" ကျုပ်တို့ ကင်းဗတ် အိတ်တွေနဲ့ ကြိုးခွေကို ဒီမျာပဲ ထားခဲ့ရင် ကောင်းမယ်။ နောက်မှ လိုအပ်ရင် ဒီမှာ လာယူနိုင် တာပေါ့ "
ခရိတ်ကပြောရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။
သူသည် တကယ်ပင် အားအင်ချည့်နဲ့လျက်ရှိရာ ကြာရှည် မတ်တတ်ရပ်ရန်ပင် ခဲယဉ်းနေလေသည်။ ထို့ကြောင့် ပြန်ထိုင်ချလိုက်ပြီး ထွက်ပေါက်ရှိရာဘက်သို့ လေးဘက်ထောက် တွား၍ သွားရန် ကြိုးစားပြန် လေသည်။
ဆယ်လိက ရေနံဆိမီးအိမ်တစ်ခု လှမ်းပေးသဖြင့် ခရိတ်သည် မီးအိမ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လိုဏ်ခေါင်း ပေါက်ထဲသို့ တွားဝင်သွားလေသည်။
ဝင်ဝင်ချင်းလမ်းက အလွန်ကျဉ်းမြောင်းပြီး အမိုးက နိမ့်သော်လည်း ပေငါးဆယ်ခန့် သွားမိသောအခါ မျက်နှာ ကျက်အမိုးက မြင့်လာသဖြင့် မတ်တတ်ထ၍ လာလေသည်။ နောက်ထပ် ပေတစ်ရာခန့် သွား လိုက်သော အခါ ပို၍ပင် မြင့်လာလေသည်။
ထိုအချိန်၌ ကျန်သူ သုံးဦးတို့သည်လည်း သူ၏ နောက်မှ ဆယ်လီလိုက်လာပြီဖြစ်သည်။
သူတို့သည် လိုဏ်ခေါင်းလမ်းကျသ်းကလေးဆုံး၍ အပြင်ဘက်သို့ ရောက်လာကြပြီဖြစ်ရာ ပတ်ဝန်းကျင် ရှုခင်းသစ် ကို လေးယောက်စလုံး တံ့တသြ လှည့်ပတ်ကြည့်နေမိကြလေသည်။
" လှလိုက်တာနော် "
ဆယ်လီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရာမှ ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။ သူမသည် ခရိတ် ထံမှ ရေနံဆီမီးအိမ်ကို ယူ၍ ကိုင်မြှောက်ကြည့်နေပြန်သည်။
သူတို့ ရောက်ရှိလာသော နေရာကား လျှပ်စစ်မီးလုံးပေါင်း ရာထောင်မက ထွန်းလင်းနေသကဲ့သို့ရှိသော ကျောက်ဂူ ခန်းကျယ်ကြီးတစ်ခု ဖြစ်လေသည်။
သကြားကဲ့သို့ အပွင့်ငယ်များဖြစ်နေသော ကယ်လစီယမ်ခေါ် ထုံးကျောက်ဓာတ်အစိုင်အခဲကလေးများသည် ရှေးပဝေသဏီ နှစ်ပေါင်းများစွာက မြေကြီးပေါ်သို့ ကျရောက်နေရာမှ နှစ်ပရိစ္ဆေဒ ကြာမြင့်လာသောအခါ ကျောက်တုံး များကပင် အရောင်တဖျပ်ဖျပ် လက်နေသည်ဟု ထင်ရလေသည်။
အချို့နေရာများတွင် ပန်းပုပညာရှင်တို့၏ လှပသော ပန်းပုလက်ရာ ရုပ်များနှင့်လည်း တူနေသည်။ ဂူ၏ နံရံ များတွင် အချို့သော ထုံးကျောက်အစိုင်အခဲများက ချန်ဒီလီယာခေါ် ရှေးခေတ် အိမ်ကြီး အိမ်ကောင်း များတွင် သုံးသည့် မျက်နှာကျက်မှ ဆွဲထားရသော ဖန်သားမီးတိုင်ကြီးများနှင့် တူနေ တော့သည်။ နံရံ တစ်လျှောက် ရှိ သဘာဝ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့်တူသည့် ပုံပန်းသဏ္ဍာန် အမျိုးမျိုး ကလည်း အံ့သြ ငေးမော ဖွယ်ရာ ဖြစ်နေလေသည်။
သူတို့လေးဦးသည် လူချင်းခွဲရမှာ ကြောက်သကဲ့သို့ အချင်းချင်း နီးကပ်စွာဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့ ဆက် သွားကြ လေသည်။
ကျယ်ဝန်းသော ဂူကြီး၏ အလယ်ဗဟိုတွင်ကား လူတို့၏ လက်ဖြင့် ပြုလုပ်ထားသည့် လက်ရာများကို တွေ့ရ လေ သည်။
ဇာတ်ခုံကဲ့သို့ ပလက်ဖောင်းစင်မြင့်တစ်ခုရှိရာ ရှေးခေတ်လူသားများ ပူဇော်ကိုးကွယ်သည့် ဘုရားစင်လိုလို ယဇ်ပလ္လင်လိုလို ခပ်ဆင်ဆင် တူနေပေသည်။
ယင်းစင်မြင့် ယဇ်ပလ္လင်ပေါ်တွင် ကျားသစ်ရေဖြင့် ဖုံးအုပ်ထားသော လူတစ်ယောက်၏ ရုပ်အလောင်းကို တွေ့ရ လေသည်။ ထိုလူ၏ ခြေနှစ်ဖက်ကိုလည်း ရင်ဘတ်ပေါ်သို့ ကွေး၍ တွဲကပ်ထားလေသည်။
" ဘုရင်လိုဘင်ဂူလာအစစ်ပင် ဖြစ်ပေသည်တကား။ လိုဘင်ဂူလာသည် ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်း ရှိသော လေနှင့်တူသောသူ ဖြစ်သည်ပါတကား "
ဤသို့ ပါးစပ်မှ ရေရွတ်ယင်း တွန်ဂါတာသည် ဒူးတစ်ဖက်ထောက်၍ အရိုအသေပြုလိုက်သည်။
ရုပ်အလောင်းတွင် လိုဘင်ဂူလာ၏ လက်များသည် ဒူးဆစ်များအပေါ် ဆုပ်ကိုင်ထားလျက်ရှိပြီး ရှေးဟောင်း အီဂျစ်ပြည် ၌ လူသေအလောင်းများ ကြာရှည်ခံအောင် မံမီလုပ်ထားသလို ဆေးဖြင့် စီရင်ထားသဖြင့် ညိုမည်း နေလေသည်။
ထူးဆန်းသည်ကား လိုဘင်ဂူလာဘုရင်၏ လက်သည်းများသည် သေပြီးသည့် နောက်ပိုင်းကျမှ ထပ်၍ ရှည် ထွက်လာပုံရခြင်းပင်ဖြစ်သည်။ လက်သည်းများရှည်ပြီး ကောက်နေပုံက သားရဲတိရစ္ဆာန်တစ်ကောင်၏ လက်နှင့် တူပြီး ကြောက်စရာပင် ကောင်းနေသည်ဟု ဆိုရပေမည်။
ခရိတ်ကပြောရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။
သူသည် တကယ်ပင် အားအင်ချည့်နဲ့လျက်ရှိရာ ကြာရှည် မတ်တတ်ရပ်ရန်ပင် ခဲယဉ်းနေလေသည်။ ထို့ကြောင့် ပြန်ထိုင်ချလိုက်ပြီး ထွက်ပေါက်ရှိရာဘက်သို့ လေးဘက်ထောက် တွား၍ သွားရန် ကြိုးစားပြန် လေသည်။
ဆယ်လိက ရေနံဆိမီးအိမ်တစ်ခု လှမ်းပေးသဖြင့် ခရိတ်သည် မီးအိမ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လိုဏ်ခေါင်း ပေါက်ထဲသို့ တွားဝင်သွားလေသည်။
ဝင်ဝင်ချင်းလမ်းက အလွန်ကျဉ်းမြောင်းပြီး အမိုးက နိမ့်သော်လည်း ပေငါးဆယ်ခန့် သွားမိသောအခါ မျက်နှာ ကျက်အမိုးက မြင့်လာသဖြင့် မတ်တတ်ထ၍ လာလေသည်။ နောက်ထပ် ပေတစ်ရာခန့် သွား လိုက်သော အခါ ပို၍ပင် မြင့်လာလေသည်။
ထိုအချိန်၌ ကျန်သူ သုံးဦးတို့သည်လည်း သူ၏ နောက်မှ ဆယ်လီလိုက်လာပြီဖြစ်သည်။
သူတို့သည် လိုဏ်ခေါင်းလမ်းကျသ်းကလေးဆုံး၍ အပြင်ဘက်သို့ ရောက်လာကြပြီဖြစ်ရာ ပတ်ဝန်းကျင် ရှုခင်းသစ် ကို လေးယောက်စလုံး တံ့တသြ လှည့်ပတ်ကြည့်နေမိကြလေသည်။
" လှလိုက်တာနော် "
ဆယ်လီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရာမှ ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။ သူမသည် ခရိတ် ထံမှ ရေနံဆီမီးအိမ်ကို ယူ၍ ကိုင်မြှောက်ကြည့်နေပြန်သည်။
သူတို့ ရောက်ရှိလာသော နေရာကား လျှပ်စစ်မီးလုံးပေါင်း ရာထောင်မက ထွန်းလင်းနေသကဲ့သို့ရှိသော ကျောက်ဂူ ခန်းကျယ်ကြီးတစ်ခု ဖြစ်လေသည်။
သကြားကဲ့သို့ အပွင့်ငယ်များဖြစ်နေသော ကယ်လစီယမ်ခေါ် ထုံးကျောက်ဓာတ်အစိုင်အခဲကလေးများသည် ရှေးပဝေသဏီ နှစ်ပေါင်းများစွာက မြေကြီးပေါ်သို့ ကျရောက်နေရာမှ နှစ်ပရိစ္ဆေဒ ကြာမြင့်လာသောအခါ ကျောက်တုံး များကပင် အရောင်တဖျပ်ဖျပ် လက်နေသည်ဟု ထင်ရလေသည်။
အချို့နေရာများတွင် ပန်းပုပညာရှင်တို့၏ လှပသော ပန်းပုလက်ရာ ရုပ်များနှင့်လည်း တူနေသည်။ ဂူ၏ နံရံ များတွင် အချို့သော ထုံးကျောက်အစိုင်အခဲများက ချန်ဒီလီယာခေါ် ရှေးခေတ် အိမ်ကြီး အိမ်ကောင်း များတွင် သုံးသည့် မျက်နှာကျက်မှ ဆွဲထားရသော ဖန်သားမီးတိုင်ကြီးများနှင့် တူနေ တော့သည်။ နံရံ တစ်လျှောက် ရှိ သဘာဝ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့်တူသည့် ပုံပန်းသဏ္ဍာန် အမျိုးမျိုး ကလည်း အံ့သြ ငေးမော ဖွယ်ရာ ဖြစ်နေလေသည်။
သူတို့လေးဦးသည် လူချင်းခွဲရမှာ ကြောက်သကဲ့သို့ အချင်းချင်း နီးကပ်စွာဖြင့် ဖြည်းဖြည်းချင်း ရှေ့သို့ ဆက် သွားကြ လေသည်။
ကျယ်ဝန်းသော ဂူကြီး၏ အလယ်ဗဟိုတွင်ကား လူတို့၏ လက်ဖြင့် ပြုလုပ်ထားသည့် လက်ရာများကို တွေ့ရ လေ သည်။
ဇာတ်ခုံကဲ့သို့ ပလက်ဖောင်းစင်မြင့်တစ်ခုရှိရာ ရှေးခေတ်လူသားများ ပူဇော်ကိုးကွယ်သည့် ဘုရားစင်လိုလို ယဇ်ပလ္လင်လိုလို ခပ်ဆင်ဆင် တူနေပေသည်။
ယင်းစင်မြင့် ယဇ်ပလ္လင်ပေါ်တွင် ကျားသစ်ရေဖြင့် ဖုံးအုပ်ထားသော လူတစ်ယောက်၏ ရုပ်အလောင်းကို တွေ့ရ လေသည်။ ထိုလူ၏ ခြေနှစ်ဖက်ကိုလည်း ရင်ဘတ်ပေါ်သို့ ကွေး၍ တွဲကပ်ထားလေသည်။
" ဘုရင်လိုဘင်ဂူလာအစစ်ပင် ဖြစ်ပေသည်တကား။ လိုဘင်ဂူလာသည် ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်း ရှိသော လေနှင့်တူသောသူ ဖြစ်သည်ပါတကား "
ဤသို့ ပါးစပ်မှ ရေရွတ်ယင်း တွန်ဂါတာသည် ဒူးတစ်ဖက်ထောက်၍ အရိုအသေပြုလိုက်သည်။
ရုပ်အလောင်းတွင် လိုဘင်ဂူလာ၏ လက်များသည် ဒူးဆစ်များအပေါ် ဆုပ်ကိုင်ထားလျက်ရှိပြီး ရှေးဟောင်း အီဂျစ်ပြည် ၌ လူသေအလောင်းများ ကြာရှည်ခံအောင် မံမီလုပ်ထားသလို ဆေးဖြင့် စီရင်ထားသဖြင့် ညိုမည်း နေလေသည်။
ထူးဆန်းသည်ကား လိုဘင်ဂူလာဘုရင်၏ လက်သည်းများသည် သေပြီးသည့် နောက်ပိုင်းကျမှ ထပ်၍ ရှည် ထွက်လာပုံရခြင်းပင်ဖြစ်သည်။ လက်သည်းများရှည်ပြီး ကောက်နေပုံက သားရဲတိရစ္ဆာန်တစ်ကောင်၏ လက်နှင့် တူပြီး ကြောက်စရာပင် ကောင်းနေသည်ဟု ဆိုရပေမည်။
သေဆုံးချိန်က လိုဘင်ဂူလာသည် သားမွေးငှက်တောင်များဖြင့်ညပီးသော ဥိးခေါင်းဆောင်တစ်မျိုး ဆောင်းထား ခဲ့ဟန် တူပေသည်။ သို့သော် ယခုတော့မူ ဥိးခေါင်းဆောင်းမှာ ပြုတ်ကျပြီး သူ၏ဘေးနားတွင် ကျနေ လေသည်။ ငှက်တောင်များ၏ အပြာရောင် အသွေးသည် ယခုတိုင်အောင်ပင် လတ်ဆတ်နေပုံက အံ့သြဖွယ်ရာ ပင် ဖြစ်နေတော့သည်။
လိုဘင်ဂူလာ၏ ရုပ်အလောင်းကို စင်မြင့်ပေါ် နေရာချထားပုံမှာ အပေါ်မျက်နှာကျက်ဆိမှ ရေစိမ့်ကျနေရာ တည့်တည့် တွင် ချထားကြောင်း သတိပြုမိကြလေသည်။
သူတို့လေးဦး ရပ်ကြည့်နေချိန်မှာပင် ရေစက်တစ်စက်အပေါ်မှ ကျလာပြီး ဘုရင့်အလောင်း၏ နဖူးပြင်တည့် တည့်သို့ ကျသွားလေသည်။ နဖူးပြင်မှ တစ်ဆင့် ရေအကြွင်းအကျန်များ မျက်နှာကျက်မှ စီးကျသွားပုံမှာ မျက်ရည်ကျ သကဲ့သို့ ထင်ရပေသည်။
နှစ်ရှည်လများ ရေစက်များကျခဲ့ပုံအရဆိုလျှင် ရေစက်ပေါင်းများစွာ သန်းချီ၍ ကျခဲ့ပြီး ဖြစ်ရပေမည်။ ရေစက် တစ်စက်ကျတိုင်း ရေတွင်းပါဝင်သည့် ကယ်လစီယမ်ထုံးဓာတ်အနည်းငယ်သည်လည်း ဘုရင်၏ နဖူးတွင် ကျ ကျန်ရစ် ကြောင်း ထင်ရှားပေသည်။
ဤနည်းအားဖြင့် ဘုရင်လိုဘင်ဂူလာ၏ ရုပ်ကလာပ်သည် ထုံးကျောက်များကြောင့် ဖြစ်မည်၊ တဖြည်းဖြည်း ကျောက်ရုပ်အသွင်သို့ ပြောင်းလဲလာခဲ့လေသည်။ ယခုပင်လျှင် ဦးခေါင်းသည် ထုံးကျောက်များဖြင့်ပြီးသည့် ကျောက်ရုပ် အသွင် ဖြစ်နေပေပြီ။
ရုတ်တရက် ကြည့်လိုက်လျှင် အဖြူရောင်ကျောက်သား မျက်နှာဖုံးတစ်ခုစွပ်ထားသကဲ့သို့ ထင်ရသည်။ သို့သော် ပါးစပ်ပေါက်နေရာမှ သူ၏ ဖြူဖွေးသော သဘာဝသွားများက ညီညာစွာရှိလျက် ပြုံးဖြဲဖြဲနှင့် ကြည့်နေသလို အသွင်မျိုးဖြစ်နေလေသည်။
ယင်းမြင်ကွင်းမှာ အလွန်စိတ်တုန်လှုပ် ချောက်ချားဖွယ် ကောင်းနေလေရာ အထူးသဖြင့် ဆာရာခမျာ တိုင်းရင်းသူ ပီပီ အယူသီးမှု ထိတ်လန့်တုန်လှုပ်မှုပြင်းစွာဖြစ်ပေါ်လျက်ဆယ်လီ၏ လက်တစ်ဖက်ကို တင်းကျပ် စွာ ဆုပ်ကိုင်ထားပြီး နေရရှာသည်။
ဆယ်လီကလည်း အားပေးသည့်အနေဖြင့် ဆာရာ၏ လက်ကို ပြန်၍ ဆုပ်ကိုင်ထားလိုက်သည်။
ခရိတ်သည် ရေနံဆီမီးအိမ်ကို လူသေအလောင်း၏ ဦးခေါင်းပေါ်သို့ ကိုင်မြှောက်၍ ကြည့်ရာမှ မီးအိမ်ကို ပြန်ချ ထားလိုက်သည်။
လိုဘင်ဂူလာ၏ ရုပ်အလောင်း ရှေ့တည့်တည့် စင်မြင့် သို့မဟုတ် ယဇ်ပလ္လင်ရှေ့နားတွင် အရာဝတ္ထုငါးခု ချ ထားသည်ကို တွေ့ရလေသည်။ ယင်းတို့အနက် လေးခုမှာ ဘီယာအိုး လေးလုံးပင်ဖြစ်သည်။
ဘီယာအိုး များမှာ ရွှံ့စေးကို လက်ဖြင့် ပုံသွင်းပြုလုပ်ထားခြင်းဖြစ်ညပီး အိုး၏ အပေါ် (လည်ပင်း) နားတွင် ဒီဇိုင်းပုံများ ဖန်တီးပြုလုပ်ထားလေသည်။ အိုးများ၏ ထိပ်ဝကိုကား ဆိတ်သားရေဖြင့် အလုံပိတ်ဆို့ ထားလေ သည်။
ပဉ္စမမြောက် အရာဝတ္တုကား မြင်းကျားသားရေဖြင့် ချုပ်ထားသည့် အိတ်တစ်အိတ် ဖြစ်လေသည်။
ခရိတ်သည် ထိုအိတ်ကို စိုက်ကြည့်ရာမှ တွန်ဂါတာအား လှမ်းကြည့်လိုက်လေသည်။
" သူငယ်ချင်း တွန်ဂါတာ၊ သူငယ်ချင်းဟာ ဘုရင်လိုဘင်ဂူလာရဲ့ တိုက်ရိုက်အနွယ်တစ်ဦးဖြစ်တယ်။ ဒါကြောင့် ဒီဂူတွင်းက ပစ္စည်းမှန်သမျှကို သူငယ်ချင်းကသာ ထိပိုင် ကိုင်ပိုင်ခွင့်ရှိတယ် "
ခရီတ်က ပြောလိုက်ချိန်တွင် တွန်ဂါတာသည် ဒူးထောက်လျက်ပင် ရှိသေးပြီး ရုတ်တရက် ဘာမှ ပြန်မပြော ချေ။ သူ၏ မျက်လုံးများက လိုဘင်ဂူလာ၏ ဦးခေါင်းကိုသာ ငေးကြည့်ပြီးမှ ပါးစပ်မှလည်း ခပ်တိုးတိုး ရေရွတ် ဆုတောင်း နေလေသည်။
ခရစ်ယာန် ဘုရားသခင်ကို တိုင်တည်ဆုတောင်းနေခြင်းပေလောဟု ခရိတ်က တွေးမိလေသည်။ သို့တည်း မဟုတ် သူ၏ ဘိုးဘေးဘီဘင် အနွယ်တော်များကို တိုင်တည် ဆုတောင်းနေလေသလော။
ဆယ်လီသည် သွားချင်းရိုက်မိအောင် ချမ်းနေဆဲပင် ရှိနေရှာလေသည်။ ဆာရာသည်လည်း အအေးဒဏ် ကြောင့် ခိုက်ခိုက်တုန်နေရှာလေရာ ခရိတ်သည် မိန်းကလေးနှစ်ဦး၏ ပခုံးကို ဖက်ထားလိုက် လေသည်။
တွန်ဂါတာသည် ဒူးထောက်နေရာမှ မတ်တတ်ထလိုက်ပြီး စင်မြင့် (ယဇ်ပလ္လင်)အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလေသည်။
" အို ... အရှင်ဘုရင်မင်းမြတ် လိုဘင်ဂူလာ၊ ကျွန်ုပ်သည် အရှင့်အား ယခု မြင်ရပါ၏။ ကူမာလို၏ သားတော် ဖြစ်သော ကျွန်ုပ်သည် ယခု သင့်အား လေးစားစွာဖြင့် နှုတ်ခွန်းဆက်သပါ၏။ ကျွနင်္ုပ်သည် ဆင်မဆင် ကူမာ လို ဖြစ်ပါ၏။
ဤနေရာတွင် တွန်ဂါတာသည် သူတို့၏ ရိုးရာတိုင်းရင်းသား မာတာဘယ်လီတို့၏ မူလနာမည် ဆမ်ဆင် ကူမာလို ဟု သုံးလိုက်ခြင်းပင်ဖြစ်သည်။
" အကယ်၍ ကျွန်ုပ်သည် သင် ကြိုတင်ဟောကိန်းထုတ်ခဲ့သော အတိတ်တဘောင်ထဲမှ ကျားသစ်ငယ် ဖြစ်ပါမူ ကျွန်ုပ်အား အရှင်က ကူညီစောင့်ရှောက်ပါလော့။ ကူညီစောင့်ရှောက်ရန် ပန်ကြားပါ၏။ တစ်ဖန် ကျွန်ုပ် သည် ကူညီစောင့်ရှောက်ပလော့။ ကူညီစောင့်ရှောက်ရန် ပန်ကြားပါ၏။ တစ်ဖန် ကျွန်ုပ်သည် တဘောင် ထဲမှ ကျားသစ်ငယ် မဟုတ်ပါက ကျွန်ုပ်၏ လက်ကို ချေမငန်းဖျက်ဆီးပစ်ပါလော့။ အရှင်တို့၏ မာရှိုဘာနီ မျိုးရိုးအနွယ်တော်များသာ ပိုင်ဆိုင်ခွင့်ရှိသော ဤရတနာများအား လာရောက် ထိကိုင် သည့်အတွက် အပြစ်ဒဏ် ခတ်လိုက်ပါလော့ "
ပြောပြော ဆိုဆို တွန်ဂါတာသည် လက်တစ်ဖက်ငြဖ့် ဘီယာအိုးတစ်လုံးကို အသာထိလိုက်သည်။
ခရိတ်သည် ရင်တမမနှင့် ငေးကြည့်နေမိလေသည်။
ရှေ့လျှောက် ဘာတွေဖြစ်လာဦးမည်နည်း။
သေဆုံးနေပြီးသော ဘုရင်လိုဘင်ဂူလာ၏ ရုပ်အလောင်းက ထ၍ စကားပြန်ပြောလေမည်လော။
တိတ်ဆိတ်ငြိမ်သက် နေသည့်ကြားမှ တွန်ဂါတာသည် နောက်လက်တစ်ဖက်ဖြင့် ဘီယာအိုးကို ကိုင်လိုက် ပြန်သည်။ ထို့နောက် လက်များကိုမြှောက်၍ ကွယ်လွန်သူဘုရင် လိုဘင်ဂူလာအား အလေးပြုလိုက်သည်။
ထိုအခိုက် တစ်စုံတစ်ခု ကွဲရှသံလိုလို ကြားလိုက်ရပြီး ရွှံ့စေးဖြင့် လုပ်ထားသော ဘီယာအိုးသည် အက်ကွဲ ကာ အောက်ခြေမှပွင့်ထွက်လာပြီး ပြောင်လက်သောအရာဝတ္တုငယ်များ ထွက်ကျလာလေသည်။
စိန်ရတနာ များပင်ဖြစ်ပြီး ရေနံဆီမီးအိမ်၏ အလင်းရောင်တွင် အရောင် ဖျပ်ဖျပ်လက်လျက် အလွန် အံ့သြဖွယ် ကောင်းလောက်အောင် စိန်များ စုပုံနေလေတော့သည်။
-----------------------------
အခန်း (၄၂)
" ဒါလောက်များလှတဲ့ ပစ္စည်းတွေက စိန်တွေချည်း ဟုတ်မယ်မထင်ဘူးရှင့်။ အရောင်လက်နေတဲ့ ကျောက် တုံးကလေးတွေနဲ့ တူတယ် "
ဆယ်လီက အလွန်အံ့သြစွာနျင့် ခပ်တိုးတိုး ပြောလိုက်သည်။
သူတို့သည် ဘီယာအိုးလေးလုံးစလုံးကို သွန်ချလိုက်ပြီး မြင်းကျားသားရေဖြင့် ပြုလုပ်ထားသည့် အိတ်ကိုပါ သွန်ချ လိုက်ပြီး အမြောက်အမြား စုပုံနေသော ကျောက်များကို ငေးမောကြည့်နေမိကြလေသည်။
အားလုံး ငြိမ်သက်နေရာမှ ခရိတ်က စတင်၍ စကားပြောလေသည်။
" တစ်ခုတော့ သေချာတယ်။ ဘီယာအိုးတစ်လုံးဟာ တစ်ဂါလန်ဝင်အိုးဖြစ်တယ်လို့ တဘောင်မျာဆိုထားတာ မှားတယ်။ ငါ အကဲခတ်ကြည့်ရသလောက် အိုးတွေက တစ်ဂါလန်မရှိဘူး။ အလွန် ဆုံး တစ်ပိုင့်လောက်ပဲ ရှိမယ် "
" ဘာပဲဖြစ်ဖြစ်လေ အိုးတစ်လုံးဟာ တစ်ပိုင့်ပဲ ရှိတယ်ထားဦး၊ ငါးပိုင့်လောက်ရှိတဲ့ စိန်တွေဆိုတာ နည်း သလားဗျ "
တွန်ဂါတာက ပြန်ပြောလိုက်သည်။
ထိုအတောအတွင်း သူတို့သည် လှေကား၏ အပေါ်ပိုင်းမှ သစ်သားအချို့ကို ဖြုတ်ယူပြီး မိးဖိုထားလိုက်သဖြင့် အနွေး ဓာတ် ရရှိနေကြပြီဖြစ်သည်။
" တကယ်လို့ ဒါတွေက စိန်ရတနာ တကယ်ဖြစ်ရင်တော့ ဟုတ်တာပေါ့ "
ဆယ်လီက သံသယရှိဟန်ဖြင့် ပြောလိုက်ရာ ခရိတ်က -
" ဒါတွေ အားလုံးဟာ စိန်အစစ်တွေပဲကွဲ့။ အခု မြင်ရတဲ့ ကျောက်အားလုံးဟာ စိန်တွေချည်းပဲ။ ဟောဒီမယ် ကြည့် "ဟု ပြောပြောဆိုဆို သူသည် စိန်တစ်လုံးကို ကောက်ယူလိုက်သည်။
ထို့နောက် ထိုစိန်ကို မီးအိမ်၏ မှန်ပြောင်းတွင် အသာကပ်၍ ဆွဲလိုက်ရာ ကျွီခနဲ အသံမြည်သွားပြီး မှန်သား တွင် ထင်ရှားသော အစင်းကြီးတစ်ခု ဖြစ်သွားသည်။
" ကိုင်း ... မြင်ကြပြီမဟုတ်လား။ အဲဒါ စိန်အစစ်ဖြစ်ကြောင်း သေချာစေတဲ့ အထောက်အထားပဲ "
ခရိတ် က ပြောလိုက်လဆင် ဆယ်လီသည် အလွန်အံ့သြလျက် အသေးဆုံး စိန်တစ်လုံးကို ကောက်ယူလိုက် သည်။
" စိန်အစစ် က ဒါလောက်ပဲ ကြီးကြီးရှိလို့လားရှင့်။အခု ဟောဒိ အသေးဆုံးက ကျွန်မ လက်ညှိုးထိပ်ထက် ကြီးနေ သေးတယ် "
" ဒီလို ဖြစ်လိမ့်မယ်၊ ဟိုခေတ်က မာတာဘယ်လီ အလုပ်သမားကြီးတွေက အကြီးဆုံး စိန်တုံးတွေကိုမှ ရွေးယူ လာခဲ့တာ ဖြစ်လိမ့်မယ်။ နောက်တစ်ချက် စဉ်းစားဖို့က ဒါတွေက စိန်ရိုင်းတုံးတွေ ဖြစ်တဲ့အတွက် အချောကိုင် သွေးရာမှာ ခြောက်ဆယ်ရာခိုင်နှုန်းလောက် လျော့သွားမယ်ဆိုတဲ့ အချက်ပဲ။ အခု မင်း လက်ထဲ က စိန်တုံး ဆိုရင် အချောသွေးလိုက်တဲ့အခါ ပဲစေ့တစ်စေ့အရွယ်လောက်ပဲ ကျန်လိမ့်မယ် "
ခရိတ်က ရှင်းပြလိုက်သည်။
" အရောင်တွေကလည်း အမျိုးမျိုးပဲနော် "
တွန်ဂါတာက ၀င်၍ မှတ်ချက်ချလိုက်သည်။
တကယ်လည်း စိန်တွေက အရောင်အသွေးအမျိုးမျိုး ဖြစ်နေလေသည်။ အချို့က သံပရာသီးမှည့် အရောင် ဖြစ်ပြီး၊ အချို့က အ၀ါရင့် ဖြစ်နေသည်။ အခြား အရောင်အမျိုးမျိုးလည်း ရှိလေသည်။
" ဟောဒါ ကိုလည်း ကြည့်ကြပါဦးရှင့် "
ဆယ်လီ က ခရမ်းရောင်အရင့်ရှိသော စိန်တစ်လုံးကို ကောက်ယူရင်း ပြောလိုက်သည်။
" နောက်ပြီး ဟောဒါကိုလည်း ကြည့်ကြပါဦး "
သူမက ကြက်သွေးရောင်အရင့် ကျောက်တစ်လုံးကို ပြပြန်သည်။
" ဒါလည်း ကြည့်ဦးလေ "
သည်တစ်ခါတော့ သူမသည် အစိမ်းရောင် ကျောက်တစ်လုံးကို ယူပြလေသည်။
ထို့နောက် ဆယ်လီသည် ရောင်စုံကျောက်များ တစ်လုံးစီ ရွေးယူ၍ သူမ၏ ရှေ့တွင် စီချထားလိုက်သည်။
" သိပ်လှတာပဲနော် "
ပြောရင်းနှင့် သူမသည် ကျောက်များကို အရွယ်အစားနှင့် အရောင်အသွေးအလိုက် ရွေးချယ်ပြီး စီနေပြန် သည်။ တစ်ဖန် အ၀ါရောင်၊ ရွှေရောင်ကျောက်များကို တစ်တန်းစီပြီး အနီနှင့် ပန်းနုရောင် ကျောက်များကို နောက် တစ်တန်း စီထားလိုက်သည်။
ဤတွင် ခရိတ် က စိန်အကြောင်း ရှင်းပြလေသည်။
" စိန်ရိုင်းဆိုတာက သဘာဝ အရောင်အသွေးထဲက ဘာအရောင်မဆို ရှိတတ်တယ်။ ဆယ့်လေးရာစုနှစ် တုန်းက ကမ္ဘာ့အနှံ့အပြားလှည့်ခဲ့တဲ့ ခရီးသည် ဂျွန်မန်ဒီဗေးလ် ဆိုသူက သူ့မှတ်တမ်းရေးရာမှာ စိန်ရဲ့ ထူးခြားချက် တစ်ခုက တခြား ကျောက်မျက်ရတနာတွေရဲ့ အရောင်အသွေးကို စိန်ရိုင်းဘ၀မှာ အတု ယူတတ် တဲ့ သဘာဝရှိတယ်လို့ ရေးသားခဲ့ဖူးတယ်။ နောက်တစ်ခုက စိန်ကို အချောကိုင်သွေးလိုက်ရင် ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်လာနိုင်တယ်တဲ့။ ဥပမာ စတုရန်းပုံကစပြီး အောက်တာဟီဒရွန်ပုံအထိ ဖြစ်လာနိုင် တယ်"
" အမယ်လေး အရေးထဲ ရှင်က စကားလုံးခက်ခက်တွေ ထည့်ပြောနေပြန်ပါပြီ။ အောက်တာဟီဒရွန်ဆိုတာ က ဘာများ လဲရှင့်။ ကျွန်မတော့ ကြားတောင် မကြားဖူးပါဘူး "
ဆယ်လီက ပြုံး၍ ပြောလိုက်ရာ ခရိတ်က ခပ်တည်တည်နျင့် -
" အောက်တာဟီဒရွန်ဆိုတာ ဘေးနှစ်ဖက်က တြိဂံပုံသဏ္ဍာန်ရှိပြီး အပေါ်ကတော့ ပိရမစ်ပုံသဏ္ဍာန် နှစ်ခု ရှိတဲ့ အရာဝတ္ထုပဲ" ဟု ပြောလိုက်သည်။
" နေပါဦး၊ ရှင်က ဒါတွေ ဘယ်လိုလုပ်ပြီး သိနေတာလဲဟင် "
" ငါ စာအုပ်တစ်အုပ်ရေးခဲ့တာ မှတ်မိတယ်မဟုတ်လား။ အဲဒီစာအုပ် တစ်ဝက်နီးပါးလောက်က အာဖရိက တိုက် စိန်တွေအကြောင်း ပါတယ်လေကွာ "
" ဟုတ်ကဲ့ ဒါလောက်ဆိုရင် တော်လောက်ပါပြီ "
" မတော်ချင်သေးရင်လည်း ငါက ဆက်ပြီး ပြောပြနိုင်သေးတယ်။ စိန်ဆိုတာဟာ အလင်းရောင်ကို ထောင့် အမျိုးမျိုး ဖန်တီးဖြစ်ပေါ်စေနိုင်တာမို့ တော်တော် ထူးဆန်းတယ် "
" တော်ပါတော့ရှင် "
ဆယ်လီက ဤသို့ ပြောလိုက်သော်လည်း သူမ၏ မျက်နှာအမူအရာက စိန်တွေကို စိတ်ဝင်စား နေသေးပုံ ရသဖြင့် ခရိတ်က စကားဆက်လေသည်။
" စိန်ရဲ့ တောက်ပြောင်လှပမှုကတော့ တကယ် အံ့သြဖို့ကောင်းတယ်။ တစ်ခုပဲရှိတာက ရှေးခေတ် လူတွေ က စိန်ရိုင်းကို အရောင်အသွေး အကောင်းဆုံးဖြစ်လာအောင် သွေးယူတဲ့ အတတ်ပညာ မတတ်ခဲ့ကြဘူး။ ဒါကြောင့် ရှေးခေတ်က ရောမလူမျိုးတွေဟာ ပုလဲရတနာကို ပိုပြီး တန်ဖိုးထားကြတယ်။ စိန်ကို ပထမဆုံးသွေးတဲ့ ဟိန္ဒူလူမျိုးပညာရှင်တွေကတောင် စိန်ရိုင်းကို အကြမ်းသဘော ပွတ်တိုက် သဘောက်ပဲ တတ်ကြတယ်။ ကမ္ဘာကျော် ကိုဟီနူး စိန်ကြီးကို ကြည့်ပါလား။ အကြမ်းလောက်ပဲ သွေးထားတယ်။ အခု ခေတ် စိန်သွေးပညာရှင်တွေက အလေးချိန် ကာရက် ခုနစ်ရာကျော်ရှိတဲ့ စိန်ရိုင်းကိုသွေးရင်း ကာရက် တစ်ရာကျော်လောက်ပဲ ကျန်တတ်ကြောင်း သိရရင် ရှေးခေတ်လူတွေ အလွန် အံ့သြကြလိမ့်မယ် "
" နေပါဦးရှင့် ကာရက်ခုနစ်ရာဆိုတာ ဘယ်လောက်ကြီးသလဲ "
ဆာရာက သိလို၍ မေးလိုက်ရာ ခရိတ်သည် သူ၏ရှေ့ရှိ စိန်များထဲမှ စိန်ကြီးတစ်လုံးကို ရွေးထုတ် ယူလိုက်သည်။ ထိုစိန်ရိုင်းတုံး၏ အရွယ်ပမာဏမှာ ဂေါက်ရိုက်သည့် ဂေါက်သီးတစ်လုံးပမာဏခန့် ရှိသည်။
" အဲဒါက ကာရက် သုံးရာကျော်လောက်ပဲ ရှိမယ်။ ဒါကို အချောကိုင် သွေးလိုက်ရင် ကာရက် တစ်ရာကျော် လောက်ပဲ ကျန်မယ်။ ဒါတောင် အတော်ကြီးတဲ့ စိန်ဖြစ်လာမှာမို့ လူတွေက နာမည်ပေးကြလိမ့်မယ်။ ဥပမာ မဂိုဘုရင်ကြီး ရှားဘုရင်ရဲ့ ရတနာ အဲဒီလို နာမည်တွေ ပေးကြလိမ့်မယ် "
" ဒီစိန်ကိုတော့ လိုဘင်ဂူလာရဲ့ မီးလျှံကြီးလို့ နာမည်ပေးရင် ကောင်းမယ် "
ဆာရာ က အကြံပြုလိုက်ရာ ခရိတ်က ခေါင်းညိတ်ပြလိုက်သည်။
" အေး ... ဟုတ်တယ်၊ ဒီနာမည်က မဆိုးပါဘူး။ လိုဘင်ဂူလာရဲ့ မီးလျှံကြီးလို့ နာမည်ပေးလိုက်ရင် ကောင်း သားပဲ "
တွန်ဂါတာက ၀င်၍ မေးခွန်းထုတ်လိုက်သည်။
" ဒါတော့ အတိအကျ ပြောရခက်သားဗျ။ ဒီစိန်ရိုင်းပုံထဲမှာ တန်ဖိုးရှိတာတွေ ပါသလို လုံးဝ တန်ဖိုးမရှိတဲ့ ကျောက်ရိုင်း တွေလည်း ရောပါနေလိမ့်မယ် "
ပြောရင်းနှင့် ခရိတ်သည် အညိုရင့်ရောင် စိန်ရိုင်းတစ်တုံးကို ကောက်ယူလိုက်သည်။
" ဟောဒါဆိုရင် အခုခေတ်မှာ တန်ဖိုးရှိတဲ့စိန်မျိုးဖြစ်လိမ့်မယ်။ ငွေကြေးပမာဏနဲ့ ပြောရရင်တော့ စိန်ကောင်း ကောင်းတစ်လုံးရဲ့ တန်ဖိုးဟာ အဲဒီစိန်သဘောကျပြီး ၀ယ်တဲ့ လူကပေးတဲ့ တန်ဖိုးပဲလို့ဆိုရမယ်။ ဒီစိန်တွေ အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်နက် ရောင်းချဖို့တော့မဖြစ်နိုင်ဘူး။ လက်ရှိ ကမ္ဘာ့ဈေးကွက် တစ်ခုလုံး က ဒီစိန်တွေအားလုံးကို တစ်ပြိုင်နက် ၀ယ်နိုင်တဲ့ အင်အားမရှိဘူး။ ဒါကြောင့် ဒီစိန်မျိုးတွေ တစ်လုံးချင်း ရောင်းမှ ဖြစ်မယ်။ စိန်တစ်လုံးရဲ့ တန်ဖိုးကလည်း အလွန်များမှာမို့ ၀ယ်နိုင်မယ့်လူကို တော်တော် ရှာရလိမ့်မယ် "
" တန်ဖိုးက ဘယ်လောက်များမှာမို့လဲ "
တွန်ဂါတာက ထပ်မေးလိုက်ရာ ခရိတ်သည် နောက်ထပ် စိန်ရိုင်းတစ်လုံးကို ကောက်ယူလိုက်ပြန်သည်။
" ဒီစိန်ဆိုရင် ကျွမ်းကျင်တဲ့ စိန်သွေးပညာရှင်တွေက အထူးဂရုစိုက်ပြီး သွေးကြလိမ့်မယ်။ စိန်ဆိုတာ သွေးပြီး ခွဲခြမ်း စိတ်ဖြာရသေးတယ်။ ဒီလို ခွဲရာမှာ မကျွမ်းကျင်လို့ တစ်ချက်မှားသွားတာနဲ့ လံးဝ တန်ဖိုး မရှိ တဲ့ အဖြစ်မျိုး ကို ရောက်သွားနိုင်တယ်။ သို့သော်လည်း ပညာရှင်က တကယ် ကျွမ်းကျင်ပြီး စိတ်ကလည်း အလွန်တည်ငြိမ်အေးဆေးစွာနဲ့ ပိုင်ပိုင်နိုင်နိုင် ခွဲလိုက်နိုင်ရင်တော့ ဒီစိန်ဟာ ကာလတန်ဖိုးနဲ့ ဒေါ်လာ ဆယ်သိန်း လောက် တန်လိမ့်မယ် "
" ဟင် ... ကျောက်တစ်လုံးတည်းက ဒေါ်လာငွေ ဆယ်သိန်းတောင် တန်မယ်လား "
ဆာရာက တအံ့တသြ မေးလိုက်သည်။
ခရိတ် ခေါင်းညိတ်ပြလေသည်။
" ဟုတ်တယ်၊ ကျုပ်က အနည်းဆုံး ခန့်မှန်းပြောတာပါ။ အဲဒါထက်မက တန်ဖိုးရှိနိုင်တယ် "
ဤတွင် ဆယ်လီသည် လက်နှစ်ဖက်ဖြင့် စိန်ရိုင်းတုံးတွေ ရနိုင်သလောက်ကို ကျုံးယူလိုက်သည်။
" ဒါဆိုရင်ကော ကာလတန်ဖိုး ဘယ်လောက်ရှိမယ် ထင်သလဲ "
" ဒေါ်လာငွေ သိန်းပေါင်းတစ်ထောင်က သိန်းပေါင်း ငါးထောင်လောက်အထိ ရှိနိုင်တယ်"
ခရိတ် က တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောလိုက်သည်။
ဆယ်လီသည် လက်ခုပ်ထဲမှ စိန်ရိုင်းများကို ပြန်သွန်ချလိုက်သည်။
ထို့နောက် အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့အားလုံးသည် စိတ်ဓာတ်ကျနေကြသဖြင့် ဆိတ်ဆိတ်နေကြခြင်းဖြစ်လေသည်။ ရန်သူတွေ ပတ်ချာဝိုင်းနေသည့် အဖြစ်မှ လွန်မြောက်ရန် အလားအလာ အလွန်နည်းနေသဖြင့် စိတ်ပျက်အားငယ်နေကြခြင်းဖြစ်လေသည်။
အတန်ကြာမှ တွန်ဂါတာက စပြောလေသည်။
" ကျုပ်တို့ အဖြစ်ကလည်း တစ်မျိုးပဲဗျ။ အခု ဒီမှာ ကျုပ်တို့ ထိုင်နေကြတဲ့ အချိန်မှာ ဒီစိန်တွေကြောင့် ကျုပ်တို့ဟာ ကမ္ဘာမှာ အကြွယ်ဝဆုံးဆိုတဲ့ လူထက်တောင် ပိုပြီး ချမ်းသာကြွယ်ဝနေပြီလို့ ဆိုနိုင်တယ်။ ဒါပေမဲ့အ ခုလို မြေအောက်ဂူထဲမှာ အကျသ်းကျသလို နေရာက လွတ်မြောက်ပြီး ပြင်ပနေရောင်အောက်မှာ လွတ်လပ်လာမယ်ဆိုရင် ဒါတွေအားလုံး ကျုပ်က ပေးပစ်ဖို့ အဆင်သင့်ရှိတယ် "
သူပြောလိုက်ပုံက လွတ်မြောက်ရေးကလွဲလျှင် ဘာကိုမှ ဂရုမစိုက်ဟုဆိုလိုသည့် ဟန်မျိုးဖြစ်နေသည်။
ဆာရာသည် ခရိတ်အား လှမ်းကြည့်ရင်း တောင်းပန်သလို ဟန်မျိုးနှင့် -
" ဒီမယ် ကျွန်မတို့ကို စကားပြောစမ်းပါ ပူဖိုးရယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ပုံတွေ ပြောပြစမ်းပါ လားဟင် " ဟု ပြောလိုက်သည်။
ထိုအခါ ဆယ်လီကပါ ထောက်ခံသည့်အနေဖြင့် -
" ဟုတ်တယ်ရှင့်၊ ရှင်က စိန်ရတနာတွေအကြောင်း နားလည်တယ် မဟုတ်လား။ ကျွန်မတို့ကို စိန်တွေ အကြောင်း ပြောပြစမ်းပါ။ ဒါမှ စိတ်ပြေလက်ပျောက်ဖြစ်ပြီး လက်ရှိဘ၀ကို မေ့နေလိမ့်မယ်" ဟု ပြော လိုက်သည်။
ခရိတ် သည် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဆက်ရန်
.
2 comments:
Thank you very much.
Ray
အဆက်လေး တင်တာမြင်လို့ ဒုတိယအကြိမ် ဝင်ဖတ်သွားတယ် အမရေ။ ကျေးဇူးပါနော် ဆက်မျှော်နေတယ်။
Post a Comment