အညာဟင်း လေးတွေ မချက်ဖြစ်တာတော်တော် ကြာသွားပါပြီ..... ဒီနေ့တော့ ကျနော် လည်း နဲနဲအားနေ စားချင်တာလေးတွေ ရှိနေလို့ ကိုယ်တိုင်ဘဲ ဟင်းချက်ဖြစ်ပါတယ်...။
ဒီဟင်းလေးတွေ ကတော့ ကျနော် တို့ အညာမှာ စားလေ့ရှိတဲ့ အညာဟင်းစစ်စစ်လေးတွေပါ...၊ အရင်ဆုံး ချက်တာကတော့ ဟင်းလေးချက်ပေါ့ဗျာ... အညာမှာ ဝက်သားနီချက် ဟာ နံမည်ကြီးသလို ဟင်းလေးချက် ကလည်း နံမည်ကြီးပါတယ်.. ။
ဟင်းလေးချက် ချက်ရင် သရက်သီးခြောက် ရှိရပါတယ်... နောက် မရမ်းသီးခြောက်...ဇီးဖြူသီးခြောက် ဒါမှ မဟုတ် အစိုပေါ့.. တကယ့် ဟင်းလေး ချက်ဆိုရင် ဖန်ခါးသီး ပါထဲ့ ချက်တယ် ပြောတာဘဲ.. ကျနော် တို့တော့ ဖန်ခါးသီး ထဲ့ မချက်ဘူးပါဘူး...။
အခုချက်တဲ့ အထဲ မှာတော့ သရက်သီးခြောက် နဲ့ ဆီဖြူသီး ဘဲ ပါပါတယ်... ပထမဆုံး ဝက်သား သုံးထပ်သား ကို ဂျင်းကြက်သွန်ဖြူ နဲ့ နဲနဲလောက် နူးအောင်ပြုတ်ထားပါတယ်... နောက်ထပ် သရက်သီး ခြောက်နဲ့ ဆီဖြူသီး ကိုလည်း ပြုတ်ထားပါတယ် သရက်သီးနူး ရင် အခါးရည်တထပ်လောက် သွန်ပြီး နဲနဲ ညက်အောင် ထောင်းပါတယ်... ။
ဆီဖြူသီး ကိုလည်း အစေ့ထုတ်ပြီး ထောင်းပါတယ်.. အဲဒီ ထောင်းထားတာ ၂မျိုးကို ဆီသပ်ပြီးရင် ဝက်သား နဲ့ ရောလိုက်ပြီး တခါထဲ ဝက်သားနူးပြီး အိသွားအောင် ရေဖြေးဖြေးချင်း ထဲပြီး တည် ထားပါတယ်... အားလုံး နူးသွား ရင်တော့ မွှေးပျံ့ နေတဲ့ ဝက်သားဟင်းလေး ချက်တခွက် ရပါပြီ ဗျာ..။
ရက်ပေါင်းများစွာ အထားခံပါတယ်... ထမင်း လည်း တကယ်မြိန်ပါတယ်....။
နောက်တခွက် ကတော့ ဗူးရွက်ဟင်းရည်ပါ... ကြက်သွန်ဖြူ ပုဇွန်ခြောက် နိုင်နိုင် နဲ့ ငါးပိလေး နဲနဲ ထည့်ပြီး ဟင်းရည်ကျအောင် တည့်ထားရပါတယ်.. စားခါနီးမှ ပြန်ပူအောင်လုပ်ပြီး ဘူးရွက် နုနုလေး တွေ ခပ်ထား ပါတယ်... ပူပူချိုချို လေး တဖူးဖူးမှုတ်သောက်ရင် ထမင်းလေး လျှောကနဲ ကျသွားစေပါတယ်...။
နောက်တခွက် ကတော့ အညာ ငရုပ်သီး ထောင်းလေးပါဘဲ ထမင်းပိုဝင်စေပါတယ်....။
နောက် ဟင်းတမျိုးကတော့ ဆတ်သားခြောက်ဖုတ် ပါ... ဆတ်သားအစစ်ပါ... ကျနော် တို့ မန္တလေး မှာ တော့ ဈေးတော်တော် များများ မှာ အမဲသားခြောက် ကို အမဲသားခြောက် လို့ ပြောမရောင်းပါဘူး... ဆတ်သားခြောက် လို့ဘဲ ပြောကြ ပါတယ်... အခု ဟာကတော့ ကျနော် လည်း အမဲသား မစားတော့ တကယ့် ဆတ်သားခြောက် အစစ် ရမှဘဲ စားဖြစ်ပါတော့တယ်..... ဆီရွဲရွဲ လေး ဆမ်းထားတယ် ကောင်းမှ ကောင်းပါ..... ။
မန္တလေး မှာ အမဲသားခြောက် ကို ဆတ်သားခြောက် လို့ ဘာကြောင့် ခေါ်တယ် ဆိုတဲ့ အင်္ဂလိပ်မင်း များ လက်ထက် က ရာဇဝင် ကို လူထုဒေါ်အမာ လား မသိ ပြောဘူးပါတယ်.. မှတ်သား ထားသူများရှိရင် ကော့မန့် ရေးပေးစေချင်ပါတယ် .. ကျနော် မေ့တေ့တေ့ ဖြစ်နေလို့ပါ.... ။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
စာရေးသူ - ရွှေစင်ဦး
.
34 comments:
မမရွှေစင်
ပူးတေ ဟင်းတွေ လာငမ်း (အဲ) လာစားသွားတယ်နော်... ဟင်းလေးချက်ကို စိတ်ဝင်စားတယ်... တခါမှ မကြားဖူးဘူး။ တခါလောက် စမ်းချက်ကြည့်ဦးမယ်.... ဗူးရွက်က ပူးတေအကြိုက်ဆုံးထဲက တမျိုးပဲ...
မမရေ ပူးတေ ဒီတလော အလုပ်တွေ အရမ်းရှုပ်နေလို့ မရောက်ဖြစ်တာ ခွင့်လွှတ်ပါနော်...
ခင်မင်စွာဖြင့်
ချစ်ညီမ ပူးတေ
မမရွှေစင်..
ဗူးရွက်ဟင်းချိုလေး မြင်တော့ တအားဗိုက်ဆာသွားတယ်။ မစားရတာ လေးနှစ်ရှိသွားပြီ။ ဇီးဖြူသီးနဲ့ သရက်သီးခြောက် ၀က်သား? တခါမှ စားဖူးဘူး။ စားကောင်းမယ့်ပုံနော်။
မမရေ ပိုစားထားပါနော်။ ညီမကလည်း အခုထဲက ဟင်းစာရင်းေ ရးမှတ်ထားပါတယ်။ မမဆီလာလည်တဲ့အခါ စားဖို့ (ချက်ကျွေးရင်ပေါ့ ဟဲ)
ဘယ်သူမှမလာသေးခင် ထိပ်ဆုံးပိုင်းကနေဦးအောင် လာဆွဲသွားတယ်။ ညီမလေးက ၀က်သားမစားတော့ ဆတ်သားခြောက်ရယ်၊ ဗူးရွက်ဟင်းချိုရယ်၊ ငရုတ်သီးထောင်းရယ် အ၀ဆွဲသွားပါတယ်။း))
ချစ်ညီမလေး
အမ ..အိမ်လာလည်ရင် ချက်ကျွေးနော်... ညာပီး ဟိုတခါအမလို ဆိုင်ခေါ်မသွားနဲ့..အမလက်ရာ အညာဟင်းစစ်စ် စားကြည့်ချင်တယ်။
မြတ်နီုး
မရွှေစင်ဦး အပင်ပန်းခံတင်ပေးထားတဲ့ ၀တ္ထုအပိုင်းတွေရော ကိုယ်တိုင်ရေးတဲ့ အမှတ်တရလေးတွေကိုပါ လာဖတ်ဖြစ်ပါတယ်။
link ကို အခုမှ ချိတ်ဖြစ်ပါတယ်။
ဝက်သားဟင်းနဲ့ ဗူးရွက် ဟင်းချိုနဲ့ လွေးပစ်လိုက်တယ်ဗျို့
ချစ်ချစ်ကြီးရဲ့ ချစ်ချစ်ကြီးက ကံကောင်းလိုက်တာပ
နေဦး မိန်းမရမှ မမချွေစင် ဆီပို့ ပြီး ဟင်းချက်နည်း သင်ခိုင်းဦးမယ်။
အညာဟင်းလေးတွေ လာငေးသွားတယ်။
ထမင်းထစားဖို့ ပျင်းနေတုန်း ဖတ်လိုက်မိတာ အခုတော့ ဗိုက်တကယ်ဆာသွားပြီ။
(မြစ်ကျိုးအင်း)
အညာသားဆိုတော့ ငရုတ်သီးထောင်း နဲ့ မန်ကျီးရွက် ချင်ဟင်းလေးကိုကြိုက်တယ် မရွှေဇင် ငရုတ်သီးထောင်းလေး မသွားပြီနော်
ဗူးရွက်ဟင်းရည်ကို ပါဆယ်ထုပ်ပြီး ပို့ပေးပါး)
ဇီးဖြူသီးလေးမြင်တော့ သွားရေ အတောင့်လိုက်ကျတယ်
တင်တင်ချင်း ရောက်လာတယ် ကော်မန့်ပေးမလို့လည်း လုပ်ရော မီးပျက်သွားတယ်
ဒါကြောင့် ခုမှပြန်ရောက်လာရတယ်..
အပေါ်ကလူတွေစားသွားကြလို့ ဟင်းခွက်လေးတောင် အတော်သေးသွားပြီ။
ငရုပ်သီးထောင်းကလည်း စားချင်စရာ
ဆတ်သားကတော့ ညီမတို့ကချင်ပြည်နယ်မှာလဲ စားကြတယ်.. ပေါလဲပေါတယ်.. ဆိတ်သားဆို ငယ်တုန်းက စားတောင် မစားဖူးဘူး ဆတ်သားဘဲ အစားများကြတယ်..
တအားကြိုက်
လွမ်းတောင် လွမ်းသွားပြီ။ ရှလွတ်.................
ထမင်းစားမကောင်းဘူးဗျာ။
ဘာတွေ စားချင်နေမှန်းကို မသိဘူး။
နှစ်ရက်ရှိပြီ စိတ်ထင်ရာတွေ လျှောက်စားတာလည်း ဘာမှမဟုတ်ဘူး။ အဲဒီဟင်းလေးတွေ စားရရင်တော့ ကောင်းသား။ အခုတော့ ခေါက်ဆွဲထုပ်ပဲ စားဦးမယ် ပျင်းလို့...
ဟင်းလေးချက်ကိုစားချင်လို့ အကုန်ရောပြီး ပရက်ရှာကိုကာနဲ့ ချက်လို့ရလား ပျင်းလို့ :D
ဟယ်
အစ်မရွှေစင်
သားကိုသိပ်နေရင်း ဆတ်သားခြောက်နံ့ ရလို့၊ ခလေးအိပ်တာနဲ့ ကွန်ပြူတာဖွင့်ကြည့်လိုက်တာ အစ်မရွှေစင်ချက်ပြီးတင်နေတာကိုး။
အတော်ပဲအစ်မရယ် အစပ်အဟပ်ကလည်းကောင်း တော့ အကုန်စားပါရစေတော့။
ဒါနဲ့ အစ်မရွှေစင် အမဲသားခြောက်ကို ဆတ်သားခြောက်လို့ ခေါ်တာ ကျွန်မဖြင့် အခုမှသိတယ်။
ဖြစ်နိုင်ရင် ငရုပ်သီးထောင်းလေး လုပ်နည်းပြောပြပေးပါနော်။
အညာဟင်းလေးတွေမျှော်နေတာ ခုမှပဲချက်တော့တယ်မရွှေစင်....အောက်ပြည်ကဟင်းထက်အညာဟင်းနဲ့တောင်ပေါ်ဟင်းကိုပိုကြိုက်တယ်...
ဝက်သားနဲ့သရက်သီးဟင်းလေးချက်အိမ်မှာအမေခဏခဏချက်တယ်...ဆီးဖြူသီးတော့ထောင်းပဲစားတယ်...ဒါ တောင်အမြဲမဟုတ်ဘူး... ဖန်လို့ဆိုပြီးအဖွားတို့အမေတို့ကသိပ်မစားကြဘူး...ဗူးရွက်ကြော်/ဟင်းချိုအရမ်းကြိုက်...ဆတ်သား ခြောက်လည်းကြိုက်တာပဲ...အိမ်ကိုလာရောင်းရင်အ မြဲပဲ ၀ယ်ဝယ်ထားတာ...မှာလည်းမှာထားတယ်ဆိုရင်အ စစ်စားရတယ်.. အညာငရုတ်သီးထောင်းတောင်မနေ့ကထောင်း သေးတယ်..မတင်ရသေးဘူး..နောက်မှတင်ဦးမယ်
သွားရေကျအောင်လုပ်တယ်
စူးနွယ်လေး
ဟင်းလေးချက်စားချင်လိုက်တာ..ဝက်သားစားလို့ မရတာကခက်တယ်..ခုမှပြိတ္တာဖြစ်တော့တယ်..
အမေရိကမှာတော့ ဗူးရွက်ကလဲ အလွယ်တကူရတော့ ဗူးရွက်ဟင်းချိုလေး သောက်ဖြစ်တယ်..အိမ်မှာ ဗူးစင်နဲ့ ဂေါ်ရခါးစင်ရှိတယ်လေ..ချဉ်ပေါင်ခင်းလဲရှိ..၊ ဇီးဖြူသီးပဲရှားတာ တခါတလေမှ ကိုရီးယားဆိုင်တွေမှာရတယ်..သရက်သီးစိမ်းစားသီးကလဲဝယ်လို့လွယ်တော့ ကိုယ့်ဖာသာ ပိုးတီချဉ်လုပ်ထားတယ်..ပစ္စည်းတွေကတော့ အကုန်ရှိပါရဲ့ ..မချက်တတ်တာကခက်တယ်..
အား မမရွှေစင် ဗူးညွန့်ဟင်းချိုနဲ့ ငရုတ်သီးထောင်းမြင်လိုက်တာ ရင်ထဲမှာဟာသွားတယ် အရမ်းစားချင်လို့ နက်ဖြန်ငရုတ်သီးထောင်းစားဦးမယ်
ဘူးညွန့်ကတော့ဒီတခါပြန်မှပဲ
:|
ဗူးရွက်ဟင်းချိုလေးနဲ့ ဆီးဖြူသီးထောင်း...ကောင်း
မှကောင်းပါပဲရှင်။
အညာဟင်းပူပူလေးစားပြီး ..
မျက်စိလေးလာလို့ ..အိပ်ပြီဗျာ
ချက်ချင်းကိုဗိုက်ဆာလာပြီ..။တကယ်...။
ကျွန်တော်တို့မြို့မှာလည်း အမဲသားကို ဆတ်သားခြောက်
ပဲပြောရောင်းကြတယ်...။အင်းး ဆာဆာနဲ့ ရှိတာလေးပဲ
သွားလွေးလိုက်ဦးမယ်ဗျာ။
ငရုတ်သီးထောင်းလေးများထောင်းထားလိုက်တာ စားချင်စရာ၊ ဗူးရွက်ဟင်းချိုလေးကလည်း အဖူးလေးတွေရော၊ ဇီးဖြူသီ၊သရက်သီးချက် ၀က်သားစားချင်တယ်၊ သုံးထပ်သားမဟုတ်ရင်ရော ကောင်းမှာပါပဲ၊ မရွှေစင်ချစ်ချစ်ကြီးက ကံကောင်းတယ်၊
ဗိုက်တွေပြန်ဆာလာပြီ၊
ခင်မင်လေးစားလျှက်
ရန်ကုန်ပြန်ရင်စားမဲ့ဟင်းစာရင်းမှာ
မှတ်ထားလိုက်ပြီအမရေ...
ဖတ်နေရင်းနဲ့ဗိုက်ဆာလာလို့
ထမင်းတောင်ထစားပလိုက်တယ်..
ဝါးးးးးးးးး မရွှေစင် ဟင်းတွေအကုန်ကြိုက်တယ်။
ဆတ်သားခြောက်ကို အကြိုက်ဆုံး။
ဆတ်ခြောက်မွကြော်နဲ့ ထမင်းပူလေး ဆီဆမ်း စားလိုက်ရရင် ....... ရှလွတ် ...
ဗူးရွက်ဟင်းချိုတော့ တနေ့က အန်တီတယောက် ပေးလို့ စားရတယ်။ ဆီးဖြူသီး သရက်သီးခြောက်နဲ့ ချက်တဲ့ ၀က်သားဟင်း စားချင်လိုက်တာ ......
ဗိုက်ဆာတယ် ဗိုက်ဆာတယ် အမကြီးရေ ...
ခုမှ မီးထွန်းပွဲကပြန်လာလို့ မရွှေစင်ဟင်းတွေ အိပ်ခါနီးမှ သွားရည်တယိုယိုနဲ့ ဖတ်သွားတယ်။
ဟင်းတွေ အားလုံး ပါဆယ်နဲ့ ပို့ ပေးပါလားဟင်
မစားဖူးလို့ 
I like all of ur anyar curries.I miss buu leaves soup especially.I can buy buuthee n zeephyuthee at INDIAN shop but not leave.In winter,buu leaves soup,hnanphatchin n round green eggplant curry r the best in my childhood .This week,the temperature drops 0 n - in Geneva.I miss my mom's winter anyar curries by reading ur post.Thanks for sharing.HAPPY THIDINGYUT......Gyidaw
TROUBLE!!Ma Shwezin..........I,m hungry at dawn,at 3o'clock,looking again ur curries.What a poor.I only have to have bread n cheese:(........Gyidaw
မကြီးရွှေစင်......
ဗူးရွက် ဟင်းချိုနဲ့ ဆတ်သားခြောက်ပဲ စားချင်တယ်ဗျာ......။
တစ်ကယ်ပဲ......။
(တမ်းတဆွေးမြေ့စေသာလေသံဖြင့် ပြောပါ၏)
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို
ဗူးရွက် ဟင်းချို..ဗူးရွက် ဟင်းချို....ဗူးရွက် ဟင်းချို
အစ်မရေ.. နောက်နောက်ပြောင်ပြောင်သော် လည်းကောင်း အတည်သော်လည်း ပြောမိတဲ့ စကားတွေ ထဲမှာ အမှားပါခဲ့ပြီး ကာယကံ ၊ ဝစီကံ နဲ့ ပတ်သတ်သော အပြစ်များကို ခွင့်လွှတ်ပါရန် လေးစားစွာ ဝန်ချကာ ရှိခိုး တောင်းပန်ပါတယ် အစ်မ။
အစ်မလည်း စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
ကျေးဇူးပဲအစ်မရေ.. နောက်နှစ် နှစ်ပတ်လည်နေ့ အတွက် ဟင်းအမယ်တွေ ထပ်ရတာပေါ့။
ဆတ်သားခြောက်ဖုတ်ကိုတော့ သွားရည်ကျသွားပြီ။ ဗူးရွက်ဟင်းချိုလဲကြိုက်တယ်။ လင့်ခ်လေးယူသွားပါတယ်။
ငရုတ်သီးထောင်းနဲ့ဆတ်သားခြောက်စားချင်တယ်။
ခုဆို စစ်ကိုင်းဘက်က ဆိတ်သားခြောက်ဆိုပြီး စားရတယ်။ ဟုတ်မဟုတ်တော့ မသိဘုး။ အသိက ပို့ပေးတာ။
ဆိတ်တွေ ဒီလောက်ပေါလား စဉ်းစားမနေတော့ဘူ:))
မအယ်
မမရွှေစင် ခုမှရောက်တော့ ပန်းကန်တောင် မဆေးရတော့ဘူး စင်ပေါ်က ပန်းကန်တွေပဲ ကြည့်ပြီး ပြန်ပြီ :P
မမရွှေစင်ကြီး ...ကျနော်အတော်နောက်ကျသွားပြီ
ပန်းကန်တောင်မမြင်ရတော့ဘူး....အညာငရုတ်သီးထောင်းလေးကြိုက်တယ်
မန်းလာရင် ချက်ကျွေးမလား...။
ခင်တဲ့
မိုးငွေ့
မရွှေစင်ရေ...
မချစ်ပြောသလိုဘာဆိုဘာမှမကျန်တော့မှာသေချာပေမယ့်
ပုံလေးတွေကြည့်ကာ သွားရည်ကျဖြစ်အောင်ကျခဲ့ပါ တယ်။ ဒီရက်ပိုင်း ခံတွင်းပျက်နေတယ်။ ဒီဟင်းစပ်ကို ချက်စားဦးမယ်။ ငရုပ်သီးဆားထောင်းစပ်စပ်လေးနဲ့ပေါ့။
Post a Comment