
ဖတ်ပြီးသွားပြီ၊ ကျေးဇူးတင်ပါတယ်။
Post a Comment