Tuesday, October 19, 2010
တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၆) အဆက်
သူတို့က တမင်သက်သက်ရေဒီယိုနဲ့မဆက်သွယ်တာဖြစ်နိုင်တယ်။
ဤသို့ ပြောပြီး ခရိတ် သည် ရေဒီယိုစက်ကိုပြန်ပိတ်လိုက်သည်။
အရုဏ်တတ်ချိန်၌ အာဖရိကတိုက်၏ ပတ်ဝန်းကျင်ရှုခင်းသည် အထူးသာယာကြည်နူးဖွယ် ကောင်းနေလေ သည်။ သူတို့ရှိရာနေရာမှ အောက်သို့ငုံ့ကြည့်သော် တောင်ကြားဒေသ၏ ရှုခင်းကျယ်ကြီးကိုလည်း လှမ်း မြင်နေရပေသည်။
ဆယ်မိုင်လောက်ပဲကျန်တော့တယ်’’
တွန်ဂါတာကပြောလိုက်ရာခရိတ်က-
နောက်ထပ်နာရီဝက်လောက်တော့သွားရအုံးမယ်’’ ဟုပြောပြီး တိုယိုတာကားကြီးကို ကုန်းဆင်းအတိုင်း ဆက်မောင်းချသွားလေသည်။
အောက်မြေပြန့်သို့ရောက်လျှင်ခရိတ်သည် ကား၏ရှေ့မီးကြီးများကိုပိတ်ပစ်လိုက်သည်။
ကားမီး ဖွင့်ထားရင် ကျုပ်တို့ကို သတိပြုမိနေဦးမယ်’
ပြော၍ မဆုံးသေးမီပင် ခရိတ်သည် ရုတ်တရက်စိုးရိမ်းသွားမိလေသည်။ ကား၏အင်ဂျင်စက်သံ မမှန် သလိုဖြစ်လာ၍ စိုးရိမ်မိခြင်းဖြစ်လေသည်။ ရောက်ခါနီးကျမှမော်တော်ကားပျက်နေရင် ဒုက္ခပါပဲဟုတွေးရင်း စက်သံကိုသေချာစွာဂရုစိုက် နားထောင်ကြည့်ပြန်သည်။ သည်တော့မှ သူ၏အမှားကိုသိရလေတော့သည်။
သူကြားရသော အသံသည် တိုယိုတာကား၏စက်သံမဟုတ်ဘဲ အခြားအသံတစ်သံဖြစ်နေလေ သည်။ အသံ သည် သူတို့ကား၏နောက်ပိုင်းဆီမှ တဖြည်းဖြည်းပို၍ကျယ်လာသည်။ ကားဘေးသို့ ခေါင်း ပြူးကြည့် လိုက်တော့ မှ ခရိတ်သည်အဖြစ်မှန်ကို သိရလေတော့သည်။
ကြားနေရသည့် စက်သံမှာ လေယာဉ်တစ်စင်း၏ အင်ဂျင်စက်သံဖြစ်ပေသည်။ အကြောင်းမူကား သူတို့၏ ကားနောက်ဘက် ဆီ မှ ခပ်နိမ့်နိမ့်ပျံသန်းလာသည့် လေယာဉ်တစ်စင်းကို သတိပြုမိသောကြောင့် ပင်တည်း။
လေယာဉ်က ဆယ်လီ၏ စက်ဆနာလေယာဉ်ငယ်ပင်ဖြစ်ပြီး သူတို့၏ မော်တော်ကားနောက် ကောင်းကင် တွင် နိမ့်နိမ့်  ပျံသန်းလျက်လိုက်လာခြင်းပင်ဖြစ်သည်။
လေယာဉ် ၏ ကိုယ်ထည်မှ အပြာရောင်နှင့်ငွေရောင်တို့သည် နံနက်ခင်း၏နေရောင်တွင် တ၀င်းဝင်းလက် နေ လျက် လှပ ကြည့်ကောင်းနေလေသည်။
ခရိတ် သည် ၀မ်းသာအားရစွာဖြင့် လေယာဉ်ကိုလှမ်း၍ လက်ဝှေ့ယမ်းပြလိုက်လေသည်။
ဆယ်လီ ၏ လေယာဉ်သည် တိုယိုတာကားကြီးနှင့် ဘေးချင်းယှဉ်လျက် မောင်းနှင်ပျံသန်းလျက်ရှိရာ ခရိတ် လည်း လှမ်းကြည့်လိုက်သောအခါ ဆယ်လီ၏ချစ်စဖွယ်မျက်နှာကို မြင်ရလေသည်။ သူမသည် ခရိတ်ကို မြင်ပြီး ပြုံးပြ လေသည်။
ထို့နောက် လေယာဉ်ကပိုမြန်သဖြင့် မော်တော်ကားကိုကျော်ကာ ဆင်းသက်ရမည့် လေယာဉ်ကွင်းငယ် ဆီသို့ ဆက်လက် ပျံသန်းမောင်းထွက်သွားလေသည်။
ခရိတ် တို့ ကားကြီးလည်း ဆက်လက်မောင်းသွားရာ မကြာမီပြောင်းခင်းများ ပတ်လည်ဝိုင်းနေသော ကျေးရွာငယ် တစ်ခု သို့ ရောက်သွားကြသည်။ ရွာရှိစာသင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်းတို့၏ သွပ်မိုး များ သည် နံနက်ခင်း၏ နေရောင်တွင်ပြောင်လက် နေလေသည်။
အချို့က အိပ်ချင်မူးတူးဖြင့် တဲအိမ်များမှထွက်၍ သူတို့၏ကားကြီးကို လှမ်းကြည့်နေကြလေသည်။
ခရိတ် သည် မော်တော်ကားကိုအရှိန့်လျော့၍ မောင်းသွားစဉ် ဆာရာကကားထဲမှ ခေါင်းပြု၍ ရွာသူ ရွာသား များအား -
စစ်သားတွေလာနေပြီ အားလုံးကိုသတိပေးလိုက်ပါ။ တောထဲမှာသွားတိမ်းရှောင်နေကြပါ’’ ဟု အော်ပြော လိုက်သည်။
ထိုကိစ္စကိုခရိတ်သည် စောစောကကြိုတင်မတွေးမိခဲ့ချေ။ တတိယတပ်မဟာမှ ရှိုနာစစ်သားများသည် သူတို့၏ အကျဉ်းစခန်းဝင်စီးခံရသည်ကို တုံ့ပြန်ကလဲ့စားချေသည့်အနေဖြင့် မာတာဘယ်လီကျေးရွာများ မှ အပြစ်ကင်းမဲ့သူတွေကို နှိပ်စက်ဒုက္ခ ပေးတော့မည်ဟူ၍ ခရိတ်က မစဉ်းစားမိခဲ့ခြင်းဖြစ်လေသည်။
လေယာဉ်ကွင်းငယ်သို့ရောက်ရန် နောက်ထပ် တစ်ကီလိုမီတာဝေးသေးသဖြင့် ခရိတ်သည်ကားကြီးကို ကေးရွာတွင်းမှ ဖြစ်လျက်လျန်မြန်စွာမောင်းသွားလေသည်။
ဆယ်လီ၏စက်ဆနာလေယာဉ်သည် ကောင်းကင်တွင်ဝဲပျံလျက်ရှိရာ တဖြည်းဖြည်းနိမ့်လာပြီဖြစ်သည်။ ဆယ်လီက လေယာဉ်ပြေးလမ်းကြောင်းပေါ်ဆင်းသက်ရန်ပြင်ဆင်နေခြင်းပင်ဖြစ်သည်။
ဟော ဟိုမှာ ကြည့်စမ်း’
တွန်ဂါတာက ရုတ်တရက်ပြောလိုက်သဖြင့် ခရိတ်လည်းသေချာစွာကြည့်လိုက်ရာ နောက်ထပ် လေယာဉ် တစ်စင်း ပျံသန်းလာသည်ကိုမြင်ရလေသည်။
ဆယ်လီ၏လေယာဉ်ပျံသန်းနေရာ လက်ဝဲလက်မှ လာခြင်းဖြစ်ပြီး ခပ်နိမ့်နိမ့်နှင့် အရှိန်ပြင်းစွာ ပျံသန်း လာခြင်းဖြစ်သည်။ လေယာဉ်ကိုကြည့်လိုက်သောအခါ အင်ဂျင်စက်နှစ်လုံးတပ်ဖြစ်ကြောင်းမြင်သည်နှင့် ခရိတ်ကချက်ချင်းမှတ်မိလေသည်။
ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ အသုံးပြုခဲ့သော ဒါကိုတာအမျိုးအစား လေယာဉ်ဖြစ်၍ မှတ်မိခြင်းဖြစ်သည်။
ယင်းလေယာဉ်မျိုးက အာဖရိကတိုက်မြောက်ပိုင်းကန္တရဒေသတွင် အများဆုံးအသုံးပြုခဲ့ပြီး ဇင်ဘာနိုင်ငံ ဖြစ်လာမည့် ရိုဒီရှားနိုင်ငံ၌ တိုင်းရင်းသားတို့၏တော်လှန်ရေး စစ်ပွဲကာလအတွင်းကလည်း မျက်နှာဖြူ အစိုးရက ဤလေယာဉ်မျိုးကိုပင် အသုံးပြုခဲ့သည်။
ယခုထိုလေယာဉ်များသည် လွတ်လပ်သောဇင်ဘာဘွေနိုင်ငံ လေတပ်၌အသုံးပြုလျက်ရှိပေသည်။
ခရိတ်သည် ဒါကိုတာလေယာဉ်ကို သေချာစွာကြည့်လိုက်ရာ လေယာဉ်၏ဘေးတံခါးပွင့်နေပြီး တံခါးဝတွင် စစ်သားများ အသင့်ရပ်နေသည်ကို မြင်ရလေသည်။ ရှိုနာစစ်သားများဖြစ်ပြီး စစ်မြေပြင်သုံး ယူနီဖောင်း ၀တ်စုံနှင့် သံခမောက်ဆောင်းထားသည်ကိုလည်း သတိပြုမိသည်။
လေထီးတပ်သားတွေပဲ ’’
ခရိတ်က အော်ပြောလိုက်ချိန် မှာပင် ဒါကိုတာလေယာဉ်သည် အလွန်နိမ့်စွာ ပျံသန်းလျက်ဖြတ်သွား လေသည်။
ခရိတ် နှင့် တွန်ဂါတာနှစ်ယောက်စလုံးက လေယာဉ်နှင့် နီးကပ်ချိန်တွင် လှမ်းကြည့်ရင်းလေယာဉ်ပေါ်မှ လူတစ်ယောက်ကို ချက်ချင်းမှတ်မိကြလေသည်။
ဖွန်ဂါဘီရာပဲ၊ သူကိုယ်တိုင်ကျုပ်တို့ကိုတိုက်ဖို့လာခဲ့ပုံရတယ်’’
တွန်ဂါတာကပြောရင်းကားကြီး၏တံခါးကို လျင်မြန်စွာဖွင့်၍ စက်သေနတ်ကြီးပစ်ရန် ပြင်ဆင်လေသည်။ သူသည်အလွန်အားနည်းနေသော်လည်း လျင်မြန်ဖျက်လတ်စွာ လှုပ်ရှားနိုင်ပုံက အံ့သြဖွယ်ကောင်းနေပေ သည်။ သူသည်စက်သေနတ်ပြောင်းကို လေယာဉ်ဆီသို့ လျင်မြန်စွာချိန်လျက် တရကြမ်းပစ်ခတ်လေတော့ သည်။
စက်သေနတ်မှထရေစာကျည်ဆန်များသည် ဒါကိုတာလေယာဉ်၏လက်ဝဲဘက်တောင်ပံအနီးသို့ကပ်လျက် ဖြတ်သွားရာ ချက်ခြင်းပင်လေယာဉ်သည် နိမ့်နိမ့်ပျံနေရာမှ အမြင့်သို့ပျံတက်သွားလေသည်။
လေယာဉ်ကအမြင့်ကိုပျံတတ်သွားပြီ’’  ခရိတ်ကအော်ပြောလိုက်သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ဆယ်လီ၏စက်ဆနာလေယာဉ်ကို ဧကန်မုချမြင်မြင်ချင်းမှတ်မိလိမ့်မည်ဟု ခရိတ် ကတွက်မိလေသည်။ ယင်းလေယာဉ်နှင့် မိမိတို့ထွက်ပြေးမည်ဖြစ်ပြီး မြေပြင်မှ စစ်ကားဖြင့် မိမိတို့က လေယာဉ်ကွင်းငယ်ဆီသို့ သွားနေကြကြောင်းကိုလည်း ဖွန်ဂါဘီရာက တွက်မိမည်ဖြစ်ပေသည်။
ထို့ကြောင့် ဖွန်ဂါဘီရာသည် ဒါကိုတာလေယာဉ်ကိုမြေပြင်သို့ သက်ဆင်းခြင်းထက်သူ၏ လေထီး တပ်များကို ကောင်းကင်မှလေထီးဖြင့် ခုန်ဆင်းစေခြင်းကမှ ပိုမိုထိရောက်လိမ့်မည်ဟု တွက်မိဖွယ်ရာ ရှိလေ သည်။ လေထီးတပ်သားများခုန်ဆင်းပြီး လျင်မြန်စွာဝင်တိုက်မှလည်း စက်ဆနာလေယာဉ်ပြန် မတက်မီ ဟန့်တား နိုင်မည်ဖြစ်ပေသည်။
တစ်ဖန် ခရိတ်သည် လေထီးတပ်သားများ ခုန်ဆင်းမည့်အစီအစဉ်ကို တွက်ကြည့်ပြန်လေသည်။
ဒါကိုတာလေယာဉ်အနေဖြင့် အန္တရာယ်ကင်းစေရန် အမြင့်ပေတစ်ထောင်ခန့်ပျံသန်းရမည်ဖြစ်သည်။
ထိုအချိန် ၌ သူတို့၏တိုယိုတာကားကြီးသည် လေယာဉ်ကွင်းငယ်အနီးသို့ရောက်နေပြီဖြစ်သည်။
ဖွန်ဂါဘီရာ ၏ လေထီးတပ်များသည် အထူးတိုက်ခိုက်ရေးတပ်မှ (လက်ရွေးစင်)တပ်သားများဖြစ်၍ မည် သည့် အမြင့်မှ မဆို ခုန်ချနိုင်စွမ်းရှိသူများဖြစ်ပေသည်။
ခရိတ် က စဉ်းစား၍ တွက်ချက်ရင်းကြည့်နေစဉ်မှာပင် ဒါကိုတာလေယာဉ်သည် အမြင့်ပေငါးရာထိအောင် ဆင်း၍ ခပ်နိမ့်နိမ့်ပျံသန်းလာလေသည်။
ဆယ်လီ၏စက်ဆနာလေယာဉ်သည်လည်း ကွင်းတစ်ဖက်မှလေယာဉ်ပြေးလမ်းကြောင်းပေါ်သို့ ဆင်းသက် ရန် ချဉ်းကပ်လာပြီ ဖြစ်သည်။
ဆယ်လီကလေယာဉ်ကို ကျွမ်းကျင်စွာ ဆင်းသက်လိုက်ပြီးနောက် မြေပြင်သို့ ရောက်သည်နှင့်ခရိတ်က တိုယိုတာ ကားကြီး ဘက်သို့ဆက်မောင်းလာလေသည်။
ထိုအချိန်၌ လေယာဉ်ကွင်း၏ အပေါ်တည့်တည့်ကောင်းကင်တွင် ဒါကိုတာလေယာဉ်ပေါ်မှ လူတစ်ယောက် လေထီးဖြင့် ခုန်ဆင်းလာလေသည်။ သူ၏နောက်မှ အခြားစစ်သည်များသည်လည်း ဆက်တိုက် လေထီး ကိုယ်စီ ဖြင့် ခုန်ဆင်းလာကြသည်။
စက်ဆနာလေယာဉ်ငယ်သည် လေယာဉ်ပြေးလမ်းကြောင်း၏အဆုံးသို့ ရောက်ခါနီကျမှ ဒီဂရီ (၁၈၀) ပြန်ကွေ့ လိုက်သည်။
သည်တော့ မှ ခရိတ်လည်း ဆယ်လီ၏ အကင်းပါးပုံ စိတ်ကူးဥာဏ်ကောင်းပုံကို သဘောပေါက်ပြီးစိတ်ထဲမှာ ချီးကျူး မိလေသည်။
သူမသည်လေယာဉ်ကို လေစုန်ဘက်သို့ဦးတည်၍ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့်ခရိတ်တို့အဖွဲ့ အား တင်ဆောင်ပြီးချက်ခြင်း ပျံတက်နိုင်ရာတွင် လွယ်ကူချောမောမည်ဖြစ်ပေသည်။ ဤသို့လျှင် ဆယ်လီ က အမြာ်အမြင်ရှိစွာဖြင် လေစုန်ဘက်သို့ ဦးတည်ဆင်းခဲ့ခြင်း ဖြစ်သည်။
တိုယိုတာကားကြီးပေါ်မှ တွန်ဂါတာသည် စက်သေနတ်ဖြင့် ကောင်းကင်သို့ချိန်လျက် အဆက်မပြတ် ပစ်ခတ်နေသည်။ ဤကားလေထီးတပ်သားများအား ထိမှန်ရေးထက်သူတို့ ထိတ်လန့်တုန်လှုပ်အောင် ပစ်ခတ်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်တွင် လေထီးတန်းလန်းဖြင့် ဟိုဘက်ဒီဘက် ယိမ်းယိုင် နေသူတစ်ဦးအား ပစ်မှတ်အဖြစ်ထိအောင်ပစ်ရန် အလွန် ခဲယဉ်းသောကြောင့်ပင်တည်း။
ဆယ်လီ သည် လေယာဉ်ကို စက်မရပ်ဘဲထိန်းထားလျက် ခရိတ်တို့အား လက်ဝှေ့ယမ်းပြရင်း လှမ်းအော် ခေါ်နေ လေသည်။
ခရိတ်သည် တိုယိုတာကားကြီးကို တစ်နေရာတွင် စက်ရပ်လိုက်ပြီးနောက် ဆရာအား -
ဟေ့ ... မြန်မြန်ဆင်းတော့’’ ဟုအော်ပြောလိုက်သည်။
ဆာရာ လည်း ကားပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး လေယာဉ်ဆီသို့ တအားပြေးလေတော့သည်။ ဆယ်လီကလည်း လေယာဉ်ပေါ်မှနေ၍ ဆာရာအားကူညီဆွဲတင်လုက်သည်။
တွန်ဂါတာသည် တိုယိုတာကားပေါ်တွင်ရှိနေသေးပြီး စက်သေနတ်ကြီးနှင့် နောက်ဆုံးအကြိမ် ဆွဲပစ် နေလေသည်။
သူ၏လက်ချက်ဖြင့်ပထမဆုံး လေထီးတပ်သားသုံးဦးကျသွားပြီဖြစ်သည်။ နောက်ထပ်တစ်ဦးထိမှန်သွားကာ ယိမ်းယိုင် လဲကျသွားသည်ကိုခရိတ်ကမြင်လိုက်ရလေသည်။
ခရိတ်သည် အေကေ ၄၇ ရိုင်ဖယ်သေနတ်နှင့်ကျည်ဆန်အပကိုများကိုကောက်ယူပြီးနောက် တွန်ဂါတာ အား-
ကဲ .... သူငယ်ချင်းသွားကြစို့ ’’ ဟု လှမ်းအော်ခေါ်လိုက်သည်။
သူတို့နှစ်ယောက်သည် စက်ဆနာလေယာဉ်ရှိရာ ခြေကုန်သုတ်၍ပြေးကြရာ တွန်ဂါတာမှာ အလွန် အားနည်း နေသူဖြစ်၍ လေယာဉ်အနီးသို့ရောက်လျှင် မဟန်နိုင်တော့ဘဲ လဲကျသွားလေသည်။ ထို့ကြောင့် ခရိတ်က တွဲထူ၍ လေယာဉ်ပေါ်တင် ပေးလိုက်ရသည်။
ထိုအချိန်၌ ဆယ်လီသည် စက်ဆနာလေယာဉ်၏ဘရိတ်ကို လွှတ်လုက်ပြီးပြီဖြစ်၍ လေယာဉ်သည် ရွေ့လျားစ ပြုနေပေပြီ။
ခရိတ်လည်း တွန်ဂါတာအား လက်တစ်ဖက်ဖြင့်ဆွဲလျက် လေယာဉ်ဘေးမှယှဉ်၍ ပြေလိုက်သွားရပြီးမှ လေယာဉ် ပေါ်သို့ ခုန်တက်လိုက်လေသည်။
ခရိတ်ကတော့ ဆယ်လီ၏ဘေးနားတွင်ဝင်ထိုင်လိုက်သည်။
တံခါးကိုမြန်မြန်ပိတ်လိုက်ပါ’’
ဆယ်လီက လှည့်မကြည့်ဘဲ ပြောလိုက်သည်။ သူမသည်ရှေ့တည့်တည့်သို့ကြည့်၍ လေယာဉ်ပျံ တက်ရေး အတွက် အာရုံစူးစိုက်နေဟန် တူလေသည်။
ခရိတ် လည်း လေယာဉ်တံခါးကို လျင်မြန်စွာဆွဲပိတ်လိုက်သည်။
အပြင်ဘက်သို့လှမ်းကြည့်လိုက်သောအခါ ရှိုနာစစ်သား(လေထီးတပ်သားများ)သည် လေယာဉ်၏ ရှေ့ တည့်တည့် မှ လမ်းပိတ်ဆို့ဟန့်တားရန် ပြေးလာနေကြောင်းတွေ့ရလေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာအားမှတ်မိရန် သူ၏ပခုံးမှရာထူးတံဆိပ်များကိုပင် ကြည့်ရန်မလိုချေ။ သူ၏ကိုယ်လုံး ကိုယ်ဟန် ဗလကောင်းပြီး ကိုယ်ကိုတည့်မတ်စွာထားပုံ၊ ပခုံးကျယ်ပြီးမာန်မာနထောင်လွှားသည့် ဟန်မျိုး ရှိပုံ တို့ကို မြင်ရုံနှုင့်သိသာထင်ရှားနေပေသည်။
သူ၏လေထီးတပ်သားများက ဖွန်ဂါဘီရာနောက်မှ ၀ဲယာဖြန့်လျက်လိုက်လာကြပြီး စက်ဆနာလေယာဉ်ပျံ တက်မည့်လမ်းတွင် ရောက်နေကြပြီဖြစ်သည်။ လေယာဉ်ရှိရာနှင့် ခြေလှမ်းငါးရာခန့်သာဝေးတော့သည်။
ဆယ်လီသည် လေယာဉ်မောင်းအထူးကျွမ်းကျင်သူဖြစ်သည့်အလျောက် လေယာဉ်ကို မြေပြင်မှ ကြွတက်စေသည့်ကိရိယာကို ဆွဲတင်လိုက်သည်။ စက်ဆနာလေယာဉ်သည် လေယာဉ်ပြေးလမ်းကြောင်း ပေါ်မှ ညင်သာစွာ ပင်ကြွတတ်သွားလေသည်။
လေယာဉ်သည် လေထဲတွင်ပျံသန်းလျက်ရှိလေပြီ။
သို့ရာတွင်ပျံသန်းတက်ရန်မှာ ရှိုနာစစ်သားများ၏ ဦးခေါင်းတည့်တည့်ပေါ်မှဖြတ်၍ ပျံရမည်ဖြစ်သော ကြောင့်အန္တရယ်ရှိနေပေသည်။
ဆယ်လီသည် အန္တရယ်ရှိမှန်းသိလျက်နှင့် ဇွတ်ပျံသန်းသွားရလေသည်။ ထိုအချိန်မှာပင် ဆယ်လီ၏ ရှေ့တည့်တည့် ရှိ ဒိုင်ခွက်ကိရီယာများရှိရာနေရာသည် ကျည်ဆန်ထိမှန်ပြီး ကွဲရှပျက်စီးသွားလေသည်။
ထိုနေရာမှာ ခရိတ်၏ရှေ့တည့်တည့်တွင်ဖြစ်ရာ ဖန်ကွဲဖန်စများသူ၏ကိုယ်ပေါ်သို့လွင်းစဉ်လာလေ သည်။
စက်သေနတ်ပစ်သံကိုလည်း ကြားနေရပြီဖြစ်သည်။ ရန်သူကစတင်ပစ်ခတ်တိုက်ခိုက်နေကြောင်း ထင်ရှား နေပေပြီ။
နောက်ထိုင်ခုံ တွင် ထိုင်လိုက်လာသူ ဆာရာသည် ထိတ်လန့်တကြားအော်လိုက်သည်။ လေယာဉ်၏ ကိုယ်ထည် ကိုလည်း ကျည်ဆန်မှာဆက်တိုက်လာထိမှန်နေသည်။ စက်သေနတ်ကျည်ဆန်များဒဏ်ကြောင့် ခရိတ်၏ ထိုင်ခုံ သည်လှုပ်ရှားတုန်ခါလျက်ရှိ သည်။    
ဆယ်လီသည်လေယာဉ်ထိန်းမောင်းစက်ဝိုင်းကို ရှေ့သို့တွန်းလိုက်ရာစက်ဆနာလေယာဉ်သည် ကွင်းဘက် ဆီသို့ပြန်၍  ထိုးဆင်းသွားလေသည်။ အမှန်က ဆယ်လီသည် လေယာဉ်ကိုသေနတ်ကျည်ဆန်များ၏ အောက်သို့ငုံ့၍ ကျွမ်းကျင်စွာမောင်းနှင် ပျံသန်းလိုက်ခြင်းဖြစ်လေသည်။
မြေပြင်ကြီးသည် လေယာဉ်ရှိရာသို့ ပြေးတက်လာသည်ဟု ထင်ရလောက်အောင် ဆယ်လီက လေယာဉ် ကို ဒိုင်ဗင်ထိုး သလိုထိုးစိုက်ပျံသန်းလေသည်။
လေယာဉ်၏ဦးပိုင်းသည် လေယာဉ်ပြေးလမ်းကြောင်းသို့ ချည်းကပ်လာပြီဖြစ်ရာ ရှိုနာအမျိုးသား လေထီး တပ်သားနှစ်ဦးသည် သူတို့အား လေယာဉ်က၀င်တိုက်တော့မည်ဟု စိုးရိမ်လျက် ဒရောသောပါး ဘေးဘက် သို့ ရှောင်တိမ်း ထွက်ပြေးကြ လေသည်။
    စက်ဆနာလေသယာဉ်သည်ကျည်ဆန်များ တရစပ်ထိမှန်ထားသဖြင့်ဆယ်လီမှာ အလွန် ခက်ခက်ခဲခဲ ထိန်းမောင်း နေရ လေသည်။
    လေယာဉ်ပြေးလမ်းကြောင်းပေါ်သို့ဆင်းလိုက်ရာတွင်လေယာဉ်၏ လက်ဝဲဘက်တောင်ပံအဖျားသည် မြေပြင်နှင့်ဒယဉ့် တိုက်ထိသွားလေသည်။ ဆယ်လီသည်ချက်ချင်းဆုံးဖြတ်လျှက် လေယာဉ် ကို ပြန်၍ကြွ တက်အောင် ပျံသန်းလိုက်ပြန်သည်။
    ကွင်း၏အစွန်ဘက်ကိုက်တစ်ရာတွင် အကိုင်းအခက်များ ပြွတ်သိပ် နေသော သစ်ပင်ကြီး တစ်ပင် ရှိလေသည်။ သစ်ပင်က မာရူလာခေါ် သစ်ပင်ကြီးဖြစ်ပြီးမြေပြင်မှ ပေကိုးဆယ်ခန့်မြင့်လေသည်။ ဆယ်လီ သည် လေယာဥိ ကို ထိုသစ်ပင်ကြီး ဆီသို့ ဦးတည်ပျံသန်းလေသည်။
 အလွန် နိမ့်နိမ့်ပျံသန်းလျက်လေယာဉ်နှင့် ရန်သူလေထီးတပ်သားများအကြားသစ်ပင်ကြီးက အကာအကွယ် သဘော ဖြစ်အောင် သူမကပျံသန်းလိုက်ခြင်းဖြစ်သည်။ အကယ်၍လေထီးတပ်သားများက လေယာဉ် ကို ပစ်ခတ် လျှင်လည်း သစ်ပင်ကြီ က ကြားမှခံနေမည်ဖြစ်သည်။
    ဒါကိုတာလေယာဉ် ကဘယ်ရောက်နေလဲ’’
    ခရိတ်က လေယာဉ်စက်သံကြားမှ အော်မေးလိုက်ရာတွန်ဂါတာက-
    မြေပြင်ကို ဆင်းတော့မယ်’’ ဟုပြန်ပြောလိုက်လေသည်။
    ခရိတ်လည်းလှမ်းကြည့်လိုက်ရာ မီးခိုးရောင်ဒါကိုတာလေယာဉ်ကြီးသည် အလွန်နိမ့်စွာ ပျံလျက်မြေပြင် သို့ ချဉ်းကပ် လျက်ရှိသည်ကို မြင်ရလေသည်။
    လေယာဉ်ဘီးချလို့မရဘူးရှင့်’’
    ဆယ်လီကရုတ်တရက်ပြောလိုက်သည်။ သူမသည်လေယာဉ်ဘီချသည့်ခလုပ်ကို အကြိမ်ကြိမ် နှိပ်ကြည့် နေသည်။ သို့သော်ဘီးကိုချ၍ ကားမရချေ။
    ဘီးချတဲ့ကိရိယာတစ်နေရာရာမှာ ဂျမ်းဖြစ်နေပြီထင်တယ်။ ဘယ်လိုမှလုပ်လို့မရဘူးရှုင့် ’’
    ဆယ်လီကပြောလိုက်ပြီးနောက်ခရီတ်သည်သူတို့ရှေ့ရှိမျက်စီးကွဲရှနေသော ဒိုင်ခွက်ကရိယာများကို ကြည့်ရင်း -
    ငါတို့မှာကြည့်စရာ ဘာဒိုင်ခွက်မှလည်းမရှိတော့ဘူး။ လေယာဉ်ရဲ့အခြေအနေမှန်ကိုသိဖို့ ခက်နေပြီ’’ ဟု ပြောလိုက် သည်။ ဆယ်လီသည်လေယာဉ်ကိုမနည်းကြိုးစား၍ ထိန်းမောင်းနေရလေသည်။ ထိုအခိုက် လေယာဉ် စက်သံ မှာ မမှန်တော့ ကြောင်းသတိပြုမိပြန်သည်။
    ဧကန္တဓာတ်ဆီကုန်ခါနီးပြီ ထင်တယ်ရှင့်၊ အောက်ကပစ်လိုက်တဲ့ကျည်ဆန်တချို့က ဓာတ်ဆီပိုက်လိုင်းတစ်ခုကို ထိသွားတာဖြစ်နိုင်တယ်။ ဒါထက်အချိန်ကဘယ်လောက်ရှိပြီလဲ’’
    ဆယ်လီကမေးသဖြင့်ခရိတ်လည်းလက်ပတ်နာရီကိုကြည့်ပြီး
    ငါးနာရီနဲ့ ဆယ့်ခုနှစ်မိနစ် ရှိပြီ’’ ဟုပြောလိုက်သည်။
    လေယာဉ်ပေါ်မှ အောက်သို့ကြည့်လိုက်သောအခါ မြောက်ဘက်သို့ကွေ့သွားနေသည့် တူတီလမ်းကို လှမ်းမြင်ရ လေသည်။ အဘိုးကြီးဗူဆာမန်ဇီ၏ ကျေးရွာသည်ထိုလမ်းမှ မိုင်အနည်းငယ်အကွာတွင် ရှိမည် ဖြစ်ပေ သည်။
    လေယာဉ်အင်ဂျင်စက်သံသည် မှန်လိုက်မမှန်လိုက်ဖြစ်နေလေသည်။ ဆယ်လီသည်စက်သံနားထောင်ပြီး ပို၍ စိုးရိမ် လာပုံ ရလေသည်။
    အချိန်ဘယ်လောက်ရှိသွားပြီလဲရှင့်’’
    ငါးနာရီနဲ့နှစ်ဆယ့်ခုနစ်မိနစ်’’
    ခုလောက်ဆိုရင် လေယာဉ်ကွက်ကလူတွေ ကျွန်မတို့ကိုမြင်ရတော့မှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ အသံ ကို လည်း ကြား ရတော့မှာမဟုတ်ဘူး’’
    ဟုတ်တယ် ဖွန်ဂါဘီရာက ကျုပ်တို့ဘယ်ကိုသွားနေတယ်ဆိုတာလည်းသိမှာမဟုတ်ဘူး’’
    ဤတွင်တွန်ဂါတာက၀င်၍ အန္တရာင်ကိုထောက်ပြေလေသည်။
    ဒီလေယာဉ် က ရဟက်ယာဉ်ထက်ပိုပြီးမြင့်မြင့်ပျံနိုင်ပါတယ်ဗျ’’
    ခရိတ် က ပြန်ပြောလိုက်သောအခါ ဆယ်လီက -
    အခုဆိုရင် လေယာဉ်အောက်ပိုင်း ချို့ယွင်းနေပုံမျိုးနဲ့ဆိုရင် သိပ်ပြီးမြန်မြန်မောင်းလို့ မရဘူးရှင့်’’ ဟု ပြော လေ သည်။
    တစ်ချိန်တည်းမှာပင် သူမသည်လေယာဉ်၏အင်ဂျင်စက်ကိုလုံးဝပိတ်ပစ်လိုက်သည်။
    စက်ရပ်သွားသည်နှင့်တတ်ဆိတ်ငြိမ်သက်သွားကာ လေယာဉ်ကိုယ်ထည်လေတိုးသည့်အသံသာလျှင် သဲ့သဲ့ကြားနေ ရတော့သည်။ လေယာဉ်၏ပန်ကာဒလက်များသည်လည်း အရှိန်လျော့ရာမှ လုံးဝ ရပ်သွားပြီဖြစ်သည်။
    ကဲ .... အခုအခြအနေကျတော့မှဘာမှ မတတ်နိုင်တော့ဘူး လေယာဉ်စက်ကလည်းရပ်သွားပြီ။ ကျွန်မဇွတ်အတင်းပဲ မြေပြင်ကိုဆင်းရလိမ့်မယ်။ အားလုံးထိုင်ခံးခါးပတ်များကို ပတ်ထားလိုက်ကြပါ။
ပြောရင်းနှင့် ဆယ်လီ သည် လေယာဉ်၏ဓာတ်ဆီတိုင်ကီများနှင့် ဆက်သွယ်ဆီသွင်းသည့် ခလုပ် များကို တစ်ခုစီ ပိတ်ပစ်လိုက်သည်။
    အောက်ကို လှမ်းကြည့်လို့မြင်ရလား။ လေယာဉ်ဆင်းစရာမြေကွက်လပ်တစ်ခုခုရှိသလား’’
    ဆယ်လီက မေးလိုက်ရာခရိတ်ကအောက်သို့လှမ်းကြည့်ရင်း -
    ဘာမှ မမြင်ရသေးဘူကွ’’ ဟုပြောလိုက်သည်။
 တကယ်လည်း အောက်သို့လှမ်းကြည့်၍ထင်ရှားစွာမမြင်ရချေ။ သစ်ပင်တော်အုပ်များ စိမ်းစို နေသည် ကိုလည်း မထင် မရှားမြင်ရလေသည်။
    ကျွန်မကတော့သစ်ပင်ကြီးကြီးနှစ်ပင်ကြားကိုဖြတ်ဝင်ပြီးတောင်ပံတွေပြုပ်ကျသွားအောင်တိုက်ပစ်လိုက်မယ်။ ဒါမှ ကျွန်မတို့လေယာဉ်ဟာမြေပြင်အဆင်းမှာ အရှိန်လျော့လာမယ်’’
    ပြောရင်းနှင့် ဆယ်လီသည်သူမ၏ဘေးပြတင်းပေါက်ကိုဆွဲဖွင့်ရာ ရုတ်တရက်ဖွင့်မရဘဲဖြစ်နေလေသည်။
    ထိုအခါ တွန်ဂါတာက -
    ကျုပ်ကူညီပြီး ဖွင့်ပေးပါ့မယ်’’ ဟုပြောရင်းသူ၏လက်သီးဖြင့် ပြတင်းပေါက်ကိုသုံးချက်ဆင့်၍ ပစ်ထိုး လိုက်သည်။ ပြတင်းပေါက်မှပလတ်စတစ်မှန်လည်းပြုတ်ထွက်ကျသွားလေသည်။
သည်တော့မှဆယ်လီသည် ဘေးပြတင်းမှခေါင်းပြုကြည့်ရင်း လေယာဉ်ကို မြေပြင် သို့မောင်းဆင်း လေ သည်။
သူမက ကြိုတင်ပြောသည့်အတိင်းလေယာဉ်သည်သစ်ပင်ကြီးများအကြားဝင်သွားရာ အတောင်များ ပြုတ်ထွက် ကုန်လေသည်။ လေယာဉ်၏အရှိန်သည်လည်းလျော့ကျသွားလျက် မကြာမီမြေပြင်သို့ရှပ်၍ ဆင်းလိုက် နိုင်သည်။
    လေယာဉ်ပေါ်မှလူများသည် ထိုင်ခုံခါးပတ်များပတ်ထားလျက်နှင့်ပင် ယိမ်းထိုးကာ ယိုင်လဲကျ လုမတတ် ဖြစ်သွား ကြလေသည်။
    လေယာဉ်၏အရှိန်ရပ်သွားသည်နှင့် ဆယ်လီကစိုးရိမ်ဟန်ဖြင့် -
    ကိုင်း ... အားလုံးမြန်မြန်ထွက်ကြပါ။ ကျွန်မဓာတ်ဆီနံ့ရတယ်၊ လေယာဉ် မီးထလောင်နိုင်တယ်’’ ဟုသတိပေး လိုက်သည်။
    ဤတွင် သူတို့အားလုံးလေယာဉ်ပေါ်မှ အမြန်ဆုံးဆင်းကာ ခပ်ဝေးဝေးသို့ပြေးသွားကြလေသည်။
    ထို့နောက်ခပ်လှမ်းလှမ်းမှရပ်လျက် လေယာဉ်မီးထလောင်မလောင်ကြည့်နေကြသည်။
    သို့သော် အတန်ကြာသည့်တိုင်အောင် လေယာဉ်သည် မီးမလောင်ချေ။
    သည်တော့မှ သူတို့သည် သက်ပြင်းချနိုင်ကြတော့သည်။
    ဟေ့ .... ဆယ်လီ မင်း လေယာဉ်မောင်တာ အိန်ဂျယ် နတ်သမီးကျနေတာပဲ’’
    ဒါပေမဲ့ အိန်ဂျလ်နတ်သမီးက အတောင်မပါတော့ဘူးရှုင့်’’
    ဆယ်လီ က ရယ်သွမ်းသွေးလျက်ပြန်ပြောလိုက်သည်။
    သူတို့လေးဦးစလုံးသည် အသက်ဘေးမှသီသီကလေးလွတ်ကင်းခဲ့သဖြင့် တုန်လှုပ်လျက် ပင်ရှိကြသေး သည်။ ထိခိုက်မူ အနေဖြင့်ကား ဆယ်လီ၏ပါးပြင်တွင် အနည်းငယ်ပွန်းရှ၍သွေးစို့နေခြင်းမှလွဲ၍ ကြီးကြီး ကျယ်ကျယ် ထိခိုက်မူမရှိချေ။
    ကဲ .... အခု ကျုပ်ကို ဘာလုပ်ကြမှလဲ ’’
    ခရိတ်က မေးလိုက်ချိန် တွင် မည်သူကမှအဖြေမပေးဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ လေသည်။
အခန်း (၃၇) ဆက်ရန်
.
1 comment:
Anonymous said...
အား.. ဖတ်လို့ကောင်းမှကောင်းး))))